Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Mahāvagga-aṭṭhakathā
(SP) Mahāvagga-aṭṭhakathā

Pajjotarājavatthukathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**ဇေဂုစ္ဆံ မေ သပ္ပီ**တိ၊ ကား။ အယံ ရာဇာ၊ ဤမင်းသည်။ ဝိစ္ဆိကဿ၊ ကင်းမြီးကောက်၏အတွက်။ (ကင်းမြီးကောက်ကြောင့်။) ဇာတောကိရ၊ မွေးဖွားသတတ်။ ဝိစ္ဆိကဝိသပဋိဃာတာယ စ၊ ကင်းမြီးကော် အဆိပ်ကို ပယ်ရှားခြင်း အကျိုးငှာလည်း။ သပ္ပိ၊ ထောပတ်သည်။ ဝိစ္ဆိကာနံ၊ တို့၏။ ဝါ၊ တို့သည်။ ပဋိကူလံ၊ ရွံရှာဖွယ်ကောင်းသော။ ဘေသဇ္ဇံ၊ ဆေးသည်။ ဟောတိ၊ ၏။ တသ္မာ၊ ကြောင့်။ ဧဝံ၊ ဤသို့။ "ဇေဂုစ္ဆံ မေ သပ္ပီ" ဟူ၍။ အာဟ၊ ပြောပြီ။
***ဥဒ္ဒေကံ ဒဿတီ*တိ၊ ကား။ ဥဂ္ဂါရံ၊ ကြို့ထိုးခြင်းကို။ ဒဿတိ၊ ပေးလတ္တံ့။
**ပညာသ ယောဇနိကာ ဟောတီ**တိ၊ ပညာသ ယောဇနာနိ၊ ယူဇနာငါးဆယ်တို့တိုင်တိုင်။ ဂန္တုံ၊ နေ့ချင်းပေါက် သွားခြင်းငှာ။ သမတ္ထာ၊ စွမ်းနိုင်သည်။ ဟောတိ၊
ကေဝလံ၊ နာဠာဂီရိ စသည်မဖက် သက်သက်။ အဿရညော၊ ထိုမင်း၏။ ဟတ္ထိနီယေဝ၊ ဆင်မယဉ်သာသည်သာ။ န၊ သွားနိုင်သည်မဟုတ်သေး။ နာဠာဂိရိ၊ မည်သော။ ဟတ္ထီ၊ ဆင်သည်။ ယောဇနသတံ၊ ယူဇနာတစ်ရာတိုင်တိုင်။ ဂစ္ဆတိ၊ နေ့ချင်းပေါက် သွားနိုင်၏။ စေလကဏ္ဏော စ၊ **စေလကဏ္ဏ** မြင်းတော်လည်းကောင်း။ မုဉ္စကေသော စ၊ **မုဉ္စကေသ** မြင်းတော်လည်းကောင်း။ ဣတိ၊ သို့။ ဒွေ၊ နှစ်စီးကုန်သော။ အဿာ၊ မြင်းတော်တို့သည်။ ဝီသယောဇနသတံ၊ ယူဇနာ တစ်ရာ့နှစ်ဆယ်တိုင်တိုင်။ ဂစ္ဆန္တိ၊ နေ့ချင်းပေါက်သွားနိုင်ကုန်၏။ ကာကော၊ **ကာက** မည်သော။ ဒါသော၊ ကျွန်သည်။ သဋ္ဌိယောဇနာနိ၊ ယူဇနာ ခြောက်ဆယ်တို့တိုင်တိုင်။ ဂစ္ဆတိ၊ နေ့ချင်းပေါက်သွားနိုင်၏။
ကိရ၊ ချဲ့။ ဧကဿ၊ တစ်ယောက်သော။ ကုလပုတ္တဿ၊ အမျိုးသား၏။ ဝါ၊ သည်။ (နိသိန္နဿ၌ စပ်။) ဗုဒ္ဓေ၊ ဘုရားရှင်သည်။ အနုပ္ပန္နေ၊ ပွင့်တော်မမူသေးမီ။ ဧကဒိဝသံ၊ တစ်နေ့သ၌။ ဘုဉ္ဇိတုံ၊ စားခြင်းငှာ။ နိသိန္နဿ၊ ထိုင်နေစဉ်။ ပစ္စေကဗုဒ္ဓေါ၊ သည်။ အာဂန္တွာ၊ ကြွလာပြီး၍။ ဂတော၊ ပြန်သွားပါပြီ။ ဣတိ၊ သို့။ အာရောစေသိ၊ ပြောပြီ။
သော၊ ထို အမျိုးသားသည်။ သုတွာ၊ ကြားရ၍။ ဂစ္ဆ၊ သွားလော့။ ဝေဂေန၊ လျင်မြန်စွာ။ ပတ္တံ၊ သပိတ်ကို။ အာဟရ၊ ဆောင်ယူချေလော။ ဣတိ၊ ဤသို့ ပြော၍။ အာဟရာပေတွာ၊ ဆောင်ယူစေ၍။ အတ္တနော၊ မိမိဖို့။ သဇ္ဇိတံ၊ ပြင်ဆင်အပ်ပြီးသော။ ဘတ္တံ၊ ထမင်းကို။ သဗ္ဗံ၊ အလုံးစုံ။ (အကုန်အစင်။) ဒတွာ၊ လှူ၍။ ပေသေသိ၊ ပို့စေပြီ။
