Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Mahāvagga-aṭṭhakathā
(SP) Mahāvagga-aṭṭhakathā

Upajjhāyavattakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**အနုပဇ္ဈာယကာ** တိ၊ ကား။ ဝဇ္ဇာဝဇ္ဇံ၊ အပြစ်ငယ် အပြစ်ကြီးကို။ ဥပနိဇ္ဈာယကေန၊ ကရုစိုက် ကြည့်ရှုတတ်သော။ ["ကပ်၍ကြည့်ရှုတတ်သော" ဟုရှေးကပေး၏။] ဂရုနာ၊ ဆရာမှ။ ဝိရဟိတာ၊ ကင်းကုန်သည်။
**အနာကပ္ပသမ္ပန္နာ** တိ၊ ကား။ အာကပ္ပေန၊ သွားပုံ လာဟန်စသော အမူအရာနှင့်။ န သမ္ပန္နာ၊ မပြည့်စုံကုန်သည်။ သမဏသာရုပ္ပာစာရဝိရဟိတာ၊ ရဟန်းတို့အား လျောက်ပတ်သောအကျင့်မှ ကင်းကုန်သည်။ ("ဟုတွာ ပိဏ္ဍာယ စရန္တိ" ၌စပ်။) ဣတိ အတ္ထော။
**ဥပရိဘောဇနေ** တိ၊ ကား။ ဘောဇနဿ၊ ဘောဇဉ်၏။ ဥပရိ၊ အထက်၌။ ["ဘောဇနဿ+ ဥပရိဘောဇနံ" ဟု ပြု။ အဗျယီဘောသမာသ်၏အံအပြုမမြဲသောကြောင့် သ္မိံ ကို ဧပြု။]
**ဥတ္တိဋ္ဌပတ္တ** န္တိ၊ ကား။ ပိဏ္ဍယ၊ ဆွမ်းအလို့ငှာ။ စရဏကပတ္တံ၊ လှည့်လည်‌‌ကြောင်း သပိတ်ကို။ (ဥပနာမေန္တိ၊ ၌စပ်။) ဟိ၊ မှန်။
တသ္မိံ၊ ဆွမ်းအလို့ငှာလှည့်လည်ကြောင်း ထိုသပိတ်၌။ မနုဿာ၊ တို့သည်။ ဥစ္ဆိဋ္ဌသညိနော၊ စားကြွင်းရှိ၏ဟု မှတ်ထင်ကြကုန်၏။ တသ္မာ၊ ကြောင့်။ ဥတ္တိဋ္ဌပတ္တန္တိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။
အထ ဝါ၊ ကား။ ဥဋ္ဌဟိတွာ၊ ဆွမ်းကိုရည်မှတ် မတ်မတ်ရပ်၍။အနုပဇ္စျာယကာ။ ။ ဥပ+ စျာယတီတိ ဥပဇ္စျာ‌‌ယော၊ မိဘတို့သည် သားသမီးတို့ကိုအမြဲကြည့်ရှု၍ ဝတ်နည်း, စားနည်း, သွားနည်း အသီးသီးတို့ကို ပြောဆိုသင်ပြဆုံးမကြသကဲ့သို့ ထို့အတူ မိမိ၏ တပည့်များကိုလည်း ပြောဆိုဆုံးမဖို့ရန် တာဝန်ယူ၍ အရာရာ အချိုးကျအောင် ပြောဆိုဆုံးပသော ဥပဇ္စျာယ်ပေးသော ဆရာကြီးများကို "ဥပဇ္စျာယ်" ဟု ခေါ်သည်၊ ဝဇ္ဇာဝဇ္ဇံဝယ် အဝဇ္ဇ၌ အသည် ဝုဒ္ဓိအနက်ဟော၊ အဝဇ္ဇသဒ္ဒါက အပြစ်ကြီးကို ဟောသောကြောင့် အပြစ်ငယ်ကို ဝဇ္ဇသဒ္ဒါက ပါရိသေသနည်းအားဖြင့်ဟောရသည်၊ "ဝဇ္ဇာဝဇ္ဇံ ဥပနိဇ္စျာယတီတိ ဥပဇ္စျာယော၊ နတ္ထိ+ ဥပဇ္စျာယောဧတေသန္တိ အနုပဇ္စျာယကာ" သမာသန္တ ကပစ္စည်း။
အနုကပ္ပသမ္ပန္နာ။ ။ "အာကပ္ပော ဂမနာဒိကံ" ဟုဆိုသောကြောင့် ရဟန်းတို့၏သွားပုံ, စားပုံ, ဝတ်ပုံ, နေပုံ, ထိုင်ပုံ အလုံးစုံသော အမူအရာကို "အာကပ္ပ" ဟု ယူပါ၊ ရဟန်းတို့၏ သွားပုံ, စားပုံ, ဝတ်ပုံ စသောအပြုအမူမျိုး မဟုတ်ဘဲ လူတို့၏ ဝတ်ပုံ, စားပုံ စသည်ကို ပြုကျင့်ကြခြင်းကို "အနာကပ္ပသမ္မန္န- အာကပ္ပနှင့် မပြည့်စုံ" ဟု ဆိုသည်၊ ယခုအခါ ဥပဇ္စျာယ်ဆရာ နိဿယည်းဆရာတို့က သွန်သင်ဆုံးမမှု မရှိသောကြောင့်မဝတ်တတ်, မစားတတ်, မသွားတတ်ဖြစ်‌‌နေကြသူတို့ ကဲ့သို့တည်း။
ဥတ္တိဋ္ဌပတ္တံ။ ။ "ဥတ္တိဋ္ဌေ န ပမဇ္ဇေယျ" ဟူသော ပါဠိတော်၌ "ဥတ္တိဋ္ဌသဒ္ဒါသည်ဆွမ်းခံလှည့်လည်ခြင်းအနက်ကို ဟောသကဲ့သို့ ဤဥတ္တိဋ္ဌသဒ္ဒါလည်း ထိုအနက်ကိုပင်ဟော၏" ဟု သိစေလို၍ ဥတ္တိဋ္ဌကို "ပိဏ္ဍာယစရဏက" ဟု ဖွင့်သည်၊ ဥတ္တိဋ္ဌနံ (ဥဒ္ဒိဿဌာနံ) ဥတ္တိဋ္ဌံ- ဆွမ်းကို ရည်းစူး၍ ရပ်ခြင်း၊ ဝါ- ဆွမ်းခံခြင်း၊ ဥတ္တိဋ္ဌာယ+ ဂဟိတံ+ ပတ္တံ ဥတ္တိဋ္ဌပတ္တံ၊- (ဝိမတိ)။
ပတ္တံ၊ ကို။ ဥပနာမေန္တိ၊ ကပ်၍ ညွတ်စေကြကုန်၏။ ဣတိ ဧဝံပိ၊ ဤသို့လည်း။ ဧတ္ထ၊ ဤ ဥတ္တိဋ္ဌ ပတ္တံဟူသောပုဒ်၌။ အတ္ထော၊ အနက်ကို။ ဒဋ္ဌဗ္ဗော၊ ၏။ [အချို့စာအုပ်တို့၌ ပိသဒ္ဒါ မပါ။]
**အနုဇာနာမိ ဘိက္ခ‌ဝေ ဥပဇ္ဈာယ** န္တိ၊ ကား။ ဥပဇ္ဈာယ်၏ အဖြစ်ကို။ ဂ‌‌ဟေတုံ၊ စိတ်ဖြင့် မှတ်ယူခြင်းငှာ။ အနုဇာနာမိ၊ ခွင့်ပြုတော်မူ၏။ ဣတိ အတ္ထော၊ နက်။
**ပုတ္တစိတ္တံ ဥပဋ္ဌပေဿတီ** တိ၊ ကား။ အယံ၊ ဤသဒ္ဓိဝိယာရိကတပည့်သည်။ မေ၊ ငါ၏။ ပုတ္တော၊ သားတည်း။ ဣတိဧဝံ၊ သို့။ ‌ဂေဟဿိတပေမဝသေန၊ အိမ်၌မှီသောချစ်ခြင်း၏အစွမ်းဖြင့်။ စိတ္တံ၊ ကို။ ဥပဋ္ဌပေဿတိ၊ ကပ်၍တည်စေလိမ့်မည်။တသ္မိံဟိ ၊ပေ၊ သညိနော။ ။ ထိုဆွမ်းခံသပိတ်ကို အဘယ့်ကြောင့် လူတို့ကစက်ဆုပ်ကြသနည်း? ဟု မေးဖွယ်ရှိသောကြောင့် **"တသ္မိံဟိ"**၊ စသည်မိန့်၊ ရဟန်းတို့သည်ဤသပိတ်၌ပင် ထည့်၍စားကြသဖြင့် စားကြွင်းစားကျန်ကိုလည်း ဤသပိတ်ထဲ၌ပင်ထည့်ကြ၏ ဟု မှတ်ထင်ကြကုန်၏၊ ဤသို့ ဆွမ်းခံသပိတ်၌ စားကြွင်းတွေ ရှိနေ၏ ဟုမှတ်ထင်ရကား လူတို့က သူတို့ဘောဇဥ်အပေါ်၌ ထိုသပိတ်ညွတ်စေခြင်းကို စက်ဆုပ်ကြသည်၊ ထိုလူတို့၏ အထင်အားဖြင့် ဥတ္တိဋ္ဌပတ္တကို **"ဥစ္ဆိဋ္ဌပတ္တ"**၊ ဟုခေါ်ရပြန်သည်။ [ဥပုဗ္ဗ- သိသဓာတ်, တပစ္စည်း၊ သကို ဆပြု၍ **"ဥစ္ဆိဋ္ဌ"**၊ ဟု ဖြစ်၏၊ ဥ- စားပြီး၍နောက်ဖြစ်သော အထက်၌+ ဆိဋ္ဌ- ကြွင်းကျန်နေသော အစာ၊ (စားကြွင်းစားကျန်။)] **သာရတ္ထ**။၊ ။ သာရတ္ထ၌ကား ဥတ္တိဋ္ဌနှင့် ဥစ္ဆိဋ္ဌသည် စားကြွင်းအနက်ကိုချည်းဟောသောပရိယာယ်သဒ္ဒါဟုဆို၏၊ ထိုအဆိုကို ဝိမတိက **"ကေစိ ဝဒန္တိ"**၊ ဟုဆိုသည်၊ အထဝါတက်သော နောက်နည်း၌မူ **"ဥဋ္ဌတွာ"**၊ ကိုကြည့်၍ ဥတ္တိဋ္ဌ၌ ဥပုဗ္ဗ, ဌာဓာတ်တွာပစ္စည်းကို ချေထားသော တွာပစ္စယန္တပုဒ်ဟု သိပါ။ [ပဌမနည်းအလို **"ဥတ္တိဋ္ဌပတ္တံ၊ ဆွမ်းခံခြင်းငှာ ယူအပ်သောသပိတ်ကို၊ ဝါ-စားကြွင်းရှိသည်ဟု လူတို့ထင်မှတ်အပ်သောသပိတ်ကို"** ဟုပေး၊ ဒုတိယနည်းအလို **"ဥတ္တိဋ္ဌ၊ ဆွမ်းကိုရည်မှတ် ရပ်ပြီး၍၊ ပတ္တံ- ကို၊ ဥပနာမေန္တိ- ကပ်၍ ညွှတိစေကြကုန်၏"** ဟုပေး။] **ဥပဇ္စျာယံ ဂဟေတုံ**။၊ ။ ပါဠိတော်၌ ဥပဇ္စျာယံ၏ စပ်ပုဒ်ကို **"‌ဂ‌ဟေတုံ"**၊ ဟုထည့်စေလို၍ **"ဂဟေတုံ"**၊ ဟုဖွင့်သည်၊ ထို ဂဟေတုံအရ **"ယူခြင်း"**၊ ဟူသည် **"ဤဆရာသည် ငါ၏ ဥပဇ္စျာယ်တည်း"** ဟု စိတ်ဖြင့်ယူခြင်း, စိတ်ဖြင့် အသိအမှတ်ပြုခြင်းတည်း၊ [ဥပဇ္စျာယံ ဂဟေတုံတိ ဥပဇ္စျာယတ္တံ မနသာ ဂဟေတုံ။၊ ဝိမတိ။ ဥပဇ္စျာယံ၌ ဘာဝပ္ပဓာန ဘာဝ‌‌‌‌‌လောပကြံပါ၊]တစ်နည်း **"ဥပဇ္စျာ‌‌‌ယော မေ ဘန္တေ ဟောဟိ"**၊ ဟု မိမိက ဥပဇ္စျာယ်‌တောင်းသောအခါ ထိုဆရာ၏ အလိုကို (ဥပဇ္စျာယ်အဖြစ် လက်ခံ- မခံကို ) ယူခြင်းကို **"ဂ‌ဟေတုံ"**၊ ဟုဆိုသည်၊ [ယာစနဝစ‌နေန တဿ အနုမတိံဂဟေတုံတိ ဝါ အတ္ထော၊- ဝိမတိ။]၊ **ဂေဟဿိတပေမဝသေန**။၊ ။ **"ဂေဟ၊ အိမ်၌+ သိတ၊ မှီသော+ ပေမ၊ ချစ်ခြင်း"** ဟူသည် မိဘက သားကိုချစ်သော တဏှာချစ်တည်း၊ ထိုအချစ်မျိုး ဖြစ်ဖို့ရန် ဘုရားရှင်သည် ညွှန်ပြတော်မူမည် မဟုတ်ဟု ယူဆ၍ မေတ္တာပေမကို **"ဂေဟဿိတပေမ"**၊ ဟုယူကြသည်။ ဝါ၊ ဖြစ်စေလိမ့်မည်။
ဒုတိယပဒေပိ၊ ပိတုစိတ္တံဟူသော ဒုတိယပုဒ်၌လည်း။ ဧသ၊ ဤဆိုအပ်ပြီးသော အစီအရင်သည်။ နယော၊ သိကြောင်းအစီအရင်တည်း။ ["ပိတာ‌မေ အယန္တိ ဧဝံ ဂေဟဿိတပေမဝသေန စိတ္တံ ဥပဋ္ဌပေဿတိ" ဟုသိပါဟူလို။]
**သဂါရဝါ သပ္ပတိဿ** တိ၊ ကား။ ဂရုဘာဝ‌‌‌‌‌ဉ္စေဝ၊ အ‌လေးပြုတတ်သူ၏ အဖြစ်ကိုလည်း‌ကောင်း။ (‌ရိုသေလေးစားခြင်း,ဂရုစိုက်ခြင်းကိုလည်းကောင်း။) ဇေဋ္ဌက‌‌ဘာဝဉ္စ၊ အကြီးအကဲ၏အဖြစ်ကိုလည်းကောင်း။ ဥပဋ္ဌပေတွာ၊ စွဲကပ်တည်နေစေ၍။ ဝါ၊ ဖြစ်စေ၍။
**သဘာဂဝုတ္တိနော** တိ၊ ကား။ သဘာဂဇီဝိကာ၊ သဘောတူသောအသက်မွေးခြင်းရှိကြကုန်သည်။ ("ဟုတွာ ဝိဟရန္တာ" ၌စပ်။)
**သာဟူတိဝါ** တိအာဒီနိ၊ သာဟူတိဝါ= အစရှိကုန်သော။သဂါရဝါ။ ။ ဂရု‌နော+ ဘာဝေါ ဂါရဝံ- ရိုသေလေးစားသောတပည့်, ဂရုစိုက်သောဆရာ၏ဖြစ်ကြောင်းဖြစ်ရာ၊ (ရိုသေလေးစားခြင်း, ဂရုစိုက်ခြင်း အမူအရာ၊) သဟ+ ဂါရဝေန ယေ ဝတ္တန္တီတိ သဂါရဝါ၊ ["ဂရုဘာဝဉ္စ ဌပဋ္ဌပေတွာ" ကားအဓိပ္ပာယတ္ထဖွင့်၊]
သပ္ပတိဿာ။ ။ ပတိဿယနံ- မှီခိုအားထား ကိုးစားခြင်း၊ ပတိဿော- ခြင်း၊[ပတိပုဗ္ဗ သိဓာတ်, အပစ္စည်း၊]တစ်နည်း- ပတိဿီယတီတိ ပတိဿော- မှီခိုအပ်သောဆရာ, အားထားအပ်သောတပည့်၊ သဟ+ ပတိဿေန ယေ ဝတ္တန္တီတိ သပ္ပတိဿာ၊ ["ဇေဋ္ဌကဘာဝဉ္စ ဥပဋ္ဌပေတွာ" ကား အဓိပ္ပာယတ္ထဖွင့်။]
