**"ဂါမကာဝါသံ အဂမာသီ**တိ၊ ကား။
စီဝရာနိ၊ တို့ကို။
ဘာဇေန္တာ၊ ဝေဖန်ကုန်လတ်သော်။
မယှမ္ပိ၊ ငါ့အားလည်း။
သင်္ဂဟံ၊ သင်္ဂြိုဟ်ချီးမြှင့်ခြင်းကို။
အပ္ပေဝ နာမ ကရေယျုံ၊ ပြုကုန်တန်ရာ၏။
ဣတိ၊ ဤသို့ ကြံ၍။
စီဝရဘာဇနကာလံ၊ သင်္ကန်း ဝေဖန်ချိန်ကို။
သလ္လက္ခေတွာဝ၊ မှတ်သား၍သာ။
အဂမာသိ၊ သွားပြီ။
စ၊ ဆက်။
ဧတ္ထ၊ ဤ ဥပနန္ဒဝတ္ထု၌။
တဿ၊ ထို ဥပနန္ဒ၏ (အထံသို့။)
ဘာဂေါ၊ သင်္ကန်းအဖို့သည်။
ကိဉ္စာပိ န ပါပုဏာတိ၊ အကယ်၍ကား မရောက်ပါပေ။
အထ ခေါ၊ ထိုသို့ပင် မရောက်ပါသော်လည်း။
နဂရဝါသိကော၊ မြို့၌ နေလေ့ရှိသော။
အယံ၊ ဤ ဥပနန္ဒသည်။
မုခရော၊ အကောင်းအဆိုး စကားအမျိုးမျိုးရှိသော။
(စကားတတ်သော။)
ဓမ္မကထိကော၊ ဓမ္မကထိကတည်း။
ဣတိ၊ ဤသို့ ကြံ၍။
မုခရော။ ။ "မုခရော" ပုဒ် အဖွင့်ကို ရူပသိဒ္ဓိ "မဓွာဒိတော ရော" သုတ်၌ ပြထား၏၊ အကောင်းအဆိုး အမျိုးမျိုးသော စကားရှိသူ (စကားတတ်သူ)ကို "မုခရ" ဟု ဆို၏၊ ယောဇနာ၌ကား "မုခရောတိ မုခံ ခရံ ဧဝဿာတိ မုခရော၊ ခကာရလောပေါ၊ အထ ဝါ မုခံ ဧတဿ အတ္ထီတိ မုခရော၊ မန္တုတ္တေ ပဝတ္တော ရပစ္စယော နိန္ဒိဋ္ဌဝါစကော" ဟု ဖွင့်လေသည်၊ ထို အဖွင့်အတိုင်း ပထမနည်းအလို သမာသ်ပုဒ် "ကြမ်းတမ်းသော နှုတ်ရှိသူ"၊ ဒုတိယနည်းအလို အဿတ္ထိတဒ္ဓိတ်၊ "ကဲ့ရဲ့ဖွယ် နှုတ်ရှိသူ" ဟု ပေး။
တေ ဘိက္ခူ၊ တို့သည်။
(အာဝါသိကရဟန်းတို့သည်။)
သာဒယိဿသီတိ၊ ဟူ၍။
အာဟံသု၊ ပြောဆိုကြကုန်ပြီ။
ပန၊ ဆက်။
**ယော သာဒယေယျ အာပတ္တိ ဒုက္ကဋဿာ**တိ ဧတ္ထ၊ ၌။
လဟုကာ၊ ပေါ့သော။
အာပတ္တိ၊ ဒုက္ကဋ်အာပတ်သည်။
ကိဉ္စာပိ (ဟောတိ)၊ အကယ်၍ကား ဖြစ်ပါပေ၏။
အထ ခေါ၊ ထိုသို့ပင် ဖြစ်ပါသော်လည်း။
ဂဟိတာနိ၊ ယူအပ်ပြီးသော သင်္ကန်းတို့ကို။
ဂဟိတဋ္ဌာန၊ ယူအပ်ပြီးရာ အရပ်၌။
(မူလသင်္ကန်းဖြစ်ရာ ကျောင်းတိုက်၌။)
ဒါတဗ္ဗာနိ၊ ပြန်ပေးထိုက်ကုန်၏။
နဋ္ဌာနိ ဝါ၊ ပျောက်ကုန်သည်သော်လည်းကောင်း။
ဇိဏ္ဏာနိ ဝါ၊ ဆွေးမြေ့ကုန်သည်သော်လည်းကောင်း။
သစေပိ ဟောန္တိ၊ အကယ်၍မူလည်းဖြစ်ကုန်အံ့။
(ဧဝံ သတိပိ)။
တဿေဝ၊ ထို ရဟန်း၏သာ။
(ဝေစုယူခဲ့သော ရဟန်း၏သာ။)
