သတ္တမံ၊ (၇) ခုမြောက် သုတ်တည်း။
၈–ဝေသာရဇ္ဇသုတ်
၈။ ဘိက္ခဝေ၊ ရဟန်းတို့။
တထာဂတဿ၊ မြတ်စွာဘုရား၏။
ဝေသာရဇ္ဇာနိ
၁။**ဝေသာရဇ္ဇာနိ**။ ။ သာရဇ္ဇနံ သာရဒေါ၊ စိတ်ထိတ်ထိတ်ပျာပျာဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း။ ဝိဂတော သာရဒေါ ဧတဿာတိ ဝိသာရဒေါ= ကင်းသောကြောက်ရွံ့ခြင်းရှိသူ၊ ဝိသာရဒဿ ဘာဝေါ ဝေသာရဇ္ဇံ = ကင်းသော ကြောက်ရွံ့ခြင်းရှိသူ၏ ဖြစ်ကြောင်းဉာဏ် ( သောမနဿသမ္ပယုတ်ပစ္စဝေက္ခဏာဉာဏ်။)
၊ ဝေသာရဇ္ဇဉာဏ်တော်တို့သည်။
ဝါ၊ ကြောက်ရွံ့ခြင်းကင်း, ရဲတင်းရွှင်ပျသူ၏ ဖြစ်ကြောင်းဖြစ်သော သောမနဿသမ္ပယုတ် ပစ္စဝေက္ခဏာဉာဏ်တော်တို့သည်။
ဣမာနိ စတ္တာရိ၊ ဤလေးပါးတို့တည်း။
ယေဟိ ဝေသာ ရဇ္ဇေဟိ၊ ယင်းဝေသာရဇ္ဇဉာဏ်တော်တို့နှင့်။
သမန္နာဂတော၊ ပြည့်စုံတော်မူသော။
တထာဂတော၊ မြတ်စွာဘုရားသည်။
အာသဘံ၂။**အာသဘံ ဌာနံ ပဋိဇာနာတိ**။ ။ ဥသဘဿ ဣဒံ အာသဘံ၊ မြင့်မြတ်သော သူ၏ ဥစ္စာ။ ( တနည်း) သဗ္ဗညုတပဋိဇာနနဝသေန အာသန္တိ အဘိမုခံဂစ္ဆန္တိ , အဋ္ဌ ဝါ ပရိသာ ဥပသင်္ကမန္တီတိ အာသဘာ= အားလုံးစုံ အကုန်အစင်သိမြင်သည်အဖြစ်ကို ဝန်ခံသော အားဖြင့် ရှေ့ရှုဆိုက်ရောက်တော်မူကြသော ရှေးဘုရားရှင်များ။ ဝါ= အားလုံးစုံ အကုန်အစင်သိမြင်သည်အဖြစ်ကို ဝန်ခံသော အားဖြင့် ပရိသတ်ရှစ်ပါးသို့ ချင်းနင်းဝင်ရောက်တော်မူကြသော ရှေးဘုရားရှင်များ။ အာသဘာနံ ဣဒံ အာသဘံ= ရှေးဘုရားရှင်တို့၏ဥစ္စာ။
( တနည်း) ဥသဘဿ ဣဒံ အာသဘံ။ ဥသဘဿ၊ နွားအားလုံးတို့ထက် အမြတ်ဆုံးဖြစ်သော နိသဘမည်သော နွားလားဥသဘ၏။ ( ရာပေါင်းများစွာသော မိုးကြိုးသံတို့ကြောင့် မထိတ်လန့် မတုန်လှုပ်သော နိသဘနွားလား၏။) ဣဒံ= ဥစ္စာဖြစ်သော မလှုပ်မယိုင်, မြဲခိုင်မတ်မတ်, ရပ်တည်ခြင်းတည်း။ အာသဘံဝိယာတိ အာသဘံ= နိသဘမည်သော နွားလားဥသဘ၏ ရပ်တည်ခြင်းနှင့်တူသော ခိုင်မြဲမတ်မတ် ( သဗ္ဗညုတဉာဏ်တည်းဟူသော) ရပ်တည်ခြင်း။
