Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Mahāvagga-aṭṭhakathā
(SP) Mahāvagga-aṭṭhakathā

Saddhivihārikavattakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဥပဇ္ဈာယေန သဒ္ဓိဝိဟာရိကမှိ သမ္မာဝတ္တနာယံ၊ ဥပဇ္ဈာယေနသဒ္ဓိဝိဟာရိကမှိ သမ္မာဝတ္တနာ၌ ။ (ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော) **သင်္ဂဟေတဗ္ဗောအနုဂ္ဂဟေတဗ္ဗော** တိ၊ ကား။ ဥဒ္ဒေသာဒီဟိ၊ ပါဠိကို ရွတ်ပြခြင်းအစရှိသည်တို့ဖြင့်။ [အာဒိဖြင့် ပါဠိတော်၌လာသော **"ပရိပုစ္ဆာ, သြဝါဒ, အနုသာသနီ"**၊ တို့ကို ယူ။] အဿ၊ ထိုသဒ္ဓိဝိဟာရိက၏ အပေါ်၌။ သင်္ဂဟော စ၊ သိမ်းယူခြင်းကိုလည်းကောင်း။ (သိမ်းသွင်းခြင်းကိုလည်းကောင်း။) အနုဂ္ဂဟော စ၊ ချီးမြှောက်ခြင်းကိုလည်းကောင်း။ ကတ္တဗ္ဗော၊ ၏။
တတ္ထ၊ ထိုဥဒ္ဒေသ စသည်တို့တွင်။ **ဥဒ္ဒေသော** တိ၊ ကား။ ပါဠိဝါစနံ၊ ပါဠိကို ဆိုစေခြင်းတည်း။ (ပါဠိကို ပို့ချခြင်းတည်း။)
**ပရိပုစ္ဆာ** တိ၊ ကား။ ပါဠိယာ၊ ပါဠိတော်၏။ အတ္ထဝဏ္ဏနာ၊ အနက်ကို ဖွင့်ပြခြင်းတည်း။
**သြဝါဒေါ** တိ၊ ကား။ ဝတ္ထုသ္မိံ၊ ‌အကြောင်းဝတ္ထုသည်။ အနောတိဏ္ဏေ၊ မသက်ရောက်သေးမီ။ (မပေါ်သေးမီ။) ဣဒံ၊ ဤကောင်းသောအမှုကို။ ကရောဟိ၊ ပြုပါလော။ ဣဒံ၊ ဤမကောင်းအမှုကို။ မာ ကရိ၊ မပြုပါလင့်။ [စာအုပ်တို့၌ "မာ ကရိတ္ထ" ဟု ရှိ၏။ ရှေ့က "ကရောဟိ" ကိုထောက်၍ တုမှယောဂ ဧကဝုစ်ချင်းကိုက်ညီအောင်သြကိုဣပြု၍ "မာ ကရိ" ဟုရှိလျှင် ကောင်းသည်။] ဣတိ၊ သို့။ ဝစနံ၊ ‌ ပြောဆိုဆုံးမခြင်းတည်း။
**အနုဿသနီ"** တိ၊ ကား။ ဝတ္ထုသ္မိံ၊ အကြောင်းဝတ္ထုသည်။ သြတိဏ္ဏေ၊ သက်ရောက်လသော်။ (အကြောင်းပေါ်လာမှ။) (ဣဒံ၊ ဤ ကောင်းသောအမှုကို။ ကရောဟိ၊ လော။ ဣဒံ၊ ဤ မကောင်းသောအမှုကို။ မာ ကရိ၊ လင့်။ ဣတိ၊ သို့။ ဝစနံ၊ တည်း။)
အပိ စ၊ သည်သာမကသေး။ (ဝတ္ထုသ္မိံ၊ သည်။) သြတိဏ္ဏေ ဝါ၊ သက်ရောက်လာသော်လည်းကောင်း။ အနောတိဏ္ဏေ ဝါ၊ မသက်ရောက်မီသော်လည်းကောင်း။ ပဌာမံ၊ စွာ။ ဝစနံ၊ ပြောဆိုဆုံးမခြင်းသည်။ သြဝါဒေါ၊ မည်၏။
