**သံဃော ဘိန္နော**တိ ဧတ္ထ၊ ၌။
(ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော)။
သံဃေ၊ သည်။
ဘိန္နေ၊ ကွဲပြီးလတ်သော်။
(ကွဲပြီးခါမှ)။
ဂန္တွာ၊ သွား၍။
ကရဏီယံ၊ ပြုဖွယ်ကိစ္စသည်။
နတ္ထိ၊ မရှိတော့။
ပန၊ စင်စစ်ကား။
ယော၊ အကြင်သံဃာကို။
(အာသင်္ကိတော၌ စပ်)။
ဘိဇ္ဇိဿတိ၊ ကွဲတော့လတ္တံ့။
ဣတိ၊ သို့။
အာသင်္ကိတော၊ ယုံမှားအပ်၏။
တ၊ ထိုသံဃာကို။
သန္ဓာယ၊ ရည်ရွယ်တော်မူ၍။
ဘိန္နောတိ၊ ဟူ၍။
(ဘဂဝတာ) ဝုတ္တံ၊ ပြီ။
**သမ္ဗဟုလာဟိ၊ပေ၊ ဘိန္နော**တိ ဧတ္ထ၊ ၌။သံဃိကံ၊ပေ၊ န ဝဋ္ဋတိ။ ။ သံဃာအားလုံးနှင့် ဆိုသော စတုဒ္ဒသသံဃိကဖြစ်သောကြောင့် အပြင်ဘက် ရောက်နေသော တစ်ပါးတစ်လေအား ခွင့်ပန်၍ မပေးကောင်း၊ အာရာမသံဃိကဖြစ်သော ဥစ္စာကိုကား အာရာမ်တွင်းရှိ ပုဂ္ဂိုလ်အားလုံးက ကျေနပ်လျှင် ဝေဖန်ကောင်းမည် ထင်သည်။
သံဃော ဘိန္နော။ ။ ဘိန္နော၌ ဘိဒဓာတ်+တပစ္စည်းတည်း၊ ထို တပစ္စည်းသည် အတိတ်အနက်၌ သက်ရိုးရှိသောကြောင့် "ဘိန္နော-ကွဲပြီ" ဟု အနက် ထွက်၏၊ သို့သော် ပါဠိတော်၌ "ပက္ကမိတဗ္ဗံ" ဟု ဆိုသောကြောင့် သံဃာ ကွဲပြီးဖြစ်လျှင်မိမိက သွား၍ စေ့စပ်ဖွယ်ကိစ္စ မရှိရကား "ဘိန္နော-ကွဲပြီးပြီ" ဟု မုချအတိတ်အနက်ကား မသင့်၊ ကွဲဖို့ရန် ယုံမှားဖွယ် ကောင်းလောက်အောင် အားထုတ်နေအပ်သော အကြောင်းကိုပင် ဖလူပစာရအားဖြင့် "ဘိန္နော" ဟု ဆိုထားကြောင်းကို ပြလို၍ "ယော ပန၊ ပေ၊ အာသင်္ကိတော" ဟု မိန့်သ်ည၊ သူတို့ အားထုတ်နေပုံက ကွဲတော့မည်ဟု ယုံမှားစရာဖြစ်နေသည်-ဟူလို၊ ကွဲခြင်းသည် အကျိုး, သူတို့အားထုတ်နေပုံသည် အကြောင်းတည်း၊ [ယောဇနာ၌ကား ဘိန္နော၌ တပစ္စည်း၏ အနာဂတ်၏အနက်ကိုပြလို၍ "ယော ပန ဘိန္နိဿတိ" ဟု မိန့်ကြောင်း ဆိုလေသည်၊] ဤ အဓိပ္ပါယ်မျိုးကို ကောသမ္ဗကက္ခန္ဓက၌လည်း တွေ့ရဦးလတ္တံ့။ (ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော)။ ဘိက္ခုနီဟိ၊ တို့သည်။ သံဃော၊ ကို။ ဘိန္နော၊ ခွဲအပ်ပြီ။ ဣတိ၊ သို့။ န ဒဋ္ဌဗ္ဗော၊ မမှတ်ထိုက်။

ဟိ၊ သာဓကကား။
န ခေါ ဥပါလိ ဘိက္ခုနီ သံဃံ ဘိန္ဒတီတိ၊ ဟူသော။
ဧတံ (သုတ္တံ)၊ ဤပါဠိတော်ကို။
(ဘဂဝတာ)။
ဝုတ္တံ၊ ပြီ။
[ဥပါလိ၊ **ဥပါလိ**။
ဘိက္ခုနိ၊ သည်။
သံဃ၊ ကို။
န ဘိန္ဒတိ၊ မခွဲနိုင်။]
ပန၊ အနွယ။
ဧတာ၊ ဤဘိက္ခုနီတို့ကို။
နိဿယ၊ မှီ၍။
အနုဗလံ၊ လျော်သောအားကို။
ကတွာ၊ ပြု၍။
ယံ သံဃံ၊ အကြင် သံဃာကို။
ဘိက္ခူ၊ တို့သည်။
ဘိန္ဒေယျုံ၊ ခွဲကုန်ရာ၏။
ဣတိ၊ သို့။
အာသင်္ကာ၊ ယုံမှားဖွယ်သည်။
ဟောတိ၊ ၏။
တံ၊ ထိုသံဃာကို။
သန္ဓာယ၊ ၍။
ဧတံ၊ ဤ သမ္ဗဟုလာဟိ ဘိက္ခုနီဟိ သံဃော ဘိန္နောဟူသော စကားကို။
(ဘဂဝတာ)။
ဝုတ္တံ၊ ပြီ။
အနုဗလံ ကတွာ။ ။ ဘိက္ခုတို့သည် ဘိက္ခုနီတို့အား မိမိတို့ဘက်က စွမ်းနိုင်သမျှ အားပေးကြဖို့ရန် ပြောကြကုန်၏၊ ထိုအခါ ဘိက္ခုနီတို့က လူအား, နှုတ်အား, ဆွေမျိုးအားတို့ဖြင့် အားပေးကြ၏၊ ထို အားကို အမှီရ၍ ဘိက္ခုတို့က သံဃာခွဲခြင်းကို ဘိက္ခုမီတို့ ခွဲသည်ဟု ဆိုသည်။