မှတ်ချက်။ ။ ဤသဂါရဝ သပ္ပတိဿသည် တပည့်အတွက်သာမဟုတ်ပါဠိတော်၌ "အညမညံ" ဟု ဆိုသောကြောင့် ဆရာအတွက်လည်းဖြစ်သည်၊ ဆရာကလည်း တပည့်တို့အပေါ်မှာ ဂရုစိုက်ခြင်းနှင့်တကွဖြစ်သော သဂါရဝ, အားထားခြင်းနှင့်တကွဖြစ်သောသပ္ပတိဿ ရှိရသည်၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီမျိုးတည်း။
ဝုဎိုံ ၊ပေ၊ အာပဇ္ဇိဿန္တိ။ ။ ပါဠိတော်၌ ဝုဎိုံ၊ ပေ၊ အာပဇ္ဇိဿန္တိ" ဟုရိုက်၏၊ ဤသို့အချင်းချင်း သဂါရဝ သပ္ပတိဿဖြစ်မှ ဆရာနှင့် တပည့်တို့သည် စိုက်ပျိုးထားအပ်သောသစ်ပင်၏ ကြီးပွားခြင်းကဲ့သို့ သီလ၊ သမာဓိ, ပညာတို့ဖြင့် တိုးပွား၍ "ဝုဎို" ဟူသောကြီးပွားခြင်း, စိုက်ပျိုးထားအပ်သော သစ်ပင်၏ ကြီးပွားရုံတွင်မက အကိုင်း, အခက်, အလက်,အပွင့်, အသီး ဝေဆာ၍ စည်ပင်ခြင်းကဲ့သို့ ပစ္စည်းလေးပါး ကိတ္တိ, ယသတို့နှင့်တကွ သီလ, သမာဓိ, ပညာတွေ ဝေဆာ၍ စည်းပင်ခြင်းဟူသော "ဝိရုဠှိ" သစ်ပင်၏တစ်နေရာ၌ စည်ပင်ရုံတွင်မကဘဲ အသီးမျိုးစေ့တို့ဖြင့် ပြန့်ပွား၍ အဆင့်ဆင့် ပျံ့နှံ့သွားသကဲ့သို့ ထို့အတူ ဆရာ, တပည့်တို့မှာလည်း သူတော်ကောင်းတပည့် အဆက်ဆက်ပြန့်ပွား၍ အရပ်ရပ်၌ ပျံ့နှံ့ခြင်းဟူသော "ဝေပုလ္လ" သို့ ရောက်နိုင်ကြသည်။
သာဟုစသည်။ ။ သာဟူတိ သာဓု၊ လဟူတိ အဂရု၊ [ငါ့မှာ သင်၏ဥပဇ္စျာယ်ဖြစ်ဖို့ အ‌ရေး၌ ဝန်မလေးပါ, တာဝန်ပေါ့ပါ၏- ဟူလို၊] သြပါယိကံတိ ဥပါယပဠိသံယုတ္တံ၊ ["ဥပါ‌ယေ+ နိယုတ္တံ သြပါယိကံ" ဟု ပြုပါ၊ သင်၏ ဥပဇ္စျာယ် ယူခြင်းသည်နည်းလမ်းကျ၏၊ နည်းလမ်းကျမှု‌ကြောင့် သင်ဟာ ယနေ့မှစ၍ ငါ့တာဝန်ဖြစ်နေ၏၊] ပတိရူပံတိ အနုရူပံ၊ [သင်၏ ဥပဇ္စျာယ်ယူခြင်းသည် ‌လျောက်ပတ်ပါ၏- ဟူလို။]
ပဉ္စပဒါနိ၊ ငါးပါးသော ပုဒ်တို့သည်။ ဥပဇ္ဈာယဘာဝသမ္ပဋိစ္ဆနဝေဝစနာနိ၊ ဥပဇ္ဈာယ်၏အဖြစ်ကို ဝန်ခံ‌ကြောင်းဖြစ်သော ဝေဝုစ် ပရိယာယ်စကားလှယ်ပုဒ်တို့တည်း။
**ကာယေန ဝိညာပေတီ** တိ၊ ကား။ ဧဝံ၊ ဤသို့။ (ပါဠိတော်၌လာသည့်အတိုင်း။) သဒ္ဓိဝိဟာရိကေန၊ သည်။ ဥပဇ္ဈာယော မေ ဘန္တေ ဟောဟီတိ၊ ဟူ၍။ တိက္ခတ္တုံ၊ သုံးကြိမ်။ ဝုတ္တေ၊ လျောက်အပ်သော်။ ဥပဇ္ဈာယ်၊ သည်။ သာဟူတိအာဒီသု၊ အစရှိကုန်သော။ ပဉ္စသု၊ န်သော။ ပဒေသု၊ တို့တွင်။ ယဿကဿစိ၊ အမှတ်မထား တစ်ပါးပါးသော။ ပဒဿ၊ ၏။ ဝသေန၊ အစွမ်းဖြင့်။ ကာယေန ဝါ၊ ကိုယ်ဖြင့်သော်လည်းကောင်း။ ဝါစာယ ဝါ၊ နှုတ်ဖြင့်သော်လည်းကောင်း။ ကာယဝါစာဟိ ဝါ၊ ကိုယ်နှုတ်တို့ဖြင့်သော်လည်းကောင်း။ ("ဝိညာပေတိ" ၌ စပ်ပါ။) တယာ၊ သည်။ ဥပဇ္ဈာ‌ယော၊ ကို။ ဂဟိတော၊ ပြီ။ ဣတိ၊ သို့။ ဥပဇ္ဈာယဂ္ဂဟဏံ၊ ဥပဇ္ဈာယ်ယူခြင်းကို။ သစေ ဝိညာပေတိ၊ အကယ်၍ သိစေအံ့။ (ဧဝံသတိ၊ သော်။) ဥပဇ္ဈာ‌ယော၊ သည်။ ဝါ၊ ကို။ ဂဟိတော၊ ယူအပ်ပြီးသည်။ ဟောတိ၊ ၏။ပါသာဒိကေန သမ္ပာဒေဟိ။ ။ ယခုအခါ ဥပဇ္ဈာယ်ပေးရာ၌ ရှေ့လေးမျိုးကိုသုံးလေ့မရှိကြ၊ ဤတစ်မျိုးကိုသာ သုံးလေ့ရှိကြသည်၊ ပါသာဒိကေနကို "ပသာဒါဝဟေန ကာယဝစီပယောဂေန" ဟုလည်းကောင်း, သမ္ပာဒေဟိကို "တိဝိဓသိက္ခံနိပ္ဖာဒေဟိ" ဟုလည်းကောင်း ဋီကာဖွင့်၏၊ "ပသာဒံအာဝဟတီတိ ပါသာဒိကော" ဟု ပြု၍ ကာယပယောဂ, ဝစီပယောဂကို အရကောက်စေလိုသည်၊ သို့သော် သုံးပါးသောသိက္ခာ( သီလ, သမာဓိ, ပညာ) ကို ပြီးစေဖို့ရန်မှာ စိတ္တပယောဂ (စိတ်၏ ကောင်းသောအမူအရာ) လည်း ပါမှ ဖြစ်နိုင်ပါ၏၊ ထို့ကြောင့် ပါသာဒိကအရ၌ ကာယ ဝစီ မနောသုံးပါးလုံး ပယောဂကို ယူသင့်၏၊ ထို့ကြောင့်ပင် "ပသာဒါဝဟေန နိဒ္ဒေါသေနကာယဝစီပမနောကမ္မေန" ဟု ကင်္ခါဋီကာသစ် နိဒါနုဒ္ဒေသ၌ ဖွင့်သည်။
သမ္ပာဒေဟိ။ ။ သံပုဗ္ဗ+ ပဒ+ ကာရိတ် ဏေပစ္စည်းတည်း၊ ထို့ကြောင် "နိပ္ဖာဒေဟိ- ပြီးစီးစေလော၊ (ပြီးစီးအောင် အားထုတ်လော)" ဟုဋီကာဖွင့်သည်၊ သံပုဗ္ဗ ပဒဓာတ်သည်အကမ္မကဖြစ်၏၊ ကာရိတ်ပစ္စည်းကြောင့် "တိဝိဓသိက္ခံ" ဟုတစ်ပါးရသည်၊ [ရှေးက ပြည့်စုံစေလော" ဟု ပေးကြ၏၊ "ပြည့်စုံ" ဟူသောစကားသည် သဟာဒိယောဂ (နှင့်ဟူသော) အနက်ကို ငဲ့ရကား ထိုသဟာဒိယောဂ မရှိသောကြောင့် ထိုအနက်သည်ဤနေရာ၌ မရနိုင်၊ ဤ "ပါသာဒိကေန သမ္မာဒေဟိ" ၏ ဆိုလိုရင်းကား- "သူတစ်ပါးတို့၏ ကြည်ညိုခြင်းကို ဆွဲဆောင်နိုင် (ကြည်ညိုစေနိုင်) အောင် ကောင်းမွန်စွာ နေထိုင်ပါလော" ဟုဆိုလိုသည်။]
ရှေးအနက်။ ။ "ပါသာဒိကေန- ကြည်ညိုဖွယ်ကို ဆောင်သော ကိုယ်အမူအရာနှုတ်အမူအရာနှင့်၊ သမ္ပာဒေဟိ- ပြည့်စုံစေလော" ဟု ရှေးကပေးကြ၏၊ ထိုအနက်၌ "ကြည်ညိုဖွယ်" ဟူသည် ကြည်ညိုစရာကောင်းသော ကိုယ်မှု နှုတ်မှုတည်း၊ သို့ဖြစ်လျှင်ပသာဒအရနှင့် ပါသာဒိကအရသည် မကွဲပြားဘဲရှိနေ၏၊ ထို့ကြောင့် "ပသာဒနံ ပသာဒေါ" ဟု ပြု၍ "ပသာဒ- သူတစ်ပါး၏ ကြည်ညိုခြင်းကို+ အာဝဟ- ဆောင်နိုင်သော" ဟု သာမှတ်ပါ၊ ထိုသို့ဆောင်နိုင်သော ကိုယ်အမူအရာ, နှုတ်အမှုရာ, စိတ်အမူအရာကိုပင် "ကြည်ညိုဖွယ်" ဟုခေါ်သည်၊ ထို့ပြင် "နှင့်" ဟူသော အနက်လည်းမသင့်၊ ဘာ့ကြောင့်နည်း? သမ္ပာဒေဟိပုဒ်က ပြည့်စုံခြင်းအနက်ကို မဟော, ပြီးစေခြင်းအနက်ကိုဟောသောကြောင့်တည်း၊ ထို့ကြောင့် ရှေးက အနက်ပေးပုံကို စဥ်းစားပါ။
ဟိ၊ မှန်။ ဥပဇ္ဈာယ်ယဿ၊ ၏။ ပဉ္စသု၊ ကုန်‌သော။ ဣမေသု ပဒေသု၊ တို့တွင်။ ယဿ ကဿစိ၊ အမှတ်မထား တစ်ပါးပါးသော။ ပဒဿ၊ ကို။ ဝါစာယ ဝါ၊ နှုတ်ဖြင့်မူလည်း။ ယဒိဒံ သာဝနံ၊ အကြင် ကြားသိစေခြင်းသည်သော်လည်းကောင်း။ ကာယေန ဝါ၊ ကိုယ်ဖြင့်မူလည်း။ (ယဒိဒံ) အတ္ထဝိညာပနံ၊ အကြင်အနက်အဓိပ္ပာယ်ကိုသိစေခြင်းသည်သော်လည်းကောင်း။ (အတ္ထိ၊ ၏။) ဣဒမေဝ၊ ဤနှုတ်ဖြင့်မူလည်းကြားသိစေခြင်း, ကိုယ်ဖြင့်မူလည်း အနက်အဓိပ္ပာယ်ကို သိစေခြင်းသည်ပင်။ ဧတ္ထ၊ ဤ ဥပဇ္ဈာယဝတ္တကထာ၌။ ‌ဥပဇ္ဈာယဂ္ဂဟဏံ၊ ဥပဇ္ဈာယ်ယူခြင်းတည်း။ ဣတိ၊ ဤသို့ မှတ်အပ်၏။
ပန၊ ဝါဒန္တရကား။ ‌ကေစိ၊ အချို့ဆရာတို့သည်။ သာဓူတိ၊ ဟူ၍။ သမ္ပဋိစ္ဆနံ၊ ထပ်မံ၍ ဝန်ခံခြင်းကို။ သန္ဓာယ၊ ရည်ရွယ်၍။ (ဥပဇ္ဈာယဂ္ဂဟဏံ၊ ကို။) ဝဒန္တိ၊ ဆိုကြကုန်၏။
တံ၊ ထို‌ကေစိဆရာတို့၏စကားသည်။ ပမာဏံ၊ နှိုင်းချိန် တိုင်းတာကြောင်းစကားသည်။ န၊ မဟုတ်။ (ကသ္မာ၊ နည်း?) ဟိ (ယသ္မာ)၊ ကြောင့်။ အာယာစနဒါနမတ္တေန၊ တပည့်က တောာင်းခြင်း, ဆရာက ပေးခြင်းမျှဖြင့်။ ဥပဇ္ဈာယော၊ သည်။ ဝါ၊ ကို။ ဂဟိတော၊ ဟူအပ်ပြီးသည်။ ဟောတိ၊ ဖြစ်တော့၏။ ဧတ္ထ၊ ဤ ဥပဇ္ဈာယ်ယူရာဌာန၌။ သမ္ပဋိစ္ဆနံ၊ တပည့်က ထပ်မံ၍ဝန်ခံခြင်းသည်။ န အင်္ဂံ၊ အင်္ဂါမဟုတ်။ ( **"တသ္မာ၊ ‌ကြောင့်။ တံ၊ ထိုကေစိဆရာတို့၏ စကားသည် ပမာဏံ၊ သည်။ န၊ မဟုတ်"** ဟု ပြန်လှည့်။)
သဒ္ဓိဝိဟာရိ‌ကေနာပိ၊ သည်လည်း။ ကေဝလံ၊ အသိအမှတ်ပြုခြင်းနှင့် မဖက်သက်သက်။ မေ၊ သည်။ ဣမိနာ ပဒေန၊ ဤသာဟုစသော ပုဒ်ဖြင့်။ ဥပဇ္ဈာ‌ယော၊ ကို။ ဂဟိတော၊ ပြီ။ ဣတိ၊ သို့။ ဉာတုံ၊ သိခြင်းငှာသာ။ဣဒ‌မေဝ ဟိ ဧတ္ထ။ ။ တပည့်က "ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ" ဟုသုံးကြိမ်ဆို၍ ဥပဇ္ဈာတောင်းသောအခါ ဥပဇ္ဈာယ်က "သာဟု" စသော ငါးမျိုးတွင် တစ်မျိုးမျိုးကို ဆို၍ နှုတ်ဖြင့်ဖြစ်စေ, ခေါင်းညိတ်ခြင်းစသော ကိုယ်အမူအရာဖြင့်ဖြစ်စေ ဥပဇ္ဈာယ်ပေးခြင်းသည်ပင် ဥပဇ္ဈာယူခြင်းကိစ္စ ဖြစ်၏၊ "ထိုကိစ္စ အထမြောက်၏" ဟူလို။
