**န ဘိက္ခဝေ ဣဏာယိကော** တိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။
**ဣဏာယိကော** နာမ၊ ဣဏာယိကမည်သည်ကား။
ယဿ၊ အကြင်သူ၏။
ပိတိပိတာမဟေဟိ၊ အဘ, အဘိုးတို့သည်။
ဣဏံ၊ ကြွေးမြီသည်။
ဝါ၊ ကို။
ဂဟိတံ၊ ယူအပ်ပြီးသည်။
ဟောတိ၊ ၏။
(သော)ဝါ၊ ထိုမိဘ ဘိုးဘွားတို့ ယူအပ်သော ကြွေးရှိသူသည်လည်းကောင်း။
(ယေန၊ အကြင်သူသည်။)
သယံ၊ ကိုယ်တိုင်။
ဣဏံ၊ သည်။
ဝါ၊ ကို။
ဂဟိတံ၊ သည်။
ဟောတိ။
(သော)ဝါ၊ ထိုကိုယ်တိုင် ကြွေ ယူထားသူသည်လည်းကောင်း။
ယံ၊ အကြင်သူကို။
အာထပေတွာ၊ အပ်နှံထား၍။
(ခိုင်းစေဖို့ရန် အပ်နှံထား၍။)
မာတာပိတူဟိ၊ အဓိအဘတို့သည်။
ကိဉ္စိ၊ တစ်စုံတစ်ခုသော ဥစ္စာသည်။
ဝါ၊ ကို။
ဂဟိတံ၊ သည်။
ဟောတိ။
(သော)ဝါ၊ ထိုအပ်နှံခံရသူသည်လည်းကောင်း။
တံ ဣဏံ၊ ထိုကြွေးမြီကို။
ပရေသံ၊ သူတစ်ပါးတို့အား။
ဓာရေတိ၊ ဆောင်နှင်းရ၏။
(ဆပ်ပေးရ၏။)
ဣတိ၊ ကြောင့်။
ဣဏာယိကော၊ က မည်၏။
ပန၊ ဆက်။
ယံ၊ အကြင်သူ့ကို။
အညေ၊ မိဘတို့မှ အခြားကုန်သော။
ဉာတကာ၊ ဆွေမျိုးတို့သည်။
အာထပေတွာ၊ ၍။
ကိဉ္စိ၊ တစ်စုံတစ်ခုသော ဥစ္စာကို။
ဂဏှန္တိ၊ ယူကြကုန်၏။
သော၊ ထိုသူသည်။
ဣဏာယိကော၊ ဣဏာယိကသည်။
န၊ မဟုတ်။
ဟိ၊ မှန်။
တစ်နည်း, ဟိ(ယသ္မာ)၊ ကြောင့်။
တေ၊ ထိုဆွေမျိုး တို့သည်။
တံ၊ ထိုသူ့ကို။
အာထပေတုံ၊ အပ်နှံထားခြင်းငှာ။
န ဣဿရာ၊ အစိုးမရကုန်။
(မစိုးမပိုင်ကုန်။)
တသ္မာ၊ ကြောင့်။
သော၊ သည်။
ဣဏာယိကော၊ သည်။
န၊ မဟုတ်။
တသ္မာ၊ ထို့ကြောင့်။
(ဆွေမျိုးတို့အပ်နှံထားအပ်သော ထိုသူ၏ ဣဏယိက မဟုတ်သည်၏ အဖြစ်ကြောင့်။)
တံ၊ ထိုသူ့ကို။
ပဗ္ဗာဇေတုံ ဝဋ္ဋတိ။
ဣတရံ၊ ဆွေမျိုးတို့ အပ်နှံထားအပ်သူမှတစ်ပါးသော မိဘတို့ အပ်နှံထားအပ်သူကို။
(ပဗ္ဗာဇေတုံ) န ဝဋ္ဋတိ။
ပန၊ ဆက်။
အဿ၊ ထိုသူ၏။
ဉာတိသာလောဟိတာ၊ ဆွေမျိုးသားချင်းတို့သည်။
မယံ၊ တပည့်တော်တို့သည်။
ဒဿမ၊ ပေးလိုက်ပါကုန်အံ့။
(ကြွေးကို ဆပ်လိုက်ပါကုန်အံ့။)
နံ၊ ထိုသူ့ကို။
ပဗ္ဗာဇေထ၊ ရှင်ဖြစ်စေကြပါကုန်။
ဣတိ၊ ဤသို့လျှောက်၍။
ဣဏံ၊ ကို။
အတ္တနော၊ မိမိ၏။
(ဆွေမျိုးသားချင်းဟူသော မိမိ၏။)
ဣဏာယိကော။ ။ သူတစ်ပါးတို့ကို ဆပ်ပေးရမည့်ကြွေးကို "ဣဏ" ဟုခေါ်၏၊ "ဓာရေတိ" ကို ကြည့်၍ "ဣဏံ+ဓာရေတီတိ ဣဏာယိကော" ဟုပြု၊ ဓာရေတိအနက်၌အာယိကပစ္စည်းသက်၊ ဓရဓာတ်က သမ္ပဒါန်ကို ငဲ့သောကြောင့် "ပရေသံ" ဟု ဆိုသည်၊ [ "ဣဏံ ဂဏှာတီတိ ဣဏာယိကော" ဟုလည်း ပြုကြ၏၊ သို့သော် မိဘတို့ယူထားသောအခါ, မိဘတို့ အပ်နှံထားသောအခါ သူ့ကိုယ်တိုင် "ဂဏှာတိ" ၏ ကတ္တားမဖြစ်နိုင်သောကြောင့် ထို ဝစနတ္ထကို စဥ်းစားပါ။] "အာထပေတွာ" ၌ "အာ" သဒ္ဒါကြောင့်ရိုးရိုးထားခြင်းမဟုတ်, အပ်နှံထားခြင်းဟု မှတ်ပါ, ယောဇနာ၌ကား အာ အက္ခရာသည် "ပေသန အနက်ဟော" ဟု ဆို၏။
ဘာရံ၊ တာဝန်ကို။
သစေ ကရောန္တိ၊ အကယ်၍ ပြုကုန်အံ့။
(ဧဝံသတိ ဝါ၊ ဤသို့ပြုကုန်သော်လည်းကောင်း၊)
အညော၊ ဉာတိသာလောဟိတမှ အခြားသော။
ကောစိ၊ တစ်စုံတစ်ယောက်သည်။
တဿ၊ ထိုသူ၏။
အာစာရသမ္ပတ္တိံ၊ အကျင့်၏ပြည့်စုံခြင်းကို။
ဒိသွာ၊ မြင်၍။
နံ၊ ထိုသူ့ကို။
ပဗ္ဗာဇေထ၊ ကုန်။
အဟံ၊ သည်။
ဣဏံ၊ ကို။
**ဒဿာမိ**၊ ပေးလိုက်ပါအံ့။
(ဆပ်လိုက်ပါအံ့။)
ဣတိ၊ သို့။
(သစေ) ဝဒတိ၊ အကယ်၍လျှောက်အံ့။
(ဧဝံသတိ)ဝါ၊ ဤသို့လျှောက်သော်လည်းကောင်း။
ပဗ္ဗာဇေတုံ ဝဋ္ဋတိ၊ အပ်၏။
တေသု၊ ထိုသူတို့သည်။
(ဉာတိသာလောဟိတ, သို့မဟုတ် အခြားသူတို့သည်။)
အသတိ၊ မရှိကုန်လသော်။
ဘိက္ခုနာ၊ ရှင်ပြုပေးမည့် ဥပဇ္ဈရဟန်းသည်။
တထာရူပဿ၊ ထိုသို့ သဘောရှိသော။
(သဒ္ဓါတရားလည်းရှိ, ကြွေးဆပ်နိုင်လောက်အောင် ပစ္စည်းလည်းရှိသော။)
ဥပဋ္ဌာကဿပိ၊ အလုပ်အကျွေး ဒါယကာအားသော်လည်း။
အာရောစေတဗ္ဗံ၊ ပြောပြရာ၏။
(ကိံ၊ နည်း?။)
သဟေတုကော၊ မဂ်ဖိုလ်ရဖို့ရန်အကြောင်းနှင့်တကွဖြစ်သော။
သတ္တော၊ သတ္တဝါတည်း။
ဣဏပလိဗောဓေန၊ ကြွေးမြီ၏ နှောင့်ယှက်ခြင်းကြောင့်။
န ပဗ္ဗဇတိ၊ ရှင်ရဟန်း မပြုနိုင်ရှာ။
ဣတိ၊ သို့။
