Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Mahāvagga-aṭṭhakathā
(SP) Mahāvagga-aṭṭhakathā

Hatthacchinnādivatthukathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဟတ္ထစ္ဆိန္နဒိဝတ္ထူသု၊ အစရှိသော ဝတ္ထုတို့၌။ (ဝိနိစ္ဆယော ဧဝံဝေဒိတဗ္ဗော။) ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ ဟတ္ထတလေ ဝါ၊ လက်ဖဝါးအပြင်၌သော်လည်းကောင်း။ မဏိဗန္ဓေ ဝါ၊ လက်ကောင်ဝတ်၌သော်လည်းကောင်း။ ကပ္ပရေ ဝါ၊ ‌တတောင်၌သော်လည်းကောင်း။ ယတ္ထ ကတ္ထစိ၊ အမှတ်မထား တစ်ပါးပါးသောအရပ်၌။ ဧကော ဝါ၊ တစ်ဖက်သော်လည်းဖြစ်သော။ ဒွေ ဝါ၊ နှစ်ဖက်သော်လည်းဖြစ်ကုန်သော။ ဟတ္ထာ၊ လက်တို့သည်။ ဆိန္နာ၊ ပြတ်ကုန်သည်။ ဟောန္တိ၊ န်၏။ (ဓားစသည်တို့ဖြင့် ခုတ်မိ၍ ပြတ်ရာထင်နေ၏။) (သော) **ဟတ္ထစ္ဆိန္နော** တိ၊ ဟတ္ထစ္ဆိန္နမည်၏။ ယဿ၊ ၏။ အဂ္ဂပါဒေ ဝါ၊ ခြေဖျား၌သော်လည်းကောင်း။ ဂေါပ္ဖကေသု ဝါ၊ ဖမျက်တို့၌လည်းကောင်း။ ဇင်္ဃာယ ဝါ၊ ခြေသလုံး၌သော်လည်းကောင်း။ ယတ္ထ ကတ္ထစိ၊ အမှတ်မထား တစ်ပါးပါးသောအရပ်၌။ ဧကော ဝါ၊ တစ်ဖက်သော်လည်း‌ဖြစ်သော။ ဒွေ ဝါ၊ နှစ်ဖက်သော်လည်း ဖြစ်ကုန်သော။ ပါဒါ၊ ခြေတို့သည်။ ဆိန္နာ ဟောန္တိ။ (သော၊ သည်။)
**ပါဒစ္ဆိန္နော** တိ၊ န္န မည်၏။ ယဿ၊ ၏။ ဝုတ္တပကာရေနေဝ၊ ဆိုအပ်ပြီးသော အပြားအားဖြင့်သာ။ (ဟတ္ထတလေဝါ စသည်ဖြင့် ဆိုအပ်ပြီးသော အပြားအားဖြင့်သာ။) စတူသု၊ လေးဖက်ကုန်သော။ ဟတ္ထပါဒေသု၊ လက်ခြေတို့၌။ ဒွေ ဝါ၊ နှစ်ဖက်သော်လည်းဖြစ်ကုန်သော။ တယော ဝါ၊ သုံးဖက်သော်လည်းဖြစ်နိုင်သော။ သဗ္ဗေ ဝါ၊ အလုံးစုံ လေးဖက်သော်လည်းဖြစ်ကုန်သော။ ဟတ္ထပါဒါ၊ တို့သည်။ ဆိန္နာ ဟောန္တိ။ (သော၊ သည်။)
**ဟတ္ထပါဒစ္ဆိန္နေ** တိ၊ န္န မည်၏။ ယဿ၊ ၏။ ကဏ္ဏမူလေ ဝါ၊ နားရင်း၌သော်လည်းကောင်း။ ကဏ္ဏသက္ခလိကာယဝါ၊ နားရွက်၌သော်လည်းကောင်း။ ဧကော ဝါ၊ တစ်ဖက်သော်လည်းဖြစ်သော။ ဒွေ ဝါ၊ နှစ်ဖက်သော်လည်း‌ ဖြစ်ကုန်သော။ ကဏ္ဏာ၊ နားတို့သည်။ ဆိန္နာ‌ ‌ဟောန္တိ။ (သော၊ သည်။)
**ကဏ္ဏဆိန္နော** တိ၊ န္န မည်၏။ ပန၊ ဆက်။ ယဿ၊ ၏။ ကဏ္ဏာ၊ နားတို့သည်။ ဝိဒ္ဓေ၊ ဖောက်အပ်သောအရပ်၌။ (နားဍောင်းစသည် ဝတ်ဖို့ရန်ဖောက်အပ်သော အရပ်၌။) ဆိဇ္ဇန္တိ၊ ပြတ်နေကုန်၏။ သင်္ဃာဋေတုံ၊ ဆက်စပ်ခြင်းငှာ။ သက္ကာ စ၊ တတ်ကောင်းသည်လည်း။ ဟောတိ။ (နားဖောက်ရာ၌ ပြတ်နေသော်လည်း ချုပ်စပ်ခြင်းငှာ တတ်ကောင်း၏။)
သော၊ ထိုသူ့ကို။ ကဏ္ဏံ၊ ပြတ်နေသောနားကို။ သင်္ဃာဋေတွာ၊ ဆက်စပ်၍။ ပဗ္ဗာဇေတဗ္ဗော။
ယဿ၊ ၏။ အဇပဒကေ ဝါ၊ ဆိတ်ခွာသဏ္ဌာန်ရှိသော နှာခေါင်းတွင်း၌သော်လည်းကောင်း။ [ဆိတ်ခွာသဏ္ဌာန်ရှိသော အရပ်ဟူသည် ဃာနပဿဒရုပ်တည်နေရာအတွင်းအကျဆုံးအရပ်ဆည်း။ ထိုနေရာ၌ နှာခေါင်းရိုးဆုံးသည်။] အဂ္ဂေ ဝါ၊ အဖျား၌သော်လည်းကောင်း။ ဧကပုဋေ ဝါ၊ တစ်ဖက်သော ဘု၌သော်လည်းကောင်း။ ယတ္ထ ကတ္ထစိ၊ ၌။ နသာ၊ နှာခေါင်းသည်။ ဆိန္နာ ‌ဟောတိ။ (သော) **နာသစ္ဆိန္နော** တိ၊ န္န မည်၏။
ပန၊ ကား။ ယဿ၊ ၏။ နာသိကာ၊ နှာခေါင်းသည်။ သန္ဓေတုံ၊ ဆက်စပ်ခြင်းငှာ။ သက္ကာ၊ တတ်ကောင်းသည်။ ဟောတိ။ သော၊ ထိုပုဂ္ဂိုလ်ကို။ တံ၊ ထိုပြတ်သော နှခေါင်းကို။ ဖာသုကံ၊ ချမ်းသာသည်ကို။ ကတွာ၊ ၍။ (နဂိုအတိုင်းဖြစ်အောင် ဆက်စပ်၍။) ပဗ္ဗာဇေတဗ္ဗော။
ကဏ္ဏနာသစ္ဆိန္နော၊ ပြတ်သောနား,နှာခေါင်းရှိသူကို။ ဥဘယဝသေန၊ နှစ်ပါး‌စုံသော နာ, နှာခေါင်းတို့၏ အစွမ်းဖြင့်။ ဝေဒိတဗ္ဗော၊ ၏။
ယဿ၊ ၏။ နခသေသံ၊ ကြွင်းကျန်သော လက်သည်, ခြေသည်း အရပ်ကို။ အဒဿေတွာ၊ မပြမူ၍။ (လက်သည်းအားလုံး ပျောက်သွားအောင်။) ဧက ဝါ၊ တစ်ချောင်းသော်လည်းဖြစ်သော။ ဗဟူ ဝါ၊ များစွာသော်လည်းဖြစ်ကုန်သော။ အင်္ဂုလိယော၊ လက်ချောင်း, ခြေချောင်းတို့သည်။ ဆိန္နာ ဟောန္တိ။ (သော) **အင်္ဂုလိစ္ဆိန္နော** တိ၊ န္န မည်၏။
ပန၊ ကား။ ယဿ၊ ၏။ သုတ္တတန္တုမတ္တမ္ပိ၊ ချည်မျှင်မျှလောက်လည်းဖြစ်သော။ နခသေသံ၊ ကြွင်းသော လက်သည်းခြေသည်းသည်။ ပညာယတိ၊ ထင်ရှား၏။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ပဗ္ဗာဇေတုံ ဝဋ္ဋတိ။
ယဿ၊ ၏။ စတူသု၊ လေးချောင်းကုန်သော။ အင်္ဂုဋ္ဌကေသု၊ လက်မ, ခြေမတို့တွင်။ အင်္ဂုလိယံ၊ လက်ချောင်း, ခြေချောင်း၌။ ဝုတ္တနယေနေဝ၊ ဖြင့်သာ။ ဧကော ဝါ၊ တစ်ချောင်းသော်လည်းဖြစ်သော။ ဗဟူ ဝါ၊ များစွာသော်လည်းဖြစ်ကုန်သော။ အင်္ဂုဋ္ဌကာ၊ လက်မ, ခြေမတို့သည်။ ဆိန္နာ ဟောန္တိ။ (သော) **အဠစ္ဆိန္နော** တိ၊ န္န မည်၏။
ယဿ၊ ၏။ ကဏ္ဍရနာမကာ၊ ကဏ္ဍရ အမည်ရှိကုန်သော။ မဟာနှာရူ၊ အကြောကြီးတို့သည်။ ပုရတော ဝါ၊ ရှေ့၌သော်လည်းကောင်း။ ဝါ၊ ရှေ့ကသော်လည်းကောင်း။ ပစ္ဆ‌တော ဝါ၊ နောက်၌သော်လည်းကောင်း။ ဝါ၊ နောက်ကသော်လည်းကောင်း။ ဆိန္နာ ဟောန္တိ။ (သော) **ကဏ္ဍရစ္ဆိန္နော** တိ၊ န္န မည်၏။ (ပြတ်သောအကြောကြီးရှိသူ, အကြောကြီး ပြတ်နေသူမည်၏။)
ယေသု၊ ယင်း အကြောကြီးတို့တွင်။ ဧကဿပိ၊ တစ်ခုသော အကြောကြီး၏လည်း။ ဆိန္နတ္တာ၊ ပြတ်သည်၏အဖြစ်ကြောင့်။ အဂ္ဂပါဒေန ဝါ၊ ခြေဖျားဖြင့်သော်လည်း။ စင်္ကမတိ၊ စင်္ကြံသွားရ၏။ မူလေနဝါ၊ အရင်းဖြင့်သော်လည်း။။ ဝါ၊ ခြေဖနောင့်ဖြစ်သော်လည်း။ စင်္ကမတိ၊ ၏။ ပါဒံ ဝါ၊ ခြေကိုမူလည်း။ ပတိဋ္ဌာပေတုံ၊ တည်တံ့စေခြင်းငှာ။ န သက္ကောတိ၊ မစွမ်းနိုင်။
ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ ဝဂ္ဂုလိပက္ခကာ ဝိယ၊ လင်နို့၏ အတောင်ကလေးကဲ့သို့။ အင်္ဂုလိယော၊ တို့သည်။ သမ္ဗဒ္ဓါ၊ ဆက်စပ်နေကုန်သည်။ ဟောန္တိ။ (သော၊ သည်။) **ဖဏဟတ္ထကော** တိ၊ က မည်၏။ (လက်ပါးပျဉ်း, ခြေပါးပျဉ်းရှိသူမည်၏။)
