**ယော ပက္ကမေယျာ**တိ ဧတ္ထ၊ ၌။
အနပေက္ခဂမနေန ဝါ၊ ငဲ့ကွက်ခြင်း မရှိသော သွားခြင်းအားဖြင့်သော်လည်းကောင်း။
အညတ္ထ၊ အခြားကျောင်းတိုက်၌။
အရုဏံ၊ အရုဏ်ကို။
ဥဋ္ဌာပနေန ဝါ၊ တက်စေခြင်းအားဖြင့်သော်လည်းကောင်း။
အာပတ္တိ၊ ကို။
ဝေဒိတဗ္ဗာ၊
**ယော အတိက္ကမေယျာတိ ဧတ္ထ**၊ ၌။
ဝိဟာရဂဏနာယ၊ ကျောင်းတိုက်အရေအတွက်အားဖြင့်။တေမာသံ ဝဿံ။ ။ ဝါတွင်း သုံးလပတ်လုံး အဆက်မပြတ် နေရမည် ဖြစ်သောကြောင့် "ဣမာ တေမာသံ" ကို အစ္စန္တသံဘောဂအနက် ပေးရ၏၊ ဝဿံ ကား ဥပေမိ ၏ ကံတည်း၊ "ဝဿံ" အရ မိုးလကို ရဗသာ်လည်း ဌာန၏အမည်ကိုဌာနီ နေခြင်း၌ တင်စား၍ တစ်နည်း-"ဝဿဝါသံ" ဟု ဆိုလျက် ဝါသပုဒ်ကို ချေဟု ကြံ၍ "ဝဿံ -မိုးအခါ၌ နေခြင်းသို့၊ ဝါ- စိုးမိုးခြင်းသို့" ဟု အနက်ပေးရသည်၊ "ဝဿံ-ဝါသို့" ဟူသော အနက်ကား အလွယ်တကူ ပေးအပ်သော အနက်တည်း၊ [ဝဿံ ဥပဂစ္ဆန္တေနာတိ ဝဿဝါသံ ဥပဂစ္ဆန္တေန၊- ဒုတိယပါရာဇိက, သာရတ္ထ၊] "ဥပေမိ" ၌ ဥပ, ဣ ဓာတ်, ဂတိအနက်ဟော၊ ဥပဂန္တဗ္ဗနှင့် အနက်တူ။
အနပေက္ခ၊ ပေ၊ အာပတ္တိ။ ။ "ကျောင်းသို့ ပြန်လာမည်" ဟု ငဲ့ကွက်ခြင်းမရှိဘဲ သွားရာ၌ ကျောင်းတိုက် ဥပစာကို လွန်လျှင် အာပတ်သင့်၏၊ သွားတုန်းက "နေ့ချင်း ပြန်မည်" ဟု ရည်ရွယ်၍ ငဲ့ကွက်ခြင်း ရှိသော်လည်း ထိုကျောင်းသို့ရောက်သောအခါ ညဉ့်အိပ်၍ အရုဏ်တက်စေခြင်းကောင့်လည်း အာပတ်သင့်သည်။- ဋီကာ။ အာပတ္တိယော၊ တို့ကို။ ဝေဒိတဗ္ဗာ၊ န်၏။ [ဝါဆိုမည့်နေ့၌ မိမိနေရာကျောင်းမှ ထွက်လာခြင်းသည်လည်းကောင်း, ခရီးသွားရင်း ကျောင်းတိုက်တွေ့ရာဝယ် ထို ကျောင်းတိုက်၏ ဥပစာကို လွန်သွားခြင်းသည်လည်းကောင်း "အတိက္ကမန" မည်သည်သာ။]
