**သဗ္ဗသန္ထရိန္တိ**၊ ကား။
ယထာ၊ အကြင် အခြင်းအရာအားဖြင့် ခင်းအပ်သော။
သဗ္ဗံ၊ အလုံးစုံ။
(အကုန်အစင်။)
သန္ထတံ၊ ခင်းအပ်သည် မည်သည်။
ဟောတိ၊
ဧဝံ၊ ဤ အခြင်းအရာအားဖြင့်။
(သန္ထရိတွာ၌ စပ်)။
**သုနိဓဝဿကာရာ**တီ၊ ကား။
သုနိဓော စ၊ သုနိဓလည်း မည်သော။
ဝဿကာရော စ၊ ဝဿကာရလည်း မည်သော။
ဒွေ၊ ကုန်သော။
ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်။
(မာပေန္တိ၌ စပ်။)
**မဂဓမဟာမတ္တာ**တိ၊ ကား။
မဂဓရညော၊ မဂဓမင်း၏။
မဟာမစ္စာ၊ အမတ်ကြီး ဖြစ်ကုန်သော။
(ဗြာဟ္မဏာ၌ စပ်။)
**ဝဇ္ဇိနံ ပဋိဗာဟာယာ**တိ၊ ကား။
ဝဇ္ဇိရာဇကုလာနံ၊ ဝဇ္ဇီမင်းမျိုးတို့၏။
အာယမုခပစ္ဆိန္ဒနတ္ထံ၊ ဝင်လာသော အခွန်အတုတ်၏ အဝကို ဖြတ်ထားခြင်းအကျိုးငှာ။
(မာပေန္တိ၌ စပ်။)
**ဝတ္ထူနီ**တိ၊ ကား။
ဃရဝတ္ထူနိ၊ အိမ်ရာတို့ကို။
(ပရိဂ္ဂဏှနိယော၌ စပ်။)
**စိတ္တာနိ နမန္တိ နိဝေသနာနိ မာပေတု**န္တိ၊ ကား။
တာ ဒေဝတာ၊ ထို နတ်တို့သည်။
ဝတ္ထုဝိဇ္ဇာပါဌကာနံ၊ ဝတ္ထုဝိဇ္ဇာကျမ်းကို ရွတ်ဖတ်တတ်ကုန်သောဆရာတို့၏။
[အိမ်ရာ၏ အကျိုး, အပြစ်ကို သိတတ်သောအတတ်ကို ရွတ်ဖတ်တတ်ကုန်သော ဆရာတို့၏ အိမ်ရာမြေကြံအတတ်ကို တတ်သော ဆရာတို့၏။]
သရီရေ၊ ကိုယ်၌၏။
အဓိမုစ္စိတွာ၊ ပူးဝင်၍။
ဧဝံ၊ သို့။
(ပါဠိတော်၌ လာသည့်အတိုင်း။)သဗ္ဗသန္ထရိံ။ ။ "ယထာ၊ပေ၊ ဧဝံ" ဟု ကြိယာဝိသေသန ဖွင့်ပုံကို ကြည့်၍ "သဗ္ဗသန္ထရိံ" ၌ ကြိယာဝိသေသန (ဘာဝနပုံ) ဟု မှတ်ပါ၊ သန္ထရီယတေတိ သန္ထရိ၊ သဗ္ဗံ- အလုံးစုံ+သန္ထရိ- ခင်းအပ်သော အာဝသထာဂါရတည်း၊ သဗ္ဗသန္ထရိ၊ ကြိယာဝိသေသနအနက်၌ ဒုတိယာသက်၍ "သဗ္ဗသန္ထရိံ- အလုံးစုံ ခင်းအပ်သည်မည်လောက်အောင်" ဟု ပေး၊ [သန္ထတံတိ သန္ထရိ၊ သဗ္ဗံ+သန္ထရိ သဗ္ဗသန္ထရိ၊ တံ သဗ္ဗသန္ထရိံ၊ ဘာဝနပုံသကနိဒ္ဒေသော ဝါယံ-ဟူသော ဋီကာ ဒုတိယဖွင့်အတိုင်းတည်း၊ "သဗ္ဗသန္တရိံ-အလုံးစုံ ခင်းခြင်းရှိသော၊ အာဝသထာဂါရံ- ကို" ဟု ဋီကာ၌ ပထမနည်း ရှိသေး၏။]
မှတ်ချက်။ ။ ဤသဗ္ဗသန္ထရိံ စသော ပုဒ်များသည် မဟာပရိနိဗ္ဗာနသုတ်စသော သုတ္တန်စကားတည်း၊ သုတ္တန်စကားများ၏ အဖွင့်ကို သုတ္တန်အဋ္ဌကထာတို့မှ ယူပါဟု ရှေး၌ ဆိုခဲ့၏၊ ထို့ကြောင့် သဗ္ဗသန္ထရိံ စသော ပုဒ်များ၏ အဖွင့်ကို ရှေးအဋ္ဌကထာစာအုပ်တို့၌ ပါဟန်မတူ၊ နောက်ဆရာတို့ ဋီကာမှ ယူထားကြဟန်တူသည်။ စိတ္တာနိ၊ တို့ကို။ နာမေန္တိ ကိရ၊ ညွတ်စေကြကုန်သတတ်။