(အာရောစေတဗ္ဗံ၊ ၏။)
သော၊ ထိုအလုပ်အကျွေး ဒါယကာသည်။
သစေပဋိပဇ္ဇတိ၊ အကယ်၍ကျင့်အံ့။
(ကြွေးဆပ်ဖို့ရန် တာာဝန်ယူအံ့။ ဧဝံသတိ)
ပဗ္ဗာဇေနဗ္ဗော။
အတ္တနော၊ မိမိ၏(ရှင်ပြုပေးလိုသော ဆရာမှာ။)
ကပ္ပိယဘဏ္ဍံ၊ ကပ္ပိယဘဏ္ဍသည်။
သစေပိ အတ္ထိ၊ အကယ်၍မူလည်း ရှိအံ့။
(သပိတ် သင်္ကန်းစသည်ဖြစ်စေ, နဝကမ္မအတွက် ကပ္ပိယထံ အပ်နှံထားသော ငွေဖြစ်စေ ရှိအံ့။)
ဧတံ၊ ဤကပ္ပိယဘဏ္ဍကို။
ဒဿမိ၊ ကြွေးရှင်တို့အား ဆပ်ပေးအံ့။
ဣတိ၊ ဤသို့ကြံ၍။
ပဗ္ဗာဇေတဗ္ဗော။
["အရည်အချင်းရှိသော ရှင်လောင်းအတွက် ဆရာကိုယ်တိုင် ကြွေးဆပ်၍ ရှင်ပြုပေးရမည်" ဟူလို။]
ပန၊ သို့မဟုတ်။
ဉာတကာဒယော၊ ဆွေမျိုး အစရှိသူတို့သည်။
(အာဒိဖြင့်သလောဟိတ ဥပဋ္ဌာကတို့ကို ယူ။)
သစေ နေဝ ပဋိပဇ္ဇန္တိ၊ အကယ်၍ မကျင့်ကြကုန်အံ့။
(ကြွေးမဆပ်ကုန်အံ့။)
အတ္တနော၊ မိမိ၏။
ဝါ၊ မိမိမှာ။
ဓနံ၊ အပ်စပ်သောဥစ္စာသည်။
သစေ နတ္ထိ၊ အကယ်၍ မရှိအံ့။
(ဧဝံသတိ) ပဗ္ဗာဇေတွာ၊ ရှင်ဖြစ်စေပြီး၍။
(ရှင်ပြုပေးပြီးမှ၊)
ဘိက္ခာယ၊ ဆွမ်းအလို့ငှာ။
စရိတွာ၊ လှည့်လည်ပြီး၍။
(ကြွေးဆပ်ဖို့ရန် ထိုထိုအိမ်မှ အနည်းငယ်စီရအပ်သော ပစ္စည်းကို ဆွမ်းရပ်သလိုခံယူ၍ သို့မဟုတ် ဆွမ်းရပ်သလို ရပ်၍ လူတို့က မေးသောအခါ အကြောင်းကို ပြောပြ၍။)
မောစေဿမိ၊ လွတ်စေအံ့။
ဣတိ၊ ဤသို့ကြံ၍။
ပဗ္ဗာဇေတုံ န ဝဋ္ဋတိ။
သစေ ပဗ္ဗာဇေတိ၊ အံ့။
(ဧဝံသတိ) ဒုက္ကဋံ (ဟောတိ)။
[ **"န ဘိက္ခဝေ ဣဏာယိကော ပဗ္ဗာဇေတဗ္ဗော။ ယော ပဗ္ဗာဇေယျ။ အပတ္တိ ဒုက္ကဋဿ"** ဟူသော သိက္ခာပုဒ်တော်အရ ဒုက္ကဋ်အာပတ်သင့်သည်၊ ဟူလို။]
ပလာတောပိ၊ ထွက်ပြေးသော သာမဏေကိုလည်း။
(ရှင်ပြုပြီး၍ ထွက်ပြေးသော သာမဏေကိုလည်း။)
အာနေတွာ၊ ဆောင်၍။
ဒါတဗ္ဗော၊ ပေးထိုက်၏။
(ကြွေးရှင်တို့အား ပေးထိုက်၏။)
(အာနေတွာ၊ ၍။)
နော စေ ဒေတိ၊ အကယ်၍မပေးအံ့။
(ဧဝံသတိ) သဗ္ဗံ၊ အလုံးစုံသော။
ဣဏံ၊ ကြွေးမြီသည်။
ဂီဝါ၊ အစားထိုက်သည်။
ဟောတိ။
