Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Catukkanipātapāḷi
Catukkanipātapāḷi

1. Attānuvādasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ ရဟန်းတို့။ ဘယာနိ၊ ဘေးတို့သည်။ ဝါ၊ ကြောက်ရွံ့ခြင်းတို့သည်။ ဝါ၊ ကြောက်ဖွယ် အာရုံဘေးတို့သည်။ [ အဋ္ဌကထာ၌ စိတ္တုတြာသဘယကိုသာဖွင့်၏။] ဣမာနိ စတ္တာရိ၊ ဤလေးမျိုးတို့တည်း။
စတ္တာရိ၊ လေးမျိုးတို့ဟူသည်။ ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
အတ္တာနုဝါဒဘယံ၊ အတ္တာနုဝါဒဘေးလည်း ကောင်း။ ဝါ၊ မိမိကိုယ်ကိုမိမိစွပ်စွဲသောသူ၏ သန္တာန်၌ဖြစ်သော ကြောက်ရွံ့ ခြင်း လည်းကောင်း။ ဝါ၊ မိမိကိုယ်ကို မိမိစွပ်စွဲခြင်းဟူသော ကြောက် ဖွယ်ဘေးလည်း ကောင်း။ ပရာနုဝါဒ ဘယံ၊ ပရာနုဝါဒဘေး လည်းကောင်း။ ဝါ၊ သူတစ်ပါးက စွပ်စွဲခြင်းကြောင့်ဖြစ်သော ကြောက်ရွံ့ခြင်းလည်းကောင်း။ ဝါ၊ သူတစ်ပါးက စွပ်စွဲခြင်းဟူသောကြောက်ဖွယ်ဘေးလည်း ကောင်း။ ဒဏ္ဍဘယံ၊ ဒဏ္ဍဘေး လည်းကောင်း။ ဝါ၊ မင်း၏ ညှဉ်းပန်းမှု ပြစ်ဒဏ်ကိုစွဲ၍ဖြစ်သော ကြောက်ရွံ့ခြင်း လည်းကောင်း။ ဝါ၊ မင်း၏ ညှဉ်းပန်းမှု ပြစ်ဒဏ်ဟူသော ကြောက် ဖွယ်ဘေးလည်းကောင်း။ ဒုဂ္ဂတိဘယံ၊ အပါယ် ဒုဂ္ဂတိဘေးလည်းကောင်း။ ဝါ၊ အပါယ် ဒုဂ္ဂတိလေးမျိုးကို စွဲ၍ဖြစ်သော ကြောက်ရွံ့ခြင်းလည်းကောင်း။ ဝါ၊ အပါယ်ဒုဂ္ဂတိလေးမျိုးဟူသော ကြောက်ဖွယ်ဘေး လည်း ကောင်း။ (ဣတိ၊ ဤသည်တို့တည်း။)
ဘိက္ခဝေ၊ တို့။ အတ္တာနုဝါဒဘယံ၊ အတ္တာနုဝါဒဘေးဟူသည်။ ကတမဉ္စ၊ အဘယ်နည်းဟူမူ။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤသတ္တလောက၌။ ဧကစ္စော၊ အချို့သောသူသည်။ ဣတိ၊ ဤသို့။ ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစား၏။ (ကိန္တိ၊ အဘယ်သို့။ ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစားသနည်းဟူမူ။)
