Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Mahāvagga-aṭṭhakathā
(SP) Mahāvagga-aṭṭhakathā

Samattiṃsavirecanakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**သိနေဟေထာ**တိ၊ ကား။ ကိံ ပန၊ အဘယ်သို့နည်း?။ ဘဂဝတော၊ ၏။ ကာယော၊ ကိုယ်တော်သည်။ လူခေါ၊ ခြောက်ကပ်ကပ်နေပါသလော?။ ဣတိ၊ ဤကား အမေးတည်း။ (ဘဂဝတော ကာယော။) န လူ‌ခေါ၊ ခြောက်ကပ်ကပ် မနေပါ။ (ဣတိ၊ ဤကား အဖြေတည်း။)
ဟိ၊ မှန်။ ဘဂဝတော၊ ၏။ အာဟာရေ၊ အာဟာရတော်၌။ သဒါ၊ အခါခပ်သိမ်း။ ဒေဝတာ၊ နတ်တို့သည်။ ဒိဗ္ဗောဇံ၊ နတ်ဩဇာကို။ ပက္ခိပန္ဝိ၊ ထည့်ကြကုန်၏။ ပန၊ ဆက်။ သိနေဟေထ၊ ပေ၊ ပက္ခိပန္တိ။ ။ "ကာယံ- ကိုယ်တော်ကို၊ ကတိပါတံ- အနည်းငယ်သော ရက်ပတ်လုံး၊ သိနေဟေထ- စိုစိုစွတ်စွတ် ဖြစ်ပါစေကုန်လော?" ဟု ဇီဝက ၏ လျှောက်ပုံကို ထောက်လျှင် ဘုရားရှင်၏ကိုယ်တော်သည ထို အချိန်အခါ၌ စိုစိုဖတ်ဖတ် မရှိဘဲ ဖြစ်နေ၏" ဟု ထင်စရာ ရှိ၏၊ ထို့ကြောင့် "ကိံ ပန ဘဂဝတော ကာယော လူခေါတိ" ဟု ပုစ္ဆာထုတ်၍ "န လူခေါ" ဟု ဖြေသည်၊ ဘုရားရှင်၏ အာဟာရတော်တိုင်း၌ နတ်တို့က နတ်ဩဇာ ထည့်ကြသောကြောင့် ထိုဩဇာသည်ကိုယ်တော်၌ ပျံ့နှံ့ရကား ‌ခြောက်ခြောက်ကပ်ကပ် မရှိ, စိုစိုပြည်ပြည်ပင် ဖြစ်ပါသည်- ဟူလို၊ ["သိနေဟေထ" ၌ စုရာဒိဂိုဏ်းဝင် ဖြစ်သော်လည်း "ကာယ" ဟူသော ကံကို ကြည်၍ ကာရိတ်ပစ္စည်းဟု သိပါ။] သိနေဟာပနံ၊ စိုစိုပြည်ပြည် ဖြစ်စေခြင်းသည်။ (စိုစိုပြည်ပြည် ဖြစ်အောင် ချွေးထုတ်စေခြင်းသည်။) သဗ္ဗတ္ထ၊ အလုံးစုံသော ကိုယ်တော်၌။ ဒေါသေ၊ သလိပ်, သည်းခြေ စသော အပြစ်တို့ကို။ တေမေဟိ၊ စိုစွတ်စေနိုင်၏။ (နူးနပ်စေနိုင်၏။ သိရာ၊ အကြောတို့ကို။ မုဒုကာ၊ နူးညံ့ပျော့ပျောင်းသည်တို့ကို။ ကရောတိ၊ ပြုနိုင်၏။ တေန၊ ကြောင့်။ အယံ၊ ဤ **ဇီဝက** သည်။ ဧဝံ၊ ဤသို့။ "ကတိပါဟံ သိနေဟေထ" ဟူ၍။ အာဟ၊ လျှောက်ပြီ။