ကေစိ ပန ၊ပေ၊ ဥပဇ္ဈာယော။ ။ အချို့ကား "ဥပဇ္ဈာယော မေ" စသည်ဖြင့်တပည့်က ဆိုပြီး၍ ဥပဇ္ဈာယ်က "သာဟု" စသော စကားတစ်မျိုးမျိုးကို ဆိုပြီးသောအခါတပည့်က ထပ်၍ "သာဓု" ဟု လျှောက်ခြင်းကို "ဥပဇ္ဈာယ်ယူခြင်း" ဟု ဆိုကြ၏၊ ထိုကေစိဝါဒသည် ပမာဏမဟုတ်၊ ဘာ့ကြောင့်နည်း?၊ တပည့်က "ဥပဇ္ဈာယော မေ" စသည်ဆို၍ ဥပဇ္ဈာယ်အဖြစ်ကို တောင်းခြင်း, ဆရာက "သာဟု" စသည် တစ်မျိုးမျိုးကိုဆို၍ ဥပဇ္ဈာယ်ပေးခြင်း, ဤသို့ ယာစန- ဒါန နှစ်မျိုးမျှဖြင့် ဥပဇ္ဈာယ်ယူခြင်းကိစ္စပြီးနိုင်သောကြောင့်တည်း၊ ဆရာက ဥပဇ္ဈာယ်ပေးသောအခါ တပည့်က "သာဓု" ဟု လည်းကောင်း, "အာမ ဘန္တေ" ဟု လည်းကောင်း ဆိုဖွယ်မလိုပါ- ဟူလို။
ဝဋ္ဋတိိ၊ သင့်သည်ကား။ န၊ မဟုတ်သေး။
အဇ္ဇတ‌ဂ္ဂေ၊ ယနေ့ကို အစပြု၍။ ဒါနိ၊ ယခုအခါ၌။ ထေရော၊ သည်။ မယှံ၊ ၏။ ဘာရော၊ တာဝန်တည်း။ အဟမ္ပိ၊ သည်လည်း။ ထေရဿ၊ ၏။ ဘာရော၊ တည်း။ ဣတိ၊ သို့။ ဣဒမ္ပိ၊ ဤအကြောင်းအရာကိုလည်း။ ဉာတုံ၊ သိခြင်းငှာ။ ဝဋ္ဋတိ၊ သင့်သေး၏။
**တတြာယံ သမ္မာဝတ္တနာ** တိ၊ ကား။ သမ္မာဝတ္တိတဗ္ဗန္တိ၊ ဟူ၍။ ယံ၊ အကြင်စကားကို။ ဝုတ္တံ၊ ဆိုအပ်ပြီ။ တတြ၊ ထို သမ္မာဝတ္တိတဗ္ဗံဟူသော စကားရပ်၌။ (သမ္မာဝတ္တိတဗ္ဗံဟူသော စကားအရ။) အယံ၊ ဤဆိုအပ်လတ္တံ့ကား။ သမ္မဝတ္တနာ၊ ကောင်းစွာကျင့်ပုံတည်း။
**ကာလဿေဝ။ ပေ။ သြမုဉ္စိတွာ** တိ၊ ကား။ အဿ၊ ထို သဒ္ဓိဝိဟာရိက၏။ ပစ္စူသကာလေ၊ (အရုဏ်မတက်မီ) မိုးသောက်အခါ၌။ စင်္ကမနတ္ထာယဝါ၊ စင်္ကြံသွားခြင်းအကျိုးငှာသော်လည်းကောင်း။ ဓောတပါဒပရိဟရဏတ္ထာယဝါ၊ ဆေးအပ်ပြီးသော ခြေကို စောင့်ရှောက်ခြင်း အကျိုးငှာသော်လည်းကောင်း။ (ဖုံးမလူးအောင် စောင့်ရှောက်ခြင်းအကျိုးငှာ။) ပဋိမုက္ကာ၊ စွပ်အပ်ကုန်သော။ ဥပါဟနာ၊ ဖိနပ်တို့သည်။ ပါဒဂတာ၊ ခြေ၌ရောက်နေကုန်သည်။ သစေ ဟောန္တိ၊ န်အံ့။ (ဧဝံသတိ) [ရှေးက အမြဲဖိနပ်စီးလေ့ မရှိသောကြောင့် "စင်္ကမနတ္ထာယ" စသည်ကို ဆိုသည်။] တာ၊ ထိုဖိနပ်တို့ကို။ (အပနေတွာ၌ စပ်။) ကာလဿေဝ၊ စောစောကပင်။ ဥဋ္ဌာယ၊ ထ၍။ အပနေတွာ၊ ဖယ်၍။
**ဒန္တကဋ္ဌံ ဒါတဗ္ဗ** န္တိ၊ ကား။ မဟန္တံ၊ ကြီးသောဒန်ပူလည်းကောင်း။ မဇ္ဈိမံ၊ အလယ်အလတ်ဖြစ်သော ဒန်ပူလည်းကောင်း။ ခုဒ္ဒကံ၊ ငယ်သောဒန်ပူလည်းကောင်း။ ဣတိ၊ သို့။ တီဏိ၊ သုံးမျိုးကုန်သော။ ဒန္တကဋ္ဌာနိ၊ ဒန်ပူတို့ကို။ ဥပနေတွာ၊ ကပ်ဆောင်၍။ တတော၊ ထိုဒန်ပူသုံးမျိုးတို့မှ။ ယံ၊ အကြင်ဒန်ပူကို။ တီဏိ ဒိဝသာနိ၊ သုံးရက်တို့ပတ်လုံး။ ဂဏှာတိ၊ ယူ၏။ စတုတ္ထဒိဝသတော၊ လေးရက်မြောက်နေ့မှ။ ပဋ္ဌာယ၊ စ၍။ တာဒိသမေဝ၊ ထိုကဲ့သို့ရှုအပ်သော ဒန်ပူကိုသာ။ (ဥပဇ္ဈာယ် ယူနေကျ ဒန်ပူကိုသာ။) ဒါတဗ္ဗံ၊ ပေးထိုက်၏။ (ကပ်ထိုက်၏။)
အနိယမံ၊ မမှတ်သားအပ်သည်ကို။ ကတွာ၊ ပြု၍။ (တစ်နည်း) နိယမံ၊ မှတ််သားအပ်သည်ကို။ အကတွာ၊ မပြုမူ၍။ ယံ ဝါ တံ ဝါ၊ အမှတ်မထားတစ်ပါးပါးသော ဒန်ပူကိုမူလည်း။ သစေ ဂဏှာတိ၊ အံ့။ အထ၊ ထိုသို့ ယူလသော်။ ယာဒိသံ၊ အကြင်ကဲ့သို့ ရှုအပ်သော ဒန်ပူကို။ လဘတိ၊ ရ၏။ တာဒိသံ၊ ထိုကဲ့သို့ရှုအပ်သော ဒန်ပူကို။ ဒါတဗ္ဗံ၊ ပေးထိုက်၏။ (ကပ်ထိုက်၏။) တီဏိ ဒန္တကဋ္ဌာနိ။ ။ ဒန်ပူသုံးမျိုးတွင် တစ်ချောင်းချောင်းကို အမြဲယူလျှင် ထိုယူအပ်သော ဒန်ပူကိုသာ နောက်နောက်ရက်တို့၌ ဆက်ကပ်ပါ- ဟူလို၊ အကြီးစားဒန်ပူဟု ဆိုသော်လည်း "အနုဇာနာမိ ဘိက္ခဝေ အဋ္ဌင်္ဂုလပရမံ ဒန္တကဋ္ဌံ" ဟု ခွင့်ပြုချက်အရ အရှည်အားဖြင့် အလွန်ဆုံး လက်ရှစ်သစ်သာရှိရသည်၊ အငယ်စားဒန်ပူဟု ဆိုသော်လည်း "အနုဇာနာမိ ဘိက္ခဝေ စတုရင်္ဂုလပစ္ဆိမံ ဒန္တကဋ္ဌံ" ဟု ခုဒ္ဒကဝတ္ထု ခန္ဓက၌ ခွင့်ပြုချက်အရ အတိုဆုံးအားဖြင့် လက်လေးသစ်သာ ရှိရသည်။
**မုခေါဒကံ ဒါတဗ္ဗ** န္တိ၊ ကား။ သီတံ၊ အေးသော။ ဥဒကံ စ၊ ရေကိုလည်းကောင်း။ ဥဏှံ၊ နွေးသော။ (ဥဒကံ စ၊ ကိုလည်းကောင်း။) ဥပနေတွာ၊ ကပ်ဆောင်၍။ တတော၊ ထိုရေအေး, ရေနွေးတို့မှ။ ယံ၊ အကြင်ရေကို။ တီဏိ ဒိဝသာနိ၊ သုံးရက်တို့ပတ်လုံး။ ဝဠ‌‌‌ဉ္ဇေတိ၊ သုံးဆောင်၏။ စတုတ္ထဒိဝသတော၊ မှ။ ပဋ္ဌာယ၊ ၍။ တာဒိသမေဝ၊ ထိုကဲ့သို့ ရှုအပ်သည်သာလျှင်ဖြစ်သော။ မုခဓောဝနောဒကံ၊ မျက်နှာသစ်ရေကို။ ဒါတဗ္ဗံ၊ ပေးထိုက်၏။ (ကပ်ထိုက်၏။)
အနိယမံ၊ မမှတ်သားအပ်သည်ကို။ ကတွာ၊ ၍။ (တစ်နည်း၊ နိယမံ အကတွာ) ယံ ဝါ တံ ဝါ၊ အမှတ်မထား တစ်ပါးပါးသောရေကို။ သစေ ဂဏှာတိ၊ အံ့။ အထ၊ ထိုသို့ယူလသော်။ ယာဒိသံ၊ အကြင်ကဲ့သို့ရှုအပ်သောရေကို။ လဘတိ၊ ၏။ တာဒိသံ၊ ကို။ ဒါတဗ္ဗံ၊ ၏။
ဒုဝိဓမ္ပိ၊ နှစ်ပါးအပြားရှိသော ရေအေး, ရေနွေးကိုလည်း။ သစေ ဝဠ‌ဉ္ဇေတိ၊ အံ့။ (ဧဝံသတိ) ဒုဝိဓမ္ပိ၊ ကိုလည်း။ ဥပနေတဗ္ဗံ၊ ကပ်ဆောင်ထိုက်၏။
ဥဒကံ၊ ကို။ မုခဓောဝနဋ္ဌာနေ၊ မျက်နှာသစ်ရာအရပ်၌။ ထပေတွာ၊ ထားပြီး၍။ ဝစ္စကုဋိတော၊ ဝစ္စကုဋိမှ။ ပဋ္ဌာယ၊ ၍။ သမ္မဇ္ဇိတဗ္ဗံ၊ တံမြက်လှည်းရာ၏။ [မျက်နှာသစ်ရေ ထားပြီးနောက် "ဝစ္စကုဋိမှစ၍ တံမြက်လှည်းရမည်" ဟု ဆိုလိုသည်။]
ထေရေ၊ သည်။ ဝစ္စကုဋိံ၊ သို့။ ဂတေ၊ သွားလသော်။ ပရိဝေဏံ၊ ပရိဝုဏ်ကို။ သမ္မဇ္ဇိတဗ္ဗံ၊ တံမြက်လှည်းရာ၏။
ဧဝံ၊ ဤသို့ တံမြက်လှည်းလသော်။ ပရိဝေဏံ၊ သည်။ အသုညံ၊ အစောင့်အရှောက်မှ မကင်းဆိတ်သည်။ ဟောတိ၊ ၏။ [ဥပဇ္ဈာယ်ကဝစ္စကုဋိသို့ဝင်ခိုက် သဒ္ဓိဝိဟာရိက က ကျောင်းအခန်းထဲဝင်နေလျှင် ဆရာနှင့်တပည့်နှစ်ပါးသာရှိသောကြောင့် ကျောင်းမှာ အစောင့်အရှောက် ကင်းဆိတ်၍ ကျောင်းအတွင်းရှိ ပစ္စည်းများကို ခိုးသူတို့ ခိုးယူသွားတတ်သည်။]
ထေရေ၊ သည်။ ဝစ္စကုဋိတော၊ မှ။ အနိက္ခန္တေယေဝ၊ မထွက်မီပင်။ အာသနံ၊ နေရာထိုင်ကို။ ပညပေတဗ္ဗံ၊ ခင်းထားထိုက်၏။ ["အာသနံ ပဉ္စပီဌာဒိ" အရ ထိုင်ခုံ, သို့မဟုတ်နေရာထိုင်ကို "အာသန" ဟု ဆိုသည်။]
သရီရကိစ္စံ၊ ကိုယ်၏ ကိစ္စကို။ (ကုဋီတက်ခြင်း, သန့်သက်ရေဆေးခြင်းကိစ္စကို။) ကတွာ၊ ၍။ အာဂန္တွာ၊ ပြန်လာ၍။။ တသ္မိံ၊ ထိုနေရာ၌။ နိသိန္နဿ၊ ထိုင်နေသော ဥပဇ္ဈာယ်အား။ **သစေ ယာဂုဟောတီ** တိအာဒိနာ၊ အစရှိသော။ နယေန၊ နည်းဖြင့်။ (ပါဠိတော်၌ လာသောနည်းဖြင့်။) ဝုတ္တဝတ္တံ၊ ဟောတော်မူအပ်သော ကျင့်ဝတ်ကို။ ကာတဗ္ဗံ၊ ၏။
**ဥက္လာပေါ** တိ၊ ကား။ ကေနစိ၊ တစ်စုံတစ်ခုသော။ ကစဝရေန၊ အမှိုက်ဖြင့်။ သံကိဏ္ဍော၊ ရောပြွမ်းနေသည်။ (သစေ ဟောတိ၊ အံ့။) ပန၊ ဆက်။ အညော၊ ရေပေါက်မှတစ်ပါးအခြားသော။ ကစဝရော၊ သည်။ သစေ နတ္ထိ၊ အံ့။ ဥဒကဖုသိတာနေဝ၊ ရေပေါက်တို့သည်သာ။ (သစေ) ဟောန္တိ၊ န်အံ့။ (ဧဝံသတိ၊ ဤသို့ဖြစ်လသော်။) ဟတ္ထေနာပိ၊ လက်ဖြင့်လည်း။ ပမဇ္ဇိတဗ္ဗော၊ သုတ်ထိုက်၏။ [ပါဠိတော်၌လာသော ယာဂုသောက်ရာအရပ်ကို ယူရသောကြောင့် "ဥဒကဖုသိတာနေဝ ဟောန္တိ" ၌ ယာဂုသောက်ပြီးနောက် လက်ဆေးတုန်းက ကျနေသော ရေပေါက်နှင့်တကွ ယာဂုပေါက်ကိုဆိုသည်ဟုမှတ်ပါ။]
**သဂုဏံ ကတွာ** တိ၊ ကား။ ဒွေ၊ နှစ်ထည်ကုန်သော။ စီဝရာနိ၊ တို့ကို။ (ဧကသီနှင့် သင်္ကန်းကြီးတို့ကို။) ဧကတော၊ တပေါင်းတည်း။ ကတွာ၊ ပြု၍။ ဝါ၊ ထပ်၍။ (ဒါတဗ္ဗာ၌ စပ်။) ဧကတော၊ တပေါင်းတည်း။ ကတာ၊ ပြုအပ်ကုန်သော။ ဒွေပိ၊ န်သော။ တာ သံဃာဋိယော၊ ထိိုချုပ်စပ်အပ်သော သင်္ကန်းတို့ကို။ ဒါတဗ္ဗာ၊ န်၏။ ဟိ၊ မှန်။
သဗ္ဗံ၊ သော။ စီဝရံ၊ ကို။ သင်္ဃဋိတတ္တာ၊ ဆက်စပ်အပ်သည်၏အဖြစ်ကြောင့်။ (ချုပ်စပ်အပ်သည်၏အဖြစ်ကြောင့်။) သင်္ဃဋီတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။
တေန၊ ထို့ကြောင့်။
