Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Mahāvagga-aṭṭhakathā
(SP) Mahāvagga-aṭṭhakathā

Bhaṇḍanakārakavatthukathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**ဒွတ္ထယော ဥပေါသထေ စာတုဒ္ဒသိကေ ကာတုန္တိ** ဧတ္ထ၊ ၌။ (ဝိနိစ္စယော ဧဝံ ဝေဒိတဗ္ဗော)။ စတုတ္ထပဉ္စမာ၊ စတုတ္ထ, ပဉ္စမ ဖြစ်ကုန်သော။ ဒွေ၊ နှစ်ရက်ကုန်သော။ (ဥပေါသထေ၊ တို့ကို။ စာတုဒ္ဒသိကေ၊ စာတုဒ္ဒသိကဥပုသ်တို့ကို။ ကာတုံ၊ ငှာ။ အနုဇာနာမိ၌ စပ်။) တတိယော ပန၊ တတိယဥပုသ်သည်ကား။ ပကတိယာပိ၊ ပင်ကိုအားဖြင့်လည်း။ စာတုဒ္ဒသိကောယေဝ၊ စာတုဒ္ဒသီဥပုသ်သာတည်း။
ဣတိ တသ္မာ၊ ကြောင့်။ တတိယစတုတ္ထာ ဝါ၊ တတိယ, စတုတ္ထသော်လည်း ဖြစ်ကုန်သော။ (တယောအတွက်)။ ဒွတ္တယော၊ နှစ်ခု, သုံးခုသော ဥပုသ်တို့ကို။ စာတုဒ္ဒသိကာ၊ စာတုဒ္ဒသိကဥပုသ်တို့ကို။ ကာတဗ္ဗာ၊ န်၏။
အထ၊ သို့မဟုတ်။ စတုတ္ထေ၊ စတုတ္ထဥပုသ်ကို။ ကတေ၊ ပြုအပ်ပြီးသော်။ (တော်သလင်းလပြည့်နေ့ ဥပုသ်ပြုပြီးခါမှ။) သုဏန္တိ၊ ကြားကြကုန်အံ့။ (ငါတို့၏ ပဝါရဏာကို တန့်လိမ့်မည်ဟု ကြားကြကုန်အံ့။) ပဉ္စမော၊ ပဉ္စဥပုသ်ကို။ (တော်သလင်းလပြည့်နေ့ ဥပုသ်ပြုပြီးခါမှ။) သုဏန္တိ၊ ကြားကြကုန်အံ့။ (ငါတို့၏ ပဝါရဏာကို တန့်လိမ့်မည်ဟု ကြားကြကုန်အံ့။) ပဉ္စမော၊ ပဉ္စမဥပုသ်ကို။ (တော်သလင်းလကွယ်ဥပုသ်ကို)။ စာတုဒ္ဒသိကော၊ စာတုဒ္ဒသိကဥပုသ်ကို။ ကာတဗ္ဗော၊ ၏။
ဧဝမ္ပိ၊ ဤသို့ ပြုပြန်ပါသော်လည်း။ ဒွေ၊ န်သော။ စာတုဒ္ဒသိကာ၊ စာတုဒ္ဒသီဥပုသ်တို့သည်။ ဟောန္တိ၊ ဖြစ်နိုင်ကုန်၏။စတုတ္ထပဉ္စမာ။ ။ ဝါဆိုလကွယ် ဥပုသ်မှ စ၍ ရေတွက်လျှင် တော်သလင်းလပြည့်သည် စတုတ္ထဥပုသ်, လကွယ်သည် ပဉ္စမဥပုသ်တည်း၊ ထို နှစ်ဥပုသ်သည် ထုံးစံအတိုင်းဆိုလျှင် ပန္နရသီဥပုသ်များ ဖြစ်၏၊ ထို ပန္နရသီ နှစ်ဥပုသ်ကို စာတုဒ္ဒသီဥပုသ် လုပ်ပါ၊ တတိယဖြစ်သော ဝါခေါင်လကွယ်ဥပုသ်ကား ရိုးရာအတိုင်းပင် စာတုဒ္ဒသီဥပုသ် ဖြစ်၏။