**တိဏိဥပ္ပလဟတ္ထာနီ**တိ၊ ကား။ ဧကံ၊ တစ်လက်ကို။ (စုပေါင်းထားသော လက်ငါးချောင်းကဲ့သို့ စည်းထားအပ်သော ကြာစည်းကို။) ဩဠာရိကဒေါသဟရဏတ္ထံ၊ ကြမ်းတမ်းသော အပြစ်တို့ကို ပယ်ရှားခြင်း အကျိုးငှာ။ (ဥပနာမေသိ၊ ဆက်ကပ်ပြီ။) ဧကံ၊ ကို။ မဇ္ဈိမဒေါသဟရဏတ္ထံ၊ အလယ်အလတ်ဖြစ်သော အပြစ်တို့ကို ပယ်ရှားခြင်းအကျိုးငှာ။ (ဥပနာမေသိ)၊ ဧကံ၊ ကို။ သုခုမဒေါသဟရဏတ္ထံ၊ သိမ်မွေ့သော အပြစ်တို့ကို ပယ်ရှားခြင်းအကျိုးငှာ။ (ဥပနာမေသိ)၊
**န စိရဿေဝ ပကတတ္တော အဟောသိီ**တိ၊ ကား။ ပန၊ ဆက်။ ဧဝံ၊ ဤဆိုအပ်ပြီးသော နည်းဖြင့်။ (ပါဠိတော်၌ လာသောနည်းအားဖြင့်။)သိနေဟာပနံ ၊ပေ၊ ဧဝမာဟ။ ။ စာအုပ်တို့၌ "သိနေဟပါနံ ပန" ဟု တွေ့ရ၏၊ "သိနေဟေထ" ဟု ကာရိတ် ဏေပစ္စည်းပါသော ပုဒ်ဖြင့် ဆိုခဲ့သောကြောင့် ဏာပေပစ္စည်းဖြင့် "သိနေဟာပန" ဟု ရှိမှ ရှေ့နောက် လိုက်သည်၊ သိနေဟဓာတ်သည် စိုစွတ်ခြင်းအနက်ကိုသာ ဟောတိ၊ "ဆီ" ဟူသော တေလ အနက်ကို မဟောပါ၊ ထို့ကြောင့် "သိနေဟပါနံ-ဆီကို သောက်ခြင်းသည်" ဟူသော ရှေးပါဌ် အနက်များကို စဉ်းစားသင့်ပါသည်၊ ["သိနေဟာပန- စိုစေခြင်း" ဟူသည် "ချွေးထုတ်ခြင်း" ပင်တည်း၊ မှန်၏၊ သိဒဓာတ်သည် သေနဟအနက်ကိုလည်း ဟော၏။]
ဆိုလိုရင်းကား- ဘုရား၏ ကိုယ်တော်သည် ခြောက်ကပ်ကပ်ဖြစ်၍ မနေလျှင် အဘယ့်ကြောင့် "ကာယံ သိနေဟေထ- ကိုယ်တော်ကို စိုစွတ်စေပါကုန်လော" ဟု လျှောက်ရသနည်း?- ဟု မေးဖွယ်ရှိသောကြောင့် "သိနေဟာပနံ ပန" စသည်ကို မိန့်သည်၊ ကိုယ်တော်ကို စိုစိုဖတ်ဖတ် ဖြစ်လာအောင် ချွေးထုတ်စေခြင်းသည်ကိုယ်တော်၏ အရပ်တိုင်း၌ ရှိသောသလိပ်, သည်းခြေစသော အပြစ်တို့ကို စိုစေ (နူးစေ) ၏၊ ထိုသို့ နူးခြင်းကြောင့် အကြောတို့လည်း ပျော့လာကုန်၏၊ ထို့ကြောင့် "ကာလံ သိနေဟေထ" ဟု လျှောက်ပါသည်။
ကာယေ၊ ကိုယ်တော်သည်။ ပကတတ္တေ၊ ပင်ကိုသဘောရှိလတ်သော်။ နာဂရာ၊ မြို့သူမြို့သားတို့သည်။ ဒါနံ၊ အလှူကို။ သမ္ပာဒေတုံ၊ ပြီးစီးစေကြကုန်ပြီ။