ဧတံ၊ ဤလက်ပါးပျဉ်းရှိသူကို။ ပဗ္ဗာဇေတုကာမေန၊ သည်။ အင်္ဂုလန္တရိကာယော၊ လက်ချောင်းတို့၏ အကြားတို့ကို။ ဖာလာပေတွာ၊ ခွဲ၍။ သဗ္ဗံ၊ သော။ အန္တရစမ္မံ၊ အခြေချောင်း‌အကြား၌ ဖြစ်သောအရေကို။ အပနေတွာ၊ ဖယ်ရှား၍။ ဖာသုကံ၊ ကို။ (အနာပျောက်‌အောင်။) ကတွာ၊ ၍။ ပဗ္ဗာဇေတဗ္ဗော။
ယဿပိ၊ ၏ လည်း။ ဆ၊ ခြောက်ချောင်းကုန်သော။ အင်္ဂုလိယော၊ လက်ချောင်းတို့သည်။ ဟောန္တိ၊ န်၏။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ပဗ္ဗာဇေတုကာမေန၊ သည်။ အဓိကအင်္ဂုလိံ၊ ပိုနေသောလက်ချောင်း, ခြေချောင်းကို။ ဆန္ဒိတွာ၊ ဖြတ်၍။ ဖာသုကံ ကတွာ ပဗ္ဗာဇေတဗ္ဗော။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဥရဿ ဝါ၊ ရင်ဘတ်၏သော်လည်းကောင်း။ ပိဋ္ဌိယာ ဝါ၊ ကျောက်ကုန်း၏သော်လည်းကောင်း။ ပဿဿ ဝါ၊ နံဘေး၏သော်လည်းကောင်း။ နိက္ခန္တတ္တာ၊ ထွက်နေသည်၏အဖြစ်ကြောင့်။ (ငေါ်၍, စူ၍, ကိုင်၍, ထွက်နေသောကြောင့်။) ခုဇ္ဇသရီရော၊ ကောက်သော ကိုယ်ရှိသည်။ (ဟောတိ)။ (ခုဇ္ဇသရီရောတိ ဝင်္ကသရီရော။၊ ဝိမတိ။) (သော) **ခုဇ္ဇော** တိ၊ မည်၏။
ပန၊ အနွယကား။ ယဿ၊ ၏။ ကိဉ္စိ ကိဉ္စိ၊ တစ်စုံတစ်ခု တစ်စုံတစ်ခုသော။ အင်္ဂပစ္စင်္ဂံ၊ အင်္ဂါကြီးငယ်သည်။ ဤသကံ၊ စဉ်းငယ်။ ဝင်္ကံ၊ ကောက်သည်။ (ဟောတိ။ ခုဇ္ဇကိုပင်ဝင်္ကဟု ဖွင့်သည်။) တံ၊ ထိုပုဂ္ဂိုလ်ကို။ ပဗ္ဗာဇေတုံ ဝဋ္ဋတိ။
ဟိ၊ မှန်။ မဟာပုရိသောဧဝ၊ ဘုရား‌အလောင်း ယောက်ျားမြတ်သည်သာ။ ဗြဟ္မုဇုဂတ္တော၊ ဗြဟ္မာမင်း၏ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိသည်။ (ဟောတိ၊ ဖြစ်နိုင်၏။) အဝသေသော၊ မဟာပုရိသမှ ကြွင်းသော။ အခုဇ္ဇော၊ မကောက်သော။ သတ္တော နာမ၊ သတ္တဝါမည်သည်။ နတ္ထိ၊ မရှိ။
ဇင်္ဃဝါမနော ဝါ၊ ခြေသလုံးအားဖြင့် ပုကွသူသည်သော်လည်းကောင်း။ ကဋိဝါမနော ဝါ၊ ခါးအားဖြင့် ပုကွသူသည်သော်လည်းကောင်း။ ဥဘယဝါမနော ဝါ၊ နှစ်ပါးစုံအားဖြင့် ပုကွသူသည်သော်လည်းကောင်း။ **ဝါမနော** တိ၊ မည်၏။
ဇင်္ဃဝါမနဿ၊ ခြေသလုံးအားဖြင့် ပုကွနေသူ၏။ ကဋိတော၊ ခါးမှ။ ပဋ္ဌာယ၊ စ၍။ ဟေဋ္ဌိမကာယော၊ အောက်ပိုင်းကိုယ်သည်။ ရဿော၊ ပုတိုသည်။ ဟောတိ၊ ၏။ ဥပရိမကာယော၊ အထက်ပိုင်းကိုယ်သည်။ ပရိပုဏ္ဏော၊ ပြည့်စုံသည်။ (ဟောတိ)။
ကဋိဝါမနဿ၊ ခါးအားဖြင့် ပုကွနေသူ၏။ ကဋိတော၊ မှ။ ပဋ္ဌာယ၊ ၍။ ဥပရိမကာယော၊ သည်။ ရဿော ဟောတိ။ ဟေဋ္ဌိမကာယော ပရိပုဏ္ဏော (ဟောတိ)။
ဥဘယဝါမနဿ၊ နှစ်ပါးစုံအားဖြင့် ပုကွနေသူ၏။ ဥဘောပိ၊ နှစ်ပိုင်းလည်း ဖြစ်ကုန်သော။ ကာယာ၊ ကိုယ်တို့သည်။ ရဿ၊ ကုန်သည်။ ဟောန္တိ။ ယေသံ၊ ယင်းနှစ်ပိုင်းသော ကိုယ်တို့၏။ ရဿတ္တာ၊ ပုတိုကုန်သည်၏အဖြစ်ကြောင့်။ ဘူတာနံဝိယ၊ တစ္ဆေ, မြေဖုတ်တို့၏ကဲ့သို့။ ပရိဝဋုမော၊ ထက်ဝန်းကျင် လုံးဝိုင်းသော။ မဟာကုစ္ဆိဃဋသဒိသော၊ ဗိုက်ကြီးသော ရေအိုးနှင့်တူသော။ အတ္တဘာဝေါ၊ အတ္တဘောသည်။ ဟောတိ။ တိဝိဓမ္ပိ၊ သုံးပါးအပြားရှိသည်လည်းဖြစ်သော။ တံ၊ ထိုပုကွသူကို။ ပဗ္ဗာဇေတုံ န ဝဋ္ဋတိ။
ယဿ၊ ၏။ ကုမ္ဘဏ္ဍံ(ဏ္ဍော)ဝိယ၊ ကျောက်ဖရုံသီးကဲ့သို့။ ဂလေ၊ လည်ပင်း၌။ ဂဏ္ဍော၊ မြင်ဖုသည်။ ဟောတိ။ (သော) **ဂလဂဏ္ဍီ** တိ၊ မည်၏။
စ၊ ဆက်။ ဧတံ၊ ဤ ဂလဂဏ္ဍီဟူသော အမည်သည်။ ဒေသနာမတ္တမေဝ၊ ဒေသနာမျှသာတည်း။ (ဥပလက္ခဏနည်းအားဖြင့် လည်ပင်းဖုကို မှတ်၍ ပြောခြင်းသာတည်း။) ပန၊ စင်စစ်ကား။ ယသ္မိံ ကိသ္မိဉ္စိ၊ အမှတ်မထား တစ်ပါးပါးသော။ ပဒေသေ၊ အရပ်၌။ ဂဏ္ဍေ၊ မြင်းဖုသည်။ သတိ၊ ရှိလသော်။ န ပဗ္ဗာဇေတဗ္ဗော။
တတ္ထ၊ ထိုမြင်းဖုအနာ၌။ ဝိနိစ္ဆယော၊ ကို။
န ဘိက္ခဝေ။ ပေ။ ပဗ္ဗာဇေတဗ္ဗောတိ ဧတ္ထ၊ ဟူသော ဤသိက္ခာပုဒ်၌။ ဝုတ္တနယေနေဝ၊ ဖြင့်သာ။ ဝေဒိတဗ္ဗော၊ ၏။
**လက္ခဏာဟတကသာဟတလိခိတကေသု**၊ အမှတ်တံဆိပ် ခတ်နှိပ်အပ်သူ, ကြိမ်ဒဏ်ခတ်အပ်သူ, ကြော်ငြာကပ်အပ်သူတို့၌။ ယံ၊ အကြင် အဆုံးအဖြတ် စကားရပ်ကို။ ဝတ္တဗ္ဗံ၊ ဆိုထိုက်၏။ တံ၊ ထိုအဆုံးအဖြတ်စကားရပ်ကို။ န ဘိက္ခဝေ လက္ခဏာဟတောတိအာဒီသု၊ အစရှိသော သိက္ခာပုဒ်တို့၌။ ဝုတ္တမေဝ၊ ဆိုအပ်ပြီးသည်သာ။
ဘာရပါဒေါ၊ ဝန်လေးသော ခြေရှိသူကို။ ဝါ၊ ခြေဒရွက်ဆွဲသူကို။ **သီပဒီ** တိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ (ယခုအခါ ဆင်ခြေထောက်ရောဂါရှိသူမျိုးတည်း။)
ယဿ၊ ၏။ ပါဒေါ၊ ခြေသည်။ ထူလော၊ ထူနေသည်။ သဉ္ဇာတပီဠကော၊ လွန်စွာဖြစ်သောအဖုရှိသည်။ ခရော၊ ကြမ်းတမ်းသည်။ ဟောတိ။ သော၊ ထိုပုဂ္ဂိုလ်ကို။ နပဗ္ဗာဇေတဗ္ဗော။
ပန၊ အနွယကား။ ယဿ၊ ၏။ တာဝ၊ ထိုမျှလောက်။ (သွား၍မဖြစ်နိုင်လောက်အောင်။) ခရဘာဝံ၊ ကြမ်းတမ်းသည်၏အဖြစ်ကို။ န ဂဏှာတိ၊ မယူ။ ဥပနာဟံ၊ တင်းကြပ်စွာဖွဲ့အပ်သော အဖွဲ့အစည်းကို။ ဗန္ဓိတွာ၊ ဖွဲ့စည်းပြီး၍။ ဥဒကအာဝါဋေ၊ ရေရှိသော တွင်းငယ်၌။ ပဝေသေတွာ၊ သွင်း၍။ ဥဒကဝါလိကာယ၊ ရေစိုသော သဲဖြင့်။ ပူရေတွာ၊ ပြည့်စေ၍။ ယထာ၊ အကြင်အခြင်းအရာအားဖြင့်ညှိုးနွမ်းစေ လသော်။ သိရာ၊ အကြောင်းတို့သည်။ ပညာယန္တိ၊ ထင်ရှားလာကုန်၏။ ဇင်္ဃာ စ၊ သလုံးမြင်းခေါင်းသည်လည်း။ တေလနာဠိကာ ဝိယ၊ ဆီကျည်တောက်ကဲ့သို့။ ဟောတိ၊ ဖြစ်လာ၏။ ဧဝံ၊ ဤသို့ဖြစ်နိုင်လောက်အောင်သော အခြင်းအရာအားဖြင့်။ မိလာပေတုံ၊ ညှိုးနွမ်းစေခြင်းငှာ။ သက္ကာ၊ သည်။ ဟောတိ။ တဿ၊ ၏။ ပါဒံ၊ ဖောယောင်းနေသော ခြေကို။ ဤဒိသံ၊ ဤကဲ့သို့ ရှုအပ်သည်ကို။ ကတွာ၊ ၍။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ပဗ္ဗာဇေတုံ ဝဋ္ဋတိ။
ပုန၊ တစ်ဖန်။ (ရှင်ဖြစ်‌စေပြီးမှ။) သစေ ဝဍ္ဎတိ၊ အကယ်၍ တိုးလာပြန်အံ့။ (ဧဝံသတိ) ဥပသမ္ပာဒေန္တေနာပိ၊ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်စေသော ဆရာသည်လည်း။ တထာ၊ ထို ဆိုအပ်ပြီးသောအခြင်းအရာအားဖြင့်။ ကတွာဝ၊ ပြု၍သာ။ (အဖောအယောင်ပျောက်အောင် ကု၍သာ။) ဥပသမ္ပာဒေတဗ္ဗော။
