**ကာဇေဟိ ဂါဟာပေတွာ**တိ၊ ကား။
ပဉ္စဟိ ကာဇသတေဟိ၊ ငါးရာသော ထမ်းပိုးတို့ဖြင့်။
သုတင်္ခတဿ၊ ကောင်းစွာစီမံအပ်သော။
ဗဒရပါနဿ၊ ဇီးဖျော်ရည်၏။
ကုဋသဟဏ၊ အိုးပေါင်း တစ်ထောင်ကို။
ဂါဟာပေတွာ၊ ယူစေပြီး၍။
(ဥပသင်္ကမိ၌ စပ်။)
ဧတသ္မိံ ၊ပေ၊ ကတွာတိ- ကား။
ဘိက္ခဝေ၊ ဘိက္ခုတို့။
သာဓု၊ သာဓု။
ပါနံ၊ ဖျော်ရည်ကို။
အပိဝန္တာ၊ မသောက်ကြကုန်လော။
(ပင်ကိုက မသောက်ဘဲ မြတ်စွာဘုရား ခွင့်ပြုတော်မူမှ သောက်ကြသည်ကို ဆိုလိုသည်။)
တုမှေ၊ တို့သည်။
သမဏဿ ဂေါတမဿ၊ ၏။
သာဝကာ၊ တို့သည်။
ပစ္စယဗာဟုလ္လိကာ၊ ပစ္စည်တို့၏ များကုန်သည်၏အဖြစ် အကျိုးငှာ ကျင့်ကြကုန်၏။
ဣတိ ဝါဒံ၊ ဤသို့ ပြောဆိုကြောင်း စကားကို။
ဝါ၊ ပြောဆိုစွပ်စွဲခြင်းကို။
န ဥပ္ပာဒယိတ္ထ၊ မဖြစ်စေလိုက်ကြကုန်။
စ၊ သည် သာမကသေး။
မယိ၊ ငါဘုရား၌။
(ငါဘုရားအပေါ်၌။)
ဂါရဝံ၊ လေးစားခြင်းကို။
အကတ္ထ၊ ပြုလိုက်ကြကုန်ပြီ။
မမ စ၊ ငါဘုရား၏လည်း။
တုမှေသု၊ သင်တို့၏။
(သင်တို့အပေါ်၌။)
ဂါရဝံ၊ ကို။
ဇနယိတ္ထ၊ ဖြစ်စေလိုက်ကြကုန်ပြီ။
ဣတိ၊ လျှင်။
ဝေါ၊ သင်တို့၏ (အပေါ်၌)။
အဟံ၊ သည်။
ဣမိနာ ကာရဏေန၊ ဤ အကြောင်းကြောင့်။
(ပစ္စည်းလေးပါးကို မမက်မောခြင်းဟူသော ဤအကြောင်းကြောင့်။)
သုဋ္ဌု၊ လွန်စွာ။
ပသန္နော၊ ကြည်ညိုတော်မူ၏။
(ကျေနပ်တော််မူ၏။)
ဣတိအာဒိနာ၊ သော။
နယေန၊ နည်းဖြင့်။
ဓမ္မိံ၊ တရားရှိသော။
ကထံ၊ စကားကို။
ကတွာ၊ ၍။
**အနုဇာနာမိ ၊ပေ၊ ပါနာနိ**တိ အာဒိ၊ အစရှိသော စကားကို။
အာဟ၊ မိန့်တော်မူပြီ။
တတ္ထ၊ ထို အနုဇာနာမိ ၊ ပေ၊ ပါနာနိ အစရှိသော စကားရပ်၌။
**အမ္ဗပါနန္တိ**၊ ကား။
အာမေဟိ ဝါ၊ အစိမ်းသော်လည်း ဖြစ်ကုန်သော။
ပက္ကေဟိ ဝါ၊ အမှည့်သော်လည်း ဖြစ်ကုန်သော။
အမ္ဗေဟိ၊ သရက်သီးတို့ဖြင့်။
ကတပါနံ၊ ပြုအပ်သော ဖျော်ရည်တည်း။
["အမ္ဗေဟိ+ကတိ+ပါနံ အမ္ဗပါနံ" ဟု ပြု။]
တတ္ထ၊ ထို အစိမ်းအမှည့်တို့တွင်။
အာမေဟိ၊ စိမ်းသော သရက်သီးတို့ဖြင့်။
ကရောန္တေန၊ ပြုသော ရဟန်းသည်။
အမ္ဗတရုဏာနိ၊ သရက်သီးနုတို့ကို။
ဘိန္ဒိတွာ၊ ခွဲ၍။
(ဖျစ်ချေ၍။)
ဥဒကေ၊ ရေ၌။
ပက္ခိပိတွာ၊ ထည့်၍။
အာတပေ၊ နေပူ၌။
