Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Catukkanipātapāḷi
Catukkanipātapāḷi

နဝမံ= ကိုးခုမြောက်သုတ်တည်း။ ၁၀–ယောဂသုတ်

Author: sāsanāre-သာသနာရေး @ IAPT

နဝမံ၊ ကိုးခုမြောက်သုတ်တည်း။ ၁၀–ယောဂသုတ်

ဘိက္ခဝေ၊ တို။ ယောဂါ ၁။ယောဂပုဒ်ဝစနတ္ထ။ ။ ဤပုဒ်ကို အဋ္ဌကထာ၌ “ဝဋသ္မိံ ယောဇေန္တီတိ ယောဂါ” ဟုဝစနတ္ထပြု၏။ ထိုဝစနတ္ထသည် ဒုကနိပါတ်စာပိုဒ် (၃၃) သမစိတ္တသုတ်ဋီကာ (နှာ –၃၃) သံယောဇနပုဒ်၏ ဝစနတ္ထနှင့် အတူတူပင်ဖြစ်၏။ ထိုဋီကာ၌ “ ကမ္မုနာ ဝိပါကံ သတ္တေန စ ဒုက္ခံ သံယောဇေန္တီတိ သံယောဇနာနိ” ဟု ဝစနတ္ထပြုထား၏။ ယခု ယောဂသုတ်ဋီကာ၌ကား “ယောဇေန္တီတိ ကမ္မံ ဝိပါကေန, ဘဝါဒိံ ဘဝန္တ ရာဒီဟိ ဒုက္ခေန သတ္တံ ယောဇေန္တိ ဃဋေန္တိတိ ယောဂါ” ဟု အဖွင့်ဝါကျတွေ့ရ၏။ ထိုဝါကျ၌ ရှေ့နောက်ပါဠိအစဉ်ကိုက်ညီအောင် “ဒုက္ခံ သတ္တေန ” ဟု ရှိသင့်၏ ၊ ယောဂတို့သည်။ ဝါ၊ ဝဋ်ဆင်းရဲ၌ ယှဉ်တွဲစေတတ်, ဆက်စပ်တတ်သော တရားတိုသည်။ ( အကြောင်းကံကိုအကျိုးဝိပါက်နှင့်လည်းကောင်း, ဘဝယောနိတစ်မျိုးစသည်ကို အခြားဘဝယောနိတစ်မျိုး စသည်တို့နှင့်လည်းကောင်း, သတ္တဝါတို့ကို ကိုယ်စိတ်ဒုက္ခနှင့်လည်းကောင်း ဝဋ်ဆင်းရဲမှယှဉ်တွဲစေတတ်, ဆက်စပ်တတ်သော တရားတို့သည်။)
ဣမေ စတ္တာရော၊ ဤလေးမျိုးတို့တည်း။ ပ။
ကာမယောဂေါ၊ ကာမယောဂလည်းကောင်း။ ဝါ၊ ငါးဖြာအာရုံ ကာမဂုဏ်တို့ကို လိုလားတပ်မက်လျက် ဝဋ်ဆင်းရဲ၌ယှဉ်တွဲစေတတ်, ဆက်စပ်တတ်သော ရာဂလည်းကောင်း။ ဝါ၊ ငါးဖြာအာရုံ ကာမဂုဏ်တို့၌ယှဉ်တွဲစေတတ်, ဆက်စပ်တတ်သော ရာဂလည်းကောင်း။ ဘဝယောဂေါ၊ ဘဝယောဂလည်းကောင်း။ ဝါ၊ ရူပ အရူပဥပပတ္တိဘဝတို့၌ အာရုံပြုလျက် ဝဋ်ဆင်းရဲ၌ ယှဉ်တွဲစေတတ်, ဆက်စပ်တတ်သော ရာဂလည်းကောင်း။ ဝါ၊ ရူပ အရူပဈာန်ဟူသော ကမ္မဘဝတို့၌ အာရုံပြုလျက် ဝဋ်ဆင်းရဲ၌ယှဉ်တွဲစေတတ်, ဆက်စပ်တတ်သော ရာဂလည်းကောင်း။ ဝါ၊ အတ္တကောင်သည် မပြတ်မစဲ အမြဲတည်ရှိ၏ဟု ယူဆသော သဿတဒိဋ္ဌိနှင့်တကွဖြစ်လျက် ဝဋ်ဆင်းရဲ၌ ယှဉ်တွဲစေတတ်, ဆက်စပ်တတ်သော ရာဂလည်းကောင်း။ [ ဘဝတိ အတ္ထိ သဗ္ဗကာလံ တိဋ္ဌတီတိဘဝေါ၊ ဘဝေါဣတိ ပဝတ္တာ ဒိဋ္ဌိ ဘဝေါ၊ ( အသက်ရှင် အတ္တကောင်နှင့် လောကသည်) မပြတ်မစဲ အမြဲတည်ရှိ၏၏ဟုဖြစ်သော ( ယူဆသော) အယူဒိဋ္ဌိ ( သဿတဒိဋ္ဌိ)။ ဘဝဒိဋ္ဌိဟုဆိုလိုလျက် ဒိဋ္ဌိပုဒ်ကိုချေ။ ဘဝေနေ သဟဂတော ယောဂေါ ဘဝယောဂေါ။] ဝါ၊ ရူပ အရူပဘဝတို့၌ ယှဉ်တွဲစေတတ်, ဆက်စပ်တတ်သော ရာဂလည်းကောင်း။ ဒိဋ္ဌိယောဂေါ၊ ဒိဋ္ဌိယောဂလည်းကောင်း။ ဝါ၊ ၆၂– ပါးသော မိစ္ဆာဒိဋ္ဌိတည်းဟူသော ယောဂတရားလည်းကောင်း။ ဝါ၊ ၆၂– ပါးသော မိစ္ဆာဒိဋ္ဌိ၌ ယှဉ်တွဲစေတတ်, ဆက်စပ်တတ် သောသဘောတရားလည်းကောင်း။ [ မိစ္ဆာဒိဋ္ဌိပင်တည်း။] အဝိဇ္ဇာယောဂေါ၊ အဝိဇ္ဇာယောဂ လည်းကောင်း။ ဝါ၊ သစ္စာလေးပါးတရားတို့၌ မသိတတ်သည်ဖြစ်၍ ဝဋ်ဆင်းရဲ၌ ယှဉ်တွဲစေတတ်, ဆက်စပ်တတ်သော တရားလည်းကောင်း။ ဝါ၊ အဝိဇ္ဇာ၌ ယှဉ်တွဲစေတတ်, ဆက်စပ်တတ်သော တရားလည်ကောင်းတည်း။
ဘိက္ခဝေ၊ တို့။ ကာမယောဂေါ၊ ကာမယောဂဟူသည်။ ကတမောစ၊ အဘယ်နည်းဟူမူ။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သောသူသည်။ ကာမာနံ၊ ငါးဖြာအာရုံ ကာမဂုဏ်တို့၏။ သမုဒယဉ္စ၊ ဖြစ်ခြင်းကို လည်းကောင်း။ အတ္ထင်္ဂမဉ္စ၊ ချုပ်ခြင်းကိုလည်းကောင်း။ အဿာဒဉ္စ၊ သာယာဖွယ် သုခသော မနဿကိုလည်းကောင်း။ အာဒီနဝဉ္စ၊ အပြစ်ကိုလည်းကောင်း။ ( သာယာဖွယ်မဟုတ်သော ဒုက္ခ ဒေါမနဿ အပြစ်အနာကိုလည်းကောင်း။) နိဿရဏဉ္စ၊ ထွက်မြောက်ကြောင်း နိဗ္ဗာန် ကိုလည်းကောင်း။ ယထာဘူတံ၊ ဟုတ်မှန်စွာ။ နပ္ပဇာနာတိ၊ မသိ။
ကာမာနံ၊ တို့၏။ သမုဒယဉ္စ၊ ကိုလည်းကောင်း။ ပ။ ယထာဘူတံ၊ စွာ။ အပ္ပဇာနတော၊ မသိသော။ တဿ၊ ထိုသူ၏။ [ တနည်း– တဿ၊ ထိုသူ၏။ ဝါ၊ ထိုသူသည်။ ကာမာနံ၊ တို့၏။ သမုဒယဉ္စ၊ ကိုလည်းကောင်း။ ပ။ တထာဘူတံ၊ စွာ။ အပ္ပဇာနတော၊ မသိသည်အဖြစ်ကြောင့်။] ကာမေသု၊ ဝတ္ထု ကာမတို့၌။ ယော ကာမရာဂေါ၊ အကြင်ဝတ္ထုကာမတို့ကို အာရုံပြု၍ဖြစ်သော ရာဂသည်။ ယာ ကာမနန္ဒီ၊ အကြင်ဝတ္ထုကာမတို့ကိုအာရုံပြုလျက် နှစ်သက်တတ်သော သဘောတရားသည်။ ယော ကာမသ္နေယော၊ အကြင် ဝတ္ထုကာမတို့ကို အာရုံပြုလျက် ပူးကပ်တတ်သော အစေးဓာတ်သဘောသည်။ ယာ ကာမမုစ္ဆာ၊ အကြင်ဝတ္ထုကာမတို့၌ တွေဝေ မိန်းမော နစ်မျောနေတတ်သော သဘောတရားသည်။ ယာ ကာမပိပါသာ၊ အကြင်ဝတ္ထုကာမတို့၌ သောက်သုံးလိုသော သဘောတရားသည်။ ယော ကာမပရိဠာယော၊ အကြင်ဝတ္ထုကာမတို့ကို အာရုံပြုလျက် အပူမီးတိုက် လောင်မြှိုက်တတ်သော သဘောတရားသည်။ ယံ ကာမဇ္ဈေသာနံ၊ အကြင်ဝတ္ထုကာမတို့ကို အာရုံပြုလျက် မျိုချ၍ ပြီးဆုံးစေတတ်သော သဘောတရားသည်။ [ ဂွတ်ခနဲ မျိုချသကဲ့သို့ဖြစ်ကာ အညွန့်တုံး အဆုံးသတ်စေ၍ ကုသိုလ်ဖြစ်ခွင့် မပေးတတ်သော သဘောတရားဟူလို။] ယာ ကာမတဏှာ၊ အကြင်ဝတ္ထုကာမတို့၌ တပ်မက်တတ်သော တဏှာသည်။ ( အတ္ထိ၊ ရှိ၏။) သာ၊ ထိုကာမတဏှာသည်။ [ အနီးကပ်ဆုံးဖြစ်သော ကာမတဏှာပုဒ်သို့လိုက်၍ “သာ” ဟု ဣတ္ထိလိင်ဖြင့်ထားသော်လည်း ကာမရာဂေါ စသော ရှေးပုဒ်အားလုံးနှင့်လည်းဆိုင်ပါ၏။] ဝါ၊ ထို ကာမရာဂ, ကာမနန္ဒီအစရှိသော သဘောတရားသည်။ အနုသေတိ၊ ကိန်းအောင်း၏။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤကာမရာဂ, ကာမနန္ဒီ အစရှိသော သဘောတရားကို။ ကာမယောဂေါ၊ ကာမယောဂမည်၏ဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
ဣတိ၊ ဤကား။ ကာမယောဂေါ၊ ကာမယောဂတည်း။
ဘဝယောဂေါစ၊ ဘဝယောဂသည်လည်း။ ကထံ၊ အဘယ်သို့ အဘယ်ပုံအားဖြင့်။ ဟောတိ၊ ဖြစ်သနည်းဟူမူ။ ပ။
ဘဝါနံ၊ ဘဝတို့၏။ ( ရူပ အရူပဥပပတ္တိ ဘဝတို့၏။ ဝါ၊ ရူပ အရူပဈာန်ဟူသော ကမ္မဘဝတို့၏။) သမုဒယဉ္စ။ ပ။
ဘဝေသု၊ ဘဝတို့၌။ (ရူပ အရူပ ဥပပတ္တိဘဝတို့၌။ ဝါ၊ ရူပဈာန် အရူပဈာန်ဟူသော ကမ္မဘဝတို့၌။) ယော ဘဝရာဂေါ၊ အကြင်ဘဝတို့ကို အာရုံပြု၍ ဖြစ်သော ရာဂသည်။ ယာ ဘဝနန္ဒီ၊ အကြင်ဘဝတို့ကို အာရုံပြုလျက် နှစ်သက်တတ်သော သဘောတရားသည်။ ယော ဘဝသ္နေဟော၊ အကြင်ဘဝတို့ကို အာရုံပြုလျက် ပူးကပ်တတ်သော အစေးဓာတ်သဘောသည်။ [ ဤသို့ စသည်ဖြင့် ယခင် ဝတ္ထုကာမနေရာ၌ ဘဝကိုသွင်း၍ဆိုပါ။] ။ပ။ သာ၊ ထိုဘဝတဏှာသည်။ ဝါ၊ ထိုဘဝရာဂ, ဘဝနန္ဒီ စသော သဘောတရားသည်။ အနုသေတိ၊ ၏။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤ ဘဝရာဂ, ဘဝနန္ဒီ အစရှိသော သဘောတရားကို။ ဘဝယောဂေါ၊ ဘဝယောဂ ဟူ၍။ ဝုစ္စတိ၊ ၏။
