**နိဿယ ကရဏီယော** တိ၊ ကား။
ကရဏီယနိဿယော၊ ပြုထိုက်သောနိဿယည်း ယူခြင်းရှိ၏။
မယာ၊ သည်။
နိဿယော၊ နိဿယည်း ယူမှုကို။
ကရဏီယော၊ ပြုထိုက်၏။
(နိဿယော၊ ကို။)
ဂဟေတဗ္ဗော၊ ယူတိုက်၏။
ဣတိ အတ္ထော။
**နိဿယံ အလဘမာနေနာ** တိ၊ ကား။
အတ္တနာ၊ မိမိနှင့်။
သဒ္ဓိံ၊ တကွ။
အဒ္ဓါနမဂ္ဂပ္ပဋိပန္နေသု၊ အဓွန့်ရှည်သောခရီးကို သွားသူတို့တွင်။
နိဿယဒါယကေ၊ နိဿယည်းပေးနိုင်သော ပုဂ္ဂိုလ်သည်။
အသတိ၊ မရှိလသော်။
(မပါလသော်။)
နိဿယံ၊ ကို။
န လဘတိ နာမ၊ မရသည် မည်၏။
ဧဝံ၊ ဤသို့။
အလဘန္တေန၊ မရလသော်။
ဝါ၊ မရသောရဟန်းသည်။
အနိဿိတေန၊ နိဿယည်းဆရာကို မမှီဘဲ။
ဗဟူနိပိ၊ များစွာလည်းဖြစ်ကုန်သော။
ဒိဝသာနိ၊ နေ့တို့ပတ်လုံး။
ဂန္တဗ္ဗံ၊ ခရီးသွားနိုင်၏။
ပုဗ္ဗေပိ၊ ရှေး၌လည်း။
နိဿယံ၊ ကို။
ဂဟေတွာ၊ ၍။
ဝုတ္ထပုဗ္ဗံ၊ နေအပ်ဖူးရာဖြစ်သော။
ကဉ္စိ၊ တစ်ခုတစ်ခုသော။
အာဝါသံ၊ ကျောင်းတိုက်သို့။
သစေ ပဝိသတိ၊ အကယ်၍ဝင်အံ့။
(ဧဝံသတိ)
ဧကရတ္တံ၊ တစ်ညဉ့်မျှ။
ဝသန္တေနာပိ၊ နေသော အာဂန္တုကရဟန်းသည်လည်း။
နိဿယော၊ ကို။
ဂဟေတဗ္ဗော၊ ၏။
အန္တရာမဂ္ဂေ၊ လမ်းခရီးအကြား၌။
ဝိဿမန္တော ဝါ၊ အပန်းဖြေလျက်သော်လည်းကောင်း။
သတ္ထံ၊ ကုန်သည်အပေါင်းကို။
ပရိယေသန္တော ဝါ၊ ရှာမှီးလျက်သော်လည်းကောင်း။
ကတိပါဟံ၊ အနည်းငယ်သောရက်မျှ။
ဝသတိ၊ အံ့။
အနာပတ္တိ၊ သည်။
(ဟောတိ)။
ပန၊ ဆက်။
အန္တောဝဿေ၊ ဝါတွင်း၌။
နိဗဒ္ဓဝါသံ၊ အမြဲနေရာအရပ်၌။
ဝသိတဗ္ဗံ၊ နေရာ၏။
နိဿယော စ၊ ကိုလည်း။
ဂဟေတဗ္ဗော၊ ယူထိုက်၏။
ပန၊ ဆက်။
နာဝါယ၊ လှေဖြင့်။
ဂစ္ဆန္တဿ၊ သွားသောရဟန်း၏။
ဝဿာန၊ မိုးလေသည်။
အာဂတေပိ၊ ရောက်ပါသော်လည်း။
နိဿယံ၊ ကို။
အလဘန္တဿ၊ မရလသော်။
အနာပတ္တိ (ဟောတိ)။နိဿယကရဏီယော။ ။ "ကရဏီယနိဿယော" ဟု ရှေ့နောက်ပြန်၍ ဖွင့်သော ကြောင့် ဝိသေသနနောက်ကျသော ပုဒ်ဟု သိစေ၏၊ ကရဏီယောကိုလည်း "ဂဟေတဗ္ဗော" ဟု ဖွင့်သောကြောင့် နိဿယဖြင့် နိဿယဂဟဏတိုင်အောင် ယူ၊ ဂဟဏဟူသောနောက်ပုဒ် ကျေ၊ "ပြုထိုက်သော နိဿယည်း ယူရခြင်းရှိ၏" ဟု သဒ္ဒတ္ထ၊ "နိဿယည်းယူတိုက်၏" ဟု အဓိပ္ပာယတ္ထဖြစ်၏၊ [နိဿယဂ္ဂဏံ နိဿယော၊- ဋီကာ။]
ဝသတိ အနာပတ္တိ။ ။ ဂမနေ သဥဿာဟတာယ တထာ ဝသန္တောပိ အဒ္ဓိကောဝ- ဆက်၍သွားဖို့ရန် အားထုတ်ခြင်းရှိသောကြောင့် ထိုသို့ သွားနေ, သတ္ထကို စောင့်နေသော်လည်း ခရီးသွားနေသူဖြစ်၏၊ ဤစကားဖြင့် (ပင်ပန်းခြင်းစသည် မရှိပါမူ) အာပတ်ဟု ပြ၏၊ သင်္ကန်းဆိုးဖို့ရန် စသည်ကိစ္စဖြင့် ဆရာက စေခိုင်း၍ သွားရလျှင်လည်း "ကိစ္စပြီးလျှင် ပြန်ခဲ့ရမည်, ဆက်၍ မနေရ" ဟု ပြ၏၊ ဆရာတို့ကလည်း "နိဿယည်းဆရာ မရှိသော အရပ်သို့ အကြာကြီး နေဖို့ရန် မစေခိုင်းကောင်း" ဟု ဝိမတိဋီကာ ဆိုသည်။

**ယာစိယမာနေနာ** တိ၊ ကား။
တေန ဂိလာနေန၊ ထိုဂိလာနသည်။
(ပါဠိတော်၌ခရီးသွားဖော် ရဟန်းနှစ်ပါးတို့တွင် တစ်ပါးက ဂိလာနဖြစ်နေသောကြောင့် ထိုပါဠိတော်၌ လာသော ဂိလာနကို ညွှန်၍ "တေန" ဟု ဆိုသည်။)
ယာစိယမာနေန၊ နေဖို့ရန် တောင်းပန်အပ်သော်။
အနိဿိတေန၊ နိဿယည်းဆရာကို မမှီဘဲ။
ဝသိတဗ္ဗံ၊ နေနိုင်၏။
မံ၊ တပည့်တော်ကို။
ယာစာဟိ၊ နေဖို့ရန် တောင်းပန်ပါလော။
ဣတိ၊ သို့။
ဝုစ္စမာနောပိ၊ ပြောဆိုအပ်ပါသော်လည်း။
(ဂိလာနုပဋ္ဌာကက နိဿယည်းမယူဘဲ နေကောင်းအောင် မိမိကို ဆိုင်းငံ့ဖို့ရန် တောင်းပန်ခိုင်းပါသော်လည်း။)
ဂိလာနော၊ သည်။
မာနေန၊ မာနကြောင့်။
သစေ န ယာစတိ၊ အကယ်၍ နေဖို့ရန်မတောင်းပန်အံ့။
(ဧဝံသတိ)
ဂန္တဗ္ဗံ၊ သွားရာ၏။
[နိဿယည်းဆရာ မရှိဘဲမနေကောင်းသောကြောင့် သွားရမည်။]
**ဖာသု ဟောတီ** တိ၊ ကား။
သမထဝိပဿနာနံ၊ သမထ, ဝိပဿနာတို့ကို။
ပဋိလာဘဝသေန၊ ရခြင်း၏အစွမ်းဖြင့်။
ဖာသု၊ ချမ်းသာသည်။
ဟောတိ။
[သမထဝိပဿနာနံ ပဋိလာဘဝသေနဟူသော ဝိသေသနဖြင့် ဆွမ်းကွမ်းချမ်းသာမှုစသည်ကိုပယ်သည်။]
ဟိ၊ မှန်။
ဣမံ ပရိဟာရံ၊ ဤအာပတ် မသင့်အောင် စောင့်ရှောက်ခြင်းကို။
သောတာပန္နော၊ သောတာပန်ဖြစ်ပြီး ပုဂ္ဂိုလ်သည်။
နေဝ (လဘတိ)၊ မရ။
သကဒါဂါမီ အနာဂါမီ အရဟန္တော၊ သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်ပြီးပုဂ္ဂိုလ်တို့သည်။
နေဝ လဘန္တိ၊ မရကုန်။
ထာမဂတဿ၊ အားအစွမ်းသို့ရောက်သော။
(အားရှိနေသော။)
သမာဓိနော ဝါ၊ သမာဓိကိုသော်လည်းကောင်း။
ဝိပဿနာယ ဝါ၊ ဝိပဿနာကိုသော်လည်းကောင်း။
လာဘီ၊ ရခြင်းရှိသူသည်။
န (လဘတိ)။
ဝိသဋ္ဌကမ္မဋ္ဌာနေ၊ စွန့်လွှတ်အပ်သောကမ္မဋ္ဌာန်းရှိသော။
ဗာလပုထုဇ္ဇနေ ပန၊ ညံ့ဖျင်းသောပုထုဇဥ်ရဟန်း၌ကား။
ကထာဝ၊ ပရိဟာရ မရဟု ဆိုဖွင့်သည်ပင်။
နတ္ထိ၊ မရှိ။
ပန၊ အနွယကား။
ယဿ၊ အကြင်ယောဂီပုဂ္ဂိုလ၏။
သမထော ဝါ၊ သည်သော်လည်းကောင်း။
ဝိပဿနာ ဝါ၊ သော်လည်းကောင်း။
တရုနာ၊ နုနေသည်။
ဟောတိ၊ အံ့။
အယံ၊ ဤတရုဏသမထ, တရုဏဝိပဿက ယောဂီပုဂ္ဂိုလ်သည်။
ဣမံ ပရိဟာရံ၊ ကို။
လဘတိ၊ ရ၏။
(နိဿယည်းမယူသော်လည်း အာပတ်မသင့်ကြောင်းဖြစ်သော ဤအစောင့်အရှောက်ကိုရ၏။)
ပဝါရဏသင်္ဂဟောပိ၊ ပဝါရဏာဖြင့်ချီးမြှောက်ခြင်းကိုလည်း။
ဧတဿေဝ၊ ဤပုဂ္ဂိုလ်အားသာ။
