ဤ ဒုတိယနည်း၌ ဆိုလိုရင်းမှာ– အဝိဇ္ဇာစသည်တို့ကြောင့် ဝေဒနာတို့၏ ဖြစ်ရပုံနှင့် အဝိဇ္ဇာစသည်တို့ ချုပ်ခြင်းကြောင့် ဝေဒနာတို့ချုပ်ရပုံသည်ရဟန်း၏ ၀ိပဿနာဉာဏ်၌ ထင်ရှားလာ၏။ အနိစ္စဟုနှလုံးသွင်းခြင်းကြောင့် ဝေဒနာ၏ခယ(ကုန်ခန်းခြင်း)သဘောအားဖြင့် ထင်လာပုံသည်လည်းကောင်း, ဒုက္ခဟု နှလုံးသွင်းခြင်းကြောင့် ဝေဒနာ၏ ဘယ(ကြောက်ဖွယ်ဘေး)အားဖြင့် ထင်လာပုံသည်လည်းကောင်း, အနတ္တဟု နှလုံးသွင်းခြင်းကြောင့် သုည (အတ္တမှဆိတ်သုဉ်းခြင်း) သဘောအားဖြင့် ထင်လာပုံသည်လည်းကောင်း ဝိပဿနာဉာဏ်၌ ထင်ရှားလာသည်ဟူလို။ သညာနှင့် ဝိတက်တို့၌လည်း ဤနည်းအတိုင်း အနက်ပေး၍အဓိပ္ပာယ်ယူပါတော့။ ၊ (ဝိပဿနာဉာဏ်၌) ထင်ရှားကုန်လျက်။ ဥပ္ပဇ္ဈန္တိ၊ ဖြစ်ကုန်၏။ (ဖြစ်ပေါ်ဥပါဒ်ကုန်၏။) ဝိဒိတာ၊ (ဝိပဿနာဉာဏ်၌) ထင်ရှားကုန်လျက်။ ဥပဋ္ဌဟန္တိ၊ (ဋ္ဌီခဏ၌) တည်တံ့နေကုန်၏။ ဝိဒိတာ၊ ကုန်လျက်။ အဗ္ဘတ္ထံ၊ ချုပ်ခြင်းသို့။ (ဘင်ခဏ၌ ချုပ်ခြင်းသို့။) ဂစ္ဆန္တိ၊ ရောက်ကုန်၏။ [ ဥပါဒ်, ဌီ, ဘင်ဟူသော ခဏသုံးပါး၌ ဝေဒနာတို့၏ဖြစ်ပုံ, တည်တံ့ပုံ, ချုပ်ပုံတို့သည်ရဟန်း၏ ဝိပဿနာဉာဏ်၌ ထင်ရှားလာကုန်၏ဟူလို။]
ဣဓ သမာဓိဘာဝနာတိ သိခါပတ္တာ အရိယာနံ ဝိပဿနာသမာဓိဘာဝနာ, တဿာ ပါဒကဘူတာ ဈာနသမာပတ္တိ ဝေဒိတဗ္ဗာ။ ဒီ, ပါထိဝဂ်ဋီကာ၊ ၂၂ဝ။ ၊ ဤသမာဓိဘာဝနာသည်။ ( ဤ အရိယာတို့၏ အထွတ်အထိပ်သို့ ရောက်သော ဝိပဿနာသမာဓိဘာဝနာနှင့် ထို၏အခြေခံ ဈာန်သမာပတ်ဟူသော သမာဓိဘာဝနာသည်။) ဘာဝိတာ၊ သည်။ ပ။ သတိ သမ္ပဇညာယ၊ ငှာ၊။ သံဝတ္တတိ၊ ၏။ ပ။
ဣတိ၊ ဤသည်ကား။ (ဤဘူတရုပ်, ဥပါဒါရုပ်သည်ကား။) ရူပံ၊ ရုပ်တည်း။ [ တနည်း-ရူပံ၊ ရုပ်သည်။ ဣတိ၊ ဤဘူတရုပ်, ဥပါဒါရုပ်အားဖြင့် နှစ်မျိုးနှစ်စားသာတည်း။] ဣတိ၊ ဤသို့သော လက္ခဏာအပြားအားဖြင့်။ (ဤသို့အဝိဇ္ဇာ, တဏှာ, ကံ, အာဟာရတည်းဟူသော အကြောင်းလေးပါးတို့၏ ဖြစ်ခြင်းရှိခြင်း လက္ခဏာနှင့် ဥပါဒ်ခဏ၌ ရုပ်၏ဖြစ်ခြင်းလက္ခဏာဟူသော ငါးပါးသော လက္ခဏာအပြားအားဖြင့်။) ရူပဿ၊ ရုပ်၏။ သမုဒယော၊ ဖြစ်ခြင်းသည်။ (ဟောတိ၊ ဖြစ်၏။) ဣတိ၊ ဤသို့သော လက္ခဏာအပြားအားဖြင့်။ (ဤသို့ အဝိဇ္ဇာ, တဏှာ, ကံ, အာဟာရဟူသော အကြောင်းလေးပါးတို့ နောက်ထပ်မဖြစ်တော့ဘဲ အပြီးအပြတ်ချုပ်ခြင်းလက္ခဏာနှင့် ဘင်ခဏ၌ ရုပ်၏ဖောက်ပြန်ပျက်ယွင်း ချုပ်ပျောက်ခြင်း လက္ခဏာဟူ သော ငါးပါးသော လက္ခဏာအပြားအားဖြင့်။) ရူ ပဿ၊ ရုပ်၏။ အတ္ထင်္ဂမော၊ ချုပ်ခြင်းသို့ရောက်ခြင်းသည်။ ( ဟောတိ၊ ဖြစ်၏။)
ဣတိ၊ ဤသည်ကား။ (ဤသုခ, ဒုက္ခ, သောမနဿ, ဒေါမနဿ, ဥပေက္ခာအားဖြင့် ငါးပါးသော တရားသည်ကား။) ဝေဒနာ၊ ဝေဒနာတည်း။ [တနည်း– ဝေဒနာ၊ ဝေဒနာသည်။ ဣတိ၊ ဤ သုခ, ဒုက္ခစသောအားဖြင့်ငါးပါးမျှသာတည်း။] ဣတိ၊ ဤသို့သော လက္ခဏာအပြားအားဖြင့်။ ( ဤသို့အဝိဇ္ဇာ, တဏှာ, ကံ, ဖဿဟူသော အကြောင်းလေးပါးတို့၏ ဖြစ်ခြင်းရှိခြင်းလက္ခဏာနှင့် ဥပါဒ်ခဏ၌ ဝေဒနာ၏ဖြစ်ခြင်း လက္ခဏာဟူ သော ငါးမျိုးသောလက္ခဏာအပြားအားဖြင့်။ ) ဝေဒနာယ၊ ဝေဒနာ၏။ သမုဒယော၊ ဖြစ်ခြင်းသည်။ (ဟောတိ၊ ဖြစ်၏။ ) ဣတိ၊ ဤသို့သော လက္ခဏာအပြားအားဖြင့်။ (ဤသို့အဝိဇ္ဇာ, တဏှာ, ကံ, ဖဿဟူသောအကြောင်းလေး ပါးတို့ နောက်ထပ်ဖြစ်ခြင်းမရှိသောအပြီးအပြတ် ချုပ်ခြင်းလက္ခဏာနှင့် ဘင်ခဏ၌ ဝေဒနာ၏ ဖောက်ပြန် ပျက်ယွင်းချုပ်ပျောက်ခြင်း လက္ခဏာဟူသော ငါးပါးသော လက္ခဏာအပြားအားဖြင့်။) ဝေဒနာယ၊ ဝေဒနာ၏။ အတ္ထင်္ဂမော၊ ချုပ်ခြင်းသည်။ ( ဟောတိ။)
ဣတိ၊ ဤသည်ကား။ (ဤ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္မသညာအားဖြင့် ခြောက်ပါးသောတရားသည်ကား။) သညာ၊ သညာတည်း။ [တနည်း– သညာ၊ သညာသည်။ ဣတိ၊ ဤရူပသညာ စသောအားဖြင့် ခြောက်ပါးမျှသာတည်း။] ဣတိ၊ ဤသို့သောလက္ခဏာအပြားအားဖြင့်။ (ဤသို့ အဝိဇ္ဇာ, တဏှာ, ကံ, ဖဿဟူသောအကြောင်းလေးပါးတို့၏ဖြစ်ခြင်းရှိခြင်းလက္ခဏာနှင့် ဥပါဒ်ခဏ၌ သညာ၏ ဖြစ်ခြင်း လက္ခဏာအားဖြင့် ငါးမျိုးသော လက္ခဏာအပြားအားဖြင့်။) သညာယ၊ သညာ၏။ သမုဒယော၊ ဖြစ်ခြင်းသည်။ (ဟောတိ) ဣတိ၊ အားဖြင်။ (ဤသို့ အဝိဇ္ဇာ, တဏှာ, ကံ, ဖဿဟူသောအကြောင်းလေးပါးတို့ နောက်ထပ်ဖြစ်ခြင်းမရှိသော အပြီးအပြတ် ချုပ်ခြင်းလက္ခဏာနှင့် ဘင်ခဏ၌ သညာ၏ဖောက်ပြန်ပျက်ယွင်း ချုပ်ပျောက်ခြင်းလက္ခဏာဟူသော ငါးပါးသောလက္ခဏာအပြားအားဖြင့်။) သညာယ၊ သညာ၏။ အတ္ထင်္ဂမော၊ သည်။ (ဟောတိ။)