ဣတိ၊ ဤကား။ ကာမယောဂေါ၊ ကာမယောဂလည်းကောင်း။ ဘဝယောဂေါ၊ ဘဝယောဂလည်းကောင်းတည်း။ ပ။
ဒိဋ္ဌီနံ၊ ၆၂– ပါးသော မိစ္ဆာအယူတို့၏။ သမုဒယဉ္စ။ ပ။ ဒိဋ္ဌီသု၊ ၆၂–ပါးသော မိစ္ဆာအယူတို့၌။ ယော ဒိဋ္ဌိရာဂေါ ၁။ဒိဋ္ဌိယောဂနှင့် ဒိဋ္ဌိရာဂစသည်။ ။ အဋ္ဌကထာ၌ ဒိဋ္ဌိယောဂပုဒ်အရ (၆၂) ပါးသော မိစ္ဆာဒိဋ္ဌိတို့ကို ယူထား၏။ ပါဠိတော်၌မူ ဒိဋ္ဌိယောဂပုဒ်ကို အကျယ်ချဲ့ ဟောတော်မူရာ ဤအပိုင်း၌ “ယော ဒိဋ္ဌီသု ဒိဋ္ဌိရာဂေါ။ပ။ ဒိဋ္ဌိတဏှာ” ဟူ၍ ရာဂ, တဏှာတို့ကို ခေါင်းတပ်၍ ( ကာမယောဂအတိုင်းပင်) ဟောတော်မူ၏။ ဒိဋ္ဌိဖြစ်တိုင်း ရာဂ , တဏှာတို့ အမြဲပါဝင်ယှဉ်တွဲနေသောကြောင့် ထိုကဲ့သို့ ဟောတော်မူသည်ဟု ယူဆ၏။ ဓမ္မသင်္ဂဏီပါဠိတော် ဒုကနိက္ခေပကဏ္ဍမှ ဒိဋ္ဌိယောဂ ( ဒိဋ္ဌာသဝ) တို့ဟောပုံနှင့် ကွာခြားဟန်ကို သတိပြုရာ၏။ ၊ အကြင်မိစ္ဆာဒိဋ္ဌိတို့ကို အာရုံပြု၍ ဖြစ်သော ရာဂသည်။ ဝါ၊ အကြင်မိစ္ဆာဒိဋ္ဌိတို့နှင့်ယှဉ်သော ရာဂသည်။ ယာဒိဋ္ဌိနန္ဒီ၊ အကြင်မိစ္ဆာဒိဋ္ဌိတို့ကို အာရုံပြုလျက် နှစ်သက်တတ်သော သဘောတရားသည်။ ဝါ၊ အကြင်မိစ္ဆာဒိဋ္ဌိတို့နှင့်ယှဉ်သော နှစ်သက်တတ်သောသဘောတရားသည်။ ယော ဒိဋ္ဌိသ္နေဟော၊ အကြင်မိစ္ဆာဒိဋ္ဌိတို့ကို အာရုံပြု၍ ပူးကပ်တတ်သော အစေးဓာတ်သဘောသည်။ ဝါ၊ အကြင်မိစ္ဆာဒိဋ္ဌိတို့နှင့် ယှဉ်သော ပူးကပ်တတ်သော အစေးဓာတ်သဘောသည်။ ယာဒိဋ္ဌိမုစ္ဆာ၊ အကြင်မိစ္ဆာတို့၌ တွေဝေမိန်းမော နစ်မျောနေသော သဘောတရားသည်။ ဝါ၊ အကြင်မိစ္ဆာဒိဋ္ဌိတို့နှင့် ယှဉ်သော တွေဝေမိန်းမောနစ်မျောနေသော သဘောတရားသည်။ ယာ ဒိဋ္ဌိပိပါသာ၊ အကြင်မိစ္ဆာဒိဋ္ဌိတို့၌ သောက်သုံးလိုသော သဘောတရားသည်။ ဝါ၊ အကြင်မိစ္ဆာ ဒိဋ္ဌိတို့နှင့်ယှဉ်သော သောက်သုံးလိုသော သဘောတရားသည်။ ယော ဒိဋ္ဌိပရိဠာဟော၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသော အပူမီးတိုက်လောင်မြှိုက်တတ်သော သဘောတရားသည်။ ယံ ဒိဋ္ဌိဇ္ဈောသာနံ၊ အကြင်မိစ္ဆာဒိဋ္ဌိတည်းဟူသော မျိုချ၍ပြီးဆုံးစေတတ်သော သဘောတရားသည်။ ယာ ဒိဋ္ဌိတဏှာ၊ အကြင်မိစ္ဆာဒိဋ္ဌိတို့၌ တပ်မက်သော တဏှာသည်။ ဝါ၊ အကြင်မိစ္ဆာဒိဋ္ဌိတို့နှင့်ယှဉ်သော တဏှာသည်။ ( အတ္ထိ။) သာ၊ ထိုဒိဋ္ဌိတဏှာသည်။ ဝါ၊ ထိုဒိဋ္ဌိရာဂ, ဒိဋ္ဌိနန္ဒီစသော တရားသည်။ အနုသေတိ၊ ၏။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤဒိဋ္ဌိရာဂ, ဒိဋ္ဌိနန္ဒီ အစရှိသော သဘောတရားကို။ ဒိဋ္ဌိယောဂေါ၊ ဟူ၍။ ဝုစ္စတိ၊ ၏။
ဣတိ၊ ဤသည်ကား။ ကာမယောဂေါ၊ ကာမယောဂလည်းကောင်း။ ဘဝယောဂေါ၊ ဘဝယောဂလည်းကောင်း။ ဒိဋ္ဌိယောဂေါ၊ ဒိဋ္ဌိယောဂလည်းကောင်းတည်း။
အဝိဇ္ဇာယောဂေါစ၊ အဝိဇ္ဇာယောဂသည်လည်း။ ကထံ၊ အဘယ်သို့ အဘယ်ပုံအားဖြင့်။ ဟောတိ၊ ဖြစ်သနည်းဟူမူ။ ပ။
ဆန္နံ၊ ၆– ပါးကုန်သော။ ဖဿာယတနာနံ၊ စက္ခုသမ္ဖဿစသည်တို့၏အကြောင်းဖြစ်သော စက္ခုအစရှိသော အာယတနတို့၏။ သမုဒယဉ္စ၊ ကိုလည်းကောင်း။ ပ။ ယထာဘူတံ၊ စွာ။ နပ္ပဇာနာတိ၊ မသိ။
ဆန္နံ၊ ကုန်သော။ ဖဿာယတနာနံ၊ တို့၏။ ပ။ အပ္ပဇာနတော၊ မသိသော။ တဿ၊ ထိုသူ၏။ ဆသု၊ ၆– ပါးကုန်သော။ ဖဿာယတနေသု၊ တို့၌။ အညာဏံ၊ သိတတ်သောဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော။ ယာ အဝိဇ္ဇာ၊ အကြင်ဝိဇ္ဇာသည်။ ( အတ္ထိ၊ ရှိ၏။) သာ၊ ထို အဝိဇ္ဇာသည်။ အနုသေတိ၊ ကိန်းအောင်း၏။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအဝိဇ္ဇာကို။ အဝိဇ္ဇာယောဂေါ၊ အဝိဇ္ဇာယောဂဟူ၍။ ဝုစ္စတိ၊ ၏။ ဣတိ၊ ဤကား။ ကာမယောဂေါ၊ လည်းကောင်း။ ပ။ အဝိဇ္ဇာယောဂေါ၊ လည်းကောင်းတည်း။
( ယော၊ အကြင်ပုဂ္ဂိုလ်သည်။) ပါပကေဟိ၊ ယုတ်မာကုန်သော။ အကုသလေဟိ၊ အကုသိုလ်ဖြစ်ကုန်သော။ ဝါ၊ မလိမ္မာသောသူ၏ဖြစ်ကြောင်း မောဟကြောင့် ဖြစ်ကုန်သော။ သံကိလေသိကေဟိ၊ ကြည်လင်နေသောစိတ်ကိုညစ်နွမ်းစေတတ်ကုန်သော။ ပေါနောဘဝိကေဟိ၊ နောက်ထပ် ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော။ [ ဝါ၊ နောက်ထပ် ဘဝသစ်ကို ပြုခြင်းအလေ့ရှိကုန်သော။ ဝါ၊ နောက်ထပ် ဘဝသစ်ကို ပေးတတ်ကုန်သော။ ဝါ၊ နောက်ထပ်ဘဝသစ်အကျိုးငှာ ဖြစ်ကုန်သော။ ဝါ၊ အထပ်ထပ်သော ဘဝတို့ကို ဖြစ်စေတတ်ကုန်သော။ ဋီကာဝိဂြိုဟ်နက်များတည်း။] သဒရေဟိ၊ ‌ပူလောင်ခြင်းနှင့်တကွ ဖြစ်ကုန်သော။ ဒုက္ခဝိပါကေဟိ၊ ဆင်းရဲခြင်းအကျိုးရှိကုန်သော။ အာယတိံ၊ နောင်အခါ၌။ ဇာတိဇရာမရဏိကေဟိ၊ ပဋိသန္ဓေနေခြင်း, အိုခြင်း, သေခြင်းတို့ကိုထပ်တလဲလဲဖြစ်စေတတ်ကုန်သော။ ဓမ္မေဟိ၊ တရားတို့နှင့်။ သံယုတ္တော၊ ယှဉ်တွဲနေ၏။
