**မုစလိန္ဒမူလာ**တိ၊ ကား။
မဟာဗောဓိတော၊ မဟာဗောဓိပင်မှ။
ပါစီနကောဏေ၊ အရှေ့ထောင့်၌။
ဝါ၊ အရှေ့တောင်ထောင့်အရပ်၌။
ဌိတမုစလိန္ဒရုက္ခမူလာ၊ တည်သောကျည်ပင်၏ အနီးအောက်မှ။
(ပါဠိတော် "ဥပသင်္ကမိ" ၌ စပ်။)
**ရာဇာယတနန္တိ**၊ ကား။
ဒက္ခိဏဒိသာဘာဂေ၊ တောင်အရပ်အဖို့၌။
ဌိတံ၊ သော။
ရာဇာယတနရုက္ခံ၊ လင်းလွန်းပင်သို့။
ဥပသင်္ကမိ၊ ပြီ။
**တေန ခေါ ပန သမယေနာ**တိ၊ ကား။
ကတရေနသမယေန၊ အဘယ်အခါ၌။
(ဥပနာမေသုံး၊ ဆက်ကပ်လှူဒါန်းကြကုန်သနည်း? ဣတိ= ဤကား အမေးတည်း၊)
ကိရ၊ ချဲ့။
ဘဂဝတော၊ ၏။
(ဘောဇနာကိစ္စေန၌ စပ်။)
ဝါ၊ သည်။
(နိသိန္နဿ၌ စပ်။)
ရာဇာယတနမူလေ၊ ၌။
သတ္တာဟံ ဧကပလ္လင်ကေန။
နိသိန္နဿ၊ စဥ်။
သမာဓိတော၊ အရဟတ္တဖိုလ်သမာဓိမှ။
ဝုဋ္ဌာနဒိဝသေ၊ ထတော်မူရာနေ့၌။
အရုဏုဂ္ဂမနဝေလာယမေဝ၊ အရုဏ်တက်ရာအခါ၌ပင်။
(အရုဏ်တက်ချိန်၌ပင်။)
[ဘုရားဖြစ်ပြီးသည်က စပြီးလျှင် ဤအချိန်တိုင်အောင် တစ်စုံတစ်ခုသောဘောဇဉ်ကိုမျှ မဘုဉ်းပေးရသေး၊]
ဘောဇနကိစ္စေန၊ ဘောဇဉ်၏ကိစ္စသည်။
ဝါ၊ ဆွမ်းဘုဉ်းပေးခြင် ကိစ္စသည်။
ဘဝိတဗ္ဗံ၊ ဖြစ်သင့်၏။
ဣတိဉတွာ။
ဒေဝရာဇာ၊ နတ်တို့၏မင်းဖြစ်သော။
သက္ကော၊ သည်။
သြသဓဟရီတကံ၊ ဆေးဖြင့်ထုံအပ်သောဖန်ခါးသီးကို။
ဥပနေသိ၊ ဆက်ကပ်ပြီ။
(ဒန်ပူကိုလည်း ကပ်သေးသည်။)
ဘဂဝါ၊ သည်။
တံ၊ ထိုဆေးဖန်ခါးသီးကို။
ပရိဘုဉ္ဇိ၊ ပြီ။
ပရိဘုတ္တမတ္တဿေဝ၊ ဘုဉ်းပေးပြီးကာမျှဖြစ်သော။
(ဘဂဝတော၊ ၏။)
သရီရကိစ္စံ၊ ကိုယ်တော်၏ကိစ္စသည်။
အဟောသိ။
(ဓာတ်သွားခြင်းကိစ္စတည်း။)
သက္ကော၊ သည်။
မုခေါဒကံ၊ မျက်နှာသစ်ရေကို။
အဒါသိ၊ ဆက်ကပ်ပြီ။
ဘဂဝါ၊ သည်။
မုခံ၊ မျက်နှာတော်ကို။
ဓောဝိတွာ၊ ဆေးတော်မူ၍။
(တစ်နည်း) မုခံ ဓောဝိတွာ၊ မျက်နှာသစ်တော်မူပြီး၍။
တသ္မိံယေဝရုက္ခမူလေ၊ ထိုလင်းလွန်းပင်၏ အနီးအောက်၌ ပင်။
နိသီဒိ၊ ပြီ။
ဧဝံ၊ ဤသို့။
