ဘိက္ခဝေ၊ တို့။
ယေသံ ( ကုလာနံ)၊ အကြင်အမျိုးတို့၏။
ပုတ္တာနံ၊ သားသမီးတို့သည်။
မာတာပိတရော၊ မိဘတို့ကို။
[ပူဇိတာ၌စပ်။]
ဝါ၊ မိဘတို့သည်။
[ဟောန္တိ၌စပ်။]
အဇ္ဈာဂါရေ၊ မိမိအိမ်၌။
ပူဇိတာ၊ ပူဇော်စောင့်ရှောက်ထားအပ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တာနိ ကုလာနိ၊ ထိုအမျိုးတို့သည်။
(မိဘတို့ကို ပူဇော်စောင့်ရှောက်တတ်သောသားသမီးရှိသော ထိုအမျိုးတို့သည်။)
သဗြဟ္မကာနိ၊ ဗြဟ္မာနှင့်တကွဖြစ်ကုန်၏။
ဝါ၊ မြတ်သောပုဂ္ဂိုလ်နှင့်တကွဖြစ်ကုန်၏။
ဘိက္ခဝေ၊ တို့။
ယေသံ (ကုလာနံ)၊ တို့၏။
ပုတ္တာနံ၊ တို့သည်။
မာတာပိတရော၊ တို့ကို။
ဝါ၊ တို့သည်။
အဇ္ဈာဂါရေ၊ ၌။
ပူဇိတာ၊ ကုန်သည်။
ဟောန္တိ၊ ၏။
တာနိ ကုလာနိ၊ တို့သည်။
သပုဗ္ဗာစရိယကာနိ၊ လက်ဦးဆရာနှင့်တကွဖြစ်ကုန်၏။
ဘိက္ခဝေ၊ တို့။
ယေသံ (ကုလာနံ)၊ တို့၏။
ပ။
ပူဇိတာ ဟောန္တိ။
တာနိ ကုလာနိ၊ တို့သည်။
သပုဗ္ဗဒေဝတာနိ၊ လက်ဦးပဌမ အပူဇော်ခံ နတ်နှင့်တကွဖြစ်ကုန်၏။
ဘိက္ခဝေ၊ တို့။
ယေသံ (ကုလာနံ)၊ တို့၏။
ပ။
ပူဇိတာ ဟောန္တိ။
ဝာာနိ ကုလာနိ၊ တို့သည်။
သာဟုနေယျကာနိ၊ အဝေးမှပင်ဆောင်ယူ၍ ပေးကမ်းသမျှ ကောင်းနိုးရာရာ စားသောက်ဖွယ် စသည်ကို လက်ခံထိုက်သူတို့နှင့်တကွ ဖြစ်ကုန်၏။
ဘိက္ခဝေ၊ တို့။
ဗြဟ္မာတိ ဧတံ၊ ဗြဟ္မာဟူသောဤနာမည်သည်။
မာတာပိတူနံ၊ မိဘတို့၏။
အဓိဝစနံ၊ နာမည်တည်း။
ဘိက္ခဝေ၊ တို့။
ပုဗ္ဗာစရိယာတိ ဧတံ၊ လက်ဦးဆရာ ဟူသော ဤနာမည်သည်။
မာတာပိတူနံ၊ တို့၏။
အဓိဝစနံ၊ တည်း။
ဘိက္ခဝေ၊ တို့။
ပုဗ္ဗဒေဝတာတိ ဧတံ၊ လက်ဦးပဌမ အပူဇော်ခံနတ်ဟူသော ဤနာမည်သည်။
ပ။
ဘိက္ခဝေ၊ တို့။
အာဟုနေယျာတိ ဧတံ၊ အာဟုနေယျဟူသောဤအမည်သည်။
ဝါ၊ အဝေးမှပင် ဆောင်ယူ၍ ပေးကမ်းအပ်သမျှ ကောင်းနိုးရာရာ စားသောက်ဖွယ်စသည်ကို လက်ခံထိုက်သူဟူသောဤအမည်သည်။
မာတာပိတူနံ၊ တို့၏။
အဓိဝစနံ၊ တည်း။
ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။
တံ၊ ထိုသို့ မိဘတို့ကို ဗြဟ္မာစသည်ဖြင့် ခေါ်ဆိုရခြင်းသည်။
(ဟောတိ၊ ဖြစ်သနည်းဟူမူ။)
ဘိက္ခဝေ၊ တို့။
မာတာပိတရော၊ တို့သည်။
ပုတ္တာနံ၊ သားသမီးတို့အား။
ဗဟုကာရာ၊ များသောကျေးဇူး ရှိကုန်၏။