(တရုဏသမထ,တရုဏဝိပဿကပုဂ္ဂိုလ်အားသာ။)
အနုညာတော၊ ခွင့်ပြုတော်မူအပ်ပြီ။
တသ္မာ၊ ကြောင့်။
ဣမိနာ ပုဂ္ဂလေန၊ သည်။
အာစရိယေ၊ နိဿယည်းဆရာသည်။
ပဝါရေတွာ၊ ပဝါရဏာပြုပြီး၍။
ဂတေပိ၊ အရပ်တစ်ပါးသို့ သွားပါသော်လည်း။
ယဒါ၊ အကြင်အခါ၌။
ပတိရူပေါ၊ လျောက်ပတ်သော။
နိဿယဒါယကော၊ နိဿယည်းပေးမည့်ဆရာသည်။
အာဂစ္ဆိဿတိ၊ လာလတ္တံ့။
တဿ၊ ထိုရဟန်းကို။
နိဿာယ၊ မှီ၍။
ဝသိဿာမိ၊ နေအံ့။
ဣတိ၊ သို့။
အာဘောဂံ၊ နှလုံးသွင်းမှုကို။
ကတွာ၊ ၍။
ပုန၊ တစ်ဖန်။
ယာဝ၊ လောက်။
အာသာဠီပုဏ္ဏမာ၊ ဝါဆိုလပြည့်နေ့သည်။
အတ္ထိ၊ ရှိ၏။
တာဝ၊ ထိုဝါဆိုလပြည့်နေ့တိုင်အောင်။
အနိဿိတေန၊ မမှီဘဲ။
ဝတ္ထုံ၊ နေခြင်းငှာ။
ဝဋ္ဋတိ၊ အပ်၏။
ပန၊ ဆက်။
အာသဠီမာသေ၊ ထိုဝါဆိုလ၌။
အာစရိယော၊ နိဿယည်းဆရာသည်။
သစေ နာဂစ္ဆတိ၊ အကယ်၍ မလာအံ့။
(ဧဝံသတိ)
ယတ္ထ၊ အကြင်ကျောင်း၌။
နိဿယော၊ ကို။
လဗ္ဘတိ၊ အပ်၏။
ဝါ၊ ရနိုင်၏။
တတ္ထ၊ ထိုနိဿယည်းရနိုင်ရာကျောင်းသို့။
ဂန္တဗ္ဗံ၊ ရွှေ့ပြောင်းသွားရာ၏။
**ဂေါတ္တေနပိ အနုဿာဝေ** တုန္တိ၊ ကား။
မဟာကဿပဿ ဥပသမ္ပဒါပေက္ခေါတိ၊ ဟူ၍။
( အရှင်မဟာကဿပ ၏ ပဉ္စင်းလောင်းပါတည်းဟူ၍။)
ဧဝံ၊ ဤသို့။
ဂေါတ္တံ၊ အနွယ်ကို။
ဝတွာ၊ ရွတ်ဆို၍။
အနုဿာဝေတုံ၊ အဖန်ဖန် ကြားသိစေခြင်းငှာ။
အနုဇာနာမိ၊ ၏။
ဣတိ အတ္ထော။သစေ၊ပေ၊ဂန္တဗ္ဗံ။ ။ ဝါဆိုလပြည့်နေ့တိုင်အောင် နိဿယည်းပေးနိုင်သော ဆရာမလာလျှင် နိဿယည်ဆရာရှိသော အရပ်သို့ သွား၍ ဝါကပ်ရမည်၊ လာလိမ့်မည်ဟုမျှော်စဉ် မလာဘဲ ဝါဆိုနေ့ရောက်မူ ပုရိမဝါ မကပ်ဘဲ နိဿယည်းဆရာရှိရာသို့ သွား၍ပစ္ဆိမဝါ ကပ်ရမည်ဟု ဋီကာဖွင့်၏၊ နိဿယည်း ယူမှုသည် ဝါကပ်ခြင်းထက်ပင်အရေးကြီးနေပြန်သည်။
ဂေါတ္တေနာပိ အနုဿာဝေတုံ။ ။ [ကမ္မဝါစာကို သုံးကြိမ်မျှ ရွတ်ဆိုခြင်းသည်အနု- အထပ်ထပ်+ သာဝန- ကြားသိစေခြင်းမည်၏၊] အရှင်မဟာကဿပ ၏ လူတုန်းကနာမည်သည် "ပိပ္ပလိ" မည်၏၊ အနွယ်အားဖြင့် ကဿပအနွယ်တည်း၊ အရှင်အာနန္ဒာ သည် ကမ္မဝါစာကို ရွတ်ဆိုရာ၌ "ပိပ္ပလိ" နာမည်ကို အသုံးပြု၍ "အာယ္မတောပိပ္ပလိဿ ဥပသမ္ပဒါပေက္ခေါ" စသည်ဖြင့် မရွတ်ဆိုဝံ့၊ ထို့ကြောင့် အနွယ်နာမည်ဖြင့် ( "အာယသ္မတော မဟာကဿပဿ ဥပသမ္ပဒါပေက္ခော" စသည်ဖြင့်) ရွတ်ဆိုဖို့ရန်ခွင့်ပြုတော်မူရသည်။