ပဋိဇာနာတိပုဒ်ကို ဥပဂစ္ဆတိ ( ချဉ်းကပ်ဆိုက်ရောက်၏) န ပစ္စက္ခာတိ ( ရှောင်လွဲစွန့်ပယ် မသွား) ဟုအဋ္ဌကထာဖွင့်၏။ ထိုအဖွင့်သည် ( နေရာဌာနသို့ ဆိုက်ကပ်၏ဟု အဖြောင့် အဓိပ္ပာယ်ရသောကြောင့်) နေရာဌာန အနက်ဟော " ဌာနံ" ဟူသော ပုဒ်နှင့် ဆီလျော်၏။
ထို့နောက် အတ္တနိ အာရောပေတိ ( မိမိအပေါ်၌ တက်ရောက်စေ၏၊ လက်ခံထား၏၊ ဝန်ခံ၏။) ဟု ဒုတိယဖွင့်၏။ " သဗ္ဗညုတဉာဏ်တော်ကို လက်ခံ (ဝန်ခံ) ၏" ဟုဆိုလိုသော ထိုဒုတိယအဖွင့်သည် သဗ္ဗုညုတဉာဏ်တော်ဟူသော အနက်ကို ( ဤနေရာ၌) ယူရသော ထို " ဌာနံ" ဟူသော ပုဒ်နှင့် ဆီလျော်၏။ ဥပဂစ္ဆတိကိုပင် အနုဇာနာတိ ( ခွင့်ပြု၏) ဟူ၍ ဋီကာဖွင့်၏။ ထိုအဖွင့်သည် ဝန်ခံ၏ ဟူသော အနက်နှင့် သဘောတူ၏။ ၊ မြင့်မြတ်သောသူ၏ ဥစ္စာဖြစ်သော။ ဝါ၊ ရှေးဘုရားရှင်တို့၏ ဥစ္စာဖြစ်သော။ ဌာနံ၊ သဗ္ဗညုတဉာဏ်ဟူသော နေရာဌာနသို့။ ဝါ၊ ဌာနကို။ ပဋိဇာနာတိ၊ ဆိုက်ရောက်တော်မူ၏။ ဝါ၊ ကိုယ်တော်၏ ထံ လက်ခံထားရှိတော်မူ၏။ ဝါ၊ ဝန်ခံတော်မူ၏။ [ တနည်း– အာသဘံ၊ နိသဘခေါ်ငြား, ဥသဘနွား၏, လှုပ်ရှားမယိုင်, မြဲခိုင်မတ်မတ် ,ရပ်တည်ခြင်းနှင့်တူသော။ ဌာနံ၊ ရန်သူမှန်သမျှ, လှုပ်မရနိုင်, မြဲခိုင်မတ်မတ်, ရဲဝံ့စွာ ရပ်တည်ခြင်းဟူသော သဗ္ဗုညုတဉာဏ်တော်သို့။ ဝါ၊ တော်ကို။ ပဋိဇာနာတိ၊ ၏။ ဝါ၊ ၏။ ဝါ၊ ၏။] ပရိသာသု၊ ရှစ်ပါးသော ပရိသတ်တို့၌။ သီဟနာဒံ ၁။**သီဟနာဒံ နဒတိ**။ ။ “ ယထာ ဝါ သီဟော သဟနတောစ။ပ။ သီဟဿ နာဒံ သီဟနာဒံ” ဟူ၍ တတိယနည်း အဋ္ဌကထာ အဖွင့်ရှိသေး၏။ ထိုအဖွင့်အတိုင်း “ သီဟနာဒံ၊ ဘေးရန် ဒဏ်ကို ခံနိုင်ရည်ရှိ၍ ဆန့်ကျင့်ဘက်ရန်သူတို့ကို ညှဉ်းဆဲသတ်ဖြတ်တတ်သော ခြင်္သေ့ မင်းကဲ့သို့ လောကဓံတို့ကိုခံနိုင်၍ (၆၂) ပါးသော မိစ္ဆာဝါဒတို့ကို ဖျက်ဆီးတော်မူသော မြတ်စွာဘုရား၏ ရဲဝံ့စွာမိန့်မြွက်တော်မူအပ်သော မိန့်ခွန်းစကားကို" ဟူ၍ ဝိဂြိုဟ်နက်ဆိုနိုင်သေး၏။ ပဉ္စမတွဲနိဿယ၊ နှာ (၃၂၈) လည်းကြည့်။ မြတ်သော မိန့်မြွက်တော်မူခြင်းကို။ ဝါ၊ မကြောက်မရွံ့ ရဲဝံ့စွာ မိန့်မြွက်အပ်သော