သင်္ဃာဋိယော ဒါတဗ္ဗာတိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။
**နာတိဒူရေ ဂန္တဗ္ဗံနာစ္စာသန္နေ** တိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ ဥပဇ္ဈာယံ၊ ကို။ နိဝတ္တိတွာ၊ ပြန်နှစ်၍။ သြ‌လောကေန္တံ၊ ကြည့်သည်ကို။ (လှည့်ကြည့်သော ဥပဇ္ဈာယ်ကို။) ဧကေနပဒဝီဟာရေန ဝါ၊ ခြေတစ်လှမ်းဖြင့်သော်လည်းကောင်း။ ဒွီဟိ ပဒဝီတိဟာရေဟိဝါ၊ ခြေနှစ်လှမ်းတို့ဖြင့်သော်လည်းကောင်း။ သစေ သမ္ပာပုဏာတိ၊ အကယ်၍ကောင်းစွာ ရောက်နိုင်အံ့။ (အကယ်၍ မှီနိုင်အံ့။) ဧတ္တာဝတာ၊ ဤမျှအတိုင်းအတာရှိသော အရပ်ဖြင့်။ နာတိဒူရေ၊ မဝေးလွန်းသော အရပ်၌လည်းကောင်း။ နာစ္စာသန္နေ၊ ၌လည်းကောင်း။ (ဂတော၊ လိုက်သွားသူ မည်သည်။) ဟောတိ၊ ၏။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ ၏။
**ပတ္တပရိယာပန္နံ ပဋိဂ္ဂဟေတဗ္ဗ** န္တိ၊ ကား။ ဥပဇ္ဈာယေန၊ သည်။ ဘိက္ခာစာရေ၊ ဆွမ်းခံလှည့်လည်ရာ အရပ်၌။ ယာဂုယာ၊ ယာဂုကို။ (လဒ္ဓါယ) ဝါ၊ ရအပ်သော်လည်းကောင်း။ (ရအပ်သောကြောင့်လည်းကောင်း။) ဘတ္တေ၊ ထမင်းကို။ ဘဒ္ဓေ ဝါ၊ ရအပ်သော်လည်းကောင်း။သဗ္ဗံ ဟိ ၊ပေ၊ ဝုစ္စတိ။ ။ အခြားနေရာ၌ သင်္ကန်းကြီးကိုသာ "သံဃာဋိ" ဟုခေါ်လေ့ရှိ၏၊ ဤနေရာ၌ အဘယ့်ကြောင့် ဧကသီကိုပါ သံဃာဋိဟု ခေါ်ရသနည်း? ဟုမေးဖွယ်ရှိသောကြောင့် "သဗ္ဗံ ဟိ" စသည်ကို မိန့်သည်၊ "ဒွေ စီဝရာနီတိ ပါရုပနံ သံဃာဋိံ စ သန္ဓာယ ‌ဝဒတိ၊ ယဒိ ဧဝံ သံဃာဋိယောတိ ကသ္မာ ဝုတ္တံတိ အာဟ- သဗ္ဗံ ဟိ စီဝရံ သံဃဋိတတ္တာ သံဃာဋီတိ ဝုစ္စတီတိ" - ဋီကာ။
ပဒဝီတိဟာရေန။ ။ ပဒံ+ ဝီတိဟရတိ ဧတ္ထာတိ ပဒဝီတိဟာရော၊ ဧတ္ထ- ဤတောင်ဆုပ်အရပ်၌၊ ပဒံ- ရှေ့ခြေကို၊ ဝီတိဟရတိ- လွန်၍ ဆောင်ရ၏၊ ဣတိ- ဤသို့ရှေ့ခြေကိုလွန်၍ ဆောင်ရာ၏အဖြစ်ကြောင့်၊ သော- ထိုအရပ်သည်၊ ပဒဝီတိဟာရော- မည်၏၊ ခြေတစ်လှမ်း လှမ်းလောက်ရာ အရပ်တည်း၊ ထိုပဒဝီတိဟာရသည် မနှေးမမြန်မှန်မှန် သွားသူအတွက် တောင်ဆုပ်ပမာဏရှိ၏၊ [ပဒဝီတိဟာရေဟီတိ ဧတ္ထ ပဒံဝီတိဟရတိ ဧတ္ထာတိ ပဒဝီတိဟာရော၊ ပဒဝီတိဟရဏဋ္ဌာနံ ဒုတိဝိလမ္ဗိတံ (အမြန်အနှေးကို) အကတွာ သမဂမနေ ဒွိန္နံ ပဒါနံ အန္တရေ မုဋ္ဌရတနမတ္တံ၊ ပဒါနံ ဝါ ဝီတိဟရဏံ အဘိမုခံ ဟရိတွာ နိက္ခေပေါ ပဒဝီတိဟာရောတိ ဧဝမေတ္ထ အတ္ထော ဒဋ္ဌဗ္ဗော- ဋီကာ၊] နောက်နည်းအလို "ပဒါနံ+ ဝီတိဟရဏံ ပဒဝီတိဟာရော- ခြေကို ရှေးရှုဆောင်၍ ချခြင်းကို ပဒဝီတိဟာရ" ဟု ဆိုသည်။
(ရအပ်သောကြောင့်သော်လည်းကောင်း။) ပတ္တော၊ သည်။ ဥဏှော ဝါ၊ ပူနေသည်သော်လည်း။ သစေ ဟောတိ၊ အံ့။ ဘာရိကော ဝါ၊ ဝန်လေးနေသည်သော်လည်း။ သစေ ဟောတိ၊ အံ့။ (ဧဝံသတိ) အတ္တနော၊ မိမိ၏။ ပတ္တံ၊ ကို။ တဿ၊ ထိုဥပဇ္ဈာယ်အား။ ဒတွာ၊ ၍။ သောပတ္တော၊ ထိုဥပဇ္ဈာယ်၏ သပိတ်ကို။ ဂဟေတဗ္ဗော၊ ၏။ ဣတိ အတ္ထော၊ နက်။
**န ဥပဇ္ဈာယဿ။ ပေ။ သြပါတေတဗ္ဗာ** တိ၊ ကား။ အန္တရဃရေဝါ၊ ရွာတွင်း၌သော်လည်းကောင်း။ အညတြ ဝါ၊ အခြားသော ဆွမ်းစားဇရပ်၌သော်လည်းကောင်း။ ဘဏမာနဿ၊ ပြောဆိုစဉ်။ တဿ၊ ထိုဥပဇ္ဈာယ်၏။ ဝစနေ၊ စကားသည်။ အနိဋ္ဌိတေ၊ မပြီးဆုံးသေးမီ။ အညာ၊ အခြားသော။ ကထာ၊ စကားကို။ န သမုဋ္ဌာပေတဗ္ဗာ၊ မဖြစ်စေထိုက်။
စပန၊ ထပ်၍ ဆက်ဦးအံ့။ ဣတော၊ ဤ န ဥပဇ္ဈာယဿ အစရှိသောသိက္ခာပုဒ်မှ။ ပဋ္ဌာယ၊ ၍။ ယတ္ထ ယတ္ထ၊ အကြင် အကြင်သိက္ခာပုဒ်၌။ နကာရေန၊ နအက္ခရာဖြင့်။ ပဋိသေမော၊ တားမြစ်ခြင်းကို။ ကရိယတိ၊ ပြုအပ်၏။ သဗ္ဗတ္ထ၊ အလုံးစုံသော။ (တတ္ထ တတ္ထ၊ ထိုထိုသိက္ခာပုဒ်၌။) ဒုက္ကဋာပတ္တိ၊ ဒုက္ကဋ်အာပတ်ကို။ ဝေဒိတဗ္ဗာ၊ ၏။ ဟိ၊ မှန်။
အယံ၊ ဤနအက္ခရာဖြင့် တားမြစ်အပ်ရာဝယ် ဒုက္ကဋ်အာပတ်ကို သိရခြင်းသည်။ ခန္ဓကဓမ္မာတာ၊ ခန္ဓကတို့၏ သဘောတည်း။ [မဟာဝါ, စူဠဝါခန္ဓကတို့၏ ထုံးစံတည်း။ ယတ္ထ ယတ္ထ နကာရေန, ပဋိသေဓော ကီယတိ။ တတ္ထ တတ္ထ ဒုက္ကဋံတိ, အယံ ခန္ဓက ဓမ္မတာ။]
**အာပတ္ထိသာမန္တာ ဘဏမာနော** တိ၊ ကား။ ပဒသောဓမ္မဒုဋ္ဌုလ္လာဒိဝံသေန၊ ပဒသောဓမ္မအာပတ်, ဒုဋ္ဌုလ္လအာပတ် အစရှိသည်တို့၏ အစွမ်းဖြင့်။ အာပတ္တိယာ၊ ၏။ အာသန္နဝါစံ၊ အနီးဖြစ်သော စကားကို။ ဘဏမာနော၊ ပြောဆိုသော ဥပဇ္ဈာယ်ကို။ (နိဝါရေတဗ္ဗော၌ စပ်။) [အာပတ္တိယာ အာသန္နဝါစန္တိ အာပတ္တိဇနကမေဝဝစနံ သန္ဓာယ ဝုတ္တံ။ ယာယ ဟိ ဝါစာယ အာပတ္တိံ အာပဇ္ဇတိ။ သာ ဝါစာ တဿ အာပတ္တိယာ အာသန္နာတိ ဝုစ္စတိ။၊ ဋီကာ။]
**နိဝါရေတဗ္ဗော** တိ၊ ကား။ ဘန္တေ၊ အရှင်ဘုရား။ ဤဒိသံ နာပ၊ ဤကဲ့သို့ ရှုအပ်သည်မည်သောစကားကို။ ဝတ္တုံ၊ ပြောဆိုခြင်းငှာ။ ဝဋ္ဋတိ ကိံ၊ အပ်ပါသလော?။ အာပတ္တိ၊ သည်။ န ဟောတိ(ကိံ)၊ မဖြစ်ပါသလော?။ ဣတိ ဧဝံ၊ သို့။ ပုစ္ဆန္တေန ဝိယ၊ မေးသူကဲ့သို့။ ဝါရေတဗ္ဗော၊ တားမြစ်ထိုက်၏။
ပန၊ ဗျတိရိက်ကား။ ဝါရေဿာမိ၊ တားမြစ်အံ့။ (တားမြစ်လိုက်မည်။) ဣတိ ကတွာ၊ ဤသို့ နှလုံးသွင်း၍။ မဟလ္လက၊ ကိုယ်တော်ကြီး။ ဧဝံ၊ ဤသို့။ မာ ဘဏ၊ မပြောပါနှင့်။ ဣတိ၊ ဤသို့။ န ဝတ္တဗ္ဗော၊ မပြောဆိုထိုက်။ သဗ္ဗတ္ထ ဒုက္ကဋပတ္တိ။ ။ သဗ္ဗတ္ထ ဒုက္ကဋပတ္တီတိ(ဟူသော စကားကို) ဤဒိသေသုဂိလာနောပိ န မုစ္စတီတိ ဒဿနတ္ထံ ဝုတ္တံ၊- သာရတ္ထ၊ အာပဒါဥမ္မတ္တကခိတ္တစိတ္တဝေဒနဋ္ဋဒီဟိဝိနာ ပဏ္ဏတ္တိံ အဇာနိတွာပိ ဝဒန္တဿ ဂိလာနဿပိ ဒုက္ကဋမေဝ၊ ဘေးရန်, ရူးသူ, စိတ်ပျံ့လွင့်သူ, ဝေဒနာနှိပ်စက်အပ်သူတို့မှတစ်ပါး အခြားသူတို့မှာ ပညတ်တော်ကိုမသိ၍ ပြောစေကာမူ ဒုက္ကဋ်ပင်၊- ဝိမတိ။
**ပဌမတရံ အာဂန္တွာ** တိ၊ ကား။ အာသန္နေ ဝါ၊ အနီး၌မူလည်း။ ဂါမော၊ သည်။ သစေ ဟောတိ၊ အံ့။ ဝိဟာရေ ဝါ၊ ကျောင်း၌မူလည်း။ ဂိလာနော၊ ဂိလာနဖြစ်သော။ ဘိက္ခု၊ သည်။ သစေ ဟောတိ၊ အံ့။ (ဧဝံသတိ) ဂါမတော၊ မှ။ ပဌာမတရံ၊ စွာ။ အာဂန္တဗ္ဗံ၊ ပြန်လာရာ၏။
ဒူရေ၊ ၌။ ဂါမော၊ သည်။ (သစေ) ‌ဟောတိ၊ အံ့။ ဥပဇ္ဈာယေန၊ နှင့်။ သဒ္ဓိံ၊ ကွ။ အာဂစ္ဆန္တော စ၊ လာမည့်သူသည်လည်း။ (သစေ) နတ္ထိ၊ အံ့။ (ဧဝံသတိ) တေနေဝ၊ ထိုဥပဇ္ဈာယ်နှင့်သာလျှင်။ သဒ္ဓိံ၊ ကွ။ ဂါမတော၊ မှ။ နိက္ခမိတွာ၊ ထွက်၍။ စီဝရေန၊ ဖြင့်။ ပတ္တံ၊ ကို။ ဝေဌေတွာ၊ ရစ်ပတ်၍။ [သပိတ်အိတ် မပါသည့်အတွက် ယူလို့လွယ်အောင် "သင်္ကန်းအနားဖြင့် သပိတ်ကိုရစ်ပတ်၍" ဟုဆိုသည်။] အန္တရာမဂ္ဂတော၊ ခရီးအကြားမှ။ ပဌမတရံ၊ စွာ။ အာဂန္တဗ္ဗံ၊ ပြန်လာရာ၏။
ဧဝံ၊ ဤနည်းအားဖြင့်။ နိဝတ္တန္တေန၊ ပြန်နစ်သော သဒ္ဓိဝိဟာရိကသည်။ ပဌမတရံ၊ စွာ။ အာဂန္တွာ၊ ၍။ အာသနပညာပနာဒိ၊ နေရာကိုခင်းခြင်း အစရှိသော။ သဗ္ဗံ၊ သော။ ကိစ္စံ၊ ကို။ ကာတဗ္ဗံ၊ ပြုရာ၏။
**သိန္နံ ဟောတီ** တိ၊ ကား။ တိန္တံ၊ ချွေးစိုသည်။ သေဒဂ္ဂဟိတံ၊ ချွေးသည်ယူအပ်သည်။ (‌ဟောတိ၊ အံ့။)
**စတုရင်္ဂုလံ ကဏ္ဏံ ဥဿာရေတွာ** တိ၊ ကား။ ကဏ္ဏံ၊ သင်္ကန်းအနားကို။ စတုရင်္ဂုလပ္ပမာဏ့၊ လက်သေးသစ်ပမာဏရှိအောင်။ အတိရေကံ၊ ပိုလွန်းသည်ကို။ ကတွာ၊ ၍။ [ဤနေရာ၌ ပိုဒ်ခတ်၍ "သင်္ဃရိတဗ္ဗံ" ၌စပ်။] ဧဝံ၊ ဤသို့ လက်လေးသစ်လောက် ပိုသည်ကိုပြု၍။ စီဝရံ၊ ကို။ သင်္ဃရိတဗ္ဗံ၊ ခေါက်ရာ၏။
ကိံ ကာရဏ၊ အဘယ်ကြောင်းကြောင့်။ (ဧဝံ၊ ဤသို့ လက်လေးသစ်လောက် ပိုသည်ကိုပြု၍။ စီဝရံ၊ ကို။ သင်္ဃရိတဗ္ဗံ၊ ခေါက်ထိုက်သနည်း?။)
