စောရဝတ္ထူသု၊ စောရဝတ္ထုတို့၌။
**မနုဿာ ပဿိတွာ** တိ၊ ကား။
ယေဟိ၊ အကြင်လူတို့သည်။
ဂိဟိကာလေ၊ လူဝတ်ကြောင်၏အခါ၌။
(လူဝတ်ကြောင်တုန်းက၊)
ဒိဋ္ဌပုဗ္ဗော၊ မြင်အပ်ဖူးပြီ၊
ယေ စ၊ အကြင်လူတို့သည်လည်း။
သော၊ ထို **"အင်္ဂုလိမာလ"** ဆိုသူသည်။
အယံ၊ ဤရဟန်းတည်း။
ဣတိ၊ သို့။
အညေသံ၊ အခြားသူတို့၏(အထံမှ)။
သုဏန္တိ၊ ကြားကြကုန်၏။
တေ၊ ထိုမြင်ဖူး, ကြားဖူးသူတို့သည်။
ပဿိတွာ၊ မြင်၍။
ဥဗ္ဗိဇ္ဇန္တိပိ၊ အချို့လည်း ကိုယ်အားဖြင့် ထိတ်ကြကုန်၏။
ဥတ္တသန္တိပိ၊ အချို့လည်းစိတ်အားဖြင့် လန့်ကြကုန်၏။
ပလာယန္တိပိ၊ အချို့လည်းထွက်ပြေးကြကုန်၏။
အညေနပိ၊ **အရှင်အင်္ဂုလိမာလ** ရှိရာလမ်းမှ အခြား လမ်းဖြင့်လည်း။
ဂစ္ဆာန္တိ၊ သွားကြကုန်၏။
(တစ်နည်း) အညေနပိ ဂစ္ဆန္တိ၊ လမ်းလွှဲ၍လည်းသွားကြကုန်၏။
အညေနပိ၊ **အရှင်အင်္ဂုလိမာလ** ရှိရာဘက်မှ အခြားဘက်၌လည်း။
မုခံ၊ မျက်နှာကို။
ကရောန္တိ၊ ပြုကြကုန်၏။
(တစ်နည်း) အညေနပိ မုခံ ကရောန္တိ၊ မျက်နှာလွှဲ၍လည်း နေကြကုန်၏။
(ပြေးလည်း မပြေးသာ, လမ်းလွှဲ၍လည်း မသွားသာသောကြောင့် မျက်နှာလွှဲ၍ နေကြကုန်၏။)
ဒွါရမ္ပိ၊ တံခါးကိုလည်း။
ထကေန္တိ၊ ပိတ်ထားကြကုန်၏။
(အိမ်၌ နေသူတို့က တံခါးပိတ်ထားကြကုန်၏။)
ယေ ပန၊ အကြင်သူတို့သည်ကား။
န ဇာနန္တိ၊ **အရှင်အင်္ဂုလိမာလ** မှန်း မသိကြကုန်။
တေသံ၊ ထိုသူတို့၏။
ဃရေသု၊ အိမ်တို့၌။
ဘိက္ခံ၊ ဆွမ်းကို။
လဘတိ၊ ရ၏။
**န ဘိက္ခဝေ** တိ၊ ကား။
ဘဂဝါ၊ သည်။
သယံ၊ ကိုယ်တော်တိုင်။
ဓမ္မဿာမီ၊ တရား၏အရှင်ဖြစ်တော်မူ၏။
ဝါ၊ တရားသဖြင့် ရဟန်းတို့၏ အရှင် ဖြစ်တော်မူ၏။
တသ္မာ၊ ကြောင့်။
အာယတိံ၊ နောင်အခါ၌။
အကရဏတ္ထာယ၊ မပြုခြင်းအကျိုးငှာ။
ဘိက္ခူနံ၊ တို့အား။
ဝါ၊ တို့ကို။
သိက္ခာပဒံ၊ ကို။
ပညပေန္တော၊ ပညတ်တော်မူလိုသည်။
(ဟုတွာ) ဧဝံ၊ သို့ န ဘိက္ခဝေ ဟူ၍။
အာဟ၊ ပြီ။
[ အရှင်အင်္ဂုလိမာလ ကို ရဟန်းပြုပေးသော ပုဂ္ဂိုလ်မှာ မြတ်စွာဘုရား ဖြစ်ပါလျက် အဘယ့်ကြောင့် ပညတ်တော်မူရသနည်း? ဟု မေးဖွယ်ရှိသောကြောင့် "ဘဂဝါ သယံ ဓမ္မဿမီ" စသည်ကိုမိန့်တော်မူသည်။ "ဓမ္မဿမီ ဖြစ်တော်မူသောကြောင့် နောင်အခါ၌ မပြုဖို့ရန်ပညတ်တော်မူသည်" ဟူလို။]
တတ္ထ၊ ထို န ဘိက္ခဝေ အစရှိသောပါဠိရပ်၌။
ယော၊ အကြင်တောပုန်းဓားပြသည်။)
ဓဇံ၊ တံခွန်အလံကို။
ဗန္ဒိတွာ ဝိယ၊ ဖွဲချည်သကဲ့သို့။
ဝိစရတိ၊ အထင်အရှားလှည့်လည်၏။
ဣတိ၊ ကြောင့်။
(သော၊ ထိုတောပုန်းဓားပြသည်။)
