ဝဿူပနာယိကက္ခန္ဓကေ၊ က၌။
အပညတ္တောတိ၊ ကား။
အနနုညာတော၊ ခွင့်ပြုတော်မမူအပ်သေးသည်။
ဝါ၊ တစ်နည်း။
အသံဝိဟိတော၊ မစီမအပ်သေးသည်။ (ဟောတိ၌ စပ်)။
**တေ ဣဓ ဘိက္ခူ**တိ၊ ကား။
တေ ဘိက္ခူ၊ ထိုရဟန်းတို့သည်။
(စရန္တိ၌ စပ်)။
ဣဓ သဒ္ဒေါ၊ ဣဓသဒ္ဒါသည်။
နိပါတမတ္တော၊ အနက်မရ နိပါတ်မျှသာတည်း။
**သံဃာတံ အာပါဒေန္တော**တိ၊ ကား။
ဝိနာသံ၊ ပျက်စီးခြင်းသို့။
အာပါဒေန္တာ၊ ရောက်စေကြကုန်လျက်။
(စရိဿန္တိနာမ၌ စပ်)။
**သံကသာယိဿန္တီ**တိ၊ ကား။
အပ္ပောဿုက္ကာ၊ အားထုတ်ခြင်းမရှိကြကုန်သည်။
ဝါ၊ ကြောင့်ကြမဲ့တို့သည်။
(ဟုတွာ)။
နိဗဒ္ဓဝါသံ၊ အမြဲနေခြင်းဖြင့်။
(ကြိယာဝိသေသန)။
ဝဿိန္တိ (နာမ)၊ နေကြကုန်တုံဘိ၏။
(ပါဠိတော်နှင့် နာမနှင့် တွဲ၍ အနက်ပေး)။
["သံကသေ" ဟူသော ဧကာရန္တဓာတ်သည် အစ္ဆန (နေခြင်း) အနက်ကို ဟော၏၊ ဧကို အာယပြု၍ "သံကသာယ" ဟု ဖြစ်သည်၊ ထို့ကြောင့် "ဝသိဿန္တိ" ဟုဖွင့်သည်။ ယောဇနာ၌ "သံပုဗ္ဗ ကသေ ဓာတ်" ဟု ဆို၏။]အပ္ပညတ္တော။ ။ "ပညတ္တော" ၌ ပ ပုဗ္ဗ ဉ ပ ဓာတ်သည် "ပညတ်" ဟူသောအနက်ကို ဟော၏၊ ထို ပ ညတ်ခြင်းသည် အာပတ်တပ်၍ ပညတ်ခြင်း မဟုတ်၊ ခွင့်ပြုတော်မူခြင်းဟု အဓိပ္ပါယ် မှတ်စေ၍ "အနနုညာတော" ဟု ဖွင့်၏၊ (တစ်နည်း) ဉပဓာတ်ဖြင့်ပင် **"စီမံအပ်"**ဟု အဓိပ္ပါယ် မှတ်စေလို၍ "အသံဝိဟိတော ဝါ" ဟုဖွင့်သည်၊ နှစ်မျိုးလုံး အဓိပ္ပာယတ္ထချည်းတည်း၊ [ယောဇနာ၌ကား ပညတ္တော" ၌ ပ ပုဗ္ဗ ဉာ ဓာတ်၏ အနုဇာနနအနက်ကိုပြလို၍ **"အနနုညာတော"**ဟု လည်းကောင်း, ဉ ပ ဓာတ်၏ ထပနအနက်ကိုပြလို၍ "အဝိဟိတေ" ဟု လည်းကောင်း တစ်နည်းဖွင့်သည်ဟု ဆိုလေသည်၊ ယောဇနာဖွင့်စဉ်က "အသံဝိဟိတော" ဟု ပါဌ်ရှိဟန် မတူ။]
သံဃာတံ။ ။ သံဟညိတ္ထာတိ သံဃာတော-ညှင်းပန်းနှိပ်စက်အပ်သော သတ္တဝါ၊ ဤ၌ "ဥဒ္ဒေသံ အာဂစ္ဆန္တိ" ကဲ့သို့ ဘာဝပ္ပဓာန ဘာဝလောပကြံ၍ ညှင်းဆဲအပ်သော သတ္တဝါတို့၏ဖြစ်ကြောင်းဖြစ်ရာ ညှင်းဆဲခြင်းကြိယာကို အရကောက်ပါ၊ ထို့ကြောင့် "ဝိနာသံ- ပျက်စီးခြင်းသို့" ဟု အဓိပ္ပါယ် ဖွင့်သည်၊ [ယောဇနာ၌ "သံဟနနံ သံဃာတော" ဟု ဘာဝသာဓန ပြု၍ ဝိနာသံနှင့် အရတူ ယူလေသည်။]

**သံကုန္တကာ**တိ၊ ကား။
သကုဏာ၊ ငှက်တို့သည်။
(အလ္လီယိဿန္တိ နာမ၌ စပ်)။
[သကုန္တနှင့် သကုဏ (န)သည် ပရိဘာယ်တည်း]။
ဝဿာနေ ဝဿံ ဥပဂန္တုန္တိ၊ ကား။
ဝဿာနနာမကေ၊ မိုးလ အမည်ရှိသော။
တေမာသေ၊ သုံးလ၌။
ဝဿံ၊ မိုးအခါ၌နေခြင်းသို့။
ဥပဂန္တဗ္ဗံ၊ က်ရာ၏။
ဣတိ အတ္ထော၊ နက်။
["ဥပဂန္တဗ္ဗန္တိ အတ္ထော" နေရာဝယ် "ဥပဂန္တုန္တိ အတ္ထော" ဟု ရှိလျှင် ကောင်း၏။ တယော မာသာ တိမာသံ၊ တိမာသံယေ တေမာသံ၊ တိမာသံယေ တေမာသံ၊ သွတ္ထ၌ ဏ ပစ္စည်းသက်၊ "ဝဿာနေ" ၏ အဖွင့် ဖြစ်သောကြောင့် "တေမာသေ" ကိုလည်း "ဧကဝုစ် သ္မိံဝိဘတ်" ဟု မှတ်ပါ။]
**ကတိ နု ခေါ ဝဿူပနာယိကာ**တိ၊ ကား။
ဝဿူပဂမနာနိ၊ ဝါသို့ကပ်ခြင်းတို့သည်။
ကတိ နု ခေါ၊ အဘယ်မျှလောက်တို့ပါနည်း?။
**အပရဇ္ဇုဂတာယာ**တိ ဧတ္ထ၊ ၌။
(ဝစနတ္ထာ ဧဝံ ဝေဒိတဗ္ဗော)။
ဂတာယ၊ လွန်သွားပြီးသော။
အဿ ထို ဝါဆိုလပြည့်နေ့၏။
အပရဇ္ဇု၊ နောက် တစ်ရက်သည်။
(အတ္ထိ)။
ဣတိ၊ ကြောင့်။
(သာ-ထို ဝါဆိုလပြည့်နေသည်)။
အပရဇ္ဇုဂတာ၊ တာမည်၏။
တဿာ၊ ထို ဝါဆိုလပြည့်နေသည်။
အပဇ္ဇုဂတာယ၊ လွန်ပြီးသော ဝါဆိုလပြည့်နေ့၏ နောက်တစ်ရက် ရှိလတ်သော်။
အတိက္ကန္တာယ၊ လွန်ပြီးလတ်သော်။ဝဿူပနာယိကာ။ ။ ဥပ ဥဗ္ဗ နီ ဓာတ်, ဥပဂမန အနက်ကိုဟော၏။ ထို့ကြောင့် "ဝဿူပဂမနာနိ" ဟု ဖွင့်သည်၊ "ဥပနယနံ-ကပ်ခြင်း၊ ဥပနာယော- ခြင်း၊ ဥပနာယော ဧဝ ဥပနာယိကာ" ဟု သွတ္ထ၌ ဣက ပစ္စည်းသက်၊ ဝဿံ-ဝါသို့၊ ဥပနာယိကာ-ကပ်ခြင်းတည်း၊ ဝဿူပနာယိကာ-ခြင်း၊ ပါဠိတော်၌ ဗဟုဝုစ်သက်။