**မဇ္ဈေ**၊ သင်္ကန်း၏ အလယ်ခေါင်၌။ **ဘင်္ဂေါ**၊ ချိုးအပ်သော အရာသည်။ (ခေါက်ချိုးရာသည်။)သိန္နံ တိန္တံ။ ။ သိန္နံ၌ "သိဒ- သိနေဟေ" ဟူသော ဓာတ်, တပစ္စည်း၊ အသိဒိ(သိနိယှိ)- စိုစွတ်ပြီ၊ ဣတိ သိန္နံ (စီဝရံ)၊ တိမဓာတ်လည်း ကိလေဒ- စွတ်စိုခြင်းအနက်ဟောပင်၊ ‌အတေမိ- စိုစွတ်ပြီ၊ ဣတိ တိန္တံ၊ ထိုသို့ စိုစွတ်ခြင်းသည် ချွေးကသင်္ကန်းကို ယူအပ်သောကြောင့်ဖြစ်ရကား "သေဒဂ္ဂဟိတံ" ဟု အဓိပ္ပာယ်ဖွင့်သည်။
စတုရင်္ဂုလံ ဥဿရေတွာ။ ။ ဥ- အထက်၌+ သရေတွာ- တက်စေ၍၊ ဤသို့သဒ္ဒတ္ထ၊ "အတိရေကံ ကတွာ" ဟု အဓိပ္ပာယတ္ထဖြစ်၏၊ သင်္ကန်းခေါက်သောအခါအစွန်းနှစ်ဘက်ကို အညီထား၍ခေါက် လျှင် အလည်၌ ခေါက်အပ်သောအရာ(ခေါက်ချိုးရာ) ထင်၏၊ ထိုသို့ အလည်၌ ခေါက်ချိုးရာ ထင်ဖန်များလျှင် သင်္ကန်းစုတ်ပြတ် လွယ်သောကြောင့် တစ်ဖက်သင်္ကန်းအနားကို လက်လေးသစ်လောက် ပိုစေ၍ ခေါက်ပါဟုမိန့်တော်မူသည်။ ["သံဟရိတဗ္ဗံ" ဟုအချို့စာအုပ်၌ ရှိ၏၊ ပါဠိတော်အတိုင်း "သံဃရိတဗ္ဗံ" ဟု ရှိရမည်၊ ဓာတ်ချင်းကား ဟရဓာတ်ချည်းဖြစ်၍ အတူပင်၊ ဟကို ဃပြုလျှင် "သံဃရ" ဟု ဖြစ်၏။]
**မာ အဟောသိ**၊ မဖြစ်ပါစေလင့်။ ဣတိ၊ ဤသို့ နှလုံးသွင်းခြင်းကြောင့်။ (ဧဝံစီဝရံ သင်္ဃရိတဗ္ဗံ)
ဟိ၊ မှန်။ သမံ၊ အစွန်းနှစ်ဖက် ညီမျှသည်ကို။ ကတွာ၊ ၍။ သံဃရိတဿ၊ ခေါက်အပ်သော သင်္ကန်း၏။ မဇ္ဈေ၊ ၌။ ဘင်္ဂေါ၊ သည်။ ဟောတိ၊ ၏။ တတော၊ ထိုသို့ ခေါက်ချိုးရာ ဖြစ်ခြင်းကြောင့်။ နိစ္စံ၊ အမြဲ။ ဘိဇ္ဇမာနံ၊ ချိုးအပ်သော သင်္ကန်းသည်။ ဒုဗ္ဗလံ၊ အားမရှိသည်။ (ရိသည်။) ဟောတိ၊ ၏။ တံနိဝါရဏတ္ထံ၊ ထိုဒုဗ္ဗလအဖြစ်ကို တားမြစ်ခြင်းအကျိုးငှာ။ ဧတံ၊ ဤ စတုရင်္ဂလံကဏ္ဏံ ဥဿရေတွာ ဟူသောစကားကို။ (ဘဂဝတာ) ဝုတ္တံ၊ ပြီ။
တသ္မာ၊ ကြောင့်။ ယထာ၊ အကြင် အခြင်းအရာအားဖြင့် ခေါက်အပ်သော်။ အဇ္ဇ၊ ယနေ့။ ဘင်္ဂဋ္ဌာနေယေဝ၊ ချိုးအပ်သော အရပ်၌ပင်။ သွေ၊ အနက်ဖြန်ခါ၌။ န ဘိဇ္ဇတိ၊ သင်္ကန်းကိုမချိုးအပ်။ (ခေါက်ရာမထင်။) တထာ၊ ထိုအခြင်းအရာအားဖြင့်။ ဒိဝသေ ဒိဝသေ၊ နေ့တိုင်း နေ့တိုင်း။ စတုရင်္ဂုလံ၊ လက်လေးသစ် အတိုင်းအရှည်ရှိသော အရပ်ကို။ ဥဿရေတွာ၊ အထက်သို့ ပိုထွက်စေ၍။ ဝါ၊ ပိုအောင်ထား၍။ သံဃရိတဗ္ဗံ၊ ၏။
**သြဘောဂေ။ ပေ။ ကာတဗ္ဗ** န္တိ၊ ကား။ ကာယဗန္ဓနံ၊ ခါးပန်းကြိုးကို။ သံဟရိတွာ၊ ခေါက်၍။ စီဝရဘောဂေ၊ သင်္ကန်းခွေအတွင်း၌။ ပက္ခိပိတွာ၊ ထည့်သွင်း၍။ ထပေတဗ္ဗံ၊ ထားရာ၏။
**သစေ ပိဏ္ဍပါတော ဟောတီ** တိ ဧတ္ထ၊ ၌။ (ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော။) ယော၊ အကြင် ဥပဇ္ဈာယ်သည်။ ဂါမေယေဝ၊ ရွာထဲ၌သာ။ ဘုဉ္ဇိတွာ၊ စားပြီး၍။ အာဂစ္ဆတိ၊ လာ၏။ တဿ ဝါ၊ ထို ဥပဇ္ဈာယ်၏လည်း။ ပိဏ္ဍပါတော၊ ဆွမ်းသည်။ န ဟောတိ၊ မရှိ။ (မရှိဘဲ ဖြစ်တတ်၏။) (ယော၊ သည်။) အန္တရဃရေ၊ အိမ်တွင်း၌။ ဘုဉ္ဇိတွာ အာဂစ္ဆတိ။ တဿ ဝါ ပိဏ္ဍပါတော န ဟော‌တိ။ (ယော)ပဋိက္ကမနေ၊ ရှေးရှုကပ်ဝင်ရာ ဆွမ်းစားဇရပ်၌။ ဘုဉ္ဇိတွာ၊ ၍။ အာဂစ္ဆတိ၊ ၏။ (တဿ ဝါ ပိဏ္ဍပါတော န ဟောတိ။) (ယော၊ အကြင် ဥပဇ္ဈာယ်သည်။)သြဘောဂေ။ ။ သင်္ကန်းကိုခေါက်၍ နှစ်ထပ် ထပ်ပြီးလျှင် သင်္ကန်းတန်းဝါးပေါ်၌တင်ထားသောအခါဖြစ်စေ, တစ်စုံတစ်ခုအပေါ်၌ ခေါက်၍တင်ထားအပ်သောအခါဖြစ်စေထိုသင်္ကန်း၌ ခေါက်ချိုးအပ်သောအရာကို "ဘောဂ" ဟုခေါ်သည်၊ "ဘုဇ- ဂတိကောဋိလ္လေ" ဟူသော ဓာတ်ကျမ်ူနှင့်အညီ ကွေး၍နေသော အရပ်တည်း၊ ထိုအရပ်၏ အတွင်းကို "သြဘောဂ" ဟုခေါ်သည်၊ အဝ၏ ကာရီယ သြတည်း၊ "ဘုဇတိ ကောဋိလ္လံ ဘဝတီတိ ဘောဂေါ၊- ဘောဂဿ+ အန္တော သြဘောဂေါ" ဟု ပြု။
ယော ဂါမေယေဝ ဝါ ၊ပေ၊ န ဟောတိ။ ။ ဤကဲ့သို့ ဝါသဒ္ဒါပါသော ဝါကျမျိုး၌ "နိယမ, အနိယမဝါကျ" ကို အသီးအသီးခွဲ၍ အနက်ပေးရ၏၊ ထို ဝါသဒ္ဒါကိုလည်း "ဝါကျဘေဒတ္ထ" ဟု ခေါ်သည်၊ ဝိကပ္ပနတ္ထ ဝါသဒ္ဒါပင်တည်း၊ ယသ္မာဒပေတိ သုတ်၌ဖွင့်၏၊ ဂါမေအရ အန္တရဃရ, ပဋိက္ကနတို့မှတစ်ပါး အခြားတစ်ခုခုသော ရွာတွင်းအရပ်ကို ယူရသည်၊[ဂါမေတိ ဂါမပရိယာပန္နေ တာဒိသေ ကိသ္မိဥ္စိ ပဒေသေ၊- သာရတ္ထ၊ ဂါမေတိ အန္တောဂါမေ တာဒိသေ မဏ္ဍပါဒိမှိ၊- ဝိမတိ၊] အန္တရဃရေ အရလည်းအခြားနေရာ၌ကဲ့သို့ ရွာတွင်းကို မယူဘဲ ရှေ့က ဂါမေ ရှိပြီးဖြစ်၍ "အိမ်တွင်း" ကိုယူရသည်၊ [အန္တရဃရေတိ အန္တောဂေဟေ၊- ဋီကာ၊] ပဋိက္ကမန အရမှာ ရွာတွင်းဆွမ်းစားဇရပ်တည်း။[ပဋိက္ကမနေတိ အာသနသာလာယံ၊- ဋီကာ။]
ပိဏ္ဍံ၊ ဆွမ်းကို။ န လဘတိ၊ မူလကပင် မရခဲ့။ တဿ ဝါ၊ ၏လည်း။ ပိဏ္ဍပါန‌တော၊ သည်။ န ဟောတိ။ ပန၊ အနွယကား။ ဂါမေ၊ ၌။ [နိဒဿနနည်းအားဖြင့်ဂါမေတစ်ခုကို ‌ပြသည်။ အန္တရဃရေ, ပဋိက္ကမနေတို့ကိုပါ ရနိုင်၏။] အဘုတ္တဿဝါ၊ ဆွမ်း မဘုဥ်းပေးခဲ့သော ဥပဇ္ဈာယ်၏လည်းကောင်း။ လဒ္ဓဘိက္ခဿ ဝါ၊ ရအပ်သောဆွမ်းရှိသော ဥပဇ္ဈာယ်၏လည်းကောင်း။ (ပိဏ္ဍပါတော၊ သည်။) ဟောတိ၊ ရှိ၏။ တသ္မာ၊ ကြောင့်။ သစေ။ ပေ။ ဟောတီတိအာဒိ၊ အစရှိသော စကားကို။ (ဘဂဝတာ) ဝုတ္တံ။ [သစေဟူသော ပရိကပ္ပဝါစက စကားဖြင့် မိန့်တော််မူသည်၊ ဟူလို။]
တဿ၊ ထိုဥပဇ္ဈာယ်၏။ (ပိဏ္ဍပါတော၊ သည်။) သစေပိ န ဟောတိ၊ အကယ်၍လည်း မရှိစေဦးတော့။ စ၊ ထိုသို့ပင် မရှိပါသော်လည်း။ ဘုဉ္ဇိတုကာမော၊ စားခြင်းငှာအလိုရှိသည်။ (သစေ) ဟောတိ၊ အံ့။ (ဧဝံသတိ) ဥဒကံ၊ ကို။ ဒတွာ၊ ၍။ အတ္တနာ၊ သည်။ လဒ္ဓတောပိ၊ ရအပ်သော ဆွမ်းမှလည်း။ ပိဏ္ဍပါတော၊ ကို။ ဥပနေတဗ္ဗော၊ ကပ်ထိုက်၏။ [မိမိ ရအပ်သော ဆွမ်းထဲက ခွဲ၍ ခွဲကပ်ပါ၊ ဟူလို။]
**ပါနီယေန ပုစ္ဆိတ‌ဗ္ဗော** တိ၊ ကား။ ဘုဉ္ဇမာနော၊ ဆွမ်းစားဆဲဖြစ်သော ဥပဇ္ဈာယ်ကို။ တိက္ခတ္တုံ၊ သုံးကြိမ်။ ဘန္တေ။ ပါနီယံ၊ သောက်ရေကို။ အာဟရိယတု၊ ဆောင်ယူအပ်စေလိုပါသလော။ ဣတိ၊ သို့။ ပါနီယေန၊ ဖြင့်။ ပုစ္ဆိတဗ္ဗော၊ မေးလျှောက်ထိုက်၏။ [ရှေးအခါက ဟင်းရေသောက် မရှိသောကြောင့် ဆွမ်းစားတုန်း၌ သောက်ရေကိုသောက်ရသည်။]
ကာလော၊ ဆွမ်းစားချိန်သည်။ သစေ အတ္ထိ၊ အံ့။ (ဧဝံသတိ) ဥပဇ္ဈာယေ၊ ဥပဇ္ဈာယ်သည်။ ဘုတ္တေ၊ ဆွမ်းဘုဥ်းပေးပြီးသော်။ ဝါ၊ မှ။ သယံ၊ မိမိကိုယ်တိုင်။ ဘုဉ္ဇိတဗ္ဗံ၊ စားရာ၏။
ကာလော၊ မွန်းတည့်ချိန်သည်။ ဥပကဋ္ဌော၊ နီးကပ်နေသည်။ သစေ(ဟောတိ)၊ အံ့။ (ဧဝံသတိ) ပါနီယံ၊ ကို။ ဥပဇ္ဈာယဿ၊ ၏။ သန္တိကေ၊ အနီး၌။ ထပေတွာ၊ ထား၍။ သယမ္ပိ၊ လည်း။ ဘုဉ္ဇိတဗ္ဗံ၊ ရာ၏။
**အနန္တရဟိတာယာ** တိ၊ ကား။ တဋ္ဋိကစမ္မခဏ္ဍာဒီသု၊ ဖျာ, သားရေပိုင်းအစရှိသောအခင်းတို့တွင်။ ယောဇနာ။ ။ ဤသို့ ဂါမေအရ "သီးခြား အရပ်တစ်ခုကို ယူရမည်" ဟုဋီကာတို့ဖွင့်ကြပါလျက် ယောဇနာ၌ "ဂါမေယေဝါတိ ဝတွာ တမေဝတ္ထံ ဒဿေတုံ ဝုတ္တံအန္တရဃရေ ဝါ ပဋိက္ကမနေ ဝါတိ" ဟု ဂါမေအရကိုပင် "အန္တရဃရေ ပဋိက္ကမနေ" ဟုသရုပ်ဖော်သည်ဟု ဖွင့်လေသည်၊ ထိုသို့ဖွင့်ခြင်းမှာ "ဂါမေယေဝ" ဟု ဝါသဒ္ဒါမပါသောပါဌ်ကို တွေ့၍လည်းကောင်း, နောက် အနွယဝါကျ၌ "ဂါမေ" ဟု တစ်ပုဒ်တည်းသာလာလတ္တံ့ဖြစ်သောကြောင့်လည်းကောင်း ဖွင့်ခြင်းဖြစ်ဟန်တူသည်၊ ယေန ကေနစိ၊ အမှတ်မထား တစ်ပါးပါးသော အခင်းဖြင့်။ အနတ္ထတာယ၊ မခင်းအပ်သော။ ပံသုသက္ခရမိဿာယ၊ မြေမှုန့် ကျောက်စရစ်တို့ဖြင့်ရေပြွမ်းသော။ ဘူမိယာ၊ မြေ၌။ ပတ္တော၊ ကို။ န ထပေတဗ္ဗော၊ မထားထိုက်။ ဣတိ အတ္ထော။
ပန၊ ဆက်။ (ဘူမိ၊ မြေသည်။) ကာဋ္ဌဝဏ္ဏကတာ၊ မည်းနက်သောအဆင်းရှိအောင် ပြုအပ်သည်။ (ဟုတွာ) ဝါ၊ ဖြစ်၍သော်လည်းကောင်း။ သုဓာဗဒ္ဓါ၊ အင်္ဂတေတို့ဖြင့် ဖွဲ့အပ်သည်။ (အင်္ဂတေကိုင်ထားသည်။) (ဟုတွာ) ဝါ၊ သော်လည်းကောင်း။ နိရဇမတ္တိကာ၊ ‌မြူမှုန် မြေညက်မရှိသည်။ သစေ ဟောတိ၊ အံ့။ (ဧဝံသတိ) တထာရူပါယ၊ ထိုသို့သဘောရှိသော။ ဘူမိယာ၊ ၌။ ထပေတုံ၊ ထားခြင်းငှာ။ ဝဋ္ဋတိ၊ အပ်၏။
ဓောတဝါလိကာယပိ၊ ဆေးကြောအပ်ပြီးသော သဲရှိသောမြေ၌လည်း။ ဝါ၊ (ဆင်ကြယ်သော သဲရှိသောမြေ၌လည်း။) ထပေတုံ၊ ငှာ။ ဝဋ္ဋတိ၊ ၏။