တသ္မာ၊ ကြောင့်။
(နာမေန္တိ)။
အမှာကံ၊ တို့အား။
ယထာရူပံ၊ ထိုက်တန်သည်အားလျော်စွာ။
သက္ကာရံ၊ ပူဇော်ဖွယ်ကို။
ကရိဿန္တိ၊ ပြုကြကုန်လတ္တံ့။
ဣတိ၊ ဤသို့ ကြံခြင်းကြောင့်။
(နာမေန္တိ) ဣတိ အတ္ထော၊ နက်။
**တာဝတိံ သေဟီ**တိ၊ ကား။
လောကေ၊ ၌။
ဒေဝရာဇာနံ၊ နတ်တို့၏ မင်းဖြစ်သော။
သက္ကံ၊ ကိုလည်းကောင်း။
ဝိသုကမ္မဉ္စ၊ ဝိသုကြုံနတ်သားကိုလည်းကောင်း။
ဥပါဒါယ၊ ကပ်ယူ၍။
(စွဲ၍)။
တာဝတိံ သာ၊ တာဝတိံသာနတ်တို့သည်။
ပဏ္ဍိတာ၊ ပညာရှိပါပေကုန်၏။
ဣတိ၊ သို့။
သဒ္ဒေါ၊ ကျော်စောသံသည်။
အဗ္ဘုဂ္ဂတော ကိရ၊ ပျံ့နှံ့၍ တက်သတတ်။
တေနေဝ၊ ကြောင့်ပင်။
တာဝတိံ သေဟီတိ၊ ဟူ၍။
(ဘဂဝါ)။
အာဟ၊ မိန့်တော်မူပြီ။
တာဝတိံ သေဟိ၊ တို့နှင့်။
သဒ္ဓိံ၊ တကွ။
မန္တေတွာ ဝိယ၊ တိုင်ပင်၍ကဲ့သို့။
မာပေန္တိ၊ ဖန်ဆင်းကြကုန်၏။
ဣတိ အတ္ထော၊ နက်။
**ယာဝတာ အရိယာယတန**န္တိ၊ ကား။
ယတ္တကံ၊ အကြင်မျှ အတိုင်းအရှည်ရှိသော။
အရိယမနုဿာနံ၊ အရိယဒေသ၌ နေကြကုန်သောလူတို့၏။
ဩသရဏဋ္ဌာနံ နာမ၊ သက်ရောက်ရာ အရပ်မည်သည်။
အတ္ထိ၊
**ယာဝတာ ဝဏိပ္ပထော**တိ၊ ကား။
ယတ္တကံ၊ သော။
(ကာယဝိက္ကယဋ္ဌာနံ နာမ၌ စပ်။)
ဝါဏိဇာနံ၊ ကုန်သည်တို့၏။
အာဘတဘဏ္ဍဿ၊ ဆောင်ယူအပ်သော ဘဏ္ဍာ၏။
ရာသိဝသေနေဝ၊ အစုအပုံ၏ အစွမ်းအားဖြင့်သာလျှင်။
ကယဝိက္ကယဋ္ဌာနံ နာမ၊ ဝယ်ရာရောင်းရာဌာနမည်သည်။အရိယာယတနံ။ ။ အရိယ အရပ်၌ နေသူတို့ကို "အရိယက" ဟု ခေါ်၏၊ အာယတန သဒ္ဒါသည် "ပေါင်းစုသက်ရောက်ရာ အရပ်" ဟူသော အနက်ကိုဟော၏၊ [အရိယကမနုဿာနန္တိ အရိယဒေသဝါသိမနုဿာနံ၊- မဟာပရိနိဗ္ဗာနသုတ်ဋီကာ၊] အချို့စာအုပ်များ၌ "အရိယံ အာယတနံ" ဟုလည်းကောင်း, အရိယာနံ အာယတနံ"** ဟုလည်းကောင်း မူကွဲရှိ၏၊ "အရိယာယတနံ" ဟု ရှိမှ ထို ဋီကာနှင့် ညီမည်၊ "အရိယာနံ+အာယတနံ အရိယာယတနံ" ဟု ပြု။