ဂီဝါ၊ ဘဏ္ဍာစားသည်။
ဒေဟိ၊ ပြန်ပေးလော။
ဣတိ၊ သို့။
ဝုတ္တေ၊ ပြောဆိုအပ်သော်။
အဒေန္တော၊ မပေးသော ရဟန်းကို။
ဓုရနိက္ခေပေ၊ တာဝန်ကို လျှော့ချခြင်းကြောင့်။
(ပြန်ပေးဖို့ရန် တာဝန်ကို လျှော့ချခြင်းကြောင့် "ပြန်မပေးတော့အံ့" ဟု ဆုံးဖြတ်ခြင်းကြောင့်။)
ဘဏ္ဍဂ္ဃေန၊ ဘဏ္ဍာ၏တန်ဖိုးဖြင့်။
ကာရေတဗ္ဗော၊ ပြုစေထိုက်၏။
(ဆုံးဖြတ်ထိုက်၏။)
**ဧကာဓိပ္ပာယန္တိ**၊ ကား။
ဧကံ၊ တစ်ခုသော။
အဓိပ္ပာယံ၊ အလိုကို။
(အလိုရှိအပ်သော အဖို့ကို။)
ဧကပုဂ္ဂလပဋိဝီသမေဝ၊ တစ်ပါးသော ပုဂ္ဂိုလ်၏အဖို့ကိုသာ။
(တစ်ပါးရထိုက်သော ဝေစုကိုသာ။)
ဒေထ၊ ပေးလိုက်ကြကုန်။
ဣတိ အတ္ထော၊
ဧကာဓိပ္ပာယံ။ ။ *"ဧကံ+အဓိပ္ပာယံ" ဟု ဖွင့်သောကြောင့် သမာသ်မဟုတ် ဝါကျဟု ထင်ရ၏၊ နောက်၌ "ဧကာဓိပ္ပာယော" ဟု လာလတ္တံ့ ဖြစ်သောကြောင့် "ဧကာဓိပ္ပာယံ" ကို သမာသ်ဟု မှတ်ပါ၊ "ဧကံ+အဓိပ္ပာယံ" ကား အရတူ ကမ္မဓာရည်းသမာသ်ဖြစ်ကြောင်း ပြသောစကားတည်း၊ ထို "ဧကံ+အဓိပ္ပာယံ" ဟူသည် "ပုဂ္ဂိုလ်တစ်ပါး ရထိုက်သော တစ်ဖို့တည်း" ဟု သိစေလို၍ "ဧကပုဂ္ဂလ၊ ပေ၊ အတ္ထော" ဟု ဖွင့်သည်၊ "အဓိပ္ပာယံ" အရ ဝေစုဖြစ်သော အဖို့ကို ယူပါ- ဟူလို၊ အဓိပ္ပာယ၏ ပုဒ်ပြီးပုံကို ပါရာဇိကဏ်ဘာသာဋီကာ ဓမ္မတ္ထဒေသနာပဋိဝေဓအဖွင့်၌ပြခဲ့ပြီ၊ ယောဇနာ၌ကား "အဓိပ္ပီယတေ ဣစ္ဆီယတေတိ အဓိပ္ပာယော" ဟု ဝိဂြိုဟ် ပြုလေသည်၊ [စာအုပ်တို့၌ "ဧကံ ပုဂ္ဂလပဋိဝိသမေဝ" ဟု ဝါကျရှိ၏၊ ယောဇနာ၌ "ဧကပုဂ္ဂလပဋိဝီသမေဝ" ဟု သမာသ်ရှိ၏၊ "ပုဂ္ဂိုလ်တစ်ပါး၏ အဖို့ (တစ်ပါးရထိုက်သော ဝေစု)" ဟု အဓိပ္ပာယ်ရသောကြောင့် သမာသ်သာ ကောင်းသည်။]
ဣဒါနိ၊ ၌။
ယထာ၊ အကြင် အခြင်းအရာအားဖြင့်။
ယော၊ အကြင် အဖို့့ကို။
ဒါတဗ္ဗော၊ ပေးထိုက်၏။
တံ၊ ထို ပေးပုံ အခြင်းအရာ, ပေးထိုက်သော အဖို့ကို။
ဒဿေတုံ၊ ငှာ။
တန္တိ၊ ပါဠိတော်အစဉ်ကို။
ဌပေန္တော၊ ထားတော်မူလိုသည်။
(ဟုတွာ)။
**ဣဓ ပနာ**တိ အာဒိ၊ အစရှိသော စကားရပ်ကို။
(ဘဂဝါ)။
အာဟ၊ ပြီ။
[ယောဇနာ၌ "ယထာ ယထာ" ဟု ပါဌ်ရှိ၏၊ "တထာ တထာ" ဟုလည်း ထည့်သည်။]