တသ္မာ၊ ပေ၊ ကာတဗ္ဗာ။ ။ [စာအုပ်တို့၌ "ယေဝါတိ တသ္မာ" ဟု ရှိ၏၊ ဣတိ ရှိလျှင် တသ္မာ မလို၊ တသ္မာ ပါလျှင်လည်း ဣတိ မလို၊] စတုတ္ထ ပဉ္စမဥပုသ်ကို စာတုဒ္ဒသီလုပ်ခြင်း, တတိယဥပုသ်က ရိုးရာအတိုင်းပင် စာတုဒ္ဒသီ ဖြစ်ခြင်းကြောင့် တတိယနှင့် စတုတ္ထဥပုသ် နှစ်ရက်ကို ဖြစ်စေ, တတိယ စတုတ္ထ ပဉ္စမဥပုသ်သုံးရက်ကို ဖြစ်စေ စာတုဒ္ဒသီဥပုသ် လုပ်နိုင်ရကား "အနုဇာနာမိ ဘိက္ခဝေ ဒွတ္ထယော ဥပေါသထေ စာတုဒ္ဒသိကေ ကာတုံ" ဟု မိန့်တော်မူသည်။
အထ၊ ပေ၊ ဟောန္တိ။ ။ "အနီးကျောင်းတိုက်က ဘဏ္ဍနကာရက ဖြစ်သောရဟန်းတို့သည် ပဝါရဏာ ပြုချိန်ဝယ် မိမိတို့ ကျောင်းတိုက်သို့ လာ၍ ပဝါရဏာပြုကြလိမ့်မည်၊ ထိုအခါ ပဝါရဏာကို တန့်ထားလိမ့်မည်" ဟူသော အကြောင်းကိုစတုတ္ထဥပုသ် ပြုပြီးမှ ကြားရလျှင် (စတုတ္ထဥပုသ်ကို စာတုဒ္ဒသီ လုပ်ခွင့် မရသောကြောင့်) ပဉ္စမ တောင်သလင်းလကွယ် ဥပုသ်ကိုသာ စာတုဒ္ဒသီလုပ်ပါ၊ ဤသို့လုပ်လျှင်လည်း တတိယဥပုသ်နှင့်တကွ ရေတွက်သော် စာတုဒ္ဒသီဥပုသ် နှစ်ရက်ရသဖြင့် ပါဠိတော်လာ "ဒွတ္ထယော" ဝယ် ဒွေ အရတွင် ပါဝင်သည်-ဟူလို။
ဧဝံ၊ သို့။ (စာတုဒ္ဒသီဥပုသ် နှစ်ဥပုသ် သုံးဥပုသ် ဖြစ်အောင်)။ ကရောန္တော၊ ပြုကုန်လတ်‌သော်။ ဘဏ္ဍနကာရကာနံ၊ ခိုက်ရန်ကို ပြုတတ်သော ရဟန်းတို့၏။ တေရသေ ဝါ၊ ၁၃ ရက်မြောက်နေ့၌သော်လည်းကောင်း။ စာတုဒ္ဒသေ ဝါ၊ ၁၄ ရက်မြောက်နေ့၌သော်လည်းကောင်း။ ဣမေ၊ ဤ ရဟန်းတို့သည်။ (ဘဏ္ဍန ကာရကမှ တစ်ပါးသော ဤ ရဟန်းတို့သည်။) ပန္နရသီပဝါရဏံ၊ ပန္နရသီပဝါရဏာကို။ ပဝါရေဿန္တိ၊ ပဝါရဏာ ပြုနိုင်ကုန်လတ္တံ့။