မှတ်ချက်။ ။ အနွယ်နာမည်သည် ထိုအနွယ်ရှိသူအားလုံးနှင့် ဆိုင်သောကြောင့် တစ်ဦးတည်းနှင့်ဆိုင်သော နာမည်ကို ခေါ်ဝေါ်ပြောဆိုခြင်းလောက် မရင့်သီးချေ၊ ထိုကြောင့် အနွယ်နာမည်ကိုကား အရှင်အာနန္ဒာ သည် ခေါ်ဝေါ်ပြောဆိုဝံ့ပေသည်၊ ဤစကားကို ထောက်၍ မိမိ၏ ဆရာသမားစသော အလေးပြုလောက်သော ပုဂ္ဂိုလ်များ၏နာမည်ရင်းကို ခေါ်ဝေါ်သုံးစွဲဖို့ရန် ရှောင်နိုင်သမျှ ရှောင်ကြရသည်။
ပိအတွက် အနက်။ ။ "ဂေါတ္တေနာပိ" ၌ပိသည် မူလထင်ရှားပြီးသော နာမည်ကိုပေါင်းသော သမ္ပိဏ္ဍနအနက်ဟောသာမက ရဟန်းခံကိစ္စပြုနေရာ ထိုခဏ၌ ကမ္မဝါစာဝယ်ရွတ်ဆို၍ လွယ်ကူဖို့ရန် မှည့်အပ်သော "အာယသ္မာ တိဿော" စသော နာမည်ကိုလည်းဆည်းကပ်အပ်သော အဝုတ္တသမုစ္စည်းအနက်ဟောဟု ယူ၍ "အရှင်တိဿ" စသောနာမည်သစ်ကို မှည့်လေ့ရှိကြသည်၊ ထိုသို့ နာမည်သစ်မှည့်ရာ၌ ရဟန်းလောင်းအတွက်လည်း ရွတ်ဆို၍ လွယ်ကူဖို့ရာ နာမည်သစ်ကို မှည့်ကြသည်။

**ဒွေ ဧကာနုဿာဝနေ** တိ၊ ကား။
ဒွေ၊ နှစ်ပါးသော ရဟန်းလောင်းတို့ကို။
ဧကတော အနုဿာဝနေ၊ တစ်ပြိုင်နက် ကမ္မဝါစာရှိသူတို့ကို။
(ကာတုံ အနုဇာနာမိ၌စပ်၊)
ဧကေန၊ တစ်ပါးသော ကမ္မဝါစာဆရာသည်။
ဧကဿ၊ တစ်ပါးသောရဟန်းလောင်းအတွက်လည်းကောင်း။
အညေန၊ အခြားသော ကမ္မဝါစာဆရာသည်။
ဣတရဿ၊ အခြားသော ရဟန်းလောင်းအတွက်လည်းကောင်း။
ဣတိ ဧဝံ၊ သို့။
ဒွီဟိ၊ နှစ်ပါးကုန်သော။
အာစရိယေဟိ ဝါ၊ ကမ္မဝါစာဆရာတို့သည်သော်လည်းကောင်း။
ဧကေန ဝါ၊ တစ်ပါးသောကမ္မဝါစာဆရာသည်လည်းကောင်း။
ဧကက္ခဏေ၊ တစ်ပြိုင်နက်သောခဏ၌။
ကမ္မဝါစံ၊ ကမ္မဝါစာကို။
အနုဿာဝေန္တေ ဟိ၊ အဖန်ဖန်ကြားသိစေကုန်လျက်။
ဥပသမ္ပာဒေတုံ၊ ငှာ။
အနုဇာနာမိ။
ဣတိ အတ္ထော။
**ဒွတ္တယော၊ပေ၊ဥပဇ္ဈာယေနာ** တိ၊ ကား။
ဒွေ ဝါ၊ နစ်ပါးသော်လည်းဖြစ်ကုန်သော။
တယော ဝါ၊ သုံးပါးသော်လည်းဖြစ်ကုန်သော။
ဇနေ၊ ရဟန်းလောင်းတို့ကို။
ပုရိမနေယေနေဝ၊ ရှေးနည်းဖြင့်သာလျှင်။
ဧကတော အနုဿာဝနေ၊ တစ်ပြိုင်နက်ကမ္မဝါစာရှိသူတို့ကို။
ကာတုံ၊ ငှာ။
အနုဇာနာမိ။
တဉ္စ အနုဿာဝနကိရိယံ၊ ထိုအဖန်ဖန် ကြားသိစေခြင်းကိရိယာကိုလည်း။
ဝါ၊ ထိုကမ္မဝါစာရွတ်ဆိုခြင်းကိရိယာကိုလည်း။
ဧကေန၊ တစ်ပါးသော။
ဥပဇ္ဈာယေန၊ ဥပဇ္ဈာယ်အားဖြင့်။
အနုဇာနာမိ၊ ၏။
ဣတိ အတ္ထော။
တသ္မာ၊ ကြောင့်။
(ရဟန်းလောင်း နှစ်ပါး သုံးပါးတို့ကို ဧကတော အနုဿာဝန ပြုဖို့ရန် ခွင့်ပြုတော်မူခြင်းကြောင့်။)ဧကတော နုဿာဝနေ။ ။ ရှေ့က "ဒွေ" ပုဒ်နှင့် အရတူရမည် ဖြစ်သောကြောင့် ဧကတော အနုဿာဝနေကို ဗဟုဗ္ဗီဟိသမာသ် တစ်ပုဒ်တည်းဟု ယူပါ၊ ဧကတော၌တောပစ္စည်းလည်း မကျေသော အလုတ္တသမာသ်တည်း၊ [အနု- အဖန်ဖန်+ သာဝန- ကြားသိစေကြောင်း ကမ္မဝါစာ၊ အနုဿာဝီယတေ ဧတေနာတိ အနုဿာဝနံ၊ ဧကတောအနုဿာဝနံ ဧတေသန္တိ ဧကတော အနုဿာဝနာ၊ ဧကတော အနုဿာဝနေတိ ဧတ္ထ၊ ပေ၊ အသမာနာဓိကရဏဝိသယော ဗာဟိရတ္ထသမာသောတိ ဒဋ္ဌဗ္ဗံ၊ ပေ၊ တတ္ထ ဧကတောတိဧကက္ခဏေတိ အတ္ထော၊ ဝိဘတ္တိလောပေန စာယံ နိဒ္ဒေသော၊- ဋီကာ၊ တောပစ္စည်းမကျေခြင်းကို "ဝိဘတ္တိအလောပ" ဟု ဆိုသည်၊ ဝိမတိ၌ ဧကတောကို "ဧကတောသဟေဝ ဏကသ္မိံ ခဏေ" ဟု ဖွင့်၏။]
ဒွေ ဝါ၊ပေ၊ ပုရိမနယေနေဝ။ ။ ထေရ်များစွာတို့၌ ရဟန်းလောင်းတွေများစွာရှိသောကြောင့် ရဟန်းလောင်း သုံးပါးအထိ ဧကာနုဿာဝနပြုဖို့ရန် ထပ်မံခွင့်ပြုတော်မူရပြန်သည်၊ "ဒွေ ဝါ တယော ဝါ" ဟု ဖွင့်သောကြောင့် "ဒွေ ဝါ+ တယော ဝါဒွတ္တယော" ဟု သင်္ချာဘယဗဟုဗ္ဗီဟိ ပြု၊ ပါဠိတော်၌ "ဒွတ္တယော" ဟု ရှိစေရမည်၊ ဒွေ ဝါ တယော ဝါ သမဏေရေ" ဟု မဆိုဘဲ "ဇနေ" ဟု ဆိုသောကြောင့် "ရဟန်းလောင်းများအတွက် သာမဏေ ဖြစ်, မဖြစ်ကို စိစစ်ဖွယ် မလို" ဟု သိသာ၏၊ ပုရိမနယေနေဝဖြင့် ရှေ့၌ဆိုခဲ့ပြီးသော "ဧကေန ဧကဿ, အညေန ဣတရဿ၊ ပေ၊ အနုဿာဝေန္တေဟိ ဥပသမ္ပာဒေတုံ" ကို ညွှန်ပြသည်၊ ထိုသို့ ရဟန်းလောင်း နှစ်ပါးသုံးပါးကို တစ်ပြိုင်နက် ရဟန်းပြုပေးရာ၌ ဥပဇ္ဈာယ်ကား တူရမည်ဟု သိစေတော်မူလို၍ "ဧကေန ဥပဇ္ဈာယေန" ဟု မိန့်တော်မူသည်။ ဧကေန၊ တစ်ပါးသော။ အာစရိယေန၊ ကမ္မဝါစာဆရာသည်။ ဒွေ ဝါ၊ နှစ်ပါးသော ရဟန်းလောင်းတို့ကိုသော်လည်းကောင်း။ တယော ဝါ၊ သုံးပါးသော ရဟန်းလောင်းတို့ကိုသော်လည်းကောင်း။ အနုဿာဝေတဗ္ဗော၊ အဖန်ဖန် ကြားသိစေနိုင်ကုန်၏။

ဝါ၊ ကမ္မဝါစာရွတ်ပေးနိုင်ကုန်၏။
ဒွီဟိ၊ နှစ်ပါးကုန်သော။
အာစရိယေဟိ ဝါ၊ ကမ္မဝါစာဆရာတို့သည်သော်လည်းကောင်း။
(ရဟန်းလောင်း နှစ်ပါးရှိရာကိုဆိုသည်။)
တီဟိ၊ သုံးပါးကုန်သော။
အာစရိယေဟိ ဝါ၊ တို့သည်သော်လည်းကောင်း။
(ရဟန်းလောင်းသုံးပါးရှိရာကိုဆိုသည်၊)
ဝိသုံ ဝိသုံ၊ အသီးအသီး။
ဧကေန၊ တစ်ပါးသော ကမ္မဝါစာဆရာသည်။
ဧကဿ၊ တစ်ပါးသော ရဟန်းလောင်းအတွက်။
ဣတိ ဧဝံ၊ သို့။
ဧကပ္ပဟာရေနေဝ၊ တစ်ပြိုင်နက်တည်းဖြင့်သာလျှင်။
ဒွေ ဝါ၊ နှစ်မျိုးသော်လည်း ဖြစ်ကုန်သော။
(နှစ်ပါးအတွက် ဆိုသည်။)
တိဿော ဝါ၊ သုံးမျိုးသော်လည်း ဖြစ်ကုန်သော။
(သုံးပါးအတွက် ဆိုသည်။)
ကမ္မဝါစာ၊ တို့ကို။
ကာတဗ္ဗာ၊ န်၏။
ပန၊ ဆက်။
နာနာစရိယာ၊ အမျိုးမျိုးသော ကမ္မဝါစာဆရာတို့သည်လည်းကောင်း။
နာနုပဇ္ဈယာ၊ အမျိုးမျိုးသော ဥပဇ္ဈာယ်တို့သည်လည်းကောင်း။
သစေဟောန္တိ၊ န်အံ့။
(ထိုနာနာဖြစ်ပုံကိုပြလို၍ တိဿတ္ထေရောစသည်မိန့်။)