ပုနပ္ပုနံ၊ အဖန်ဖန် အထပ်ထပ်။သင်္ဂဟ အနုဂ္ဂဟ။ ။ ယောဇနာ၌ ဤနှစ်မျိုး၏ အထူးကို အမျိုးမျိုး ဖွင့်၏၊ ဆိုလိုရင်းကား- မိမိ အထံ၌ နေချင်အောင် ပါဠိသင်ပေးခြင်စသော အမှုကို "သင်္ဂဟ" ဟုခေါ်၏၊ သင်္ဂဏှံ- သိမ်းယူခြင်းဖြင့်၊ (သိမ်းသွင်းခြင်း) သင်္ဂဟော- ခြင်း၊ကြီးပွားအောင်သြဝါဒအနုသာနီပေးခြင်းကို "အနုဂ္ဂဟ" ဟု ခေါ်၏၊ အနုဂ္ဂဏှာနံ အနုဂ္ဂဟော။
ဥဒ္ဒေသ ပရိပုစ္ဆာ။ ။ စာအုပ်မရှိသေးသော ရှေးခေတ်၌ ဆရာက စာချသောအခါပါဠိကို ရွတ်ပြရ၏၊ ဥဒ္ဒိသနံ- ရွတ်ပြခြင်း၊ ဥဒ္ဒေသော- ခြင်း၊ ထိုသို့ ရွတ်ပြ၍ တပည့်ကိုထိုအတိုင်း လိုက်၍ဆိုစေရ၏၊ ထိုကြောင့် ဥဒ္ဒေသောကို "ပါဌိဝါစနံ- ပါဠိကိုဆိုစေခြင်း" ဟု ဖွင့်သည်၊ ထိုသို့ ရွက်ဆိုသောအားဖြင့် ပါဠိကို သင်ယူပြီးသောအခါ ထိုပါဠိ၏အနက်အဓိပ္ပယ်ကို ဆရာ့အထံ၌ အဖန်ဖန် မေးရာ၏၊ ပရိပုစ္ဆနံ ပရိပုစ္ဆာ၊ ထိုသို့မေးသောအခါ ဆရာက အနက်အဓိပ္ပာယ်ကို (အဋ္ဌကထာဖွင့်သကဲ့သို့) ဖွင့်ပြရ, ပြောပြရ၏၊ ထို့ကြောင့် ပရိပုစ္ဆာကို "ပါဠိယာ အတ္ထဝဏ္ဏနာ" ဟု အဓိပ္ပာယ်ဖွင့်သည်။
အဖန်ဖန် အထပ်ထပ်။ ဝစနံ၊ သည်။ အနုသာသနီ၊ မည်၏။ ဣတိ၊ ဤသို့မှတ်အပ်၏။ [ပထမနည်း၌ အနုသဒ္ဒါသည် "ပစ္ဆာ" အနက်ဟော။ ဤနည်း၌ကားအနုသဒ္ဒါသည် "ပုနပ္ပုနံ" အနက်ဟောတည်း။]
သစေ။ ပေ။ **ဟောတီ** တိ၊ ကား။ အတိရေကပတ္တော၊ အပိုအလွန်ဖြစ်သောသပိတ်သည်။ သစေ ဟောတိ၊ အကယ်၍ ရှိအံ့။ သဗ္ဗတ္ထ၊ စီဝရံ ဟောတိ စသောအလုံးစုံသော ဝါကျတို့၌။
ဧသ၊ သည်။ နယော၊ တည်း။ [အပိုရှိအံ့ဟုချည်းအဓိပ္ပာယ်မှတ်ပါ၊ ဟူလို။]