**ဓဇန္ဓော**၊ ဓဇဗန္ဓမည်၏။
[ "ဗန္ဓနံ ဗန္ဓော၊ ဓဇဿ ဗန္ဓော ယဿာတိ ဓဇဗန္ဓော၊ ဓဇဗန္ဓောဝိယာတိ ဓဇဗန္ဓော" ဟု ဥပမာတဒ္ဓိတ်ဆင့်၊ အလံကို ဖွဲ့ချည်ခြင်းရှိသူနှင့်တူသောသူပုန်၊(အလံစိုက်ထားသကဲ့သို့ ထင်ရှားသော သူပုန်။)]
မူလဒေဝါဒယော ဝိယ၊ **မူလဒေဝ** အစရှိသော သူပုန်တို့ကဲ့သို့။
လောကေ၊ လောက၌။
ပါကဋော၊ ထင်ရှားသော သူပုန်တည်း။
ဣတိ ဝုတ္တံ ဟောတိ။
တသ္မာ၊ ကြောင့်။
(ထင်ရှားသောတောပုန်းဓားပြကို ရဟန်းပြု မပေးရဟု တားမြစ်တော်မူခြင်းကြောင့်။)
ယော၊ အကြင် တောပုန်းဓားပြသည်။
ဂါမဃာတံ ဝါ၊ ရွာကို ဖျက်ဆီးခြင်းကိုသော်လည်းကောင်း။
ပန္ထဒုဟနံ ဝါ၊ လမ်းကို ဖျက်ဆီးခြင်းကိုသော်လည်းကောင်း။
ဝါ၊ လမ်းသွားလမ်းလာကို လုယက်ဖျက်ဆီးခြင်းကိုသော်လည်းကောင်း။
နဂရေ၊ မြို့၌။
သန္ဓိစ္ဆေဒါဒိကမ္မံ ဝါ၊ အိမ်အစပ်ကို ဖောက်ဖြတ်ခြင်း အစရိသော အမှုကိုသော်လည်းကောင်း။
(အိမ်ဖောက်၍ အတွင်းသို့ ဝင်ရောက်ခိုးယူခြင်း အစရှိသောအမှုကို။)
ကရောန္တော၊ ပြုလျက်။
ဝိစရတိ၊ လှည့်လည်၏။
အသုကော နာမ၊ ထိုမည်သော တောပုန်းဓားပြသည်။
ဣဒံ ဣဒံ၊ ဤအမှု ဤအမှုကို။
ကရောတိ၊ ပြု၏။
ဣတိ စ၊ ဤသို့လည်း။
ပညာယတိ၊ ထင်ရှား၏။
သော၊ ထိုတောပုန်းဓားပြကို။
န ပဗ္ဗာဇေတဗ္ဗော။
ပန၊ ဆက်။
ယော၊ အကြင်သူသည်။
ရာဇပုတ္တော၊ မင်းသားသည်။
(ဟုတွာ) ရဇ္ဇံ၊ မင်းအဖြစ်ကို။
ပတ္ထေန္တော၊ တောင့်တလျက်။
ဂါမဃာတာဒီနိ၊ ရွာကိုဖျက်ဆီးခြင်း အစရှိသည်တို့ကို။
ကရောတိ၊ ၏။
သော၊ ထိုသူပုန်မင်းသားကို။
ပဗ္ဗာဇေတဗ္ဗော။
(ကသ္မာ၊ နည်း?၊)
ဟိ(ယသ္မာ)၊ ကြောင့်။
ရာဇာနော၊ မင်းတို့သည်။
တသ္မိံ၊ ထိုသူပုန်မင်းသားသည်။
ပဗ္ဗဇိတေ၊ ရှင်ရဟန်းပြုလသော်။
တုဿန္တိ၊ နှစ်သက်ကုန်၏။
(တသ္မာ၊ ကြောင့်။
သော၊ ထိုသူပုန်မင်းသားကို။
ပဗ္ဗာဇေတဗ္ဗော။)
ပန၊ ဗျတိရိက်ကား။
(ရာဇာနော၊ တို့သည်။
တသ္မိံ၊ ထိုမင်းသားသည်။
ပဗ္ဗဇိတေ၊ လသော်။)
သစေ န တုဿန္တိ၊ အကယ်၍ မနှစ်သက်ကုန်အံ့။
(ဧဝံသတိ) န ပဗ္ဗာဇေတဗ္ဗော။
ပုဗ္ဗေ၊ ရှေး၌။
မဟာဇနေ၊ များစွာသော လူအပေါင်း၌။
ပါကဋော၊ ထင်ရှားသော။
စောရော၊ တောပုန်းဓားပြသည်။
ပစ္ဆာ၊ နောက်၌။
စောရကမ္မံ၊ တောပုန်းဓားပြ၏ အမှုကို။
ပဟာယ၊ ပယ်စွန့်၍။
ပဉ္စသီလာဒီနိ၊ ငါးပါးသီလ အစရှိသည်တို့ကို။
သမာဒိယတိ၊ ဆောက်တည်၏။
တံ၊ ထို တောပုန်းဓားပြကို။
မနုဿာ၊ တို့သည်။
ဧဝံ၊ သို့။
(သီလကို ဆောက်တည်နေပြီဟူ၍၊)
စေ ဇာနန္တိ၊ အကယ်၍ သိကုန်အံ့။
(ဧဝံသတိ) ပဗ္ဗာဇေနဗ္ဗော။
