Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Mahāvagga-aṭṭhakathā
(SP) Mahāvagga-aṭṭhakathā

Cattāronissayādikathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**တာဝဒေဝါ** တိ၊ ကား။ ဥပသမ္ပန္နသမနန္တရမေဝ၊ ရဟန်းအဖြစ်သို့ရောက်ပြီးသည်၏ ခြားမဲ့၌ပင်။ ("မေတဗ္ဗာ" စသည်၌ စပ်။)
**ဆာယာ မေတဗ္ဗာ** တိ၊ ကား။ ဧကပေါရိသာ ဝါ၊ တစ်ခုသော ယောက်ျားပမာဏ ရှိသည်မူလည်းဖြစ်သော။ ဝါ၊ ယောက်ျားတစ်ယောက် ပမာဏရှိသည်မူလည်းဖြစ်သော။ ဒွိပေါရိသာ ဝါ၊ နှစ်ခုသော ယောက်ျားပမာဏ ရှိသည်မူလည်းဖြစ်သော။ ဝါ၊ ယောက်ျားနှစ်ယောက် ပမာဏရှိသည်မူလည်းဖြစ်သော။ ဆာယာ၊ အရိပ်ကို။ မေတဗ္ဗာ၊ တိုင်းတာထိုက်၏။
**ဥတုပ္ပမာဏံ အာစိက္ခိတဗ္ဗ** န္တိ၊ ကား။ ဝဿာနော၊ မိုးဥတုလည်းကောင်း။ ဟေမန္တော၊ ဆောင်းဥတုလည်းကောင်း။ ဂိမှော၊ နွေဥတုလည်းကောင်း။ ဣတိ ဧဝံ၊ သို့။ ဥတုပ္ပမာဏံ၊ ဥတုအတိုင်းအရှည်ကို။ အာစိက္ခိတဗ္ဗံ၊ ပြောပြထိုက်၏။
စ၊ ဆက်။ ဧတ္ထ၊ ဤ ဥတုပ္ပမာဏံအာစိက္ခိတဗ္ဗံဟူသောပါဌ်၌။ ဥတုယေဝ၊ ဥတုသည်ပင်။ ဥတုပ္ပမာဏံ၊ ဥတုပ္ပမာဏ မည်၏။
ဝဿာနာဒယော၊ မိုးဥတု အစရှိသည်တို့သည်။ အပရိပုဏ္ဏာ၊ မပြည့်ကုန်သည်။ သစေ ဟောန္တိ။ (ဧဝံသတိ) ယဿ၊ အကြင်ရဟန်းဖြစ်ရာ နေ့အဖို့၏။ သောဥတု၊ ထိုဥတုသည်။ ယတ္တကေဟိ၊ အကြင်မျှ အတိုင်းအရှည်ရှိကုန်သော။ ဒိဝသေဟိ၊ နေ့တို့ဖြင့်။ အပရိပုဏ္ဏော၊ မပြည့်သေးသည်။ (ဟောတိ)။ တေ ဒိဝသေ၊ ထိုမပြည့်သေးသော‌ နေ့လတို့ကို။ သလ္လက္ခေတွာ၊ မှတ်သား၍။ သော ဒိဝသဘာဂေါ၊ ထိုရဟန်းဖြစ်ရာ နေ့အဖို့ကို။ အာစိက္ခိတဗ္ဗော။မေတဗ္ဗာ။ ။ ရှေးခေတ်က ယခုနာရီမျိုး မရှိသေးသောကြောင့် လူ့အရိပ်(ဖဝါး) တိုင်းကြရသည်၊ ယခုခေတ်၌ နာရီအချိန် မှတ်ရုံဖြင့်လည်းပြီး၏၊ နာရီမှတ်ခြင်း, ဖဝါးတိုင်ခြင်း နှစ်မျိုးလုံးကိုလည်း‌ ပြုကြသည်၊ ပုရိသော+ ပရိမာဏံ+ အဿာတိ ပေါရိသာ၊ ဆာယာ- တစ်ရပ် တစ်သူ အတိုင်အရှည်ရှိသော အရိပ်၊ (ရူပသိဒ္ဓိဝိဂ္ဂဟ)၊ [ယောဇနာဝယ် "ပုရိသဿ ပမာဏံ ပေါရိသံ" ဟု ပြု၍ ပမာဏအနက်၌ ဏပစ္စည်း သက်၏ဟု ဆို၏၊ ဧကံ+ ပေါရိသံ+ ယဿာတိ ဧကပေါရိသာ၊ ဒွေ+ ပေါရိသာနိ+ယဿာတိ ဒွိပေါရိသာ၊ (ဆာယာ)။]