စ၊ ဆက်။ ဧဝံ၊ ဤသို့။ (၁၃-ရက် သို့မဟုတ် ၁၄-ရက်ကို ပန္နရသီဖြစ်အောင် ပြုလုပ်၍။) ပဝါရေန္တေဟိ၊ ပဝါရဏာပြုသော ရဟန်းတို့သည်။ သီမာယ၊ ဥပစာရသိမ်၏။ ဗဟိ၊ ပြင်ဘက်၌။ (ကျောင်းတိုက် ပြင်ဘက်၌။) သာမဏေရေ၊ သာမဏေတို့ကို။ ထပေတွာ၊ ထား၍။ (အ‌စောင့်အရှောက် ထား၍။) တေ၊ ထို ဘဏ္ဍနကာရကရဟန်းတို့သည်။ အာဂစ္ဆန္တိ၊ လာကုန်၏။ ဣတိ၊ သို့။ သုတွာ၊ ကြားရ၍။ (သာမဏေတို့ အထံမှ ကြားရလျှင်။) လဟုံ လဟုံ၊ လျင်စွာ လျင်စွာ။ သန္နိပတိတွာ၊ စုဝေး၍။ ပဝါရေတဗ္ဗံ၊ ရာ၏။
ဧတမတ္ထံ၊ ဤ အနက်အဓိပ္ပါယ်ကို။ ဒဿေတုံ၊ ပြတော်မူခြင်းငှာ။ တေ စေ ဘိက္ခဝေ။ပေ။ တထာ ကရောန္တူတိ၊ ဟူ၍။ (ဘဂဝတာ) ဝုတ္တံ၊ ပြီ။ဧဝံ၊ပေ၊ ပဝါရေဿန္တိ။ ။ ပန္နသီဥပုသ်ကို စာတုဒ္ဒသီလုပ်ခြင်း၏ အကျိုးကိုပြလို၍၍ "ဧဝံ" စသည်ကို မိန့်သည်၊ ဤသို့ ပြုလုပ်ခဲ့မှုကြောင့် ဘဏ္ဍနကာရကရဟန်းတို့၏ တွက်ရိုး တွက်စဉ်အားဖြင့် ၁၃ ရက်မြောက်၌ဖြစ်စေ, ၁၄ရက်မြောက်၌ ဖြစ်စေ ဤကျောင်းတိုက်က ရဟန်းတို့မှာ ၁၅-ရက် ဖြစ်နေသောကြောင့် ပန္နရသီပဝါရဏာပြုနိုင်ကြလိမ့်မည်၊ [စာတုဒ္ဒသီ သုံးရက် လုပ်ခဲ့ခြင်းကို ရည်ရွယ်၍ "တေရသေ" ဟု လည်းကောင်း, နှစ်ရက် လုပ်ခဲ့ခြင်းကို ရည်ရွယ်၍ "ဇာတုဒ္ဒသေ" ဟု လည်းကောင်း ဆိုသည်၊ "ဣမေ" အရ ဘဏ္ဍနကာရကမဟုတ်သော ဤကျောင်းတိုက်က ရဟန်းတို့ကို ယူရမည်ဖြစ်သောကြောင့် "ဣမေတိ ဘဏ္ဍနကာရကာ" ဟု ယောဇနာ၌ တွေ့ရသော ပါဌ်သည် ပျက်ဟန်တူသည်၊ "ဣမေတိ ဘဏ္ဍနကာရကေဟိ ဣတရေ" ဟု ရှိသင့်သည်။]
ဧဝံ ပဝါရေန္တေဟိ စ။ ။ ဤသို့ ပဝါရဏာ ရက် မတူအောင် အပြောင်းအလွဲ လုပ်ထားသော်လည်း စိတ်မချရသေးသောကြောင့် ပဝါရဏာ ပြုခါနီးဝယ် ကျောင်းတိုက် ပြင်ဘက်၌ သာမဏေများကို အစောင့်အရှောက် ချထားပါ၊ [ဘဏ္ဍကာရက ရဟန်းတို့က "ယနေ့ ပဝါရဏာ ပြုကြလိမ့်မည်" ဟု သိ၍လာလျှင် ကြိုတင်၍ သိဖို့ရန် ဖြစ်သည်၊] ထိုသို့ အစောင့်ထား၍ ဘဏ္ဍနကာရကတို့ လာကြသတဲ့ဟု ကြားရလျှင် မိမိတို့က တိုက်သံဃာကို အမြန်စည်းဝေးကာ အလွယ်ဆုံးပဝါရဏာကို ပြုလိုက်ကြပါဟု ပြလို၍ "တေဟိ" စသော ပါဠိတော်ကို မိန့်တော်မူသည်။