အရုဏမှိ၊ သည်။
ဥဂ္ဂတေ၊ လသော်။
ဘဂဝတိ၊ သည်။
နိသိန္နေ၊ ထိုင်နေသော်မူလသော်။
**တေန ခေါ ပန သမယေန**၊ ထိုင်နေတော်မူရာ ထိုအခါ၌။
(ဥပနာမေသုံ၊ ကုန်ပြီ။
ဣတိ၊ ဤကား အဖြေတည်း။)
**တပုဿဘလ္လိကာ ဝါဏိဇာ**တိ၊ ကား။
တပုဿေ စ၊ တပုဿလည်းကောင်း။
ဘလ္လိကော စ၊ ဘလ္လိကလည်းကောင်း။
ဣတိ၊ သို့။
ဒွေ၊ နှစ်ယောက်ကုန်သော။
ဘာတရော၊ ညီနောင်ဖြစ်ကုန်သော။
ဝါဏိဇာ၊ ကုန်သည်တို့သည်။
**ဥက္ကလာ**တိ၊ ကား။
ဥက္ကလဇနပဒတော၊ ဥက္ကလဇနပုဒ်မှ။
**တံ ဒေသ**န္တိ၊ ကား။
ယသ္မိံ ဒေသေ၊ အကြင်အရပ်၌။
ဘဂဝါ၊ သည်။
ဝိဟရတိ၊ ၏။
(တံ ဒေသံ၊ မြတ်စွာဘုရားသီတင်းသုံးတော်မူရာ ထိုအရပ်သို့။
အဒ္ဓါနမဂ္ဂပဋိပန္နောဟောတိ၌ စပ်။)
စ၊ ဆက်။
ကတရသ္မိံ ဒေသေ၊ အဘယ်အရပ်၌။
ဘဂဝါ။
ဝိဟရတိ၊ သီတင်းသုံးတော်မူသနည်း?
ဣတိ၊ ဤကား အမေးတည်း။
မဇ္ဈိမဒေသေ၊ မဇ္ဈိမအရပ်၌။
(ဘဂဝါ ဝိဟရတိ။
ဣတိ၊ ဤကား အဖြေတည်း။)
တသ္မာ၊ ကြောင့်။
(မြတ်စွာဘုရား၏ မဇ္ဈိမအရပ်ဝယ် သီတင်းသုံးတော်မူသည်၏ အဖြစ်ကြောင့်။)
မဇ္ဈိမဒေသံ၊ သို့။
ဂန္တုံ၊ ငှာ။
အဒ္ဓါနမဂ္ဂပ္ပဋိပန္နာ၊ အဓွန့်ရှည်သောခရီးကို သွားကြကုန်သည်။
ဟောန္တိ။
ဣတိအယံ၊ ဤဆိုအပ်ပြီးကား။
ဧတ္ထ၊ ဤ တံ ဒေသံ အဒ္ဓါနမဂ္ဂဋိပန္နာ ဟူသောပါဌ်၌။
အတ္ထော၊ တည်း။
**ဉာတိသာလောဟိတာ ဒေဝတာ** တိ၊ ကား။
တေသံ၊ ထိုတပုဿ, ဘလ္လိကတို့၏။
ဉာတိဘူတပုဗ္ဗာ၊ ဆွေမျိုးဖြစ်ခဲ့ဖူးသော။
ဒေဝတာ၊ နတ်သည်။
**ဧတဒဝေါစာ** တိ(ဧတ္ထ)၊ ၌။
(ဂူဠှတ္တံ၊ ကို။)
ကိရ(ဥဒ္ဓရိတွာ ဒဿေမိ၊ အံ့။)
သာ၊ ထိုနတ်သည်။
နေသံ၊ ထို တပုဿ, ဘလ္လိကတို့၏။
သဗ္ဗသကဋာနိ၊ အလုံးစုံသော လှည်းတို့ကို။
အပ္ပဝတ္တီနိ၊ လည်းခြင်း မရှိသည်တို့ကို။
အကာသိ၊ ပြီ။
တတော၊ ထို့ကြောင့်။
ဝါ၊ ထိုသို့ မလည်ခြင်းကြောင့်။
တေ၊ ထို တပုဿ,ဘလ္လိကတို့သည်။
ဣဒံ၊ ဤမလည်ခြင်းသည်။
ကိံ၊ အဘယ်နည်း?