အရိသဘဂန္ဒရပိတ္တသေမှကာသသောသာဒီသု၊ အရိယိုရောဂါ, ဘဂန္စိုရ်ရောဂါ, သည်းခြေရောဂါ, သလိပ်ရောဂါ, ချောင်းဆိုးရောဂါ, မြစ်ခြောက်ရောဂါ အစရှိသည်တို့တွင်။ ယေန ကေနစိ၊ အမှတ်မထား တစ်ပါး‌ပါးသော။ ရောဂေန၊ ရောဂါဖြင့်။ နိစ္စာတုရော၊ အမြဲနာကျင်သော။ အတေကိစ္ဆရောဂေါ၊ ဆေးကု၍ မရလောက်‌အောင်ရောဂါရှိသော။ ဇေဂုစ္ဆော၊ စက်ဆုပ်ဖွယ်ကောင်းသော။ အပနာပေါ၊ နှစ်သက်ဖွယ်မကောင်းသူသည်။ **ပါပရောဂီ** တိ၊ ဂီမည်၏။
အယံ၊ ဤပုဂ္ဂိုလ်ကို။ န ပဗ္ဗာဇေတဗ္ဗော။
ယော၊ အကြင် ပုဂ္ဂိုလ်သည်။ အတ္တနော၊ ၏။ ဝိရူပတာယ၊ ဖောက်ပြန်သောအဆင်းရှိသည်၏အဖြစ်ကြောင့်။ ပရိသံ၊ ပရိသတ်ကို။ ဒူသေတိ၊ ဖျက်ဆီးတတ်၏။ (သော) **ပရိသဒူသကော** တိ၊ က မည်၏။ [ထို ပရိသဒူသကဖြစ်ပုံ အကျယ်ကိုပြလို၍ အတိဒီဃော ဝါ စသည်မိန့်။]
အညေသံ၊ အခြားသူတို့၏။ သီသပ္ပမာဏနာဘိပ္ပဒေသော၊ ဦးခေါင်းပမာဏနှင့် ညီမျှသော ချက်အရပ်ရှိသည်။ (ဟုတွာ၊ ဖြစ်၍။ ဝါ၊ ဖြစ်လောက်အောင်။) အတိဒီဃော ဝါ၊ အလွန်ရှည်‌သည်သော်လည်း။ ဟောတိ၊ ၏။ ဥဘယဝါမနဘူတရူပံ ဝိယ၊ အထက်ပိုင်း အောက်ပိုင်း နှစ်ပိုင်းစုံကွသည်ဖြစ်၍ တ‌စ္ဆေမြေဖုတ်၏ရုပ်ကဲ့သို့။ အတိရဿော ဝါ၊ အလွန်တိုသည်သော်လည်း။ (ဟောတိ)။ ဈာပိတခေတ္တေ၊ မီးရှို့အပ်ပြီးသော လယ်၌။ (ဈာယိတခေတ္တေ၊ မီးလောင်အပ်ပြီးသော လယ်၌။) ခါဏှကော ဝိယ၊ သစ်ငုတ်ကဲ့သို့။ အတိကာဠော ဝါ၊ အလွန်မည်းသည်သော်လည်း။ (ဟောတိ)။ ဒဓိတက္ကာဒီဟိ၊ နို့ဓမ်း, ရက်တက်ရည်အစရှိသည်တို့ဖြင့်။ ပမဇ္ဇိတမဋ္ဌတမ္ဗလောဟဝဏ္ဏော၊ ပွတ်တိုက်အပ်သော ညက်ညောသော ကြေးနီအဆင်းရှိသည်။ (ဟုတွာ)။ အစ္စောဒါတော ဝါ၊ အလွန်ဖြူသည်သော်လည်း။ (ဟောတိ)။ မန္ဒမံသလောဟိတော၊ နည်းသောအသားအသွေးရှိသည်။ (ဟုတွာ)။ အဋ္ဌိသိရာစမ္မသရီရော ဝိယ၊ အရိုး, အကြော, အရေမျှသာရှိသော ကိုယ်ရှိသကဲ့သို့။ အတိကိသော ဝါ၊ အလွန်ပိန်သည်သော်လည်း။ (ဟောတိ)။ ဘာရိယမံသော၊ ဝန်လေးသောအသားရှိသည်။ (ဟုတွာ)။ အတိထူလော ဝါ၊ အလွန်ဝဖြိုးသည်သော်လည်း။ (ဟောတိ)။ မဟာဘူတသဒိသော၊ တစ္ဆေမြေဖုတ်ကြီးနှင့်တူသည်။ (ဟုတွာ)။ မဟောဒရော ဝါ၊ ကြီးသော ဝမ်းဗိုက်ရှိသူသည်သော်လည်း။ (ဟောတိ)။ ပစ္ဆိံ၊ တောင်းကို။ သီသေ၊ ဦးခေါင်းပေါ်၌။ ကတွာ၊ ၍။ ဌိတော ဝိယ၊ တည်နေသူကဲ့သို့။ အတိမဟန္တသီသော ဝါ၊ အလွန်ကြီးသော ဦးခေါင်းရှိသူသည်သော်လည်။ (ဟောတိ)။ သရီရဿ၊ ကိုယ်အား။ အနနုရူပေန၊ မလျောက်ပတ်သော။ အတိခုဒ္ဒကေန၊ အလွန်သေးငယ်သော။ သီသေန၊ ဦးခေါင်းနှင့်။ သမန္နာဂတော၊ ပြည့်စုံသည်။ (ဟုတွာ)။ အတိခုဒ္ဒကသီသော ဝါ၊ အလွန်သေးငယ်သော ဦးခေါင်းရှိသူသည်သော်လည်း။ (ဟောတိ)။ တာလဖလပိဏ္ဍိသဒိသေန၊ ထန်းသီးခိုင်နှင့်တူသော။ (အသီးထွက်စ ထန်းသီးခိုင်နှင့်တူသော။) သီသေန၊ နှင့်။ သမန္နာဂတော (ဟုတွာ)။ ကူဋကူဋသီသော ဝါ၊ အထွတ် အထွတ်ရှိသော ဦးခေါင်းရှိသူသည်သော်လည်း။ (အဖု အဖုထသောဦးခေါင်းရှိသူသည်သော်လည်း။ ဟောတိ။) [ကူဋကူဋသီသောတိ အနေကေသုဌာနေသု ပိဏ္ဍိကမံသတံ ဒဿေတုံ အာမေဍိတံ ကတံ။ တေနာဟ **"တာလဖလပိဏ္ဍိသဒိသေနာ"** တိ။၊ ဝိမတိ။] ဥဒ္ဓံ၊ အထက်၌။ အနုပုဗ္ဗတနုကေန၊ အစဉ်အတိုင်း ‌သေးသော။ သီသေန၊ နှင့်။ [အနုပုဗ္ဗတနုကေန သီသေနာတိ စေတိယထူပိကာဝိယ ကမေန သီသေန။၊ ဝိမတိ။] သမန္နာဂတော (ဟုတွာ) သိဓရသီသော ဝါ၊ တောင်ထွက်နှင့်တူသော ဦးခေါင်းရှိသူသည်သော်လည်း။ (ဟောတိ)။ မဟာဝေဠုပဗ္ဗသဒိသေန၊ ကြီးစွာသော ဝါးဆစ်နှင့်တူသော။ သီသေနသမန္နာဂတော (ဟုတွာ)။ နာဠိသီသော ဝါ၊ ကျည်တောက်နှင့်တူသော ဦးခေါင်းရှိသူသည်သော်လည်း။ (ဟောတိ)။ စတူသု၊ လေးဖက်ကုန်သော။ ပဿေသု၊ ဘေးတို့တွင်။ ယေန ကေနစိ၊ အမှတ်မထား တစ်ပါးပါးသော။ ပဿေန၊ ဘေးအားဖြင့်။ သြဏ‌တေန၊ ညွှတ်ကိုင်းသော။ သီသေန သမန္နာဂတော (ဟုတွာ)။ ကပ္ပသီသော ဝါ၊ နှစ်ခွဖြစ်သောဦးခေါင်းရှိသူသည်သော်လည်းကောင်း။ [ကပ္ပသီသောတိ ဒွိဓာဘူတသီသော။၊ ဋီကာ။] ပဗ္ဘရသီသော ဝါ၊ ကိုင်သော ဦးခေါင်းရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ ဝဏသီသော ဝါ၊ အနာရှိသော ဦးခေါင်းရှိသူသည်သော်လည်းကောင်း။ (ဒက်အကြီးစားတွေများသော ဦးခေါင်းရှိသူသည်သော်လည်းကောင်း။) ပူတိသီသော ဝါ၊ ပုပ်သော ဦးခေါင်းရှိသူသည်သော်လည်းကောင်း။ (အနာတွေများ၍ ခေါင်းပုပ်နေသူသည်သော်လည်းကောင်း။) ပါဏကေဟိ၊ ပိုးကောင်ငယ်တို့သည်။ ခါယိတကေဒါရေ၊ ခဲစားအပ်သော လယ်၌။ သဿသဒိသေဟိ၊ ကောက်ပင်တို့နှင့်တူကုန်သော။ တဟိံ တဟိံ၊ ထိုထို ဦးခေါင်းအရပ်၌။ ဥဋ္ဌိတေဟိ၊ ထကုန်သော။ ဝါ၊ ပေါက်ကုန်သော။ ကေသေဟိ၊ တို့နှင့်။ သမန္နာဂတော (ဟုတွာ)။ ကဏ္ဏိကကေသော ဝါ၊ ကြာချက်နှင့် တူသော ဆံပင်ရှိသူသည်သော်လည်းကောင်း။ (ဟောတိ။) နိလ္လောမသီသော ဝါ၊ ဆံပင်တည်းဟူသော အမွေးမရှိသော ဦးခေါင်းရှိသူသည်သော်လည်းကောင်း။ တာလဟီရသဒိသေဟိ၊ ထန်းမျှင်နှင့် တူကုန်သော။ ကေသေဟိ သမန္နာဂတော (ဟုတွာ)။ ထူလထဒ္ဓကေသော ဝါ၊ တုတ်သော ကြမ်းသောဆံပင်ရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ ဇာတိပလိတေဟိ၊ မွေးဖွားခြင်းအားဖြင့် ဖြူသောဆံပင်တို့ဖြင့်။ (မွေးသည်ကစ၍ ဖြူသောဆံပင်တို့ဖြင့်။) ပဏ္ဍရသီသော ဝါ၊ ဖြူသောဦးခေါင်းရှိသူသည်သော်လည်းကောင်း။ အာဒိတ္တေဟိ ဝိယ၊ မီးလောင်အပ်သကဲ့သို့ဖြစ်ကုန်သော။ ကေသေဟိ၊ ဆံပင်တို့နှင့်။ သမန္နာဂတော (ဟုတွာ)။ ပကတိတမ္မကေသော ဝါ၊ ပင်ကိုအားဖြင့် နီသောဆံပင်ရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ ဂုန္နံ၊ နွားတို့၏။ သရီရေ၊ ကိုယ်၌။ အာဝဋ္ဋသဒိသေဟိ၊ ဗွေနှင့်တူကုန်သော။ ဥဒ္ဓဂ္ဂေဟိ၊ အထက်၌ အဖျားရှိကုန်သော။ ကေသဝဋ္ဋေဟိ၊ ဆံဗွေတို့နှင့်။ သမန္နာဂတော (ဟုတွာ)။ အာဝဋ္ဋသီသော ဝါ၊ ဗွေရှိသော ဦးခေါင်းရှိသူသည်သော်လည်း။ (ဟောတိ)။ ဇာလာဗ‌‌ဒ္ဓေန ဝယ၊ ဇာဖြင့် ဖွဲ့အပ်သကဲ့သို့ဖြစ်သော။ နလာဋေန၊ နဖူးနှင့်။ သမန္နာဂတော (ဟုတွာ)။ သီသလောမေဟိ၊ ဦးခေါင်းမွေးတို့နှင့်။ သဒ္ဓိံ၊ ကွ။ ဧကာဗဒ္ဓဘမုလောမော ဝါ၊ တစ်ဆက်တည်း စပ်နေသော မျက်ခုံးမွေးရှိသူသည်သော်လည်း? (ဟောတိ)။