တိဿတ္ထေရော၊ တိဿထေရ်ဟူသော ကမ္မဝါစာဆရာသည်။
သုမနတ္ထေရဿ၊ သုမနထေရ်ဟူသောဥပဇ္ဈာယ်၏။
သဒ္ဓိဝိဟာရိကံ၊ အတူနေတပည့်ကိုလည်းကောင်း။
သုမနတ္ထေရော၊ သုမနထေရ်ဟူသော ကမ္မဝါစာဆရာသည်။
တိဿတ္ထေရဿ၊ တိဿထေရ်ဟူသောဥပဇ္ဈာယ်၏။
သဒ္ဓိဝိဟာရိကံ၊ ကိုလည်းကောင်း။
အနုဿာဝေတိ၊ အဖန်ဖန်ကြားသိစေအံ့။
(ဧဝံသတိ)
အညမညဉ္စ၊ အချင်းချင်းလည်း။
ဂဏပူရကာ၊ ဂိုဏ်းကိုပြည့်စေတတ်သူတို့သည်။
ဟောန္တိ၊ န်၏။
ဝဋ္ဋတိ၊ အပ်၏။ဧကေန၊ပေ၊ အနုဿာဝေတဗ္ဗော။ ။ဥပဇ္ဈာယ်က တစ်ပါးတည်း, ရဟန်းလောင်းကနှစ်ပါးဖြစ်လျှင် ကမ္မဝါစာဆရာတစ်ပါးတည်းက ထိုနှစ်ပါးအတွက် ဒွန်ကမ္မဝါစာရွတ်ဆိုနိုင်၏၊ ရဟန်းလောင်းက သုံးပါးဖြစ်လျှင်လည်း ထို့အတူပင် ရွတ်ဆိုနိုင်၏။
ဒွီဟိ ဝါ၊ပေ၊ ဧကဿ။ ။ ဥပဇ္ဈာယ်တစ်ပါးတည်းဝယ် ရဟန်းလောင်းနှစ်ပါးရှိရာ၌ ဒွန်မတွဲဘဲ ကမ္မဝါစာဆရာ နှစ်ပါးက ရဟန်းလောင်း တစ်ပါးစီအတွက်တစ်ပြိုင်နက် ကမ္မဝါစာ ရွတ်ဆိုနိုင်၏၊ ရဟန်းလောင်း သုံးပါးရှိရာ၌လည်း ဆရာသုံးပါးက ရဟန်းကောင်း တစ်ပါးစီအတွက် တစ်ပြိုင်နက် ကမ္မဝါစာ ရွတ်ဆိုနိုင်၏။
သစေ ပန နာနာ၊ ပေ၊ ဝဋ္ဋတိ။ ။ ရဟန်းလောင်း နှစ်ပါးသုံးပါးမှာ ဥပဇ္ဈာယ်အသီးအသီး, ကမ္မဝါစာဆရာလည်း အသီးအသီး ဖြစ်နေစေကာမူ တစ်ပြိုင်နက်ကမ္မဝါစာ ရွတ်ဆိုကောင်း၏၊ ထိုသို့ ရွတ်စေရာ၌ (၁) နံပါတ် ဥပဇ္ဈာယ်ဆရာသည် (၂) နံပါတ် ရဟန်းလောင်းအတွက် ရွတ်ဆိုခြင်း ဤသို့ (ဆရာအလဲအလှယ်) ရွတ်ဆိုကောင်း၏၊ ထိုရွတ်ဆိုသော ကမ္မဝါစာဆရာများလည်း ထိုသံဃာကို ပြည့်စေနိုင်၏၊ [ဥပမာ- ကမ္မဝါစာဆရာ နှစ်ပါးထည့်မှ ဥပသမ္ပဒကံအတွက် သံဃာပြည့်မည်ဖြစ်လျှင် ထိုဆရာနှစ်ပါးသည် ထိုသံဃာအရေအတွက်ကို ပြည့်စေနိုင်သည်- ဟူလို။]

ပန၊ သို့မဟုတ်။
နာနာဥပဇ္ဈာယာ၊ အမျိုးမျိုးသော ဥပဇ္ဈာယ်တို့သည်။
သစေ ဟောန္တိ၊ ကုန်အံ့။
ဧကော၊ တစ်ပါးသော။
အာစရိယော၊ ကမ္မဝါစာဆရာသည်။
(သစေ)
ဟောတိ။
(ဧဝံသတိ)
နတွေဝ နာနုပဇ္ဈာယေနာတိ၊ ဟူ၍။
ပဋိက္ခိတ္တတ္တာ၊ ပယ်မြစ်တော်မူအပ်ပြီးသည်၏အဖြစ်ကြောင့်။
န ဝဋ္ဋတိ။
ဟိ၊ မှန်။
ဣဒံ၊ ဤနာနုပဇ္ဈာယဖြင့် ဧကာစရိယ၏ကမ္မဝါစာ ရွတ်ဆိုခြင်းကို။
သန္ဓာယ၊ ရည်ရွယ်တော်မူ၍။
ဧသ(ဧသော) ပဋိက္ခေပေါ၊ ဤ **"နတွေဝ နာနုပဇ္ဈာယေန"** ဟု ပယ်မြစ်ခြင်းသည်။
(ဟောတိ)။သစေ ပန နာနာဥပဇ္ဈာယာ၊ပေ၊ ပဋိက္ခေပေါ။ ။ ဥပဇ္ဈာယ်က နှစ်ပါး,သုံးပါးဖြစ်၍ တစ်ပြိုင်နက် ရွတ်ဆိုမည့် ကမ္မဝါစာဆရာက တစ်ပါးတည်းသာဖြစ်လျှင် မအပ်၊ ဤသို့သော အရာကို ရည်ရွယ်တော်မူ၍ "နတွေဝ နာနုပဇ္ဈာယေန" ဟု ပယ်မြစ်တော်မူလေသည်။