အနပေက္ခ၊ ပေ၊ အာပတ္တိ။ ။ "ကျောင်းသို့ ပြန်လာမည်" ဟု ငဲ့ကွက်ခြင်းမရှိဘဲ သွားရာ၌ ကျောင်းတိုက် ဥပစာကို လွန်လျှင် အာပတ်သင့်၏၊ သွားတုန်းက "နေ့ချင်း ပြန်မည်" ဟု ရည်ရွယ်၍ ငဲ့ကွက်ခြင်း ရှိသော်လည်း ထိုကျောင်းသို့ရောက်သောအခါ ညဉ့်အိပ်၍ အရုဏ်တက်စေခြင်းကောင့်လည်း အာပတ်သင့်သည်။- ဋီကာ။ အာပတ္တိယော၊ တို့ကို။ ဝေဒိတဗ္ဗာ၊ န်၏။ [ဝါဆိုမည့်နေ့၌ မိမိနေရာကျောင်းမှ ထွက်လာခြင်းသည်လည်းကောင်း, ခရီးသွားရင်း ကျောင်းတိုက်တွေ့ရာဝယ် ထို ကျောင်းတိုက်၏ ဥပစာကို လွန်သွားခြင်းသည်လည်းကောင်း "အတိက္ကမန" မည်သည်သာ။]
ဟိ၊ ချဲ့။
တံ ဒိဝသံ၊ ထို နေ့၌။
(ဝါကပ်ရာ နေ့၌)။
ဝိဟာရသတဿ၊ ကျောင်းတိုက်ပေါင်း တစ်ရာ၏။
ဥပစာရံ၊ ဥပစာရသို့။
ဩက္ကမိတွာ၊ သက်ရောက်ပြီး၍။
သစေ အတိက္ကမတိ၊ အကယ်၍ လွန်သွားအံ့။
(ဧဝံ သတိ)။
သတံ၊ တစ်ရာသော။
အာပတ္တိယော၊ တို့သည်။
(ဟောန္တိ)။
ပန၊ ဆက်။
ဝိဟာရူပစာရံ၊ ကျောင်းတိုက်၏ ဥပစာရကို။
အတိက္ကမိတွာ၊ လွန်ပြီး၍။
(မိမိနေရာ ကျောင်းတိုက်၏ ဥပစာရကို လွန်ပြီး၍)။
အညဿ၊ အခြားသော။
ဝိဟာရဿ၊ ကျောင်းတိုက်၏။
ဥပစာရံ၊ ကို။
အနောက္ကမိတွာဝ၊ မသက်ရောက်မူ၍သာ။
သစေ နိဝတ္တတိ၊ အကယ်၍ ပြန်နစ်အံ့။
(ဧဝံ သတိ)။
ဧကာဝ၊ တစ်ချက်သာလျှင် ဖြစ်သော။
အာပတ္တိ၊ သည်။
(ဟောတိ)။
ကေနစိ၊ တစ်စုံတစ်ခုသော။
အန္တရာယေန၊ အန္တရာယ်ကြောင့်။
ပုရိမိကံ၊ ပုရိမဝါသို့။
အနုပဂတေန၊ မကပ်ရောက်သော ရဟန်းသည်။
ပစ္ဆိမိကာ၊ မစ္ဆိမဝါသို့။
ဥပဂန္တဗ္ဗာ၊ ကပ်ရောက်ထိုက်၏။
[ဤစကားအရ "ရာဇ, စောရ စသော အန္တရာယ်မရှိလျှင် ပုရိမဝါ မကပ်ဘဲ မနေကောင်း" ဟု မှတ်ပါ။]
**ဝဿံ ဥက္ကဍ္ဎိတုကာမော**တိ၊ ကား။
ဝဿနာမကံ၊ မိုးဥတုအမည်ရှိသော။
ပဌမမာသံ၊ ပထမလကို။
(ဝါဆိုလကို)။
ဥက္ကဍ္ဎိတုကာမော၊ အထက်သို့ ငင်လိုသည်။
သာဝဏမာသ၊ ဝါခေါင်လကို။
အကတွာ၊ မပြုမူ၍။
ပုန၊ ဖန်။
အာသဠှီမာသမေဝ၊ ဝါဆိုလကိုသာ။