တတ္ထ၊ ထို ဣဓ ပန အစရှိသော စကားရပ်၌။
**သစေ ၊ပေ၊ ဥပဍ္ဎန္တိ**၊ ကား။
ဧကေကသ္မိံ၊ တစ်ကျောင်းတစ်ကျောင်း၌။
ဧကာဟံ ဧကာဟံ ဝါ၊ တစ်ရက်စီ တစ်ရက်စီသော်လည်းကောင်း။
သတ္တာဟံ သတ္တာဟံ ဝါ၊ ခုနစ်ရက်စီ ခုနစ်ရက်စီသော်လည်းကောင်း။
သစေ ဝသတိ၊ အကယ်၍ နေအံ့။
["ဒွီဟံ ဒွီဟံ ဝါ" စသည်ကို ပေယျာလမြှုပ်ထားသည်။]
(ဧဝံ သတိ)။
ဧကေကသ္မိံ ဝိဟာရေ၊ တစ်ကျောင်း တစ်ကျောင်း၌။
ယံ၊ အကြင် ဝေစုအဖို့ကို။
[နောက်၌ "တတော တတော" ဟု ရှိသောကြောင့် "ယံ ယံ၊ အကြင် အကြင် ဝေစုအဖို့ကို" ဟု ရှိလျှင် ကောင်း၏။]
ဧကော၊ တစ်ပါးသော။
ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။
(အာဝါသိကပုဂ္ဂိုလ်သည်။)
လဘတိ၊ ၏။
တတော တတော၊ ထိုထို ဝေစုအဖို့မှ။
ဥပဍ္ဎံ ဥပဍ္ဎံ၊ ထက်ဝက် ထက်ဝက်သော ဝေစုအဖို့ကို။
ဒါတဗ္ဗံ၊ ပေးထိုက်၏။
ဧဝံ၊ ဤသို့ ပေးအပ်သော်။
ဧကာဓိပ္ပာယော၊ တစ်ခုသော အလိုသည်။
(အလိုရှိအပ်သော တစ်ခုသော အဖို့သည်။)
ဝါ၊ ကို။
ဒိန္နော၊ သည်။
ဟောတိ၊ ၏။
သတ္တာဟဝါရေန။ ။ ကျောင်းတိုက်ကြီး တစ်ခုတည်းဝယ် သေနာသနဟု ခေါ်အပ်သော ကျောင်းနှစ်ကျောင်း၌ ခုနစ်ရက် တစ်ကြိမ်ကျ အရုဏ်တက်စေခြင်းဖြင့် အကျိုးထူးမရှိ၊ ကျောင်းတိုက်အပြင်က ကာရံထား၍ ဧကူပစာရဖြစ်သောကြောင့် ကျောင်းခံယူပြီးနောက် နေ့အခါ၌လည်း သွား၍ နေနိုင်၏၊ ထို့ကြောင့် "သတ္တာဟဝါရေန" ကို "အဘိလာပမတ္တ- ပြောရိုး ဆိုစဉ် (အဓိပ္ပာယ် အထူးမရှိ)" ဟု သာရတ္ထဋီကာ ဆို၏၊ ဝိမတိ၌ကား ဥပစာ မတူသော ကျောင်းတိုက်နှစ်တိုက်တို့၌ ပြုသော ထိုနည်းအားဖြင့် ကျောင်းတိုက်ကြီး တစ်ခုဝယ် သေနာသနကျောင်းဆောင်နှစ်ခုတို့၌ နေပုံနေဟန်ကို ပြလို၍ ဆိုသည်ဟု မိန့်သည်။
**ယတ္ထ ဝါ ပန ဗဟုတရ**န္တိ၊ ကား။
ဧကသ္မိံ ဝိဟာရေ၊ တစ်ခုသောကျောင်း၌။
ဝသန္တော၊ နေလျက်။
ဣတရသ္မိံ၊ အခြားကျောင်း၌။
သတ္တာဟဝါရေန၊ ခုနစ်ရက်တစ်ကြိမ်အားဖြင့်။
အရုဏမေဝ၊ အရုဏ်ကိုသာ။
သစေ ဥဋ္ဌာပေတိ၊ အကယ်၍ တက်စေအံ့။
ဧဝံ၊ ဤသို့ တက်စေလတ်သော်။
ပုရိမသ္မိံ၊ ရှေ့ကျောင်း၌။
ဗဟုတရံ၊ များစွာ။
ဝသတိ နာမ၊ နေသည် မည်၏။