ဝဏီပ္ပကော။ ။ ပထသဒ္ဒါသည် "လမ်း" ဟူသော အနက်ကို ဟောရင်းတည်း၊ ထိုလမ်းကဲ့သို့ ဖြစ်ရာအရပ်ကိုလည်း ဟော၏၊ "ဝါဏိဇာနံ အာဘတဘဏ္ဍဿ" ဖြင့် ဝဏိပုဒ်၏ အနက်ကိုပြ၏၊ "ကယဝိက္ကယဋ္ဌာနံ" ဖြင့် ပထပုဒ်၏ အနက်ကို ပြ၏၊ ဝဏိဇ္ဇာယ-ရောင်းဝယ်အပ်သော ကုန်ပစ္စည်း၏+ပထော- ရောင်းဝယ်သောအားဖြင့်ဖြစ်ရာအရပ်တည်း၊ ဝဏိပ္ပါထော-ရပ်၊ ["ဝဏိစ္စပထော" ဟု ဆိုလိုလျက် ဇ္ဇကို ချေ, ပကို ဒွေဘော်ပြု၊ ဝဏိဇ္ဇာယ+ပထော ပဝတ္တိဋ္ဌာနံတိ ပုရိမဝိကပ္ပေ အတ္ထော၊- သုတ်ဋီကာ။] အတ္ထိ၊ [ရာသိဝသေနေဝဖြင့် အစုလိုက် အပြုံလိုက် လက်ကားရောင်းခြင်း ဝယ်ခြင်းကို ပြ၏၊ အနည်းငယ် လက်လီ ရောင်းဝယ်ခြင်းမျိုးကား အခြား မြို့ကလေးများ၌လည်း ရနိုင်ပါ၏။] [ဝါ၊ တစ်နည်း။ ဝါဏိဇာနံ၊ ကုန်သည်တို့၏။ ဝသနဋ္ဌာနံ၊ နေရာအရပ်သည်။ (အတ္ထိ)။]

**ဣဒံ အဂ္ဂနဂရ**န္တိ၊ ကား။
ဣဒံ၊ ဤ ပါဋလိပုတ်မြို့သည်။
တေသံ အရိယာယတနဝဏိပ္ပထာနံ၊ ထိုအရိယလူမျိုးတို့၏ သက်ရောက်ရာအရပ်, ကုန်တို့၏ အစုအားဖြင့် ရောင်းဝယ်ရာ အရပ်တို့၏။
ဝါ၊ ကုန်သည်တို့၏ နေရာအရပ်တို့၏။
ဝါ၊ တို့တွင်။
အဂ္ဂနဂရံ၊ အမြတ်ဆုံးမြို့သည်။
ဘဝိဿတိ၊ လတ္တံ့။
[ပါဋလိရွာကြီးမှ ပေါက်ပွားလာသော မြို့ဖြစ်သောကြောင့် "ပါဋလိပုတ်မြို့" ဟု ခေါ်ဟန်တူသည်။]
**ပုဋဘေဒန**န္တိ၊ ကား။
ပုဋဘေဒနဋ္ဌာနံ၊ ကုန်ထုပ်ကို ဖျက်ရာအရပ်သည်။
မောစနဋ္ဌာနံ၊ ဖြေရာအရပ်သည်။
(ဘဝိဿတိ)။
ဣတိ၊ ဤ အနက်သည်။
ဝုတ္တံ၊ သည်။
ဟောတိ။
[ပုဋေ- ဘဏ္ဍာအထုပ်တို့ကို+ဘိန္ဒန္တိ မောစေန္တိ ဧတ္ထာတိပုဋဘေဒနံ၊]
**အဂ္ဂိတော ဝါ**တိအာဒီသု၊ အဂ္ဂိတော ဝါ အစရှိသော ပါဠိရပ်တို့၌။
ဝါသဒ္ဒေါ၊ သည်။
သမုစ္စယတ္တော၊ သမုစ္စည်းအနက်ရှိ၏။
ဟိ၊ မှန်။
တစ်နည်း။
ဟိ၊ ချဲ့ဦးအံ့။
တတြ၊ ထို ပါဋလိပုတ်မြို့၌။
ဧကဿ၊ တစ်ခုသော။
ကောဋ္ဌာသဿ၊ အစု၏။
အဂ္ဂိတော၊ မီးကြောင့်လည်းကောင်း။
ဧကဿ၊ သော။
(ကောဋ္ဌာသဿ၊ ၏။)
ဥဒကတော၊ ရေကြောင့်လည်းကောင်း။
ဧကဿ၊
(ကောဋ္ဌာသဿ၊ ၏။)
အဗ္ဘန္တရတော၊ အတွင်း၌ဖြစ်သော။
အညမညဘေဒါ၊ အချင်းချင်း ခွဲခြင်းကြောင့်လည်းကောင်း။
ဝါ၊ အချင်းချင်း ကုန်းတိုက်ခြင်းကြောင့်လည်းကောင်း။
အန္တရာယော၊ အန္တရာယ်သည်။