ဣတရော၊ အခြားသော ယောကျ်ားသည်။ တံ၊ ထို သပိတ်ကို။ အာဟရိတွာ၊ ဆောင်ယူ၍။ ပစ္စေကဗုဒ္ဓဿ၊ ၏။ ဟတ္ထေ၊ လက်၌။ ထပေတွာ၊ ထား၍။ ဘန္တေ၊ အဟံ၊ တပည့်တော်သည်။ တုမှာကံ၊ အရှင်ဘုရားတို့၏အတွက်။ ကတေန၊ ပြုအပ်သော။ ဣမိနာ ကာယဝေယျာဝတိကေန၊ ဤ ကိုယ်ဖြင့် ကြောင့်ကြစိုက်သူ၏ အဖြစ်ကြောင့်။ ယတ္ထ တတ္ထ၊ အမှတ်မထား တစ်ပါးပါးသော ဘဝ၌။ နိဗ္ဗတ္တော၊ ဖြစ်ရသည်။ (သမာနော) ပိ၊ သော်လည်း။ ပတ္ထနံ၊ ဆုတောင်းမှုကို။ အကာသိ၊ ပြုပြီ။
သော အယံ၊ ထို ဝေယျာဝစ္စပြုသော ဤသူသည်။ ဧတရဟိ၊ ယခုအခါ၌။ ပဇ္ဇောတော နာမ၊ ပဇ္ဇောတ မည်သော။ ရာဇာ၊ သည်။ ဇာတော၊ ဖြစ်ပြီ။ ကာယ ပတ္ထနာယ၊ ထို ဆုတောင်းမှုကြောင့်။ အယံ ဝါဟနသမ္ပတ္တိ၊ ဤ ယာဉ်၏ပြည့်စုံခြင်းသည်။ (ဟောတိ၊ ၏။)
**သပ္ပိံ ပါယေတွာ**တိ၊ ကား။ သပ္ပိံ၊ ကို။ ပါယေတွာ စ၊ တိုက်ပြီး၍လည်းကောင်း။ ပရိစာရိကာနံ၊ အလုပ်အကျွေးတို့အား။ အာဟာရာစာရော၊ အာဟာရကို ပြုကျင့်ခြင်း၌။ ဝိဓိံ၊ အစီအရင်ကို။ အာစိက္ခိတွာ စ၊ ပြောပြပြီး၍လည်းကောင်း။ (**"နိပ္ပတိ၊ ထွက်ပြေးပြီ"** ဟု ပါဠိတော်၌ စပ်။)
**နခေန ဘေသဇ္ဇံ ဩလုမ္ပေတွာ**တိ၊ ကား။ နခေန၊ လက်သည်းဖြင့်။ (**"နခေ၊ လက်သည်း၌"** လည်းရှိ၏။) ဘေသဇ္ဇံ၊ ဆေးကို။ ဩဒဟိတွာ၊ ထား၍။ ပက္ခိပိတွာ၊ ထည့်၍။ (ခါဒတိ၌ စပ်။) ဣတိ အတ္ထော၊
**နိစ္ဆာရေသီ**တိ၊ ကား။ ဝိရေစေသိ၊ ဝမ်းလျှောစေပြီ။ [ဝိပုဗ္ဗ+စရဓာတ်, ကာရိတ် ဏေပစ္စည်း၊ ဝိရေစန အနက်ဟော။]ကာယဝေယျာဝတီကေန။ ။ "ဗျာကရဏံ + အဓီတေ ဝေယျာကရဏိကော" ဟူရာ၌ ဗျာကရဏမှ ဝေယျာကရဏ ဖြစ်သကဲ့သို့ ဗျာဝဋမှ ဝေယျာဝဋဖြစ်၏၊ ဗျာဝဋ၌ ဝိ+အာ+ဝရဓာတ်, တပစ္စည်း၊ "ဗျာဝဋဿ+ဘာဝေါ (ကမ္မံ)" ဟု ပြုလျှင် ဏျပစ္စည်း သက်၍ "‌ဝေယျာဝစ္စံ" ဟု ပြီးသကဲ့သို့ ဤ၌လည်း ဏျပစ္စည်း, တ၏ အ ကို ဣပြု၍ "ဝေယျာဝတိယံ" ဟု ပြီးနိုင်ရကား "ဝေယျာဝတိယ" ဟု ရှိပြီး ယကို က ပြု၍ "ဝေယျာဝတိက" ဟု ဖြစ်သည်၊ ကာယေန+ ဝေယျာဝတိကံ ကာယဝေယျာဝတိကံ- ကိုယ်ဖြင့်+ ကြောင့်ကြစိုက်သူ၏ အဖြစ် (ကြောင့်ကြစိုက်သူ၏ အလုပ်။)
နခေန ၊ပေ၊ ပက္ခိပိတွာ။ ။ ဩလုမ္ပေတွာ၌ အဝ ပုဗ္ဗ+လုပဓာတ် +ရုဓာဒိတည်း၊ "ဝိလုမ္ပန-(လုယက်ခြင်း) အနက်ဟော" ဟု ဓာတ်ကျမ်း၌ ဆို၏၊ ဤ နေရာ၌ လုယူခြင်း မဟုတ်ဘဲ ရိုးရိုးယူခြင်းကိုပင် "ဩလုမ္ပန, ဝိလုမ္ပန" ဟု မှတ်ပါ၊ "လက်သည်းဖြင့် ဆေးကို ယူ၍" ဟူလို၊ ဩဒဟိတွာကား အဓိပ္ပာယ်ဖွင့်တည်း၊ ပက္ခိပိတွာလည်း ဩဒဟိတွာကို ထပ်ဖွင့်ခြင်းပင်တည်း၊ "ထည့်ခြင်း" ဟူသည် "မည်သည့်အရာ၌ ထည့်" ဟု အာဓာရကို ငဲ့၏၊ ထို့ကြောင့် "နခေ ၊ပေ၊ ဩဒဟိတွာ" ဟု ရှိလျှင် ကောင်းသည်။