အာဒိစ္စပါကေန၊ နေဖြင့် ချက်ခြင်းအားဖြင့်။
ပစိတွာ၊ ချက်ပြီး၍။
ကရောန္တေန ၊ပေ၊ ပရိဿာဝေတွာ။ ။ "ကရောန္တေန" အရ ပြုသော ရဟန်းရ၏၊ ရဟန်းကိုယ်တိုင် ပြုသောကြောင့် မီးဖြင့် မချက်ကောင်း၊ မီးဖြင့် ချက်လျှင် သာမံပါကဒုက္ကဋ် သင့်၏၊ ထို့ကြောင့် "အာဒိဇ္ဇပါကေန ပဇိတွာ" ဟု ဆိုသည်၊ [အာဒိစ္စေန-နေဖြင့် +ပါကာ- ချက်ခြင်းတည်း၊ အာဒိစ္စပါကော- ခြင်း၊ ပစိတွာ၌ ကြိယာဝိသေသနစပ်၊ အစိမ်းပြစ်သောကြောင့် နေဖြင့် ချက်မှ သရက်သီး အရသာ ပေါ်လွင် ထင်ရှားနိုင်ရကား ၊ "အာဒိဇ္ဇပါကေန" ဟု ဆိုဟန်တူ၏၊ အမှည့်ဖြစ်လျှင်ကား ရေဖြင့် နယ်ရုံသာ၊] အဖတ်ပါနေလျှင် ဖျော်ရည် မဟုတ်သောကြောင့် "ပရိဿာဝေတွာ" ဟု ဆိုဟန် တူသည်၊ နံနက်သောက်ဖို့ ဖြစ်လျှင် မစစ်ဘဲလည်း အပ်ပါ၏၊ ဆွမ်းစသော အာမိသနှင့် ရော၍လည်း သောက်ကောင်းပါ၏။
ပရိဿာဝေတွာ၊ စစ်ပြီး၍။
တဒဟုပဋိဂ္ဂဟိတေဟိ၊ ထိုနေ့၌ အကပ်ခံအပ်ပြီးကုန်သော။
မုဓုသက္ကရကပ္ပုရာဒီဟိ၊ ပျားရည်, သကြား, ပရုပ် အစရှိသည်တို့နှင့်။
ယောဇေတွာ၊ ယှဉ်စေ၍။
(ရောစပ်၍။)
ကာတဗ္ဗံ၊ ရာ၏။
ဧဝံ၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။
ကတံ၊ ပြုအပ်သော သရက်သီးဖျော်ရည်သည်။
ပုရေဘတ္တမေဝ၊ နံနက်အခါ၌သာ။
ကပ္ပတိ၊ အပ်၏။
ပန၊ ကား။
အနုပသမ္ပန္နေဟိ၊ လူ, သာမဏေတို့သည်။
ကတံ၊ ပြုအပ်သော သရက်သီးဖျော်ရည်ကို။
လဘိတွာ၊ ရ၍။
ပုရေဘတ္တံ၊ ၌။
ပဋိဂ္ဂဟိတံ၊ အကပ်ခံအပ်သည်။
(သမာနံ)။
ပုရေဘတ္တံ၊ ၌။
သာမိသပရိဘောဂေနာပိ၊ အာမိသနှင့် တကွဖြစ်သော သုံးဆောင်ခြင်းဖြင့်လည်း။
ဝဋ္ဋတိ၊
ပစ္ဆာဘတ္တံ၊ ဆွမ်းစားရာ ကာလ၏ နောက်အဖို့၌။
(နေလွဲအခါ၌။)
နိရာမိသပရိဘောဂေန၊ အာမိသနှင့် မရောသော သုံးဆောင်ခြင်းဖြင့်။
ယာဝအရုဏုဂ္ဂမနာ၊ အရုဏ်တက်သည်တိုင်အောင်။
ဝဋ္ဋတိယေဝ၊ သည်သာ။
သဗ္ဗပါနေသု၊ အလုံးစုံသော ဖျော်ရည်တို့၌။
(ဇမ္ဗုပါန စသော ကြွင်းသောဖျော်ရည်တို့၌။)
ဧသ (ဧသော)၊ ဤ ဆိုအပ်ပြီးသော အစီအရင်သည်။
နယော၊ သိကြောင်း အစီအရင်တည်း။
ပန၊ ဆက်။
တေသု၊ ထို ကြွင်းသောဖျော်ရည်တို့တွင်။
**ဇမ္ဗုပါန**န္တိ၊ ကား။
ဇမ္ဗုဖလေဟိ၊ သပြေသီးတို့ဖြင့်။
