Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Mahāvagga-aṭṭhakathā
(SP) Mahāvagga-aṭṭhakathā

Cīvararajanakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**ဆကဏေနာ**တိ၊ ကား။ ဂေါမယေန၊ နွားချေးဖြင့်လည်းကောင်း။
**ပဏ္ဍုမတ္တိကာယာ**တိ၊ ကား။ တမ္ဗမတ္တိကာယ၊ မြေနီဖြင့်လည်းကောင်း။ (ရဇန္တိ၌ စပ်။)
မူလရဇနာဒီသု၊ အမြစ်ဆိုးရည် အစရှိသည်တို့တွင်။ ဟလိဒ္ဒိံ၊ နနွင်းတက်ကို။ ထပေတွာ၊ ချန်ထား၍။ သဗ္ဗံ၊ အလုံးစုံသော။ မူလရဇနံ၊ အမြစ်ဆိုးရည်သည်။ ဝဋ္ဋတိ၊ အပ်၏။
မဉ္ဇိဋ္ဌဉ္စ၊ ထန်းကျင့်ပင်ကိုလည်းကောင်း။ ဝါ၊ နီးပါးဆေးပင်ကိုလည်းကောင်း။ တုင်္ဂဟာရဉ္စ၊ ပိန္နဲနွယ်ပင်ကိုလည်းကောင်း။ ထပေတွာ၊ ၍။ သဗ္ဗံ၊ သော။ ခန္ဓရဇနံ၊ ပင်စည်ဆိုးရည်သည်။ ဝဋ္ဋတိ၊ ၏။ [ဤကဲ့သို့ ချန်ထားရခြင်းသည် အသွေးအရောင်က ကောင်းလွန်းသောကြောင့် ဖြစ်ဟန်တူသည်။]
တုင်္ဂဟာရော နာမာ၊ မည်သည်။ ဧကော၊ တစ်မျိုးသော။ သကဏ္ဍကရုက္ခော၊ ဆူးရှိသော သစ်ပင်တည်း။ ["တုင်္ဂုဟာရ" ကို "ပိန္နဲနွယ်ပင်" ဟု ပေးကြ၏။ "ပိန္နဲနွယ်ပင်" ၌ ဆူး ရှိ မရှိကို သတိပြုပါလေ။] တဿ၊ ထို သစ်ပင်၏။ ဟရိတာလဝဏ္ဏံ၊ ဆေးဒန်း မြင်းသီလာ အဆင်းရှိသော။ ခန္ဓရဇနံ၊ သည်။ ဟောတိ၊ ရှိ၏။
လောဒ္ဒဉ္စ၊ ဒေါက်ရပ်ခေါက်ကိုလည်းကောင်း။ ကဏ္ဍုလဉ္စ၊ ကြာပိုင်ခေါက်ကိုလည်းကောင်း။ ("မဒမ" ဟုလည်း ပေးကြ၏။) ထပေတွာ၊ ၍။ သဗ္ဗံ၊ သော။ တစရဇနံ၊ အခေါက်ဆိုးရည်သည်။ ဝဋ္ဋတိ၊ [ထိုအခေါက်များကို ချန်ထားရခြင်းမှာ အနံ့မကောင်းသောကြောင့် ဖြစ်ဟန်တူသည်။]
အလ္လိပတ္တံ၊ ဒန်းရွက်ကိုလည်းကောင်း။ နီလိပတ္တဉ္စ၊ မဲရွက်ကိုလည်းကောင်း။ ထပေတွာ သဗ္ဗံ၊ ပတ္တရဇနံ၊ အရွက်ဆိုးရည်သည်။ ဝဋ္ဋတိ၊ [ထိုအရွက်များကို ချန်ထားရခြင်းမှာ အသွေးအရောင် မကောင်းသောကြောင့် ဖြစ်ဟန်းတူသည်၊ ခုဒ္ဒသိက္ခာနိဿယ၌ "အလ္လိပတ္တကို မဲရွက်, နီလိပတ္တကို ဒန်းရွက်" ဟု ပေးသည်။]
