Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Mahāvagga-aṭṭhakathā
(SP) Mahāvagga-aṭṭhakathā

Adhammikakatikādikathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**ဧဝရူပါ ကတိကာ**တိ ဧတ္ထ၊ ၌။ (ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော)။ အညာပိ၊ ဤကတိကမှ အခြားလည်းဖြစ်သော။ ဤဒိသီ၊ ဤကဲ့သို့ ရှုအပ်သော။ အဓမ္မိကာ၊ တရားနှင့် မယှဉ်သော။ ယာ ကတိကာ၊ အကြင် ကတိကဝတ်သည်။ ဟောတိ၊ ရှိ၏။ သာ၊ ထို ကတိကဝတ်ကို။ န ကာတဗ္ဗာ၊ မပြုထိုက်။ ဣတိ အတ္ထော၊
တဿာ၊ ထိုအဓမ္မိကကတိကာ၏။ လက္ခဏံ၊ လက္ခဏာကို။ မဟာဝိဘင်္ဂေ၊ ဘိက္ခုမဟာဝိဘင်း၌။ ဝုတ္တံ၊ ပြီ။ [စတုတ္ထပါရာဇိကအဖွင့် "ယော ဣမမှာ အာဝါသာ ပဌမံ ပက္ကမိဿတိ၊ တံ အရဟာတိ ဇာနိဿာမ" ၌ ပြအပ်သော အဓမ္မိကကတိကဝတ်တည်း၊ သေနာသသနက္ခန္ဓက၌လည်း ပြဦးလတ္တံ့။]
**ပဋိဿဝေ စ အာပတ္တိ ဒုက္ကဋဿာ**တိ ဧတ္ထ၊ ၌။ (ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော)။ ကေဝလံ၊ သက်သက်။ (ဆွမ်းခံဖို့ရန် ဝန်ခံခြင်း စသည်နှင့်မဖက် သက်သက်)။ ဣမံ တေမာသံ၊ ဤသုံးလပတ်လုံး။ ဣဓ၊ ဤကျောင်းတိုက်၌။ ဝဿံ၊ မိုးအခါ၌ နေခြင်းငှာ။ ဝါ၊ မိုးခိုခြင်းငှာ။ ဝသထ၊ နေကြပါကုန်။ (တေမာသံနှင့် အစ္စန္တသံယောဂခြင်း ထပ်မည်စိုး၍ "ဝဿံ" ကို "ငှာ" ဟု ပေးလိုက်သည်၊) ဣတိ၊ သို့။ ဧတဿေဝ၊ ဤ လျှောက်ထားအပ်သော စကားကိုသာ။ ပဋိဿဝေ၊ ဝန်ခံချက် ပျက်ခြင်းကြောင့်။ အာပတ္တိ၊ န (‌ဟောတိ)၊ ဖြစ်သည် မဟုတ်သေး။ ဣမံ တေမာသံ၊ ပတ်လုံး။ ဘိက္ခံ၊ ဆွမ်းကို။ ဂဏှထ၊ ခံယူပါကုန်။ ဣတိ၊ ဤသို့လည်းကောင်း။ ဥဘောပိ၊ နှစ်ပါးလည်းဖြစ်ကုန်သော။ မယံ၊ တို့သည်။ ဣဓ၊ ဤ ကျောင်း၌။ ဝဿံ၊ မိုးလပတ်လုံး။ ဝသိဿာမ၊ နေကြကုန်စို့။ ဣတိ၊ ဤသို့လည်းကောင်း န ကေဝလံ ၊ ပေ၊ ဒုက္ကဋဿ။ ။ ရဟန်းတစ်ပါးသည် ကျောင်းတစ်ကျောင်း၌ "ပုရိမဝါ ဆိုမည်" ဟု ဝန်ခံထား၏၊ ဝါဆိုခါနီးသော် ထို ကျောင်းသို့ ဝါဆိုဖို့ရန်လာစဉ် လမ်း၌ လာဘ်ပေါသော ကျောင်းနှစ်ကျောင်းကို တွေ့၍ ဝန်ခံထားရာ ကျောင်းသို့ မသွားဘဲ လာဘ်ပေါသော ကျောင်းနှစ်ကျောင်း၌ ဝါကပ်လေ၏၊ ထို ရဟန်းအတွက် ပဋိဿဝကြောင့် ဒုက္ကဋ်ဟု ဆိုသည်၊ ဤ ပဋိဿဝဒုက္ကဋ်ကား "ကျောင်း၌ နေမည်" ဟု ဝန်ခံချက် ပျက်မှုသာမက ဆွမ်းစား ပင့်ရာ၌ "လာမည်" ဟု ဝန်ခံပြီး၍ မသွားသူမှာလည်း ပဋိဿဝဒုက္ကဋ် သင့်သည်သာ။ [ပဋိဿဝဝိသံဝါဒေ, သုဒ္ဓစိတ္တဿ ဒုက္ကဋံ၊ -ခုဒ္ဒသိက္ခာ။] ဧကတော၊ တစ်ပေါင်းတည်း။ ဥဒ္ဒိသာပေဿာမ၊ ပါဠိကို ရွတ်စေကြကုန်စို့။ (ပါဠိကို သင်ယူကြကုန်စို့)။ ဣတိ၊ ဤသို့လည်းကောင်း။ ဧဝမာဒိနာပိ၊ ဤသို့ အစရှိသော စကားဖြင့်လည်း။ တဿ တဿ၊ ထိုထို လျှောက်ထားမှု, တိုင်ပင်မှုကို။ ပဋိဿဝ၊ ကြောင့်။ ဒုက္ကဋံ၊ သည်။ (ဟောတိ)။
တဉ္စ၊ ထို ဒုက္ကဋ်အာပတ်သည်လည်း။ ပဌမံ၊ ရှေးဦးစွာ။ (အစစွာ လျှောက်ထားတုန်းက, သို့မဟုတ် တိုင်ပင်တုန်းက)။ သုဒ္ဓစိတ္တဿ၊ သန့်ရှင့်သော စိတ်ရှိသော ရဟန်း၏။ ပစ္ဆာ၊ နောက်၌။ (ဝါ၊ မှ)။ ဝိသံဝါဒနပစ္စယာ၊ ချွတ်ယွင်းစေခြင်းဟူသော အကြောင်းကြောင့်။ (ဟောတိ)။ ပဌမမ္ပိ၊ စွာလည်း။ အသုဒ္ဓစိတ္တဿ၊ မသန့်ရှင်းသော စိတ်ရှိသော ရဟန်း၏။ (ဝန်ခံသည့်အတိုင်း မလုပ်ဘူးဟု မစင်ကြယ်သော စိတ်ရှိသော ရဟန်း၏)။ ပဋိဿဝေ၊ ကြောင့်။ ပါစိတ္တိယံ၊ သည်။ (ဟောတိ)။ [သမ္ပဇာနမုသာဝါဒပါစိတ်အာပတ် သင့်သည်၊] ဝိသံဝါဒနေ၊ ကြောင့်။ ဒုက္ကဋံ၊ သည်။ (ဟောတိ)။ ဣတိ၊ သို့။ ပါစိတ္တိယေန၊ နှင့်။ သဒ္ဓိံ၊ တကွ။ ဒုက္ကဋံ၊ သည်။ ယုဇ္ဇတိ၊ သင့်၏။
**သော တဒဟေဝ အကရဏီယော**တိအာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။ ဝဿံ၊ သို့။ အနုပဂန္တွာ၊ မကပ်မူ၍။ သစေ ပက္ကမတိ၊ အကယ်၍ ဖဲသွားအံ့။ (ဧဝံ သတိ) ဝါ၊ သော်လည်းကောင်း။ (ဝဿံ၊ သို့။) ဥပဂန္တွာ၊ ကပ်ပြီး၍။ ဝါ၊ မှ။ သတ္တာဟံ၊ ခုနစ်ရက်ကို။ ဗဟိဒ္ဓါ၊ ပြင်ပ၌။ (သစေ) ဝီတိနာမေတိ၊ အကယ်၍ လွန်စေအံ့။ (ဧဝံ သတိ) ဝါ၊ သော်လည်းကောင်း။ ပုရိမိကာ စ၊ ပုရိဝါ၌ ကျောင်းခံခြငးသည်လည်း။ပဋိဿဝ။ ။ ပဋိဿဝနံ- ရှေးရှုနားထောင်ခြင်း၊ ပဋိဿဝေါ-ခြင်း၊ ဤသို့ သဒ္ဒတ္ထ ဖြစ်၏၊ "ဝန်ခံခြင်း" ဟူသော အနက်ကား အဓိပ္ပါယတ္ထတည်း၊ [သာဓူတိ ပဋိသုဏိတွာ ကဲ့သို့တည်း၊] ဝန်ခံရုံခြင်း အာပတ်မသင့်၊ ဝန်ခံချက်ကို ပျက်ကွက်စေမှ အာပတ်သင့်၏၊ ထို့ကြောင့် အကြောင်း ပဋိဿဝ၏ အမည်ကို အကျိုးပျက်ကွက်မှု၌ တင်စား၍ ကာရဏူပစာရအားဖြင့် ပျက်ကွက်မှုကိုလည်း "ပဋိဿဝ" ဟု ခေါ်ပါ။
ပုရိမိကာ စ န ပညာယတိ။ ။ ဤခန္ဓက အစနား၌ ဝဿူပနာယိက နှစ်မျိုးကို "ပုရိမာ, ပစ္ဆိမိကာ" ဟု ပြခဲ့၏၊ ထို့ကြောင့် "ပုရိမိကာ စ-ပုရိမဝါကပ်ခြင်းသည်လည်း" ဟု တိုက်ရိုက်အနက်ထွက်၏၊ သို့သော် ထို ပုရိမဝါကပ်သော ရဟန်းသည် ထို ဝါတွင်း၌ နေထိုင်ဖို့ရန် ကျောင်းကို မှတ်ယူထားရ၏၊ ဝါကျွတ်သောအခါ ထို ကျောင်း၌ ရနေကျ လာဘ်ကိုလည်းရ၏၊ ထို့ကြောင့် ပုရိမိကာဖြင့် ပုရိမဝါနှင့်ဆိုင်သော သေနာသနဂ္ဂါဟ (‌ကျောင်းယူထားခြင်း) တိုင်အောင် ကာရဏူပစာရအားဖြင့် အနက်မှတ်ပါ။ [ပုရိမိကာ စ ပညာယတီတိ ပဌမံ သောသနဂ္ဂါဟံ သန္ဓာယ ဝုတ္တံ၊ - ဝိမတိ။]
န ပညာယတိ၊ မထင်ရှား။ ပဋိဿဝေ စ၊ ဝန်ခံချက် ပျက်ခြင်းကြောင့်လည်း။ အာပတ္တိ၊ ဒုက္ကဋ်အာပတ်သည်။ (ဟောတိ)။
ပန၊ ဆက်။ ဝဿံ၊ သို့။ ဥပဂန္တွာ၊ ကပ်ပြီး၍။ ဝါ၊ မှ။ အရုဏံ၊ အရုဏ်ကို။ အနုဋ္ဌာပေတွာ၊ မတတ်စေမူ၍။ (ဝါကပ်ရာ ကျောင်း၌ အရုဏ် မတက်စေမူ၍)။ တဒဟေဝ၊ ထိုနေ့၌ပင်။ သတ္တာဟကရဏိယေန၊ ခုနစ်ရက်အတွင်းဝယ် ပြုဖွယ်ကိစ္စကြောင့်။ ပက္ကမန္တဿာပိ၊ ဖဲသွားသော ရဟန်း၏လည်း။ အန္တောသတ္တာဟေ၊ ခုနစ်ရက်အတွင်း၌။ နိဝတ္တန္တဿ၊ ပြန်နစ်လတ်သော်။ အနာပတ္တိ (ဟောတိ)။

ပန၊ ချီးမွမ်းဖွယ်ရာ သမ္ဘာဝနာကား။ ဒွီဟတီဟံ၊ နှစ်ရက် သုံးရက်ပတ်လုံး။ ဝသိတွာ၊ နေပြိး၍။ အန္တောသတ္တာဟေ၊ ၌။ နိဝတ္တန္တဿ၊ ပြန်နစ်သော ရဟန်း၏။ ဝါဒေါ၊ အနာပတ်ဟု ပြောဆိုဖွယ်သည်။ ကော ပန၊ အဘယ်မှာ ရှိတော့အံ့နည်း?။

**ဒွီဟတီတိံ ဝသိတွာ**တိ ဧတ္ထာပိ၊ ၌လည်း။ နိရပေက္ခနေဝ၊ ငဲ့ကွက်ခြင်းမရှိသည်သာလျှင်။ (ဟုတွာ)။ [ခုနစ်ရက်အတွင်း ပြန်လာမည်ဟု ကျောင်း၌ငဲ့ကွက်ခြင်း မရှိသည်သာလျှင်ဖြစ်၍။] ဥပစာရာတိက္ကမေ၊ ကျောင်းဥပစာကို လွန်ရာအခါ၌။ ဝဿစေဒေါ၊ ဝါပြတ်ခြင်းကို။‌ ဝေဒိတဗ္ဗော၊ ၏။ [အချို့စာအုပ်များ၌ ရှေ့ဝါကျနှင့် ဤ ဝါကျ ရှေ့နောက် ပြန်နေ၏၊] ဣဓ၊ ဤကျောင်း၌။ ဝသိဿာမိ၊ နေအံ့။ ဣတိ၊ သို့။ အာလယော၊ အာလယသည်။ မှတ်ချက်။ ။ ကျောင်းတိုက် နှစ်ခုရှိသော