ဣတိ၊ ဤသို့ကြံ၍။
မဂ္ဂဒေဝတာနံ၊ လမ်း၌ တည်ကုန်သော နတ်တို့အား။
ဗလိံ၊ ပူဇော်ပသမူကို။
အကံသု၊ ကုန်ပြီ။
တေသံ၊ ထို တပုဿ, ဘလ္လိကတို့၏။
ဗလိကမ္မကာလေ၊ ပူဇော်ပသမှုကိုပြုရာအခါ၌။
သာ ဒေဝတာ၊ သည်။
ဒိဿမာနေနေဝ၊ မြင်အပ်သည်သာလျှင်ဖြစ်သော။
ကာယေန၊ ကိုယ်ဖြင့်။
(တစ်နည်း) ဒိဿမာနေနေဝ ကာယေန၊ ကိုယ်ထင်ပြလျက်။
ဧတံ၊ ဤစကားကို။
အဝေါစ၊ ပြောပြီ။
**မန္ထေန စ မဓုပိဏ္ဍိကာယ စာ** တိ၊ ကား။
အဗဒ္ဓသတ္တုနာ စ၊ မဖွဲ့မဆုပ်အပ်သောမုန့်မှုန့်ဖြင့်လည်းကောင်း။
သပ္ပိမဓုဖာဏိတာဒီဟိ၊ ထောပတ်,ပျားရည်,တင်လဲအစရှိသည်တို့ဖြင့်။
ယောဇေတွာ၊ ယှဉ်စပ်၍။
ဗဒ္ဓသတ္တုနာ စ၊ ဖွဲ့ဆုပ်အပ်သောမုန့်လုံး,မုန့်ခဲဖြင့်လည်းကောင်း။
**ပတိမာနေထာ** တိ၊ ကား။
ဥပဋ္ဌဟထ၊ ပြုစုလုပ်ကျွေးကြကုန်လေ။
**တံ ဝေါ** တိ၊ ကား။
တုမှာကံ၊ တို့၏။
တံ ပတိမာနနံ၊ ထိုမြတ်နိုးကော်ရော် ပူဇော်ခြင်းသည်။
ဒီဃရတ္တံ၊ ရှည်စွာသော ညဥ့်ပတ်လုံး။
ဟိတာယ၊ စီးပွားအလို့ငှာလည်းကောင်း။
သခါယ၊ ချမ်းသာအလို့ငှာလည်းကောင်း။
ဘဝိဿတိ၊ လတ္တံ့။
**ယံ အမှာက** န္တိ၊ ကား။
ယံ ပဋိဂ္ဂဟဏံ၊ အကြင် ခံယူတော်မူခြင်းသည်။
မန္ထေန မဓုပိဏ္ဍိကာယ။ ။စပါးမျိုး၇ပါးမှဖြစ်သောမုန့်မှုန့်သည် သတ္တုမည်၏၊ အမှုန့်မထောင်းမီ ရှေးဦးစွာ စပါးတို့ကို ကျက်အောင် လှော်ရသေး၏၊ ထို့ကြောင့်သတ္တုဟူသည် ကျက်ပြီးသားမုန့်မှုန့်တည်း၊ ထောပတ်, ပျားရည်စသည်တို့ဖြင့် ရောစပ်၍အလုံးအခဲ မပြုအပ်သော မုန့်မှုန့်ကို "အဗဒ္ဓသတ္တု" ဟု ခေါ်၏၊ ထို မုန့်မှုန့်ကိုစားသောက်လိုသောအခါ သကြား စသည်ရှိလျှင် ထိုသကြား စသည်ကို ထည့်ခပ်၍ရေဖြင့် မွှေရသည်၊ ထိုသို့ မွှေအပ်သောကြောင့် "မန္ထ- ဝိလောလနေ" ဟူသောဓာတ်ကျမ်းအရ "မန္ထီယတေဝိလောလီယတေ" ဟုဝစတ္ထပြု၍ "မန္တ" ဟု ခေါ်သည်၊ ထိုမုန့်မှုန်ကိုပင် ပျားရည် စသည်တို့ဖြင့် ရောစပ်၍ အလုံးအခဲ ပြုပြီးသောအခါ "ဗဒ္ဓသတ္တု- ဖွဲဆုပ်အပ်သောမုန့်" ဟု ခေါ်၏၊ ထိုကြောင့် မဓုပိဏ္ဍိကာသည် ဗဒ္ဓသတ္တု၏ ပရိယာယ်တည်း၊ "မဓူဟိ+ ယောဇိတာ+ ပိဏ္ဍိကာ မဓုပိဏ္ဍိကာ" ဟု ပြု။
အမှာကံ၊ တို့၏။
ဒီဃရတ္တံ၊ လုံး။
အတ္ထာယ ဟိတာယ သုခါယ အဿ၊ ဖြစ်ရာပါ၏။
**ဘဂဝတော ဧတဒဟောသီ** တိ(ဧတ္ထ)၊ ၌။
(ဂူဠှတ္ထံ၊ ကို။)
ကိုရ(ဥဒ္ဓရိတွာ ဒဿေမိ။)
အဿ၊ ထိုမြတ်စွာဘုရား၏။
ပဓာနာနုယောဂကာလေ၊ ကမ္မဋ္ဌာန်းအားထုတ်တော်မူရာအခါ၌။
ယော ပတ္တော၊ အကြင် သပိတ်တော်သည်။
အဟောသိ၊ ရှိခဲ့ပြီ။
သော၊ ထိုသပိတ်တော်သည်။
သုဇာတာယ၊ **သုဇာတာ** သည်။
ပါယသံ၊ နို့ဃနာကို။
ဒါတုံ၊ လှူခြင်းငှာ။
အာဂစ္ဆန္တိယာ ဧဝ၊ လာသော်သာလျှင်။
ဝါ၊ လာတုန်းကပင်။
အန္တရဓာယိ၊ ကွယ်ပျောက်ခဲ့လေပြီ။
[ပါယသ၏ ပုဒ်ပြီးပုံနှင့်တကွ အဓိပ္ပာယ်ကို ပါစိတ်ဘာသာဋီကာ ဘောဇနဝဂ် ပရမ္ပရဘောဇနသိက္ခာပုဒ်၌ပြခဲ့ပြီ။]
တေန၊ ကြောင့်။
အဿ၊ ထိုမြတ်စွာဘုရား၏။
ဧတံ၊ ဤ အကြံတော်သည်။
အဟောသိ။
(ကိံ?) မေ၊ ငါ၏။
ဝါ၊ မှာ။
ပတ္တော၊ သည်။
နတ္ထိ၊ မရှိတော့။
ပုရိမကာ၊ ရှေး၌ဖြစ်ကုန်သော။
တထာဂတာပိ၊ ဘုရားရှင်တို့သည်လည်း။
(စအနက်မရှိ။)
ဟတ္ထေသု၊ လက်တို့၌။
ဝါ၊ လက်တို့ဖြင့်။
န ခေါ ပဋိဂ္ဂဏှန္တိ၊ ခံယူတော်မမူကြကုန်။
ကိမှိ၊ အဘယ်ဝတ္ထု၌။
ဝါ၊ ဖြင့်။
အဟံ၊ သည်။
မန္တဉ္စ၊ မဆုပ်အံ့သေးသော မုန့်မှုန့်ကိုလည်းကောင်း။
မဓုပိဏ္ဍိကဉ္စ၊ ထောပတ်,ပျားရည်စသည်တို့ဖြင့် ရောစပ်အပ်သော မုန့်လုံး မုန့်ခဲကိုလည်းကောင်း။
ပဋိဂ္ဂဏှေယျံနုခေါ၊ ခံယူရပါအံ့နည်း။
ဣတိ၊ ဤသို့ အကြံဖြစ်တော်မူပြီ။
**ပရိဝိတက္ကမညာယာ**တိ၊ ကား။
ဣတော၊ ဤနေ့မှ။
ပုဗ္ဗေ၊ ရှေး၌။
(ရှေးတုန်းက။)
[ဝ၊ ပါသည်မှာ ပိုဟန်တူ၏။]
ဘဂဝတော၊ အား။