ကတပါနံ၊ ပြုအပ်သော ဖျော်ရည်တည်း။တဒဟု၊ပေ၊ ကပ္ပတိ။ ။ ရှေးနေ့တို့၌ အကပ်ခံထားသော မဓုသက္ကရစသည်တို့နှင့် မရောကောင်း၊ ရောလျှင် ယနေ့မှ အပ်ခံအပ်သော သရက်သီးလည်း မုခသန္နိဓိ ဖြစ်၏၊ ထို့ကြောင့် "တဒဟုပဋိဂ္ဂဟိတေဟိ" ဟု ဝိသေသန ပြုသည်၊ ဤ ပြခဲ့သော အစီအစဉ်ဖြင့် ရဟန်းကိုယ်တိုင် ပြုအပ်သော ဖျော်ရည်သည် မွန်းမတည့်မီ နံနက်၌သာ အပ်၏၊ ပုရေဘတ္တမေဝ" ၌ "ဧဝ" ဖြင့် မွန်းလွဲသည်မှစ၍ ပစ္ဆာဘတ္တ၌ မအပ်ဟု ကန့်၊ ဘာကြောင့်နည်း?၊ သရက်သီးကို အကပ်ခံထားပြီးဖြစ်သောကြောင့်တည်း၊ [နံနက်၌ အကပ်ခံအပ်သော ယာဝကာလိက (သရက်သီး စသော) ဝတ္ထုသည် ပစ္ဆာဘတ္တ၌ မစားသောက်ကောင်း၊ ထို့ကြောင့် "ညနေ၌ ရဟန်းကိုယ်တိုင် သရက်သီး, လိမ္မော်သီး, မန်းကျည်းသီး စသည်ကို အကပ်ခံ၍ ဖျော်ရည်မလုပ်ကောင်း" ဟု သတိပြုပါ။]
အနုပသမ္ပန္နေဟိ ၊ပေ၊ ဝဋ္ဋတိယေဝ။ ။ ပြခဲ့သော အစီအစဉ်ဖြင့် လူ,သာမဏေ တို့ ပြုအပ်သော ဖျော်ရည် ဖြစ်လျှင်ကား နံနက်၌ အကပ်ခံပြီးလျှင် ထို နံနက်၌ ဆွမ်း, မု့န်စသော အာမိသတို့နှင့် ရော၍လည်း စားကောင်း, ယခုအခါ ထောပတ်ဆွမ်းကပ်ရာ၌ ရှလဘတ်ရည်များကို သောက်သကဲ့သို့တည်း၊ ပစ္ဆာဘတ္တ၌ကား ဆွမ်းစသော အာမိသနှင့် မရောစေဘဲ ယာမကာလိက ထုံးစံအတိုင်း သောက်ကောင်း၏
အနုပသမ္ပန္နေဟိ ၊ပေ၊ ဝဋ္ဋတိယေဝ။ ။ ပြခဲ့သော အစီအစဉ်ဖြင့် လူ,သာမဏေ တို့ ပြုအပ်သော ဖျော်ရည် ဖြစ်လျှင်ကား နံနက်၌ အကပ်ခံပြီးလျှင် ထို နံနက်၌ ဆွမ်း, မု့န်စသော အာမိသတို့နှင့် ရော၍လည်း စားကောင်း, ယခုအခါ ထောပတ်ဆွမ်းကပ်ရာ၌ ရှလဘတ်ရည်များကို သောက်သကဲ့သို့တည်း၊ ပစ္ဆာဘတ္တ၌ကား ဆွမ်းစသော အာမိသနှင့် မရောစေဘဲ ယာမကာလိက ထုံးစံအတိုင်း သောက်ကောင်း၏
**စောစပါန**န္တိ၊ ကား။
အဋ္ဌိကေဟိ၊ အစေ့ရှိကုန်သော။
ကဒလိဖလေဟိ၊ တောငှက်ပျောသီးတို့ဖြင့်။
ကတပါနံ၊ တည်း။
**မောစပါန**န္တိ၊ ကား။
အနဋ္ဌိကေဟိ၊ အစေ့မရှိကုန်သော။
ကဒလိဖလေဟိ၊ အိမ်ငှက်ပျောသီးတို့ဖြင့်။
ကတပါနံ၊ တည်း။
**မဓုပါန**န္တိ၊ ကား။
မဓုကာနံ၊ သစ်မည်စည်သီးတို့၏။
(မယ်ဇယ်သီတို့၏။)
ဇာတိရသေန၊ ဖြစ်မြဲတိုင်းသော အရည်ဖြင့်။