ဥတုပ္ပမာဏံ။ ။ ပမီယတေ အနေနာတိ ပမာဏံ၊ အနေန- ဤဥတုဖြင့်၊ ပမီယတေ- နှစ်ကို တိုင်းတာရ၏၊ ဣတိ ပမာဏံ၊ ဥတုယေဝ+ ပမာဏံ ဥတုပ္ပမာဏံ၊ "တစ်နှစ်ပြည့်ဖို့ရန် မည်မျှလိုသေး၏, မည်မျှရှိပြီ" ဟု နှစ်ကို တိုင်ကြောင်း ဥတု၊ ဤ၌ကား "နွေဥတု၌ ရဟန်းဖြစ်သည်, သို့မဟုတ် မိုးဥတု, သို့မဟုတ် ဆောင်းဥတု၌ ရဟန်းဖြစ်သည်" ဟု ပြောခြင်းကို "ဥတုပ္ပမာဏကို ပြောပြခြင်း" ဟု ဆိုသည်။
သစေ ဝဿာနာဒယော။ ။ "သစေ ဝဿာနာဒယော" မှစ၍ "အာစိက္ခိတဗ္ဗော" တိုင်အောင်ကား "ဒိဝသဘာဂေါ အာစိက္ခိတဗ္ဗော" ၏ အဖွင့်တည်း၊ ဝဿာနစသောဥတုက လေးလအတိ ပြည့်နေလျှင် ဒိဝသဘာဂကို အထူး‌ ပြောနေဖွယ် မလိုတော့ပါ၊ ဥတုက (တစ်ဥတု) မပြည့်သေးလျှင် ထိုဥတုဝယ် လိုနေသေးသော နေ့ရက်ကို မှတ်သား၍ (ဥပမာ- ဆောင်းဥတုက တပေါင်းလပြည့်ကျမှ ပြည့်မည်ဖြစ်၏၊ တပေါင်းလဆန်း-၁၀ရက်နေ့၌ ရဟန်းဖြစ်လျှင် ထိုဥတု ပြည့်ဖို့ရန် ၅- ရက် လိုသေးကြောင်းကို ထည့်စွက်၍) ဒိဝသဘာဂကို ပြောပြပါဟု ဆိုလိုသည်။
အထ ဝါ၊ ထို့ပြင်တစ်နည်းကား။ အယံ နာမ ဥတု၊ ဤမည်သောဥတုတည်း။ (ဥတုပ္ပမာဏံ၊ ၌။ "ဥတု" ကိုပြောသည်။) သော စ၊ ထို ဥတုသည်လည်း။ ပရိပုဏ္ဏော၊ ပြည့်ပြီ။ ဣတိ ဝါ၊ သော်လည်းကောင်း။ အပရိပုဏ္ဏော၊ မပြည့်သေး။ ဣတိ ဝါ၊ သော်လည်းကောင်း။ ဧဝံ၊ သို့။ ဥတုပ္ပမာဏံ၊ ဥတု၏ပမာဏကို။ အာစိက္ခိတဗ္ဗံ၊ ပြောပြထိုက်၏။
ပုဗ္ဗဏှော၊ နံနက်တည်း။ ဣတိ ဝါ၊ သော်လည်းကောင်း။ သာယနှော၊ ညနေချမ်းတည်း။ ဣတိ ဝါ၊ သော်လည်းကောင်း။ ဧဝံ၊ သို့။ ဒိဝသဘာဂေါ၊ နေ့အဖို့ကို။ အာစိက္ခိတဗ္ဗော၊ ပြောပြထိုက်၏။မှတ်ချက်။ ။ စာအုပ်တို့၌ "ယော ဥတု" ဟု တွေ့ရ၏၊ ဥတုကား ရှေ့၌ပါပြီးဖြစ်သောကြောင့်လည်းကောင်း, "ယတ္တကေဟိ ဒိဝသေဟိ" ကို "တေ ဒိဝသေ" ဟု နိယမပြု၍ "ယဿ" ကို "သော ဒိဝသဘာဂေါ" ဟု နိယမပြုပြီးလျှင် "‌ယော ဥတု" အတွက် နိယမ မပါသောကြောင့်လည်းကောင်း, ရှေး ဥတုပ္ပမာဏံ က ဥတုကို ပြန်၍ ညွှန်းသော တသဒ္ဒါဖြင့် "သော ဥတု" ဟု ရှိမှ စာသွားကောင်းသည်၊ [ယောဇနာ၌ "ယော ဥတု" ကို အတည်ပြု၍ "တဿ ဥတုနော" ဟု ပါဌသေသ ထည့်သွားလေသည်၊ ထို့ပြင် ဝိမတိ၌ ယဿကို "တံ ခဏံ လဒ္ဓူပသမ္ပဒဿ ပုဂ္ဂလဿ" ဟု စွဲ၏၊ ထိုအစွဲကိုလည်း "သော ဒိဝသဘာဂေါ" ထောက်၍ စဥ်းစားသင့်သည်။]