အဟံ၊ ငါသည်။ ကာယေန၊ ကိုယ်ဖြင့်။ ဝါ၊ ကာယဒွါရဖြင့်။ ဝါ၊ ကာယဝိညတ်ဖြင့်။ ဒုစ္စရိတံ၊ ဒုစ္စရိတ်အကုသိုလ်ကို။ [စာပိုဒ် (၈၅) တမောတမသုတ်လည်းကြည့်။] စေ စရေယျံ၊ အကယ်၍ ပြုကျင့်ငြားအံ့။ ဝါစာယ၊ ဖြင့်။ ဒုစ္စရိတံ၊ ကို။ စေ စရေယျံ၊ အံ့။ မနသာ၊ ဖြင့်။ ဒုစ္စရိတံ၊ ကို။ စေ စရေယျံ၊ အံ့။ (ဧဝံ သတိ၊ ဤသို့ပြုကျင့်သည်ဖြစ်လသော်။) ယံ (ယေန ကာရဏေန)၊ အကြင်အကြောင်းကြောင့်။ မံ၊ ငါ့ကို။ အတ္တာ၊ မိမိကိုယ်တိုင်သည်ပင်။ ဝါ၊ ငါကိုယ်တိုင်ကပင်။ သီလတော၊ သီလကြောင့်။ (သီလဟူသောအကြောင်းကြောင့်)။ [ သီလတော– ၌ တောပစ္စည်းသည် ဟိတ်အနက်ဟောတည်း။ အံ၊ သျ၊ ပဉ္စမတွဲ၊ နှာ-၄၃၃။ ပဗ္ဗဇိတအဘိဏှ သုတ်ကြည့်။] န ဥပဝဒေယျ၊ မစွပ်စွဲရာ။ ကိဉ္စ၊ အဘယ်မည်သော။ တံ(ကာရဏံ)၊ ထိုမစွပ်စွဲခြင်းဟူသော အကြောင်းသည်။ ( ဘဝေယျ၊ ဖြစ်နိုင်ပါမည်နည်း။ န ဘဝတိ ဧဝ၊ ဧကန် မဖြစ်နိုင်သည်သာတည်း။) ဣတိ၊ ဤသို့။ ( ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစား၏။)
သော၊ ထိုသူသည်။ အတ္တာနုဝါဒ ဘယဿ၊ အတ္တာနုဝါဒဘေးမှ။ ဝါ၊ မိမိကိုယ်ကို မိမိစွပ်စွဲခြင်း ဟူသော ကြောက် ဖွယ်ဘေးမှ။ ဘီတော၊ ကြောက်သည်။ (ဟုတွာ၊ ဖြစ်၍။) ကာယဒုစ္စရိတံ၊ ကာယဒုစ္စရိတ် အကုသိုလ်ကို။ ဝါ၊ ကာယဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ် ကာယကံသုံးပါးကို။ ပဟာယ၊ ပယ်စွန့်၍။ ကာယသုစရိတံ၊ ကာယသုစရိတ် ကုသိုလ်ကို။ ဝါ၊ ကာယဒွါရဖြင့် ကောင်းစွာပြုကျင့်အပ်သော ကုသိုလ်ကာယ ကံသုံးပါးကို။ ဘာဝေတိ၊ ဖြစ်ပွားစေ၏။ ဝစီဒုစ္စရိတံ၊ ဝစီဒုစ္စရိတ် အကုသိုလ်ကို။ ဝါ၊ ဝစီဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ် ဝစီကံလေးပါးကို။ ပဟာယ၊ ၍။ ဝစီသုစရိတံ၊ ဝစီသုစရိတ် ကုသိုလ်ကို။ ဝါ၊ ဝစီဒွါရဖြင့်ကောင်းစွာပြုကျင့်အပ်သော ကုသိုလ် ဝစီကံလေးပါးကို။ ဘာဝေတိ၊ ၏။ မနောဒုစ္စရိတံ၊ မနောဒုစ္စရိတ် အကုသိုလ်ကို။ ဝါ၊ မနောဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ် မနောကံသုံးပါးကို။ ပဟာယ၊ ၍။ မနောသု စရိတံ၊ မနောသုစရိတ်ကုသိုလ်ကို။ ဝါ၊ မနောဒွါရဖြင့် ကောင်းစွာပြုကျင့်အပ်သော ကုသိုလ်မနောကံသုံးပါးကို။ ဘာဝေတိ၊ ၏။ သုဒ္ဓံ၊ စင်ကြယ်အောင်။ အတ္တာနံ၊ မိမိကိုယ်စိတ်ကို။ ပရိဟရတိ၊ သုတ်သင် စောင့်ရှောက်၏။
ဘိက္ခဝေ၊ ရဟန်းတို့။ ဣဒံ၊ ဤဘေးကို။ ဝါ၊ ဤ မိမိကိုယ်ကို မိမိအကျင့်သီလကြောင့် စွပ်စွဲခြင်းမှ ကြောက် ရွံ့ခြင်းကို။ အတ္တာနုဝါဒဘယံ၊ အတ္တာနုဝါဒဘေးဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။ ပ။
[ကိဉ္စ တံ ယံ မံ– စသည်ကို အနက်ပေးအံ့။] ယံ (ယေန ကာရဏေန)၊ ကြောင့်။ မံ၊ ငါ့ကို။ ပရေ၊ အခြားသောသူတို့သည်။ သီလတော၊ သီလကြောင့်။ န ဥပဝဒေယျုံ၊ မစွပ်စွဲကြကုန်ရာ။ ကိဉ္စ၊ သော။ တံ (ကာရဏံ)၊ သည်။ (ဘဝေယျ၊ နည်း။ န ဘဝတိ ဧ၀၊ သာတည်း။) ဣတိ၊ သို့။ (ပဋိသဋိက္ခတိ၊ ၏။)
သော၊ ထိုသူသည်။ ပရာနုဝါဒဘယဿ၊ ပရာနုဝါဒ ဘေးမှ။ ဝါ၊ သူတစ်ပါးက စွပ်စွဲခြင်းဟူသော ကြောက်မက်ဖွယ်ဘေးမှ။ ဘီတော၊ သည်။ (ဟုတွာ။) ကာယဒုစ္စရိတံ၊ ကို။ ပ။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤဘေးကို။ ဝါ၊ ဤသူတစ်ပါးတို့က အကျင့်သီလကြောင့် မိမိကို စွပ်စွဲခြင်းမှ ကြောက်ခြင်းကို။ ပရာနုဝါဒ ဘယံ၊ ပရာနုဝါဒဘေးဟူ၍။ ဝုစ္စတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဒဏ္ဍဘယံ၊ ဒဏ္ဍဘေးဟူသည်။ ကတမဉ္စ၊ ဟူမူ။ [ဤနေရာမှ ပါဠိတော်ဝါကျများ၏ အနက်ကို ဒုတိယအကြိမ်ရိုက် နိဿယပထမတွဲစာမျက်နှာ ၁၁၇– စသည် ( ဒုကနိပါတ် စာပိုဒ်– ၁၊ ဝဇ္ဇသုတ်) ၌ ရေးခဲ့ပြီးဖြစ်သော်လည်း ပထမတွဲစာအုပ် အဆင် သင့်မရှိသော စာသင်သားများကိုငဲ့၍ နိဿယ သက်သက်မျှကို ထပ်မံ ရေးပါမည်။ ပုဒ်နက်ရှင်းလင်းချက်ကိုမူ ထိုသုတ်၌ ကြည့်ကြပါကုန်။]