ပန၊ ဆက်။
ယေ အမ္ဗလဗုဇာဒိစောရကာ၊ အကြင် သရက်သီး, တောင်ပိန္နဲသီး အစရှိသည်ကို ခိုးတတ်သော သူခိုးကလေးတို့သည်။
(ဟောန္တိ၊ ရှိကုန်၏။)
သန္ဓိစ္ဆေဒါဒိစောရာ ဧဝ၊ အိမ်အစပ်ကို ဖောက်ဖြတ်တတ်သူ အစရှိသောသူခိုးတို့သည်ပင်။
(ဟုတွာ) ဝါ၊ ဖြစ်၍လည်း။
အဒိဿမာနာ၊ မမြင်အပ်ကုန်သည်။
ဝါ၊ မထင်ရှားကုန်သည်။
(ဟုတွာ၊ ၍၊)
ထေယျံ၊ ခိုးသူ၏အမှုကို။
ကရောန္တိ၊ ကုန်၏။
ပစ္ဆာပိ၊ နောက်၌လည်း။
ဣမိနာ၊ ဤသူသည်။
ဣဒံ နာမ၊ ဤမည်သော အမှုကို။
ကတံ၊ ပြုအပ်ပြီ။
ဣတိ၊ သို့။
န ပညာယန္တိ၊ မထင်ရှားကုန်။
တေပိ၊ ထိုသူတို့ကိုလည်း။
ပဗ္ဗာဇေတုံ၊ ငှာ။
ဝဋ္ဋတိ၊ ၏။
**ကာရံ ဘိန္ဒိတွာ** တိ၊ ကား။
အဒ္ဒုဗန္ဓနာဒိံ၊ အချုပ်ထောင် အစရှိသည်ကို။
ဘိန္ဒိတွာ၊ ဖောက်ဖျက်၍။
( "ပဗ္ဗဇိတော ဟောတိ" ၌စပ်။)
[စာအုပ်များ၌ "အဋ္ဋဗန္ဓနာဒိ" ဟုရှိ၏၊ နောက်၌ "အဒ္ဒုဗန္ဓနံ ဝါ" ဟု စ၍ ရှိသောကြောင့် "အဒ္ဒုဗန္ဓနာဒိ" ဟုရှိလျှင်ကောင်းသည်။]
**အဘယူဝရာ** တိ ဧတ္ထ၊ ဟူသောဤပါဌ်၌။
(ဝစနတ္ထော ဧဝံဝေဒိတဗ္ဗော၊)
ယေ၊ အကြင် သူတို့သည်။
ဘယေန၊ ကြောက်ခြင်းကြောင့်။
(ကြောက်လို့။)
ဥပရမန္တိ၊ ရှောင်ကြဉ် ဆုတ်နစ်ကြကုန်၏။
[ဥပရမန္တီတိ ဝိရမန္တိနိဝတ္တန္တိ။၊ ဋီကာ၊]
ဣတိ၊ ကြောင့်။
(တေ၊ ထိုသူတို့သည်။)
ဘယူဝရာ၊ ဘယူဝရတို့မည်၏။
ပန၊ ဆက်။
ဧတေ၊ ဤရဟန်းတို့သည်။
လဒ္ဓါဘယတ္တာ၊ ရအပ်ပြီးသောဘေးမဲ့ရှိကုန်သည်၏ အဖြစ်ကြောင့်။
ဝါ၊ ဘေးမဲ့ရထားကုန်သည်၏အဖြစ်ကြောင့်။
ဘယူဝရာ၊ ကြောက်ခြင်းကြောင့် ရှောင်ကြဉ်ရသူတို့သည်။
န၊ မဟုတ်ကုန်။
ဣတိ၊ ကြောင့်။
အဘယူဝရာ၊ တို့မည်၏။
စ၊ ဆက်။
ဧတ္ထ၊ ဤ အဘယူဝရာဟူသောပါဌ်၌။
ပကာရဿ၊ ပ အက္ခရာ၏။
ဝကာရော၊ ဝ အက္ခရာကို။
ကတော၊ ပြုအပ်ပြီ။
ဣတိ၊ သို့။
ဝေဒိတဗ္ဗော၊ ၏။
**န ဘိက္ခဝေ၊ ပေ၊ ပဗ္ဗာဇေနဗ္ဗော** တိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။
ဗန္ဓနာဂါရံ၊ ဖွဲ့နှောင်ရာအိမ်ကို။
ဝါ၊ နှောင်အိမ်ကို။
ဝါ၊ အချုပ်ထောင်ကို။
ကာရာ၊ ကာရာဟူ၍။
ဝုစ္စတိ၊ ၏။
[အဘိဓာန်၌ "ကာရာတု ဗန္ဓနာဂါရံ" ဟု ဣတ္ထိလိင် ကာရာ သဒ္ဒါသာရှိ၏။ ကရဓာတ် ဏပစ္စည်း။ ကိနောတိ ဟိံသတီတိ ကာရာ။ အချုပ်ခံရသူကိုညှင်းဆဲတတ်သောကြောင့် အချုပ်ထောင်ကို "ကာရာ" ဟုခေါ်သည်။]
ပန၊ ဆက်။
ဣဓ၊ ဤသိက္ခာပုဒ်၌။
အဒ္ဒုဗန္ဓနံ ဝါ၊ ဖွဲ့နှောင်ကြောင်းဖြစ်သော အချုပ်ထောင်သည်မူလည်း။
ဟောတိ၊ ဖြစ်စေ။
သင်္ခလိကဗန္ဓနံ၊ ဖွဲ့ချည်ကြောင်းဖြစ်သော သံကြိုးသံကွင်းသည်မူလည်း။