ဣတိ၊ ဤသည်တို့ကား ။ (ဤဝေဒနာသညာမှ ကြွင်းကျန်သောစေတသိက်ငါးဆယ်တို့သည်ကား။) သင်္ခါရာ၊ သင်္ခါရတို့တည်း။ [ တနည်း–သင်္ခါရာ၊ သင်္ခါရတို့သည်။ ဣတိ၊ ဤ ဝေဒနာသညာမှ တစ်ပါးသောစေတသိက် ငါးဆယ်တို့သာတည်း။] ဣတိ၊ ဤသို့သော လက္ခဏာအပြားအားဖြင့်။ (ဤသို့ အဝိဇ္ဇာ, တဏှာ, ကံ, ဖဿဟူသောအကြောင်းလေးပါးတို့၏ဖြစ်ခြင်းရှိခြင်း လက္ခဏာနှင့် ဥပါဒ်ခဏ၌ သင်္ခါရတို့၏ ဖြစ်ခြင်းလက္ခဏာအားဖြင့် ငါးမျိုးသော လက္ခဏာအပြားအားဖြင့်။) သင်္ခါရာနံ၊ သင်္ခါရတို့၏။ သမုဒယော၊ သည်။ (ဟောတိ) ဣတိ၊ ဖြင့်။ ( ဤသို့ အဝိဇ္ဇာ, တဏှာ, ကံ, ဖဿဟူသောအကြောင်းလေးပါးတို့ နောက်ထပ်မဖြစ်တော့ဘဲအပြီးအပြတ် ချုပ်ခြင်းလက္ခဏာနှင့် ဘင်ခဏ၌ သင်္ခါရတို့၏ ချုပ်ပျောက်ခြင်း လက္ခဏာဟူသော ငါးမျိုးသော လက္ခဏာအပြားအားဖြင့်။) သင်္ခါရာနံ၊ တို့၏။ အတ္ထင်္ဂမော၊ သည်။ (ဟောတိ။) ဣတိ၊ ဤသည်ကား။ (ဤလောကီစိတ် ၈၁– ပါးသည်ကား။) ဝိညာဏံ၊ ဝိညာဏ်တည်း။ [တနည်း– ဝိညာဏံ၊ ဝိညာဏ်သည်။ ဣတိ၊ ဤစက္ခုဝိညာဏ်, သောတဝိညာဏ် အစရှိသော လောကီစိတ် ၈၁-ပါးမျှသာတည်း။] ဣတိ၊ ဖြင့်။ (ဤသို့ အဝိဇ္ဇာ, တဏှာ, ကံ, နာမ် ရုပ်တို့၏ ဖြစ်ခြင်းရှိခြင်းလက္ခဏာနှင့် ဥပါဒ်ခဏ၌ ဝိညာဏ်၏ ဖြစ်ခြင်းလက္ခဏာဟူသော ငါးမျိုးသော လက္ခဏာအပြားအားဖြင့်။) ဝိညာဏဿ၊ ဝိညာဏ်၏။ သမုဒယော၊ သည်။ (ဟောတိ) ဣတိ၊ ဖြင့်။ (ဤသို့ အဝိဇ္ဇာ, တဏှာ, ကံ, နာမ်ရုပ်တို့ နောက်ထပ်မဖြစ်တော့ဘဲ အပြီးအပြတ် ချုပ်ခြင်းလက္ခဏာနှင့် ဘင်ခဏ၌ဝိညာဏ်၏ ဖောက်ပြန်ပျက်ယွင်း ချုပ် ပျောက်ခြင်းလက္ခဏာဟူသော ငါးပါးသောလက္ခဏာအပြားအားဖြင့်။) ဝိညာဏဿ၊ ဝိညာဏ်၏။ အတ္ထင်္ဂမော၊ ချုပ်ခြင်းသို့ ရောက်ခြင်းသည်။ (ဟောတိ= ၏။) ဣတိ၊ ဤသို့။ (ဥဒယဗ္ဗယာနုပဿီ၊ လျက်။ ဝိဟရတိ၊ နေ၏။) [ ပြန်စပ်သည်။ ဤပုဒ်တို့၏အနက်ကိုပဋိသမ္ဘိဒါမဂ်ပါဠိတော်၊ နှာ၊ (၅၃) ဝိသုဒ္ဓိမဂ် ဒု(၂၆၆-၇) ဒိ, မဟာဝဂ္ဂဋ္ဌ (၅၃–၃၇၃) တို့နှင့် ယင်းတို့၏ ဋီကာ အဖွင့်တို့ကို ကြည့်၍အနက်ပေးသည်။]