ဘဝိဿတိ၊ လတ္တံ့။ဝါဏိဇာနံ ဝသနဋ္ဌာနံ ဝါ။ ။ ဤပါဌ်လည်း ဋီကာ၌ ရှိ၏၊ မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌လ့ည်း ရှိ၏၊ ဝဏိဇာနံ-ကုန်သည်တို့၏၊ ပထော- ဖြစ်ရာနေရာအရပ်တည်း၊ ဝဏိပ္ပထော- ရပ်ကို၊ ဇကို ချေ၊ [ဒုတိယဝိကပ္ပေ ပန ဝဏိဇာနံ ပထော ပဝတ္ထိဋ္ဌာနန္တိ အာဟ၊ သုတ်ဋီကာ။]
သမုစ္စယတ္တော။ ။ ဝါသဒ္ဒါ၏ တစ်မျိုးမျိုးသာ ဖြစ်ခြင်းဟူသော ဝိကပ်အနက်, တစ်မျိုး နှစ်မျိုးဖြစ်စေ, သုံးမျိုးဖြစ်စေ မသေချာခြင်းဟူသော အနိယမအနက်တို့ မရနိုင်၊ သုံးမျိုးလုံးဖြစ်ခြင်းဟူသော သမုစ္စည်းအနက်သာ ရနိုင်၏၊ ထိုသို့ ရနိုင်ပုံကို "တတြ ဟိ" စသည်ဖြင့် ပြသည်။

**ဥဠုမ္ပန္တိ**၊ ကား။
ပါရဂမနတ္ထာယ၊ တစ်ဖက်ကမ်းသို့ သွားခြင်းအကျိုးငှာ။
အာဏိယော၊ မယ်နတို့ကို။
(စို့သံတို့ကို)။
အာကောဋေတွာ၊ ရိုက်နှက်၍။
ကတံ၊ ပြုအပ်သော အသားဖောင်ကို။
(ပရိယေသန္တိ၌ စပ်။)
**ကုလ္လန္တိ**၊ ကား။
ဝလ္လိအာဒီဟိ၊ နွယ် အစရှိသည်တို့ဖြင့်။
(အာဒိဖြင့် ကြိမ် စသည်ကို ယူ။)
ဗန္ဓိတွာ၊ ဖွဲ့တုပ်၍။
ကတံ၊ ပြုအပ်သော ဝါးဖောင်ကို။
(ဗန္ဓန္တိ၌ စပ်။)
**အဏ္ဏဝန္တိ** ဧတံ၊ ဟူသော ဤအမည်သည်။
သဗ္ဗန္တိမေန၊ အလုံးစုံသောအပိုင်းအခြားတို့ ၏အဆုံး၌ဖြစ်သော။
ပရိစ္ဆေဒေန၊ အပိုင်းအခြားအားဖြင့်။
ယောဇနမတ္တံ၊ တစ်ယူဇနာ အတိုင်းအရှည်တိုင်အောင်။
ဂမ္ဘီရဿ စ၊ နက်သည်လည်းဖြစ်သော။
ပုထုလဿ စ၊ ပြန့်ကျယ်သည်လည်းဖြစ်သော။
ဥဒကဋ္ဌာနဿ၊ ရေ၏တည်ရာအရပ်၏။
အဓိဝစနံ၊ တည်း။
[အဏ္ဏော ဧတ္ထာတိ အဏ္ဏဝါ၊ ဝန္တုပစ္စည်း၏ ပဟူတ(ရေအများရှိခြင်း) အနက်ကို ပြလို၍ "သဗ္ဗန္တိမေန၊ ပေ၊ အဓိဝစနံ" ဟု မိန့်သည်။]ဥဠူပ။ ။ သက္ကတ၌ "ဥဍူနိ(ဇလေ) -ရေထဲ၌ +ပါတိ- စောင့်ရှောက်တတ်၏၊ ဣတိ ဥဍုပေါ(ဥဍူပေါ)" ဟု ရှိ၏၊ ပါဠိ၌ ဍက်ို ဠပြုထားသည်၊ "ဥဠုမ္မော" ဟု လည်း ပါဌ်တစ်မျိုးရှိ၏၊ "အာဏိယော အာကောဋေတွာ ကတံ" ဟု အဋ္ဌကထာ၌ လည်းကောင်း "ဥဠုမ္ပန္တိ ပါရမဂနတ္ထာယ လဟုကေ ဒါရုဒဏ္ဍေ ဂဟေတွဠာ ကဝါဋဖလကေ ဝိယ အညမညသမ္ဗန္ဓ ကာတုံ အာဏိယော ကောဋ္ဋေတွာ (စို့သံတို့ကို ရိုက်နှက်၍) နာဝါသင်္ခေပေန ကတံ(လှေအသွင်ဖြင့် ပြုအပ်)" ဟု ဋီကာ၌လည်းကောင်း ဖွင့်၏၊ ထို အဖွင့်၌ "ပျဉ်ချပ် မဟုတ်ဘဲ ပေါ့သော တုတ်ချောင်းတို့ကို လှေသဏ္ဍာန်ဖြစ်အောင် ပြုလုပ်အပ်" ဟု ဆိုသောကြောင့် ယခုခေတ်၌ သစ်သားဖောင်နှင့် မတူသောစက်ဖောင်တစ်မျိုး ဖြစ်ဟန်တူသည်၊ အလဂဒ္ဒူပမသုတ် အဋ္ဌကထာ၌ကား "ပတ္ထရိတွာ ဗဒ္ဓါ ပန ပဒရစာဋိအာဒယော ဥဠူပေါ" ဟု ဆို၏၊ ထို အဆိုအတိုင်း ယူလျှင် သစ်သား, သို့မဟုတ် စဉ့်အိုး စသည်တို့ကို ဖွဲ့စပ်ထားသော သစ်သားဖောင်, စဉ့်အိုးဖောင် စသည်ပင်တည်း။
