စီဝရက္ခန္ဓကေ၊ ၌။
**ပဒက္ခိဏာ**တိ၊ ကား။
ဆေကာ၊ ကျွမ်းကျင်သည်။
ကုသလာ၊ လိမ္မာသည်။
(ဟောတိ)။
**အဘိသဋာ**တိ၊ ကား။
အဘိဂတာ၊ ရှေးရှုရောက်အပ် ရောက်နိုင်၏။
(သွားလာအပ်, သွားလာနိုင်၏၊)
ကေဟိ၊ အဘယ်သူတို့သည်။
အဘိဂတာ၊ ရှေ့ရှု ရောက်အပ် ရောက်နိုသနည်း?။
ဣတိ၊ ဤကား အမေးတည်း။
အတ္ထိကေဟိ အတ္ထိကေဟိ၊ အလိုရှိကုန်, အလိုရှိကုန်သော။
မနုဿေဟိ၊ တို့သည်။
(အဘိဂတာ၊
ဣတိ၊ ဤကား အဖြေတည်း။)
ပန၊ ဆက်။
ကရဏတ္ထေ၊ ကရိုဏ်းအနက်၌။
သာမိဝစနံ၊ သာမီဝိဘတ်ကို။
ကတွာ၊ ၍။
အတ္ထိကာနံ အတ္ထိကာနံ မနုဿနန္တိ၊ ဟူ၍။
(သံဂီတိကာရေဟိ) ဝုတ္တံ၊
**ပညာသာယ စ ရတ္တိံ ဂစ္ဆတီ** တိ၊ ကား။
ပညာသကဟာပဏေ၊ ငါးဆယ်သော အသပြာတို့ကို။
ဂဟေတွာ၊ ယူ၍။
ရတ္တိံ၊ ညဉ့်၌။
(တစ်ညဉ့်အတွက်။)ပဒက္ခိဏာ ၊ ပေ၊ ဂစ္ဆတိ။ ။ အမ္ဗပါလီဟူသည် ဤခန္ဓက၌လည်းကောင်း, ရှေးဘေသဇ္ဇန္ဓက၌လည်းကောင်း လာသည့်အတိုင်း ထင်ရှားသော အမ္ဗပါလီ ပင်တည်း၊ ဤမျှလောက် ထင်ရှားသော အမ္ဗပါလီ သည် နဂိုကပင် သရက်ပင်ပေါ်ပင်၌ ဥပပတ်ပဋိသန္ဓေ နေခဲ့သော သတို့သမီးဖြစ်သည်၊ အရွယ်ရောက်သောအခါ အလွန်လှပသူဖြစ်၍ နေခဲ့သော မင်းသားတိုင်းက အလိုရှိနေကြသောကြောင့် တရားရုံး၌ သူရထိုက်, ငါရထိုက်ငြင်းခုံကြရာ ထိုရန် မအေးမည်စိုး၍ တရားသူကြီးတို့က အများနှင့် ဆက်ဆံအောင် ပြည့်တန်ဆာမ ရာထူးဖြင့် မြှောက်စားလိုက်ကြလေသည်။
ထိုကဲ့သို့ ပြည်ကြီး၏ အဆင်တန်ဆာ (ပြည့်တန်ဆာမ) အဖြစ်ဖြင့် နေစဉ် ဗိမ္မိသာရ မင်းသည် ငယ်ရွယ်စဉ်က နောက်ပါ သုံးလေးယောက်နှင့်အတူ ရုပ်ဖျောက်၍ အမ္ဗပါလီ ထံ ရောက်ဖူး၏၊ ထို အကြိမ်၌ပင် ကိုယ်ဝန်ရကြောင်းကို သိ၍ပြောသောအခါ ဗိမ္မိသာရ ကလည်း သူ့ကိုယ်သူ ဗိမ္မိသာရ မင်းဖြစ်ကြောင်း တိုးတိုးတိတ်တိတ် နှုတ်ပိတ်လက်ဆောင်ပေးခဲ့၏၊ ကိုယ်ဝန်ရင့်၍ မွေးဖွားသောအခါ ဝိမလကောဏ္ဍည" အမည်ရှိသော သတို့သားကို ရ၏၊ ထို သတို့သား ကြီးရင့်သောအခါ ရဟန်းပြု၍ ရဟန္တာဖြစ်သည်၊ အမ္ဗပါလီ" မယ်တော်လည်း နောင်အခါ သူ့ဥယျာဉ်ဝယ် ကျောင်းတိုက်တည်၍ ဘုရားရှင်အား လှူဒါန်းပြီးနောက် ကျောင်းအမ ဖြစ်ပြီးမှ ဘိက္ခုနီပြု၍ ရဟန္တာမဖြစ်လေသည်။ [အမ္ဗပါလီထေရီဂါထာ။] ဂစ္ဆတိ၊ သွားနိုင်၏။
ထိုကဲ့သို့ ပြည်ကြီး၏ အဆင်တန်ဆာ (ပြည့်တန်ဆာမ) အဖြစ်ဖြင့် နေစဉ် ဗိမ္မိသာရ မင်းသည် ငယ်ရွယ်စဉ်က နောက်ပါ သုံးလေးယောက်နှင့်အတူ ရုပ်ဖျောက်၍ အမ္ဗပါလီ ထံ ရောက်ဖူး၏၊ ထို အကြိမ်၌ပင် ကိုယ်ဝန်ရကြောင်းကို သိ၍ပြောသောအခါ ဗိမ္မိသာရ ကလည်း သူ့ကိုယ်သူ ဗိမ္မိသာရ မင်းဖြစ်ကြောင်း တိုးတိုးတိတ်တိတ် နှုတ်ပိတ်လက်ဆောင်ပေးခဲ့၏၊ ကိုယ်ဝန်ရင့်၍ မွေးဖွားသောအခါ ဝိမလကောဏ္ဍည" အမည်ရှိသော သတို့သားကို ရ၏၊ ထို သတို့သား ကြီးရင့်သောအခါ ရဟန်းပြု၍ ရဟန္တာဖြစ်သည်၊ အမ္ဗပါလီ" မယ်တော်လည်း နောင်အခါ သူ့ဥယျာဉ်ဝယ် ကျောင်းတိုက်တည်၍ ဘုရားရှင်အား လှူဒါန်းပြီးနောက် ကျောင်းအမ ဖြစ်ပြီးမှ ဘိက္ခုနီပြု၍ ရဟန္တာမဖြစ်လေသည်။ [အမ္ဗပါလီထေရီဂါထာ။] ဂစ္ဆတိ၊ သွားနိုင်၏။