(ရေမပါသာ ပင်ကိုအသီးရည်ဖြင့်။
ကတပါနံ၊ တည်း။
ပန၊ ဆက်။
တံ၊ ထို သစ်မည်စည်သီးဖျော်ရည်သည်။
ဥဒကသမ္ဘိန္နံ၊ ရေဖြင့်ရောစပ်သည်။
(သမာနံ၊ ဖြစ်လတ်သော်။
ဝါ၊ မှ။)
ဝဋ္ဋတိ၊
သုဒ္ဓံ၊ ရေနှင့်မဖက် သက်သက်သော သစ်မည်စည်သီးဖျော်ရည်သည်။
န ဝဋ္ဋတိ၊
**မုဒ္ဒိကပါန**န္တိ၊ ကား။
မုဒ္ဒိကာ၊ မုဒရက်သီးတို့ကို။
(သပျစ်သီးတို့ကို။)
ဥဒကေ၊ ၌။
မဒ္ဒိတွာ၊ နယ်၍။
အမ္ဗပါနံ ဝိယ၊ သရက်သီးဖျော်ရည်ကဲ့သို့။
ကတပါနံ၊ တည်း။
**သာလူကပါန**န္တိ၊ ကား။
ရတ္တုပ္ပလနီလုပ္ပလာဒီနံ၊ ကြာနီကြာညို အစရှိသည်တို့၏။
သာလူကေ၊ ကြာစွယ်တို့ကို။
မဒ္ဒိတွာ၊ ၍။
ကတပါနံ၊ တည်း။
**ဖာရုသကပါန**န္တိ၊ ကား။
ဖာရုသကဖလေဟိ၊ ဖက်သက်သီးတို့ဖြင့်။
အမ္ဗပါနံ ဝိယ၊ ကဲ့သို့။
ကတပါနံ၊ ပြုအပ်သော ဖျော်ရည်တည်း။
[ဤ ဖက်သက်သီးကို "မြရာသီး" ဟူသော အမည်ဖြင့် ရခိုင်ပြည်၌ တွေ့ရသတတ်၊ မြန်မာပြည်၌လည်း အနည်းငယ် ရှိ၏။]
အဋ္ဌ၊ ရှစ်မျိုးကုန်သော။
ဣမာနိ ပါနာနိ၊ ဤ ဖျော်ရည်တို့သည်။
သီတာနိပိ၊ အေးသော ဖျော်ရည်တို့သည်လည်းကောင်း။
(ရေအေးဖြင့် ပြုအပ်သော ဖျော်ရည်တို့သည်လည်းကောင်း)
အာဒိစ္စပါကာနိပိ၊ နေဖြင့် ချက်အပ်သော ဖျော်ရည်တို့သည်လည်းကောင်း။
ဝဋ္ဋန္တိ၊ န်၏။
အဂ္ဂါပါကာနိ၊ မီးဖြင့် ချက်အပ်သော ဖျော်ရည်တို့သည်။
န ဝဋ္ဌန္တိ၊ န်၏။မဓုကပါနံ။ ။ သစ်မည်စည်သီးကို (မယ်ဇယ်သီးကို) ဖျော်ရည်လုပ်ရာဝယ် ရေ၌ မနယ်ဘဲလည်း အရည်ထွက်နိုင်သောကြောင့် "ဇာတိရသေန" ဟု ဆိုသည်၊ [ယောဇနာ၌ကား မဓုသက္ကရ စသည်တို့ဖြင့် မရောဘဲ ပြုအပ်သည်ကို "ဇာတိရသ" ဟု ဆို၏၊ ] "ရေမှ ရောမှ အပ်သည်" ဟူသော စကားကား ပစ္ဆာဘတ္တ၌ ယာမကာလိက အဖြစ်ဖြင့် သောက်ဖို့ရန်ဆိုသော စကားတည်း၊ နံနက်ပိုင်း ဖြစ်မူ အသီးကိုပင်စားကောင်းရကား ရေ မရောဘဲ မသောက်ကောင်းစရာ မရှိပါ။
**မဓုမုဒ္ဒိကသာလူက, စောစမောစမ္ဗဇမ္ဗုကံ၊ ဖာရုသံ နာသဂ္ဂိသန္တတ္တံ, သဗ္ဗံ တံ ယာမကာလိကံ။ - ခုဒ္ဒသိက္ခာ။
**မဓုမုဒ္ဒိကသာလူက, စောစမောစမ္ဗဇမ္ဗုကံ၊ ဖာရုသံ နာသဂ္ဂိသန္တတ္တံ, သဗ္ဗံ တံ ယာမကာလိကံ။ - ခုဒ္ဒသိက္ခာ။
**ဓညဖလရသန္တိ**၊ ကား။
သတ္တန္နံ၊ ခုနစ်မျိုးကုန်သော။
