နေက္ခမ္မဝိတက္ကေန၊ နေက္ခမ္မဝိတက်နှင့်လည်း ကောင်း။
ဝါ၊ လောဘမှ ထွက်မြောက်သော အလောဘနှင့် ယှဉ်စပ်သော အကြံအစည်နှင့် လည်းကောင်း။
ဝါ၊ လောဘမှ ထွက်မြောက်သော အလောဘ, နီဝရဏတို့မှ ထွက် မြောက်သော ပဌမဈာန်, အားလုံးသော အကုသိုလ်တို့မှ ထွက်မြောက်သောအားလုံးသော ကုသိုလ်တို့နှင့် ဥပနိဿယ, သမ္ပယောဂအား ဖြင့် ယှဉ်စပ်သောအကြံအစည်နှင့် လည်းကောင်း။
(တနည်း) နေက္ခမ္မဝိတက္ကေန၊ အားလုံးသောသင်္ခတ တရားတို့မှ ထွက်မြောက်သော နိဗ္ဗာန်နှင့် အာရုံပြုသောအားဖြင့်ယှဉ်စပ်ဆက်သွယ်သောအကြံ အစည်နှင့်လည်းကောင်း။
[ဓာတုဝိဘင်း အဋ္ဌကထာ (၇၀)နှင့် ဒီ၊ ပါထိကဝဂ်ဋီကာ (၁၈၆) စသည် အဖွင့်အတိုင်းအနက်ပေး သည်။]
အဗျာပါဒ၀ိတက္ကေန၊ အဗျာပါဒဝိတက်နှင့်လည်းကောင်း။
ဝါ၊ ဒေါသဗျာပါဒ၏ ဆန့်ကျင်ဘက် မေတ္တာနှင့်ယှဉ်သော အကြံအစည်နှင့်လည်းကောင်း။
အဝိဟိံ သာဝိတက္ကေန၊ အဝိဟိံ သာဝိတက်နှင့်လည်းကောင်း။
ဝါ၊ သတ္တဝါတို့ကို ညှဉ်းဆဲကြောင်း ဒေါသစသော အကုသိုလ်၏ဆန့်ကျင်ဘက် ကရုဏာနှင့်ယှဉ်သော အကြံအစည်နှင့် လည်းကောင်း။
သမ္မာဒိဋ္ဌိယာ၊ မှန်ကန်သော ဉာဏ်အမြင်နှင့်လည်းကောင်း။
(သမန္နာဂတော၊ သော။
ဘိက္ခု၊ သည်။
အပဏ္ဏကပဋိပဒံ၊ ကို။
ပဋိပန္နော။
ပ။
အာရဒ္ဓါ၊ သည်။
ဟောတိ။)
ဘိက္ခဝေ၊ တို့။
စတူဟိ၊ ကုန်သော။
ဣမေဟိ ဓမ္မေဟိ၊ တို့နှင့်။
သမန္နာဂတော။
ပ။
အာရဒ္ဓါ၊ သည်။
ဟောတိ၊ ၏။
ဣတိ (အဝေါစ။)
ဒုတိယံ။