တသ္မာ၊ ထို့ကြောင့်။ ( သော၊ ထိုပုဂ္ဂိုလ်ကို။) အယောဂက္ခေမီတိ၊ ယောဂလေးဖြာ ဘေးကုန်ရာနိဗ္ဗာန်ကိုမရသေး မရောက်သေးသောသူဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
ဘိက္ခဝေ၊ တို့။ ယောဂါ၊ ယောဂတို့သည်။ ဣမေ စတ္တာရော၊ တို့တည်း။
ဘိက္ခဝေ၊ တို့။ ဝိသံယောဂါ၊ ကင်းကွာစေတတ်သော တရားတို့သည်။ ( ကျင့်ကြံအားထုတ်သောပုဂ္ဂိုလ်ကို ယောဂလေးပါးတို့မှ ကင်းကွာစေတတ်သောတရားတို့သည်။)
ဣမေ စတ္တာရော၊ တို့တည်း။ ပ။
ကာမယောဂဝိသံယောဂေါ၊ ကာမလောကမှ ကင်းကွာစေတတ်သော တရားလည်းကောင်း။ [ အသုဘဈာန်ကိုလည်းကောင်း, အသုဘဈာန်ကိုအခြေံခံပြု၍ ဝိပဿနာရှုသဖြင့် ရအပ်သော အနာဂါမိမဂ်ကိုလည်းကောင်း ကာမယောဂဝိသံယောဂဟု ဆိုသည်။] ဘဝယောဂဝိသံယောဂေါ၊ ဘဝယောဂမှ ကင်းကွာစေတတ်သော တရားလည်းကောင်း။ [ အရဟတ္တမဂ်တည်း။] ဒိဋ္ဌိယောဂဝိသံယောဂေါ၊ ဒိဋ္ဌိယောဂမှ ကင်းကွာစေတတ်သော တရားလည်းကောင်း။ [ သောတာပတ္တိမဂ်တည်း။] အဝိဇ္ဇာယောဂဝိသံယောဂေါ၊ အဝိဇ္ဇာယောဂမှ ကင်းကွာစေတတ်သော တရားလည်းကောင်းတည်း။ [ အရဟတ္တမဂ်တည်း။]
ဘိက္ခဝေ၊ တို့။ ကာမယောဂဝိသံယောဂေါ၊ ကာမယောဂမှ ကင်းကွာစေတတ်သော တရားဟူသည်။ ကတမော စ၊ နည်းဟူမူ။ ပ။
ပဇာနာတိ၊ သိ၏။ ပ။
ပဇာနတော၊ သိသော။ တဿ၊ ထိုသူ၏။ ပ။ နာနုသေတိ၊ မကိန်းအောင်း။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤတရားကို။ ( ကာမတို့၏ သမုဒယ, အတ္ထင်္ဂမစသည်တို့ ကိုဟုတ်မှန်စွာ သိ၍ ကာမရာဂ, ကာမနန္ဒီ, ကာမတဏှာတို့ကို မကိန်းအောင်းစေတတ်သော ဤတရားကို။) ကာမယောဂဝိသံယောဂေါ၊ ကာမယောဂမှ ကင်းကွာစေတတ်သော တရားဟူ၍။ ဝုစ္စတိ၊ ၏။
ဣတိ၊ ဤကား။ ကာမယောဂဝိသံယောဂေါ၊ ကာမယောဂဝိသံယောဂတည်း။