ပန၊ ထိုသို့ပင် အလ္လိပတ္တ, နီလိပတ္တကို ချန်ထားရပါသော်လည်း။ ဂိဟိပရိဘုတ္တံ၊ လူတို့ သုံးစွဲအပ်ပြီးသော အဝတ်ဟောင်းကို။ အလ္လိပတ္တေန၊ ဒန်းရွက်ဖြင့်။ ဧကဝါရံ၊ တစ်ကြိမ်ကို။ ရဇိတုံ၊ ဆိုးခြင်းငှာ။ ဝဋ္ဋတိ၊ [လူတို့ သုံးစွဲထားသည့်အတွက် အရောင် ကွက်တိကွက်ကျား ဖြစ်နေသောကြောင့် အလ္လိပတ္တဖြင့် တစ်ကြိမ်ဆိုးပြီးမှ အသွေးအရောင် ညီသောအခါ အခြားဆိုးရည်များဖြင့် ဆိုးနိုင်သည်။] မူလရဇနံ။ ။ ရဉ္ဇတိ-ငြိကပ်တပ်စွဲတတ်၏၊ ဣတိ ရဇနံ (ဆိုးရည်)၊ သင်္ကန်း၌ ငြိကပ် တပ်စွဲနေတတ်သော ဆိုးရည်တည်း၊ မူလဿ - အမြစ်၏+ရဇနံ- ဆိုးရည်တည်း၊မူလရဇနံ- အမြစ်၏ ဆိုးရည်၊ ခန္ဓရဇန စသည်တို့၌လည်း နည်းတူ။
ကိံ သုကပုပ္ဖဉ္စ၊ ပေါက်ပွင့်ကိုလည်းကောင်း။ ကုသုမ္ဘပုပ္ဖဉ္စ၊ ဝတ်ပန်းပွင့်ကိုလည်းကောင်း။ ဌပေတွာ သဗ္ဗံ၊ ပုပ္ဖရဇနံ၊ အပွင့်ဆိုရည်သည်။ ဝဋ္ဋတိ၊
ပန၊ ကား။ ဖလရဇနေ၊ အသီးဆိုးရည်၌။ ကိဉ္စိ၊ တစ်စုံတစ်ခုသော ဆိုးရည်သည်။ န ဝဋ္ဋတိ၊ မအပ်သည်ကား။ န၊ မဟုတ်။ (ဝဋ္ဋတိ ဧဝ၊ သည်သာ။)
အပက္ကရဇနံ၊ မကျက်သေးသော ဆိုးရည်ကို။ **သီတုဒကာ**တိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ [**"သီတုဒကာယ၊ အေးသောဆိုးရည်ဖြင့်။ ဝါ၊ မကျက်သေးသော ဆိုးရည်ဖြင့်"** ဟု ပါဠိတော်၌ ပေးပါ။]
သီတုဒကာကို လိင်္ဂဝိပလ္လာသ (နပုလ္လိင်မှ ဣတ္ထိလိင် ပြန်နေသောပုဒ်) ဟု ယောဇနာ၌ ဆို၏။] **ဥတ္ထရာဠုမ္ပ**န္တိ၊ ကား။ ဝဋ္ဋာဓာရကံ၊ လုံးဝိုင်းသော ခွေကို။ (ဗန္ဓိတုံ အနုဇာနာမိ၌ စပ်။) [ဥတ္တုရာဠုတော+ပါတိ ရက္ခတီတိ ဥတ္တရာဠုမ္ပ၊ လျှံတက်လာသော။ (ဝေလာသော။) ရေမှ စောင့်ရှောက်တတ်သောကြောင့် ခွေဝိုင်းကို "ဥတ္တရာဠုမ္ပ" ဆိုသည်။] တံ အာဓာရကံ၊ ထို ခွေဝိုင်းကို။ ပရိက္ခိပိတွာ၊ ဝန်းရံ၍။ ရဇနံ၊ ဆိုးရည်ကျိုအပ်သောအဆောက်အဦးကို။ (ဆိုရည်ကျိုရန် အခေါက်, အရွက်စသည်ကို။) ပက္ခိပိတုံ၊ တည့်ခြင်းငှာ။ အနုဇာနာမိ၊ ၏။ ဣတိ အတ္ထော၊
ဟိ၊ အကျိုးကား။ ဧဝံ၊ ဤသို့။ ကတေ၊ ပြုအပ်သော်။ ရဇနံ၊ ဆိုရည်သည်။ န ဥတ္တရတိ၊ လျှံမတက်။ (ဝေ၍မကျ။)
**ဥဒကေ ဝါ နခပိဋ္ဌိကာယ ဝါ**တိ၊ ကား။ ပရိပက္ကံ၊ ပတ်ဝန်းကျင်ကျက်သည်။ သ‌စေ ဟောတိ၊ အံ့။ (ဧဝံ သတိ)။ ဥဒကပါတိယာ၊ ရေခွက်၌။ ဒိန္နော၊ ပေးအပ်သော။ (ထည့်အပ်သော။) ထေဝေါ၊ ဆိုးရည်ပေါက်သည်။ သဟသာ၊ အဆောတလျင်။ န ဝိသရတိ၊ မပြန့်ကြဲ။ [ရေထဲ၌ ဆိုးရည်လုံးကလေး အဖြစ်ဖြင့် ခဏလောက် တည်နေသည်-ဟူလို။] **နခပိဋ္ဌိယမ္ပိ**၊ လက်သည်း၏ ကျောက်ကုန်းပေါ်၌လည်း။ ဧဝဉှိ ၊ပေ၊ ဥတ္တရတိ။ ။ ဧဝံ ဝဋ္ဋာဓာရကေ အန္တော