ဓညာနံ၊ စပါးတို့၏။
ဖလရလံ၊ အသီး၏ အရည်ကို။
(ဆန်ဆေးရည်, ထမင်းရည်ကို၊ ထပေတွာ၌စပ်။)
**ဍာကရသန္တိ**၊ ကား။
ပက္ကဍာကရသံ၊ ချက်အပ်သော ဟင်းရွက်၏အရည်ကို။
(ထပေတွာ၌ စပ်။)
ဟိ၊ မှန်။
(ပက္ကဍာကရသကို ချန်ထားခြင်းသည်မှန်၏။
ထို အရည်ကား ညဉ့်အခါ၌ မသောက်ကောင်း။)
ယာဝကာလိကပတ္တာနံ၊ ယာဝကာလိကအရွက်တို့၏။
(ဟင်းချက်၍ စားကောင်းသော အရွက်တို့၏။)
ပုရေဘတ္တံယေဝ၊ နံနက်အခါ၌သာ။
ရသော၊ အရည်သည်။
ကပ္ပတိ၊ အပ်၏။
ယာဝဇီဝိကာနံ၊ ယာဝဇိဝိက ဖြစ်ကုန်သော။
(ပက္ကာနံ ၌ စပ်။)
ပဋိဂ္ဂဟေတွာ၊ အကပ်ခံ၍။
ထပိတသပ္ပိအာဒီဟိ၊ ထားအပ်သော ထောပတ်အစရှိသည်တို့နှင့်။
သဒ္ဓိံ၊ တကွ။
ပက္ကာနံ၊ ချက်အပ်သော အရွက်တို့၏။
(ရသော)။ဓညဖလရသံ။ ။ "တဏ္ဍုလဓောဝနရသမ္ပိ (ဆန်ဆေးရည်ကိုလည်း) ဓညရသောယေဝါတိ ဝဒန္တိ" ဟု ဋီကာရှိသောကြောင့် ဆန်ဆေးရည်ကို "ဓညဖလရသ" ဟု ခေါ်ရာ၌ ဝဒန္တိဝါဒသာတည်း၊ မူလနာမည်ရင်းမှာ ဆန်ကို ချက်ထားသော ထမင်းရည်၏ နာမည်သာ ဖြစ်သင့်၏၊ ယောဇနာ၌ကား ဆန်ဆေးရည်ကိုပင် မူလနာမည် အဖြစ်ဖြင့် ယူလေသည်၊ [ထို ဆန်ဆေးရည်လည်း ညနေ မအပ်သောကြောင့် "ဓညဖလရသ" ပင်တည်း။]
ယာဝကာလိကပတ္တာနံ။ ။ မန်ကျည်းရွက်အနု စသည်ကို "ယာဝကာလိကပတ္တ" ဟု ဆိုသည်၊ ထို အရွက်နုများကို ဟင်းရည်ချက်သဖြင့် မီးဖြင့် ချက်ခြင်းကို ရည်ရွယ်၍ "ပုရေဘတ္တံယေဝ ကပ္ပတိ" ဟု ဆိုသည်၊ မီးဖြင့် မချက်ဘဲ သာမဏေစသည်တို့က ရေဖြင့် နယ်၍ ထို အရည်ကိုကပ်လျှင် သရက်သီးဖျော်ရည် စသည်နှင့်သဘောတူသောကြောင့် ပစ္ဆာဘတ္တ၌လည်း အပ်ပါ၏၊ ဤ အဓိပ္ပါယ်ကိုပင် "ကုရုန္ဒိယံ ပန" စသည်ဖြင့် နောက်၌ ပြလိမ့်ဦးလတ္တံ့။
ယာဝဇိဝိကာနံ၊ပေ၊ ကပ္ပတိ။ ။ မန်းကျည်းရွက် အကြမ်း, ကင်မွန်းရွက် အကြမ်း, ပြည်ပန်းညိုရွက် အကြမ်းစသော ဟင်းချက်၍ စားရိုး မဟုတ်သောအရွက်ကြမ်းများကို အကပ်ခံထားသော ထောပတ်စသည်နှင့် ရော၍ ကိုယ်တိုင်ချက်ကောင်း၏၊ သာမံပါက မဖြစ်၊ "ထိုရော၍ ချက်အပ်သော ဟင်းရွက်အကြမ်း၏ အရည်သည် ခုနစ်ရက်အပ်၏" ဟူရာ၌ ထောပတ်စသော သတ္တာဟကာလိကဝတ္ထုက ထို ရောရောနေ့၌ အကပ်ခံထားသော ဝတ္ထုဖြစ်မှ ခုနစ်ရက် အပ်သည်၊ အကပ်ခံပြီး၍ တစ်ရက်, နှစ်ရက် စသည်ကြာမှ ရောလျှင် လွန်ခဲ့သောရက်ကို နုတ်၍ ထောပတ်စသည်၏ ကျန်သမျှ ရက်အတိုင်းသာ အပ်သည်ဟု မှတ်ပါ၊ ထောပတ်စသော သတ္တဟကာလိက မပါဘဲ ရေသက်သက်ဖြင့် ချက်လျှင် ယာဝဇီဝိက အရွက်ရည်ဖြစ်သောကြောင့် တစ်သက်လုံး အပ်သည်ဟု အဋ္ဌကထာဆိုသည်။ သတ္တာဟံ၊ ပတ်လုံး။ ကပ္ပတိ၊
ယာဝကာလိကပတ္တာနံ။ ။ မန်ကျည်းရွက်အနု စသည်ကို "ယာဝကာလိကပတ္တ" ဟု ဆိုသည်၊ ထို အရွက်နုများကို ဟင်းရည်ချက်သဖြင့် မီးဖြင့် ချက်ခြင်းကို ရည်ရွယ်၍ "ပုရေဘတ္တံယေဝ ကပ္ပတိ" ဟု ဆိုသည်၊ မီးဖြင့် မချက်ဘဲ သာမဏေစသည်တို့က ရေဖြင့် နယ်၍ ထို အရည်ကိုကပ်လျှင် သရက်သီးဖျော်ရည် စသည်နှင့်သဘောတူသောကြောင့် ပစ္ဆာဘတ္တ၌လည်း အပ်ပါ၏၊ ဤ အဓိပ္ပါယ်ကိုပင် "ကုရုန္ဒိယံ ပန" စသည်ဖြင့် နောက်၌ ပြလိမ့်ဦးလတ္တံ့။
ယာဝဇိဝိကာနံ၊ပေ၊ ကပ္ပတိ။ ။ မန်းကျည်းရွက် အကြမ်း, ကင်မွန်းရွက် အကြမ်း, ပြည်ပန်းညိုရွက် အကြမ်းစသော ဟင်းချက်၍ စားရိုး မဟုတ်သောအရွက်ကြမ်းများကို အကပ်ခံထားသော ထောပတ်စသည်နှင့် ရော၍ ကိုယ်တိုင်ချက်ကောင်း၏၊ သာမံပါက မဖြစ်၊ "ထိုရော၍ ချက်အပ်သော ဟင်းရွက်အကြမ်း၏ အရည်သည် ခုနစ်ရက်အပ်၏" ဟူရာ၌ ထောပတ်စသော သတ္တာဟကာလိကဝတ္ထုက ထို ရောရောနေ့၌ အကပ်ခံထားသော ဝတ္ထုဖြစ်မှ ခုနစ်ရက် အပ်သည်၊ အကပ်ခံပြီး၍ တစ်ရက်, နှစ်ရက် စသည်ကြာမှ ရောလျှင် လွန်ခဲ့သောရက်ကို နုတ်၍ ထောပတ်စသည်၏ ကျန်သမျှ ရက်အတိုင်းသာ အပ်သည်ဟု မှတ်ပါ၊ ထောပတ်စသော သတ္တဟကာလိက မပါဘဲ ရေသက်သက်ဖြင့် ချက်လျှင် ယာဝဇီဝိက အရွက်ရည်ဖြစ်သောကြောင့် တစ်သက်လုံး အပ်သည်ဟု အဋ္ဌကထာဆိုသည်။ သတ္တာဟံ၊ ပတ်လုံး။ ကပ္ပတိ၊
ပန၊ ဆက်။
သုဒ္ဓဥဒကေန၊ သက်သက်သောရေဖြင့်။
(ထောပတ်စသော သတ္တာဟကာလိကဝတ္ထု မပါသောရေဖြင့်။)
သစေပစတိ၊ အံ့။
(ဧဝံ သတိ)။
ယာဝဇိဝမ္ပိ၊ အသက်ထက်ဆုံးလည်း။
ဝဋ္ဋတိ၊
ပန၊ ဗျတိရိက်။
ခီရာဒီဟိ၊ နို့ရည် အစရှိသည်တို့နှင့်။
သဒ္ဓိံ ပစိတုံ န ဝဋ္ဋတိ၊
အညေဟိ၊ တစ်ပါးသော ဝတ္ထုတို့နှင့်။
(ခီရစသည်တို့မှ တစ်ပါးသော ယာဝကာလိကဝတ္ထုတို့နှင့်။
သဒ္ဓိံ။)