သမ္ဗဒ္ဓဘမုကော ဝါ၊ ဆက်စပ်သော မျက်ခုံးရှိသူသည်သော်လည်းကောင်း။ [နဖူးနှင့် မျက်ခုံးမွေးများ မကွဲပြာဘဲ ဆက်နေသောကြောင့် နဖူး၌ ဇာပိုက်ကွန် တပ်ထားသကဲ့သို့ ဖြစ်နေသည်။] နိလ္လောမဘမုကော ဝါ၊ အမွှေးမရှိသော မျက်ခုံးရှိသူသည်သော်လည်းကောင်း။ မက္ကဋဘမုကော ဝါ၊ မျောက်၏မျက်ခုံးနှင့်တူသော မျက်ခုံးရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ [မက္ကဋဘမုကောတိ နလာဋလောမေ ဟိ အဝိဘတ္တလောမဘမုကော။၊ ဝိမတိ။] အတိမဟန္တက္ခိ ဝါ၊ အလွန်ကြီးသော မျက်လုံးရှိသူသည်သော်လည်းကောင်း။ မဟိံသစမ္မေ၊ ကျွဲရေ၌။ ဝါသိကောဏေန၊ ဓား၏ အထောင့်ဖြင့်။ ပဟရိတွာ၊ ပေါက်၍။ ကတဆိဒ္ဒသဒိသေဟိ၊ ပြုအပ်သော အပေါက်နှင့်တူကုန်သော။ အက္ခီဟိ၊ မျက်လုံးတို့နှင့်။ သမန္နာဂတော (ဟုတွာ)။ အတိခုဒ္ဒကက္ခိ ဝါ၊ အလွန်သေားငယ်သောမျက်လုံးရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ ဧကေန၊ တစ်လုံးသော။ မဟန္တေန၊ ကြီးသော။ အက္ခိနာ၊ မျက်လုံးနှင့်လည်းကောင်း။ ဧကေန၊ သော။ ခုဒ္ဒကေန၊ သေးငယ်သော။ အက္ခိနာ၊ နှင့်လည်းကောင်း။ သမန္နာဂတော (ဟုတွာ)။ ဝိသမက္ခိဝါ၊ မညီမညွတ်သော မျက်လုံးရှိသူသည်သော်လည်း။ (ဟောတိ)။ ဧကေန၊ တစ်လုံးဖြင့်။ ဝါ၊ တစ်လုံးက။ ဥဒ္ဓံ၊ အထက်၌လည်းကောင်း။ ဧကေန၊ ဖြင့်။ ဝါ၊ က။ အဓော၊ အောက်၌လည်းကောင်း။ ဣတိ ဧဝံ၊ သို့။ ဝိသမဇာတေဟိ၊ မညီမညွတ်ဖြစ်ကုန်သော။ အက္ခိစက္ကလေဟိ၊ မျက်နက်ဝန်းတို့နှင့်။ [အက္ခိစက္ကလေဟီတိကဏှမဏ္ဍလေဟိ။၊ ဝိမတိ။] သမန္နာဂတော (ဟုတွာ)။ ဝိသမစက္ကလော ဝါ၊ မညီညွတ်သော မျက်နက်ဝန်းရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ ကေကရော ဝါ၊ မျက်စိစွေသူသည်သော်လည်းကောင်း။ [ကေကရောတိ ကိရိယံ ပဿန္တော။၊ ဋီကာ။] ဂမ္ဘီရက္ခိဝါ၊ နက်ရှိုင်းသော မျက်လုံးရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ ယဿ၊ ယင်း ဂမ္ဘီရက္ခိပုဂ္ဂိုလ်၏။ ဂမ္ဘီရေ၊ နက်ရှိုင်းသော။ ဥဒပါနေ၊ ရေတွင်း၌။ ဥဒကတာရကာ ဝိယ၊ ရေ၌ထင်သော အရိပ်တို့ကဲ့သို့။ ဝါ၊ ရေပွက်ကလေးတို့ကဲ့သို့။ အက္ခိတာရကာ၊ မျက်လုံး၏ အရိပ်တို့သည်။ ဝါ၊ ကြယ်တာရာနှင့်တူသော မျက်လုံးတို့သည်။ ပညာယန္တိ၊ ထင်ရှားကုန်၏။ (မျက်လုံးချိုင့်ဝင်နေသည်ဟု ဆိုလိုသည်။) [ဥဒကတာရကာတိ သြ‌လောကေန္တာနံ ဥဒကေ ပဋိဗိမ္ဗစ္ဆာယာ။ ဥဒကပုပ္ဖုဠံတိကေစိ။၊ ဝိမတိ။]
နိက္ခန္တက္ခိ ဝါ၊ ပြူးထွက်သော မျက်လုံးရှိသူသည်သော်လည်း။ (ဟောတိ)။ ယဿ၊ ယင်း နိက္ခန္တက္ခိပုဂ္ဂိုလ်၏။ ကက္ကဋကဿ၊ ပုဇွန်၏။ အက္ခိတာရကာဝိယ၊ မျက်လုံးတို့ကဲ့သို့။ နိက္ခန္တာ၊ ထွက်နေကုန်သည်။ ဟောန္တိ၊ န်၏။ (မျက်လုံးပြူးနေသည်ဟု ဆိုလိုသည်။]
မဟတီဟိ၊ ကြီးကုန်သော။ ကဏ္ဏသက္ခလိကာဟိ၊ နားရွက်တို့နှင့်။ သမန္နာဂတော (ဟုတွာ)။ ဟတ္ထိကဏ္ဏေ ဝါ၊ ဆင့်နားရွက်နှင့်တူသော။ နားရွက်ရှိသူသည်သော်လည်း။ (ဟောတိ)။ ခုဒ္ဒိကာဟိ၊ သေးငယ်ကုန်သော။ ကဏ္ဏသက္ခလိကာဟိ သမန္နာဂတော(ဟုတွာ)။ မူသိကကဏ္ဏော ဝါ၊ ကြွက်နားရွက်နှင့်တူသော နားရွက်ရှိသူသည်သော်လည်းကောင်း။ ဇဋုကကဏ္ဏောဝါ၊ လင်းနို့နားရွက်နှင့်တူသော နားရွက်ရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ ဆိဒ္ဒမတ္တကဏ္ဏော ဝါ၊ အပေါက်မျှသာရှိသောနားရှိသူသည်သော်လည်း။ (ဟောတိ။ မတ္တဖြင့် နားရွက်ကို ကန့်။) ယဿ၊ ယင်းဆိဒ္ဒမတ္တကဏ္ဏပုဂ္ဂိုလ်၏။ ကဏ္ဏသက္ခလိကာဟိ၊ တို့နှင့်။ ဝိနာ၊ ကင်း၍။ ကဏ္ဏဆိဒ္ဒမတ္တမေဝ၊ နားပေါက်မျှသည်သာ။ (နားဂလောင်မျှသာ။) ဟောတိ။
အဝိဒ္ဓကဏ္ဏော ဝါ၊ မဖောက်အပ်သော နားရှိသူသည်သော်လည်း။ (ဟောတိ)။ ပန၊ ဆက်။ ယောနကဇာတိကော၊ ယောနကအမျိုးဇာတ် ရှိသူသည်။ ပရိသဒူသကော၊ နားမဖောက်သော်လည်း ပရိသတ်ကို ဖျက်ဆီးသူသည်။ န ဟောတိ။
ဟိ၊ မှန်။ တဿ၊ ထိုယောနကအမျိုးသား၏။ သော၊ ထိုနားမဖောက်ခြင်းသည်။ သဘာဝေါယေဝ၊ ပင်ကိုသဘောပင်တည်း။ [လူမျိုး၏ ထုံးစံပင်တည်း။] နိစ္စပူတိနာ၊ အမြဲပုပ်သော။ ကဏ္ဏေန၊ နားနှင့်။ သမန္နာဂတော (ဟုတွာ)။ ကဏ္ဏဘဂန္ဒရိကော ဝါ၊ နားဘဂန္ဒိုရ်နာ ရှိသူသည်သော်။ လည်း။ (နားထဲမှ အရိအရွဲ ယိုနေသူသည်လည်း။) (ဟောတိ) သဓါ၊ အခါခပ်သိမ်း။ ပဂ္ဃရိတပုဗ္ဗေန၊ ယိုစီးသော ပြည်ရှိသော။ ကဏ္ဏေန သမန္နာဂတော (ဟုတွာ)။ ဂဏ္ဍကဏ္ဏော ဝါ၊ အနာရှိသော နားရှိသူသည်သော်လည်း။ (ဟောတိ)။ ဂေါဘတ္တနာဠိကာယ၊ နွားစာအရည်ကို (ပါးစပ်သို့) ထည့်သွင်းကြောင်း ကျည်တောက်၏။ အဂ္ဂသဒိသေဟိ၊ အဖျားနှင့်တူကုန်သော။ ကဏ္ဏေဟိ သမန္နာဂတော (ဟုတွာ)။ ဋင်္ကိတကဏ္ဏော ဝါ၊ ဖောက်ခွဲအပ်သော နားရှိသူသည်သော်လည်း။ (ဟောတိ)။ [ဋကိ(ဋင်္က)ဓာတ်သည် ဝိိဒါရ (ဖောက်ခွဲခြင်း) အနက်ကို ဟော၏။ နားပေါက်ကို ဖောက်တုန်းက လုံးလုံးဝိုင်းဝိုင်းမဟုတ်ဘဲ နွားစာအရည်ကို ပါးစပ်သို့သွင်းသော ကျည်တောက်၏အဖျားကဲ့သို့ နားပေါက်ကွဲနေသည်ဟု ဆိုလိုဟန်တူသည်။ ရှေးနိဿယ၌ **"ဋင်္ကိတကဏ္ဏော ဝါ၊ ရှူးသော, ဝါ၊ ချွန်သော နားရှိသည်လည်း"** ဟုပေး၏။] အတိပိင်္ဂလက္ခိ ဝါ၊ အလွန်ကြောင်သော မျက်လုံးရှိသူသည်သော်လည်း။ (ဟောတိ)။ ပန၊ ဆက်။ မဓာပိင်္ဂလံ၊ ပျားကဲ့သို့ ကြောင်သော မျက်လုံးရှိသူကို။ ပဗ္ဗာဇေတုံ ဝဋ္ဋတိ။