**ပရိက္ခာရော** တိ၊ ကား။ အညောပိ၊ သပိတ်သင်္ကန်းမှ အခြားလည်းဖြစ်သော။ သမဏပရိက္ခာရော၊ ရဟန်းတို့၏ အသုံးအဆောင်ဖြစ်သောထီး, ဖိနပ်စသော ပရိက္ခရာသည်။ (သစေ ဟောတိ။)
ဣဓ၊ ဤသဒ္ဓိဝိရိကဝတ်ကိုပြရာ၌။ ဥဿုက္ကံ နာမ၊ ကြောင့်ကြစိုက်ခြင်းမည်သည်။ **ဓမ္ပိကေန**၊ တရားရှိသော။ (ဝိနည်းတရားအားလျော်သော။) နယေန၊ နည်းဖြင့်။ ဥပ္ပဇ္ဇမာနဥပါယပရိယေသနံ၊ ဖြစ်နိုင်သောအကြောင်းကို ရှာခြင်းတည်း။ (ဖြစ်နိုင်သော နည်းလမ်းကို ရှာခြင်းတည်း။)
ဣတော၊ ဤပရိက္ခရာကို ရှာခြင်းမှ။ ပရံ၊ နောက်၌။ ဒန္တကဋ္ဌဒါနံ၊ ဒန်ပူပေးခြင်းကို။ အာဒိံ ကတွာ၊ အစပြု၍။ အာစမနကုမ္ဘိယာ၊ သန့်သက်ရေအိုး၌။ ဥဒကာသိဉ္စနပရိယောသာနံ၊ ရေလောင်းထည့်ခြင်းအဆုံးရှိသော။ ဝတ္တံ၊ ဝတ်ကို။ ဂိလာနဿေဝ၊ ဂိလာနသာလျှင်ဖြစ်သော။ သဒ္ဓိဝိဟာရိကဿ၊ ၏အပေါ်၌။ ကာတဗ္ဗံ၊ ပြုရာ၏။ [သဒ္ဓိဝိဟာရိက မကျန်းမာခိုက်၌သာ ဥပဇ္ဈာယ်က ဒန်ပူပေးခြင်း, မျက်နှာသစ်ရေပေးခြင်း စသောအမှုကို ပြုရမည်၊ ဟူလို။ ထို့ကြောင့် ပါဠိတော်၌ "သစေ သဒ္ဓိဝိဟာရိကော ဂိလာနော ဟောတိ" စသည်ဖြင့် မိန့်တော်မူသည်။]
ပန၊ ဆက်။ အနဘိရတိဝူပကာသနာဒိ၊ အနဘိရတိဝူပကာသန အစရှိသည်ကို။ (မမွေ့လျော်သော သဒ္ဓိဝိဟာရိကကို အရပ်တစ်ပါးသို့ ဆောင်သွားခြင်းအစရှိသည်ကို။) အဂိလာနဿပိ၊ ဂိလာနမဟုတ်သော သဒ္ဓိဝိဟာရိက၏အပေါ်၌လည်း။ ကတ္တဗ္ဗမေဝ၊ ပြုရာသည်သာ။
**စီဝရံ ရဇန္တေနာတိ**၊ ကား။ ဧဝံ၊ ဤသို့။ (သည်ပုံသည်နည်း။) ရဇေယျာသိ၊ ဆိုးလော။ ဣတိ၊ သို့။ ဥပဇ္ဈာယတော၊ ဥပဇ္ဈာယ်၏အထံမှ။ ဥပါယံ၊ နည်းလမ်းကို။ သုတွာ၊ ကြားရ၍။ ရဇန္တေန၊ ဆိုးသောသဒ္ဓိဝိဟာရိကသည်။ (သာဓုကံ ရဇ္ဇိတဗ္ဗံ၌ စပ်။)
သေသံ၊ ကြွင်းသောပုဒ်အပေါင်းကို။ ဝုတ္တန‌‌ယေနေဝ၊ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။ (ဥပဇ္ဈာယဝတ္တကထာ၌ ဆိုအပ်ပြီး‌သော နည်းဖြင့်သာလျှင်။ ဝေဒိတဗ္ဗံ၊ ၏။ **သဒ္ဓိဝိဟာရိကဝတ္တကထာ**၊ သဒ္ဓိဝိဟာရိကဝတ္တကထာသည်၊ (သဒ္ဓိဝိဟာရိကအပေါ်၌ ဥပဇ္ဈာယ်က ပြုအပ်သော ကျင့်ဝတ်တို့ကို ပြဆိုရာ စကားရပ်သည်။)