ဥပဇ္ဈာယ်၏ ကမ္မဝါစာဆရာ ဖြစ်နိုင်ပုံ။ ။ သစေ ပန ဥပဇ္ဈာယော သယမေဝအတ္တနော သဒ္ဓိဝိဟာရိကံ အနုဿာဝေတိ၊ ဧတ္ထ ဝတ္တဗ္ဗမေဝ နတ္ထိ၊ ကမ္မံ သုကတမေဝဟောတိ၊ အနုပဇ္ဈာယကဿာပိ (ဥပဇ္ဈာယ်မရှိသူအတွက်သော်မှလည်း) ယေန ကေနစိအနုဿာဝိတေ ဥပသမ္ပဒါ ဟောတိ၊ ကိမင်္ဂံ ပန သဥပဇ္ဈာယဿ ဥပဇ္ဈာယေနေဝအနုဿာဝိတေတိ ဒဋ္ဌဗ္ဗံ၊- ဥပဇ္ဈာယ်ရှိသူအတွက် ဥပဇ္ဈာယ်ကိုယ်တိုင် ကမ္မဝါစာရွတ်ဆိုရာ၌ အပ်, မအပ်ကို စိစစ်ဖွယ်မလိုဟု မှတ်ပါ၊- ဝိမတိ၊ ကင်္ခါဋီကာဟောင်းဦနဝီသတိဝဿသိက္ခာပုဒ်ဝယ် အောက်ပါနှစ်ဂါထာဖြင့် "ဥပဇ္ဈာယ်ကိုယ်တိုင် ကမ္မဝါစာမရွတ်ကောင်း" ဟု ဆိုထား၏၊ ထိုစကားကို ဝိမတိဋီကာဖြင့် ပယ်ရှားပါလေ။ ဥပဇ္ဈာယော သစေ သာမံ, ကမ္မဝါစဥ္စ သာဝေတိ ။ ကမ္မံ ရုဟတိ ဣစ္စေကေ, နေတိ ဝိနယကောဝိဒေါ ။ ဒုက္ကဋံ ဝိဟိတံ ယသ္မာ, အာစရိယဿ ဂဏဿ စ ။ တသ္မာ ဘိန္နာဝ အာစရိယ- ဥပဇ္ဈာယာ ဝိသုံ ဣဓ ။
ယေန ကေနစိဆိုပုံ။ ။ ဝိမတိဋီကာ၌ "ယေန ကေနစိ- မည်သူမဆို ကမ္မဝါစာရွတ်ကောင်း၏" ဟု ဆိုထား၏၊ သို့ဖြစ်လျှင် "ပါရာဇိကကျနေသူ ရွတ်ဆိုလျှင် ကံအထမြောက်မည်လော?" ဟု မေးဖွယ်ရှိ၏၊ ပါရာဇိကကျနေသော်လည်း ဘိက္ခုအသွင်ဖြင့်ရှိနေသေးလျှင် ထိုသူက ကမ္မဝါစာရွတ်သော်လည်း ကံအထမြောက်၏၊ ရဟန်းအသွင်မရှိတော့ဘဲ လူအသွင်ဖြင့် ရွတ်လျှင်သာ "ဗျတ္တေန ဘိက္ခုနာ ပဋိဗလေန သံဃောဉာပေတဗ္ဗော" နှင့် မညီသောကြောင့် ကံပျက်သည်ဟု ဆိုကြသည်၊ [ဗျတ္တေန ဘိက္ခုနာပဋိဗလေန သံဃော ဉာပေတဗ္ဗောတိအာဒိ ဝစနတော ထေယျသံဝါသကာဒိ အာစရိယေဟိအနုဿာဝနာယ ကတာယ ဥပသမ္ပဒါ န ရုဟတိ, တေသံ အဘိက္ခုကတ္တာတိ ဝစနမ္ပိ န ဂဟေတဗ္ဗံ၊- ဝဇိရဗုဒ္ဓိ, မဟာခန္ဓက၊ တသတြိဒံ ယုတ္တံ၊ ဥပသမ္ပန္နပုဗ္ဗော ဧဝ စေကမ္မဝါစံ သာဝေတိ၊ သံဃော စ တသ္မိံ ဥပသမ္ပန္နသညီ၊ ဧဝဥ္စ ကမ္မံ ရုဟတိ န အညထာတိ နော ခန္တီတိ၊- ၎င်းဋီကာ ပထမပါရာဇိကအဖွင့်။] [မေး] ကမ္မဝါ ရွတ်မှု၌, ဘိက္ခုမှ ပြည့်စုံ, ဆိုပုံက လွန်များ၊ လူဖြစ်သူ, မှန်မှန်ရွတ်က, ကံချွတ်မည်လား ။ [ဖြေ] ကမ္မဝါ ရွတ်မှု၌, ဘိက္ခမှ ပြည့်စုံ, ဆိုပုံက လွန်များ၊ လူ့အသွင်, သာမဏသညာစင်သည့်, ထိုသူပင် မှန်မှန် ရွတ်သော်လည်း, ကံချွတ်မည်သား ။ [သတပဒိကပုစ္ဆာ။]