အပရဇ္ဇုဂတာယ။ ။ ဤပုဒ်ကို "အသမာနာဓိကဏဝိသယော-မတူသောတည်ရာအနက်ဟူသောဟောရာရှိသော၊ ဗာဟိရက္ကသမာသောယံ" ဟုဋီကာဖွင့်၏၊ ဘိန္နာဓိကရဏဗဟုဗ္ဗီဟိသမာသ်ဟု ဆိုခြင်းနှင့် သဘောတူပင်၊ "သတ္တာယံ+ ပရိနိဗ္ဗုတဿ+ အဿာတိသတ္တာဟပရိနိဗ္ဗုတော" ပုဒ်ကဲ့သို့ **"အပရဇ္ဇု+ဂတာယ+ အဿာတိ အပရဇ္ဇုဂတာ"**ဟု ဝိဂ္ဂဟ ပြုသည်၊ တဿာ အပရဇ္ဇုဂတာယသည် ပါဠိတော် ပုဒ်ရင်းအတိုင်း ဝိဘတျန္တကို ပြသောပါဌ်တည်း၊ အတိက္ကန္တာယ အပရသ္မိံ ဒိဝသေကား အဓိပ္ပါယ်ပြတည်း၊ ဂတာကို **"အတိက္ကန္တာ"**ဖွင့်သည်၊ မာသဂတာယ၌လည်း နည်းတူ။
**မှတ်ချက်**။ ။ **"မာသော+ဂတာယ၊ အဿာ၌"** အဿာကို ဝါဆိုလပြည့်နေ့ပင် စွဲရ၏၊ ပါဠိတော်၌ **"မာသဂတာယ အာသဠိယာ"**ဟု ရှိသောကြောင့်ထိုသို့ပင်စွဲရသည်၊ ထိုသို့စွဲရသည့်အတွက် ဝါဆိုလပြည့်နေ့ကို တစ်လ လွန်သွားပြီးဖြစ်လျှင် ဝါခေါင်လပြည့်နေ့ ပြည့်ပြီးရ၏၊ ထို ဝါခေါင်လပြည့်နေ့ ပြည့်ပြီးသွားလျှင် ဝါခေါင်လပြည့်ကျော် တစ်ရက်သို့ ရောက်နေ၏၊ ထို့ကြောင့် အဋ္ဌကထာ၌ **"အာသာဠှီပုဏ္ဏမိတော ဝါ အပရာယ ပုဏ္ဏမာ"** ၏ နောက်၌ **"အနန္တရေပါဋိပဒဒိဝသေယေဝ"**ဟု ဖွင့်သည်၊ ထို့ကြောင့် ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ပစ္ဆိမဝါကပ်ရသည်။ အပရသ္မိံ ဒိဝသေ၊ နောက်၌ တစ်ရက်၌။ ဝါ၊ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့၌။ ဣတိ အတ္ထောတိ၊

ဒုတိယနယေပိ၊ မာသဂတာယဟူသော ဒုတိယနည်း၌လည်း။
(ဝစနတ္ထော ဧဝံ ဝေဒိတဗ္ဗော)။
ဂတာယ၊ လွန်သွားပြီးသော။
အဿာ၊ ထိုဝါဆိုလပြည့်နေ့၏။
မာသော၊ တစ်လသည်။
(အတ္ထိ)။
ဣတိ၊ ကြောင့်။
(သာ- ထိုဝါဆိုလပြည့်နေသည်)။
**မာသဂတာ**၊ တာ-မည်၏။
တဿာ၊ ထို ဝါဆိုလပြည့်နေ့သည်။
မာသဂတာယ၊ လွန်ပြီးသော ဝါဆိုလပြည့်နေ့၏တစ်လရှိလတ်သော်။
အတိက္ကန္တာယ၊ လွန်ပြီးလတ်သော်။
မာသေ၊ တစ်လသည်။
ပရိပုဏ္ဏေ၊ ပြည့်လတ်သော်။
ဣတိ အတ္ထော၊
တသ္မာ၊ ကြောင့်။