စကားတော်ကို။ ဝါ၊ မရွံ့မကြောက်, ခြင်င်္သေ့ ဟောက်သို့ , ရဲရဲတောက်ကြုံးဝါးမိန့်မြွက်အပ်သော စကားတော်ကို။ နဒတိ၊ မိန့်မြွက်တော်မူ၏။ ဗြဟ္မစက္ကံ၊ မြတ်သောတရားစက်ဝန်းကို။ ( မြင့်မြတ်သန့်ရှင်းသော ပဋိဝေဓဉာဏ်, ဒေသနာဉာဏ်ဟူသော စက်ဝိုင်းစက်ဘီးကို။) ပဝတ္တေဟိ၊ အဆက်မပြတ်ဖြစ်စေတော်မူ၏။ ဝါ၊ လည်စေတော်မူ၏။

စတ္တာရိ၊ လေးပါးတို့ဟူသည်။
ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
သမ္မာသမ္ဗုဒ္ဓဿ၊ အမှားမပါ, မှန်စွာ ပိုင်နိုင်, ကိုယ်တိုင်စထွင်, ကုန်စင်ခပင်း, ကျန်ကြွင်းမရှိ သိမြင်၏ဟူ၍။
ပဋိဇာနတော၊ ဝန်ခံသော။
တေ၊ သင်သည်။
( အသင်ရှင်ဂေါတမသည်။)
ဣမေ ဓမ္မာ၊ ဤမည်သော တရားတို့ကို။
အနဘိသမ္ဗုဒ္ဓါ၊ မသိအပ်, မသိနိုင်ပါပါကုန်။
ဣတိ၊ ဤသို့။
[ ပဋိစောဒေဿတိ ၌စပ်။]
တတြ၊ ထိုတရားတို့ကြောင့်။
( မသိနိုင်ပါဟု သူတစ်ပါးတို့ကြံဆပြောဆိုအပ်သော ထိုတရားတို့ကြောင့်။)
ဝတ၊ အမှန်စင်စစ်အားဖြင့်။
မံ၊ ငါဘုရားကို။
သမဏောဝါ၊ ရသေ့ရဟန်းသည်လည်းကောင်း။
ဗြာဟ္မဏော ဝါ၊ ပုဏ္ဏားသည် လည်းကောင်း။
ဝါ၊ ဗြာဟ္မဏအမည်ခံပုဂ္ဂိုလ်သည်လည်းကောင်း။
ဒေဝေါဝါ၊ နတ်သည်လည်းကောင်း။
မာရောဝါ၊ မာရ်နတ်သည်လည်းကောင်း။
ဗြဟ္မာဝါ၊ ဗြဟ္မာသည်လည်းကောင်း။
လောကသ္မိံ၊ သတ္တလောက၌။
ကောစိ ဝါ၊ တစ်ယောက်ယောက်သည်လည်းကောင်း။
သဟဓမ္မေန၊ အကြောင်းယုတ္တိနှင့် တကွဖြစ်သော စကားဖြင့်။
ပဋိစောဒေဿတီတိ၊ စောဒနာလိမ့်မည်ဟူ၍။
ဘိက္ခဝေ၊ တို့ကို။
ဧတံ နိမိတ္တံ၊ ဤစောဒနာခြင်း၏ အကြောင်းကို။
ဝါ၊ စောဒနာမည့်ပုဂ္ဂိုလ်နှင့်စောဒနာအကြောင်း တရားတည်းဟူသော ဤအကြောင်းအရိပ်နိမိတ်ကို။
( အဟံ၊ ငါသည်။)
န သမနုပဿာမိ၊ မြင်တော်မမူ။
[ ဤတရားများကိုကား အသင်မသိပါဟုစောဒနာမည့် ပုဂ္ဂိုလ်နှင့် စောဒနာဖွယ်တရားများကို မြင်တော်မမူဟူလို။]
ဘိက္ခဝေ၊ တို့။
အဟံ၊ ငါဘုရားသည်။
ဧတံ နိမိတ္တံ၊ ဤစောဒနာခြင်း၏ အကြောင်းကို။
ဝါ၊ ကို။
အသမနုပဿန္တော၊ မြင်တော်မမူသည်။