ရဇနကုမ္ဘိယာ ပက္ခိတ္တေ (ဤသို့ ခွေဝိုင်းကို ဆိုးရည်အိုး အတွင်း၌ ထည့်အပ်သော) မဇ္ဈေ ဥဒကံ တိဋ္ဌတိ (ခွေဝိုင်း၏ အလယ်၌ ရေတည်၏။) ဝဋ္ဋာဓာရကတော ဗဟိ သမန္တာ အန္တော ကုမ္ဘိယံ ရဇနဆလ္လိ- ခွေဝိုင်း၏ ဘေးပတ်ဝန်းကျင် အိုးအတွင်း၌ ဆိုးရည်ခေါက်တည်၏၊ ထို့ကြောင့် ဆိုးရည် ဝေမကျနိုင်၊- သာရတ္ထ။ (လက်သည်းပြင်ပေါ်၌လည်း)။ ဒိန္နော၊ သော။ ထေဝေါ၊ သည်။) အဝိသရန္တော၊ မပြန့်ကြဲသည်။ (ဟုတွာ)။ တိဋ္ဌတိ၊ တည်နေ၏။
**ရဇနုဠုင်္ကန္တိ**၊ ကား။ ရဇနဥဠုင်္ကံ၊ ဆိုးရည်ခပ်ကြောင်း မှုတ်ကိုလည်းကောင်း။
**ဒဏ္ဍကထာလကန္တိ**၊ ကား။ သဒဏ္ဍကံ၊ အရိုးနှင့်တကွ ဖြစ်သော။ တမေဝ (ထာလကံ)၊ ထို ခွက်ကိုပင်လည်းကောင်း။ (အနုဇာနာမိ၌ စပ်။) [အရိုးပါသော ခွက်ငယ်ကို "ဒဏ္ဍကထာလက" ဟု မှတ်ပါ။
**ရဇနကောလမ္ပန္တိ**၊ ကား။ ရဇနကုဏ္ဍံ၊ ဆိုးရည် ထည့်ရာ ဖျဉ်အိုးကို။ (အနုဇာနာမိ၌ စပ်။) [ရဇနကုဏ္ဍန္တိ ပက္ကဇနတ္ထပနကံ၊ ကျိုအပ်ပြီးသော ဆိုးရည်ထည့်ရာဖြစ်သော။ မဟာဃဋံ၊ အိုးကြီးကို။ (အနုဇာနာမိ)- ဝိမတိ။]
**ဩမဒ္ဒန္တီ**တိ၊ ကား။ သမ္မဒ္ဒန္တိ၊ နယ်ကြကုန်၏။
**န စ အစ္ဆိန္နေထေဝေ ပက္ကမိတု**န္တိ၊ ကား။ ယာဝ၊ အကြင်မျှလောက်။ ရဇနဗိန္ဓု၊ ဆိုးရည်ပေါက်သည်။ ဂဠိတံ၊ လျှောကျသည်။ (ဟုတွာ)။ န ဆိဇ္ဇတိ၊ မပြတ်စဲသေး။ တာဝ၊ ထိုမပြတ်စဲသေးသမျှ။ အညတြ၊ အခြားအရပ်သို့။ န ဂန္တဗ္ဗံ၊ မသွားရ။ (မသွားရ။)
**ပတ္ထိန္န**န္တိ၊ ကား။ အတိရဇိတတ္တာ၊ အလွန်ဆိုးအပ်သည်၏အဖြစ်ကြောင့်။ (ဆိုးရည်များကြောင့်။) ထဒ္ဓံ၊ ခက်ထန်သည်။ (တောင့်မာနေသည်။ ဟောတိ။)
**ဥဒကေ ဩသာရေတု**န္တိ၊ ကား။ ဥဒကေ၊ ရေ၌။ ပက္ခိပတွာ၊ ထည့်၍။ ထပေတုံ၊ ထားခြင်းငှာ။ (အနုဇာနာမိ၌ စပ်။)
ပန၊ ဆက်။ ရဇနေ၊ ဆိုးရည်သည်။ နိက္ခန္တေ၊ ထွက်သွားလတ်သော်။ (ဆိုးရည် အများကြီး ရှိရာမှ အချို့ ဆိုးရည်များထွက်သွားလတ်သော်။) တံ ဥဒကံ၊ ထို ရေကို။ ဆ‌ဍ္ဍေတွာ၊ စွန့်ပစ်၍။ စီဝရံ၊ ကို။ မဒ္ဒိတဗ္ဗံ၊ နယ်ရာ၏။
**ဒန္တကာသာဝါနီ**တိ၊ ကား။ ဧကံ (ဝါရံ) ဝါ၊ တစ်ကြိမ်သော်လည်းကောင်း။ ဒွေ ဝါရေ ဝါ၊ နှစ်ကြိမ်တို့တိုင်တိုင်သော်လည်းကောင်း။ ရဇိတွာ၊ ဆိုးပြီး၍။ ဒန္တဝဏ္ဏာနိ၊ ဆင်စွယ်ရောင်အဆင်းရှိသော သင်္ကန်းတို့ကို။ ဓာရေန္တိ၊ ဆောင်ကုန်၏။