**နေဂမော**တိ၊ ကား။
ကုဋုမ္ဗိယဂဏော၊ သူကြွယ်အပေါင်းတည်း။
ဝါ၊ သူကြွယ်အပေါင်းတွင် ပါဝင်သူတည်း။
**သာလဝတိံ ၊ပေ၊ ဝုဋ္ဌာပေသီ**တိ၊ ကား။
နာဂရာ၊ မြို့သူမြို့သားတို့သည်။
(မြို့သူမြို့သားတို့က)။
ဒွေသတသဟဿာနိ၊ နှစ်သိန်းတို့လည်းကောင်း။
ရာဇာ၊ သည်။
(မင်းက။)
သတသဟဿံ၊ တစ်သိန်းလည်းကောင်း။
ဣတိ၊ သို့။
တီဏိ သတသဟဿာနိ၊ သုံးသိန်းတို့ကိုလည်းကောင်း။
အညံ၊ သုံးသိန်းမှ တစ်ပါးသော။
အာရာမုယျာနဝါဟနာဒိပရိစ္ဆေဒံ စ၊ ခြံ, ဥယျာဉ်, ယာဉ်အစရှိသော အပိုင်းအခြားကိုလည်းကောင်း။
ဒတွာ၊ ၍။
ဝုဋ္ဌာပေသုံ၊ ထစေကြကုန်ပြီ။
(ထူထောင်ကြကုန်ပြီ။)
ဂဏိကဋ္ဌာနေ၊ အပေါင်းဆိုင်သော မိန်းမအရာ၌။
(ပြည့်တန်ဆာမအရာ၌။)
ထပေသုံ၊ ထားကြကုန်ပြီ။
ဣတိ အတ္ထော၊
[ဂဏဿ+သန္တကာ ဂဏိကာ၊ လူအပေါင်း၏ ဥစ္စာ၊ (အပေါင်းဆိုင် ပြည့်တန်ဆာမ။)
**ပဋိသတေန စ ရတ္တိံ ဂစ္ဆတီ**တိ၊ ကား။
ရတ္တိံ၊ ညဉ့်၌။
ပဋိသတေန၊ အသီးအသီး တစ်ရာဖြင့်။
(တစ်ရာစီဖြင့်။)
ဂစ္ဆတိ၊ သွားရ၏။
**ဂိလာနံ ပဋိဝေဒေယျ**န္တိ၊ ကား။
ဂိလာနဘာဝံ၊ ဂိလာန၏ အဖြစ်ကို။
ဇာနာပေယျံ၊ သိစေရပါမူကား။
(ယံ နူန၊ ကောင်းလေစွ။)
**ကတ္တရသုပ္ပေ**တိ၊ ကား။
ဇိဏ္ဏသုပ္ပေ၊ ဟောင်းနွမ်းသော စကော၌။
(စကောစုတ်၌။
ပက္ခိပိတွာ ဆဋ္ဋေဟိ၌ စပ်။)
**ကာ မေ ဒေဝ မာတာ၊ ကော ပိတာ**တိ၊ ဟူ၍။
ကသ္မာ၊ ကြောင့်။
ပုစ္ဆိ၊ မေးသနည်း?။
တံ၊ ထို **ဇီဝက** ကို။
အညေ၊ အခြားကုန်သော။
ရာဇဒါရကာ၊ မင်းသားတို့သည်။
ကီဠန္တာ၊ ကစားကုန်စဉ်။
ကလဟေ၊ ငြင်းခုံခြင်းသည်။နေဂမော။ ။ "ရာဇဂဟကော နေဂမော" ဟု ပါဠိတော်၌ ရှိ၏၊ ရာဇဂဟကောဖြင့် ရာဇဂြိုဟ်မြို့၌ နေကြောင်းကို ပြပြီးဖြစ်သောကြောင့် နေဂမော အရ "နိဂုံး၌နေသူ" ဟု မဖြစ်နိုင်တော့၊ မြို့သူဌေးလောက် ပစ္စည်း မပေါဘဲ တောသူဌေးလောက်သာ ပစ္စည်း ပေါသောကြောင့် "နေဂမော" ကို "ကုဋိမ္မိယဂဏော" ဟု ဖွင့်သည်၊ ကုဋုမ္ဗံ+ယဿ+အတ္ထီတိ ကုဋုမ္ဗိယော၊ ဂဏော ကား ထို သူဌေးသည် နိဂုံး (ဇနပုဒ်-နယ်) သူဌေး အမျိုးအစားဖြစ်ကြောင်းကို ပြသည်ဟု ကြံပါ၊ ယောဇနာ၌ "နိဂမေ+ဝသတီတိ နေဂမော" ဟု ပြုလေသည်၊ ရာဇဂကော ကို ထောက်၍ စဉ်းစားသင့်၏၊ "နိဂမေ+ဇာတော (ဘဝေါ) နေဂမော" ဟုသာ ပြုသင့်သည်။