ပံသုရဇသက္ခရာဒီသု၊ ဖုံ, မြူမှုန်, ကျောက်စရစ် စသည်ရှိသော မြေတို့၌။ (ထပေတုံ) န ဝဋ္ဋတိ၊ မအပ်။
ပန၊ ဆက်။ တတြ၊ ထို ပံသုရဇသက္ခရရှိသော မြေတို့၌။ ပဏ္ဏံ ဝါ၊ သစ်ရွက်ကိုသော်လည်းကောင်း။ အာဓာရကံ ဝါ၊ သပိတ်ခြေကိုသော်လည်းကောင်း။ ထပေတွာ၊ ၍။ တတြ၊ ထိုသစ်ရွက်, သို့မဟုတ် သပိတ်ခြေ၌။ (ပတ္တော၊ ကို။) နိက္ခိပိတဗ္ဗော၊ ထားထိုက်၏။
**ပါရတော။ ပေ။ ဘောဂ** န္တိ ဣဒံ၊ ဟူသော စကားကို။ (ဝုတ္တံ၌စပ်။) စီဝရဝံသာဒီနံ၊ သင်္ကန်းတန်းဝါး အစရှိသည်တို့၏။ ဟေဋ္ဌာ၊ အောက်၌။ (အောက်က။) ဟတ္ထံ၊ ကို။ ပဝေသေတွာ၊ သွင်း၍။ အဘိမုခေန၊ ရှေးရှုဖြစ်သော။ (မိမိဘက်သို့ ရှေးရှုနေသော။) ဟတ္ထေန၊ လက်တစ်ဖက်ဖြင့်။ သဏိကံ၊ ဖြည်းဖြည်းနှေးနှေး။ နိက္ခိပနတ္ထံ၊ ချထားခြင်းအကျိုးငှာ။ (ဘဂဝတာ) ဝုတ္တံ။
ပန၊ ဆက်။ အန္တေ၊ သင်္ကန်းအစွန်းတို့ကို။ ဂဟေတွာ၊ ကိုင်၍။ ဘောဂေန၊ သင်္ကန်းအခွေဖြင့်။ စီဝရဝံသာဒီနံ၊ တို့၏။ ဥပရိ၊ အထက်၌။ နိက္ခိပန္တဿ၊ ပစ်တင်လသော်။ ဘိတ္တိယံ၊ နံရံ၌။ ဘောဂဂါ၊ သင်္ကန်းအခွေသည်။ ပဋိဟညတိ၊ ထိခိုက်၏။ တသ္မာ၊ ကြောင့်။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ (ထိုပစ်ချသော အခြင်းအရာအားဖြင့်။) န ကာတဗ္ဗံ၊ ရာ။အနန္တရဟိတာယ။ [အန္တရ+ ဓာ+ တ၊ ဓကို ဟပြု, အာကို ဣပြု၍ "အန္တရဟိတ" ဟု ဖြစ်၏၊] အန္တရေ- သပိတ်နှင့်မြေကြီးတို့၏ အကြား၌+ ဓီယတေ- ထားအပ်၏၊ ဣတိ အန္တရဟိတံ (အတ္ထရဏံ၊) နတ္ထိ+ အန္တရဟိတံ ယတ္ထာတိ အနန္တရဟိတာ၊ "အကြား၌ ထားအပ်သော အခင်းမရှိသော မြေ" ။
စီဝရဝံသာဒီနံ ၊ပေ၊ န ကာတဗ္ဗံ။ ။ ခေါက်ပြီးသော သင်္ကန်းကို သင်္ကန်းတန်းပေါ်၌ တင်သောအခါ သင်္ကန်းတန်းအောက်က လက်ရှိူ၍ (သင်္ကန်းတန်း၏အပေါ်၌ထုတ်ပြီးလျှင် ထိုလက်ဖြင့်) သင်္ကန်းအဖျားကို ယူပြီးမှ သင်္ကန်းတန်းပေါ် တင်ပါ၊သင်္ကန်းခေါက်များကို လက်နှစ်ဖက်ဖြင့်ကိုင်၍ တန်းပေါ် ပစ်မတင်လိုက်ပါနှင့်, ပစ်တင်လိုက်လျှင် သင်္ကန်းအခွေနှင့် နံရံရိုက်မိ၍ မကြာမီ သင်္ကန်းစုတ်တတ်ပါသည်။
**စုဏ္ဏံ သန္နေတဗ္ဗ** န္တိ၊ ကား။ နှာနစုဏ္ဏံ၊ ရေးချိုးဆပ်ပြာမှုန့်ကို။ ဥဒကေန၊ ဖြင့်။ တေမေတွာ၊ စိုစေ၍။ (ဆွတ်၍။) ပိဏ္ဍိ၊ အခဲကို။ ကာတဗ္ဗာ၊ ပြုထိုက်၏။ ["သံ+ နေတဗ္ဗံ" ဟု ပုဒ်ခွဲ။ အမှုန့်ကိုပေါင်း၍ ဆောင်ခြင်းဟူသည် အခဲပြုခြင်းပင်တည်း။]
**ဧကမန္တံ နိက္ခိပိတဗ္ဗ** န္တိ၊ ကား။ ဧကသ္မိံ၊ တစ်ခုသော။ နိဒ္ဓူမေ၊ မီးခိုးမရှိသော။ ဌာနေ၊ အရပ်၌။ ထပေတဗ္ဗံ၊ ထားရာ၏။
**ဇန္တာ**ဃရေ၊ ဇရုံးအိမ်၌။ ပရိကမ္မံ နာမ၊ ပရိကံမည်သည်။ အင်္ဂါရမတ္တိကဥဏှောဒကဒါနာဒိကံ၊ မီးကျီးကို ထည့်ပေးခြင်း, မြေညက်ကိုပေးခြင်း, ရေနွေးကိုပေးခြင်း အစရှိသော။ သဗ္ဗံ၊ ‌ သော။ ကိစ္စံ၊ ကိစ္စတည်း။
**ဥဒကေပိ ပရိကမ္မ** န္တိ၊ ကား။ အင်္ဂပစ္စင်္ဂဃံသနာဒိကံ၊ အင်္ဂါကြီးငယ်ကို ပွတ်တိုက်ပေးခြင်း အစရှိသော။ သဗ္ဗံ၊ သော။ ကိစ္စံ၊ ကို။ (ကာတဗ္ဗံ၌ စပ်။)
**ပါနီယေန ပုစ္ဆိတဗ္ဗော** တိ၊ ကား။ ဇန္တာဃရေ၊ ဇရုံးအိမ်၌။ (ဇရုံးအိမ်တုန်းက။) ဥဏှသန္တာပေန၊ မီးပူ၏ ပူလောင်ခြင်းကြောင့်။ ပိပါသာ၊ ရေသောက်လိုခြင်းသည်။ (ရေဆာခြင်းသည်။) ဟောတိ၊ ဖြစ်တတ်၏။ တသ္မာ၊ ကြောင့်။ ပုစ္ဆိတဗ္ဗော၊ မေးလျှောက်ထိုက်၏။ [ဇရုံးအိမ်၌နေခိုက် ရေငတ်တတ်၏။ ထို့ကြောင့် ကျောင်းသို့ရောက်လာသောအခါ သောက်ရေ လိုပါသလားဟု လျှောက်ရမည်။]
**သစေ ဥဿဟတီ** တိ၊ ကား။ သစေပဟောတိ၊ အကယ်၍ စွမ်းနိုင်အံ့။
ကေနစိ၊ တစ်စုံတစ်ခုသော။ ဂေလညေန၊ မကျန်းမမာသူ၏အဖြစ်သည်။ (မကျန်းမာခြင်းသည်။) အဘိဘူတော၊ လွှမ်းမိုးနှိပ်စက်အပ်သူသည်။ သစေန ဟောတိ၊ အကယ်၍ မဖြစ်အံ့။ [သစေ ပဟောတိကို ထပ်ဖွင့်သည်။] (ဧဝံသတိ၊ ဤသို့စွမ်းနိုင်လသော်။ သောဓေတဗ္ဗော၌ စပ်။)
ဟိ၊ မှန်။ [ဂေလညမနှိပ်စက်လျှင် ဆရာ၏ကျောင်းဝယ် အမှိုက်သုတ်သင်ရမည်ဟူသော စကားသည် မှန်၏။] အဂိလာနေန၊ ဂိလာနမဟုတ်သော။ သဒ္ဓိဝိဟာရိကေန၊ သည်။ သဋ္ဌိဝဿေနာပိ၊ ဝါ ၆၀ ရှိသော သဒ္ဓိဝိဟာရိက သော်မှလည်း။ သဗ္ဗံ၊ သော။ ဥပဇ္ဈာယဝတ္တံ၊ ဥပဇ္ဈာယ်၏ဝတ်ကို။ ကာတဗ္ဗံ၊ ပြုရာ၏။ အနာဒရေန၊ မလေးစားသဖြင့်။ အကရောန္တဿ၊ ဝတ်ကိုမပြုသော သဒ္ဓိဝိဟာရိက၏။ ဝတ္တဘေဒေ၊ ကျင့်ဝတ်၏ ပျက်ခြင်းကြောင့်။ ဒုက္ကဋံ၊ ဒုက္ကဋ်အာပတ်သည်။ (ဟောတိ၊ ၏။) [မလေးစားသဖြင့် ကျင့်ဝတ်ကို မပြုမှ အာပတ်သင့်သည်။ ဥပဇ္ဈာယ်က ခွင့်ပေးထားသည့်အတွက် မပြုခြင်းကား "အနာဒရိယ" မဟုတ်သောကြောင့် အာပတ်မသင့်။]
ပန၊ ဆက်။ နကာရပဋိသံယုတ္တေသု၊ နအက္ခရာနှင့်စပ်ယှဉ်ကုန်သော။ ပဒေသု၊ ပုဒ်တို့၌။ (န ကာတဗ္ဗံစသော ပုဒ်တို့၌။) ဂိလာနဿပိ၊ ဂိလာန၏လည်း။ ဝါ၊ သည်လည်း။ ပဋိက္ခိတ္တကိရိယံ၊ ပယ်မြစ်အပ်သော အပြုအမူကို။ ကရောန္တဿ၊ ပြုလသော်။ ဒုက္ကဋမေဝ၊ ဒုက္ကဋ်အာပတ်သာတည်း။ [မပြုရဟုတားမြစ်အပ်သော အရာ]
**အပ္ပဋိဃံသန္တေနာ** တိ၊ ကား။ ဘူမိယံ၊ မြေ၌။ (ကြမ်းပြင်၌။) အပ္ပဋိဃံသန္တေန၊ မပွတ်တိုက်ဘဲ။ [ညောင်စောင်းကို ကျောင်းအခန်းမှ ထုတ်ရာ၌ "ဒရွတ်ဆွဲ၍ မထုတ်ဘဲ" ဟူလို ဘူမိယံဟု ဆိုသော်လည်း ဘူမိအရ မြေကြီး, အင်္ဂတေအခင်း, ကြမ်းအခင်းအားလုံးကိုယူ။]
**ကဝါဋိပီဌ** ဋ္ဌန္တိ၊ ကား။ ကဝါဋဉ္စ၊ တံခါးရွက်ကိုလည်းကောာင်း။ ပိဋ္ဌသင်္ဃာတဉ္စ၊ တံခါးဘောင်ကိုလည်းကောင်း။ အစ္ဆုပန္တေန၊ မထိမခိုက်ဘဲ။ (နီဟရိတွာ နိက္ခိပိတဗ္ဗော၌ စပ်။ ပါဠိ‌တော်၌ အသံဃဋ္ဋေနကို အစ္ဆုပန္တေနဟု ဖွင့်သည်။)
**သန္တာနက** န္တိ၊ ကား။ ယံကိဉ္စိ၊ အမှတ်မရှိ တစ်စုံတစ်ခုသော။ ကီလကုလာဝကမက္ကဋကသုတ္တာဒိ၊ ပိုးကောင်လေးတို့၏ အသိုက်, ပင့်ကူချည်မျှင် အစရှိသောအရာဝတ္ထုသည်။ (သစေ ဟောတိ၌ စပ်၊)
**ဥလ္လောကာ ပထမံ သြဟာရေတဗ္ဗ** န္တိ၊ ကား။ ဥလ္လောကတော၊ အထက်မျက်နှာကြက်မှ။ ပထမံ၊ စွာ။ ဥလ္လောကံ၊ အထက်မျက်နှာကြက်ကို။ အာဒိံကတွာ၊ အစပြု၍။ [ဥလ္လောကာ ပဌမံကို ထပ်ဖွင့်သည်။] အဝဟရိတဗ္ဗံ၊ ပယ်ရှားရာ၏။ ဣတိ အထ္ထော။
**အာလောကသန္ဓိကဏ္ဏဘာဂါ** တိ၊ ကား။ အလောကသန္ဓိဘာဂါ စ၊ အရောင်အလင်းကို ပိတ်ဆို့ကြောင်းဖြစ်သောလေသာပြတင်းတခါးရွက်အဖို့တို့ကိုလည်းကောင်း။ ကဏ္ဏဘာဂါ စ၊ အခန်း၏အထောင့်အဖို့တို့ကိုလည်းကောင်း။သန္တာနကံ။ ။ "သမ္မာ တနီယတေ ဝိတ္ထာရီယတေတိ သန္တာနကံ၊ သံပုဗ္ဗ+ တနု+ဏွုပစ္စည်း ကံဟော" အနည်းငယ်မှစ၍ ကြီးမားကျယ်ပြန့်အောင် ချဲ့ဖြန့်အပ်သောကြောင့် "သန္တာနကံ" ဟုခေါ်သည်၊ တစ်နည်း "သမ္မာ တနီယတေသိ သန္တာနော၊ သံပုဗ္ဗ+ တနု+ ကံဟော ဏပစ္စည်းဖြင့် သန္တာနံ" ဟု ဖြစ်ပြီးမှ သွတ္ထ၌ ကသက်၊ ယောဇနာ၌ကား "သမ္မာ တာယတိ အတ္တာနဉ္စ ပရဉ္စ အနေနာတိ သန္တာနံ၊ တမေဝသန္တာနကန္တိ အတ္ထေန ကီဋကုလာဝကမက္ကဋကသုတ္တာဒိ သန္တာနကံ နာမာတိ ဒဿေန္တောအာဟ သန္တာနကန္တိအာဒိ" ဟုဖွင့်၏၊ ထိုအလို သံရှေးရှိသော+ တာဓာတ်+ ယုပစ္စည်းဖြင့် သန္တာနံ" ဟုဖြစ်ပြီးမှ သွတ္ထ၌ ကပစ္စည်းသက်၊ မိမိကိုလည်းကောင်း, သူတစ်ပါးကိုလည်းကောင်း ကာကွယ်စောင့်ရှောက်တတ်သောကြောင့် အသိုက်နှင့်တကွပိုးမျှင်တို့ကို "သန္တာနက" ဟု ဆိုလိုသတတ်။
ဥလ္လောကာ။ ။ လောကဓာတ်သည် (ဘူဝါဒိ စုရာဒိဖြစ်မူ) ဒဿနအနက်ကိုဟော၏၊ ထိုအနက်ကို လောစဓာတ်လည်း ဟော၏၊ ထို့ကြောင့် ပါဠိ၌ ဥလ္လောက,သက္ကတ၌ ဥလ္လောစ ဟုရှိ၏၊ ဥလ္လောကီယတေ- မော်၍ကြည့်အပ်၏၊ ဣတိ ဥလ္လောကော(ဏပစ္စည်း)၊ ဥလ္လောစီယတေတိ ဥလ္လောစော၊ [ယောဇနာ၌ "ဥဒ္ဓံ+ လုစီယတေဗန္ဓီယတေတိ ဥလ္လောကော" ဟု ပြု၏၊ လုစဓာတ်၏ ဗန္ဓနအနက်ကို မတွေ့ရ။]