တသ္မာ၊ ကြောင့်။
ဗဟုတရံ၊ စွာ။
တတော ဝသိတဝိဟာရတော၊ ထိုနေရာကျောင်းမှ။
တဿ၊ ထို ရဟန်းအား။
ပဋိဝီသော၊ အဖို့ကို။
ဒါတဗ္ဗော၊
ဧဝမ္ပိ၊ ဤသို့ ပြန်ပေးသော်လည်း။
ဧကာဓိပ္ပာယော၊ သည်။
ဝါ၊ ကို။
ဒိန္နော၊ သည်။
ဟောတိ၊
စ၊ ဆက်။
ဣဒံ၊ ဤ အဖို့ပေးခြင်းကို။
[ဣဒန္တိ ဧကာဓိပ္ပာယာနံ-၊- ဋီကာ။]
နာနာလာဘေဟိ၊ အမျိုးမျိုးသော လာဘ်ရှိကုန်သော။
နာနူပစာရေဟိ၊ အမျိုးမျိုးသော ကျောင်းဥပစာရှိကုန်သော။
ဧကသီမဝိဟာရေဟိ၊ တစ်ခုတည်းသော ဥပစာရသိမ်ရှိသော ကျောင်းတို့ဖြင့်။
ကထိတံ၊ ဆိုအပ်ပြီ။
ပန၊ ကား။ဣဒဉ္စ ၊ပေ၊ ကထိတံ။ ။ ကျောင်းတိုက်ကြီးတစ်တိုက် အတွင်း၌ "သေနာသန" ဟု ခေါ်အပ်သော ကျောင်းဆောင် အမျိုးမျိုုးဝယ် ဝါတွင်း၌ နေလိုရာ နေနိုင်၏၊ ထို ကျောင်းဆောင်များ၌ ကျောင်းဒါယကာတို့သည် မိမိတို့ ကျောင်းဝယ် ဝါကပ်သော သံဃာများအတွက် သီတင်းကျွတ်သောအခါ ဝေ၍ ယူဖို့ရန် ကျောင်းပိုင်သင်္ကန်းများလှူတတ်ကြ၏၊ ထို့ကြောင့် ပါဠိတော်လာ လောဘကြီးသော အရှင်ဥပနန္ဒ" သည် ကျောင်းနှစ်ကျောင်း၌ ဝါကပ်ဖို့ရန် နေရာ မှတ်ယူထားလေသည်၊ ထို ပါဠိတော်၌ လာသော စကားများကား တစ်ကျောင်းနှင့် တစ်ကျောင်း လာဘ်မတူသော နာမူပစာရရှိသော ကျောင်းအသီးသီး၌ နေသော ရဟန်းတို့အတွက် ဧကူပစာရဖြစ်ဿော ကျောင်းတိုက်ကြီးဖြင့် ဆိုထားသည်။
နာနာလာဘေဟိ။ ။ "နာနာ(ဝိသုံဝိသုံ) + လာဘော ဧတေသူတိ နာနာလာဘာ- တစ်တိုက်တည်းပင် ဖြစ်သော်လည်း ကိုယ့်ကျောင်း၌ ရသော လာဘ်ကို ကိုယ့်ကျောင်းသံဃာသာ ရထိုက်၏" ဟု သတ်မှတ်ထားသောကြောင့် အသီးအသီး လာဘ်ရှိသော ကျောင်းများ ဖြစ်သည်။
နာနူပစာရေဟိ။ ။ "နာနာ(ဝိသုံဝိသုံ)+ပါကာရာဒီဟိ ပရိစ္ဆိန္နော ဥပစာရော ဧတေသန္တိ နာနူပစာရာ-တစ်တိုက်တည်းပင် ဖြစ်သော်လည်း ဝင်းအကာရှိသော ကျောင်းများကို နာနူပစာရ" ဟု ဆိုသည်၊ "ပါကာရာဒီဟိ" ဟု ဆိုသောကြောင့် ဤဋီကာများအလို ကျောင်းတိုက်ကြီးနှစ်တိုက်ဟု ဆိုလို၏၊ ထို နှစ်တိုက်လုံးကိုပင် တံတိုင်းက တစ်ခုတည်း ဝိုင်းထားသောကြောင့် "ဧကူပစာရ" ဖြစ်သည်ဟု ဆိုသည်။