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤသတ္တလောက၌။ အာဂုစာရိံ၊ ပြစ်မှုကျူးလွန်သော။ စောရံ၊ သူခိုးကို။ ဂဟေတွာ၊ ဖမ်းချုပ်ကြကုန်၍။ ဝိဝိဓာ၊ အမျိုးမျိုးကုန်သော။ ကမ္မကာရဏာ၊ ညှဉ်းပန်းနှိပ်စက်ခြင်းအမှုတို့ကို။ ကာရေန္တေ၊ ပြုလုပ်စေကြကုန်သော။ ဝါ၊ ပြုလုပ်ခိုင်းနေကြကုန်သော။ ရာဇာနော၊ ဘုရင်မင်းတို့ကို။ ဧကစ္စော၊ အချို့သောသူသည်။ ပဿတိ၊ မြင်ရ၏။ ကသာဟိ၊ နှင်တံတို့ဖြင့်။ တာဠေန္တေ ပိ၊ ရိုက်နှက် နေသည်တို့ကိုလည်းကောင်း။ ဝေတ္တေဟိ၊ ကြိမ်လုံးတို့ဖြင့်။ တာ‌ဠေန္တေပိ၊ တို့ကိုလည်းကောင်း။ အဒ္ဓဒဏ္ဍကေဟိ၊ လေးတောင်ထက်ဝက်နှစ်တောင်ရှိသော တုတ်တို့ဖြင့်။ ဝါ၊ ဆောက်ပုတ်တို့ဖြင့်။ ဝာာဠေန္တေ ပိ၊ လည်းကောင်း။ ဟတ္ထံ၊ လက်ကို။ ဆိန္ဒန္တေ ပိ၊ ဖြတ်နေသည်တို့ကိုလည်းကောင်း။ ပါဒံ၊ ခြေကို။ ဆိန္ဒန္တေ ပိ၊ လည်းကောင်း။ ဟတ္ထပါဒံ၊ လက်နှင့် ခြေကို။ ပ။ ကဏ္ဏံ၊ နားရွက်ကို။ ပ။ နာသံ၊ နှာခေါင်းကို။ ပ။ ကဏ္ဏနာသံ၊ နားရွက်နှင့် နှာခေါင်းကို။ ဆိန္ဒန္တေ ပိ၊ လည်းကောင်း။ ဗိလင်္ဂထာလိကံ၊ ပုန်းရည်အိုးနှင့်တူ အောင် ညှဉ်း ပန်း နှိပ်စက်ခြင်းကို။ [အကျဉ်းချုပ်သဒ္ဒါ နက်တည်း။ အကျယ်ဖွင့် အနက်မှာ– ဗိလင်္ဂထာလိကံ၊ ဦးခေါင်းခွံကို အပေါက် ဖောက်ကာ သံပူခဲရဲရဲကို ထည့်သွင်း၍ ပုန်းရည်အိုးမှပုန်းရည်ဆူပွက် လျှံတက်သကဲ့သို့ ဦးနှောက်ဆူပွက် လျှံတက်လာအောင်ညှဉ်းပန်းနှိပ်စက်ခြင်းကို။] ကရောန္တေပိ၊ ပြုလုပ်နေသည်တို့ကိုလည်းကောင်း။ သင်္ခမုဏ္ဍိကံ၊ ခရုသင်းအတူ ဖွေးဖွေးဖြူအောင် ဦးပြည်းခေါင်းတုံး ခြင်းကို။ [သင်္ခမုဏ္ဍိကံ၊ အထက်နှုတ်ခမ်း, နားရင်းနှစ်ဖက်နှင့် လည်ချိုင့်တိုင်အောင်နယ်ပယ်ကန့်သတ် ရစ်ပတ်ကာ အရေကိုဖြတ်တောက်ပြီးလျှင် ဆံပင်အားလုံးသိမ်းကျုံးပေါင်းစု၍ တုတ်ဖြင့်ရစ်ပတ်ကာ ဆွဲဆောင့်သဖြင့် ဆံပင်နှင့်တကွဦးခေါင်းခွံအရေ ကြွတက်ကျွတ်ပါလာစေ ပြီးနောက် ခရုသင်းအတူ ဖွေးဖွေးဖြူအောင် ကြမ်းတမ်းသော ကျောက်ခဲတို့ဖြင့် ပွတ်တိုက်ဆေးကြောလျက် ဦးပြည်းခေါင်းတုံး