အာလောကသန္ဓိကဏ္ဏဘာဂါ။ ။ "အာလောကသန္ဓိဘာဂ ကဏ္ဏဘာဂ" ဟုဆိုလိုလျက် ရှေ့ဘာဂပုဒ်ကို ချေ၊ တစ်နည်း- အာလောကသန္ဓိနှင့် ကဏ္ဏကို ရှေးဦးစွာဒွန်တွဲ၍ "အာလောကသန္ဓိကဏ္ဏာနံ+ ဘာဂါ အာလောကသန္ဓိကဏ္ဏဘာဂါ" ဟုသော်လည်းပြု၊ "အာလောကံ- အရောင်အလင်းကို၊ သန္ဓေန္တိ- ပိတ်ဆို့တတ် (ပိတ်ကွယ်တတ်) ကုန်၏" ဟူသော ဝိဂြိုလ်အရ အပြင်ဘက်က အရောင်များကို ပိတ်ကွယ်တတ်သောလေသောက်ပြတင်း၏ တံခါးရွက်တို့ကို "အာလောကသန္ဓိ" ဟု ခေါ်၏။
(ပမဇ္ဇိတဗ္ဗာ၌ စပ်။) အန္တ ရဗာဟိရ ဝါတပါနကဝါဋကာနိ စ၊ အတွင်းအပြင်ဖြစ်သော လေသာပြတင်း တခါးရွက်တို့ကိုလည်းကောင်း။ ဂဗ္ဘဿ၊ အခန်း၏။ စတ္တာရော၊ လေးဘက်ကုန်သော။ ကောဏာ စ၊ အထောင့်တို့ကိုလည်းကောင်း။ ပမဇ္ဇိတဗ္ဗာ၊ ပွတ်တိုက်ထိုက်ကုန်၏. ဣတိ အတ္တော။
**ယယာပညတ္တံ ပညပေတဗ္ဗ** န္တိ၊ ကား။ ယထာ၊ အကြင်အခြင်းအရာအားဖြင့်။ ပထမံ၊ ရှေးဦးစွာ။ (အပြင်သို့ မထုတ်မီ။) ပညတ္တံ၊ ခင်းထားအပ်သည်။ အဟောသိ၊ ပြီ။ တထေဝ၊ ထိုရှေး၌ ခင်းထားအပ်သည့်အတိုင်းသာလျှင်။ ပညပေတဗ္ဗံ၊ ခင်းထားရာ၏။
ဟိ၊ မှန်။ ဧတဒတ္ထမေဝ၊ ဤအကျိုးငှာပင်။ (ရှေး၌ထားအပ်သည့်အတိုင်း ခင်းခြင်းအကျိုးငှာပင်။) ယထာ ပညတ္တံ။ ပေ။ နိက္ခိပိတဗ္ဗန္တိ၊ ဟူ၍။ ပုရိမဝတ္တံ၊ ‌ရှေ့ကျင့်ဝတ်ကို။ ပညတ္တံ၊ ပညတ်တော်မူအပ်ပြီ။ [ယတာပညတ္တံ သလ္လက္ခေတွာ(မှတ်သား၍) ဟု သလ္လက္ခေတွာသဒ္ဒါဖြင့် ပညတ်တော်မူခဲ့သည်၊ ဟူလို။]
ပန၊ ဆက်။ ပဌမံ၊ စွာ။ (အစတုန်းက)။ အဇာနန္တေ န၊ မသိတတ်သော။ (ခင်းထားနည်းကိုနားမလည်သော)။ ကေနစိ၊ တစ်စုံတစ်ယောက်သည်။ ပညတ္တ၊ ခင်းထားအပ်သည်။ သစေ ဟောတိ၊ အံ့။ (ဧဝံသတိ) သမန္တတော၊ ပတ်ဝန်းကျင်၌။ ဘိတ္တိံ၊ နံရံကို။ ဒွင်္ဂုလမတ္တေန ဝါ၊ လက်နှစ်သစ်မျှဖြင့်သော်လည်းကောင်း။ တိဝင်္ဂုလမတ္တေန ဝါ၊ လက်သုံးသစ်မျှဖြင့်သော်လည်းကောင်း။ မောစေတွာ၊ လွတ်စေ၍။ (နံရံနှင့်ခွာ၍) ပညပေတဗ္ဗံ၊ ရာ၏။ [**"အခင်းပေါ်၌ အမှိုက်ရှိလျှင် လှည့်၍ချဖို့ရန် လက်နှစ်သစ်, သုံးသစ်မျှ နံရံမှခွာ၍ ခင်းရမည်"**၊ ဟူလို။] ဟိ= မှန်။
ဣဒံ၊ ဤနံရံနှင့်လက်နှစ်သစ်, သုံးသစ်မျှ ခွာ၍ ခင်းခြင်းသည်။ ပညပနဝတ္တံ၊ ခင်းခြင်း၏ ကျင့်ဝတ်တည်း။
ကဋသာရကော၊ ဖျာသင်းဖြူးသည်။ သစေ ဟောတိ၊ အကယ်၍ရှိအံ့။ အတိမဟန္တော စ၊ အလွန်ကြီးသည်လည်း။ (သစေ ဟောတိ၊ အကယ်၍ ဖြစ်အံ့။ ဧဝံသတိ၊ ဤသို့ သင်ဖြူးက အကြီးကြီးဖြစ်နေလသော်။) ဆိန္ဒိတွာ၊ ဖြတ်၍။ ကောဋိံ၊ အစွန်ကို။ နိဝတ္တေတွာ၊ ပြန်နစ်စေ၍။ (အဖျားကို အတွင်းသွင်း၍။) ဗန္ဓိတွာ၊ ဖွဲ့ချည်၍။ ပညပေတဗ္ဗော၊ ၏။ [ဖျာ သင်ဖြူးက အခန်းနှင့် မဆန့်လောက်အောင် ကြီးနေမှ ဖြတ်၍ ခင်းရမည်။ အခန်းဆန့်လျှင် ဖြတ်ဖွယ်မလို။]
ကောဋိံ၊ ကို။ နိဝတ္တေတွာ၊ ပြန်နစ်စေ၍။ ဗန္ဓိတုံ၊ ဖွဲ့ချည်းခြင်းငှာ။ (ဖွဲ့ချည်းနည်းကို။) သစေနဇာနာတိ၊ အကယ်၍ နားမလည်အံ့။ (ဧဝံသတိ) န ဆိန္ဒိတဗ္ဗော၊ မဖြတ်ထိုက်။
**ပုရတ္ထိမာ ဝါတပါနာထကေတဗ္ဗာ** တိ၊ ကား။ ပုရတ္ထိမာယ၊ အရှေ့အရပ်၌။ (အရှေ့အရပ်က။) ဝါတပါနာ၊ လေသောက်ပြတင်းပေါက်တို့ကို။ ထကေတဗ္ဗာ၊ ပိတ်ထိုက်ကုန်၏။ [ပုရတ္ထိမာ၌ ယကျေသည်ဟု ပြလို၍ "ပုရတ္ထိမာယ" ဟုဖွင့်၏ဟု ယောဇနာ၌ ဆို၏။ မိမိကား အဓိပ္ပာယတ္ထဖွင့်သည်ဟု ထင်သည်။ **"ပုရတ္ထိမာ၊ အရှေ့အရပ်၌ဖြစ်ကုန်သော။ ဝါတပါနာ၊ လေသောက်ပြတင်းတို့ကို။ ထကေတဗ္ဗာ၊ ပိတ်ထိုက်ကုန်၏"** ဟုပါဠိတော်၌ ပေးနိုင်သည်။ **"ပုရတ္ထ၊ အရှေ့အရပ်၌+ ဘဝါပုရတ္ထိမာ"** ဟု ပြု။ ပုရတ္ထကား နိပါတ်။]
ဧဝံ၊ ဤအတူ။ သေသာ၊ ကုန်သော။ ဝါတပါနာပိ၊ တို့ကိုလည်း။ ထကေတဗ္ဗာ၊ န်၏။
**ဝူပကာသေတဗ္ဗော** တိ၊ ကား။ အညတ္ထ၊ အခြားအရပ်သို့။ နေတဗ္ဗော၊ ပင့်ဆောင်ထိုက်၏။
**ဝူပကာသာပေတဗ္ဗော** တိ၊ ကား။ အညော၊ အခြားသော။ ဘိက္ခု၊ ကို။ ဝတ္တဗ္ဗော၊ လျှောက်ထိုက်၏။ (ကိံ၊ နည်း?။) ထေရံ၊ ဥပဇ္ဈာယ်ထေရ်ကို။ ဂဟေတွာ၊ ခေါ်၍။ (ပင့်၍။) အညတ္ထ၊ အခြားအရပ်သို့။ ဂစ္ဆ၊ သွားပါလော။ ဣတိ၊ သို့။ (ဝတ္တဗ္ဗော၊ ၏။) **ဝိဝေစေတဗ္ဗ** န္တိ၊ ကား။ ဝိသဇ္ဇာပေတဗ္ဗံ၊ စွန့်လွှတ်စေထိုက်၏။ [ဝိပုဗ္ဗ+ ဝိစဓာတ်သည် ကင်းဆိတ်ခြင်းအနက်ကို ဟော၏။ ကာရိတ် ဏေပစ္စည်းကြောင့် "ကင်းဆိတ်စေထိုက်၏" ဟု သဒ္ဒတ္ထဖြစ်၏။ အဋ္ဌကထာဖွင့်ကား အဓိပ္ပယတ္ထတည်း။]
**ဝိဝေစာပေတဗ္ဗ** န္တိ၊ ကား။ အညော၊ အခြားရဟန်းကို။ ဝတ္တဗ္ဗော၊ လျှောက်ထိုက်၏။ (ကိံ၊ နည်း?။) ထေရံ၊ ဥပဇ္ဈာယ်ထေရ်ကို။ ဒိဋ္ဌိဂတံ၊ မိစ္ဆာအယူကို။ ဝိသဇ္ဇာပေဟိ၊ စွန့်စေပါလော။ ဣတိ(ဝတ္တဗ္ဗော၊ ၏။) [ဤ၌လည်း ဝိဝေစာပေတဗ္ဗံ၌ ကာရိတ် ဏေပစ္စည်း, ဏာပေပစ္စည်း နှစ်ချက်သက်၍ "ကင်းဆိတ်ပါစေဟုစေခိုင်းထိုက်၏" ဟု သဒ္ဒတ္ထဖြစ်၏။ အဋ္ဌကထာဖွင့်ကား အဓိပ္ပာယတ္ထတည်း။]
**ဥဿုက္ကံ ကာတဗ္ဗ** န္တိ၊ ကား။ ပရိဝါသဒါနတ္ထံ၊ ပရိဝါသ်ပေးခြင်းအကျိုးငှာ။ သော သော ဘိက္ခု၊ ထိုထိုရဟန်းကို။ ဝါ၊ သို့။ ဥပသင်္ကမိတွာ၊ ၍။ ယာစိတဗ္ဗော၊ တောင်းပန်ထိုက်၏။ [ဥဿုက္ကံအရ ကြောင့်ကြစိုက်ရပုံကို အဓိပ္ပာယ်ဖွင့်သည်။]
အတ္တနာ၊ မိမိသည်။ ပဋိဗလော၊ ပရိဗလော= ပရိဝါသ်ပေးခြင်း၌ စွမ်းနိုင်သည်။ သစေ ဟောတိ၊ အံ့။ (ဧဝံသတိ) အတ္တနာဝ၊ ကိုယ်တိုင်သာလျှင်။ (ပရိဝါသော၊ ကို။) ဒါတဗ္ဗော၊ ပေးထိုက်၏။ (အတ္တနာ၊ သည်။)
ပဋိဗလော၊ ပရိဝါသ်ပေးခြင်း၌ စွမ်းနိုင်သည်။ နော စေ ဟောတိ၊ အကယ်၍ မဖြစ်အံ့။ (ဧဝံသတိ) အညေန၊ အခြားရဟန်းသည် ။ ဝါ၊ ကို။ ဒါပေတဗ္ဗော၊ ပေးစေထိုက်၏။
**ကိန္တိ နု ခေါ** တိ၊ ကား။ ကေန ဥပါယေန၊ အဘယ်နည်းလမ်းဖြင့်။ (ဒဒေယျ)နု ခေါ၊ ပေးရာပါအံ့နည်း?။
သဗ္ဗတ္ထ၊ အလုံးစုံသောမူလာယပဋိကဿေယျစသော ဝါကျတို့၌။ ဧသ၊ ဤအစီအရင်သည်။ နယော၊ သိကြောင်းအစီအရင်တည်း။ ဝူပကာသေတဗ္ဗော။ ။ ဝိ+ ဥပ+ ကသဓာတ်သည် ဂတိအနက်ဟောတည်း၊ ကာရိတ်ပစ္စည်းကြောင့် "ဝိ- ဤအရပ်ကို ကြဥ်၍+ ဥပကာသ- အခြားအရပ်သို့ သွားစေထိုက်၏" ဟု သဒ္ဒတ္ထဖြစ်၏၊ "အညတ္ထ နေတဗ္ဗော" ကား အဓိပ္ပာယတ္ထ၊ "အခြားအရပ်" ဟူရာ၌လည်း ကလျာဏမိတ္တရှိသော အခြားအရပ်တည်းဟု ဝိမတိ မိန့်သည်၊ [ဝူပကာသာပေတဗ္ဗော၌ ကာရိတ် ဏေ+ဏာပေ နှစ်ချက်၊ "အခြားအရပ်သို့ သွားပါစေဟု စေလျှောက်ထိုက်၏" ဟု သဒ္ဒတ္ထဖြစ်၏၊ အဋ္ဌကထာဖွင့်ကား အဓိပ္ပာယတ္ထတည်း။]
**လဟုကာယ ဝါ ပရိဏာမေယျာ** တိ၊ ကား။ ဥက္ခေပနီယံ၊ ဥက္ခေပနီယကံကို။ အကတွာ၊ မပြုမူ၍။ (ဥက္ခေပနီယကံ ကဂရုကကံဖြစ်သောကြောင့် မပြုဘဲ။) တဇ္ဇနီယံ ဝါ၊ တဇ္ဇနီယကံကိုသော်လည်းကောင်း။ နိယဿံ ဝါ၊ နိယသကံကိုသော်လည်းကောင်း။ ကရေယျ(နု ခေါ)၊ ပြုရာပါအံ့နည်း။ ဣတိ အတ္ထော။
ဟိ၊ ချဲ့။ တေန၊ ထိုသဒ္ဓိဝိဟာရိကသည်။ သံဃော၊ သည်။ ဥပဇ္ဈာယဿ၊ ဥပဇ္ဈာယ်ဆရာ၏ အပေါ်၌။ ဥက္ခေပနီယကမ္မံ၊ ကို။ ကတ္တုကာမော၊ ပြုခြင်းငှာအလို့ရှိ၏။ ဣတိ၊ သို့။ ဉတွာ၊ သိ၍။ ဧကမေကံ၊ တစ်ပါးစီ တစ်ပါးစီသော။ ဘိက္ခုံ၊ ကို။ ဥပသင်္ကမိတွာ၊ ၍။ ဘန္တေ၊ တို့။ (တုမှေ၊ တို့သည်။) အမှာကံ၊ တို့၏။ ဥပဇ္ဈာယဿ၊ ၏အပေါ်၌။ ကမ္မံ၊ ကံကို။ မာ ကရိတ္ထ၊ မပြုကြပါကုန်လင့်။ ဣတိ ယာစိတဗ္ဗာ၊ န်၏။
သစေကရောန္တိယေဝ၊ အကယ်၍ ဧကန်ပြုကုန်အံ့။ (ဧဝံသတိ) တဇ္ဇနီယံ၊ ကို။ ကရောထ၊ ပြုကြပါကုန်။ ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။ **နိယဿံ**၊ ကို။ ကရောထ၊ ကုန်။ ဣတိ ဝါ၊ သော်လည်းကောင်း။ ယာစိတဗ္ဗာ၊ န်၏။