နိပ္ပခုမက္ခိ ဝါ၊ မျက်တောင်မွေးမရှိသော မျက်လုံးရှိသူသည်သော်လည်းကောင်း။ အဿုပဂ္ဃရဏက္ခိ ဝါ၊ ယိုသော မျက်ရည်ရှိသော မျာက်လုံးရှိသူသည်သော်လည်းကောင်း။ ပုပ္ဖိတက္ခိ ဝါ၊ ပန်းပွင့်ကဲ့သို့ ပွင့်သောမျက်လုံးရှိသူသည်သော်လည်းကောင်း။ ဝါ၊ မျက်ခွံလန်သော မျက်လုံးရှိသူသည်သော်လည်းကောင်း။ အက္ခိိပါကေန၊ မျက်စိ၏ကျယ်ခြင်းနှင့်။ ဝါ၊ မျက်ခမ်းစပ်ခြင်းနှင့်။ သမန္နာဂတက္ခိဝါ၊ ပြည့်စုံသော မျက်လုံးရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။
အတိမဟန္တနာသိကော ဝါ၊ အလွန်ကြီးသော နှာခေါင်းရှိသူသည်သော်လည်းကောင်း။ စိပိဋနာသိကော ဝါ၊ ပိညှပ်သော နှာခေါင်းရှိသူသည်သော်လည်းကောင်း။ ပဇ္ဈေ၊ အလယ်၌။ အပ္ပတိဋ္ဌဟိတွာ၊ မတည်မူ၍။ ဧကပဿေ၊ တစ်ခုသောဘေး၌။ ဌိတဝင်္ကနာသိကော ဝါ၊ တည်သော ကောက်သောနှာခေါင်းရှိသူသည်သော်လည်းကောင်း။ သုကတုဏ္ဍသဒိသာယ၊ ကျေး၏နှုတ်သီးနှင့်တူသော။ (နာသိကာယ၌ စပ်။) ဇိဝှာယ၊ လျှာဖြင့်။ လေဟိတုံ၊ လျက်ခြင်းငှာ။ သက္ကုဏေယျာယ၊ တတ်ကောင်းသော။ နာသိကာယသမန္နဂတော (ဟုတွာ)။ ဒီဃနာသိကော ဝါ၊ ရှည်လွန်းသောနှာခေါင်းရှိသူသော်လည်းကောင်း။ (ဟောတိ)။ နိစ္စပဂ္ဃရိတသိင်္ဃာဏိကနာသော ဝါ၊ အမြဲယို၍နေသောနှပ်ရှိိသော နှာခေါင်းရှိသူသည်သော်လည်း။ (ဟောတိ)။
မဟာမုခေါ ဝါ၊ ကြီးသော မုခနိမိတ်ရှိသူသည်သော်လည်း။ (ဟောတိ)။ ယဿ၊ ယင်း မဟာပုခပုဂ္ဂိုလ်၏။ ပဋင်္ဂမဏ္ဍူကဿ၊ ပဋင်္ဂမည်သော ဖား၏။ (မုခနိမိတ္တံ) ဣဝ၊ ပါးစပ်၏ အမှတ်အသားကဲ့သို့။ မုခနိမိတ္တံယေဝ၊ သည်သာ။ မဟန္တံ၊ ကြီးသည်။ ဟောတိ။ မုခံပန၊ ပါးစပ်ပေါက်သည်ကား။ လာဗုသဒိသံ၊ ဗူးပေါက်နှင့်တူသည်။ (ဟုတွာ)။ အတိခုဒ္ဒကံ၊ အလွန်သေးငယ်သည်။ (ဟောတိ)။ [ပါးစပ်ပုံသဏ္ဌာန်ကြီးသော်လည်း ပါးစပ်ပေါက်ကား သေးနေသည်။] ဘိန္နမုခေါ ဝါ၊ ကွဲသောပါးစပ်ပေါက်ရှိသူသည်သော်လည်းကောင်း။ ဝင်္ကမုခေါ ဝါ၊ ကောက်သော ပါးစပ်ပေါက် ရှိသူသည်သော်လည်းကောင်း။ ဥက္ခလိမုခဝဋ္ဋိသဒိသေဟိ၊ ထမင်းအိုး၏မျက်နှာရစ်နှင့်တူကုန်သော။ ဩဋ္ဌေဟိ၊ လန်နေသော နှုတ်ခမ်းတို့နှင့်။ သမန္နာဂတော(ဟုတွာ)။ မဟာဩဋ္ဌေ ဝါ၊ ကြီးသော နှုတ်ခမ်းရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ ဘေရိစမ္မသဒိသေဟိ၊ စည်ကြက်ကြောင်း သားရေနှင့်တူကုန်သော။ ဒန္တေ၊ သွားတို့ကို။ ပိဒဟိတုံ၊ ပိတ်ခြင်းငှာ။ အသမတ္ထေဟိ၊ မစွမ်းနိုင်ကုန်သော။ ဩဋ္ဌေဟိ၊ တိုသောနှုတ်ခမ်းတို့နှင့်။ သမန္နာဂတော (ဟုတွာ)။ တနုကဩဋ္ဌော ဝါ၊ သေးငယ်သော နှုတ်ခမ်းရှိသူသည်သော်လည်း။ (ဟောတိ)။ မဟာဓရောဋ္ဌော၊ ကြီးသော အောက်နှုတ်ခမ်းရှိသူသည်။ (ဟုတွာ)။ တနုကဥတ္တရောဋ္ဌော ဝါ၊ သေးငယ်သော အထက်နှုတ်ခမ်းရှိသူသည်သော်လည်းကောင်း။ တနုကအဓရောဋ္ဌော၊ သေးငယ်သော အောက်နှုတ်ခမ်းရှိသည်။ (ဟုတွာ)။ မဟာဥတ္တရောဋ္ဌော ဝါ၊ ကြီးသော အထက်နှုတ်ခမ်းရှိသူသည်သော်လည်းကောင်း။ [ "မဟာဓရောဋ္ဌော ဝါ တနုကဥတ္တရောဋ္ဌော ဝါ" စသည်ဖြင့် အသီးအသီး ဝါသဒ္ဒါပါနေသည်ကား မကောင်း။ နှစ်ပုဒ်မှ ဝါ တစ်လုံးသာ ပါစေရမည်။] ဩဋ္ဌဆိန္နကော ဝါ၊ ပြတ်သောနှုတ်ခမ်းရှိသူသည်သော်လည်းကောင်း။ ဧဠမုခေါ ဝါ၊ အရိယိုသောခံတွင်းရှိသူသည်သော်လည်းကောင်း။ (အမြဲ သွားရည်ယိုနေသော ခံတွင်းရှိသူသည်သော်လည်းကောင်း။) ဥပက္ကမုခေါ ဝါ၊ ဖုရယုထသော ခံတွင်းရှိသူသည်လည်းကောင်း။ (အဖုကလေးတွ ပေါက်နေသော ခံတွင်းရှိသူသည်သော်လည်းကောင်း။) [ရှေးနိဿယ၌ **"ဥပက္ကမုခေါ ဝါ၊ စပ်သော နှုတ်ခမ်းရှိသည်လည်း"** ဟု ပေး၏။] ဗဟိ၊ အပြင်၌။ ဝါ၊ အပြင်က။ သေတေဟိ၊ ဖြူကုန်သော။ အန္တော၊ အတွင်း၌။ ဝါ၊ အတွင်းက။ အတိရတ္တေဟိ၊ အလွန်နီကုန်သော။ ဩဋ္ဌေဟိ သမန္နာဂတော (ဟုတွာ)။ သင်္ခတုဏ္ဍကော ဝါ၊ ခရုသင်းစွဲရှိသော နှုတ်ခမ်းရှိသူသည်သော်လည်းကောင်း။ (တုဏ္ဍသဒ္ဒါ နှုတ်သီးအနက်ဟော။) ဒုဂ္ဂန္ဓကုဏပမုခေါ ဝါ၊ မကောင်းသောအနံ့ရှိသော ပုပ်သော ခံတွင်းရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။
အဋ္ဌကဒန္တသဒိသေဟိ၊ ရှစ်ချောင်းရှိသော ထွန်း၏ အသွားတို့နှင့် တူကုန်သော။ ဒန္တေဟိ၊ သွားတို့နှင့်။ သမန္နာဂတော (ဟုတွာ)။ မဟာဒန္တော ဝါ၊ ကြီးသောသွားရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ ဟေဋ္ဌာ ဝါ၊ အောက်၌သော်လည်းကောင်း။ ဝါ၊ အောက်ကသော်လည်းကောင်း။ ဥပရိ ဝါ၊ အထက်၌သော်လည်းကောင်း။ ဝါ၊ အထက်ကသော်လည်းကောင်း။ ဗဟိ၊ အပြင်ဘက်သို့။ နိက္ခန္တဒန္တော၊ ထွက်သောသွားရှိသည်။ (ဟုတွာ)။ အသုရဒန္တော ဝါ၊ ခေါသော သွားရှိသူသည်သော်လည်း။ (ဟောတိ)။ ပန၊ ဆက်။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ ဩဋ္ဌေဟိ၊ နှုတ်ခမ်းတို့ဖြင့်။ (ဒန္တေ၊ သွားတို့ကို။) ပိဒဟိတုံ၊ ပိတ်ဖုံးခြင်းငှာ။ သက္ကာ၊ တတ်ကောင်းသည်။ ဟောတိ။ ကထေန္တဿေဝ၊ စကားပြောသော်သာ။ ဝါ၊ စကားပြောမှသာ။ ပညာယတိ၊ ထင်ရှား၏။ အကထေန္တဿ၊ စကားမပြောလသော်။ နော(ပညာယတိ)၊ မထင်ရှား။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ပဗ္ဗာဇေတုံ ဝဋ္ဋတိ။
ပူတိဒန္တော ဝါ၊ ပုပ်သောသွားရှိသူသည်သော်လည်းကောင်း။ နိဒ္ဒန္တော ဝါ၊ သွားမရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ ပန၊ ဆက်။ ယဿ၊ ၏။ ဒန္တန္တရေ၊ သွားတို့၏ အကြား၌။ ကလန္ဒကဒန္တော ဝိယ၊ ရှည့်၏သွားကဲ့သို့။ သုခုပဒန္တော၊ သေးငယ်သော သွားသည်။ ဟောတိ၊ ရှိတတ်၏။ တံ ပဗ္ဗဇေတုံ ဝဋ္ဋတိ။
