Issues
Select Version
云台教理组
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Mahāvagga-aṭṭhakathā
(SP) Mahāvagga-aṭṭhakathā

Seṭṭhibhariyādivatthukathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**ပသတေနာ**တိ၊ ကား။ ဧကဟတ္ထပုဋေန၊ လက်တစ်ခုပ် အတိုင်းအရှည်ရှိသော။ (သပ္ပိနာ၊ ၌ စပ်။)
**ပိစုနာ**တိ၊ ကား။ ကပ္ပာသပဋ္ဋလေန၊ ဝါဂွမ်းလွှာဖြင့်။ (ဂဏှာတိ၌ စပ်။)
**ယတြ ဟိ နာမာ**တိ၊ ကား။ ယာ၊ အကြင် သူဌေးကတော်သည်။ (ဂါဟာပေဿတိ) နာမ၊ ယူစေတုံသေး၏။ (ယူစေတယ်ဟု ရှိရသေး၏။) အယံ ဃရဏီ၊ ဤ အိမ်ရှင် သူဌေးကတော်သည်။ ယာဝ၊ အလွန်အကဲသာလျှင်။ (**"လူခါဝတ၊ ခေါင်းပါးလေစွ။ ဝါ၊ နှမြောလေစွ"** ဟု ပါဠိတော် ထည့်စပ်။)
**ကိမ္ပိမာယန္တိ**၊ ကား။ အယံ (ဃရဏီ)၊ ဤ အိမ်ရှင်သူဌေးကတော်သည်။ မေ၊ ငါ့အား။ (ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ဒေယျဓမ္မံ၊ ပေးထိုက်သော သဘောရှိသော ပစ္စည်းကို။) ကိမ္ပိ (ဒဿတိ)၊ အဘယ်မှာ ပေးတော့လတ္တံ့နည်း?။ တစ်နည်း၊ အယံ (ဃရဏီ)၊ သည်။ မေ၊ အား။ (ကိဉ္စိ၊ သော။ ဒေယျဓမ္မံ၊ ပေးထိုက်သော သဘောရှိသော။) ကိမ္ပိ၊ အဘယ်ကိုလည်း။ (ဒဿတိ၊ ပေးတော့လတ္တံ့နည်းဟု ပါဠိတော် ထည့်စပ်။)
**ဥပဇာနာမေတဿ သံသမဿာ**တိ၊ ကား။ ကတဿ စ၊ ပြုအပ်ပြီးသော ဆေးကုမှုအားလည်းကောင်း။ ရောဂူပသမဿ စ၊ ရောဂါ ငြိမ်းအေးခြင်းအားလည်းကောင်း။ ဥပကာရံ၊ လျော်စွာပြုတတ်သော ကျေးဇူးကို။ ဇာနာမ၊ သိပါကုန်၏။ ဣတိ (အယံ)၊ ကား။ အဓိပ္ပါယော၊ သူဌေးကတော်၏ အလိုတည်း။ [သဒ္ဒတ္ထမဟုတ် အဓိပ္ပာယတ္ထ-ဟူလို။]
**သဗ္ဗာလင်္ကာရံ တုယှံ ဟောတူ**တိ (ဧတ္ထ၊ ၌။ ဝူဠှတ္ထံ၊ ကို။) ကိရ(ဥဒ္ဓရိတွာ ဒဿေမိ)၊ အံ့။ ရာဇာ၊ သည်။ (စိန္တေတွာ အာဟ၌ စပ်။) ဣမံ၊ ဤ အလုံးစုံသော တန်ဆာကို။ သစေ ဂဏှိဿတိ၊ အကယ်၍ယူအံ့။ (ဧဝံ သတိ)။ ပမာဏယုတ္တေ၊ အတိုင်းအရှည်အား သင့်လျော်သော။ ဌာနေ၊ အရာ၌။ နံ၊ ထို ဇီဝကကို။ ထပေဿာမိ၊ ထားအံ့။ [ယူလျှင် သင့်တော်ရုံအရာ၌ ထားမည်ဟူလို။]
သစေ န ဂဏှိဿတိ၊ အကယ်၍ မယူအံ့။ (ဧဝံ သတိ)။ နံ၊ ထို **ဇီဝက** ကို။ ထပေဿာမိ၊ ထားအံ့။ အဗ္ဘန္တရိကံ၊ အတွင်း၌ ဖြစ်သော။ ဝိဿာသကံ၊ အကျွမ်းဝင်သူကို။ (အခြားနေရာ၌ "ဝိဿာသိကံ-အကျွမ်းဝင်ခြင်း ရှိသူကို" ဟုလည်း ရှိ၏။) ကရိဿာမိ၊ အံ့။ ဣတိ၊ သို့။ စိန္တေတွာ၊ ကြံ၍။ ဧဝံ၊ ဤသို့။ ("သဗ္ဗာလင်္ကာရံတုယှံ ဟောတု" ဟူ၍။) အာဟ၊ မိန့်ပြီ။