ပက္ကမ္ပိ၊ ချက်အပ်သော ဟင်းရွက်ရည်သည်လည်း။
ဍာကရသသင်္ချမေဝ၊ ဍာကရသဟု သော အရေအတွက်သို့သာ။
ဂစ္ဆတိ၊ ရောက်၏။
ပန၊ ဝါဒန္ထရ။
ကုရုန္ဒိယံ၊ ၌။
ယာဝကာလိကပတ္တာနမ္ပိ၊ ယာဝကာလိက အရွက်တို့၏လည်း။
သီတောဒကေန၊ ရေအေးဖြင့်။
မဒ္ဒိတွာ၊ ၍။
ကတရသော ဝါ၊ ပြုအပ်သော အရည်သည်လည်းကောင်း။
အာဒိစ္စပါကော ဝါ၊ နေဖြင့် ချက်အပ်သော အရည်သည်လည်းကောင်း။
ဝဋ္ဋတိ၊
ဣတိ ဝုတ္တံ။
**ထပေတွာ မဓုကပုပ္ဗရသန္တိ** ဧတ္ထ၊ ၌။
မဓုကပုပ္ဖရသော၊ သစ်မည်စည်ပွင့်၏ အရည်သည်။
အဂ္ဂိပါကော ဝါ၊ မီးဖြင့် ချက်အပ်သည်မူလည်း။
ဟောတု၊ ဖြစ်စေ။
အာဒိစ္စပါကော ဝါ၊ နေဖြင့် ချက်အပ်သည်မူလည်း။
(ဟောတု)။
ပစ္ဆာဘတ္တံ၊ နေလွဲအခါ၌။
န ဝဋ္ဋတိ၊
ပုရေဘတ္တမ္ပိ၊ နံနက်အခါ၌လည်း။
ယံပါနံ၊ အကြင် ဖျော်ရည်ကို။
(သစ်မည်စည်ပွင့် အရည်ကို။)
ဂဟေတွာ၊ ယူ၍။
မဇ္ဇံ၊ သေရည်ကို။
ကရောန္တိ၊ ပြုတတ်ကြကုန်၏။
သော၊ ထို အရည်သည်။
အာဒိတော၊ အစမှ။
ပဋ္ဌာယ၊ ၍။
န ဝဋ္ဋတိ၊
[သေရည်လုပ်မည် ဖြစ်သောကြောင့် အစမှ စ၍ မအပ်-ဟူလို။]
ပန၊ ဆက်။
မဓုကပုပ္ဖံ၊ သစ်မည်စည်ပွင့်သည်။
(ဝဋ္ဋတိ၌ စပ်။)
ဝါ၊ ကို။
(န ကရောန္တိ၌ စပ်။)
အလ္လံ ဝါ၊ စိုသော အပွင့်သည်လည်းကောင်း။
သုက္ခံ ဝါ၊ ခြောက်သော အပွင့်သည်လည်းကောင်း။
ဘဇ္ဇိတံ ဝါ၊ လှော်အပ်သော အပွင့်သည်လည်းကောင်း။
ခီရာဒီဟိ၊ပေ၊ ဂစ္ဆတိ။ ။ "ခီရာဒီဟိ" ၌ အာဒိဖြင့် သတ္တာဟကာလိက မဟုတ်သော ဒဓိတက္က ဟူသော ယာဝကာလိက ဂေါရသတို့ကို ယူ၊ ထို ခီရစသော ဝတ္ထုက ယာဝကာလိက ဖြစ်သောကြောင့် ပစ္ဆာဘတ္တ၌ သောက်ဖို့ရန် ဟင်းရွက်ရည်ကို ကြိုချက်ရာ၌ ထို ခီရ စသည်နှင့် ရော၍ မချက်ကောင်း၊ ခီရ စသည်မှ တစ်ပါးသော ယာဝကာလိကဝတ္ထုကများကို "အညေဟိ" အရ ယူပါ၊ ထို ဝတ္ထုများနှင့် ရော၍ ကြိုချက်လျှင်လည်း "ထပေတွာ ဍာကရသံ" ဟု ပါဠိတော်၌ ပယ်အပ်သော (ဟင်းရွက်ရည်) ဟု ပင် ခေါ်ရသည်၊ [ဤ ဝါကျ၌ စာနေ မကောင်းလှ။]
တေန၊ ထို သစ်မည်စည်ပွင့်ဖြင့်။
ကတဖာဏိတံ ဝါ၊ ပြုအပ်သော တင်လဲသည်လည်းကောင်း။
[သစ်မည်စည်ပွင့်ကို အရည်ညှစ်၍ ထိုအရည်ကို နေလှန်းသောအခါ တင်လဲရည်ကဲ့သို့ ဖြစ်သွား၏။]
ယတော၊ အကြင်အခါမှ။