ဝါ၊ သံကြိုးသံကွင်း အနှောင်အဖွဲ့သည်မူလည်း။
ဟောတု၊ စေ။
ရဇ္ဇုဗန္ဓနံ ဝါ၊ ဖွဲ့ချည်ကြောင်းဖြစ်သော ကြိုးသည်မူလည်း။
ဝါ၊ ကြိုးအနှောင်အဖွဲ့သည်မူလည်း။
ဟောတု။
ဂါမဗန္ဓနံ ဝါ၊ ဖွဲ့ချည်သကဲ့သို့ဖြစ်သော ရွာသည်မူလည်း။
ဝါ၊ ရွာ အနှောင်အဖွဲ့သည်မူလည်း။
ဟောတု။
[ယခုခေတ်၌ ထိုရွာမှမသွားရအောင် အကျယ်ချုပ်ခြင်းမျိုးတည်း။ နောက်၌လည်း နည်းတူ။]
အဘယူဝရာ။ ။ "ဘယ+ဥဝရ" ဟု ပုဒ်ခွဲ၊ "ဥဝရ" ၌ ဥပရှေးရှိသော ရမုဓာတ်၊ ကွိပစ္စည်း၊ ဓာတွန်ကို ချေ၊ ပကို ဝပြု၍ "ဥဝရ" ဟု ဖြစ်၏၊ "ဥပရမန္တီတိ ဥဝရာ၊ ဘယေန ဥဝရာ ဘယူဝရာ" ဟု ပြု၊ "ဘယေန" ၌ နာဝိဘတ်ကို ပဉ္စမီအနက်၌သက်စေ၍ "ဘယတော" ဟု ယောဇနာဖွင့်၏၊ သို့သော် "ဘယေန" ၌ "ဘယ" အရကြောက်စရာအာရုံ ဘေးကို မယူဘဲ ကြောက်တတ်သော အာရမဏိကစိတ်ကိုယူလျှင်နာဝိဘတ်ကို ဟိတ်အနက်၌ သက်နိုင်၏၊ ထို့ကြောင့် "ဘယေန- ကြောက်ခြင်းကြောင့်" ဟုအနက်ပေးလိုက်သည်၊ ထို့နောက် "န+ဘယူဝရာ အဘယူဝရာ" ဟု သမာသ်ပြု၊ "ဘေးမဲ့ရပြီး ဖြစ်ရကား ကြောက်၍ ရှောင်ကြဥ်စရာမလိုသော ပုဂ္ဂိုလ်များ" ဟူလို။
နိဂမဗန္ဓနံ ဝါ၊ ဖွဲ့ချည်သကဲ့သို့ဖြစ်သောနိဂုံးသည်မူလည်း။
ဝါ၊ နိဂုံးအနှောင်အဖွဲ့သည်မူလည်း။
ဟောတိ။
နဂရဗန္ဓနံ ဝါ၊ ဖွဲ့ချည်သကဲ့သို့ဖြစ်သော မြို့သည်မူလည်း။
ဝါ၊ မြို့အနှောင်အဖွဲ့သည်မူလည်း။
ဟောတု။
ပုရိသဂုတ္တိ ဝါ၊ ယောက်ျားတို့၏စောင့်ရှောက်ခြင်းသည်မူလည်း။
(ယခုအခါ ရဲသား, စစ်သားတို့ စောင့်ခြင်းမျိုးတည်း။)
ဟောတု။
ဇနပဒဗန္ဓနံ ဝါ၊ ဖွဲ့ချည်သကဲ့သို့ဖြစ်သော ဇနပုဒ်သည်မူလည်း။
ဝါ၊ ဇနပုဒ်အနှောင်အဖွဲ့သည်မူလည်း။
(ဟောတု) ဒီပဗန္ဓနံ ဝါ၊ ဖွဲ့ချည်သကဲ့သို့ဖြစ်သောကျွန်းသည်မူလည်း။
ဝါ၊ ကျွန်းအနှောင်အဖွဲ့သည်မူကား။
(ဟောတု)။
ယော၊ အကြင်သူသည်။
ဧတေသု၊ ဤအနှောင်အဖွဲ့တို့တွင်။
ယံကိဉ္စိ၊ အမှတ်မရှိတစ်စုံတစ်ခုသော။
ဗန္ဓနံ၊ အနှောင်အဖွဲ့ကို။
ဘိန္ဒိတွာ ဝါ၊ ဖောက်ဖျက်၍သော်လည်းကောင်း။
(ထောင်ကိုဖောက်၍သော်လည်းကောင်း။)
ဆိန္ဒိတာ ဝါ၊ ဖြတ်၍သော်လည်းကောင်း။
(သံခြေကျင်းကို ဖြတ်၍သော်လည်းကောင်း။)
မုဉ္စိတွာ ဝါ၊ ဖြေ၍သော်လည်းကောင်း။
(ကြိုးကို ဖြေ၍သော်လည်းကောင်း။)
ဝိဝရိတွာ ဝါ၊ ဖွင့်၍သော်လည်းကောင်း။
(ထောင်တံခါးကို ဖွင့်၍သော်လည်းကောင်း။)
အပဿမာနာနံ ဝါ၊ စောင့်ရှောက်သော ယောက်ျားတို့ မမြင်ကုန်စဉ်သော်လည်း။
