Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Mahāvagga-aṭṭhakathā
(SP) Mahāvagga-aṭṭhakathā

Ticīvarānujānanakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**စီဝရေဟိ ဥဗ္ဘဏ္ဍိကေ**တိ၊ ကား။ စီဝရေဟိ၊ သင်္ကန်းတို့သည်။ ဥဗ္ဘဏ္ဍေ၊ အထက်၌ ဘဏ္ဍာရှိအောင်။ ကတေ၊ ပြုအပ်ကုန်သော။ (ဘိက္ခူ အဒ္ဒသ၌စပ်။)
ယထာ၊ အကြင် အခြင်းအရာအားဖြင့် ပြုအပ်သော်။ ဥက္ခိတ္တဘဏ္ဍာ၊ အထက်၌ မြှောက်ချီအပ်သော ဘဏ္ဍာရှိကုန်သည်။သုပ္ပမာဏံ၊ ပေ၊ တိဋ္ဌန္တိ။ ။ မရှည်မတိုဘဲ ကောင်းသော ပမာဏရှိသောသင်္ကန်းကို ရန်းသောအခါ (သီဟိုများ ရန်းသကဲ့သို့ သင်္ကန်းနှစ်စကို အညီထား၍ ရန်းပြီးလျှင် ဝဲဘက် လက်မောင်း၏ အပေါ်သို့ တင်လိုက်သောအခါ) ညီနေသော ဘေးအစွန် နှစ်ခုတို့သည် လက်မောင်း၏ အပြင်ဘက်သို့ ရှေ့ရှုလျက် တည်နေကုန်၏၊ ထို အစွန်းအရပ်ကို "ဗာဟန္တ" ဟု ခေါ်သည်၊ ဗာဟုနော-လက်မောင်း၏+အန္တံ- အစွန်(ပြင်ဘက်) တည်း၊ ဗာဟန္တံ၊ ဗာဟန္တေ+ဇာတံ ဗာဟန္တံဟု ပြုပါ၊ ဤနည်း၌ ဘေးအနားပတ် နှစ်ခုကို ဗာဟန္တဟု ဆိုလိုဟန်တူသည်။
ဥဗ္ဘဏ္ဍိကေ။ ။ ဥအတွက် ဥက္ခိတ္တ အနက်ကို ယူ၍ "ဥက္ခိတ္တံ + ဘဏ္ဍံ ဥဗ္ဘဏ္ဍံ- မြှောက်ချီအပ်သော ဘဏ္ဍာ၊ ဥဗ္ဘဏ္ဍံ+ယေသန္တိ ဥဗ္ဘဏ္ဍိကာ" ဟု ပြုစေလို၍ "ဥဗ္ဘဏ္ဍေ ကတေ" ဟု ဖွင့်သည်၊ ဥဗ္ဘဏ္ဍေ၌လည်း ကြိယာဝိသေသန ကြံစေလို၍ "ယထာ ၊ပေ၊ ကတေ" ဟု ဖွင့်၏၊ "ဥက္ခိတ္တဘဏ္ဍိကဘာဝံ အာပါဒိတေ" ကား အဓိပ္ပါယတ္ထတည်း။
ဟောန္တိ၊ ကုန်၏။ ဧဝံ၊ ဤ အခြင်းအရာ အားဖြင့်။ (အထက်၌ ဘဏ္ဍာရှိကုန်လောက်အောင်သာ အခြင်းအရာအားဖြင့်။) ကတေ၊ ပြုအပ်ကုန်သော။
ဥက္ခိတ္တဘဏ္ဍိကဘာဝံ၊ အထက်၌ မြှောက်ချီအပ်သော ဘဏ္ဍာရှိသူတို့၏ အဖြစ်သို့။ အာပါဒိတေ၊ ရောက်စေအပ်ကုန်သော။ (ဘိက္ခူ အဒ္ဒဿ။) ဣတိ အတ္ထော၊ နက်။