ခြင်းကို။] ကရောန္တေ ပိ၊ ပြုလုပ်နေသည်တို့ကိုလည်းကောင်း။ ရာဟုမုခံ၊ ပါးစပ်ကို သံငုတ်ဖြင့် ဖွင့်ထောက်ကာ ဟထားစေ၍ရာဟုခံတွင်း၌ရောက်နေသော နေလုံးနှင့်တူအောင် အာခေါင်ခံတွင်း၌ မီးထွန်းခြင်းကို။ ဝါ၊ နားရင်းနှစ်ဖက်မှစ၍ ပါးစပ်ကို ဆောက်ဖြင့်ထွင်းကာ ကျယ်စွာချဲ့၍ ရာဟုခံတွင်း၌ ရောက်နေသော နေလုံးနှင့်တူအောင် အရောင် အဆင်းနီခြင်းဖြင့် သွေးတို့ဖြင့် ခံတွင်းကို ပြည့်စေခြင်းကို။ ကရောန္တေ ပိ၊ လည်းကောင်း။ ဇောတိမာလိကံ၊ ဆီစိမ်အဝတ်တို့ဖြင့် တစ်ကိုယ်လုံးရစ်ပတ်၍ မီးရှို့ ခြင်းဖြင့် မီးပန်းရှိအောင် ညှဉ်း ပန်းခြင်းကို။ ပ။ ဟတ္ထပဇ္ဇောတိကံ၊ ဆီစိမ်အဝတ်တို့ဖြင့်လက်ကိုရစ်ပတ်ကာ မီးတိုင် ပမာ အရောင်အဝါလင်းအောင် မီးရှို့ခြင်းကို။ ပ။ ဧရကပတ္တိကံ၊ ပြိန်းရွက်ပမာ ကိုယ်အရေလွှာကို ဆွဲခွာခြင်းကို။ [ အကျယ်ဖွင့်အနက်မှာ– ဧရကပတ္တိကံ၊ လည်ပင်းအောက်မှစ၍ ခြေမျက်စိတိုင်အောင် ပြိန်းရွက်ပမာ ကိုယ်အရေလွှာကို ဆွဲခွာပြီးနှောက် ကြိုးဖြင့်ချည်ကာ ဆွဲငင်သွားခြင်းဖြင့်မိမိအရေလွှာကို နင်းမိတိုင်း လဲကျစေခြင်းကို]။ ပ။ စီရကဝါသိကံ၊ ခန္ဓာကိုယ်မှ ဆွဲခွာထားအပ်သော အရေတည်းဟူသောအဝတ်တို့ကို ဝတ်စေခြင်းကို။ ပ။ ဧဏေယျကံ၊ ဧဏီသားကောင်ပမာလေးဖက် ထောက် ဝပ်တွားစေပြီးနောက် ပတ်ပတ်လည်မှ မီးဖြင့်ရံလျက်ဖုတ်မြိုက်လောင် ကျွမ်းစေ ခြင်းကို။ [ ဧဏေယျကံ၊ တတောင်နှစ်ဘက်, ဒူးနှစ်ဖက်တို့၌ စွပ်ထား အပ် သော သံကွင်းအတွင်းဝယ် သံချွန်တို့ကို သွင်းလျှိုစိုက်နှက်ခြင်းဖြင့် ဧဏီသားကောင်ပမာ လေးဖက်ထောက် ဝပ်တွားစေပြီးနောက်ပတ် ပတ်လည်မှ မီးဖြင့်ရံလျက် ဖုတ်မြိုက်လောင်းကျွမ်းစေခြင်းကို]။ ပ။ ဗလိသမံသိကံ၊ အချွန်နှစ်ခုရှိသော သံချိတ်တို့ဖြင့် အရေအသားအကြောတို့ကိုဆွဲချိတ်ခွာယူခြင်းကို။ ပ။ ကဟာပဏိကံ၊ ခန္ဓာကိုယ်တစ်ခုလုံးကို ထက်စွာသောဓားတို့ဖြင့် တစ်ကျပ်သားချင်း