ကုလ္လ။ ။ ဥဠူပနှင့် ကုလ္လကို အဘိဓာန် (၆၆၅) ၌ ပရိယာယ်ဟု ဆို၏၊ ("ကုလဿ- ကမ်းနား စသည်၌ တည်သော အိမ်၏+ဟိတော- အစီးအပွားတည်း၊ ကုလ္လော" ဟု ပြု၊ "ဝလ္လိအာဒီဟိ ဗန္ဒိတွာ ကတံ" ဟု အဋ္ဌကထာ၌လည်းကောင်း, ဝေဠုနဋ္ဌာဒိကာ သင်္ဃရိတွာ ဝလ္လိအာဒီဟိ ကလာပဝသေန ဗန္ဓိတွာ ကတံ" ဟု ဋီကာ၌လည်းကောင်း ဖွင့်၏၊ ထို့ကြောင့် အိမ်သုံးအဖြစ်ဖြင့် အလွယ်တကူ ပြုလုပ်၍ ရကောင်းသော ဝါးစည်း စသည်တို့ဖြင့် ဖွဲ့စည်းထားအပ်သော ဝါးဖောင်ကျူးဖောင် စသည်တို့ကို "ကုလ္လ" ဟု ခေါ်ပါ။

ဣဓ၊ ဤ ဂါထာ၌။
နဒီ၊ မြစ်ကို။
**သရန္တိ**၊ ဟူ၍။
အဓိပ္ပေတာ၊ အပ်၏။
ဣဒံ၊ သည်။
ဝုတ္တံ၊ သည်။
ဟောတိ။
(ကိံ?)။
ယေ၊ အကြင် အရိယာပုဂ္ဂိုလ်တို့သည်။
ဂမ္ဘီရံ၊ နက်သော။
ဝိတ္ထတံ၊ ပြန့်ကျယ်သော။
(အဏ္ဏဝံ၏ အဖွင့်။)
တဏှာသရံ၊ တဏှာတည်းဟူသော မြစ်ကို။
တရန္တိ၊ ကူးမြောက်ကုန်၏။
တေ၊ တို့သည်။
အရိယမဂ္ဂသင်္ခါတံ၊ အရိယာမဂ်ဟု ဆိုအပ်သော။
သေတုံ၊ တံတားကို။
ကတွာန၊ ပြု၍။
ပလ္လလာနိ၊ ရွှံ့ညွှန်တို့ကို။
ဝိသဇ္ဇ၊ စွန့်လွှတ်၍။
ဥဒကဘရိတာနိ၊ ရေဖြင့် ပြည့်ကုန်သော။
နိန္နဋ္ဌာနာနိ၊ ချိုင့်ဝှမ်းသောအရပ်တို့ကို။
အနာမသိတွာဝ၊ မသုံးသပ်မူ၍သာလျှင်။
(တရန္တိ)။
အယံ ပန ပရိဇနော၊ ဤလူအပေါင်းသည်ကား။
အပ္ပမတ္တကံ၊ နည်းသော အတိုင်းအရှည်ရှိသော။
ဣဒံ ဥဒကံ၊ ဤ ဂင်္ဂါမြစ်ရေကို။
အပ္ပမတ္တကံ၊ နည်းသော အတိုင်းအရှည်ရှိသော။
ဣဒံ ဥဒကံ၊ ဤ ဂင်္ဂါမြစ်ရေကို။
ဥတ္တရိတုကာမော၊ ကူးမြောက်လိုသည်။
(ဟုတွာပိ၊ ဖြစ်၍လည်း။)
ကုလ္လံ၊ ဝါးဖောင်ကို။
ဗန္ဓတိ၊ ဖွဲ့တုပ်နေရ၏။
ဗုဒ္ဓါ၊ ဘုရားရှင်လည်း ဖြစ်ကုန်သော။
ဗုဒ္ဓသာဝကာ စ၊ ဗုဒ္ဓ၏ သာဝကလည်း ဖြစ်ကုန်သော။
မေဓာဝိနော၊ ပညာရှိ ဖြစ်ကုန်သော။
ဇနာ ပန၊ လူတို့သည်ကား။
ကုလ္လေန၊ နှင့်။
ဝိနာ ဧဝ၊ ကင်း၍သာလျှင်။
တိဏ္ဏာ၊ ကူးမြောက်တော်မူကုန်ပြီ။
ဣတိ၊ သည်။