[အချို့စာအုပ်တို့၌ "ပဿမာနာနံ ဝါ အပဿမာနာနံ ဝါ" ဟု ရှိ၏။မြင်စဉ်ပြေးလျှင် ပစ်သတ်လိမ့်မည်ဖြစ်သောကြောင့် "အပဿမာနာနံ" တစ်ခုသာ ပါသင့်သည်။]
ပလာယတိ၊ ထွက်ပြေး၏။
သော၊ ထို ထွက်ပြေးသူသည်။
ကာရဘေဒကောတိ၊ ဟူ၍။
သင်္ချံ၊ ခေါ်ဝေါ်အပ်သည်၏အဖြစ်သို့။
ဂစ္ဆတိ၊ ရောက်၏။
[မုချအားဖြင့် ထောင်ကိုဖောက်ဖျက်၍ ပြေးသူကိုသာ "ကာရဘေဒက" ဟုခေါ်နိုင်သော်လည်း ဖြတ်၍ ဖြေ၍ ဖွင့်၍ပြေးသူ, မမြင်စဉ်ပြေးသူများကိုလည်း သဒိသူပစာရအားဖြင့် "ကာရဘေဒက" ဟု ခေါ်နိုင်သည်။]
တသ္မာ၊ ကြောင့်။
ဤဒိသော၊ ဤကဲ့သို့ရှုအပ်သော။
ကာရဘေဒကော၊ နှောင်အိမ်ကို ဖောက်ဖျက်တတ်သော။
စောရော၊ ခိုးသူကို။
ဒီပဗန္ဓနံ၊ ဖွဲ့ချည်သကဲ့သို့ဖြစ်သော ကျွန်းကို။
ဝါ၊ ကျွန်းအနှောင်အဖွဲ့ကို။
ဘိန္ဒိတွာ၊ ဖောက်ဖျက်၍။
ဒီပန္တရံ၊ တစ်ပါးသောကျွန်းသို့။
ဂတော၊ ရောက်သည်။
(သမာနော)ပိ၊ ဖြစ်ပါသော်လည်း။
န ပဗ္ဗာဇေတဗ္ဗော။
ပန၊ ဆက်။
ယော၊ အကြင်သူသည်။
စောရော၊ ခိုးသူသည်။
န၊ မဟုတ်။
ကေဝလံ၊ ခိုးခြင်းမဖက် သက်သက်။
ဟတ္ထကမ္မံ၊ လက်ဖြင့်ပြုအပ်သော အမှုကို။
အကရောန္တော၊ မပြုသည်။
(ဟုတွာ) ဧဝံ၊ ဤသို့ ချုပ်နှောင်၍ထားလသော်။
နော၊ ငါတို့၏ (အလုပ်ကို)။
အပလာယန္တော၊ မပြေးဘဲ။
ကရိဿတိ၊ ပြုလုပ်လတ္တံ့။
ဣတိ၊ ဤသို့ကြံ၍။
ရာဇာယုတ္တာဒီဟိ၊ မင်း၏အလုပ်ကိစ္စ၌ အားထုတ်သူ အစရှိသူတို့သည်။
ဝါ၊ မင်းမှုထမ်း စသူတို့သည်။
ဗဒ္ဓေါ၊ နှောင်ဖွဲ့အပ်ပြီ။
သော၊ ထိုသူ့ကို။
ကာရံ၊ နှောင်အိမ်ကို။
ဘိန္ဒိတွာ၊ ဖောက်ဖျက်၍။
ပလာတော၊ ပြေးသည်။
(သမာနော) ပိ၊ သော်လည်း။
ပဗ္ဗာဇေတဗ္ဗော။
ပန၊ ဗျတိရိက်ကား။
ယော၊ အကြင် သူသည်။
ဂါမနိဂမပဋ္ဋနာဒီနိ၊ ရွာဆိပ်ကမ်း, နိဂုံးဆိပ်ကမ်း အစရှိသည်တို့ကို။
ကေဏိယာ၊ ဝယ်ယူကြောင်းဖြစ်သော အခွန်အတုတ်ဖြင့်။
ဝါ၊ အခွန်ဆောင်ခြင်းဖြင့်။
ဂဟေတွာ၊ ယူပြီး၍။
တံ၊ ထိုအခွန်ကို။
အသမ္ပာဒေန္တော၊ မပြီးစေနိုင်သည်။
(ကျေအောင် မပေးနိုင်သည်။)
(ဟုတွာ) ဗန္ဓနာဂါရံ၊ နှောင်အိမ်သို့။
ပဝေသိတော၊ သွင်းထားအပ်သည်။
ဟောတိ။
သော၊ ထိုသူ့ကို။
ပလာယိတွာ၊ ပြေး၍။
အာဂတော၊ လာသည်။
(သမာနော၊ သော်။)
န ပဗ္ဗာဇေတဗ္ဗော။
[အစိုးရ၏ ဘဏ္ဍာကို ကျေအောင်မဆပ်နိုင်သောသူဖြစ်သောကြောင့် ရှင်ပြုမပေးထိုက်။]
ယောပိ၊ အကြင်သူသည်လည်း။
ကသိကမ္မာဒီဟိ၊ လယ်ထွန်မှု အစရှိသည်တို့ဖြင့်။
ဓနံ၊ ဥစ္စာကို။
သမ္ပာဒေတွာ၊ ပြီးစေ၍။
ဇီဝန္တော၊ အသက်မွေးပါလျက်။
ဣမိနာ၊ ဤသူသည်။
နိဓာနံ၊ ရွှေအိုးကို။
လဒ္ဓံ၊ ရအပ်ပြီ။
ဣတိ၊ သို့။