ကျောင်းနှစ်ကျောင်း၌ ဝါကပ်မည်ဟု သံဃိကကျောင်းနေရာကို မှတ်ယူထားသော (ရှေ့၌ပြခဲ့သော) ရဟန်းသည် ပဌမကျောင်း၌ ဝါကပ်နေစဉ် ဒုတိယကျောင်း၌ နေမည်ဟု ကြံ၍ ထွက်သွားသောအခါ ပဌမကျောင်းတိုက် ဥပစာကို လွန်လျှင် ပဌမသေနာသနဂ္ဂါဟ ပျက်၏၊ ထိုအချိန်၌ ဒုတိယသေနာသနဂ္ဂါဟ တည်ရှိသေး၏၊ တစ်ဖန် ဒုတိယကျောင်းမှ ပဌမကျောင်းသို့ နေမည်ဟု ထွက်လာပြန်လျှင် ဥပစာကို လွန်သောအခါ ဒုတိယသေသနာသနဂ္ဂါဟလည်း ပျက်မည်ဟု မှတ်ပါ၊ (ဝိမတိ)။ [သာရတ္ထ၌ "ဒုတိယကျောင်း၌ နေမည်ဟု စိတ််ဖြစ်ရုံမျှဖြင့် ပျက်၏" ဟု ဆိုသည်၊] ကျောင်းခံခြင်း ပျက်သည်အားလျော်စွာ ထိုကျောင်းနှင့် စပ်သော သင်္ကန်းစသော လာဘ်လည်းမရနိုင်တော့။

သစေ အတ္ထိ၊ အကယ်၍ ရှိအံ့။ [အချို့စာ၌ "သစေပိ" ဟု ပိသဒ္ဒါ ပါသည်၊] ပန၊ ထိုသို့ပင် ရှိပါသော်။ အသတိယာ၊ သတိ ကင်းသဖြင့်။ ဝဿံ၊ သို့။ န ဥပေတိ၊ မကပ်မိအံ့။ (ဧဝံ သတိ)။ ဂဟိတသေနာသနံ၊ ယူအပ်ပြီးသော ကျောင်းကို။ သုဂ္ဂဟိတံ၊ ကောင်းစွာ ယူအပ်ပြီ။ ဆိန္နဝဿော၊ ပြတ်သောဝါရှိသည်။ န ဟောတိ၊ မဖြစ်။ ပဝါရေတုံ၊ ပဝါရဏာ ပြုခြင်းငှာ။ လဘတိယေဝ၊ ရသည်သာ။
**သတ္တာဟံ အနာဂတာယ ပဝါရဏာယာ**တိ ဧတ္ထ၊ ၌။ နဝမိတော၊ ကိုးရက်မြောက်နေ့မှ။ ပဋ္ဌာယ၊ ၍။ ဂန္တုံ၊ ငှာ။ ဝဋ္ဋတိ၊ အာဂစ္ဆတု ဝါ၊ ပြန်လာလိုမူလည်း ပြန်လာစေ။ မာ အာဂစ္ဆတု၊ ပြန်မလာလိုမူလည်း ပြန်မလာပစေ။ အနာပတ္တိ (ဟောတိ)။
သေသံ၊ ကြွင်းသော ပုဒ်အပေါင်းသည်။ ဥတ္တာနမေဝ၊ ပေါ်လွင်သည်သာ။ ဣတိ၊ အပြီးတည်း။
**ဝဿူပနာယိကက္ခန္ဒကဝဏ္ဏနာ**၊ သည်။ **နိဋ္ဌိတာ**၊ ပြီ။သစေ ၊ပေ၊ လဘတိယေဝ။ ။ ကျောင်းတိုက် တစ်တိုက်ဝယ် "ဝါကပ်မည်" ဟူသော အာလယ(တွယ်တာစိတ်) ဖြင့် နေစဉ် ဝါဆိုရမည့်နေ့၌ကား ဝါဆိုဖို့ရန် သတိမရ၍ "ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ" ဟု နှုတ်မြွက်လျက် ဝါမဆိုမိသော ရဟန်းမှာ မှတ်ယူအပ်ပြီးသော ကျောင်းလည်း ကောင်းစွာ ယူပြီးဖြစ်၏၊ ဝါလည်း မကျိုး, ပဝါရဏာသည် ပြုခွင့်ရသည်၊ [သတိရလျက် ဝါမဆိုသူကား ထိုသို့ ခွင့်မရပါ၊ ထုံးစံအတိုင်း အာပတ်သင့်သည်။]
သတ္တာဟာနာဂတာယ။ ။ စာအုပ်များ၌ "သတ္တာဟံ+အနာဂတာယ+ပဝါရဏာယ" ဟု တွေ့ရ၏၊ ယောဇနာ၌လည်း "သတ္တာဟန္တိ သတ္တာဟေန အနဂတာယ" ဖွင့်၏၊ သို့သော် ဒသာဟနာဂတံ စသည်၌ ဗာဟိရတ္ထဗဟုဗ္ဗီဟိသမာသ်သာ တွေ့ရသောကြောင့် ဤ၌လည်း "သတ္တာဟံ+အနာဂတာယ+ယဿာတိ သတ္တာဟာနာဂတာ" ဟု သမာသ်သာ ရှိသင့်ပါသည်။