ဝါ၊ ကို။
(ဝုတ္တံ ဟောတိ)။
**အနနုဗောဓာ**တိ၊ ကား။
အဗုဇ္ဈနေန၊ မသိခြင်းကြောင့်။
(အထွတ်အထိပ်သို့ရောက်သော ဝိပဿနာ ဉာဏ်ဖြင့် လျော်စွာမသိခြင်းကြောင့်- ဟူလို။)သရန္တိ ဣဓ နဒီ။ ။ အခြားနေရာ၌ ရေကန် အင်းအိုင်တိုကို "သရ" ဟု ဆိုရသော်လည်း ဂင်္ဂါမြစ်ကို ဥပမာပြသော အရာဖြစ်သောကြောင့် မြစ်ကို ယူပါဟု သိစေလို၍ "သရန္တိ၊ပေ၊ အဓိပ္ပေတာ" ဟု မိန့်သည်၊ "သရတီ သန္ဒတီတိ သရော" ဟု ပြု။
အနနုဗောဓော။ ။ အဋ္ဌကထာ၌ "အဗုဇ္ဈနေန" ဟု ဖွင့်ခြင်းသည် အလွယ်ဖွင့်ခြင်း သာတည်း၊ ထို အဖွင့်ဖြင့် အနု၏ အနက်ကို မသိရ၊ သ္မာ ဝိဘတ်၏ ကာရဏအနက်ကိုသာ သိရသည်၊ "အနုဗောဓော စေတ္ထ ပုဗ္ဗဘာဂိယဉာဏံ၊ ပဋိဝေဓောမဂ္ဂဉာဏေန အဘိသမယော" ဟု ဋီကာ၌ ဖွင့်သောကြောင့် မဂ်၏ ရှေ့အဖို့ဖြစ်သော ဝိပဿနာဉာဏ်ကို "အနုဗောဓ-လျော်စွာသိ" ဟုလည်းကောင်း, မဂ်ဉာဏ်ကို "ပဋိဝေဓ-ထိုးထွင်းသိ" ဟု လည်းကောင်းခွဲပါ၊ ["လျော်စွာသိ" ဟူသည် နောက်၌လာမည့် မဂ်ဉာဏ်အား လျော်သော (မဂ်ဉာဏ်သိလတ္တံ့နှင့် အလျော်ဖြစ်သော) အသိတည်း၊ ယခုခေတ်၌ သစ္စာလေးပါးကို သုတမယ, စိန္တာမယဉာဏ်ဖြင့် သိခြင်းမျိုးမဟုတ်၊ မဂ္ဂဝီထိနား၌ ကပ်၍နေသော အထွတ်အထိပ်သို့ ရောက်သော ဝိပဿနာဉာဏ်ဖြင့် သိခြင်းတည်း။]

**သန္ဓာဝါတန္တိ**၊ ကား။
ဘဝတော၊ ဘဝတစ်ခုမှ။
ဘဝံ၊ ဘဝတစ်ခုသို့။
ဂမနဝသေန၊ သွားခြင်း၏ အစွမ်းဖြင့်။
သန္ဓာဝိဝံ၊ အဆက်မပြတ်, ပြေးသွားအပ်ခဲ့လှလေပြီ။
**သံသရိတန္တိ**၊ ကား။
ပုနပ္ပုနံ၊ အဖန်ဖန်အထပ်ထပ်။
(တစ်ပြောင်းပြန်ပြန်)။
ဂမနဝသေန၊ ဖြင့်။
သံသရိတံ၊ ကျင်လည်အပ်ခဲ့လှလေပြီ။
**မမဉ္စေဝ တုမှာကဉ္စာ**တိ၊ ကား။
မယာ စ၊ ငါဘုရားသည်လည်းကောင်း။
တုမှေဟိ စ၊ သင်တို့သည်လည်းကောင်း။
(သန္ဓာဝိတံ, သံသရိတံတို့၌ စပ်။
သန္ဓာဝိတံ သံသရိတံ၌ ကံဟော တပစ္စည်းအတွက် ဆဋ္ဌီကတ္တားအနက်ကို ဖွင့်သည်။)
အထ ဝါ၊ ကား။
**သန္ဓာဝိတံ သံသရိတန္တိ**၊ ကား။
မမဉ္စေဝ၊ ၏လည်းကောင်း။
တုမှာကဉ္စ၊ တို့၏လည်းကောင်း။
သန္ဓာဝနံ၊ အဆက်မပြတ် ပြေးသွားခဲ့ရခြင်းသည်။
သံသရဏံ၊ တစ်ပြောင်းပြန်ပြန်, ကျင်လည်ခဲ့ရခြင်းသည်။
အဟောသိ၊ ပြီ။
ဣတိ ဧဝံ၊ သို့။
ဧတ္ထ၊ ဤ သန္ဓာယဝိတံ အစရှိသော ပါဌ်၌။