အဘယကုမာရဿပိ၊ **အဘယ** မင်းသား၏လည်းကောင်း။ နာဋကာနမ္ပိ၊ ကချေသည် မောင်းမတို့၏လည်းကောင်း။ စိတ္တံ၊ သည်။ ဥပ္ပဇ္ဇိ၊ ဖြစ်ပြီ။ (ကိံ?)။ န ဂဏှေယျ၊ မယူပါမူကား။ အဟောဝတ၊ သြော် ... ကောင်းလေစွ။ ဣတိ (စိတ္တံ ဥပ္ပဇ္ဇိ)။ [မယူလျှင် အတွင်းလူဖြစ်နိုင်သောကြောင့် "မယူလျှင် ကောင်းလေစွ" ဟု အကြံဖြစ်ကြသည်။] ဥပ၊ ပေ၊ သံယမဿ။ ။ သာရတ္ထ၌ "သံယမဿာတိ အာနိသံသဿ၊ ဥပယောဂတ္တေ စေတံ သာမိဝစနံ" ဟု ဖွင့်၏၊ ဤအလို- "မယံ အဂါရိကာ နာမ- တို့မည်သည်၊ ဧတဿ သံယမဿ- ဤအကျိုးကို၊ (ထောပတ်ကို တို့ယူစေခြင်းအကျိုးကို၊) ဥပဇာနာမ-သိပါကုန်၏" ဟုပေးပါ၊ သို့သော် သံယမသဒ္ဒါ၏ အာနိသံသအနက်ကို စဉ်းစားသင့်၏ ဝိမတိ၌ သာရတ္ထအဖွင့်ကို သဘောမကျ၍ "ပါဠိယံ သံယမဿာတိ သင်္ဂဏှနဿ အဝိသဇ္ဇနဿ" ဟု ဖွင့်၏၊ သံယမဿ- ထောပတ်ကို စွန့်မပစ်ဘဲ သိမ်းယူထားခြင်း၏၊ ဖလံ- အကျိုးကို၊ "ဥပဇာနာမ" ဟု ပေးပါ- ဟူလို၊ ဤ အဖွင့်သည် သံယမသဒ္ဒါ၏ ‌စောင့်စည်းခြင်း အနက်နှင့် လျော်၏ဟု ထင်သည်၊ ဝိသဇ္ဇနဿ၏ နောက်၌ "ရောဂဿ" ဟု အချို့စာအုပ်၌ ရှိသည်ကား ပါဌ်ပျက်ဟန်းတူသည်။
သောပိ၊ ထို **ဇီဝက** သည်လည်း။ တေသံ၊ ထိုသူတို့၏။ (အဘယ မင်းသားနှင့်မောင်းမတို့၏။) စိတ္တံ၊ ကို။ ဉတွာ ဝိယ၊ သိသကဲ့သို့။ ဒေဝ၊ မင်းမြတ်။ ဣဒံ၊ ဤ အလုံးစုံသော တန်ဆာသည်။ မေ၊ ကျွန်တော်၏။ အယျိကာနံ၊ အဘွားတော်တို့၏။ အာဘရဏံ၊ တန်ဆာပါတည်း။ ဣဒံ၊ ဤ အလုံးစုံသော တန်ဆာကို။ မယှံ၊ ကျွန်တော်အား။ ဂဏှိတုံ၊ ယူခြင်းငှာ။ န ပတိရူပံ၊ မလျောက်ပတ်ပါ။ ဣတိ၊ သို့။ ဝတွာ၊ သံတော်ဦးတင်၍။ **အလံ ဒေဝါ**တိအာဒိံ၊ အစရှိသောစကားကို။ အာဟ၊ သံတော်ဦးတင်ပြီ။
**အဓိကာရံ မေ ဒေဝေါ သရတူ**တိ၊ ကား။ မေ၊ ကျွန်တော်၏။ ဝါ၊ သည်။ ကတဿ၊ ပြုအပ်ပြီးသော ဆေးကုမှုအား။ ဥပကာရံ၊ လျော်စွာ ပြုတတ်သော ကျေးဇူးကို။ ဒေဝေါ၊ မင်းမြတ်သည်။ သရတု၊ အမှတ်ရတော်မူပါ။ ဣတိ အတ္ထော၊
ရာဇာ၊ သည်။ ပသန္နော၊ ကြည်ညိုသည်။ (ကျေနပ်သည်၊ ဟုတွာ။) သဗ္ဗာကာရသမ္ပန္နံ၊ အလုံးစုံ အခြင်းအရာတို့နှင့် ပြည့်စုံသော။ (အိမ်၏ အသုံးအဆောင် အားလုံးနှင့် ပြည့်စုံသော။) ဂေဟဉ္စ၊ အိမ်တော်ကိုလည်းကောင်း။ အမ္ဗဝနုယျာနဉ္စ၊ သရက်ဥယျာဉ်ကိုလည်းကောင်း။ အနုသံဝစ္ဆရံ၊ နှစ်စဉ်။ (နှစ်တိုင်း။) သတသဟဿ ဥဋ္ဌာနကံ၊ တစ်သိန်းသော အခွန်ကို ထွက်စေနိုင်သော။ ဂါမဉ္စ၊ ရွာဆုကိုလည်းကောင်း။ မဟာသက္ကာရဉ္စ၊ များစွာသော ကောင်းစွာ ပြုအပ်သော ဆုလာဘ်ကိုလည်း‌ကောင်း။ ဒတွာ၊ ပေးပြီး၍။ တေနဟိ ဘဏေတိ အာဒိံ၊ အစရှိသော စကားကို။ အာဟ၊ ပြောပြီ။