နဝမီ သွားခြင်း။ ။ "နဝမိတော ပဋ္ဌာယ ဂန္တုံ၊ ဝဋ္ဋတိ-ကိုးရက်မြောက်နေ့မှ စ၍သွားကောင်း၏" ဟူရာ၌ အကြောင်းကိစ္စ အထူးမရှိဘဲ သွားချင်ရုံဖြင့် သွားကောင်းသည်ဟု မမှတ်ရ၊ ပါဠိ‌တော်၌ "သကရဏီယော ပက္ကမတိ" ထုံးစံအတိုင်း မိဘ, ဆရာစသူတို့၏ ကိစ္စအတွက် ပြုဖွယ်ရှိမှု သွားကောင်းသည်ဟု မှတ်ပါ၊ ဤသို့ နဝမီဟု ခေါ်ရသော ကိုးရက်နေ့၌ သွားခြင်းကို "နဝမီသွားခြင်း" ဟု ပြောစဖွယ် ပြုကြသည်။
"အာဂစ္ဆတု ဝါ, မာ ဝါ။ ။ သီတင်းကျွတ်လဆန်း ၉ရက်နေ့မှ စ၍ (သတ္တာဟကရဏီယကိစ္စကြောင့်) ခရီးသွားသူမှာ ၁၅-ရက် (လပြည့်)နေ့ရောက်သောအခါ ကျောင်းတိုက်ပြင်ဘက်၌ ၇-ရက် ပြည့်နေလေပြီ၊ ထုံးစံအတိုင်းဆိုလျှင် ထိုနေ့၌ ဝါကပ်ရာ ကျောင်းတိုက်သို့ အရောက်ပြန်လာရတော့မည်၊ သို့သော် လပြည့်နေ့မှ ၁-ရက်နေ့ အကူး၌ အရုဏ်တက်ပြီးသောအခါ ဝါကျွတ်နေပြီဖြစ်သောကြောင့် လပြည့်တစ်ရက်ကို အထူး ခွင့်ပြုချက် အနေအားဖြင့် "အာဂစ္ဆေယျ ဝါ သော ဘိက္ခဝေ ဘိက္ခု တံ အာဝါသံ, န ဝါ အာဂစ္ဆေယျ" ဟု မိန့်တော်မူသည်။
မှတ်ချက်။ ။ ဤနောက်ဆုံး သတ္တာဟ၌သာ အထူးခွင့်ပြုချက် အနေအားဖြင့် မပြန်လာဘဲ နေခွင့်ရသော်လည်း အခြားသော ရှေ့ သတ္တာဟတို့၌ကား ဤသို့မပြန်လာဘဲ နေခွင့်မရှိဟု မှတ်ပါ။ [အာဂစ္ဆေယျ ဝါ သော ဘိက္ခဝေ ဘိက္ခု တံ အာဝါသံ န အာဂစ္ဆေယျာတိအာဒိနာ-ပစ္ဆိမသတ္တာဟေ အနာဂမနေ အနုညာတေပိ(မပြန်လာခြင်းကို ခွင့်ပြုအပ်သော်လည်း) အညသတ္တာဟေသု န ဝဋ္ဋတိ၊ -ဝိမတိ။]
ဆက်ဦးအံ့။ ။ နောက်ဆုံး သတ္တာဟ၌ အထူး ခွင့်ပြုချက် ရသကဲ့သို့ ထို့အတူဝါဆိုပြီးသောအခါ ပထမရက်၌ ညဉ့်မအိပ်ဘဲ သတ္တာဟကိစ္စရှိလျှင် သွားကောင်းသော်လည်း နောက်ရက်များ၌ကား အခြား အရပ်သို့ သတ္တာဟကိစ္စဖြင့် သွားပြီး၍ ပြန်လာသူ၏ ညဉ့်မအိပ်ဘဲ ထပ်၍ သွားခြင်းငှာ မအပ်ဟု မှတ်ပါ၊- ဝိမတိ။