ခုတ်စဉ်းချခြင်းကို ။ ပ။ ခါရာပတိစ္ဆိကံ၊ ခန္ဓာကိုယ် ထိုထိုနေရာတို့၌ လက်နက်တို့ဖြင့် ရိုက်နှက်ခုတ်မွှမ်း၍ အရေအသားအကြောတို့ကို ဘီးကြမ်းဖြင့်ပွတ်ခြစ်ကာ ဆားငံရေဖြင့် လောင်းချခြင်းကို။ ပ။ ပလိဃပရိဝတ္တိကံ၊ တံခါးကျည်ပမာ ချာချာလည်အောင် ခြေထောက်ကို ဆွဲလှည့်ခြင်းကို။ [ပလိဃပရိဝတ္တိကံ၊ စောင်းလျက် အိပ်စေ၍ သံချွန်ကို မြေကြီးထဲသို့ နစ်ဝင်အောင် နားပေါက်တွင်းမှ ထိုးစိုက်ရိုက်သွင်းကာ တံခါးတိုင်၌ တံခါးကျည်သစ်တုံးကို သွင်းလျှို၍ လှည့်သကဲ့သို့ ခြေထောက်ကိုဆွဲကိုင်၍ ချာချာလည်အောင် လှည့်ခြင်းကို]။ ပ။ ပလာလပီဌကံ၊ ကောက်ရိုးအင်းပျဉ်ပမာ ခန္ဓာကိုယ်ကို ခေါက်လိပ် ခြင်းကို။ [ ပလာလပီဌကံ၊ အရေတို့ကိုမစုတ်မပြတ်စေဘဲ ကျောက်တုံးဖြင့် အရိုးတို့ကိုကျေမွအောင် ထုရိုက်ပြီးနောက် ဆံပင်မှ ဆွဲမြှောက်၍ အရိုးတို့ကို ခါချလိုက်သဖြင့် အသားစုချည်း ကျန်သောအခါ ကောက်ရိုးထုံးကဲ့သို့ ထိုအသားစုကိုဆံပင်တို့ဖြင့် ရစ်ပတ်ခေါက်လိပ်ခြင်းကို။] ကရောန္တေပိ၊ ပြုလုပ်နေသည်တို့ကိုလည်း‌ ကောင်း။ တတ္တေန၊ ပူလောင်လှစွာသော။ တေလေန၊ ဆီဖြင့်။ သြသိဉ္စန္တေ ပိ၊ သွန်းလောင်းချနေသည်တို့ကိုလည်းကောင်း။ သုနခေဟိ၊ (နှစ်ရက်သုံးရက် အစာမကျွေးဘဲ ထားအပ်သော) ခွေးငတ်တို့ကို။ ခါဒါပေန္တေပိ၊ ကိုက်ဝါး ခဲစားစေသည် တို့ကိုလည်းကောင်း။ ဇီဝန္တံ၊ အရှင်လတ်လတ်ပင်လျှင်။ သူလေ၊ တံကျင်၌။ ဥတ္တာသေန္တေ ပိ၊ သွင်းလျှိုနေသည်တို့ကိုလည်းကောင်း။ အသိနာ၊ သန်လျှက်ဖြင့်။ သီသံ၊ ဦးခေါင်းကို။ ဆိန္ဒန္တေ ပိ၊ ဖြတ်နေသည်တို့ကိုလည်းကောင်း။ ပဿတိ၊ မြင်၏။
တဿ၊ ထိုသူမှာ။ ( သူခိုးကိုဖမ်း၍ ညှဉ်းဆဲနေသည်ကို မြင်နေရသောထိုသူမှာ။) ဧဝံ၊ ဤသို့ တွေးတောကြောက်ရွံ့ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ (ကိန္တိ၊ အဘယ်သို့ တွေးတောကြောက်ရွံ့ခြင်းသည်။ ဟောတိ၊ ဖြစ်သနည်းဟူမူ။)