ဒိဝသဘောဂေါ။ ။ ထို "မပြည့်သေးသော ဥတုဝယ် မည်သည့်လ မည်သည့်ရက်၌ ရဟန်းဖြစ်သည်" ဟု ဒိဝသဘာဂကို ပြောပြရသည်၊ [ဤအလို "ဒိဝသဘာဂသည်ဥတုတွင် ပါဝင်သော လ- ရက်- နေ့တို့ကို ပြသောစကား" ဟု မှတ်ပါ၊ ထိုနေ့အဖို့တွင်အချိန်ကိုကား "ဆာယာ မေတဗ္ဗာ" ဖြင့် ပြပြီးဖြစ်သည်။]
မှတ်ချက်။ ။ ယောဇနာ၌ ဤှပထမနည်းဝယ်ဥတုပ္ပမာဏကိုပြောပြရာ၌ "ဥတုကပြည့်နေလျှင် ဒိဝသဘာဂ ပြောပြဖွယ်မလို" ဟု ယူဆ၍ ဤပထမဝါဒကို မနှစ်သက်ချေ၊ အမှန်ကား "ဥတုယေဝ ဥတုပ္ပမာဏံ" ဟု အဋ္ဌကထာပြုသောကြောင့် ဥတုပ္ပမာဏပြောတုန်းက ဥတုသက်သက်ကိုသာ ပြောပြရသည်၊ လ- ရက် မပါသေးပါ၊ ထို့ကြောင့် ဥတုက ပြည့်နေသော်လည်း ထိုဥတု၏ ပြည့်နေသော လ- ရက်ကိုကား ဒိဝသဘာဂအရပြောပြနိုင်ပါသည်။
အထ ဝါ။ ။ ဥတုပ္ပမာဏံ အာစိက္ခိတဗ္ဗံနှင့် ဒိဝသဘာဂေါ အာစိက္ခိတဗ္ဗောအတွက်တစ်နည်းပြသော စကားတည်း၊ ဤနည်း၌ကား "ဥတုဿ+ ပမာဏံ ဥတုပ္ပမာဏံ" ဟုဝိဂြိုလ်ပြု၍ ဥတုကိုလည်းကောင်း, ဥတု၏ လ- ရက်ကိုလည်း‌ကောင်း ပြောပြရမည်၊ ဒိဝသဘာဂကား "နံနက်ပိုင်း, သို့မဟုတ် ညနေပိုင်း" ဟု နေ့အဖို့ကို ပြောပြခြင်းတည်း၊ ထိုနေ့အဖို့၌ အချိန်ကိုကား "ဆာယာ မေတဗ္ဗာ" ဖြင့် ပြောပြပြီး ဖြစ်၏။
**သင်္ဂီတီ** တိ၊ ကား။ ဣဒမေဝ သဗ္ဗံ၊ ဤဆိုအပ်ပြီးသော အရိပ်,ဥတု, နေ့အဖို့ဟူသော အလုံးစုံကိုပင်။ ဧကတော၊ တပေါင်းတည်း။ ကတွာ၊ ၍။ (သံ၏ဖွင့်) တွံ၊ သည်။ ကိံ၊ အဘယ် ဥတု, လ,ရက်ကို။ လဘသိ၊ ရသနည်း?။ တေ၊ ၏။ ဆာယာ၊ အရိပ်သည်။ ကာ၊ အဘယ်နည်း?။ ကတုပ္ပမာဏံ၊ ဥတုအတိုင်းအရှည်သည်။ ကိံ၊ နည်း။ ဒိဝသဘာဂေါ၊ နေ့အဖို့သည်။ ကော၊ နည်း?