( ဟုတွာ၊ ဖြစ်၍။)
ခေမပ္ပတ္တော၊ အနှောင့်အယှက်ကုန်ခန်း ငြိမ်းချမ်းသည်အဖြစ်သို့ ရောက်တော်မူလျက်။
ဝါ၊ အနှောင့်အယှက်ကုန်ခန်း, ငြိမ်းချမ်းသည် အဖြစ်တည်းဟူသော ဝေသာရဇ္ဇဉာဏ်သို့ ရောက်တော်မူလျက်။
အဘယပ္ပတ္တော၊ ကြောက်ရွံ့ခြင်းမရှိသည်အဖြစ်သို့ ရောက်တော်မူလျက်။
ဝါ၊ ကြောက်ရွံ့ခြင်းကင်း, ရဲတင်းသည်အဖြစ်တည်းဟူသော ဝေသာရဇ္ဇဉာဏ်သို့ရောက်တော်မူလျက်။
ဝေသာရဇ္ဇပ္ပတ္တော၊ ဝေသာရဇ္ဇဉာဏ်သို့ ရောက်တော်မူလျက်။
ဝါ၊ ကြောက်ရွံ့ခြင်းကင်း, ရဲတင်းရွှင်ပျသူ၏ အဖြစ်ဟူသော သောမနဿသမ္ပယုတ် ပစ္စဝေက္ခဏာဉာဏ်သို့ ရောက်တော်မူလျက်။
ဝိဟရာမိ၊ နေတော်မူ၏။
ခီဏာသဝဿ၊ ကုန်ခန်းပြီးသော အာသဝရှိသူဟူ၍။
ပဋိဇာနတော၊ ဝန်ခံသော။
တေ၊ သင်မှာ။
( အသင်ရှင်ဂေါတမမှာ။)
ဣမေ အာသဝါ၊ ဤမည်သော အာသဝတို့သည်။
အပရိက္ခီဏာ၊ မကုန်ခန်းသေးပါကုန်။
ဣတိ၊ ဤသို့။
[ ပဋိစောဒေဿတိ– ၌ စပ်။]
တတြ၊ ထိုအာသဝတို့ကြောင့်။
( မကုန်ခန်းသေးပါဟု သူတစ်ပါးတို့ ကြံဆပြောဆိုအပ်သော ထိုကိလေသာ အာသဝတို့ကြောင့်။)
ဝတ၊ ဖြင့်။
မံ၊ ငါဘုရားကို။
ပ။
ပဋိစောဒေဿတီတိ၊ ဟူ၍။
ဘိက္ခဝေ၊ တို့။
ဧတံ နိမိတ္တံ၊ ဤစောဒနာခြင်း၏ အကြောင်းကို။
ဝါ၊ စောဒနာမည့်ပုဂ္ဂိုလ်နှင့် စောဒနာအကြောင်း အာသဝတရားတည်းဟူသော ဤအကြောင်းအရိပ်နိမိတ်ကို။
( အဟံ၊ ငါသည်။)
န သမနုပဿာမိ။
ပ။
ယေ ဓမ္မာ၊ အကြင်မေထုန် အကျင့်တရားတို့ကို။
အန္တရာယိကာ၊ မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်၏ဟူ၍။
တေ၊ သင်သည်။
(အရှင်ဂေါတမသည်။)
ဝုတ္တာ၊ ဟောပြောအပ်ကုန်ပြီ။
တေ၊ ထိုမေထုန်အကျင့်တရားတို့သည်။
ဝါ၊ တို့ကို။
ပဋိသေဝတော၊ မှီဝဲသောပုဂ္ဂိုလ်အား။
အန္တရာယာယ၊ မဂ်ဖိုလ်၏ အန္တရာယ်အကျိုးငှာ။
န အလံ၊ မစွမ်းနိုင်ပါကုန်။
ဣတိ၊ ဤသို့။
တတြ၊ ထိုမေထုန်အကျင့်တို့ကြောင့်။
( မဂ်ဖိုလ်၏အန္တရာယ်ကို မပြုနိုင်ပါဟု သူတစ်ပါးတို့ကြံဆပြောဆိုအပ်သော ထိုမေထုန် အကျင့်တို့ကြောင့်။)
ဝတ၊ ဖြင့်။
ပ။
ဧတံနိမိတ္တံ၊ ကို။
ဝါ၊ စောဒနာမည့်ပုဂ္ဂိုလ်နှင့်မဂ်ဖိုလ်၏ အန္တရာယ်ကိုမပြုနိုင်ပါဟုပြောဆို အပ်သော မေထုန်အကျင့်ဟူသော ထိုအကြောင်း အရိပ်နိမိတ်ကို။
ပ။
ယဿ၊ အကြင် ရာဂကုန်ခန်းခြင်းစသည်၏။
ဝါ၊ အကြင်ရာဂကုန်ခန်းခြင်းစသည်ဟူသော။
အတ္ထာယ၊ အကျိုးငှာ။
တေ၊ သင်သည်။
ဓမ္မော၊ အသုဘသာဝနာ အစရှိသောတရားကို။
ဒေသိတော၊ ဟောပြောအပ်ပြီ။
သော၊ ထို အသုဘဘာဝနာ အစရှိသောတရားသည်။
သမ္မာ၊ အကြောင်းမှန်, နည်းလမ်းမှန်အားဖြင့်။
တက္ကရဿ၊ ထိုတရားကို လိုက်နာပြုကျင့်သော ပုဂ္ဂိုလ်မှာ။
သမ္မာ၊ အကြောင်းမှန်, နည်းလမ်းမှန်အားဖြင့်။
ဒုက္ခက္ခယာယ၊ ဝဋ်ဆင်းရဲ၏ ကုန်ခန်းခြင်းငှာ။
( တံ အတ္ထံ၊ ထိုရာဂကုန်ခန်းခြင်းစသော အကျိုးကို။)
နနိယျာတိ၊ မဖြစ်စေနိုင်ပါ။
ဝါ၊ မပြီးစီးစေနိုင်ပါ။
[ သမ္မာသဒ္ဒေါ ဥဘယတ္ထာပိ ယောဇေတဗ္ဗော “ သမ္မာ တက္ကရဿ သမ္မာဒုက္ခက္ခယာယာ” တိ – ဟူသော တိကနိပါတ်၊ သရဘသုတ်ဋီကာ (၁၆၄) အတိုင်းသမ္မာပုဒ်ကို နှစ်ထပ်အနက်ပေးသည်။]
ဣတိ၊ ဤသို့။
တတြ၊ ထိုအနိယျာနိကတရားကြောင့်။
( ရာဂကုန်ခန်းခြင်း စသော အကျိုးကို မပြီးစေနိုင်ပါဟု သူတစ်ပါးတို့ ကြံဆပြောဆိုအပ်သော ထိုတရားဟူသော အကြောင်းကြောင့်။)
။ပ။
ဧတံ နိမိတ္တံ၊ ဤစောဒနာခြင်း၏ အကြောင်းကို။
ဝါ၊ ဤ စောဒနာမည့်ပုဂ္ဂိုလ်နှင့် အနိယျာနိက တရားဟူသော အကြောင်းကို။
ပ။
ဝေသာရဇ္ဇပ္ပတ္တော၊ လျက်။
ဝိဟရာမိ၊ ၏ ။
ဘိက္ခဝေ၊ တို့။
တထာဂတဿ၊ ၏။
ဝေသာရဇ္ဇာနိ၊ တို့သည်။
ဣမာနိ စတ္တာရိ၊ တည်း။
ပ။
ပဝတ္တေဟိ၊ ၏။
ဣတိ၊ ဤသို့။
( အဝေါစ၊ မိန့်ဆိုတော်မူပြီ။)
ယေ ကေစိ၊ ကြွင်းမဲ့ဥဿုံအားလုံးစုံကုန်သော။
ပူထူ၊ များစွာကုန်သော။
သိတာ၊ စုစည်းတီထွင် စီစဉ်ထားအပ်ကုန်သော။
[ ပုထုဿိတာ၊ ပုထူ + သိတာ–ဟူ၍ ပုဒ်ဖြတ်၊ သိဓာတ် ဗန္ဓနတ္ထ။
တစ်နည်းအားဖြင့် ယင်းသို့ တစ်ပုဒ်စီခွဲ၍ အနက်ပေးရသော ဝါကျမကြံဘဲ သမာသ်ပုဒ်တစ်ပုဒ်ပြုလုပ်၍ အနက်ပြန်ဆိုရသော်။
ပုထုဿိတာ၊ များသည်အဖြစ်သို့ ရောက်ကုန်သော။