ဂေါဟနုသဒိသေန၊ နွား၏မေးနှင့်တူသော။ ဟနုနာ၊ မေးနှင့်။ သမန္နာဂတော(ဟုတွာ)။ မဟာဟနုကော ဝါ၊ ကြီးသောမေးရှိသူသည်သော်လည်း။ (ဟောတိ)။ ဒီီဃဟနုကော ဝါ၊ ရှည်သောမေး ရှိသူသည်သော်လည်းကောင်း။ အန္တော၊ အတွင်း၌။ ပဝိဋ္ဌေန ဝိယ၊ ဝင်နေသကဲ့သို့ဖြစ်သော။ အတိရဿေန၊ အလွန်တိုသော။ ဟနုကေန၊ မေးနှင့်။ သမန္နာဂတော (ဟုတွာ)။ စိပိဋဟနုကော ဝါ၊ ပိညှပ်သောမေး ရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ ဘိန္နဟနုကော ဝါ၊ ကွဲသောမေးရှိသူသည်သော်လည်းကောင်း။ ဝင်္ကဟနုကော ဝါ၊ ကောက်သောမေးရိုး ရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ ဘိက္ခုနိသဒိသမုခေါ၊ ဘိက္ခုနီ၏မျက်နှာနှင့်တူသော မျက်နှာရှိသော။ နိမ္မဿုဒါဌိတော ဝါ၊ မုတ်ဆိတ်, ကျင်စွယ် မရှိသူသည်သော်လည်းကောင်း။ ဗကဂလသဒိသေန၊ ဗျိုင်း၏ လည်ပင်းနှင့်တူသော။ ဂလေန၊ လည်ပင်းနှင့်။ သမန္နာဂတော (ဟုတွာ)။ ဒီဃဂလော ဝါ၊ ရှည်သော လည်ပင်းရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ အန္တော၊ ၌။ ပဝိဋ္ဌေန ဝိယ၊ ဝင်နေသကဲ့သို့ဖြစ်သော။ ဂလေန သမန္နာဂတော (ဟုတွာ)။ ရဿဂလော ဝါ၊ တိုသောလည်ပင်းရှိသူသည်သော်လည်း။ ဟောတိ။ ဘိန္နဂလော ဝါ၊ ကွဲပြားသောလည်ပင်းရှိသူသည်သော်လည်းကောင်း။ ဝါ၊ အောက်သို့ညွတ်သော လည်ပင်းရှိသူသည်သော်လည်းကောင်း။ [ဘိန္နဂလောတိ အဝနတဂလော။၊ (ဝိမတိ) အတွင်းချိုင့်နေသောကြောင့် လည်ပင်းနှစ်ခုကဲ့သို့ ကွဲပြားနေသည်= ဟူလို။] ဘဋ္ဌအံသကူဋော ဝါ၊ လျှောကျသော ပခုံးစွန်းရှိသူသော်လည်းကောင်း။ အဟတ္ထော ဝါ၊ လက်မရှိသူသည်သော်လည်းကောင်း။ ဧကဟတ္ထော ဝါ၊ တစ်ဖက်သောလက်ရှိသူသည်သော်လည်းကောင်း။ အတိရဿဟတ္ထောဝါ၊ အလွန်တိုသော လက်ရှိသူသည်သော်လည်းကောင်း။ အတိဒီဃဟတ္ထော ဝါ၊ အလွန်ရှည်သော လက်ရှိသူသည်သော်လည်းကောင်း။ ဘိန္နဥရော ဝါ၊ ကွဲပြားသော ရင်ဘတ်ရှိသူသည်သော်လည်းကောင်း။ [ဘိန္နဥရောတိ အတိနိန္နဥရမဇ္ဈော၊ (ဝိမတိ) ရင်ဘတ်နှစ်ခု၏ အလယ်ခေါင်၌ ချိုင့်ဝင်နေသောကြောင့် ကွဲပြားသကဲ့သို့ဖြစ်နေသည်။] ဘိန္နပိဋ္ဌိ ဝါ၊ ကွဲပြားသောကျောက်ကုန်းရှိသူသော်လည်းကောင်း။ ကစ္ဆုဂတ္တော ဝါ၊ ဝဲစားသော ကိုယ်ရှိသူသည်သော်လည်းကောင်း။ (ခွေဝဲစားကဲ့သို့ တစ်ကိုယ်လုံး ဝဲတွေပေါက်နေသူသည်သော်လည်းကောင်း။) ကဏ္ဍုဂတ္တော ဝါ၊ ယားနာရှိသော ကိုယ်ရှိသူသည်သော်လည်းကောင်း။ ဒဒ္ဒုဂတ္တော ဝါ၊ ပွေးနာရှိသောကိုယ်ရှိသူသည်သော်လည်းကောင်း။ ဂေါဓာဂတ္တော ဝါ၊ ဖွတ်၏ ကိုယ်နှင့်တူသော ကိုယ်ရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ ယဿ၊ ယင်း ဂေါဓာဂတ္တပုဂ္ဂိုလ်၏။ ဂေါဓာယ ဝိယ၊ ဖွတ်၏ ကဲ့သို့။ ဂတ္တတော၊ ကိုယ်မှ။ စုဏ္ဏာနိ၊ အမှုန့်တို့သည်။ ပတန္တိ၊ ကျကုန်၏။ စ၊ ဆက်။ သဗ္ဗံ၊ အလုံးစုံသော။ ဧတံ၊ ဤ ကစ္ဆုဂတ္တော စသော စကားကို။ ဝိရူပကရဏံ၊ ဖောက်ပြန်သော အဆင်းရှိအောင် ပြုတတ်သော ရောဂါကို။ သန္ဓာယ၊ ရည်ရွယ်၍။ ဝိတ္တာရိတဝသေန၊ အကျယ်ချဲ့အပ်သည်၏အစွမ်းဖြင့်။ ဝုတ္တံ၊ ပြီ။
ပန၊ ဆက်။ ဧတ္ထ၊ ဤ ကစ္ဆုဂတ္တ အစရှိသည်၌။ ဝိနိစ္ဆယော၊ ကို။ န ဘိက္ခဝေ ပဥ္စဟိအာဗာဒေဟီတိ ဧတ္ထ၊ ဟူသော ဤသိက္ခာပုဒ်၌။ ဝုတ္တနယေနေဝ၊ ဖြင့်သာ။ ဝေဒိတဗ္ဗော၊ ၏။ [**"သဗ္ဗဉ္စေတံတိ ကစ္ဆုဂတ္တာတိအာဒိံ သန္ဓာယ ဝုတ္တံ။ ဧတ္ထ စ ဝိနိစ္ဆယော ကုဋ္ဌာဒီသု ဝုတ္တော ဧဝါ အာဟ ဝိနိစ္ဆယော တိ"**၊ ဝိမတိ။]
ဘဋ္ဌကဋိကော ဝါ၊ လျှောကျသောအခါးရှိသူသည်သော်လည်းကောင်း။ ဥဒ္ဓနကူဋသဒိသေဟိ၊ ဖိုခနောက်အဖျားနှင့်တူကုန်သော။ အစ္စုဂ္ဂတေဟိ၊ အထက်သို့ချွန်တက်ကုန်သော။ အာနိသဒမံသေဟိ၊ တင်ပါး၏အသားတို့နှင့်။ သမန္နာဂတော(ဟုတွာ)။ မဟာအာနိသဒေါ ဝါ၊ ကြီးသောတင်ပါးရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ မဟာဥရုကော ဝါ၊ တုတ်သောပေါင်ရှိသူသည်သော်လည်းကောင်း။ ဝါ တဏ္ဍိကော ဝါ၊ လေဝင်သောဥရှိသူသည်သော်လည်းကောင်း။ (မုတ်ကြီးသူသည်သော်လည်းကောင်း၊) [ဝါတဏ္ဍိကောတိ အဏ္ဍဝါတရောဂေန ဥဒ္ဓုမာတဗီဇဏ္ဍကောသေနသမန္နာဂတော။ ယဿ နိဝါသနေန ပဋိစ္ဆန္နမ္ပိ ဥန္နတံ ပကာသတိ။ သောဝ နပဗ္ဗာဇေတဗ္ဗော။၊ ဝိမတိ။] မဟာဇာဏုကော၊ ကြီးသော ဒူးပုဆစ်ရှိသူသည်သော်လည်းကောင်း။ သင်္ဃဋ္ဋနဇာဏုကော ဝါ၊ အချင်းချင်း ထိခိုက်သော ဒူးပုဆစ်ရှိသူသည်သော်လည်းကောင်း။ ယဋ္ဌိသဒိသဇင်္ဃော၊ ဝါးတောင်ဝှေးနှင့်တူသော ခြေသလုံးရှိသည်။ (ဟုတွာ)။ ဒီဃဇင်္ဃော ဝါ၊ ရှည်သောခြေသလုံးရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ ဝိကဋော ဝါ၊ ဖီလာသွားသော ခြေရှိသူသည်သော်လည်းကောင်း။ [ဝိကဋောတိ တိရိယံ ဂမနပါဒေဟိ သမန္နာဂတော။ ယဿ စ စင်္ကမတောဇာဏုကာ ဗဟိ ဂစ္ဆန္တိ။၊ ဋီကာ။] ပဏှော ဝါ၊ နောက်သို့လည်သော ခြေရှိသူသည်သော်လည်းကောင်း။ [ပဏှောတိပစ္ဆတော ပရိဝတ္တပါဒေဟိ သမန္နာဂတော။ ယဿ စင်္ကမတော ဇာဏုကာ အန္တောပဝိသန္တိ၊ ဋီကာ။] ဥပဒ္ဓပိဏ္ဍိကော ဝါ၊ အောက်သို့သက်သော ကြီးသော သလုံးမြင်းခေါင်းသား ရှိသူသည်သော်လည်းကောင်း။ ဝါ၊ အထက်သို့တက်သော ကြီးသောသလုံးမြင်းခေါင်းသား ရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ သော၊ ထိုဥပဒ္ဓပိဏ္ဍိကပုဂ္ဂိုလ်သည်။ ဟောဋ္ဌာ၊ အောက်သို့။ ဩရုဠှာဟိ ဝါ၊ သက်ဆင်းသည်မူလည်းဖြစ်ကုန်သော။ ဥပရိ၊ အထက်သို့။ အာရုဠှာဟိ ဝါ၊ တက်သည်မူလည်း ဖြစ်ကုန်သော။ မဟတီဟိ၊ ကြီးကုန်သော။ ဇင်္ဃပိဏ္ဍိကာဟိ၊ သလုံးမြင်းခေါင်းသားတို့နှင့်။ သမန္နာဂတော (ဟုတွာ)။ ဒုဝိဓော၊ နှစ်ပါးအပြားရှိ၏။ မဟာဇင်္ဃော ဝါ၊ ကြီးသော ခြေသလုံးရှိသူသည်သော်လည်းကောင်း။ ထူလဇင်္ဃပိဏ္ဍိကော ဝါ၊ ဝဖြိုးကြီးမားသော သလုံးမြင်းခေါင်းသား ရှိသူသည်သော်လည်းကောင်း။ မဟာပါဒေါ ဝါ၊ ကြီးသော ခြေရှိသူသည်သော်လည်းကောင်း။ မဟာပဏှိ ဝါ၊ ကြီးသောဖနောင့် ရှိသူသည်သော်လည်းကောင်း။ ပါဒဝေမဇ္ဈတော၊ ခြေဖမိုး၏အလယ်မှ။ ဥဋ္ဌိတဇင်္ဃော၊ ပေါ်ထွက်သော ခြေသလုံးရှိသည်။ (ဟုတွာ)။ ပိဋ္ဌိကပါဒေါ ဝါ၊ ခြေဖမိုး၏အလယ်မှပေါက်သောခြေသလုံးရှိသူသည်သော်လည်းကောင်း။ (ဟောတိ)။ ဝင်္ကပါဒေါ ဝါ၊ ကောက်သောခြေရှိသူသည်သော်လည်း။ (ဟောတိ)။ သော၊ ထိုဝင်္ကပါဒပုဂ္ဂိုလ်သည်။ အန္တော ဝါ၊ အတွင်း၌သော်လည်းကောင်း။ ဗဟိ ဝါ၊ ပြင်ဘက်၌သော်လည်းကောင်း။ ပရိဝတ္တပါဒေါ၊ လည်သောခြေရှိသည်။ (ဟုတွာ)။ ဒုဝိဓော၊ ၏။ သိင်္ဂိဝေရဖဏသဒိသာဟိ၊ ချင်းတက်၏ ပါးပျဉ်းနှင့်တူကုန်သော။ အင်္ဂုလီဟိ၊ လက်ချောင်း, ခြေချောင်းတို့နှင့်။ သမန္နာဂတော( ဟုတွာ)။ ဂဏ္ဌိကင်္ဂုလိဝါ၊ ချင်းတက်အလား များသောအဖုရှိသော လက်ချောင်း,ခြေချောင်းရှိသူသည်သော်လည်း။ (ဟောတိ)။ ကာဠဝဏ္ဏေဟိ၊ မည်းနက်သော အဆင်းရှိကုန်သော။ ပူတိနခေဟိ၊ ပုပ်သော လက်သည်း, ခြေသည်းတို့နှင့်။ သမန္နာဂတော (ဟုတွာ)။ အန္ဓနခေါ ဝါ၊ ကန်းသော လက်သည်း,ခြေသည်းရှိသူသည်သော်လည်း။ (ဟောတိ)။ သဗ္ဗောပိ၊ အလုံးစုံလည်းဖြစ်သော။ ဧသ၊ ဤပုဂ္ဂိုလ်သည်။ ပရိသဒူသကော၊ ပရိသတ်ကို ဖျက်ဆီးတတ်သူတည်း။
