**သိဝေယျကံ** နာမ၊ **သိဝေယျက** မည်သည်ကား။
ဥတ္တရကုရူသု၊ မြောက်ကျွန်းတို့၌။
သိဝထိကံ၊ သုသာန်၌ ဖြစ်သော။
အဝမင်္ဂလဝတ္ထံ၊ မင်္ဂလာမရှိသော အဝတ်တည်း။
တတ္ထ၊ ထို မြောက်ကျွန်းတို့၌။
မနုဿာ၊ တို့သည်။
မတံ၊ လူသေကောင်ကို။
တေန ဝတ္ထေန၊ ထိုအဝတ်ဖြင့်။
ဝေဌတွာ၊ ရစ်ပတ်၍။
နိက္ခိပန္တိ ကိရ၊ ချထားကြကုန်သတတ်။
တံ၊ ထို အဝတ်ဖြင့် ရစ်ပတ်အပ်သော အလောင်းကောင်ကို။
မံသပေသီတိ၊ အသားတစ်ဟူ၍။
သလ္လက္ခေတွာ၊ မှတ်ထင်၍။
ဟတ္ထိသောဏ္ဍကသကုဏာ၊ ဆင်နှမောင်းနှင့် တူသော နှာမောင်းရှိသော ငှက်တို့သည်။
(ငှက်ဆင်တို့သည်။)
ဥက္ခိပိတွာ၊ မြှော က်ချီ၍။
ဟိမဝန္တကူဋေ၊ ဟိမဝန္တာတောင်ထွပ်၌။
ထပေတွာ၊ ထား၍။
ဝတ္ထံ၊ အဝတ်ကို။
အပနေတွာ၊ ဖယ်၍။
ခါဒန္တိ၊ ခဲစားကြကုန်၏။
အထ၊ ထိုမှနောက်၌။
ဝနစရကာ၊ တောလည်မုဆိုးတို့သည်။
ဝတ္ထံ၊ ကို။
ဒိသွာ၊ မြင်၍။
ရညော၊ မင်းဖို့။
အာဟရန္တိ၊ ဆောင်ယူကြကုန်၏။
ဧဝံ၊ ဤသို့လျှင်။
(ဤနည်းအားဖြင့်။)
ဣဒံ၊ ဤအဝတ်ကို။သိဝထိကံ။ ။ သိဝထိကန္တိ သိဝါ ဇမ္ဗုကာ ကုဏပခါဒနတ္ထာယ အာဂန္တွာ တိဋ္ဌန္တိ ဧတ္ထာတိ သိဝဋ္ဌံ ၊ တဒေဝ သိဝထိကံ ၊ ဣမိနာ သိဝထိကာယံ+ ဥပ္ပန္နံ သိဝေယျကံ၊ ထိကသဒ္ဒဿ လောပံ ကတွာတိ ဒဿေတိ၊- ယောဇနာ။
ဟတ္ထိသောဏ္ဍက ၊ပေ၊ ခါဒန္တိ။ ။ ဟတ္ထိသောဏ္ဍော ဝိယ သောဏ္ဍော ယေသန္တိ ဟတ္ထိသောဏ္ဍာကာ၊ (သမာသန္တ ကပစ္စည်း၊) ဟတ္ထိသောဏ္ဍကာ စ + တေ + သကုဏာ စာတိ ဟတ္ထိသောဏ္ဍကသကုဏာ၊ "ထို ငှက်ဆင်ကြီးတို့သည် မြောက်ကျွန်းမှ အဝတ်ကို ချီ၍ ဟိမဝန္တာတောင်သို့ ယူလာနိုင်၏" ဟူသော စကားကို ကောက်ချက်ချလျှင် မြောက်ကျွန်းဟူသော အရပ်သည် ထို ငှက်ဆင်ကြီးများ ပျံနိုင်လောက်သော အရပ်ဖြစ်၍ အလွန် မဝေးနိုင်၊ ယခုခေတ် လေယာဉ်ပျံတို့ကား ထို ငှက်ဆင်ကြီးတို့ထက်ပင် အားကောင်းစရာ ရှိသည်။ ပဇ္ဇောတေန၊ **ပဇ္ဇောတ** မင်းသည်။ လဒ္ဓံ၊ ရအပ်ပြီ။

သိဝိရဋ္ဌေ၊ သိဝိတိုင်း၌။
ကုသလာ၊ ကျွမ်းကျင်ကုန်သည်။
ဣတ္ထိယော၊ တို့သည်။
တီဟိ အံသူဟိ၊ သုံးမြှင့်သော ချည်တို့ဖြင့်။
သုတ္တံ၊ ချည်ကို။
ကန္တန္တိ၊ ငင်ကြကုန်၏။
(ချည်သုံးမြှင်ကို ကျစ်၍ ချည်ငင်ကြသည်။)
ဧတံ၊ ဤ အဝ်သည်။
တေန သုတ္တေန၊ ထို ချည်ဖြင့်။
ဝါယိတဝတ္ထံ၊ ရက်အပ်သော အဝတ်တည်း။
ဣတိပိ၊ ဤသို့လည်း။
ဝဒန္တိ၊ ဆိုကြကုန်၏။
[ဤမှ နောက်၌ "တေနာဟု ၊ ပေ၊ ဝဒန္တီတိ" ဟု ပါဌ်တစ်မျိုးရှိသေး၏။
ထို ပါဌ်ကို အပိုဟု ဆိုကြသည်။]