ပေသုညံ၊ ချောပစ်ကုန်းတိုက်ခြင်းကို။
ဥပသံဟရိတွာ၊ ဆောင်၍။
(ဘုရင့်ထံသို့ ကုန်းတိုက်ခြင်းအမှုကို ဆောင်၌။)
ကေနစိ၊ တစ်စုံတစ်ယောက်သည်။
ဗန္ဓာပိတော၊ နှောင်ဖွဲ့စေအပ်သည်။
ဟောတိ၊ ၏။
တံ၊ ထို သူ့ကို။
တတ္ထေဝ၊ ထိုနှောင်ဖွဲ့အပ်ရာ အရပ်၌သာ။
ပဗ္ဗာဇေတုံ န ဝဋ္ဋတိ။
ပလာယိတွာ၊ ပြေး၍။
ဂတံ ပန၊ သွားသူကိုကား။
ဂတဋ္ဌာနေ၊ ရောက်အပ်သော အရပ်၌။
ပဗ္ဗာဇေတုံ ဝဋ္ဋတိ။
**န ဘိက္ခဝေ လိခိတကော** တိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။
**လိခိတကော** နာမ၊ လိခိတက မည်သူသည်။
ကေဝလံ၊ ထွက်ပြေးခြင်း စသည်မဖက် သက်သက်။
ယတ္ထ ပဿတိ။
တတ္ထ ဟန္တဗ္ဗောတိ၊ တွေ့ရာအရပ်၌ သတ်ထိုက်၏ဟူ၍။
(လိခိတောဝ၊ ရေးသားအပ်သူသည်သာ။)
န၊ မဟုတ်သေး။
အထ ခေါ၊ စင်စစ်ကား။
ယော ကောစိ၊ တစ်စုံတစ်ယောက်သည်။
စောရိကံ ဝါ၊ ခိုးသူ၏ အမှုကိုသော်လည်းကောင်း။
အညံ၊ ခိုးမှုမှတစ်ပါးသော။
ဂရုံ၊ ကြီးလေးသော။
ရာဇာပရာဓံ ဝါ၊ မင်း၏အပြစ်ကိုသော်လည်းကောင်း။
ကတွာ၊ ပြုပြီး၍။
ပလာတော၊ ထွက်ပြေးပြီး။
ရာဇာ စ၊ သည်လည်း။
နံ၊ ထိုသူ့ကို။
ပဏ္ဏေ ဝါ၊ ကြော်ငြာစာရွက်၌သော်လည်းကောင်း။
ပေါတ္ထကေဝါ၊ လူဆိုးစာရင်းစာအုပ်၌သော်လည်းကောင်း။
ဣတ္ထန္နာမော၊ ဤအမည်ရှိသူကို။
ယတ္ထ၊ အကြင်အရပ်၌။
ဒိဿတိ၊ တွေ့မြင်အပ်၏။
တတ္ထ၊ ထိုတွေ့ရာအရပ်၌။
ဂဟေတွာ၊ ဖမ်းယူ၍။
မာရေတဗ္ဗော၊ သတ်ထိုက်၏။
ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။
(ယတ္ထ၊ ၌။
ဒိဿတိ၊ ၏။
တတ္ထ၊ ၌။
ဂဟေတွာ၊ ၍။)
အဿ၊ ထိုသူ၏။
ဟတ္ထပါ ဒါနိ၊ လက်ခြေတို့ကို။
ဆိန္ဒိတဗ္ဗာနိ၊ ဖြတ်ထိုက်ကုန်၏။
ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။
ဧတ္တကံ နာမ၊ ဤမျှ အတိုင်းအရှည်ရှိသည် မည်သော။
ကေဏိယာ။ ။ သက္ကတ၌ ကြိဓာတ်ဟု ရှိသောကြောင့် ပါဠိ၌ နငယ်ကို ဏကြီးပြန်၍ "ကေဏိယာ" ဟု ရှိရသည်၊ "ကိယတေ ဧတာယာတိ ကေဏိ" ဆိပ်ကမ်းစသည်ကိုဝယ်ကြောင်းဖြစ်သော အခွန်အတုတ်၊ ယခုအခါ လေလံဆွဲခြင်းမျိုးကို "ကေဏိယာဂဟေတွာ" ဟု ဆိုသည်၊ [ကေဏိယာတိ ရညော ဒါတဗ္ဗအာယေန- မင်းအားပေးထိုက်သော အခွန်အတုတ်ဖြင့်၊- ယောဇနာ။]
ဒဏ္ဍံ၊ ဒဏ်ကို။
အာဟရာပေတဗ္ဗော၊ ဆောင်စေထိုက်၏။
ဣတိ ဝါ၊ သော်လည်းကောင်း။
လိခါပေတိ၊ ရေးထားစေ၏။
အယံ၊ ဤသူသည်။
လိခိတကော နာမ၊ မည်၏။
[လိခီယိတ္ထာတိ လိခိတံ၊ လိခိတံ ယဿ အတ္ထီတိ လိခိတော၊ လိခိတောယေဝ လိခိတကော။]
သော၊ ထိုသူ့ကို။
န ပဗ္ဗာဇေတဗ္ဗော။