ကာ မေ၊ ပေ၊ ပုစ္ဆိ။ ။ ဤသို့ မေးသောအခါ အဘယ မင်းသည် တကယ်ပင် မသိ၍လော, သို့မဟုတ် မပြောလို၍လေလော မသိရ၊ "မဟမ္ပိ ခေါ တေ ဘဏေ ဇီဝက မာတရံ န ဇာနာမိ၊ အပိ တေ ပိတာ၊ မယာသိ ပေါသာပိတော" ဟုပြောဆိုလေသည်၊ ဤ၌ အဘယ မင်းသည် "မွေးစားသော အဖေ" ဟုဆိုသော်လည်း ဇီဝက" သူငယ်၏ ကိုယ်ဝန်သည် အဘယ မင်းသားနှင့်ရသော ကိုယ်ဝန်ပင်တည်း။ ဥဋ္ဌိတေ၊ ဖြစ်ပေါ်လတ်သော်။ နိမ္မာတိကော၊ အမေမရှိတဲ့ အကောင်။ (အမိမဲ့သား။) နိပ္ပိတိကော၊ အဖေမရှိတဲ့ အကောင်။ (အဖမဲ့သား။) ဣတိ၊ သို့။ ဝဒန္တိ ကိရ၊ ပြောဆိုကြကုန်သတတ်။
ကာ မေ၊ ပေ၊ ပုစ္ဆိ။ ။ ဤသို့ မေးသောအခါ အဘယ မင်းသည် တကယ်ပင် မသိ၍လော, သို့မဟုတ် မပြောလို၍လေလော မသိရ၊ "မဟမ္ပိ ခေါ တေ ဘဏေ ဇီဝက မာတရံ န ဇာနာမိ၊ အပိ တေ ပိတာ၊ မယာသိ ပေါသာပိတော" ဟုပြောဆိုလေသည်၊ ဤ၌ အဘယ မင်းသည် "မွေးစားသော အဖေ" ဟုဆိုသော်လည်း ဇီဝက" သူငယ်၏ ကိုယ်ဝန်သည် အဘယ မင်းသားနှင့်ရသော ကိုယ်ဝန်ပင်တည်း။ ဥဋ္ဌိတေ၊ ဖြစ်ပေါ်လတ်သော်။ နိမ္မာတိကော၊ အမေမရှိတဲ့ အကောင်။ (အမိမဲ့သား။) နိပ္ပိတိကော၊ အဖေမရှိတဲ့ အကောင်။ (အဖမဲ့သား။) ဣတိ၊ သို့။ ဝဒန္တိ ကိရ၊ ပြောဆိုကြကုန်သတတ်။
စ၊ သည်သာမကသေး။
အညေသံ၊ မိမိမှတစ်ပါး အခြားကုန်သော။
ဒါရကာနံ၊ ကလေးတို့၏ (အထံသို့)။
ဆဏာဒီသု၊ ပွဲလမ်းသဘင်အစရှိသော အခါတို့၌။
စူဠမာတာမဟာမာတာဒယော၊ မိထွေး, မိကြီးအစရှိသူတို့သည်။
(ဒေါ်လေး, ဒေါ်ကြီး အစရှိသူတို့သည်။)
ကိဉ္စိ၊ တစ်စုံတစ်ခုသောလက်ဆောင်ကို။
ပေသေန္တိ ယထာ၊ ပို့ကုန်သကဲ့သို့။
တထာ၊ တူ။
တဿ၊ ထို ဇီဝက၏ (အထံသို့)။
ကောစိ၊ တစ်စုံတစ်ယောက်သည်။
ကိဉ္စိ၊ တစ်စုံတစ်ခုသော လက်ဆောင်ကို။
န ပေသေတိ၊ မပို့။
ဣတိ၊ ကြောင့်။
သော၊ ထို **ဇီဝက** သည်။
တံ သဗ္ဗံ၊ ထို အလုံးစုံကို။
စိန္တေတွာ၊ စဉ်းစား၍။
အဟံ၊ သည်။
နိမ္မာတိကောယေဝ၊ တကယ်ပင် အမိမရှိသူသည်။
(အမှိ) နု ခေါ၊ ဖြစ်လေရော့သလော?။
ဣတိ၊ ထို့ကြောင့်။
ဇာနနတ္ထံ၊ သိခြင်း အကျိုးငှာ။
ကာ ဒေဝ မာတာ, ကော ပိတာတိ၊ ဟူ၍။
ပုစ္ဆိ၊ ပြီ။
**ယန္နူနာဟံ သိပ္ပံ သိက္ခေယျ**န္တိ၊ ကား။
အဟံ၊ သည်။
ဝေဇ္ဇသိပ္ပံ၊ ဆေ ဆရာ၏ အတတ်ကို။
ယန္နူန သိက္ခေယျံ၊ သင်ရပါမူကား, ကောင်းလေစွ။ဆက်ဦးအံ့။ ။ အဘယ ဆိုသူသည်လည်း ဥဇ္ဇေနီ ပြည် ပဒုမဝတီ မည်သော ပြည့်တန်ဆာမ၏ သားပင်တည်း၊ ဗိမ္ဗိသာရ မဟာရာဇာသည် နုပျိုစဉ်အခါတုန်းက ပဒုမဝတီ ၏ အကြောင်းကို ကြားရ၍ တွေ့ချင်လှသောကြောင့် ပုရောဟိတ်ကို ပြောပြရာ ပုရောဟိတ်က သူ၏ မန္တာန်အစွမ်းဖြင့် "ကုမ္ဘိရ နတ်ကို ပူးဝင်စေ၍ ထို ကုမ္ဘိရ နတ်၏ အစွမ်းဖြင့် ဗိမ္ဗိသာရ မင်းပျိုကလေးကို ပဒုမဝတီ အထံသို့ ဆောင်ပို့ရသတတ်၊ ထို ညဉ့်၌ပင် အဘယ မင်းသား ကိုယ်ဝန်ကို ရ၏၊ ကိုယ်ဝန်ရကြောင်းကို ပဒုမဝတီ သည် ဗိမ္ဗိသာရ မင်းအား ပြောပြရာ ဗိမ္ဗိသာရ မင်းသည် သူ၏ အမှတ်အသားပါသော လက်စွပ်ကို ပေး၍ သားတော်ဖွားလျှင် သူ့အထံသို့ ပို့ရန် မှာကြားခဲ့လေသည်၊ အဇာတသတ်* ၏ လုပ်ကြံမှုကြောင့် ခမည်းတော် ဗိမ္ဗိသာရ မဟာရာဇာ နတ်ရွာစံသော အခါ ထို အဘယ မင်းသားသည် သံဝေဂရ၍ ရဟန်းပြုပြီးလျှင် ရဟန္တာ ဖြစ်လေသည်။ [အဘယ ထေရဂါထာ။] ဣတိ၊ ဤသို့။