ဇီဝကော၊ သည်။ အာဂန္တွာ၊ လာ၍။ ဘဂဝန္တံ၊ ကို။ ဧတံ၊ ဤ စကားကို။ အဝေါစ၊ လျှောက်ပြီ။ (ကိံ?။)
ဘဂဝါ၊ မြတ်စွာဘုရား။ အဇ္ဇ၊ ယနေ့။ နာဂရာ၊ တို့သည်။ တုမှာကံ၊ ရှင်တော်ဘုရားတို့အား။ ဒါနံ၊ ကို။ ဒါတုကာမာ၊ ပေးခြင်းငှာ အလိုရှိပါကုန်၏။ အန္တောဂါမံ၊ ရွာတွင်းသို့။ (မြို့တွင်းသို့။) ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။ မာ ပဝိသထ၊ ဝင်တော်မမူပါကုန်လင့်။ ဣတိ (အဝေါစ)၊
မဟာမောဂ္ဂလ္လာနတ္ထေရော၊ သည်။ စိန္တေသိ၊ ကြံပြီ။ (ကိံ?။)
ကုတော၊ အဘယ်မှ။ အဇ္ဇ၊ ယနေ့။ ဘဂဝတော၊ ဖို့။ ပဌမံ၊ စွာ။ ပိဏ္ဍပါတော၊ ဆွမ်းသည်။ ဝါ၊ ကို။ လဒ္ဓုံ၊ ရခြင်းငှာ။ ဝဋ္ဋတိ နု ခေါ၊ သင့်ပါလိမ့်မည်နည်း?။ ဣတိ (စိန္တေသိ)၊
တတော၊ ထိုမှနောက်၌။ စိန္တေသိ၊ ကြံပြန်ပြီ။ (ကိံ?။)
သောဏော၊ **သောဏ** မည်သော။ သေဋ္ဌိပုတ္တော၊ သူဌေးသားသည်။ [ခြေဖဝါး၌ အမွေးတွေ ပေါက်သော ကောဠိဝီသ အနွယ်ဖြစ်သော သောဏ သူဌေးသားကို ဆိုသည်။] ခေတ္တပရိကမ္မတော၊ လယ်ကို ပရိကမ် ပြုရာအခါမှ။ [လယ်ထွန်ခြင်းစသော အမှုကို ခေတ္တပရိကမ္မ" ခေါ်သည်။] ပဋ္ဌာယ၊ စ၍။ အညေဟိ၊ အခြား သလေးတို့နှင့်။ အသာဓာရဏာနံ၊ မဆက်ဆံကုန်သော။ ခီရောဒကသေစနသံဝဒ္ဓါနံ၊ နို့ရည်ကိုသွန်းလောင်းခြင်းဖြင့် ကြီးပွားစေအပ်ကုန်သော။ ဂန္ဓသာလီနံ၊ နံ့သာသလေးဆန်တို့၏။ ဩဒနံ၊ ထမင်းကို။ ဘုဉ္ဇတိ၊ စား၏။ တတော၊ ထို **သောဏ** သူဌေးသား၏ထမင်းမှ။ ဘဂဝတော၊ ဖို့။ ပိဏ္ဍပါတံ၊ ကို။ အာဟရိဿာမိ၊ ဆောင်အံ့။ ဣတိ (စိန္တေသိ၊ ဣတိ၊ ဤသို့ကြံပြီး၍။) ဣဒ္ဓိယာ၊ တန်ခိုးဖြင့်။ ဂန္တွာ၊ ကြွတော်မူ၍။ တဿ၊ ထို **သောဏ** သူဌေးသား၏။ ပါသာဒတလေ၊ ပြာသာဒ် အပြင်၌။ အတ္တာနံ၊ မိမိကို။ ဒဿေတိ၊ ပြပြီ။
သော၊ ထို **သောဏ** သူဌေးသားသည်။ ထေရဿ၊ ၏။ ပတ္တံ၊ ကို။ ဂဟေတွာ၊ ၍။ ပဏီတံ၊ မွန်မြတ်သော။ ပိဏ္ဍပါတံ၊ ကို။ အဒါသိ၊ လှူပြီ။