**အသံဝိဟာ**တိ၊ ကား။ သံဝိဒဟနရဟိတာ၊ စီစဉ်ခြင်းမှ ကင်းကုန်သည်။ အာဂမနဇာနနတ္ထာယ၊ မိမိတို့၏ လာခြင်းကို သိစေခြင်း အကျိုးငှာ။ အကတသံဝိဒဟိတာ၊ မပြုအပ်သော အစီအစဉ်ရှိကုန်သည်။ ဝါ၊ ပြုအပ်သော မရှိကုန်သည်သာလျှင်။ (အသိမပေးအပ်ကုန်သည်သာလျှင်။) ဟုတွာ၊ ၍။ (အာဂစ္ဆန္တိ၌ စပ်။) ဣတိ အတ္ထော၊
**တေသံ ဝိက္ခိပိတွာ**တိ၊ ကား။ (တုမှေ)။ ကိလန္တာ၊ ပင်ပန်းလာကြကုန်သည်။ အတ္ထ၊ ဖြစ်ပါကုန်၏။ မုဟုတ္တံ၊ တစ်မုဟုတ်မျှ။ ဝိဿမထ၊ အပန်းဖြေကြပါကုန်။ ဣတိအာဒိနာ နယေန၊ ဖြင့်။ သမ္မောဟံ၊ ပြင်းစွာတွေဝေခြင်းကို။ (ပြင်းစွာ တွေဝေအောင်)။ ကတွာ၊ ၍။ (ပဝါရေတဗ္ဗံ၌ စပ်။) ဣတိ အတ္ထော၊ မှတ်ချက်။ ။ ဥပုသ်ပြုရာ၌ စာတုဒ္ဒသီ, ပန္နရသီ အသုံးအနှုန်းသည် အပေါ်က လ အနေအထားက်ိုကြည့်၍ သုံးနှုန်းရခြင်းမဟုတ်၊ လောကဝေါဟာရကိုလည်း ကြည့်ရှုသုံးနှုန်းရခြင်းမဟုတ်၊ ရဟန်းများ၏ ဥပုသ်ပြုရာ ရက်, လ အစဉ်ကို လိုက်၍ သုံးနှုန်းရခြင်းဖြစ်သည်ဟု မှတ်ပါ၊ [ဘဏ္ဍနကာရကာနံ၊ ပေ၊ ပဝါရေဿန္တီတိ ဣမိနာ ယထာ သကံ ဥပေါသထကရဏဒိဝသတော ပဋ္ဌာယ ဘိက္ခူနံ စာတုဒ္ဒသီ ပန္နရသီ ဝေါဟာရော၊ န စန္ဒဂတိသိဒ္ဓိယာ တိထိယာ ဝသေနာတိ ဒဿေတိ၊ - ဝိမတိ၊] ရှေ့၌ "အနုဇာနာမိ ဘိက္ခဝေ ရာဇူနံ အနုဝတ္တိတုံ" ကား ဤနေရာမျိူးကို ရည်ရွယ်တော်မူသည်မဟုတ်။
သမ္မောဟံ ကတွာ။ ။ ပဝါရဏာကန့်ကွက်ဖို့ရန် လာကြသော ဘဏ္ဍနကာရကရဟန်းတို့ကို ကန့်ကွက်ဖို့ကိစ္စ၌ သတိမရစေဘဲ ခေတ္တခဏမျှ မေ့အောင် ပြုခြင်းကို "သမ္မောဟံ ကတွာ" ဟု ဆိုသည်၊ ထိုပြုပုံကို ပြလို၍ "ကိလန္တတ္ထ၊ပေ၊ အာဒိနာနယေန" ဟု မိန့်သည်၊ "အရှင်ဘုရားများ ခရီးပင်ပန်းလာကြပါတယ်၊ ခဏ အပန်းဖြေကြပါဦးဘုရား" ဤသို့ စသည်ဖြင့် ပြော၍ ကန့်ကွက်ဖို့ ကိစ္စ၌ မေ့နေအောင် ပြုပါ-ဟူလို၊ ဤသို့ သမ္မောဟ ပြုခြင်းကိုပင် ထို ရဟန်းတို့၏ စိတ်ကို ပြန့်လွင့်စေခြင်းဖြစ်သောကြောင့် "တေသံ ဝိက္ခိပိတွာ" ဟု ပါဠိတော်၌ မိန့်တော်မူသည်၊ ထို့ကြောင့် "ဝိက္ခိပီတွာ" ဟု သာ ရှိသင့်၏၊ "ဝိက္ခိပါပေတွာ" ဟု ကာရိတ် မဝင်စေရ၊ ဤ ဝိက္ခိတ္တစိတ် ဟူသည် သမ္မောဟ ဖြစ်နေသော စိတ်ပင်တည်း၊ ထို့ကြောင့် "သမ္မောဟံ ကတွာ" ဟု ဖွင့်သည်။
**နော စေ လဘေထာ**တိ၊ ကား။ ဗဟိသီမံ၊ ဥပစာရသိမ်၏ ပြင်ဘက်သို့။ ဂန္တုံ၊ သွားခြင်းငှာ။ ဝါ၊ သွားခွင့်ကို။ နော စေ လဘေယျုံ၊ အကယ်၍ မရကုန်အံ့။ ဘဏ္ဍနကာရကာနံ၊ ခိုက်ရန် ပြုတတ်သော ရဟန်းတို့၏။ သာမဏေရေဟိ စ၊ နောက်ပါ သာမဏေတို့သည်လည်းကောင်း။ ဒဟရဘိက္ခူ စ၊ ရဟန်းငယ်တို့သည်လည်းကောင်း။ နိရန္တရံ၊ မပြတ်။ အနုဗဒ္ဓါဝ၊ အစဉ်လိုက်အပ်ကုန်သည်သာလျှင်။ (တကောက်ကောက် လိုက်နေအပ်ကုန်သည်သာလျှင်။) သစေ ဟောန္တိ၊ ကုန််အံ့။ (ဧဝံ ဟောန္တေသု၊ သော်။ **"ဗျတ္တေန ဘိက္ခုနာ ပဋိဗလေန အာဝါသိကာ ဘိက္ခူ ဉာပေတဗ္ဗာ" ဟု ပါဠိတော်၌စပ်။)
**အာဂမေ ဇုဏှေ**တိ၊ ကား။ ယံ၊ အကြင်လာလတ္တံ့သော လဆန်းပက္ခကို။ သန္ဓာယ၊ ၍။ အာဂမေ ဇုဏှေပဝါရေယျာမာတိ၊ ဟူ၍။ ဉတ္တိံ၊ ကို။ ထပေသုံ၊ ထားကြကုန်ပြီ။ ကောမုဒိယာ၊ ကုမုဒြာကြာ ရှိရာဖြစ်သော။ ဝါ၊ ကုမုဒြာကြာ ပွင့်တုန်းဖြစ်သော။ စာတုမာသိနိယာ၊ မိုးလေးလတို့၏ အဆုံးဖြစ်သော။ အာဂမေ၊ လာလတ္တံ့သော။ တသ္မိံ ဇုဏှေ၊ ထို လဆန်းပက္ခ၌။ (တန်ဆောင်မုန်းလပြည့်၌။) အကာမာ၊ အလိုမရှိဘဲ။ (ပဝါရဏာ မပြုလိုဘဲ)။ ပဝါရေတဗ္ဗံ၊ ၏။ အဝဿံ၊ မချွတ်ဧကန်။ ပဝါ‌ရေတဗ္ဗံ၊ ၏။ ဟိ၊ မှန်။ တံ၊ ထို တန်ဆောင်မုန်းလပြည့်ကို။ အတိက္ကမိတွာ၊ ကျော်လွန်၍။ ပဝါရေတုံ၊ ငှာ။ န လဗ္ဘတိ၊ မရအပ်တော့။ [ပဝါရဏာခေတ် ကုန်သွားပြီ-ဟူလို။]