**ကသာဟတော ကတဒဏ္ဍကမ္မော** တိ ဧတ္ထ၊ ၌။
ယော၊ အကြင်သူ့ကို။
ဝစနပေသနာဒီနိ၊ ပြောဆိုအပ်သောစကား စေခိုင်းကြောင်းအမှု အစရှိသည်တို့ကို။
အကရောန္တော၊ မပြုသည်။
(ဟုတွာ၊ ၍။
ဝါ၊ ဖြစ်ခြင်းကြောင့်။)
ဟညတိ၊ ညှင်းဆဲအပ်၏။
သော၊ ထိုသူသည်။
(စကား နားမထောင်ခြင်း, စေခိုင်းအပ်သည်ကိုမပြုလုပ်ခြင်းကြောင့် ညှဉ်းဆဲအပ်သူသည်။)
ကတဒဏ္ဍကမ္မော၊ ကတဒဏ္ဍကမ္မမည်သည်။
န၊ မဟုတ်။
ပန၊ အဟုတ်ကား။
ယော၊ အကြင်သူ့ကို။
ကေဏိယာ ဝါ၊ ဝယ်ယူကြောင်းဖြစ်သော အခွန်အတုတ်ဖြင့်သော်လည်းကောင်း။
အညထာ ဝါ၊ အခွန်အတုတ်မှတစ်ပါးသော အခြင်းအရာဖြင့်သော်လည်းကောင်း။
ကိဉ္စိ၊ တစ်စုံတစ်ခုကို။
ဂဟေတွာ၊ ယူပြီး၍။
ခါဒိတွာ၊ ခဲစားပြီး၍။
ပုန၊ တစ်ဖန်။
ဒါတုံ၊ ပေးခြင်းငှာ။
အသက္ကောန္တော၊ မစွမ်းနိုင်သည်။
(ဟုတွာ) အယမေဝ၊ ဤကြိမ်ဒဏ်ခတ်ခြင်းသည်ပင်။
တေ၊ သင်၏အပေါ်၌။
ဒဏ္ဍေ၊ ဒဏ်သည်။
ဟောတု၊ ဖြစ်စေ။
ဣတိ၊ ဤသို့ပြောဆို၍။
ကသာဟိ၊ ကြိမ်တို့ဖြင့်။
ဟညတိ၊ ညှင်းဆဲ၏။
အယံ၊ ဤသူသည်။
ကသာဟတော၊ ကြိမ်တို့ဖြင့် နှိပ်စက်အပ်သော။
ကတဒဏ္ဍကမ္မော၊ ပြုအပ်ပြီးသော ဒဏ်အမှုရှိသူတည်း။
[ **"ဟညတီတိ ဟတော၊ ကသာဟိ ဟတော ကသာဟတော"** အဋ္ဌကထာ၌ တံ ကာလာပေက္ခဝတ္တမာန်အားဖြင့် **"ဟညတိ"** ဟု ရှိသော်လည်း ရဟန်းပြုသည့်အချိန် ရောက်သောအခါ **"ဟညတိ"** မဟုတ်၊ **"ဟညိတ္ထ"** ဖြစ်နေပြီ၊ **"ကတံ ဒဏ္ဍကမ္မံ ယဿတိ ကတဒဏ္ဍကမ္မော"** ဟု ပြု၊ **"ယဿ၊ အကြင်ပုဂ္ဂိုလ်၏ အပေါ်၌"** ဟုပေး။]
သော စ၊ ထိုသူသည်လည်း။
ဝါ၊ ကိုလည်း။
ကသာဟိ ဝါ၊ ကြိမ်တို့ဖြင့်မူလည်း။
ဟတော၊ ညှဉ်းဆဲအပ်သည်။
ဟောတု၊ ဖြစ်စေ။
အဒ္ဓဒဏ္ဍကာဒီနံ၊ (လေးတောင်ထက်ဝက်) နှစ်တောင်ရှိသော တုတ်အစရှိသည်တို့တွင်။
အညတရေန ဝါ၊ တစ်မျိုးမျိုးသော တုတ်ဖြင့်မူလည်း။
ဟတော၊ သည်။
ဟောတု၊ စေ။
ယာဝ၊ အကြင်မျှလောက်။
အလ္လဝဏော၊ စိုစွပ်သော အနာရှိသည်။
ဟောတိ၊ ၏။
တာဝ၊ ထို စိုသောအနာရှိသေးသမျှ။
န ပဗ္ဗာဇေတဗ္ဗော။
ပန၊ အနွယကား။
ဝဏေ၊ အနာတို့ကို။
ပါကတိကေ၊ ပင်ကိုဘဘောရှိသည်တို့ကို။
(အနာပျောက်သည်တို့ကို။)
ကတွာ၊ ပြုပြီး၍။
ဝါ၊ ပြုပြီးမှ။
ပဗ္ဗာဇေတဗ္ဗော။
ပန၊ ဆက်။
ဇာဏူဟိ ဝါ၊ ဒူးပုဆစ်တို့ဖြင့်သော်လည်းကောင်း။
ကပ္မရေဟိ ဝါ၊ တတောင်တို့ဖြင့်သော်လည်းကောင်း။
နာဠိကေရပါသာဏာဒီဟိ ဝါ၊ အုန်းခွက်,ကျောက် အစရှိသည်တို့ဖြင့်သော်လည်းကောင်း ။
ဃတေတွာ၊ ညှဉ်းဆဲ၍။
မုတ္တော၊ လွှတ်အပ်သည်။
သစေ ဟောတိ၊ အံ့။
အဿ၊ ထိုသူ၏။