ဧဝရူပေါ၊ သော။ ပရိသဒူသကော၊ ပရိသတ်ကိုဖျက်ဆီးတတ်သူကို။ န ပဗ္ဗာဇေတဗ္ဗော။ [ဤကဲ့သို့ပုဂ္ဂိုလ် တစ်ယောက်ပါသောပရိသတ်သည် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ရသကဲ့သို့, ကြည့်၍မကောင်းအောင် အသရေပျက်၏။ ထို့ကြောင့် "ထိုပုဂ္ဂိုလ်ကို သာမဏေလည်းပြုမပေးရ, ရဟန်းလည်း ပြုမပေးရ" ဟု မိန့်တော်မူသည်။]
**ကဏော** တိ၊ ကား။ ပသန္နန္ဓော ဝါ၊ ကန်းသော စက္ခုအကြည်ရှိသူသည်သော်လည်း။ ဟောတု၊ ဖြစ်စေ။ ပုဗ္ဗာဒီဟိ၊ ပြည်အစရှိသည်တို့သည်။ (အာဒိဖြင့် သလိပ်, သည်းခြေ, သွေး, လေတို့ကို ယူ။) ဥပဟတပသာဒေါ ဝါ၊ ဖျက်ဆီးအပ်သော စက္ခုအကြည်ရှိသူသည်သော်လည်း။ (ဟောတု)။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဒွီဟိ၊ နှစ်လုံးကုန်သော။ (အက္ခီဟိ) ဝါ၊ မျက်စိတို့ဖြင့်သော်လည်းကောင်း။ ဧကေန၊ သော။ အက္ခိနာ ဝါ၊ လည်းကောင်း။ န ပဿတိ၊ မမြင်ရ။ သော၊ ထိုပုဂ္ဂိုလ်ကို။ န ပဗ္ဗာဇေတဗ္ဗော။
ပန၊ ဝါဒန္တရကား။ မဟာပစ္စရိယံ၊ ၌။ ဧက္ခိကာဏော၊ တစ်လုံးသောမျက်စိတို့ဖြင့် ကန်းသူကို။ ကာဏောတိ၊ ဟူ၍။ ဝုတ္တော၊ ပြီ။ ဒွိအက္ခိကာဏော၊ နှစ်လုံးသော မျက်စိဖြင့်ကန်းသူကို။ အန္ဓေန၊ အန္ဓသဒ္ဒါဖြင့်။ သင်္ဂဟိတော၊ သိမ်းယူအပ်ပြီ။
မဟာအဋ္ဌကထာယံ၊ ၌။ ဇစ္စန္ဓော၊ ပဋိသန္ဓေအားဖြင့် ကန်းသူကို။ အန္ဓောတိ၊ ဟူ၍။ ဝုတ္တော၊ ပြီ။ တသ္မာ၊ ကြောင့်။ ဥဘယမ္ပိ၊ နှစ်မျိုးလုံးသောစကားသည်လည်း။ ပရိယာယေန၊ ပရိယာယ်အားဖြင့်။ ယုဇ္ဇတိ၊ သင့်၏။
ဟတ္ထကုဏီ ဝါ၊ လက်အားဖြင့် ကောက်သူသည်သော်လည်းကောင်း။ ပါဒကုဏီ ဝါ၊ ခြေအားဖြင့် ကောက်ယူသည်သော်လည်းကောင်း။ အင်္ဂုလိကုဏီ ဝါ၊ လက်ချောင်း,‌ခြေချောင်းအားဖြင့် ကောက်သူသည်သော်လည်းကောင်း။ **ကုဏီ** တိ၊ မည်၏။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ ဧတေသု ဟတ္ထာဒီသု၊ ဤ လက်အစရှိသည်တို့တွင်။ ယံကိဉ္စိ၊ အမှတ်မထား တစ်ပါးပါးသောအင်္ဂါသည်။ ဝင်္ကံ၊ ကောက်သည်။ (ဟုတွာ)။ ပညာယတိ၊ ထင်ရှား၏။ သော၊ သည်။ ကုဏီ နာမ၊ မည်၏။

**ခဉ္ဇော** တိ၊ ကား။ နတဇာဏုကော ဝါ၊ ကိုင်းညွတ်သော ဒူး ပုဆစ်ရှိသူသည်သော်လည်း။ (ဟောတိ)။ ဘိန္နဇင်္ဃေ ဝါ၊ ကွဲပြားသော သလုံးမြင်ခေါင်းရှိသူသည်သော်လည်း။ (ဟောတိ)။ မဇ္ဈေ၊ အလယ်၌။ သင်္ကုဋိတပါဒတ္တာ၊ တွန့်သောခြေရှိသည်၏အဖြစ်ကြောင့်။ (ခွေလိပ်သောခြေ ရှိသည်၏အဖြစ်ကြောင့်။) ပိဋ္ဌိပါဒမဇ္ဈေန၊ ခြေဖမိုး၏ အလယ်ဖြင့်။ စင်္ကမန္တော၊ လမ်းသွားရသည်။ (ဟုတွာ)။ ကုဏ္ဌပါဒကော ဝါ၊ တုံးသော ချို့တဲ့သော အခြေရှိသည်သော်လည်း။ ဟောတိ။ အဂ္ဂေ၊ အဖျား၌။ သင်္ကုဋိတပါဒတ္တာ၊ ကြောင့်။ ပိဋ္ဌိပါဒဂ္ဂေန၊ ခြေဖမိုး၏အဖျားဖြင့်။ စင်္ကမန္တော၊ လမ်းသွားရသည်။ (ဟုတွာ)။ ကုဏ္ဌပါဒကော ဝါ၊ သော်လည်း။ (ဟောတိ)။ အဂ္ဂပါဒေနေဝ၊ ခြေဖျားဖြင့်ပင်။ စင်္ကမနခဉ္ဇော ဝါ၊ ခွင်သောလမ်းသွားရခြင်းရှိသူသည်သော်လည်း။ ဝါ၊ လမ်းသွားရခြင်းအားဖြင့် ခွင်သူသည်သော်လည်း။ (ဟောတိ)။မဇ္ဈေ၊ပေ၊စင်္ကမန္တော။ ။ မဇ္ဈေ သင်္ကုဋိတပါဒတ္တာသည် ကုဏ္ဌပါဒကော၏အကြောင်းပြဟိတ်တည်း၊ ပိဋ္ဌိပါဒမဇ္ဈေန စင်္ကမန္တောသည် ထို ကုဏ္ဌပါဒပုဂ္ဂိုလ်၏သွားပုံကိုပြသော စကားတည်း၊ [စာအုပ်တို့၌ "ကုဏ္ဍ" ဟု ရှိသော်လည်း (၇၂၉) အဘိဓာန်၌ "ကုဏ္ဌော မန္ဒေါ ကြိယာသုဟိ- ထိုထိုကြိယာတို့၌ ညံ့ဖျင်းသူကို ကုဏ္ဌခေါ်သည်" ဟု ဆိုသည်၊ ထို့ကြောင့် ဝေကလ္လ(ချို့တဲ့ခြင်း) အနက်ဟော ကုဌိဓာတ်ဖြင့် "ကုဏ္ဌ" ဟုသာ ရှိသင့်၏။]
အဂ္ဂေ၊ပေ၊စင်္ကမန္တော။ ။ အဂ္ဂေသင်္ကုဋိတပါဒတ္တာသည် ကုဏ္ဌပါဒကော၏ဟိတ်တည်း၊ ပိဋ္ဌိပါဒဂ္ဂေန စင်္ကမန္တောသည် ထိုကုဏ္ဌပါဒပုဂ္ဂိုလ်၏ သွားပုံကိုပြသောစကားတည်း၊ [ကုဏ္ဌပါဒဿေဝ ဂမနသဘာဝံ ဝိဘာဝေတိ "ပိဋ္ဌိပါဒဂ္ဂေန စင်္ကမန္တော" တိ၊- ဋီကာ။]
ပဏှိကာယ၊ ခြေဖနောင့်ဖြင့်။ စင်္ကမနခဉ္ဇော ဝါ (ဟောတိ)။ ပါဒဿ၊ ခြေ၏။ ဗာဟိရန္တေန၊ ပြင်ဘက်အစွန်းဖြင့်။ စင်္ကမနခဉ္ဇော ဝါ(ဟောတိ)။ ပါဒဿ၊ ခြေ၏။ အဗ္ဘန္တရန္တေန၊ အတွင်းအစွန်းဖြင့်။ စင်္ကမနခဉ္ဇော ဝါ (ဟောတိ)။ ပါဒဿ၊ ၏။ ဂေါပ္ဖကာနံ၊ ခြေဖမျက်တို့၏။ ဥပရိ၊ ၌။ ဘဂ္ဂတ္တာ၊ ပျက်သည်၏အဖြစ်ကြောင့်။ သကလေန၊ သော။ ပိဋ္ဌိပါဒေန၊ ခြေဖမိုးဖြင့်။ စင်္ကမနခဉ္ဇော ဝါ (ဟောတိ)။

သဗ္ဗောပိ၊ အလုံးစုံလည်းဖြစ်သော။ ဧသ၊ ဤပုဂ္ဂိုလ်သည်။ ခဉ္ဇောယေဝ၊ ခဉ္ဇချည်းသာတည်း။ သော၊ ထိုခဉ္ဇဂ္ဂိုလ်ကို။ န ပဗ္ဗာဇေတဗ္ဗော။

ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ ဧကော၊ တစ်ဖက်သော။ ဟတ္ထော ဝါ၊ လက်သည်သော်လည်းကောင်း။ ပါဒေါ ဝါ၊ ခြေသည်သော်လည်းကောင်း။ အဍ္ဎသရီရံ ဝါ၊ ထက်ဝက်သော ကိုယ်သည်သော်လည်းကောင်း။ သုခံ၊ ချမ်းချမ်းသာသာ။ န ဝဟတိ၊ မဆောင်ရွက်နိုင်။ (သော) **ပက္ခဟတော** တိ၊ မည်၏။
ပီဌသပ္ပိ၊ ဘီး(ဘိန်း)တပ်အပ်သော အင်းပျဉ်ငယ်ဖြင့် သွားရသူကို။ **ဆိန္နိရိယာပထော** တိ၊ ထဟူ၍။ ဝါ၊ ပြတ်သောဣိရိယာပုထ်ရှိသူဟူ၍။ ဝုစ္စတိ၊ ၏။