ဧကသီမဝိဟာရေဟိ။ ။ ကျောင်းတိုက်ကြီး တစ်ခုဝယ် တည်ရှိသော ကျောင်းနှစ်ကျောင်းကို "ဧကသီမဝိဟာရာ- တစ်ခုသော ဥပစာရသိမ်ရှိသော ကျောင်းများ" ဟု ဆိုသည်၊ ဧကသီမာယ- တစ်ခုသော ဥပစာရသိမ်၌ + ဝိဟာရာ- ကျောင်းတို့တည်း၊ ဧကသီမဝိဟာရာ- တို့။ နာနာသီမဝိဟာရေ၊ အမျိုးမျိုးသော ဥပစာရသိမ်ရှိသော ကျောင်းတိုက်၌။ သေနာသနဂ္ဂါဟော၊ ကျောင်းကို ခံယူခြင်းသည်။ (ပထမကျောင်းကို ခံယူခြင်းသည်။) ပဋိပဿမ္ဘတိ၊ ငြိမ်း၏။
နာနာလာဘေဟိ။ ။ "နာနာ(ဝိသုံဝိသုံ) + လာဘော ဧတေသူတိ နာနာလာဘာ- တစ်တိုက်တည်းပင် ဖြစ်သော်လည်း ကိုယ့်ကျောင်း၌ ရသော လာဘ်ကို ကိုယ့်ကျောင်းသံဃာသာ ရထိုက်၏" ဟု သတ်မှတ်ထားသောကြောင့် အသီးအသီး လာဘ်ရှိသော ကျောင်းများ ဖြစ်သည်။
နာနူပစာရေဟိ။ ။ "နာနာ(ဝိသုံဝိသုံ)+ပါကာရာဒီဟိ ပရိစ္ဆိန္နော ဥပစာရော ဧတေသန္တိ နာနူပစာရာ-တစ်တိုက်တည်းပင် ဖြစ်သော်လည်း ဝင်းအကာရှိသော ကျောင်းများကို နာနူပစာရ" ဟု ဆိုသည်၊ "ပါကာရာဒီဟိ" ဟု ဆိုသောကြောင့် ဤဋီကာများအလို ကျောင်းတိုက်ကြီးနှစ်တိုက်ဟု ဆိုလို၏၊ ထို နှစ်တိုက်လုံးကိုပင် တံတိုင်းက တစ်ခုတည်း ဝိုင်းထားသောကြောင့် "ဧကူပစာရ" ဖြစ်သည်ဟု ဆိုသည်။
ဧကသီမဝိဟာရေဟိ။ ။ ကျောင်းတိုက်ကြီး တစ်ခုဝယ် တည်ရှိသော ကျောင်းနှစ်ကျောင်းကို "ဧကသီမဝိဟာရာ- တစ်ခုသော ဥပစာရသိမ်ရှိသော ကျောင်းများ" ဟု ဆိုသည်၊ ဧကသီမာယ- တစ်ခုသော ဥပစာရသိမ်၌ + ဝိဟာရာ- ကျောင်းတို့တည်း၊ ဧကသီမဝိဟာရာ- တို့။ နာနာသီမဝိဟာရေ၊ အမျိုးမျိုးသော ဥပစာရသိမ်ရှိသော ကျောင်းတိုက်၌။ သေနာသနဂ္ဂါဟော၊ ကျောင်းကို ခံယူခြင်းသည်။ (ပထမကျောင်းကို ခံယူခြင်းသည်။) ပဋိပဿမ္ဘတိ၊ ငြိမ်း၏။
တသ္မာ၊ ကြောင့်။
တတ္ထ၊ ထို နာနာသီမဝိဟာရ၌။
စီဝရပဋိဝီသော၊ သည်။
န ပါပုဏာတိ၊
ပန၊ ဆက်။
သေသံ၊ သင်္ကန်းမှ ကြွင်းသော။
အာမိသဘေသဇ္ဇာဒိ၊ စားသောက်ဖွယ် အာမိသ, ဆေးအစရှိသော။
သဗ္ဗံ၊ အလုံးစုံသော ဝေစုသည်။
သဗ္ဗတ္ထ၊ အလုံးစုံသော ကျောင်းတိုက်၌။
အန္တောသီမဂတဿ၊ ဥပစာရသိမ်အတွင်း၌ ရောက်နေသော ရဟန်း၏ (အထံသို့)။
ပါပုဏာတိ၊ ၏။