စိန္တေသိ၊ ကြံပြီ။
တဿ၊ ထို ဇီဝက၏။
ဧတံ၊ ဤ အကြံသည်။
အဟောသိ ကိရ၊ ဖြစ်သတတ်။
(ကိံ?)။
ဣမာနိ ဟတ္ထိအဿသိပ္ပာဒီနိ၊ ဤ ဆင်အတတ်, မြင်းအတတ် အစရှိသော အတတ်တို့သည်။
ပရူပဃာတပဋိသံယုတ္တာနိ၊ သူတစ်ပါးတို့ကို ညှဉ်းဆဲနှိပ်စက်ခြင်းနှင့် စပ်ယှဉ်ကုန်၏။
ဝေဇ္ဇသိပ္ပံ၊ ဆေးဆရာ၏ အတတ်သည်။
မေတ္တာပုဗ္ဗဘာဂံ၊ ရှေးအဖို့၌ မေတ္တာရှိသည်။
(သတ္တဝါများကို အနာရောဂါ ကင်းကွာ၍ ကျန်းမာ ချမ်းသာစေလိုသော မေတ္တာရှေ့သွားရှိသည်၊ ဟုတွာ။)
သတ္တာနံ၊ တို့၏။
ဟိတပဋိသံယုတ္တံ၊ စီးပွားနှင့် စပ်ယှဉ်၏။
ဣတိ၊ ဤ အ ကြံသည်။
(အဟောသိ ကိရ။)
တသ္မာ၊ ကြောင့်။
ထိုသို့ အကြံဖြစ်သည်၏ အဖြစ်ကြောင့်။)
ဝေဇ္ဇသိပ္ပမေဝ၊ ကိုသာ။
သန္ဓာယ၊ ၍။
ယန္နူနာဟံ သိပ္ပံ သိက္ခေယျန္တိ၊ ဟူ၍။
စိန္တေသိ။
အပိစ၊ သည်သာမကသေး။
[နောက်၌ "စောဒိယမာနောပိ" ဝယ် သမ္ပိဏ္ဍနပိ ကိုကြည့်၍ အပိ စ ကို အနက်ပေးသည်၊ ယောဇနာ၌ "အပိ စ ဧကန္ထေန" ဟု စွဲ၏။]
အယံ၊ ဤ **ဇီဝက** သည်။
["ပတ္ထနံ အကာသိ" ၌စပ်။]
ဣတော၊ ဤ ကမ္ဘာမှ။
ကပ္ပသတသဟဿဿ၊ ကမ္ဘာတစ်သိန်း၏။
ဥပရိ၊ အထက်၌။
ပဒုမုတ္တရဿ၊ **ပဒုမုတ္တိုရ်** မည်တော်မူသော။
ဘဂဝတော၊ ၏။
ဥပဋ္ဌာကံ၊ အလုပ်အကျွေးဖြစ်သော။
(ဝေဇ္ဇံ၌ စပ်။)
အယံ၊ ဤ ယောကျ်ားသည်။
ဗုဒ္ဓုပဋ္ဌာကော၊ ဘုရားရှင်၏ အလုပ်အကျွေးတည်း။
ဣတိ၊ သို့။
စတုပရိသန္တရေ၊ ပရိတ်သတ်လေးပါး၏ အလယ်၌။
ပတ္ထတဂုဏံ၊ ပျံ့နှံ့သောဂုဏ်ရှိသော။
ဝေဇ္ဇံ၊ ဆေးဆရာကို။
ဒိသွာ၊ ၍။
အဟမ္ပိ၊ သည်လည်း။
ဧဝရူပံ၊ ဤသို့ သဘောရှိသော။
ဌာနန္တရံ၊ အရာထူးသို့။
ပါပုဏေယျံ၊ ရောက်ရပါမူကား။
အဟော ဝတ၊ သြော် ... ကောင်းလေစွ။
ဣတိ၊ သို့။
စိန္တေတွာ၊ ၍။
သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။
ဗုဒ္ဓပ္ပမုခဿ၊ ဘုရားအမှူးရှိသော။
သံဃဿ၊ သံဃာတော်အား။
ဒါနံ၊ အလှူကို။
ဒတွာ၊ ပေးလှူပြီး၍။
ဘဂဝန္တံ၊ ကို။
ဝန္ဒိတွာ၊ ဝပ်ချပြီး၍။
ဘဂဝါ၊ မြတ်စွာဘုရား။
အဟမ္ပိ၊ တပည့်တော်သည်လည်း။
တုမှာကံ၊ ရှင်တော်ဘုရားတို့၏။
ဥပဋ္ဌာကော၊ အလုပ်အကျွေးဖြစ်သော။
အသုကဝေဇ္ဇောဝိယ၊ ထိုမည်သော ဆေးဆရာကဲ့သို့။
အနာဂတေ၊ နောင်အခါ၌။
ဗုဒ္ဓုပဋ္ဌာကော၊ ဘုရားရှင်၏ အလုပ်အကျွေးသည်။
ဘဝေယျံ၊ ဖြစ်ရပါလို၏။
ဣတိ၊ သို့။
ပတ္ထနံ၊ ဆုတောင်းမှုကို။
အကာသိ၊ ပြုပြီ။
တာယ ပုရိမပတ္ထနာယ၊ ထို ရှေး၌ဖြစ်သော ဆုတောင်းမှုသည်။
စောဒိယမာနော၊ တိုက်တွန်းနှိုးဆော်အပ်သည်။