ယထာရူပါနံ၊ အကြင်သို့ သဘောရှိကုန်သော။ ပါပကာနံ၊ ယုတ်မာကုန်သော။ ကမ္မာနံ၊ ပြစ်မှုတို့၏။ ဝါ၊ ပြစ်မှုတို့ တည်းဟူသော။ ဟေတု၊ အကြောင်းကြောင့်။ အာဂုစာရိံ၊ သော။ စောရံ၊ ကို။ ရာဇာနော၊ ဘုရင်မင်းတို့သည်။ ဂဟေတွာ၊ ဖမ်းချုပ်ကြကုန်၍။ ဝိဝိဓာ၊ ကုန်သော။ ကမ္မကာရဏာ၊ တို့ကို။ ကာရေန္တိ၊ ပြုလုပ်စေကြကုန်၏။ ဝါ၊ ပြုလုပ်ခိုင်းကြကုန်၏။ ကသာဟိပိ၊ နှင်တံတို့ဖြင့်လည်း။ တာဠေန္တိ၊ ရိုက်နှက်ကြကုန်၏။ [ တနည်း– ကသာဟိ၊ တို့ဖြင့်။ တာဠေန္တိပိ၊ ရိုက်နှက်လည်း ရိုက်နှက်ကြကုန်၏။ နောက်၌လည်း ဤအတိုင်း နည်းမှီး၍ဆိုပါ]။ ပ။ အသိနာပိ၊ သန်လျှက်ဖြင့်လည်း။ သီသံ၊ ကို။ ဆိန္ဒန္တိ၊ ခုတ်ဖြတ်ကြကုန်၏။ အဟံ၊ ငါသည်။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ ပါပကမ္မံ၊ ယုတ်မာသောအမှုကို။ စေ ကရေယျံ၊ အကယ်၍ ပြုလုပ်ငြားအံ့။ (ဧဝံ သတိ၊ ဤသို့ ပြုလုပ်သည်ဖြစ်လသော်။) မမ္ပိ၊ ငါ့ကိုလည်း။ ရာဇာနော၊ မင်းတို့သည်။ ဂဟေတွာ၊ ဖမ်းချုပ်ကြကုန်၍။ ဧဝရူပါ၊ ဤသို့ ရက်စက်ကြမ်းကြုတ်ခြင်းသ‌ဘော ရှိကုန်သော။ ဝိဝိဓာ၊ ကုန်သော။ ကမ္မကာရဏာ၊ တို့ကို။ ကာရေယျုံ၊ ပြုလုပ်စေကုန်ရာ၏။ ကသာဟိပိ၊ နှင်တံတို့ဖြင့်လည်း။ တာဠေယျုံ၊ ရိုက်နှက်ကြကုန်ရာ၏။ ဝေတ္တေဟိပိ၊ တို့ဖြင့်လည်း။ ပ။ ဟတ္ထမ္ပိ၊ လက်ကိုလည်း။ ဆိန္ဒေယျုံ၊ ဖြတ်ကြကုန်ရာ၏။ ပ။ ဗိလင်္ဂထာလိကမ္ပိ၊ ကိုလည်း။ ကရေယျုံ၊ ပြုလုပ်ကြကုန်ရာ၏။ ပ။ တတ္တေန၊ သော။ တေလေနပိ၊ ဆီဖြင့်လည်း။ သြသိဉ္စေယျုံ၊ သွန်းလောင်းချကုန်ရာ၏။ သုနခေဟိပိ၊ တို့ကိုလည်း။ ခါဒါပေယျုံ၊ ကိုက်ဝါးခဲစားစေကြကုန်ရာ၏။ ဇီဝန္တ မ္ပိ၊ လျှင်လည်း။ သူလေ၊ ၌။ ဥတ္တာသေယျုံ၊ သွင်းလျှိုကြကုန်ရာ၏။ အသိနာပိ၊ သန်လျှက်ဖြင့်လည်း။ သီသံ၊ ကို။ ဆိန္ဒေယျုံ၊ ဖြတ်ကြကုန်ရာ၏။ ဣတိ၊ ဤသို့ တွေးတောကြောက်ရွံ့ခြင်းသည်။ (ဟောတိ။)