( သိဓာတ်ဂတျတ္ထ) ဝါ၊ များစွာသော သမဏဗြာဟ္မဏတို့သည် စုစည်းတီထွင်စီစဉ်ထားအပ်ကုန်သော။]
ဣမေ ဝါဒပထာ၊ ဤအယူဝါဒတို့သည်။
ဝါ၊ ဤ အယူဝါဒတည်းဟူသော အကြောင်းတို့သည်။
( သန္တိ၊ ရှိကုန်၏။)
သမဏဗြာဟ္မဏာစ၊ သမဏဗြဟ္မဏ မည်သော ပုဂ္ဂိုလ်တို့သည်ကား။
ယံနိဿိတာ၊ ယင်းသို့သော အယူဝါဒကို မှီတွယ်နေကုန်၏။
တေ၊ ထို အယူဝါဒအားလုံးတို့သည်။
ဝိသာရဒံ၊ ကင်းသောကြောက်ရွံ့ခြင်း ရှိတော်မူသော။
ဝါဒပထာတိဝတ္တံ၊ အယူဝါဒတို့ကို ကျော်လွန်တော်မူသော။
တထာဂတံ၊ မြတ်စွာဘုရားထံတော် မှောက်သို့။
ပတွာ၊ ရောက်ကုန်၍။
ဝါ၊ ရောက်ကုန်လသော်။
နဘဝန္တိ
၁။**န တေ ဘဝန္တိ**။ ။ န ဘဝန္တိ၏ ကတ္တားမှာ သမဏဗြာဟ္မဏာမဟုတ်၊ ဝါဒပထာပုဒ် သာတည်း။ ထို့ကြောင့် အဋ္ဌကထာ၌ “ တေ ဝါဒပထာ န ဘဝန္တိ ဘိဇ္ဇန္တိ ဝိနဿန္တိ” ဟူ၍ ဝါဒပထတို့ကိုသာ တေ၏စွဲနက်အဖြစ်ဖွင့်ပြသည်။ ဂါထာ၏ဆိုလိုရင်းမှာ –သမဏဗြာဟ္မဏတို့သည် မြတ်စွာဘုရား၏ တရားတော်ကို နာယူကြရသောအခါ မိမိတို့၏ အယူဝါဒကို စွန့်လွှတ်လိုက်ကြသောကြောင့် ထိုအယူဝါဒတို့သည် မြတ်စွာဘုရားထံတော်မှောက်မှ ရောက်၍ ( ရောက်သောအခါ) န ဘဝန္တိ၊ မရှိတော့ကုန်။ ပျက်စီးကြရတော့ကုန်၏– ဟုဆိုလိုသည်။
၊ မရှိတော့ကုန်။
ဝါ၊ ပျက်စီးကြရကုန်၏။
ကေဝလီ၊ အားလုံးစုံသော ဂုဏ်တော်ပိုင်ရှင် ဖြစ်တော်မူသော။
သဗ္ဗဘူတာနုကမ္ပီ၊ အားလုံးသော သတ္တဝါတို့ကို ငဲ့ညှာထောက်ထားသနားတော်မူသော။
ယော၊ အကြင်မြတ်စွာဘုရားသည်။
အဘိဘုယျ၊ သတ္တဝါ အပေါင်းကို လွှမ်းမိုးအုပ်စီးတော်မူ၍။
ဓမ္မစက္ကံ၊ ( ပဋိဝေဓဉာဏ်, ဒေသနာဉာဏ်တော်ဟူသော) တရားစက်ဝန်းကို။
ပဝတ္တယီ၊ အဆက်မပြတ် ဖြစ်စေတော်မူပြီ။
ဝါ၊ လည်စေတော်မူပြီ။
တာဒိသံ၊ ထိုသို့ သဘောရှိသော။
ဒေဝမနုဿသေဋ္ဌံ၊ နတ်လူတို့ထက်မြတ်တော်မူသော။
ဘဝဿ၊ ဘဝ၏။
ပါရဂုံ၊ ဟိုမှာဘက်ကမ်း, နိဗ္ဗာန်နန်းသို့ကြွမြန်းဆိုက်ရောက်တော်မူသော။
တံ၊ ထိုမြတ်စွာဘုရားကို။
သတ္တာ၊ သတ္တဝါတို့သည်။
နမဿန္တိ၊ ရှိခိုးကြကုန်၏။
ဣတိ ( အဝေါစ)။