ပဋ္ဌာယ၊ ၍။
မဇ္ဇံ၊ ကို။
န ကရောန္တိ၊ ကုန်။
(တတော ပဋ္ဌာယ)။
တံ သဗ္ဗံ၊ ထို အလုံးစုံသည်။
ပုရေဘတ္တံ ဝဋ္ဋတိ၊
ဥစ္ဆုရသော၊ ကြံရည်သည်။
နိက္ကသဋော၊ အဖတ် မရှိသည်။
(သမာနော)။
ပစ္ဆာဘတ္တံ၊ ၌။
ဝဋ္ဋတိ၊
[ညနေ သောက်ကောင်းသော အနေအားဖြင့် အရည်အချင်း တူသောကြောင့် ယာမကာလိက အရည်တို့ကို ပြရာ၌ ရော၍ မိန့်တော်မူသည်၊ အဖတ် မပါသော ကြံရည်ကား သတ္တာဟကာလိကသာတည်း၊- ဝိမတိ။]
ဣတိ၊ လျှင်။
ပါနာနိ၊ ဖျော်ရည်တို့ကို။
အနုဇာနန္တေန၊ ခွင့်ပြုတော်မူသော မြတ်စွာဘုရားသည်။
စတ္တာရော၊ လေးမျိုးကုန်သော။
(အသီး, အရွက်, အပွင့်, ကြံရည်အားဖြင့် လေးမျိုးကုန်သော။)
ဣမေဟိ ရသာ၊ ဤရသာရည်တို့ကိုလည်း။
အနုညာတာ၊ ခွင့်ပြုတော်မူအပ်ကုန်ပြီ။
ဣတိ၊ ဤသို့ မှတ်အပ်၏။
[ဤခွင့်ပြုချက်အရ မန်းကျည်းဖျော်ရည် စသည်တို့၌ ပါန၌သွင်းယူနိုင်သည်။]
**အဂ္ဂိဟုတ္ထမုခါ ယညာ** တိအာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။
အဂ္ဂိဟုတံ၊ မီးပူဇော်ခြင်းသည်။
သေဋ္ဌံ၊ အမြတ်ဆုံး တည်း။
အဂ္ဂိဟုတံ၊ သည်။
မုခံ၊ ပဓာနတည်း။
ဣတိ ဝုတ္တံ ဟောတိ။
အဂ္ဂိဟုတ္ထ၊ ပေ၊ ဟောတိ။ ။ စာအုပ်တို့၌ "အဂ္ဂိဟုတ္ထမုခါ ယညာတိအာဒီသု အဂ္ဂိဟုတံ သေဋ္ဌံ, အဂ္ဂိဟုတံ မုခံတိ ဝုတ္တံ ဟောတိ" ဟု တွေ့ရ၏၊ ထို ပါဌ်သည် မကောင်းပါ၊ နောက်ဆရာတို့ ထည့်ပါဌ်သာ ဖြစ်စရာ ရှိ၏၊ "အဂ္ဂိဟုတ္ထမုခါ" ဟူသော သမာသ်ပုဒ်ကို "အဂ္ဂိဟုတံ သေဋ္ဌံ" ဟု ဖွင့်သဖြင့် သဒ္ဒါနည်း ပျက်၏၊ "သေဋ္ဌံ" ဟု ရှေ့၌ ထင်ရှားသော အဓိပ္ပာယတ္ထကို ဖွင့်ပြီးမှ "မုခံ" ဟု နောက်ထပ် ပုဒ်ရင်းအတိုင်းဆိုပြန်၏၊ ထို့ပြင် "အာဒီသု" ဟု စတည်ထားပါလျက် ထို အာဒိဖြင့် ယူရမည့်ပုဒ်တို့၏ အဖွင့်ကိုလည်း မပြ၊ ထို့ကြောင့် နောက်ဆရာတို့ ထည့်ပါဌ်သာ ဖြစ်စရာ ရှိသည်၊ ဋီကာ၌ "အဂ္ဂိဟုတ္တ သေဋ္ဌာ အဂ္ဂိဇုဟနပ္ပဓာနတိ အတ္ထော" စသည်ဖြင့် ပွင့်၏၊ ထိုသို့ ဋီကာ ဖွင့်ပုံသာ ထုံးစံ ကျပါသည်၊ ဝိမတိ၌လည်း အဋ္ဌကထာအဖွင့် မရှိ၍ သူ့ကိုယ်တိုင် ဖွင့်လိုသောကြောင့် "ပါဠိယံ အဂ္ဂိုဟုတ္ထမုခါတိ အဂ္ဂိဇုဟပုဗ္ဗကာ" စသည်ဖြင့် ဖွင့်သည်။