**စီဝရဘိသိန္တိ** ဧတ္ထ၊ ၌။ ဒွတ္တီဏိ၊ နှစ်ထည် သုံးထည်တို့ကို။ ("ဒွတ္တီဏိ" ဟု သမာသ်ရှိစေ။) ဧကတော၊ တပေါင်းတည်း။ ကတွာ၊ ၍။ ဘိသိသင်္ခေပေန၊ ဘုံလျိုအသွင်အားဖြင့်။ (ဘုံလျို ပုံသဏ္ဌာန်အားဖြင့်။) သံဟရိတစီဝရာနိ၊ ထပ်အပ်သောသင်္ကန်းတို့ကို။ **ဘိသီတိ**၊ ဟူ၍။ ဝုတ္တာနိ၊ မိန့်တော်မူအပ်ကုန်ပြီ။
တေ ဘိက္ခူ၊ ထို ရဟန်းတို့သည်။ ဒက္ခိဏဂိရိတော၊ ဒက္ခိဏဂိရိဇနပုဒ်မှ။ ဘဂဝါ၊ သည်။ လဟုံ၊ လျင်စွာ။ ပဋိနိဝတ္တိဿတိ၊ ပြန်နစ်တော်မူလိမ့်မည်။ ဣတိ၊ ဤသို့ ကြံ၍။ တတ္ထ၊ ထိုဒက္ခိဏဂိရိဇနပုဒ်သို့။ ဂစ္ဆန္တာ၊ ကုန်လတ်သော်။ (သွားတုန်းက။) ဇီဝကဝတ္ထုသ္မိံ၊ ဇီဝက၏ ဝတ္ထု၌။ လဒ္ဓစီဝရာနိ၊ ရအပ်ပြီးသော သင်္ကန်းတို့ကို။ ဌပေတွာ၊ ထားခဲ့၍။ အဂမံသု ကိရ၊ သွားကြကုန်သတတ်။
ဣဒါနိ ပန၊ ယခုအခါ၌ကား။ (ဝေသာလီမြို့သို့ ကြွရာ ယခုအခါ၌ကား။) စိရေန၊ ကြာမြင့်မှ။ အာဂမိဿတိ၊ ပြန်လာတော်မူလိမ့်မည်။ ဣတိ၊ သို့။ မညမာနာ၊ မှတ်ထင်ကုန်သည်။ (ဟုတွာ, ဇီဝကဝတ္ထုသ္မိံ, လဒ္ဓစီဝရာနိ၊ တို့ကို။) အာဒါယ၊ ယူ၍။ ပက္ကမိံသု ကိရ၊ ဖဲသွားကြကုန်သတတ်။ ယောဇနာ၌ကား "အာပါဒိတေ" ကို ကြည့်၍ ဥဗ္ဘိဏ္ဍိတာ ကို ပုဒ်ရင်းဟု ယူပြီးလျှင် "ဥက္ခိတ္တံ+ဘဏ္ဍံ ဥဗ္ဘဏ္ဍံ၊ ဥဗ္ဘဏ္ဍဘာဝံ + ဣတာ (အာပါဒိတာ)တိ ဥဗ္ဘဏ္ဍိတာ" ဟု ကြံလေသည်၊ သဒ္ဒတ္ထကို ဦးစွာဖွင့်ပြီးမှ အဓိပ္ပာယတ္ထကို နောက်မှဖွင့်ရိုးတည်း၊ ထို့ကြောင့် "အာပါဒိတေ" ကို ကြည့်၍ "ဥဗ္ဘဏ္ဍဘာဝံ+ဣတာ" ဟု သဒ္ဒတ္ထ ကြံခြင်းကို စဉ်းစားပါ၊ "ဣတာ" ၌ ကာရိတ် မပါ၊ "အာပါဒိတာ" ၌ ကာရိတ်ပါသည်၊ ယခု စာအုပ်များ၌ "ဥဗ္ဘဏ္ဍိတာ" ဟု လည်းမရှိ "ဥဗ္ဘဏ္ဍိကာ" ဟု သာ ရှိသည်။
**အန္တရဋ္ဌကာသူ**တိ၊ ကား။ မာဃဿ စ၊ တပို့တွဲလ၏လည်းကောင်း။ ဖဂ္ဂုဏဿ စ၊ တပေါင်းလ၏လည်းကောင်း။ အန္တရာ၊ အကြား၌။ အဋ္ဌသု၊ ရှစ်ရက်တို့၌။ [တစ်နည်း၊ အဋ္ဌကာသု၊ အဋ္ဌကရက်တို့၌။ **"နိသီဒိ၊ နေတော်မူပြီ"** ဟု ပါဠိတော်၌ စပ်။]
**န ဘဂဝန္တံ သီတံ အဟောသိ"**တိ၊ ကား။ ဘဂဝတော၊ မြတ်စွာဘုရား၏။ (ကိုယ်တော်၌။) သီတံ၊ အအေးသည်။ နာဟောသိ၊ မဖြစ်။
**ဧတဒဟောသိ ၊ပေ၊ ကုလပုတ္တာ**တိ၊ ကား။ ဘဂဝါ၊ သည်။ အဇ္ဈောကာသေ၊ လွင်တီးခေါင်၌။ အနိသီဒိတွာ၊ နေတော်မမူဘဲ။ ဧတမတ္ထံ၊ ဤအကြောင်းအရာကို။ န ဇာနာတိ၊ သိတော်မမူသည်ကား။ န၊ မဟုတ်။ (ဇာနာတိ ဧဝ၊ သိတော်မူသည်သာ။) ပန၊ ထိုသို့ပင် သိတော်မူပါသော်လည်း။ န၊ မဟုတ်။ (ဇာနာတိ ဧဝ၊ သိတော်မူသည်သာ။) ပန၊ ထိုသို့ပင် သိတော်မူပါသော်လည်း။ မဟာဇနသညာပနတ္ထံ၊ များစွာသော လူအပေါင်းကို နားလည်စေခြင်း အကျိုးငှာ။ ဧဝံ၊ သို့။ (လွင်တီးခေါင်ဝယ် နေတော်မူ၍ စမ်းသမ်းမှုကို။) အကာသိ၊ ပြုတော်မူပြီ။
**သီတာလုကာ**တိ၊ ကား။ သီတပကတိကာ၊ ချမ်းခြင်းသဘော ရှိကုန်၏။ (အချမ်းများကုန်၏, ချမ်းတတ်ကုန်၏-ဟူလို။) ယေ၊ အကြင် အမျိုးသားတို့သည်။ ပကတိယာဝ၊ ပင်ကိုအားဖြင့်ပင်။ သီတေန၊ အချမ်းကြောင့်။ ကိလမန္တိ၊ ပင်ပန်းကြကုန်၏။ ["တေ-တို့သည်၊ သီတာလုကာ- မည်၏" ဟု ထည့်စပ်။]အန္တရဋ္ဌကာသု။ ။ အန္တရာကို "တပို့တွဲလ, တပေါင်းလတို့၏ အကြား" ဟုလည်းကောင်း, အဋ္ဌကာသုကို အဋ္ဌသုဟုလည်းကောင်း (ယောဇနာ၌ "အဋ္ဌပ္ပမာဏာသု" ဟုလည်းကောင်း) ဖွင့်၏၊ ထို အဖွင့်အတိုင်း (တပို့တွဲလပြည့်လျှင် မဇ္ဈိမဒေသအခေါ်အတိုင်း လကုန်တော့ရကား) တပို့တွဲလပြည့်ကျော်- ၄ရက်နှင့် တပေါင်းလဆန်း ၄-ရက်ကို "အန္တရဋ္ဌကာရက်" ဟု ခေါ်စမှတ် ပြုကြသည်၊ [ထို အခေါ်အဝေါ်သည်ပင် မြန်မာအခေါ်သာ ဖြစ်နိုင်တော့သည်၊ မဇ္ဈိမဒေသအခေါ်ကား မဖြစ်နိုင်တော့။]
စဉ်းစားဖွယ်။ ။ ဗုဒ္ဓမြတ်စွာသည် ထို ရှစ်ရက်၏ ရှစ်ညပတ်လုံး အအေးကိုစမ်းသပ်တော်မူပါသလော?၊ ပါဠိတော် ဆိုပုံမှာ တစ်ညဉ့်မျှသာ စမ်းသတ်တော်မူသည်ဟု ထင်စရာ ရှိပါသည်၊ ဥရုဝေလကဿပကထာ၌လည်း ဤ အန္တရဋ္ဌကာကို တွေ့ခဲ့ရ၏၊ ထို၌ ဤရက် ဖြစ်ဖို့ရန် ခဲယဉ်း၏၊ ဘာ့ကြောင့်နည်း?၊ ဘုရားရှင်သည် ဝါကျွတ်တော်မူစပင် ထို ဥရုဝေဠတောသို့ ကြွတော်မူသောကြောင့်တည်း၊ ထို့ကြောင့် ဤ အန္တရဋ္ဌကာ အဓိပ္ပာယ်ကို တစ်မျိုး စဉ်းစားသင့်မည် ထင်ပါသည်။
**ထောမနိဓိ**။ ။ ရှစ်ခုအနက်ဟာ သင်္ချာကို အသဓာတ် - ကန်ပစ္စည်း - တုဋ်လာ၍ **"အသက္ဋန်"** ဟု ရှိ၏၊ ပါဠိ၌ **"အဋ္ဌ"** ဟု ဖြစ်၏၊ အဋ္ဌကလည်း **"အသ္ဋက"** မှ လာသော ပါဠိပင်တည်း၊ **"အသန္တိ ပိတရော ဧတ္ထာတိ အသ္ဋကာ၊ ပိတုနတ်တို့စားသောက်ရာ တိတီ (နေ့ရက်)တို့"** ဟု ဝိဂ္ဂဟ ပြု၏၊ **"အသကာ တု သမာချာတာ, သတ္တမာဒိ ဒိနတြယံ၊ သတ္တမ, အဋ္ဌမ နဝမ တိထီ သုံးရက်ကို အဋ္ဌကာဟု ခေါ်သည်"** ဟု ဆို၏၊ ထို့ပြင် ပြာသို, တပို့တွဲ, တပေါင်းလတို့၏ အကြားရက် တစ်ရက်ရက်ကို, သို့မဟုတ် နှစ်ရက်လောက်ကို **"အန္တရဋ္ဌကာ"** ခေါ်လေသလားဟု စဉ်းစားမိပါသည်။
**ဒိဂုဏံ သင်္ဃာဋိ**န္တိ၊ ကား။ ဒုပဋ္ဋံ၊ နှစ်ထပ် နှစ်လွှာရှိသော။ သံဃာဋိံ၊ သင်္ကန်းကြီးကိုလည်းကောင်း။
**ဧကစ္စိယန္တိ**၊ ကား။ ဧကပဋ္ဋံ၊ တစ်ထပ်တစ်လွှာရှိသော။ ("ဥတ္တရာသင်္ဂံ-ကိုလည်းကောင်း၊ အန္တရဝါသကံ-ကိုလည်းကောင်း၊ အနုဇာနာမိ" ဟု ပါဠိတော်၌စပ်၊)
ဣတိ၊ ဤသို့လျှင်။ ဘဂဝါ၊ သည်။ (အနုဇာနာမိ၌ စပ်။) အတ္တနာ၊ ကိုယ်တော်တိုင်။ စတူဟိ၊ လေးထည်ကုန်သော။ စီဝရေဟိ၊ သင်္ကန်းတို့ဖြင့်။ ယာပေတိ၊ မျှတတော်မူ၏။ အမှာကံ ပန၊ ငါတို့အားကား။ တိစီဝရံ၊ သုံးထည်သော သင်္ကန်းကို။ အနုဇာနာတိ၊ ၏။ ဣတိ ဝစနဿ၊ ဤသို့ ပြောဆိုခြင်း၏။ ဩကာသံ၊ အခွင့်ကို။ ဥပစ္ဆိန္ဒိတုံ၊ ဖြတ်ခြင်းငှာ။ ဒိဂုဏံ၊ နှစ်ထပ် နှစ်လွှာရှိသော။ သင်္ဃာဋိံ၊ ကို။ အနုဇာနာမိ၊ ၏။ ဧကစ္စိ‌ကေ၊ တစ်ထပ် တစ်လွှာရှိကုန်သော။ ဣတရေ၊ သင်္ကန်းကြီးမှ တစ်ပါးသော ဧကသီ, သင်းပိုင်တို့ကို။ (အနုဇာနာတိ။)
ဟိ၊ အကျိုးကား။ ဧဝံ၊ ဤသို့ ခွင့်ပြုတော်မူလတ်သော်။ (နှစ်ထပ် နှစ်လွှာရှိသော သင်္ကန်းကြီးကို ခွင့်ပြု၍ တစ်ထပ် တစ်လွှာရှိသော ဧကသီ, သင်းပိုင်ကို ခွင့်ပြုတော်မူလတ်သော်။) နေသံ၊ ထို ရဟန်းတို့ဖို့။ စတ္တာရိ၊ လေးထည်သော သင်္ကန်းတို့သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လိမ့်မည်။ ဣတိ၊ ဤကား အကျိုးတည်း။ **ဧကစ္စိယံ**။ ။ **"ဧကသဒ္ဒါနောင် သွတ္ထ၌ အစ္စပစ္စည်း သက်၍ ဧကစ္စ ပြီးသည်"** ဟု ယောဇနာ ဆို၏၊ ထို့နောက် **"ဧကံ+ယဿ အတ္ထီတိ ဧကစ္စိကံ"** ဟု ဖြစ်၍, က ကို ယ ပြုလျှင် "ဧကစ္စိယံ"** ဟု ဖြစ်၏၊ ထို့ကြောင့် **"ဧကပဋ္ဋံ"** ဟု ဖွင့်သည်၊ [ဒုဂုဏံကို ထောက်၍ သင်္ကန်းကြီးကို **"ဒုဂုဏ်"** ဟု ခေါ်ကြ၏၊ ဧကစ္စိယံဂုဏ်ကို ထောက်၍ သင်္ကန်းကြီးကဲ့သို့ နှစ်ထပ် နှစ်လွှာ မရှိဘဲ တစ်ထပ် တစ်လွှာသာရှိသော သင်္ကန်းကို **"ဧကစ္စိ"** ဟုလည်းကောင်း, **"ဧကသံ ဥတ္တရာသင်္ဂံ"** ကို ထောက်၍ **"ဧကသီ၊ ဧကသီ"** ဟုလည်းကောင်း ခေါ်ကြသည်။]