ဘဝယောဂဝိသံယောဂေါ စ၊ ဘဝယော‌ဂမှ ကင်းကွာစေတတ်သော တရားသည်လည်း။ ကထံ၊ ဖြင့်။ ဟောတိ၊ ဖြစ်သနည်းဟူမူ။ ပ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤတရားကို။ ( ဘဝတို့၏ သမုဒယ, အတ္ထင်္ဂမ စသည်တို့ကို ဟုတ်မှန်စွာ သိ၍ ဘဝရာဂ, ဘဝနန္ဒီ, ဘဝတဏှာတို့ကို မကိန်းအောင်းစေတတ်သော ဤတရားကို။) ဘဝယောဂဝိသံယောဂေါ၊ ဘဝယောဂမှ ကင်းကွာစေတတ်သော တရားဟူ၍။ ဝုစ္စတိ၊ ၏။
ဣတိ၊ ဤကား။ ကာမယောဂဝိသံယောဂေါ၊ ကာမယောဂဝိသံယောဂလည်းကောင်း။ ဘဝယောဂဝိသံယောဂေါ၊ ဂလည်းကောင်းတည်း။ ပ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤတရားကို။ ( မိစ္ဆာဒိဋ္ဌိတို့၏ သမုဒယ, အတ္ထင်္ဂမစသည်တို့ကို ဟုတ်မှန်စွာသိ၍ ဒိဋ္ဌိရာဂ, ဒိဋ္ဌိနန္ဒီ, ဒိဋ္ဌိတဏှာတို့ကို မကိန်းအောင်းစေတတ်သော ဤတရားကို။) ဒိဋ္ဌိယောဂဝိသံယောဂေါ၊ ဒိဋ္ဌိယောဂမှ ကင်းကွာစေတတ်သောတရားဟူ၍။ ဝုစ္စတိ၊ ၏။
ဣတိ၊ ဤကား။ ကာမယောဂဝိသံယောဂေါ၊ ဂလည်းကောင်း။ ပ။ ဒိဋ္ဌိယောဂဝိသံယောဂေါ၊ ဒိဋ္ဌိယောဂဝိသံ ယောဂလည်းကောင်းတည်း။ ပ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤတရားကို။ ( ခြောက်ပါးသောဖဿာယတနတို့၏ သမုဒယ, အတ္ထင်္ဂမစသည်တို့ကို ဟုတ်မှန်စွာသိ၍ အဝိဇ္ဇာကို မကိန်းအောင်းစေတတ်သော ဤတရားကို။) အဝိဇ္ဇာယောဂဝိသံ ယောဂေါ၊ အဝိဇ္ဇာယောဂမှ ကင်းကွာစေတတ်သော တရားဟူ၍။ ဝုစ္စတိ၊ ၏။ ပ။
( ယော၊ အကြင်ပုဂ္ဂိုလ်သည်။) ပါပကေဟိ၊ ကုန်သော။ အကုသလေဟိ၊ ကုန်သော။ သံကိလေသိကေဟိ၊ ကုန်သော။ ပ။ ဇာတိဇရာမရဏိကေဟိ၊ ကုန်သော။ ဓမ္မေဟိ၊ တရားတို့နှင့်။ ဝါ၊ တရားတို့မှ။ ဝိသံယုတ္တော၊ မယှဉ်တွဲ။ ဝါ၊ ကင်းကွာ၏။
တသ္မာ၊ ထို့ကြောင့်။ ( ထိုသို့ ယုတ်မာသော သံကိလေသစသည်ဖြစ်ကုန်သော အကုသိုလ်တရားတို့နှင့် မယှဉ်တွဲသည်အဖြစ်ကြောင့်။) သော၊ ထိုအကုသိုလ်တို့နှင့် မယှဉ်တွဲသော ပုဂ္ဂိုလ်ကို။ ယောဂက္ခေမီတိ၊ ယောဂလေးဖြာ ဘေးကုန်ရာနိဗ္ဗာန်ကို ရသူရောက်သူဟူ၍။ ဝုစ္စတိ။ ပ။
ကာမယောဂေန စ၊ ကာမယောဂနှင့်လည်းကောင်း။ ဘဝယောဂေနစ၊ ဘဝယောဂနှင့်လည်းကောင်း။ ဥဘယံ ( ဥဘယေန) စ၊ ထိုနှစ်မျိုးစုံသောယောဂနှင့်လည်းကောင်း။ သံယုတ္တာ၊ ယှဉ်တွဲနေကုန်သော။ ဒိဋ္ဌိယောဂေန၊ ဒိဋ္ဌိယောဂနှင့်။ သံယုတ္တာ၊ ကုန်သော။ အဝိဇ္ဇာယ၊ အဝိဇ္ဇာယောဂသည်။ ပုရက္ခတာ၊ ရှေ့ဆောင်ရှေ့သွား ပြုအပ်ကုန်သော။ ဝါ၊ ခြံရံအပ်ကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။ ဇာတိမရဏဂါမိနော၊ ပဋိသန္ဓေနေခြင်း, သေခြင်းတို့ဆိုက်ရောက်ကြကုန်လျက်။ ဝါ၊ သန္ဓေနေခြင်း, အိုမင်း, သေရ, ဘေးဒုက္ခသို့ , မုချတွေ့ကြုံ, ဆိုက်ရောက် ကြရကုန်လျက်။ သံသာရံ၊ သံသရာခရီးကို။ ဝါ၊ ကြောင်းကျိုးဆက်စပ် မပြတ်ဖြစ်နေသော ခန္ဓာအာယတန ဓာတ်ခရီးစဉ်ကို။ ဂစ္ဆန္တိ၊ သွားနေကြရကုန်၏။
ယေစ၊ အကြင်ပုဂ္ဂိုလ်တို့သည်ကား။ ကာမေ၊ ဝတ္ထု, ကိလေသာ နှစ်ဖြာသောကာမတို့ကို။ ပရိညာယ၊ ပိုင်းခြားသိကြ၍။ ဘဝယောဂဉ္စ၊ ဘဝယောဂကိုလည်း။ သဗ္ဗသော၊ အားလုံးစုံ အကုန်အစင်။ ( ပရိညာယ၊ ၍။) ဒိဋ္ဌိယောဂံ၊ ဒိဋ္ဌိယောဂကို။ သမူဟစ္စ၊ ပယ်နုတ်ကြကုန်၍။ အဝိဇ္ဇဉ္စ၊ အဝိဇ္ဇာယောဂကိုလည်း။ ဝိရာဇယံ ( ဝိရာဇယန္တော) ၁။ဝိရာဇယံပုဒ်ဖွင့် နှစ်နည်း။ ။ ဝိရာဇယံပုဒ်၏ ကတ္တားမှာ “ယေ, တေ” ဟူသော ဗဟုဝစနန္တ ပုဒ်များတည်း၊ ထို့ကြောင့် ဝိပုဗ္ဗ, ရန္ဓဓာတ်, ကာရိတ်ဏယပစ္စည်း, အန္တ ပစ္စည်းဖြင့် ဝိရာဇယံ ( ဝိရာဇယန္တော) ဟုဖွင့်၍ ပြန်ဆိုအပ်သော ဤပဌမ အနက်ပေးနည်း၌ ဗဟုဝုစ်မှ ဧကဝုစ်သို့ ပြောင်းလဲသော ဝစနဝိပလ္လာသပုဒ် ကြံရမည်။ ဝိရာဇယံ ( ဝိရာဇယိတွာ) ဟုဖွင့်၍ အနက်ပြန်ဆိုရသော ဒုတိယနည်း၌ကား “ဝိ+ ရန္ဓ+ ဏယ+ တွာ ”ဖြစ်၍ အနာပုစ္ဆံ ဝါ ပက္ကမေယျ၌ကဲ့သို့ တွာပစ္စည်းအကျေကြံပါ။ ၊ ကင်းကွာစေကုန်လျက်။ ဝါ၊ ပယ်သတ် ကုန်လျက်။ ( ပယ်သတ်နေဆဲ ဖြစ်ကုန်လျက်။) [ တစ်နည်း– ဝိရာဇယံ ( ဝိရာဇယိတွာ)၊ ကင်းကွာစေကုန်ပြီး၍။] သဗ္ဗယောဂဝိသံယုတ္တာ၊ အားလုံးသော ယောဂလေးပါးတို့နှင့် မယှဉ်တွဲကုန်။ ဝါ၊ အားလုံးသော ယောဂလေးပါးတို့မှ ကင်းကွာကုန်၏။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ ဝေ၊ စင်စစ်ဧကန်အားဖြင့်။ ယောဂါတိဂါ၊ ယောဂလေးပါးတို့ကို ကျော်လွှားလွန်မြောက်တော်မူကြကုန်သော။ မုနီ၊ ရဟန္တာ အရှင်မြတ်တို့ပေတည်း။ ဣတိ၊ ဤသို့။ ( အဝေါစ၊ မိန့်တော်မူပြီ။)
ဒသမံ၊ ဆယ်ခုမြောက်သုတ်တည်း။ ပဌမော၊ ရှေးဦးစွာသော။ သဏ္ဍဂါ မဝဂ္ဂေါ၊ ဘဏ္ဍဂါမဝဂ်တည်း။