အဇာနိတွာ၊ ကြွေးရှိရိုးမှန်း မသိမူ၍။
ပဗ္ဗာဇယတော၊ ရှင်ဖြစ်စေသော ရဟန်း၏။
အနာပတ္တိ(ဟောတိ)။
ပန၊ ထိုသို့ပင် အာပတ်မသင့်ပါသော်လည်း။
ပဿန္တေန၊ တွေ့မြင်အပ်သော ဆရာသည်။
(ရှင်ဖြစ်ပြီးနောက် ထွက်ပြေးနေသည်ကိုပြန်၍တွေ့သော ဆရာသည်။)
အာနေတွာ၊ ၍။
ဣဏသာမိကာနံ၊ ကြွေးရှင်တို့အား။
ဒဿေတဗ္ဗော၊ ပြထိုက်၏။
အပဿန္တဿ၊ မတွေ့သော ဆရာ၏။
ဂီဝါ၊ သည်။
န ဟောတိ။
[နဂိုက ကြွေးရှိသူမှန်း မသိဘဲ ရှင်ပြုပေးသောကြောင့် ထွက်ပြေးသောအခါမတွေ့လျှင် ဘဏ္ဍစား မထိုက်ပါ၊ ဟူလို။]
ဣဏာယိကော၊ ကြွေးယူသူသည်။
အညံ၊ မိမိနေရာအရပ်မှ တစ်ပါးသော။
ဒေသံ၊ အရပ်သို့။
ဂန္တွာ၊ ၍။
ပုစ္ဆိယမာနော၊ ကြွေးရှိသလားဟု မေးအပ်ပါသော်လည်း။
ကဿစိ၊ တစ်စုံတစ်ယောက်အား။
ကိဉ္စိ၊ တစ်စုံတစ်ခုသော ဥစ္စာကို။
န ဓာရေတိ၊ ဆောင်မထားရပါ။
ဝါ၊ ဆပ်စရာ မရှိပါ။
ဣတိ၊ သို့။
ဝတွာ၊ လျှောက်၍။
သစေ ပဗ္ဗဇတိ၊ အကယ်၍ ရှင်ရဟန်းပြုအံ့။
ဣဏသာမိကော စ၊ သည်လည်း။
တံ၊ ထိုကြွေးယူသူကို။
ပရိယေသန္တော၊ ရှာမှီးစဉ်။
တတ္ထ၊ ထိုရှင်ရဟန်းပြုရာအရပ်သို့။
(သစေ)ဂစ္ဆတိ၊ အကယ်၍ ရောက်သွားအံ့။
ဒဟရော၊ ရဟန်းငယ်သည်။
တံ၊ ထိုကြွေးရှင်ကို။
ဒိသွာ၊ ၍။
(သစေ) ပလာယတိ၊ အကယ်၍ ထွက်ပြေးအံ့။
သောစ၊ ထိုကြွေးရှင်သည်လည်း။
ထေရံ၊ ဥပဇ္ဈာယ်ထေရ်ကို။
ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။
ဘန္တေ၊ အရှင်ဘုရား။
ကေန၊ အဘယ်ရဟန်းသည်။
အယံ၊ ဤသူ့ကို။
ပဗ္ဗာဇိတော၊ ရှင်ဖြစ်စေအပ်ပါသနည်း?။
ဝါ၊ ရှင်ပြုပေးအပ်ပါသနည်း?။
မမ၊ ၏။
ဧတ္တကံ နာမ၊ ဤမျှအတိုင်းအရှည်ရှိသည်မည်သော။
ဓနံ၊ ကို။
ဂဟေတွာ၊ ၍။
ပလာတော၊ ထွက်ပြေးသူပါတည်း။
ဣတိ၊ သို့။
(သစေ)ဝဒတိ၊ အယ်၍ လျှောက်အံ့။
(ဧဝံသတိ) ထေရေန၊ ဥပဇ္ဈာယ်ထေရ်သည်။
ဝတ္တဗ္ဗံ၊ ပြောဆိုရာ၏။
(ကိံ) ဥပါသက၊ ဥပါသကာ။
မယာ၊ သည်။
အဏဏော အဟန္တိ၊ တပည့်တော်မှာ ကြွေးမရှိပါဟူ၍။
ဝဒန္တော၊ လျှောက်သည်။
(ဟုတွာ) ပဗ္ဗာဇိတော၊ ရှင်အဖြစ်သို့ ရောက်စေအပ်ပြီ။