(ဟုတွာ) ပိ၊ ဖြစ်၍လည်း။
ဝါ၊ ဖြစ်ခြင်းကြောင့်လည်း။
ဧသ (ဧသော)၊ ဤ **ဇီဝက** သည်။
ဝေဇ္ဇသိပ္ပမေဝ၊ ဆေးဆရာ၏ အတတ်ကိုသာ။
သန္ဓာယ၊ ၍။
ယန္နူနာဟံ သိပ္ပံ သိက္ခေယျန္တိ၊ ဟူ၍။
စိန္တေသိ၊ ကြံပြီ။
**ဒိသာပါမောက္ခော**တိ၊ ကား။
သဗ္ဗဒိသာသု၊ အလုံးစုံသော အရပ်မျက်နှာတို့၌။
ဝိဒိတော၊ အများသိအပ်သော။
ပါကဋာ၊ ထင်ရှားသော။
ဝါ၊ တစ်နည်း။
ပဓာနော၊ ပြဋ္ဌာန်းသော။
(ဝေဇ္ဇော ပဋိဝသတိ၌ စပ်။)
ဣတိ အတ္ထော၊
["ဒိသာသု+ပါမောက္ခော ဒိသာပါမောက္ခော" ဟုပြု၊ ပါမောက္ခောကို "ဝိဒိတော ပါကဋော" ဟုလည်းကောင်း, "ပဓာနော" ဟု လည်းကောင်း နှစ်နည်းဖွင့်သည်။]
စ၊ ဆက်။
တသ္မိံ သမယေ၊ ဇီဝက၏ အကြံဖြစ်ရာ ထိုအခါ၌။
တက္ကသီလတော၊ တက္ကသိုလ်မှ။
ဝါဏိဇာ၊ ကုန်သည်တို့သည်။
အဘယရာဇကုမာရံ၊ **အဘယ** မင်းသားကို။
ဒဿနာယ၊ ဖူးမြင်ခြင်းငှာ။
အာဂမံသု၊ လာကြကုန်ပြီ။
တေ၊ ထို ကုန်သည်တို့ကို။
ဇီဝကော၊ သည်။
တုမှေ၊ တို့သည်။
ကုတော၊ အဘယ်အရပ်မှ။
အာဂတာ၊ လာခဲ့ကြကုန်သနည်း?။
ဣတိ၊ သို့။
ပုစ္ဆိ၊ မေးပြီ။
(မယံ၊ ကျွန်ုပ်တို့သည်။)
တက္ကသီလတော၊ တက္ကသိုလ်မှ။
(အာဂတာ၊ လာခဲ့ကြကုန်ပြီ။)
ဣတိ၊ သို့။
ဝုတ္တေ၊ ပြောဆိုအပ်သော်။
တတ္ထ၊ ထို တက္ကသိုလ်၌။
ဝေဇ္ဇသိပ္ပာစရိယော၊ ဆေးဆရာ၏ အတတ်ကို သင်ပေးသော ဆရာသည်။
အတ္ထိ၊ ရှိပါသလော?။
ဣတိ၊ သို့။
ပုစ္ဆိ၊ ပြီ။
ကုမာရ၊ မင်းသား။
အာမ၊ အိမ်း။
တက္ကသီလာယံ၊ ၌။
ဒိသာပါမောက္ခော၊ အရပ်မျက်နှာတို့၌ ထင်ရှားကျော်စောသော။
ဝါ၊ အရပ်မျက်နှာတို့၌ ပဓာနဖြစ်သော။
ဝေဇ္ဇော၊ ဆေးဆရာသည်။
ပဋိဝသတိ၊ နေပါ၏။
ဣတိ၊ ဤသို့ ပြောဆိုကြကုန်ပြီ။
(ဣတိ၊ ဤစကားကို။
ဣတိ တစ်လုံး အကျေကြံပါ။)
သုတွာ၊ ကြားရ၍။
တေနဟိ၊ ထိုသို့ဖြစ်လျှင်။
ယဒါ၊ အကြင် အခါ၌။
ဂစ္ဆထ၊ ပြန်သွားကြကုန်၏။
(တဒါ၊ ၌။)
မယှံ၊ ကျွန်တော်အား။
အာရောစေယျာထ၊ ပြောကြပါကုန်။
ဣတိ အာဟ၊ ပြီ။
တေ၊ ထို ကုန်သည်တို့သည်။
တထာ၊ ထို ပြောအပ်သည့်အတိုင်း။
အကံသု၊ ပြုကြကုန်ပြီ။
သော၊ ထို **ဇီဝက** သည်။
ပိတရံ၊ ခမည်းတော်ကို။
အနာပုစ္ဆာ၊ မပန်ပြောဘဲ။
တေဟိ၊ ထို ကုန်သည်တို့နှင့်။
သဒ္ဓိံ၊ တကွ။
တက္ကသီလံ၊ တက္ကသိုလ်သို့။
အဂမာသိ၊ လိုက်သွားပြီ။
တေန၊ ထို့ကြောင့်။
အဘယံ ရာဇကုမာရံ အနာပုစ္ဆာတိ အာဒိ၊ အစရှိသော စကားကို။
(သံဂီတိကာရေဟိ) ဝုတ္တံ။
**ဣစ္ဆာမဟံ ၊ပေ၊ သိက္ခိတု**န္တိ (ဧတ္ထ၊ ၌။
ဂုဠှတ္ထံ၊ လျို့ဝှက်သော အနက်ကို။)
ကိရ (ဥဒ္ဓရိတွာ ဒဿေမိ)၊ ထုတ်၍ ပြဦးအံ့။
တံ၊ ထို **ဇီဝက** ကို။
ဥပသင်္ကမန္တံ၊ ချဉ်းကပ်လာသည်ကို။
ဒိသွာ၊ မြင်၍။
သော ဝေဇ္ဇော၊ ထို ဆေးဆရာသည်။
တာတ၊ အမောင်။
တွံ၊ သည်။
ကော၊ အဘယ်သူသည်။
အသိ၊ ဖြစ်သနည်း?။
ဣတိ ပုစ္ဆိ၊