(ပုတ္တာနံ၊ တို့ကို။)
အာပါဒကာ၊ အသက်ရှည်ခြင်းသို့ ရောက်စေတတ်ကုန်၏။
ပေါသကာ၊ နို့ချိုတိုက်ကျွေး မွေးမြူတတ်ကုန်၏။
ဣမဿ လောကဿ၊ ဤလောကကို။
ဝါ၊ ဤလောကမှ အာရုံကောင်းဆိုး အမျိုးမျိုးကို။
ဒဿေ တာရော၊ ပြတတ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
(တံ၊ ထိုသို့ မိဘတို့ကို ဗြဟ္မာစည်ဖြင့် ခေါ်ဆိုခြင်းသည်။
ဟောတိ၊ ဖြစ်၏။)
ဣတိ၊ ဤသို့။
( အဝေါစ၊ မိန့်။)
မာတာပိတရော၊ တို့ကို။
ပုတ္တာနံ၊ သားသမီးတို့၏။
ဗြဟ္မာတိ၊ ဗြဟ္မာဟူ၍လည်းကောင်း။
[တိကနိပါတ်စာပိုဒ်(၃၁)သဗြဟ္မကသုတ်လည်းကြည့်။]
ပုဗ္ဗာစရိယာတိ၊ လက်ဦးဆရာတို့ဟူ၍ လည်း ကောင်း။
ပုတ္တာနံ၊ တို့၏။
အာဟု နေယျာတိစ၊ အဝေးမှ။
ပ။
ထိုက်သူတို့ဟူ၍ လည်းကောင်း။
ဝုစ္စရေ၊ ဆိုအပ်ကုန်၏။
(မာတာပိတရော၊ တို့သည်။)
ပဇာယ၊ သားသမီးကို။
အနုကမ္ပကာ၊ ငဲ့ညှာထောက်ထား သနားတတ်ကုန်၏။
တသ္မာ ဟိ၊ ထို့ကြောင့်ပင်။
ပဏ္ဍိတော၊ ပညာရှိ သားသမီးကောင်းသည်။
နေ၊ ထို မိဘတို့ကို။
နမဿေယျ စ၊ ရှိခိုးလည်း ရှိခိုးထိုက်၏။
အန္နေန စ၊ ခဲဖွယ်ဘောဇဉ်ဖြင့် လည်းကောင်း။
အထ၊ ထိုမှတစ်ပါး။
ပါနေန စ၊ သောက်ဖွယ်အဖျော်ဖြင့် လည်း ကောင်း။
ဝတ္ထေန စ၊ အဝတ်အထည်ဖြင့်လည်းကောင်း။
သယနေန စ၊ အိပ်ရာဖြင့်လည်းကောင်း။
ဥစ္ဆာဒနေန စ၊ နံ့သာဖြင့် ပွတ်တိုက်လိမ်းကျံပေးခြင်းဖြင့်လည်းကောင်း။
နှာပနေန စ၊ ရေချိုးပေးခြင်းဖြင့်လည်းကောင်း။
ပါဒါနံ၊ ခြေတို့ကို။
ဓောဝနေန စ၊ ရေဆေးပေးခြင်း ဆီလိမ်းပေးခြင်းဖြင့်လည်းကောင်း။
သက္ကရေယျ စ၊ ကောင်းစွာပြုစုလည်း ပြုစုထိုက် ၏။
မာတာပိတူသု၊ မိဘတို့၌။
[ နံအနက်မရှိ။]
တာယ ပါရိစရိယာယ၊ ထိုသို့ပြုစုလုပ်ကျွေးခြင်းကြောင့်။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
နံ၊ ထိုပြုစုလုပ်ကျွေးသောသားသမီးကို။
ဣဓေဝ၊ ဤ ယခု မျက်မှောက်ဘဝ၌ပင်။
ပသံသန္တိ၊ ချီးကျူးကြကုန်၏။
( သော၊ ထိုသားသမီးသည်။)
ပေစ္စ၊ တမလွန်ဘဝသို့ သွားရောက်၍။
[ပ+ဣ+တွာ။]
သဂ္ဂေ၊ နတ်ပြည်၌။
ပမောဒတိ၊ ဝမ်းမြောက်ရ၏။
ဝါ၊ နတ်စည်းစိမ်တို့ဖြင့် ဝမ်းမြောက်ရွှင်းလန်း ချမ်းသာစွာ နေထိုင်ရ၏။
ဣတိ၊ သို့။
(အဝေါစ) တတိယံ။