သော၊ ထိုသူသည်။ (သူခိုးကိုဖမ်း၍ အမျိုးမျိုးညှဉ်းဆဲနေသည်ကို မြင်ရသဖြင့် တွေးတောကြောက်ရွံ့နေသောထိုသူသည်။) ဒဏ္ဍဘယဿ၊ မင်းပြစ်ဒဏ်ဘေးမှ။ ဘီတော၊ ကြောက်ရွံ့သည်။ (ဟုတွာ၊ ဖြစ်၍။) ပရေသံ၊ သူတစ်ပါးတို့၏။ ပါဘတံ၊ ပစ္စည်းဥစ္စာကို။ ဝိလုမ္ပန္တော၊ လုယက်ခိုးဝှက်လျက်။ န စရတိ၊ မလှည့်လည်။ ဝါ၊ မသွား။ ပ။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤမင်းပြစ်ဒဏ်မှ ကြောက်ရွံ့ခြင်းကို။ ဒဏ္ဍဘယံ၊ ဒဏ္ဍဘေးဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ပ။
ဧကစ္စော၊ သည်။ ဣတိ၊ သို့။ ပဋိသဉ္စိက္ခတိ၊ ၏။ (ကိန္တိ၊ သို့။ ပဋိသဉ္စိက္ခတိ၊ ဟူမူ။)
အဘိသမ္ပရာယံ၊ နောင်တမလွန်ဘဝ၌။ ကာယဒုစ္စရိတဿ၊ ကာယဒုစ္စရိတ် အကုသိုလ်၏။ ပါပကော၊ ယုတ်ညံ့ဆိုးဝါးသော။ ဝိပါကော၊ အကျိုးသည်။ (ဟောတိ၊ ဖြစ်၏။) အဘိသမ္ပရာယံ၊ ၌။ ဝစီဒုစ္စရိတဿ၊ ၏။ ပ။
အဟံ၊ ငါသည်။ ကာယေန၊ ဖြင့်။ ပ။ မနသာ၊ ဖြင့်။ ဒုစ္စရိတံ၊ ကို။ စေ စရေယျံ၊ အံ့။ (ဧဝံ သတိ၊ သော်။) [ယာဟံ၊ ယံ+အဟံ။] ယံ (ယေန ကာရဏေန)၊ အကြင်အကြောင်းကြောင့်။ အဟံ၊ ငါသည်။ ကာယဿ၊ ၏။ ပ။ [စာပိုဒ် (၈၅) တမောတမသုတ်ကြည့်။] နိရယံ၊ သို့။ န ဥပပဇ္ဇေယျံ၊ မလားရောက်ရာ။ ကိဉ္စ၊ အဘယ်မည်သော။ တံ (ကာရဏံ)၊ ထိုမလားရောက်ခြင်းဟူသော အကြောင်းသည်။ (ဘဝေယျ၊ နည်း။ န ဘဝတိ ဧဝ၊ တည်း။) ဣတိ (ပဋိသဉ္စိက္ခတိ၊ ၏)။
သော၊ ထိုသူသည်။ (ဒုစ္စရိတ်အကုသိုလ်၏ ဆိုးဝါးသော တမလွန်အပါယ်ဒုဂ္ဂတိ အကျိုး ဝိပါက်ကို ဆင်ခြင်စဉ်းစားမိသော ထိုပုဂ္ဂိုလ်သည်။) ဒုဂ္ဂတိဘ ယဿ၊ အပါယ်ဒုဂ္ဂတိဘေးမှ။ ဘီတော၊ သည်။ (ဟုတွာ)။ ပ။ ပရိဟရတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤအပါယ်ဒုဂ္ဂတိမှ ကြောက်ရွံ့ခြင်းကို။ ဒုဂ္ဂတိဘယံ၊ ဒုဂ္ဂတိဘေးဟူ၍။ ဝုစ္စတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဘယာနိ၊ တို့သည်။ ဣမာနိ စတ္တာရိ၊ တို့တည်း။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ။)
ပဌမံ။