အတ္ထော၊ ကို။
ဒဋ္ဌဗ္ဗော၊ မှတ်ထိုက်၏။
[တပစ္စည်းကို ဘောဟောကြံ၍ ဆဋ္ဌီဝိဘတ်၏ ရိုးရာ သာမီအနက်ကို ဖွင့်သည်။]
**သံသိတ**န္တိ၊ ကား။
သံသရိတံ၊ ကျင်လည်အပ်ခဲ့လှပေပြီ။
[သံပုဗ္ဗ+သိဓာတ်သည် ဂတိအနက်ဟောတည်း၊ သံသရနှင့် အနက်တူဖြစ်၏ ၊ ထို့ကြောင့် "သံသရိတံ" ဟု ဖွင့်သည်။]
**ဘဝနေတ္တိ သမူဟတာ**တိ၊ ကား။
ဘဝတော၊ ဘဝတစ်ခုမှ။
ဘဝဂမနာ၊ ဘဝတစ်ခုသို့သွားကြောင်းဖြစ်သော။
သန္ဓာဝနာ၊ ပြေးသွားကြောင်းဖြစ်သော။
တဏှာရဇ္ဇု၊ တဏှာတည်းဟူသော ကြိုးကို။
သုဋ္ဌု၊ ကောင်းစွာ။
ဟတာ၊ ဖျက်ဆီးအပ်ပြီ။
ဆိန္နာ၊ ဖြတ်အပ်ပြီ။
အပ္ပဝတ္တိကတာ၊ တစ်ဖန် ဖြစ်ခြင်း မရှိအောင် ပြုအပ်ပြီ။သန္နာဝိတံ သံသရိတံ။ ။ သံ+ဓာတု ဓာတ်သည "ပြေးသွားခြင်း" အနက်ကို ဟော၏၊ သံ+သရ ဓာတ်သည် "ဆက်စပ်၍+သွားခြင်း, ဖြစ်ခြင်း" အနက်ကို ဟော၏၊ ထို့ကြောင့် ဘဝတစ်ခုမှ ဘဝတစ်ခုသို့ သွားနေရခြင်းကို "သန္ဒာဝန" ဟု လည်းကောင်း, ထိုသို့ သွားနေရာဝယ် တစ်ကြိမ်တစ်ခါစီမဟုတ်, ဘဝများစွာ၌ ထပ်ကာထပ်ကာ သွားနေရခြင်းကို "သံသရဏ" ဟုလည်းကောင်း ခွဲ၍ မှတ်ရသည်။
ဘဝနေတ္တိ သမူဟတာ။ ။ "ဘဝတော ဘဝဂမနာ သန္ဓာဝနာ တဏှာရဇ္ဇု" ကိုကြည့်၍ "နေတိ ဧတာယာတိ နေတ္တိ၊ ဘဝဿ- ဘဝတစ်ပါးသို့+ နေတ္တိ-ဆောင်ကြောင်းဖြစ်သော တဏှာကြိုးတည်း၊ ဘဝနေတ္တိ-ကြိုး" ဟု ပြု၊ သံ+ဥ+ဟနဓာတ်သည် ဖျက်ဆီးခြင်း, ဖြတ်ခြင်းအနက်ဟောတည်း၊ "သုဋ္ဌုဟတာ ဆိန္နာ" ဟု သဒ္ဒတ္ထဖွင့်သည်၊ "အပ္ပဝတ္တိကတာ" ကား အဓိပ္ပာယတ္ထတည်း။

**နီလာ**တိ၊ ကား။
ဣဒံ၊ နီလာဟူသော ဤသဒ္ဒါသည်။
သဗ္ဗသင်္ဂါဟကံ၊ အလုံးစုံ အညိုရောင်ကို သိမ်းယူကြောင်း သဒ္ဒါတည်း။
နီလဝဏ္ဏာတိ အာဒိ၊ အစရှိသော ပုဒ်အပေါင်းသည်။
တဿေဝ၊ ထို နီလ၏ပင်။
ဝိဘာဂဒဿနတ္ထံ၊ ဝေဖန်အပ်သော အထူးအပြားကို ပြရခြင်းအကျိုးရှိ၏။
တတ္ထ၊ ထိုနီလာ, နီလဝဏ္ဏစသော စကားရပ်၌။
တေသံ၊ ထို လိစ္ဆဝီမင်းတို့၏။
ပကတိဝဏ္ဏော၊ ပင်ကိုအဆင်းသည်။
နီလော၊ ညိုသည်။
န၊ မဟုတ်။
နီလဝိလေပနာနံ၊ ညိုသောနံ့သာပျောင်းတို့၏။
ဝိစိတ္တတာဝသေန၊ ဆန်ကြယ်ကုန်သည်၏ အဖြစ်၏ အစွမ်းဖြင့်။
ဧတံ၊ ဤ နီလာနီလဝဏ္ဏစသော စကားရပ်ကို။
(သံဂီတိကာရေဟိ) ဝုတ္တံ၊