သရီရေ စ၊ ကိုယ်၌လည်း။
ဂဏ္ဌိဂဏ္ဌိယော၊ အဖု အဖုတို့သည်။
(ဒူးဖြင့်တိုက်, တတောင်ဖြင့်ထောင်း, အုန်းခွံဖြင့် ခေါင်းကိုခြစ်, ကျောက်ခဲဖြင့်ထုခြင်း စသည်တို့ကြောင့် အဖု အဖုတို့သည်။)
(သစေ) ပညာယန္တိ၊ အကယ်၍ ထင်ရှားကုန်အံ့။
(ဧဝံသတိ) န ပဗ္ဗာဇေတဗ္ဗော။
ဖာသုကံ၊ ချမ်းသာသည်ကို။
ကတွာ ဧဝ၊ ပြုပြီး၍၍သာလျှင်။
ဂဏ္ဌီသု၊ အဖုတို့သည်။
သန္နိသိန္နာသု၊ ငြိမ်သက်စွာ တည်နေကုန်လသော်။
(အဖုပျေက်ကုန်လသော်။)
ပဗ္ဗာဇေတဗ္ဗော။
**လက္ခဏာဟတော ကတဒဏ္ဍကမ္မောတိ ဧတ္ထ၊ ၌။**
ကတဒဏ္ဍကမ္မဘာဝေါ၊ ကတဒဏ္ဍကမ္မ၏အဖြစ်ကို။
ပုရိမနယေနေဝ၊ ရှေးနည်းဖြင့်သာ။
ဝေဒိဗ္ဗော။
ပန၊ ဆက်။
(တစ်နည်း၊ ကတဒဏ္ဍကမ္မမှတစ်ပါး လက္ခဏာဟတကား။)
ယဿ၊ အကြင်သူ၏။
နလာဋေ ဝါ၊ နဖူး၌သော်လည်းကောင်း။
ဦရုအာဒီသု ဝါ၊ ပေါင်အစရှိသောအရပ်တို့၌သော်လည်းကောင်း။
တတ္တေန၊ ပူသော။
လောဟေန၊ သံဖြင့်။
လက္ခဏံ၊ အမှတ်အသားသည်။
ဝါ၊ ကို။
အာဟတံ၊ ခတ်နှိပ်အပ်သည်။
ဟောတိ၊ ၏။
သော၊ ထိုနှိပ်စက်အပ်သူသည်။
ဘုဇိဿော၊ မိမိလက်ကဲ့သို့ မိမိကိုယ်ကိုစေအပ်စေနိုင်သူသည်။
ဝါ၊ ကိုယ်ကိုယ်ကို ပိုင်ဆိုင်သူသည်။
(ချုပ်နှောင် ဖမ်းဆီးထားခြင်းမှ လွတ်လာသူသည်။)
သစေ ဟောတိ၊ အံ့။
(ဧဝံသတိ) ယာဝ၊ လောက်။
အလ္လဝဏော၊ စိုသော အနာရှိသည်။
ဟောတိ၊ ၏။
တာဝ၊ ထို အနာစိုနေသေးသမျှ။
န ပဗ္ဗာဇေတဗ္ဗော၊ ထိုက်။
အဿ၊ ထိုသူ၏။
ဝဏာ၊ အနာတို့သည်။
ရုဠှာ၊ အသားနု တက်ကုန်သည်။
သစေပိ ဟောန္တိ၊ အကယ်၍မူလည်း ဖြစ်စေကုန်ဦးတော့။
ဆဝိယာ၊ အရေနှင့်။
သမာ၊ ညီညွတ်ကုန်သော။
ပရိစ္ဆေဒါ၊ အပိုင်းအခြားတို့သည်။
(သစေပိ ဟောန္တိ၊ ကုန်ဦးတော့၊)
ပန၊ ထိုသို့ပင် ဖြစ်ပါကုန်သော်လည်း။
လက္ခဏံ၊ အမှတ်အသားသည်။
ပညာယတိ၊ ထင်ရှားသေးအံ့။
တိမဏ္ဍလဝတ္ထဿ၊ အဝန်းသုံးပါး ညီညွတ်စွာဝတ်အပ်သော အဝတ်ရှိသော ပုဂ္ဂိုလ်၏။
ဥတ္တရာသင်္ဂေ၊ အပေါ်ခြုံကို။
ကတေ၊ ပြုအပ်သော်။
(လက္ခဏံ၊ အမှတ်အသားသည်။)
ပဋိစ္ဆန္နောကာသေ၊ ဖုံးလွှမ်းအပ်သော အရပ်၌။
စေ ဟောတိ၊ အံ့။
(ဧဝံသတိ) ပဗ္ဗာဇေတုံ ဝဋ္ဋတိ။
(လက္ခဏံ) အပဋိစ္ဆန္နောကာသော၊ မဖုံးလွှမ်းအပ်သော အရပ်၌။
စေ(ဟောတိ၊ ဧဝံသတိပဗ္ဗာဇေတုံ) န ဝဋ္ဋတိ။
လက္ခဏံ ပညာယတိ။ ။ အချို့စာအုပ်၌ "လက္ခဏံ န ပညာယတိ" ဟု တွေ့ရ၏၊ "သစေပိ" စသော ရှေ့စကားကို ထောက်၍လည်းကောင်း, "တိမဏ္ဍလဝတ္ထဿ" စသောနောက်စကားကို ထောက်၍လည်းကောင်း "လက္ခဏံ ပန ပညာယတိ- အမှတ်အသားကားထင်ရှားနေသေး၏" ဟူသော စကားသာ သင့်ပါသည်။