သုဇာတာယ၊ သည်။
ဒိန္နဘောဇနံယေဝ၊ လှူအပ်သော ဘောဇဉ်သည်သာ။
သြဇာနုပ္ပဗန္ဓနဝသေန၊ သြဇာကိုအဆက်မပြတ် ဖွဲစပ်ခြင်း၏အစွမ်းဖြင့်။
အဋ္ဌာသိ၊ ပြီ။
[ထိုအခါတုန်းက ၄၉လုတ်ဘုဉ်းပေးအပ်ခဲ့သော နို့ဃနာသည် ဤ၄၉ရက်ပတ်လုံးသြဇာကို အဆက်မပြတ်ဖွဲ့စပ်တည်နေသည်၊ ဟူလို။]
ဧတ္တကံ ကာလံ၊ ဤမျှ အတိုင်းရှည်ရှိသော ကာလပတ်လုံး(၄၉ ရက် ကာလပတ်လုံး။)
ဇိဃစ္ဆာ၊ ဆွမ်းဘုဉ်းပေးတော်မူခြင်းငှာအလိုသည်။
ဝါ၊ ဆွမ်းဆာတော်မူခြင်းသည်။
နေဝ အဟောသိ၊ ဖြစ်တော်မမူ။
ပိပါသာ၊ ရေသောက်တော်မူခြင်းငှာ အလိုသည်။
ဝါ၊ ရေဆာတော်မူခြင်းသည်။
နအဟောသိ။
ကာယဒုဗ္ဗလျံ၊ ကိုယ်တော်၏ အားမရှိတော်မူသည်၏ အဖြစ်သည်။
န အဟောသိ။
ပန၊ ဆက်။
ဣဒါနိ၊ ၌။
အဿ၊ ထိုမြတ်စွာဘုရား၏။
အာဟာရံ၊ အာဟာရကို။
ပဋိဂ္ဂဟေတုကာမတာယ၊ ခံယူတော်မူလိုသည်၏ အဖြစ်ကြောင်း။
**န ခေါ တထာဂထာ** တိအာနာ၊ အစရှိသော။
နယေန၊ ဖြင့်။
ပရိဝိတက္ကော ဥဒပါဒိ။
ဧဝံ၊ သို့။
ဥပ္ပန္နံ၊ သော။
တံ၊ ထိုအကြံတော်ကို။
အတ္တနော၊ ၏။
(မိမိဟူသောနတ်မင်းကြီးလေးယောက်၏။)
စေတသာ၊ ဖြင့်။
ဘဂဝတော၊ ၏။
စေတောပရိဝိတက္ကံ၊ ကို။
အညာယ၊ သိ၍။
**စတုဒ္ဒိသာ** တိ၊ ကား။
စတူဟိ၊ ကုန်သော။
ဒိသာဟိ၊ တို့မှ။
**သေလမယေ ပတေ** တိ၊ ကား။
မုဂ္ဂဝဏ္ဏသိလမယေ၊ ပဲနောက်အဆင်းရှိသောကျောက်အတိပြီးကုန်သော။
ပတ္တေ၊ တို့ကို။
(ပါဠိတော် "ဥပနာမေသုံ" ၌ စပ်။)
ဣဒံ၊ ဤသိလာမယေ ပတ္တေဟူသော စကားကို။
(ဝုတ္တံ၌ စပ်။)
ယေ၊ အကြင်သပိတ်တို့ကို။
ဘဂဝါ၊ သည်။
ပဋိဂ္ဂဟေသိ၊ ပြီ။
တေယေဝ၊ ထိုသပိတ်တို့ကိုသာ။
သန္ဓာယ၊ ၍။
ဝုတ္တံ၊ ပြီ။
စတ္တာရော၊ ကုန်သော။
မဟာရာဇာနော ပန၊ နတ်မင်းကြီးတို့သည်ကား။
ပဌာမံ၊ စွာ။
ဣန္ဒနီလမဏိမယေ၊ **ဣန္ဒနီလပတ္တမြား**အတိ ပြီးကုန်သော။
ပတ္တေ၊ တို့ကို။
ဥပနာမေသုံ၊ ကပ်လှူကုန်ပြီ။