**ပဋိဝဋ္ဋေသီ**တိ၊ ကား။
ပဟရိ၊ တိုက်ခတ်ပြီ။
[ဋီကာ၌ "ပဟရိ" ဟု ရှိ၏၊ ရထားလှည်းသံချင်း တိုက်သောအခါ အနည်းငယ် ပြန်လှည့် သွားခြင်းကြောင်း *"ပဋိဝဋ္ဋေသိ- ပြန်လည်စေပြီ" ဟု မိန့်သည်၊ "ပဟရိ" ကား အဓိပ္ပါယ်ဖွင့်။]
**သာဟာရံ ဒဇ္ဇေယျာထာ**တိ၊ ကား။
သဇနပဒံ၊ ဇနပုဒ်နှင့်တကွဖြစ်သော။
ဝေသာလိံ၊ ဝေသာလီတစ်မြို့လုံးကို။
(သစေပိ) ဒဒေယျာထ၊ အကယ်၍မူလည်းပေးစေကုန်ဦးတော့။
[အာဟရန္တိ ဣမသ္မာ ဗလိန္တိ အာဟာရော၊ အခွန်အတုပ်ကို ဆောင်ယူခဲ့ရာ ဇနပုဒ်၊ အာဟာရေန+သဟိတာ သာဟာရာ၊ (ဝေသာလီ)။]
**အင်္ဂုလိံ ဖောဋေသု**န္တိ၊ ကား။
အင်္ဂုလိံ၊ လက်ချောင်းကို။
စာလေတုံ၊ လှုပ်စေကြကုန်ပြီ။
ဝါ၊ ခါကြကုန်ပြီ။
[ဖုဋဓာတ်သည် ဝိဓုနန (ခါတွက်ခြင်း) အနက်ကို ဟော၏။ ထိုအနက်ကို ဖွင့်သည်။]
**အမ္ဗကာယာ**တိ၊ ကား။
ဣတ္ထိကာယ၊ မိန်းမသားသည်။
(ဇိတာ၌ စပ်။)
**ဩလောကေထာ**တိ၊ ကား။
ပဿထ၊ ကြည့်လိုက်ကြကုန်။
**အပလောကေထာ**တိ၊ ကား။
ပုနပ္ပုနံ၊ အဖန်ဖန် အထပ်ထပ်။သဗ္ဗသင်္ဂါဟကံ။ ။ နောက်၌ ပြမည့် ဝဏ္ဏ-ဝတ္တ- အင်္လကာရ အားလုံးကို သိမ်းကျုံးနိုင်သောကြောင့် နီလာကို "သဗ္ဗသင်္ဂါဟက" ဟု ဆို၏၊ "နီလာ" ဟု သာမညသဒ္ဒါကို ဆိုသောကြောင့် အညိုရောင်ရှိသော အဆင်း, အဝတ်, တန်ဆာ အားလုံးကို သိမ်းယူနိုင်သည်- ဟူလို။
အမ္ဗကာယ။ ။ အမ္ဗာသဒ္ဒါသည် အမ္မာသဒ္ဒါကဲ့သို့ **"အမိ"**အနက်ကို ဟော၏၊ အမိနှင့် တူသောကြောင့် သဒိသူပစာရအားဖြင့် မိန်းမဟူသမျှကိုလည်း ဟောနိုင်၏၊ အမ္ဗာ ဧဝ+အမ္ဗကာ" ဟု ပြု၊ က ပစ္စည်းအနက် မရှိ၊ [အမ္ဗကာယာတိ အမ္ဗာယ၊ ဥပစာရဝစနဉှေကံ၊ မာတုဂေါမေနာတိ အတ္ထော၊- ဝိမတိ၊] ယောဇနာ၌ကား ယောကျ်ားအောက်ငယ်သောကြောင့် က သဒ္ဒါကို ခုဒ္ဒကအနက််ဟောဟု ကြံလေသည်။ ပဿထ၊ ကုန်။

**ဥပသံဟရထာ**တိ၊ ကား။
ဥပနေထ၊ ကပ်၍ ဆောင်ကြကုန်။
ဣမံ လိစ္ဆဝိပရိသံ၊ ဤ လိစ္ဆဝီမင်း ပရိသတ်ကို။
တုမှာကံ၊ တို့၏။
စိတ္တေန၊ စိတ်အားဖြင့်။
တာဝတိံသပရိသံ၊ တာဝတိံသာနတ်ပရိသတ်သို့။
ဟရထ၊ ဆောင် လိုက်ကြကုန်။
တာဝတိံ သေဟိ၊ တာဝတိံ သာနတ်တို့နှင့်။
(ဋီကာ၌ "တာဝတိ သေ" ဟု ရှိ၏။)
သမကံ၊ တူမျှသည်ကို။
ကတွာ၊ ၍။
ပဿထ၊ ကုန်။
ဣတိ အတ္ထော၊ နက်။