ဒါနိ၊ ယခုအခါ၌။
ကိံ၊ အဘယ်ကို။
ကရောမိ၊ ပြုရတော့အံ့နည်း?။
(တစ်နည်း, ကိံ ကရောမိ၊ ဘာတတ်နိုင်တော့အံ့နည်း?။)
မေ၊ ၏။
ပတ္တစီဝရမတ္တံ၊ သပိတ်, သင်္ကန်းမျှကို။
ပဿ၊ ကြည့်ပါလော။
ဣတိ၊ သို့။
(ဝတ္တဗ္ဗံ၊ ၏။)
အယံ၊ ဤသို့ ပြောခြင်းသည်။
တတ္ထ၊ ထို ကြွေးရှိသူကို ရှင်ပြုပေးမိရာ၌။
သာမိစီ၊ လောကုတ္တရာအားလျော်သောကျင့်ဝတ်တည်း။
ပန၊ ဆက်။
ပလာတေ၊ ထွက်ပြေးလသော်။
ဂီဝါ၊ သည်။
န ဟောတိ။
ပန၊ ဆက်။
နံ၊ ထိုကြွေးရှိသူကို။
သမ္မုခါဝ၊ မျက်မှောက်၌ပင်။
ဒိသွာ၊ တွေ့မြင်၍။
(ကြွေးရှင်က တွေ့မြင်၍၊)
အယံ၊ ဤသာမဏေသည်။
ဝါ၊ ဤရဟန်းသည်။
မမ၊ ၏။
ဣဏာယိကော၊ ကြွေးရှိသူပါတည်း။
ဣတိ၊ သို့။
သစေ ဝဒတိ၊ အံ့။
(ဧဝံသတိ) တဝ၊ သင်၏။
ဣဏာယိကံ၊ ကြွေးရှိသူကို။
တွမေဝ၊ သင်ကိုယ်တိုင်သာ။
ဇာနာဟိ၊ သိလော။
ဣတိ၊ သို့။
ဝတ္တဗ္ဗော၊ ၏။
ဧဝမ္ပိ၊ ဤသို့ ပြောဆိုပြန်ပါသော်လည်း။
ဂီဝါ၊ သည်။
န ဟောတိ။
သော၊ ထိုကြွေးရှင်သည်။
( "ဝဒတိ" ၌စပ်။)
အယံ၊ ဤသူသည်။
ပဗ္ဗဇိတော၊ ရှင်ရဟန်းအဖြစ်သို့ ရောက်ပြီးပါပြီ.
ဣဒါနိ၊ ယခုအခါ၌။
ကုဟိံ၊ အဘယ်အရပ်သို့။
ဂမိဿတိ၊ သွားနိုင်ပါတော့လတ္တံ့နည်း။
ဣတိ၊ သို့။
သစေပိ ဝဒတိ၊ အံ့။
(ဧဝံသတိ) ထေရေန၊ ဥပဇ္ဈာယ်ထေရ်သည်။
တွံ၊ ယေဝ= သာ။
ဇာနာဟိ၊ လော။
ဣတိ၊ သို့။
ဝတ္တဗ္ဗော။
ဧဝမ္ပိ၊ ဤသို့ ပြောဆိုပြန်ပါသော်လည်း။
အဿ၊ ထိုဥပဇ္ဈာယ်ထေရ်၏။
ပလာတေ၊ တပည့်၏ ထွက်ပြေးခြင်းကြောင့်။
ဂီဝါ၊ သည်။
န ဟောတိ။
ပန၊ ဆက်။
ထေရော၊ ဥပဇ္ဈာယ်ထေရ်သည်။
( "ဝဒတိ" ၌ စပ်။)
ဒါနိ၊ ယခုအခါ၌။
အယံ၊ ဤသာမဏေသည်။
ဝါ၊ ဤရဟန်းသည်။
ကုဟိံ၊ အဘယ်အရပ်သို့။
ဂမိဿတိ၊ သွားလတ္တံ့နည်း။
ဣဓေဝ၊ ဤအရပ်၌သာ။
အစ္ဆတု၊ နေပါစေတော့။
ဣတိ၊ သို့။
သစေ ဝဒတိ၊ အံ့။
(ဥပဇ္ဈာယ်က ပြောအံ့။)
သော၊ ထိုတပည့်သည်။
စေ ပလာယတိ၊ အံ့။
(ဧဝံသတိ) ဂီဝါ ဟောတိ။
သော၊ ထိုသာမဏေသည်။
ဝါ၊ ထိုရဟန်းသည်။
သဟေတုကသတ္တော၊ မဂ်ဖိုလ်ရဖို့ရန်အကြောင်းနှင့်တကွဖြစ်သော သတ္တဝါသည်။