တေ၊ ထိုမြသပိတ်တို့ကို။
ဘဂဝါ။
နပဋိဟေသိ၊ ခံယူတော်မမူ။
တတော၊ ထို့ကြောင့်။
ဝါ၊ ထိုသို့ ခံယူတော်မမူခြင်းကြောင့်။
စတ္တာရောပိ၊ လေးလုံးလည်းဖြစ်ကုန်သော။
မုဂ္ဂဝဏ္ဏသိလာမယေ၊ ကုန်သော။
ဣမေ ပတ္တေ၊ တို့ကို။
ဥပနာမေသုံ၊ ကုန်ပြီ။
ဘဂဝါ၊ သည်။
တေသံ၊ ထိုနတ်မင်းကြီးတို့၏။
ပဿဒါရနုရက္ခဏတ္ထာယ၊ ကြည်ညိုခြင်းကိုစောင့်ရှောက်တော်မူခြင်းအကျိုးငှာ။
စတ္တာရောပိ ပတ္တေ အဂ္ဂဟေသိ။
မဟိစ္ဆတာယ၊ များသောသပိတ်တို့ကို အလိုရှိသည်၏အဖြစ်ကြောင့်။
နော အဂ္ဂဟေသိ၊ ခံယူတော်မူသည် မဟုတ်။
စ ပန၊ ထပ်၍ဆက်ဦးအံ့။
ဂဟေတွာ၊ ၍။
စတ္တာရောပိ၊ လေးလုံးသော သပိတ်တို့ကိုလည်း။
(အဓိဋ္ဌဟိ၌ စပ်။)
ယထာ၊ အကြင် အခြင်းအရာအားဖြင့် အဓိဋ္ဌာန်လသော်။
**ဧကောဝ၊ တစ်လုံးတည်းသာဖြစ်သော**။
ပတ္တော၊ သည်။
(တစ်နည်း)
ဧကောဝပတ္တော၊ သပိတ်တစ်လုံးတည်းသာ။
ဟောတိ၊ ဖြစ်၏။
တထာ၊ ထို အခြင်းအရာအာဖြင့်။
(ထိုသပိတ်တစ်လုံးတည်း ဖြစ်လောက်အောင်အခြင်းအရာအားဖြင့်။)
အဓိဋ္ဌဟိ၊ ပြီ။
စတုန္နမ္ပ၊ လေးယောက်သောနတ်မင်းကြီးတို့၏လည်း။
ဧကသဒိသော၊ တစ်ထပ်တည်းတူသော။
ပုညဝိပါကော၊ ကောင်းမှုအကျိုးသည်။
အဟောသိ။
ဧဝံ၊ သို့။
ဧကံ၊ တစ်လုံးတည်းကို။
ကတွာ၊ ၍။
အဓိဋ္ဌိတေ၊ အဓိဋ္ဌာန်တော်မူအပ်ပြီးသော။
**ပစ္စဂ္ဃေ**၊ အသီးသီး အဖို့ရှိသော။
ဝါ၊ အသစ်စက်စက်ဖြစ်သော။
**သိလာမယေ**၊ ပဲနောက်အဆင်းရှိသော, ကျောက်ညိုအတိပြီးသော။
**ပတ္တေ**၊ ၌။
**ဘဂဝါ**၊ သည်။
မန္ထဉ္စ မဓုပိဏ္ဍကဉ္စ ပဋိဂ္ဂဟေသိ။
**ပစ္စဂ္ဃေ**တိ၊ ကား။
ပစ္စဂ္ဃသ္မိံ၊ အသီးအသီးများသော အဖို့ရှိသော။
ပါဋေက္ကံ၊ အသီးအသီး။
ဝါ၊ တစ်လုံးစီ တစ်လုံးစီ။
မဟဂ္ဃသ္မိံ၊ များသောအဖို့ရှိသော။
ဣတိအတ္ထော။
အထ ဝါ၊ ထို့ပြင် တစ်နည်းကား။
**ပစ္စဂ္ဃေ** တိ၊ ကား။
အဘိနဝေ၊ အသစ်ဖြစ်သော.