ဆိုလိုရင်း ။ ။ ကမ္မဝါစာ ရွတ်ဆိုမှု၌ "ဗျတ္တေန ဘိက္ခုနာ ပဋိဗလေန" ဟုဆို၏၊ ထိုစကားအရ ဘိက္ခုသော်မှည်း သာမန် ဘိက္ခုမဟုတ်ရ, အရာရာ ပြည့်စုံသောဘိက္ခုဖြစ်ရမည်ဟု ဆိုလို၏၊ ဘိက္ခုမဟုတ်သူ လူက မှန်မှန်ရွတ်နိုင်လျှင် ကံချွတ်ယွင်းမှာလားဟု မေးသည်၊ ထိုအမေး၏ အဖြေအကျယ်မှာ ပြခဲ့သော ဝဇီရဗုဒ္ဓိဋီကာပင်တည်း။
မှတ်ချက်။ ။ ယခုခေတ်၌ ဥပဇ္ဈာယ်တစ်ပါး၏ ရဟန်းလောင်းတစ်ပါးကို ကမ္မဝါစာဆရာသုံးပါး, သုံးပါးထက်အများပင် တစ်ပြိုင်နက် ရွတ်ဆိုကြ၏၊ ထိုသို့ ရွတ်ဆိုရာ၌ အပြစ်မရှိသော်လည်း ပါဠိတော် အဋ္ဌကထာ အတိုင်းကား မဟုတ်ချေ၊ တစ်ပါး၏အသံကို အခြားပုဂ္ဂိုလ်က ညီအောင်ညှိ၍ လိုက်နေရသဖြင့် ဌာန်ကရိုဏ်းမှန်အောင် သတိထားဖို့လစ်ဟင်းဖွယ်ရှိ၏၊ တစ်ပါးက မပီလျှင် အခြားပုဂ္ဂိုလ်က ပီသောကြောင့် အကျိုးရသည်မဟုတ်ပါလော? ဟူအံ့၊ ထိုသိုပီဖို့ဆိုလျှင် တစ်ပါးစီ ရွတ်ခြင်းက သာ၍ပီစရာ ရှိ၏၊ အမှန်အားဖြင့် ရှေးခေတ်က ကမ္မဝါစာဆရာ တစ်ပါးတည်းသာ ရှိခဲ့ပါသည်၊ ထို့ပြင်ယခုအခါ ရဟန်းလောင်း တစ်ပါးအတွက် သုံးပါးထက်ပို၍ တစ်ပြိုင်နက် ရွတ်ဆိုကြသေး၏၊ ထိုသို့ ရွတ်ဆိုရာ၌လည်း သုံးပါးပြိုင်၍ ရွတ်ဆိုသည်နှင့် သဘောတူပင်ဖြစ်သည်၊ "ဒွတ္တယော ဧကာနုဿာဝနေ ကာတုံ" ဟု မိန့်တော်မူသောကြောင့် ရဟန်းလောင်းသုံးပါးထက်ပို၍ကား ဥပဇ္ဈာယ်အသီးသီး ကမ္မဝါစာအသီးသီး ဖြစ်စေကာမူ တစ်ပြိုင်နက်မရွတ်ကောင်းဟု မှတ်ပါ။
ဒွန်ကမ္မဝါစာ။ ။ ဥပဇ္ဈာယ်တူသော ရဟန်းလောင်း နှစ်ပါး, သုံးပါးကို တစ်ပြိုင်နက်ရဟန်းဖြစ်စေလိုလျှင် ကမ္မဝါစာကို ဒွန်တွဲ၍ ရွတ်ဆိုရ၏၊ ထိုကမ္မဝါစာကို "ဒွန်ကမ္မဝါစာ" ဟု ခေါ်၏၊ ထိုဒွန်ကမ္မဝါစာသည် ဤနေရာ၌ ပါဠိတော်ဝယ် တိုက်ရိုက်မလာပါ၊ ထို့ကြောင့် အခြားပါဠိတော်လာ ဒွန်ကမ္မဝါစာကို နည်းမှီ၍ ဆရာတို့ ရွတ်ဆိုတော်မူကြသည်၊ [ထိုသို့ ရွတ်ဆိုပုံကို ဝေရဥ္ဇကဏ္ဍ, ဒုတိယဈာန်အခန်း အဖွင့်၌ ပြခဲ့ပြီ၊] ဝိမတိ၌ကား "အယံ ဗုဒ္ဓရက္ခိတော စအယံ ဓမ္မရက္ခိတော စ အာယသ္မတော သံဃရက္ခိတဿာတိအာဒိနာ နယေန" ဟု တွေ့ရ၏၊ ထို၌ "ဥပသမ္ပဒါပေက္ခော" သည်မူရင်း ဟုတ်ချင်မှ ဟုတ်မည်၊ ဘာကြောင့်နည်း? ဈာနဝိဘင်းပါဠိတော်၌ "အယဥ္စဝိတက္ကော အယဥ္စ ဝိစာရော သန္တာ ဟောန္တိ သမိတာ" ဟုလည်းကောင်း, ကုဋိကာရသိက္ခာပုဒ် ကုဋိဝတ္ထု ဩလောကနသမ္မုတိ ပေးခန်း၌ "သံဃော ဣတ္ထန္နာမဥ္စဣတ္ထန္နာမဥ္စ ဘိက္ခူ သမ္မနေယျ" ဟုလည်းကောင်း အစိတ်၌သာ ဧကဝုစ်ထား၍အပေါင်း၌ဗဟုဝုစ်ထားသည်ကို တွေ့ရသောကြောင့်တည်း၊ ထို့ကြောင့် ဒွန်ကမ္မဝါစာနှင့်စပ်၍ မိမိတို့ ဆရာ့အထံ၌ သဒ္ဒါနည်း, ပါဠိတော်နည်းကျအောင် သင်ယူသင့်ကြပါသည်။