ဝါ၊ ကျွတ်ထိုက်သော သတ္တဝါသည်။
ဝတ္တသမ္ပန္နော၊ ကျင့်ဝတ်နှင့်ပြည့်စုံသူသည်။
သစေ ဟောတိ၊ အံ့။
(ဧဝံသတိ) ထေရေန၊ သည်။
အယံ၊ ဤသာမဏေသည်။
ဝါ၊ ဤရဟန်းသည်။
ဤဒိသော၊ ဤကဲ့သို့ ရှုအပ်သူတည်း။
ဣတိ၊ သို့။
ဝတ္တဗ္ဗံ၊ ၏။
ဣဏသာမိကော၊ သည်။
သာဓူတိ၊ ကောင်းပါပြီဟူ၍။
စေ ဝိသဇ္ဇေတိ၊ အကယ်၍ စွန့်လွှတ်အံ့။
(ကြွေးများကိုမတောင်းသောအားဖြင့် စွန့်လွှတ်အံ့။)
ဣစ္စေတံ၊ ဤသို့ စွန့်လွှတ်ခြင်းတည်း။
ကုသလံ၊ ကောင်း၏။
ပန၊ သို့မဟုတ်။
ဥပဍ္ဎုပဍ္ဎံ၊ ထက်ဝက် ထက်ဝက်ကို။
ဝါ၊ နည်းနည်း နည်းနည်းကို။
ဒေထ၊ ပေးပါကုန်။
ဣတိ၊ ဤသို့။
သစေ ဝဒတိ၊ အံ့။
(ဧဝံသတိ) ဒါတဗ္ဗံ။
[ ဥပဍ္ဎုပဍ္ဎန္တိ ထောကံ ထောကံ။၊ ဋီကာ။]
အပရေန သမယေန၊ နောက်အခါ၌။
(ရှင် ရဟန်းပြုပေးပြီးသည်မှနောက်၌။)
အတိအာရာဓကော၊ ကျင့်ဝတ်ကို အလွန်ပြီးစေတတ်သူသည်။
(အလွန် ဝတ်ကျေသူသည်။)
ဟောတိ၊ အံ့။
သဗ္ဗံ၊ အလုံးစုံကို။
ဒေထ၊ ကုန်။
(နည်းနည်းမက အကုန်လုံးပေးပါကုန်၊)
ဣတိ၊ သို့။
ဝုတ္တေပိ၊ လျှောက်အပ်သော်လည်း။
ဒါတဗ္ဗမေဝ၊ ပေးထိုက်သည်သာ။
[ဥပဇ္ဈာယ်က **"မပေးတော့"** ဟု ဓုရနိက္ခေပပြုလျှင် ဘဏ္ဍာ၏ တန်ဖိုးလိုက်၍ ဆုံးဖြတ်ရမည်ဖြစ်သောကြောင့် **"ဒါတဗ္ဗမေဝ"** ဟု ဧဝဖြင့် ဆိုသည်။၊ ဝိမတိ။]
ပန၊ ဆက်။
ဥဒ္ဒေသပရိပုစ္ဆာဒီသု၊ ပါဠိကို ရွတ်ပြခြင်း, အနက်ကို အဖန်ဖန်မေးမြန်းခြင်းအစရှိသည်တို့၌။
ကုသလော၊ ကျွမ်းကျင်သည်။
ဗဟူပကာရော၊ များသောကျေးဇူးရှိသည်။
သစေ ဟောတိ။
(ဧဝံသတိ) ဘိက္ခူနံ၊ ရဟန်းအားလုံးတို့၏။
ဘိက္ခာစာရဝတ္တေန၊ ဆွမ်းခံလှည့်လည်ခြင်းဟူသော ကျင့်ဝတ်ဖြင့်။
ပရိယေသိတွာပိ၊ ရှာမှီးပြီး၍လည်း။
ဣဏံ၊ ကို။
ဒါတဗ္ဗမေဝ၊ သည်သာ။
ဣတိ၊ အပြီးတည်း။
[သာမဏေကသို့မဟုတ် ရဟန်းကလေးက စာတော်လှ၍ သံဃာအား ကျေးဇူးများလျှင် ရဟန်းအားလုံးကပင် ကြွေးဆပ်ဖို့ရန် ဝိနည်းတော်အတိုင်းရှာ၍ ကြွေးဆပ်ရမည်၊ ဟူလို။]
**ဣဏာယိကဝတ္ထုကထာ၊ သည်။**
**နိဋ္ဌိတာ၊ ပြီ။**