သစေ ကရောန္တိယေဝ၊ အကယ်၍ ဥက္ခေပနီယကံကိုပင် ဧကန်ပြုကုန်အံ့။ အထ၊ ကုန်လသော်။ ဥပဇ္ဈာယော၊ ကို။ ဘန္တေ, သမ္မာ၊ ကောင်းစွာ။ ဝတ္တထ၊ ကျင့်ပါကုန်။ ဣတိ, ယာစိတဗ္ဗော၊ ၏။
ဣတိ၊ ဤသို့ တောင်းပန်ခြင်းဖြင့်။ တံ၊ ထိုဥပဇ္ဈာယ်ကို။ သမ္မာ၊ စွာ။ ဝတ္တာပေတွာ၊ ကျင့်စေ၍။ ဘန္တေ၊ တို့။ ကမ္မံ၊ ကံကို။ ပဋိပဿမ္ဘေထ၊ ငြိမ်းစေကြပါကုန်။ ဣတိ၊ သို့။ ဘိက္ခူ၊ တို့ကို။ ယာစိတဗ္ဗာ၊ န်၏။
**သမ္ပရိဝတ္တက** န္တိ၊ ကား။ သမ္ပရိဝတ္တေတွာ သမ္ပရိဝတ္တေတွာ၊ လှန်၍ လှန်၍။ (ရဇိတဗ္ဗံ၌ စပ်။) [အတွင်းဘက်က ဆိုးလိုက်, အပြင်ဘက်က ဆိုးလိုက်။ ဤသို့ပြန်လှန်၍ဆိုးပါ၊ ဟူလို။]
**န စ။ ပေ။ ပက္ကမိတဗ္ဗ** န္တိ၊ ကား။ အပ္ပမတ္တကမ္ပိ၊ နည်းသောအတိုင်းအရှည် ရှိသည်လည်းဖြစ်သော။ ရဇနံ၊ ဆိုးရည်သည်။ ယဒိ ဂဠတိ၊ အကယ်၍ လျောကျသေးအံ့။ (ဧဝံသတိ) န တာဝ ပက္ကမိတဗ္ဗံ၊ မဖဲသွားထိုက်သေး။ [ကျနေသော ဆိုးရည်ပေါက်ကို သုတ်၍ပေးဖို့ရန် သို့မဟုတ် ထပ်၍ ညှစ်ဖို့ရန်မဖဲသွားဘဲ စောင့်နေပါ၊ ဟူလို။] သမ္ပရိဝတ္တကံ။ ။ ယခုစာအုပ်တို့၌ "သမ္ပရိဝတ္တကံ သမ္ပရိဝတ္တကံ" ဟု နှစ်ထပ်တွေ့ရ၏၊ ဤပုဒ်မျိုးကား "ကြိယာဝိသေသန အာဘိက္ခညတ္ထ" ပုဒ်မျိုးတည်း၊ ဤပုဒ်မျိုးသည် သံဝဏ္ဏေတဗ္ဗ တစ်ပုဒ်သာရှိ၍ သံဝဏ္ဏနာကျမှ နှစ်ပုဒ်ရှိရသည်၊ ဥပမာ- "ပိဏ္ဍုက္ခေပကန္တိ ပိဏ္ဍံ ဥက္ခိပိတွာ ဥက္ခိပိတွာ" ဟုဖွင့်ခြင်းမျိုးကဲ့သို့တည်း၊ ပရိဝတ္တကံ၌ ဒုတိယာဝိဘတ်သည် ကြိယာဝိသေသနအနက်၌ သက်၏၊ သံ+ ပရိ+ ဝတုဓာတ်+ ဏွုပစ္စည်းတည်း၊ ထို ဏွုပစ္စည်းသည် အာဘိက္ခညအနက်ကို ထွန်းပြ၏၊ အာဘိက္ခာဟူသည်မပြတ်မလပ် အထပ်ထပ်အနက်တည်း၊ ထို့ကြောင့် "သမ္ပရိဝတ္တေတွာ သမ္ပရိဝတ္တေတွာ" ဟု အာဘိက္ခညအနက်နှင့်တကွ ကြိယာဝိသေသနကို ဖွင့်ပြသည်၊ မောဂ္ဂလ္လာန်၌တွာပစ္စည်းဟူသမျှကို ဘောဟောဟု ယူထားသောကြောင့် ဤပုဒ်မျိုးကို "ဘာဝသာဓန" ပြုလုပ်၍ က ကို အနက်မရှိဟု ကြံပါ။
**န ဥဇ္ဈာယံ။ ပေ။ ဒါတဗ္ဗော** တိအာဒိ၊ အစရှိသော။ သဗ္ဗံ၊ အလုံးစုံသော စကားရပ်ကို။ ဥပဇ္ဈာယဿ၊ ၏။ ဝိသဘာဂပုဂ္ဂလဝသေန၊ သဘောမတူသော ပုဂ္ဂိုလ်၏အစွမ်းဖြင့်။ ကတိတံ၊ ဆိုအပ်ပြီ။ [အချို့စာအုပ်တို့၌ **ဝိသဘာဂပုဂ္ဂလေန၊ သဘောမတူသော ပုဂ္ဂိုလ်အားဖြင့်"** ဟုကြိယာဝိသေသနရှိ၏။]
**န ဥမဇ္ဈာယံ။ ပေ။ ပဝိသိတဗ္ဗော** တိ၊ ကား။ ပိဏ္ဍာယ ဝါ၊ ဆွမ်းအလို့ငှာသော်လည်းကောင်း။ အ‌‌ညေန၊ အခြားသော။ ကရဏီယေန ဝါ၊ ပြုဖွယ်ကိစ္စကြောင့်သော်လည်းကောင်း။ ပဝိတုကာမေန၊ ဝင်ခြင်းငှာ အလိုရှိသော သဒ္ဓိဝိဟာရိကသည်။ အာပုစ္ဆိတွာဝ၊ ခွင့်ပန်ပြီး၍သာလျှင်။ ဝါ၊ ပြီးမှသာလျှင်။ ပဝိသိတဗ္ဗော၊ ဝင်ထိုက်၏။ [ဥပဇ္ဈာယ်နေရာကျောင်းနှင့် သဒ္ဓိဝိဟာရိကတို့၏ နေရာကျောင်းသည် ဝေးကွာဟန် မတူ။ တစ်ကျောင်းတည်းသော်လည်း ဖြစ်တန်ရာ၏။ ထိုကြောင့် ဆွမ်းခံသွားဖို့ကိစ္စသော်မှ ခွင့်ပန်၍ သွားရမည်ဟု ဆိုသည်။]
ဥပဇ္ဈာယော၊ သည်။ ကာလဿေဝ၊ စောစော၌ပင်။ (စောစောကပင်။) ဝုဋ္ဌာယ၊ ထ၍။ ဒူရံ၊ ဝေးသော။ ဘိက္ခာစာရံ၊ ဆွမ်းခံလှည့်လည်ရာ အရပ်သို့။ ဂန္တုကာမော၊ သွားခြင်းငှာ အလိုရှိသည်။ သစေ ‌ဟောတိ၊ အံ့။ (ဧဝံသတိ) ဒဟရာ၊ ဦးပဉ္စင်းငယ်တို့သည်။ ပိဏ္ဍာယ၊ ငှာ။ ပဝိသန္တု၊ ဝင်ရစ်ကြကုန်လော။ ဣတိ၊ သို့။ ဝတွာ၊ ပြောပြီး၍။ (ပြောပြီးမှ။) ဂန္တဗ္ဗံ၊ သွားရာ၏။ [မိမိက အစောကြီး ဆွမ်းခံသွားရသည်ဖြစ်၍ **"ဦးပဉ္စင်းများလည်း အချိန်ကျလျှင် ဆွမ်းခံဝင်ရစ်ကြ"** ဟု ပြော၍သွားရမည်၊ ဟူလို။]
အဝတွာ၊ မပြောမူ၍။ ဂတေ၊ သွားလသေည်။ ပရိဝေဏံ၊ ပရဝုဏ်သို့။ (ဥပဇ္ဈာယ်နေရာကျောင်းသို့။) ဂန္တွာ၊ ၍။ ဥပဇ္ဈာယံ၊ ကို။ အပဿန္တေန၊ မမြင်လ‌သော်။ ဂါမံ၊ သို့။ ပဝိသိတုံ၊ ငှာ။ ဝဋ္ဋတိ၊ အပ်၏။ [ဥပဇ္ဈာယ်ကို မတွေ့သောကြောင့်မပန်းပြောဘဲ ဆွမ်းခံဝင်ကောင်း၏။]
ဂါမံ၊ သို့။ ပဝိသန္တောပိ၊ ဝင်စဉ်လည်း။ သစေ ပဿတိ၊ အကယ်၍ ဥပဇ္ဈာယ်ကို မြင်အံ့။ (ဧဝံသတိ) ဒိဋ္ဌဋ္ဌာနတော၊ မြင်ရာအရပ်မှ။ ပဋ္ဌာယ၊ စ၍။ အာပုစ္ဆိတုံယေဝ၊ ပန်ပြောခြင်းငှာသာ။ ဝဋ္ဋတိ၊ ၏။ [**"တပည့်တော် ဆွမ်းခံဝင်လာပါ၏"** ဟု ပန်ပြောရမည်၊ ဟူလို။]ယောဇနာ။ ။ သမ္ပရိဝတ္တကန္တိ ဧတ္ထ ပိဏ္ဍုက္ခေပကံတိအာဒီသု ဝိယသမ္ပရိဝတ္တပန္တိ ပဒံ ကြိယာဝိသေသနံ၊ သပစ္စယော စ ဝိစ္ဆာတ္ထောတိ အာဟသမ္ပရိဝတ္ထေတွာတိ" ဟု အာဘိက္ခညကိုပင် "ဝိစ္ဆတ္ထ" ဟု ယောဇနာဖွင့်လေ၏၊ အမှန်မှာ‌ နေရာအများ၌ ပျံ့နှံ့နိုင်သော "ဝိစ္ဆာ" အနက် မဟုတ်၊ "အာဘိက္ခည" အနက်သာတည်း။
ဝိသဘာဂပုဂ္ဂလဝသေန။ ။ ဝိသဘာဂပုဂ္ဂလာနန္တိ လဇ္ဇိနော ဝါ အလဇ္ဇိနော ဝါဥပဇ္စျာယဿ အဝဒဎိုကာမေ သန္ဓာယ ဝုတ္တံ၊ သစေ ပန ဥပဇ္စျာယော အလဇ္ဇီ၊ သြဝါဒမ္ပိ နဂဏှာတိ၊ (အခြားသူတို့၏ သြဝါဒကိုလည်း မနာယူအံ့၊) လဇ္ဇိနော စ ဧတဿဝိသဘာဂါ ဟောန္တိ၊ တတ္ထ ဥပဇ္စျာယံ ဝိဟာယ လဇ္ဇီဟေဝ သဒ္ဓိံ အာမိသာဒိပရိဘောဂေါ ကာတဗ္ဗော၊ ဥပဇ္စျာယာဒိဘာဝေါ ဟေတ္ထ န ပမာဏန္တိ ဒဋ္ဌဗ္ဗံ၊- ဝိမတိ။
**န သုသာနံ ဂန္တဗ္ဗ** န္တိ၊ ကား။ ဝါသတ္ထာယ ဝါ၊ နေခြင်းအကျိုးငှာသော်လည်းကောင်း။ ဒဿနတ္ထယ ဝါ၊ အသုဘရှုခြင်းအကျိုးငှာသော်လည်းကောင်း။ နဂန္တဗ္ဗံ၊ မသွားရာ။ [မပန်ပြောဘဲ သွားခြင်း၏ အပြစ်ကို ဓမ္မပဒအဋ္ဌကထာ "မဟာကာဠတ္ထေတဝတ္ထု" ၌ ရှုပါ။]
န ဒိသာ ပက္ကမိတဗ္ဗာတိ ဧတ္ထ၊ ၌။ (ဒိသံ၊ အရပ်တစ်ပါးသို့။) ပက္ကမိတုကာမေန၊ ဖဲသွားခြင်းငှာ အလိုရှိသော သဒ္ဓိဝိဟာရိကသည်။ ကမ္မံ၊ အလုပ်ကိစ္စကို။ အာစိက္ခိတွာ၊ ညွှန်းပြလျှောက်ထား၍။ ယာဝ တတိယံ၊ သုံးကြိမ်တိုင်အောင်။ ယာစိတဗ္ဗော၊ ၏။
သစေ အနုဇာနာတိ၊ အကယ်၍ ခွင့်ပြုအံ့။ (ဧဝံသတိ) သာဓု၊ ကောင်း၏။ နော စေ အနုဇာနာတိ၊ အကယ်၍ ခွင့်မပြုအံ့။ (ဧဝံသတိ) တံ၊ ထိုဥပဇ္ဈာယ်ကို။ နိဿယ၊ မှီ၍။ ဝသတော၊ နေသော။ အဿ၊ ထိုသဒ္ဓိဝိဟာရိက၏။ ဥဒ္ဒေသော ဝါ၊ ပါဠိကို ရွတ်ပြခြင်းသည်လည်းကောင်း။ ပရိပုစ္ဆာ ဝါ၊ အနက်ကို အဖန်ဖန် မေးမြန်းရခြင်းသည်လည်းကောင်း။ ကမ္မဋ္ဌာနံဝါ၊ ကမ္မဋ္ဌာန်းသည်လည်းကောင်း။ စေ န သမ္ပဇ္ဇတိ၊ အကယ်၍ မပြီးစီးအံ့။ [တွဲဖက် သဟာဒိယောဂပုဒ် မရှိသောကြောင့် "မပြည့်စုံအံ့" ဟု မပေးရ။] ဥပဇ္ဈာယော၊ သည်။ ဗလော၊ ဝိနည်းသိက္ခာပုဒ်၌ မကျွမ်းကျင်သည်။ အဗျတ္တော၊ မထက်မြက်သည်။ စေ ဟောတိ၊ အံ့။ ကေဝလံ၊ တစ်စုံတစ်ခု အကျိုးရှိမှုနှင့်မဖက် သက်သက်။ အတ္တနော၊ ၏။ သန္တိကေ၊ အထံ၌။ ဝသာပေတုကာမတာယ ဧဝ၊ နေစေခြင်းငှာအလိုရှိသည်၏အဖြစ်ကြောာင့်သာ။ ဂန္တုံ၊ သွားခြင်းငှာ။ (သွားခွင့်ကို။) စေ န ဒေတိ၊ အကယ်၍ မပေးအံ့။ (ဧဝံသတိ၊ ဤသို့ဖြစ်လသော်။) ဧဝရူပေ၊ ဤသို့သဘောရှိသော ဥပဇ္ဈာယ်သည်။ နိဝါရေန္တေပိ၊ တားမြစ်ပါသော်လည်း။ ဂန္တုံ၊ ငှာ။ ဝဋ္ဋတိ၊ အပ်၏။
**ဝုဋ္ဌာနမဿ အာဂမေတဗ္ဗ** န္တိ၊ ကား။ အဿ၊ ထိုဥပဇ္ဈာယ်၏။ ‌ဂေလညတော၊ မကျန်းမမာသူ၏ အဖြစ်မှ။ (ရောဂါမှ။) ဝုဋ္ဌာနံ၊ ထမြောက်ခြင်းကို။ (ထမြောက်ရာအခါတိုင်အောင်။) အာ‌ဂမေတဗ္ဗံ၊ ဆိုင်းငံ့ထိုက်၏။ ကတ္ထစိ၊ တစ်စုံတစ်ခုသောအရပ်သို့။ န ဂန္တဗ္ဗံ၊ မသွားရာ။
အညော၊ သော။ ဥပဋ္ဌာကော၊ အလုပ်အကျွေးဖြစ်သော။ ဘိက္ခု၊ သည်။ သစေ အတ္ထိ၊ အံ့။ (ဧဝံသတိ) ဘေသဇ္ဇံ၊ ဆေးကို။ ပရိယေသိတွာ၊ ရှာ၍။ တဿ၊ ထိုအလုပ်အကျွေးရဟန်း၏။ ဟတ္ထေ၊ လက်၌။ ဒတွာ၊ ပေး၍။ ဘန္တေ, အယံ၊ ဤရဟန်းသည်။ ဥပဋ္ဌဟိဿတိ၊ လုပ်ကျွေးရစ်ပါလိမ့်မည်။ ဣတိ၊ သို့။ ဝတွာ၊ ၍။ ဂန္တဗ္ဗံ၊ သွားရာ၏။ (သွားနိုင်၏။) **ဥပဇ္ဈာယဝတ္တကထာ**၊ ဥပဇ္ဈာယဝတ္တကထာသည်။ (ဥပဇ္ဈာယ် အပေါ်၌ သဒ္ဓိဝိဟာရိကတို့က ပြုအပ်သော ကျင့်ဝတ်တို့ကို ပြဆိုရာ စကားရပ်သည်။)