ကတ္တုကာမော၊ ပြုလိုသည်။
(ဟုတွာ, ဒူတံ ပါဟေသိ၌စပ်)။
ဣတိ အတ္ထော၊
**အာဂမေ ဇုဏှေ**တိ၊ ကား။
အာဂမေ၊ လာလတ္တံ့သော။
ဝဿံ ဥက္ကဍ္ဎိတုကာမော။ ။ "ဝဿံ" ဟု သာမညဆိုသော်လည်း မိုးဥတု(မိုးလ) အားလုံးကို မယူရ၊ ထို မိုးလတွင် ပါဝင်သော ဝါဆိုလကို ယူစေလိုသောကြောင့် "ဝဿနာမကံ ပဌမမာသံ" ဟု ဖွင့်သည်၊ ထို ပထမဝါဆိုလကို "ဥ-အထက်သို့၊ ကမိတုကာမ-ငင်လိုခြင်း" ဟူသည် ဝါခေါင်လကို ဝါခေါင်လဟု မပြုဘဲ "ဝါဆိုလ" ဟု ထပ်၍ ပြုလိုခြင်းတည်း၊ ဤသို့ ပြုခြင်းကို "ဝါထပ်ခြင်း" ဟု ခေါ်စဖွယ် ပြုကြသည်၊ ထိုသို့ ဝါဆိုလ နှစ်ထပ် ဖြစ်ရခြင်းမှာလည်း ရက်မစုံလများကို ပြန်၍ အစားပေးသော အားဖြင့် ကောင်းကင်က နေသွား, လသွားနှင့် ကိုက်ညီစေလိုသောကြောင့်တည်း။
မာသေ၊ ဝါခေါင်လ၌။
(ဝဿံ ဥပဂစ္ဆေယျုံ၌ စပ်)။
ဣတိ အတ္ထော။
["ခုဏှေ" ဟု ဆိုသော်လည်း လဆန်းကို မယူရ၊ မာသကို ယူပါ-ဟူလို။]
**အနုဇာနာမိ၊ပေ၊ အနုဝတ္တိတုန္တိ**ဧတ္ထ၊ ၌။
(အဓိပ္ပါယော၊ ဘုရားရှင်၏ အလိုတော်ကို။
ဧဝံ ဝေဒိတဗ္ဗော၊)
ဝဿုက္ကဍ္ဎနေ၊ ဝါဆိုလကို အထက်သို့ငင်ခြင်းကြောင့်။
ဝါ၊ ဝါထပ်ခြင်းကြောင့်။
ဘိက္ခူနံ၊ တို့၏။
ကာစိ၊ တစ်စုံတစ်ခုသော။
ပရိဟာနိ နာမ၊ ဆုတ်ယုတ်ခြင်းမည်သည်။
[ပရိဟာနီတိ ဂုဏပရိဟာနိ၊- ဝိမတိ၊ သီလ, သမာဓိ, ပညာစသော ဂုဏ်တို့၏ ဆုတ်ယုတ်ခြင်း၊ ]
နတ္ထိ၊ မရှိ။
ဣတိ၊ ကြောင့်။
အနုဝတ္တိတုံ၊ လိုက်ခြင်းငှာ။
ဝါ၊ ကို။
အနုညာတံ၊ ခွင့်ပြုတော်မူအပ်ပြီ။
တသ္မာ၊ ကြောင့်။
အညသ္မိမ္ပိ၊ ဝါထပ်ခြင်းကိစ္စမှ အခြားလည်းဖြစ်သော။
ဓမ္မိကေ၊ တရားနှင့်လျော်သော။
ကမ္မေ၊ အလုပ်၌။
အနုဝတ္တိတဗ္ဗံ၊ လိုက်ရာ၏။
အဓမ္မိကေ၊ တရားနှင့် မလျော်သော။
(ကမ္မေ)။
ပန၊ ၌ကား။
ကဿစိ၊ တစ်စုံတစ်ယောက်၏ (အလိုသို့)။
န အနုဝတ္တိတဗ္ဗံ၊ မလိုက်ရာ။