သော၊ ထို **ဇီဝက** သည်။
ဗိမ္ဗိသာရမဟာရာဇဿ၊ ဗိမ္ဗိသာရ မဟာရာဇာ၏။
နတ္တာ၊ မြေးဖြစ်သော။
အဘယရာဇကုမာရဿ၊ အဘယမင်သား၏။
ပုတ္တော၊ သားတော်သည်။
အမှိ၊ ဖြစ်ပါ၏။
ဣတိ၊
အာဟ၊ ပြီ။
ပန၊ ဆက်။
တာတ၊ အမောင်။
ကသ္မာ၊ ကြောင့်။
တွံ၊ သည်။
ဣဓ၊ ဤအရပ်သို့။
အာဂတော၊ လာသည်။
အသိ၊ ဖြစ်သနည်း?။
ဣတိ (ပုစ္ဆိ)၊
တတော၊ ထိုသို့မေးခြင်းကြောင့်။
သော၊ ထို **ဇီဝက** သည်။
(အဟံ၊ ကျွန်တော်သည်။)
တုမှာကံ၊ အရှင်ဆရာတို့၏။
သန္တိကေ၊ အထံ၌။
သိပ္ပံ၊ အတတ်ကို။
သိက္ခိတုံ၊ သင်ခြင်းငှာ။
(အာဂတော၊ သည်။
အမှိ။)
ဣတိ၊ သို့။
ဝတွာ၊ ပြောဆိုပြီး၍။
အာစရိယ၊ ဆရာ။
အဟံ၊ သည်။
သိပ္ပံ၊ အတတ်ကို။
(ဆေးဆရာ၏ အတတ်ကို။)
သိက္ခိတုံ၊
ဣစ္ဆာမိ၊ အလိုရှိပါ၏။
ဣတိ၊
အာဟ၊ ပြီ။
**ဗဟုဉ္စ ဂဏှာတီ**တိ၊ ကား။
အညေ၊ **ဇီဝက** မှတစ်ပါးကုန်သော။
ခတ္တိယကုမာရာဒယော၊ မင်းဇာတ်ရှိသော သတို့သား အစရှိသူတို့သည်။
(မင်းသားစသူတို့သည်။)
အာစရိယဿ၊ အား။
ဓနံ၊ ဥစ္စာကို။
ဒတွာ၊ ပေးပြီး၍။
ကိဉ္စိ၊ တစ်စုံတစ်ခုသော။
ကမ္မံ၊ အလုပ်ကို။
အကတွာ၊ မပြုလုပ်မူ၍။
သိက္ခန္တိယေဝယထာ၊ သင်ရုံသာ သင်ကြရကုန်သကဲ့သို့။
ဧဝံ၊ တူ။
သော၊ ထို **ဇီဝက** သည်။
န (သိက္ခတိ)၊ သင်ရုံသာ သင်ရသည် မဟုတ်။
ပန၊ အဟုတ်ကား။
သော၊ **ဇီဝက** သည်။
ကိဉ္စိ၊ သော။
ဓနံ၊ ကို။
အဒတွာ၊ မပေးနိုင်၍။
(မပေးနိုင်ခြင်းကြောင့်။)
ဓမ္မန္တေဝါသိကောဝ၊ ဓမ္မအန္တေဝါသိကသည်သာ။
ဟုတွာ၊ ၍။
ဧကံကာလံ၊ တစ်ချိန်၌။
ဥ ပဇ္ဈာယဿ၊ ဥပဇ္ဈာယ်ဆရာကြီး၏။
ကမ္မံ၊ အလုပ်ကို။
ကရောတိ၊ ပြုလုပ်ရ၏။
[အတတ်သင်ပေးသော ဆရာကြီးကိုပင် "ဥပဇ္ဈာယဿ" ဟု ဆိုထားသည်။]
ဧကံ ကာလံ၊ ၌။
(သိပ္ပံ)။
သိက္ခတိ၊ သင်ရ၏။
ဧဝံသန္တေပိ၊ ဤသို့ပင် ဖြစ်ပါသော်လည်း။
အဘိနီဟာရသမ္ပန္နော၊ ဆုတောင်းနှင့်ပြည့်စုံသော။
(ဗုဒ္ဓုပဋ္ဌာကအဖြစ်သို့ ရှေ့ရှုဆောင်ကြောင်း ဆုတောင်းနှင့် ပြည့်စုံသော။)
ကုလပုတ္တော၊ အမျိုးသားသည်။
အတ္တနော၊ ၏။
မေဓာဝိတာယ၊ လျင်မြန်သော ပညာရှိသူ၏ အဖြစ်ကြောင့်။
ဗဟုဉ္စ၊ များစွာလည်း။
ဂဏှာတိ၊ သင်ယူနိုင်၏။
လဟုဉ္စ၊ လျင်စွာလည်း။
ဂဏှာတိ၊ ၏။
သုဋ္ဌု စ၊ ကောင်းစွာလည်း။
ဥပစာရေတိ၊ စူးစမ်းဆင်ခြင်နိုင်၏။
အဿ၊ ထို အမျိုးသား၏။
(အမျိုးသားဖြစ်သော ဇီဝက၏။)
ဝါ၊ သည်။
ဂဟိတဉ္စ၊ သင်ယူအပ်ပြီးသော အတတ်သည်လည်း။
န သမ္မုဿတိ၊ မပျောက်ပျက်။
ဝါ၊ မမေ့။
**သတ္တ စ၊ ပေ၊ ပညာယတီ**တိ ဧတ္ထ၊ ၌။
(ဂုဠှတ္ထံ၊ ကို။)
ကိရ (ဥဒ္ဓရိတွာ ဒဿေမိ)၊ အံ့။
အယံ ဇီဝကော၊ သည်။
(ဥဂ္ဂဟေသိ၌ စပ်။)
ယတ္တကံ၊ အကြင်မျှအတိုင်းအရှည်ရှိသော အတတ်ကို။
အာစရိယော၊ ဆရာကြီးသည်။
ဇာနာတိံ၊ သိ၏။
ယံ၊ အကြင် အတတ်ကို။
(ဆရာတတ်သလောက် အတတ်ကို။)
အညေ၊ **ဇီဝက** မှ တစ်ပါးသော တပည့်တို့သည်။