အဗ္ဘုဏှေ၊ ပူပူနွေးနွေးဖြစ်သော။
ဝါ၊ လောလောလတ်လတ်ဖြစ်သော။
သေလမယေ ပတ္တေ။ ။ သိလာရ ကျောက်အမျိုးမျိုးရသော်လည်း သပိတ်နှင့်ဆိုင်ရာဌာနဖြစ်သောကြောင့် ဌာနအားလျော်စွာ "ပဲနောက်အဆင်းရှိသော ကျောက်ကိုယူပါ" ဟု သိစေလို၍ "မုဂ္ဂဝဏ္ဏသိလာမယေ မတ္တေ" ဟု မိန့်သည်၊သေလသဒ္ဒါသည်ကျောက်ဟူသော အနက် မဟော, ကျောက်တောင်ဟူသောအနက်ကိုဟောသည်၊ဤနေရာ၌ကား သိလာမယပုဒ်မှသွတ္ထ၌ ဏပစ္စည်းသက်၍ "သေလမယ" ဟုဖြစ်သည်။
တင်္ခဏေ၊ ထိုခဏ၌။
နိဗ္ဗတ္တသ္မိံ၊ ဖြစ်သော။
ဣတိ အတ္ထော။
ဧတေသံ၊ ဤ **တပုဿ, ဘလ္လိက** တို့၏။
ဒွေ၊ နှစ်ခွန်းကုန်သော။
ဝါစာ၊ တို့သည်။
အဟေသုံ၊ ရှိကုန်ပြီ။
ဣတိ၊ ထို့ကြောင့်။
ဝါ၊ ထိုသို့ နှစ်ခွန်းသောစကား ရှိကုန်သည်၏အဖြစ်ကြောင့်။
(တေ၊ ထို **တပုဿ, ဘလ္လိက** တို့သည်။)
**ဒွေဝါစိကာ**၊ ဒွေဝါစိကတို့မည်၏။
အထဝါ၊ ကား။
ဒွီဟိ၊ နှစ်ခွန်းကုန်သော။
ဝါစာဟိ၊ တို့ဖြင့်။
ဥပါသကဘာဝံ၊ ဥပါသကာ၏ အဖြစ်သို့။
ပတ္တာ၊ ကုန်ပြီ။
(ဣတိ ဒွေဝါစိကာ။)
ဣတိ အတ္ထော။
တေ၊ တို့သည်။
ဧဝံ၊ သို့။
ဥပါသကဘာဝံ၊ ကို။
ပရိဝေဒေတွာ၊ သိစေပြီး၍။
(ဝါ၊ လျှောက်ပြီး၍။)
ဘဂဝန္တံ၊ ကို။
အာဟံသု၊ ထပ်၍ လျှောက်ကြကုန်ပြီ။
(ကိံ?)
ဘန္တေ၊ မြတ်စွာဘုရား။
ဒါနိ၊ ယခုအခါ၌။
ကဿ၊ အဘယ်သူကို။
အမှေဟိ၊ တို့သည်။
အဇ္ဇ၊ ယနေ့ကို။
ပဋ္ဌာယ၊ ၍။
အဘိဝါဒနပစ္စုဋ္ဌာနံ၊ ရှိခိုးခြင်း,ပြုစုလုပ်ကျွေးခြင်းကို။
ကာတဗ္ဗံ၊ ပြုရာပါသနည်း။
ဣတိ အာဟံသု။
အထ၊ ထိုသို့လျှောက်ရာအခါ၌။
ဘဂဝါ၊ သည်။
သီသံ၊ ဦးခေါင်းတော်ကို။
ပရာမသိ၊ သုံးသပ်တော်မူပြီး။
ကေသာ၊ ဆံတော်တို့သည်။
ဟတ္ထေ၊ လက်တော်၌။
လဂ္ဂိံသု၊ ငြိကပ်ပါလာကုန်ပြီ။
တေ၊ ထိုဆံတော်ဓာတ်တို့ကို။
တေသံ၊ ထို **တပုဿ,ဘလ္လိက** တို့အား။
အဒါသိ၊ ပေးတော်မူပြီ။
(ကိံ၊ အဘယ်သို့ မှာ၍ ပေးတော်မူသနည်း။)
တုမှေ၊ တို့သည်။
ဣမေ၊ ဤဆံတော်တို့ကို။