စ၊ ဆက်။ ထေရဿ၊ ၏။ ဂမနာကာရံ၊ ပြန်ကြွခြင်းဟူသော အခြင်းအရာကို။ (ပြန်ကြွမည့်အခြင်းအရာကို။) ဒိသွာ၊ ၍။ ဘန္တေ၊ ဘုဉ္ဇထ၊ ဘုဉ်းပေးတော်မူပါကုန်။ ဣတိ၊ သို့။ အာဟ၊ လျှောက်ပြီ။
ထေရော၊ သည်။ တမတ္ထံ၊ ထို အကြောင်းကို။ အာရောစေသိ၊ ပြောပြီ။ (ဘုရားရှင်အတွက် လာ၍ ဆွမ်းခံတဲ့အကြောင်းကို ပြောပြီ။) ဘန္တေ၊ ဘုဉ္ဇထ၊ ကုန်။ အဟံ၊ သည်။ အညံ၊ အခြားသော ဆွမ်းကို။ ဘဂဝတော၊ ဖို့။ ဒဿမိ၊ လှူပါအံ့။ ဣတိ၊ ဤသို့ လျှောက်၍။ ထေရံ၊ ကို။ ဘောဇေတွာ၊ ဘုဉ်းပေးစေပြီး၍။ ဂန္ဓေဟိ၊ နံ့သာတို့ဖြင့်။ ပတ္တံ၊ ကို။ ဥဗ္ဗ‌ဋ္ဋေတွာ၊ ပွတ်တိုက်၍။ ပိဏ္ဍပါတဿ၊ ဆွမ်းဖြင့်။ ပူရေတွာ၊ ပြည့်စေ၍။ အဒါသိ၊ ပြီ။ တံ၊ ထို ဆွမ်းကို။ ထေရော၊ သည်။ အာဟရိတွာ၊ ဆောင်ယူ၍။ ဘဂဝတော၊ အား။ အဒါသိ၊ လှူပြီ။
ဗိမ္ဗိသာရော၊ ဗိမ္ဗိသာရမည်သော။ ရာဇာပိ၊ သည်လည်း။ အဇ္ဇ၊ ယနေ့။ ဘဂဝါ၊ သည်။ ကိံ၊ အဘယ်ဆွမ်းကို။ ဘုဉ္ဇိဿတိ၊ ဘုဉ်းပေးတော်မူပါလိမ့်မည်နည်း?။ ဣတိ၊ ဤသို့ ကြံ၍။ ဝိဟာရံ၊ ကျောင်းတိုက်သို့။ အာဂန္တာ၊ လာ၍။ ပဝိသမာနောဝ၊ ဝင်လျှင် ဝင်ခြင်းပင်။ ပိဏ္ဍပါတဂန္ဓံ၊ ဆွမ်း၏ အနံ့ကို။ ဃာယိတွာ၊ မွှေး၍။ ဘုဉ္ဇိတုကာမော၊ စားခြင်းငှာ အလိုရှိသည်။ အဟောသိ၊ ဖြစ်ပြီ။
ဘဂဝတော၊ ၏။ ဒွီသုယေဝ၊ နှစ်မျိုးသာလျှင် ဖြစ်ကုန်သော။ ပိဏ္ဍပါတေသု၊ ဆွမ်းတို့၌။ ဝါ၊ တို့သည်။ ဘာဇနဂတေသု၊ ခွက်တော်၌ရောက်ပြီးကုန်လတ်သော်။ (ရောက်ပြီးခါမှ။) ဒေဝတာ၊ နတ်တို့သည်။ ဩဇံ၊ ဩဇာကို။ ပက္ခိပိံသု၊ ထည့်ကြကုန်ပြီ။ ယဉ္စ၊ အကြင် ဆွမ်းကိုလည်း။ သုဇာတာ၊ သည်။ အဒါသိ၊ လှူပြီ။ ယဉ္စ၊ ကိုလည်း။ ပရိနိဗ္ဗာနကာလေ၊ ပရိနိဗ္ဗာန်စံတော်မူခါနီး အခါ၌။ ကမ္မာရပုတ္တော၊ ရွှေပန်းထိန်သည်၏ သားဖြစ်သော။ စုန္ဒော၊ စုန္ဒသည်။ (အဒါသိ၊ ဣတိ၊ သို့။ ဒွီသုယေဝ ဣမေသု ပိဏ္ဍပါတေသု ဘာဇန ဂတေသု ဒေဝတာ ဩဇံ ပက္ခိပိံသု။) အညေသု၊ အခြားသော ဆွမ်းတို့၌။ ကဗဠေ ကဗဠေ၊ ဆွမ်းလုတ်တိုင်း ဆွမ်းလုတ်တိုင်း၌။ (ဒေဝတာ ဩဇံ) ပက္ခိပိံသု၊ တသ္မာ၊ ကြောင့်။ ဘဂဝါ၊ သည်။ ရညော၊ ၏။ ဣစ္ဆံ၊ ကို။ ဇာနိတွာ၊ သိတော်မူ၍။ အပက္ခိတ္တောဇမေဝ၊ မထည့်အပ်သော နတ်ဩဇာရှိသည်သာလျှင်ဖြစ်သော။ ထောကံ၊ အနည်းငယ်သော။ ပိဏ္ဍပါတံ၊ ကို။ ရညော၊ အား။ ဒွပေသိ၊ ပေးစေတော်မူပြီ။ [ပေးစေရခြင်း၏ အကြောင်းကား နောက်၌ ထင်ရှားလတ္တံ့။]