**ဇရာဒုဗ္ဗလော** တိ၊ ကား။ ဇိဏ္ဏဘာဝေန၊ အိုသည်၏အဖြစ်ကြောင့်။ ဒုဗ္ဗလော၊ အားမရှိသည်။ (ဟုတွာ)။ အတ္တနော၊ မိမိ၏။ စီဝရရဇနာဒိကမ္မံ၊ သင်္ကန်းဆိုးခြင်း အစရှိသောအမှုကို။ ကာတုမ္ပိ၊ ပြုခြင်းငှာလည်း။ အသမတ္ထော၊ မစွမ်းနိုင်သူတည်း။
ပန၊ ဆက်။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ မဟလ္လကော၊ ကြီးသည်။ (သမာနော) ပိ၊ သော်လည်း။ ဗလဝါ၊ အားရှိသေးသည်။ ဟောတိ။ အတ္တာနံ၊ ကို။ ပဋိဇဂ္ဂိတုံ၊ သုတ်သင်ခြင်းငှာ။ သက္ကောတိ၊ စွမ်းနိုင်သေး၏။ သော၊ ကို။ ပဗ္ဗာဇေတဗ္ဗော။
ဇစ္စန္တော၊ ပဋိသန္ဓေအားဖြင့် ကန်းသူကို။ **အန္ဓော** တိ၊ ဟူ၍။ တိ၊ ၏။
ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ ဝစီဘေဒေါ၊ စကားလုံး၏ကွဲပြားခြင်းသည်။ နပ္ပဝတ္တတိ၊ မဖြစ်။ (စကားမပီ။) (သော) **မူဂေါ** တိ၊ မည်၏။ ဝါ၊ အသူမည်၏။ ယဿပိ၊ ၏လည်း။ (ဝစီဘေဒေါ၊ သည်။) ပဝတ္တတိ၊ ၏။ (စကားတော့ ပီ၏။)ပါဒဿ၊ပေ၊စင်္ကမနခဉ္ဇော ဝါ။ ။ ဖြေဖဝါး၏အပြင်ဘေး အစွန်ဖြင့် လမ်းသွားရသူ, အတွင်းဘေးအစွန်းဖြင့် လမ်းသွားရသူ၊ ဤနှစ်မျိုးလုံးပင် ခြေဖဝါးအပြင်၏အပြင်ဘေး အတွင်းဘေး အစွန်တို့ဖြင့် လမ်းသွားရသူကို ရည်ရွယ်၍ဆိုသည်၊ [ပါဒဿဗာဟိရန္တေနာတိ စ, အဗ္ဘန္တရန္တေနာတိ စ ဣဒံ ပါဒတလဿ ဥဘောဟိ ပရိယန္တေဟိိစင်္ကမနံ သန္ဓာယ ဝုတ္တံ၊- ဝိမတိ။]
ပက္ခဟတော။ ။ ပက္ခ- တစ်ဖို့(တစ်ပိုင်း)+ ဟတ- ပျက်သူ၊ ပက္ခော+ဟတောယဿာတိ ပက္ခဟတော၊ ဝဲဘက် ယာဘက် နှစ်ဘက်တွင်ဖြစ်စေ, အထက်ဘက်အောင်ဘက် နှစ်ဘက်တွင်ဖြစ်စေ ပျက်သူတည်း၊ "သွက္ချာပါဒစွဲသူ" ဟု ခေါ်ကြ၏။
ပီဌသပ္ပိ။ ။ ခြေဖြင့် မသွားနိုင်သောကြောင့် အင်းပျဉ်ငယ်ကို အောက်၌ ဘီး(ဘိန်း) တပ်၍ ထို အင်းပျဉ်းပေါ်ဝယ် ထိုင်ပြီးလျှင် တုတ်ဖြင့် လှေလှော်သကဲ့သို့ လှော်၍သွားရသူ၊ သပ္ပတီတိ သပ္ပိ၊ ပီဌေန+ သပ္ပိ ပီဌသပ္ပိ၊ [သပ္ပဓာတ်+ဣပစ္စည်း။]
ပန၊ ထိုသို့ပင် စကားပီပါသော်လည်း။ သရဏဂမနံ၊ သရဏဂုံကို။ ဘာသိတုံ၊ ရွတ်ဆိုခြင်းငှာ။ န သက္ကောတိ၊ မစွမ်းနိုင်။ တာဒိသံ၊ ထိုကဲ့သို့ ရှုအပ်သော။ မမ္မနမ္ပိ၊ မန်းစွဲသူကိုလည်း။ ဝါ၊ ထစ်အသူကိုလည်း။ ပဗ္ဗာဇေတုံ န ဝဋ္ဋတိ။
ပန၊ အနွယကား။ ယော၊ သည်။ သရဏဂမနမတ္တံ၊ သရဏံဂုံမျှကို။ ပရိပုဏ္ဏံ၊ စွာ။ ဘာသိတုံ၊ ငှာ။ သက္ကောတိ။ တံ ပဗ္ဗာဇေတုံ ဝဋ္ဋတိ။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ သဗ္ဗေန၊ အလုံးစုံသော အခြင်းအရာဖြင့်။ သဗ္ဗံ၊ အလုံးစုံ အကုန်အစင်။ (တစ်နည်း) သဗ္ဗေန သဗ္ဗံ၊ အချင်းခပ်သိမ်း။ န သုဏာတိ၊ မကြားရ။ (သော၊ ထိုအလုံးစုံ မကြားရလောက်အောင် နားထိုင်းသူသည်။) **ဗဓိရော** တိ၊ ရမည်၏။
ပန၊ အနွယကား။ ယော၊ သည်။ မဟာသဒ္ဒံ၊ ကျယ်သောအသံကို။ သုဏာတိ၊ ကြားရသေး၏။ တံ၊ ထိုသူ့ကို။ ပဗ္ဗာဇေတုံ ဝဋ္ဋတိ။
**အန္ဓမူဂါ** ဒယော၊ အန္ဓမူဂအစရှိသော ပုဂ္ဂိုလ်တို့ကို။ ဥဘယဒေါသဝသေန၊ ကန်းခြင်း,(အ)ခြင်းဟူသော နှစ်ပါးစုံသောအပြစ်၏အစွမ်းဖြင့်။ ဝုတ္တာ၊ မိန့်တော်မူအပ်ကုန်ပြီ။ (အန္ဓမူဂပဓိရပုဂ္ဂိုလ်ကား ဥဘယဒေါသ သာမက ဒေါသတ္တယ၏ အစွမ်းဖြင့် မိန့်တော်မူသည်။) စ၊ ဆက်။
ယေသံ၊ အကြင်ပုဂ္ဂိုလ်၏။ ပဗ္ဗဇ္ဇာ၊ ရှင့်အဖြစ်ကို။ ပဋိက္ခိတ္တာ၊ ပယ်မြစ်တော်မူအပ်ပြီ။ တေသံ၊ ထိုပုဂ္ဂိုလ်တို့၏။ ဥပသမ္ပဒါပိ၊ မြင့်မြတ်သောရဟန်းအဖြစ်ကိုလည်း။ ပဋိက္ခိတ္တာဝ၊ ပယ်အပ်ပြီးသည်သာ။
ပန၊ ဆက်။ တေ၊ ထိုပယ်အပ်ပြီးသော ပုဂ္ဂိုလ်တို့ကို။ သံဃော၊ သည်။ သစေဥပသမ္ပာဒေတိ၊ အံ့။ (ဧဝံသတိ) သဗ္ဗေပိ၊ န်သော။ ဟတ္ထစ္ဆိန္နာဒယော၊ ဟတ္ထစ္ဆိန္နအစရှိသော ပုဂ္ဂိုလ်တို့သည်။ သူပသမ္ပန္နာ၊ ကောင်းစွာ ပဉ္ဇင်းအဖြစ်သို့ ရောက်ကုန်၏။ (ရဟန်းအဖြစ် အထမြောက်ကုန်၏။) ပန၊ ထိုသို့ပင် သူပသမ္ပန္န ဖြစ်ပါကုန်သော်လည်း။ ကာရကသံဃော၊ ဥပသမ္ပဒကံကိုပြုသော သံဃာသည်လည်းကောင်း။ အာစရိယုပဇ္ဈာယာ စ၊ ကမ္မဝါစာဆရာ, ဥပဇ္ဈာယ်တို့သည်လည်းကောင်း။ အာပတ္တိတော၊ ဒုက္ကဋ်အာပတ်မှ။ န မုစ္စန္တိ။ [ဉတွာ ကရောန္တေဝ န မုစ္စတိ။ ဇီဝိတန္တရာယာဒိအာပဒါသု အရုစိယာ ကာယသာမဂ္ဂိံ ဒေန္တဿ အနာပတ္တိ။၊ ဝိမတိ။]
စ၊ သာဓကကား။ အတ္ထိ ဘိက္ခဝေ။ ပေ။ ဒုဩသာရိတောတိ၊ ဟူ၍။ ဝက္ခတိ၊ မိန့်တော်မူလတ္တံ့။ [ဘိက္ခဝေ၊ တို့။ ဩသာရဏံ၊ သံဃာ့ဘောင်သို့ သွတ်သွင်းခြင်းသို့။ အပ္ပတ္တော၊ မရောက်သော။ ပုဂ္ဂလော၊ သည်။ အတ္ထိ၊ ၏။ တံ၊ ထိုပုဂ္ဂိုလ်ကို။ သံဃော၊ သည်။ စေ ဩသာရေတိ၊ အကယ်၍ သံဃာ့ဘောင်သို့ သွတ်သွင်းအံ့။ ဧကစ္စော၊ အချို့ပုဂ္ဂိုလ်ကို။ (ဟတ္ထစ္ဆိန္န စသူကို။) သုဩသာရိတော၊ ကောင်းစွာသွတ်သွင်းအပ်ပြီ။ ဧကစ္စော၊ အချို့ပုဂ္ဂိုလ်ကို။ (ဦးနဝီသတိဝဿ စသူကို။) ဒုဩသာရိတော၊ မကောင်းသဖြင့် သွတ်သွင်းအပ်ပြီ။] မမ္မန။ ။ သက္ကတ၌ မရ်(န်)သည် ပါဠိ၌ "မမ္မန" ဟုဖြစ်၏၊ စကားပြောရာ၌ချွတ်ယွင်းသူတည်း၊ [မမ္မနန္တိ- ဌာနကရဏဝိသုဒ္ဓိယာ အဘာဝေန အယုတ္တက္ခရဝစနံ့၊ (မသင့်သော မမှန်သော အက္ခရာစကားလုံးရှိသူ) ဝစနာနုကရဏေနဟိ (စကားတစ်လုံးကို အထပ်ထပ်ပြောခြင်းကြောင့်) မမ္မနောတိ ဝုတ္တော၊ ယော စ ကရဏသမ္ပန္နောပိ(ဌာန်းကရိုဏ်း ပြည့်စုံသော်လည်း) ဧကမေဝ အက္ခရံ တိက္ကာရဗဟုလော (အီး- အဲမယားလျက်) ဝဒတိ၊ သောပိ ဣဓမေဝ သင်္ဂယှတိ၊- ဝိမတိ၊] စကားတစ်လုံးကိုအထပ်ထပ် ဆိုရသူ၊ အသံကို ဒရွတ်ဆွဲ၍ အီး- အဲနှင့် ဆိုနေရသူ, စကားထစ်သူတည်း။
တဿ၊ ထို အတ္ထိ ဘိက္ခဝေ အစရှိသောစကားရပ်၏။ အတ္ထော၊ အနက်သည်။ အာဂတဋ္ဌာနေယေဝ၊ တိုက်ရိုက်လာရာပါဠိရပ်၌သာ။ [စမ္ပေယျက္ခန္ဓက, ဒွေနိဿာရနာဒိကထာကို ဆိုသည်။] အာဝီ၊ ထင်ရှားစွာ။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ အပြီးတည်း။
**ဟတ္ထစ္ဆိန္နဒိဝတ္ထုကထာ၊ သည်။** **နိဋ္ဌိတာ၊ ပြီ။**