ပရိဟရထ၊ သွားလေရာရာ ဆောင်ယူကြကုန်လော။
ဣတိ၊ ဤသို့မှာတော်မူ၍။
အဒါသိ၊ ပြီ။
တေ၊ တို **တပုဿ, ဘလ္လိက** တို့သည်။
ကေသဓာတုယော၊ ဆံတော်ဓာတ်တို့ကို။
လဘိတွာ၊ ၍။
အမတေန၊ အမြိုက်ရေစင်ဖြင့်။
အဘိသိတ္တာဝ၊ ဦိးထိပ်၌ သွန်းလောင်းအပ်ကုန်သကဲ့သို့။
ဟဋ္ဌတုဋ္ဌာ၊ ရွှင်လန်းနှစ်သက်ကုန်သည်။
(ဟုတွာ)
ဘဂဝန္တံ ဝန္ဒံတွာ ပက္ကမိံသု။ပစ္စဂ္ဃေ ။ ။ "ပတိ+ အဂ္ဃေ" ဟု ပုဒ်ဖြတ်၍ ပတိကို "ပါဋေက္ကံ" ဟုလည်းကောင်း၊ အဂ္ဃေကို "မဟဂ္ဃသ္မိံ" ဟု လည်းကောင်းဖွင့်သည်၊ ပါဋေက္ကံ၌ ဧကံ ဧကံ ပတိ ပဋေကံ,ပဋေကံယေဝ(သွတ္ထ၌ ဏျပစ္စည်းသက်၍) "ပါဋေက္ကံ" တုပြု၊ အဂ္ဃော ယေသံ အတ္ထီတိအဂ္ဃာ- အဖိုးရှိသော သပိတ်တို့၊ ဝါ- အဖိုးမျာသော သပိတ်တို့၊ "ပါဋေက္ကံ- အဂ္ဃာပစ္စဂ္ဃာ- အသီးသီးများသော အဖိုးရှိသော သပိတ်တို့" ဟု ပြု၊ နောက်နည်း၌ "ပစ္စဂ္ဃ" သဒ္ဒါအသစ်စက်စက် အနက်ဟောရုဠှီပုဒ်တည်း။
မှတ်ချက်။ ။ထေရဂါထာ ပါဠိတော်ဝယ်(ဘလ္လိက) ထေရဂါထာ၌ ပေါက္ခရဝတီမြို့သားများဟု ဆို၏၊[ဥက္ကလာဇနပုဒ် ခရိုင်တွင်း၌ပါဝင်သော ပေါက္ခရဝတီမြို့သားများဟုဆိုလိုသည်၊] အကြီးကို တဖုဿ (တပဿ) ဟု ခေါ်၍ အငယ်ကို ဘလ္လိယ (ဘလ္လိက) ဟု ခေါ်၏၊ ဘုရားရှင် ရာဇဂြိုလ်၌ သီးတင်းသုံးတော်မူသောအခါ ထိုညီနောင် နှစ်ယောက်တို့ ရောက်လာပြန်၍ တရားနာကြ၏၊ တဖုဿ သည် သောတာပန်တည်၏၊ ဘလ္လိယ ကား ရဟန်းပြု၍ ဆဠဘိညရဟန္တာ ဖြစ်လေသည်။
မှတ်ချက်။ ။ထေရဂါထာ ပါဠိတော်ဝယ်(ဘလ္လိက) ထေရဂါထာ၌ ပေါက္ခရဝတီမြို့သားများဟု ဆို၏၊[ဥက္ကလာဇနပုဒ် ခရိုင်တွင်း၌ပါဝင်သော ပေါက္ခရဝတီမြို့သားများဟုဆိုလိုသည်၊] အကြီးကို တဖုဿ (တပဿ) ဟု ခေါ်၍ အငယ်ကို ဘလ္လိယ (ဘလ္လိက) ဟု ခေါ်၏၊ ဘုရားရှင် ရာဇဂြိုလ်၌ သီးတင်းသုံးတော်မူသောအခါ ထိုညီနောင် နှစ်ယောက်တို့ ရောက်လာပြန်၍ တရားနာကြ၏၊ တဖုဿ သည် သောတာပန်တည်၏၊ ဘလ္လိယ ကား ရဟန်းပြု၍ ဆဠဘိညရဟန္တာ ဖြစ်လေသည်။