သော၊ ထိုမင်းသည်။ ပရိဘုဉ္ဇိတွာ၊ သုံးဆောင်ပြီး၍။ ပုစ္ဆိ၊ မေးလျှောက်ပြီ။
(ကိံ?။) ဘန္တေ၊ မြတ်စွာဘုရား။ ဥတ္တရကုရုတော၊ မြောက်ကျွန်းမှ။ အာဘတံ၊ ဆောင်ယူအပ်သော။ ဘောဇနံ ကိံ၊ ဘောဇဉ်ပါလော?။ ဣတိ (ပုစ္ဆိ)၊
မဟာရာဇ၊ မဟာရာဇာ။ ဥတ္တရကုရုတော၊ မှ။ (အာဘတံ၊ သော။ ဘောဇနံ၊ သည်။) န၊ မဟုတ်။ အပိ စ၊ စင်စစ်ကား။ ဧတံ၊ ဤဘောဇဉ်သည်။ တဝေဝ၊ သင်ဒကာတော်၏သာ။ ရဋ္ဌဝါသိနော၊ တိုင်း၌နေသော။ ဂဟပတိပုတ္တဿ၊ သူကြွယ်သား၏။ ဘောဇနံ၊ တည်း။ ဣတိ၊ သို့။ ဝတွာ၊ မိန့်တော်မူပြီး၍။ သောဏဿ၊ ၏။ သမ္ပတ္တိံ၊ စည်းစိမ်ကို။ အာစိက္ခိ၊ မိန့်တော်မူပြီ။
တံ၊ ထို စကားကို။ သုတွာ၊ ကြားရ၍။ ရာဇာ၊ သည်။ သောဏံ၊ ကို။ ဒဋ္ဌုကာမော၊ ကြည့်ခြင်းငှာ အလိုရှိသည်။ ဟုတွာ၊ ၍။ စမ္မက္ခန္ဓကေ၊ ၌။ ဝုတ္တနယေန၊ ဆိုအပ်ပြီးသော နည်းဖြင့်။ အသီတိယာ ကုလပုတ္တသဟဿေဟိ၊ ရှစ်သောင်းသော အမျိုးသားတို့နှင့်။ သဒ္ဓိံ၊ ကွ။ သောဏဿ၊ ၏။ အာဂမနံ၊ လာခြင်းကို။ (လာကြောင်းနည်းလမ်းကို။) အကာသိ၊ ပြုပြီ။
တေ၊ ထို အမျိုးကောင်းသားတို့သည်။ ဘဂဝတော၊ ၏။ ဓမ္မဒေသနံ၊ တရားဒေသနာတော်ကို။ သုတွာ၊ နာရ၍။ သောတာပန္နာ၊ သောတာပန်တို့သည်။ ဇာတာ၊ ဖြစ်ကုန်ပြီ။
သောဏောပန၊ သည်ကား။ ပဗ္ဗဇိတွာ၊ ရဟန်းအဖြစ်သို့ ရောက်ပြီး၍။ အရဟတ္တေ၊ အရဟတ္တဖိုလ်၌။ ပတိဋ္ဌိတော၊ တည်ပြီ။
ဘဂဝါပိ၊ သည်လည်း။ ဧတဒတ္ထမေဝ၊ ဤ အကျိုးငှာသာ။ ရညော၊ အား။ ပိဏ္ဍပါတံ၊ ကို။ ဒါပေသိ၊ ပေးစေတော်မူပီ။ [ရှင်ဘုရင်ကို ချီးမြှောက်သောအားဖြင့် ပေးခြင်းအဟုတ်၊ အမျိုးသာတို့၏ သောတာပန်ဖြစ်ခြင်း အကျိုး, သောဏ ၏ ရဟန္တာဖြစ်ခြင်း အကျိုငှာသာ ပေးစေတော်မူပါသည်- ဟူလို။]