သောဠသဟိ ဝဿေဟိ၊ တစ်ဆယ့်ခြောက်နှစ်တို့ဖြင့်။
(တစ်ဆယ့်ခြောက်နှစ်ကြာအောင်။)
ဥဂ္ဂဏှန္တိ၊ သင်ယူကြရကုန်၏။
တံ သဗ္ဗံ၊ ထို အလုံးစုံသော အတတ်ကို။
(တစ်ဆယ့်ခြောက်နှစ်ကြာအောင် သင်ယူရသော အတတ်ကို။)
သတ္တဟိ မာသေဟိ၊ ခုနစ်လတို့ဖြင့်။
(သတ္တဟိ ဝဿေဟိ၊ ခုနစ်နှစ်တို့ဖြင့်။)
ဥဂ္ဂဟေသိ၊ သင်ယူပြီ။
ပန၊ ထိုသို့ပင် ခုနစ်လတို့ဖြင့်သင်ယူနိုင်ပါသော်လည်း။
ဒေဝရညော၊ နတ်တို့၏ မင်းဖြစ်သော။
သက္ကဿ၊ သိကြား၏။
ဧတံ၊ ဤ အကြံသည်။
အဟောသိ၊ ဖြစ်ပြီ။
(ကိံ?)။
အယံ၊ ဤ**ဇီဝက** သည်။
ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။
ဥပဋ္ဌာကော၊ အလုပ်အကျွေးဖြစ်သော။
အဂ္ဂဝိဿာသကော၊ အမြတ်ဆုံးဖြစ်၍ အကျွမ်းဝင်သူသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဟန္ဒ၊ ယခု။
နံ၊ ထို **ဇီဝက** ကို။
ဘေသဇ္ဇယောဇနံ၊ ဆေးကို ယှဉ်စပ်စေနည်းကို။
(ဆေးဖော်စပ်နည်းကို။)
သိက္ခာပေမိ၊ သင်စေအံ့။
သတ္တဟိ မာသေဟိ။ ။ အချို့စာအုပ်၌ "သတ္တတိ ဝဿေဟိ" ဟု ရှိ၏၊ ရှေးစာအုပ်များ၌ကား "သတ္တဟိ မာသေဟိ" ဟု ရှိ၏၊ ပါဠိတော်၌ "သတ္တ စ မေ ဝဿာနိ" ကို ထောက်လျှင် "သတ္တတိ ဝဿေဟိ" ဟု ရှိသောပါဌ်က မှန်သကဲ့သို့ထင်ရ၏၊ သို့သော် ခုနစ်နှစ် သင်ရခြင်းမှာ သိကြားမင်း သင်ပေးအပ်သော အတတ်များကြောင့်သာ ကြာခြင်းဖြစ်သည်၊ ဆရာကြီး၏ သင်ရိုးအတတ်ကိုကား ခုနစ်နှစ်ကြာအောင် သင်ဖွယ် မလိုပါ၊ ဆရာကြီး၏ သင်ရိုးအတတ်ကိုကား ခုနစ်နှစ်ကြာအောင် သင်ဖွယ် မလိုပါ၊ ထို့ကြောင့် ဇီဝက ၏ ဉာဏ်စွမ်း, ပါရမီစွမ်းကိုထောက်လျှင် "သတ္တဟိ မာသေဟိ" ဟူသော ပါဌ်သာ အမှန်ဖြစ်စရာ ရှိသည်၊ ["ယတ္တကံ သိပ္ပံ အာစရိယော ဇာနာတိ၊ တတ္တကံ အယံ ဇီဝကော ဇာနာတိ" ဟု နိယမဝါကျ ထည့်၍ ယောဇနာ ဖွင့်၏၊ ယတ္တကံ, ယံ တို့၏ နိယမသည် "တံ သဗ္ဗံ" ဟု ရှိသောကြောင့် ထည့်ဖွယ် မလိုဟု ထင်သည်။]
ဣတိ၊ ဤ အကြံသည်။
(အဟောသိ)။
ဣတိ၊ ဤသို့ ကြံပြီး၍။
အာစရိယဿ၊ ၏။
သရီရေ၊ ကိုယ်၌။
အဇ္ဈာဝသိတွာ၊ ကပ်ဝင်၍။
ယထာ၊ အကြင် အခြင်းအရာအားဖြင့် သင်ပေးအပ်သော်။
ကမ္မဝိပါကံ၊ ကံ၏ အကျိုးဖြစ်သော ရောဂါကို။
ထပေတွာ၊ ထား၍။
အဝသေသရော ကြွင်းသောရောဂါကို။
ဧကေနေဝ၊ တစ်ကြိမ်သာလျှင်ဖြစ်သော။
ဘေသဇ္ဇယောဂေန၊ ဆေးကို ယှဉ်စပ်ခြင်းဖြင့်။
တိကိစ္ဆိတုံ၊ ကုစားခြင်းငှာ။
သက္ကောတိ၊ စွမ်းနိုင်၏။
တထာ၊ ထို စွမ်းနိုင်လောက်အောင်သော အခြင်းအရာအားဖြင့်။
နံ၊ ထို **ဇီဝက** ကို။
ဘေသဇ္ဇယောဇနံ၊ ဆေးကို ယှဉ်စပ်စေနည်းကို။
သိက္ခာပေသိ၊ သင်စေပြီ။
(သင်ပေးပြီ။)
ပန၊ ထိုသို့ပင် သိကြား ကူ၍ သင်ပေးအပ်ပါသော်လည်း။
သော၊ ထို **ဇီဝက** သည်။
အာစရိယဿ၊ ၏။
သန္တိကေ၊ ၌။
သိက္ခာမိ၊ သင်နေ၏။