(ထိုသို့ တစ်ရက်လွန်ပြီးသော ဝါဆိုလပြည့်နေ့၏ အပရဇ္ဇုဂတာ မည်သည်၏အဖြစ်, တစ်လလွန်ပြီးသော ဝါဆိုလပြည့်နေ့၏ မာသဂတာ မည်သည်၏အဖြစ်ကြောင့်)။
အာသာဠှီပုဏ္ဏမာယ၊ ဝါဆိုလပြည့်နေ့၏။
အနန္တရေ၊ အခြားမဲ့ဖြစ်သော။
ပါဋိပဒဒိဝသေ၊ အထွက်တစ်ရက်နေ့၌။
(ဝဿံ ဥပဂန္တဗ္ဗံ၌ စပ်)။
[ဤ စကားဖြင့် ပရိမဝါကပ်ရန် နေ့ကို ပြသည်။]
ဝါ၊ တစ်နည်း။
အာသာဠှီပုဏ္ဏမာ(မိ)တော၊ ဝါဆိုလပြည့်နေ့မှ။
အပရာယ၊ အခြားသော။
ပုဏ္ဏမာယ၊ ဝါခေါင်လပြည့်နေ့၏။
အနန္တရေ၊ သော။
ပါဋိပဒဒိဝသေယေဝ၊ ၌ပင်။
[ဤ စကားဖြင့်ပစ္ဆိမဝါကပ်ရန် နေ့ကိုပြသည်။]
ဝိဟာရံ၊ ကို။
ပဋိဇဂ္ဂိတွာ၊ သုတ်သင်ပြီး၍။
ပါနီယံ၊ သောက်ရေကိုလည်းကောင်း။
ပရိဘောဇနီယံ၊ သုံးရေကိုလည်းကောင်း။
ဥပဋ္ဌာပေတွာ၊ တည်စေပြီး၍။
ဝိဟာရံ ပဋိဇဂ္ဂိတွာ။ ။ ဤ အဋ္ဌကထာဝယ် ဝါဆိုပုံ အစီအစဉ်ကို ပြရာ၌ "ဝိဟာရံ ပဋိဇဂ္ဂိတွာ, ပါနီယံ ပရိဘောဇနီယံ ဥပဋ္ဌာပေတွာ" စသည်ကို ပြထားသောကြောင့် ရှေးခေတ်က ဆရာသမားတို့သည် ဝါဆိုခါနီး၌ တံမြက်စည်းများကိုလည်းပြင်ဆင်ကြ၏။ သောက်ရေ သုံးရေအိုးများကိုလည်း ပြင်ဆင်ကြ၏၊ ထိုသို့ ပြင်ဆင်ပြီးနောက် ဝါဆိုမည့် နေ့၌ ဥပုသ်ပြု အစီအစဉ်အတိုင်းပင် တံမြက်လှည်းခြင်း, သောက်ရေသုံးရေတည်ခြင်း စသည်တို့ကို ပြုပြီးမှ သံဃာအများ ရှိခဲ့သော် စည်းဝေးပြီးလျှင် ဘုရားရှိခိုး ဝတ်တက်၍ ဝါဆိုလေ့ရှိကြသည်၊။
သဗ္ဗံ၊ သော။
စေတိယဝန္ဒနာဒိသာမိစိကမ္မံ၊ စေတီတော်ကို ရှိခိုးခြင်း အစရှိသော အရိုအသေ ပြုမှုကို။
နိဋ္ဌာပေတွာ၊ ပြီးဆုံးစေပြီး၍။
ဣသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမီတိ၊ ဟူ၍။
သကိံ ဝါ၊ တစ်ကြိမ်သော်လည်းကောင်း။
ဒွတ္တိက္ခတ္တုံ ဝါ၊ နှစ်ကြိမ် သုံးကြိမ်သော်လည်းကောင်း်။
ဝါစံ၊ စကားလုံးကို။
နိစ္ဆာရေတွာ၊ မြွက်ဆို၍။
ဝဿံ၊ မိုးအခါ၌ နေခြင်းသို့။
ဝါ၊ မိုးခိုခြင်းသို့။
ဥပဂန္တဗ္ဗံ၊ ကပ်ရာ၏။