ဣတိ၊ သို့။
မညတိ၊ မှတ်ထင်၏။
တသ္မာ၊ ကြောင့်။
ဣဒါနိ၊ ၌။
ဇီဝကော၊ သည်။
တိကိစ္ဆိတုံ၊ ဆေးကုခြင်းငှာ။
သမတ္ထော၊ စွမ်းနိုင်လောက်ပြီ။
ဣတိ၊ ဤသို့ နှလုံးသွင်း၍။
သက္ကေန၊ သည်။
ဝိသဋ္ဌမတ္တေ၊ လွှတ်အပ်ကာမျှ ဖြစ်လတ်သော်။
ဧဝံ၊ သို့။
("အဟံ ခေါ ဗဟုဉ္စ ဂဏှာမိ" စသည်ဖြင့် ပါဠိတော်လာသည့်အတိုင်း။)
စိန္တေတွာ၊ ကြံ၍။
အာစရိယံ၊ ကို။
ပုစ္ဆိ၊ ပြီ။
ပန၊ ဆက်။
အာစရိယော၊ သည်။
ဣမိနာ၊ ဤ **ဇီဝက** သည်။
မမ၊ ငါ၏။
အာနုဘာဝေန၊ အစွမ်းဖြင့်။
န ဥဂ္ဂဟိတံ၊ သင်ယူအပ်သည် မဟုတ်။
ဒေဝတာနုဘာဝေန၊ နတ်၏ အစွမ်းဖြင့်။
ဥဂ္ဂဟိတံ၊ သင်ယူအပ်ပြီ။
ဣတိ၊ သို့။
ဉတွာဝ၊ သိ၍သာလျှင်။
(သိခြင်းကြောင့်သာလျှင်။)
**တေနဟိ ဘဏေ** တိအာဒိံ၊ အစရှိသောစကားကို။
အာဟ၊ ပြောပြီ။
**သမန္တာ ယောဇနံ အာဟိဏ္ဍန္တော**တိ၊ ကား။
ဒိဝသေ ဒိဝသေ၊ နေ့တိုင်းနေ့တိုင်း။
ဧကေကေန၊ တစ်ပေါက်တစ်ပေါက်သော။
ဒွါရေန၊ တံခါးဖြင့်။
နိက္ခမိတွာ၊ ထွက်၍။
စတ္တာရော ဒိဝသေ၊ လေးရက်တို့ပတ်လုံး။
အာဟိဏ္ဍန္တော၊ လှည့်လည်လတ်သော်။
(န အဒ္ဒဿ၌ စပ်။)
ကမ္မဝိပါကံ။ ။ ကံ၏ တိုက်ရိုက်အကျိုးဖြစ်သော ရောဂါဟူ၍ မရှိနိုင်၊ ကံကို အရင်းခံ၍ စိတ်, ဥတု, အာဟာရတို့ကြောင့် ဖြစ်သော ရောဂါကိုပင် ကာရဏူပစာရအားဖြင့် "ကမ္မဝိပါကံ" ဟု ဆိုသည်၊ [ကမ္မဝိပါကန္တိ ကမ္မပစ္စယဥတုစိတ္တာဟာရ သမုဋ္ဌိတံ အပ္ပဋိဗာဟိယရောဂံ သန္ဓာယ ဝုတ္တံ၊ ကမ္မဇဿ အဘာဝါ၊ - ဝိမတိ။]
**ပဋိတ္တံ ပါထေယျံ ပါဒါသီ**တိ၊ ကား။
အပ္ပမတ္တကံ၊ နည်းသော အတိုင်းအရှည်ရှိသော ရိက္ခာကို။
အဒါသိ၊ ပေးပြီ။
["ပါထေယျမဒါသိ" ဟု လည်းရှိ၏။]
ကသ္မာ၊ ကြောင့်။
(အပ္ပမတ္တကံ၊ အဒါသိ၊ နည်?။)
ကိရ (ယသ္မာ)၊ ကြောင့်။
တစ်နည်း။
ကိရ၊ ချဲ့ဦးအံ့။
တဿ၊ ထို ဆရာကြီး၏။
ဧတံ၊ ဤ အကြံသည်။
အဟောသိ၊
(ကိံ?)။
အယံ၊ ဤ **ဇီဝက** သည်။
မဟာကုလဿ၊ ကြီးကျယ်သော အမျိုး၏။
ပုတ္တော၊ သားတည်း။
ဂတမတ္တော၊ ရောက်ကာမျှသည်။
(သမာနော) ယေဝ၊ ဖြစ်သော်သာ။
ပိတိပိတာမဟာနံ၊ ခမည်းတော်, ဘိုးတော်တို့၏။
သန္တိကာ၊ အထံမှ။
မဟာသက္ကာရံ၊ များစွာသော သက္ကာရကို။
(များစွာသော ဆုလာဘ်ကို။)
လဘိဿတိ၊ ရလတ္တံ့။
တတော၊ ထိုသို့ ရခြင်းကြောင့်။
မယှံ ဝါ၊ ငါ၏သော်လည်းကောင်း။
သိပ္ပဿ ဝါ၊ အတတ်၏သော်လည်းကောင်း။
ဂုဏံ၊ ဂုဏ်ကျေးဇူးကို။
န ဇာနိဿတိ၊ မသိလတ္တံ့။
ပန၊ အနွယ။
အန္တရာမဂ္ဂေ၊ ခရီးအကြား၌။
ခီဏပါထေယျာ၊ ကုန်သော ရိက္ခာရှိသည်။
(သမာနော၊ သော်။)
သိပ္ပံ၊ ကို။
ပယောဇေတွာ၊ ယှဉ်စေ၍။
အဝဿံ၊ မချွတ်ဧကန်။
မယှံ စ၊ ၏လည်းကောင်း။
သိပ္ပဿ စ၊ လည်းကောင်း။
ဂုဏံ၊ ကို။
ဇာနိဿတိ၊ သိလတ္တံ့။
ဣတိ၊ ဤသို့ ကြံ၍။
ပရိတ္တံ၊ အနည်းငယ်သော ရိက္ခာကို။
ဒါပေသိ၊ ပေးစေပြီ။