။ ဣတိ၊ သို့။ ပုဋ္ဌော၊ (အခြားပုဂ္ဂိုလ်က) မေးအပ်သည်။ (သမာနော၊ သော်။) ဣဒံ နာမ၊ ဤမည်သောဥတုကို။ လဘာမိ၊ ရပါ၏။ ဝဿံ၊ မိုးဥတုကို။ (လဘာမိ၊ ဣတိ) ဝါ၊ သော်လည်းကောင်း။ ဟေမန္တံ၊ ဆောင်းဥတုကို။ (လဘာမိ။ ဣတိ) ဝါ၊ သော်လည်းကောင်း။ ဂိမှံ၊ နွေဥတုကို။ (လဘာမိ။ဣတိ) ဝါ၊ သော်လည်းကောင်း။ အယံ၊ ဤသည်ကား။ (၇ ဖဝါးစသည်ကား။) မေ၊ ၏။ ဆာယာ၊ အရိမ်ပါတည်း။ ဣဒံ၊ ဤသည်ကား။ (မိုးဥတု, သို့မဟုတ် ဆောင်းဥတု, သို့မဟုတ် နွေဥတုကား။) ကတုပ္ပမာဏံ၊ ဥတုဟူသော ပမာဏပါတည်း။ အယံ၊ ကား။ (နံနက်ပိုင်း စသည်ကား။) ဒိဝသဘာဂေါ၊ နေ့အဖို့ပါတည်း။ ဣတိ၊ သို့။ ဝဒေယျာသိ၊ လျှောက်လေလော။ ဣတိ ဧဝံ၊ သို့။ အာစိက္ခိတဗ္ဗံ၊ ၏။သင်္ဂီတိ။ ။ ဆာယာဒိကမေဝ သဗ္ဗံ(အရိပ်စသော အားလုံးကိုပင် သင်္ဂဟေတွာ ဂါယိတဗ္ဗာ ကထေတဗ္ဗာ (သိမ်းကြုံ၍ ပြောလိုက်၏၊) ဣတိ သိင်္ဂီတိ၊ အရိပ်,ဥတု, နေ့, ဤသုံးမျိုးကို ပေါင်း၍ ပြောပြခြင်းကို "သင်္ဂီတိ အာစိက္ခိတဗ္ဗာ" ဟု ဆိုသည်၊ [သံကို သင်္ဂဟေတွာဟုလည်းကောင်း, ဂီတိကို "ဂါယိတဗ္ဗာ" ဟု လည်းကောင်း ဖွင့်သည်၊ "အသင်သည် ဘယ်နှစ်, ဘယ်ဥတု, ဘယ်လ, ဘယ်အချိန်ဝယ် ရဟန်းဖြစ်သနည်း?" ဟု မေးလျှင် ပြန်၍ ပြောတတ်ဖို့ရာ ရဟန်းဖြစ်စကာလ၌ အားလုံးပေါင်း၍ပြောပြပါ- ဟူလို၊ ["ဆာယာ မေတဗ္ဗာ" စသည်တုန်းက ရဟန်းသစ် နားလည်ရုံသာတစ်ခုစီ တစ်ခုစီ ပြောပြခြင်းတည်း၊ ဤသိင်္ဂီတိ၌ကား ရဟန်းသစ်အား သူတစ်ပါးကမေးသောအခါ အပြည့်အစုံ ပြောတတ်ဖို့ရန် ပေါင်း၍ ပြောပြခြင်းတည်းဟု မှတ်ပါ။]
ဝဿံ ဝါ၊ ပေ၊ ဂိမှံ ဝါ။ ။ဥတုပ္ပမာဏ ရပုံကိုသာ အဋ္ဌကထာ၌ ပြထားသော်လည်း ဤဥတုပမာဏ ပြောပြရုံမျှဖြင့် မည်သည့်နှစ်ဟု မသိသာသောကြောင့် "ခုနစ်သက္ကရာဇ်ကိုပါ ပြောပြရမည်" ဟု ဝိမတိဆို၏၊ "အယံ မေ ဆာယာ" စသည်ကားပါဠိတော်၌ "ဆာယာ မေတဗ္ဗာ၊ ဥတုပ္ပမာဏံ အာစိက္ခိတဗ္ဗံ၊ ဒိဝသဘာဂေါအာစိက္ခိတဗ္ဗော" ဟု လာသည့်အတိုင်း စဥ်၍ပြခြင်းသာတည်း၊ ပါဠိတော်၌ ထိုသို့စဥ်ပြခြင်းမှာလည်း လက်တွေ့အလုပ်လုပ်သောအခါ အရိပ်, အချိန်, နာရီကို တိုင်းတာမှတ်သားရမည့်အလုပ်က ပထမဖြစ်သောကြောင့်တည်း။
တကယ်ပြောရာ၌မူ "ခုနှစ်သက္ကရာဇ်, ဥတု,လ, လဆန်း,လဆုတ်, နေ့ရက်, အချိန်(အရိပ် နာရီ မိနစ်)" အားလုံး ပြည့်စုံအောင် အစဥ်အတိုင်း ပြောပြရသည်၊ ပြောပုံကား "၁၃၂၆- ခုနှစ်, မိုးဥတု, ဝါဆိုလဆန်း ၁၃-ရက်, နံနက်၇နာရီခွဲ အချိန်၌ရဟန်းအဖြစ်သို့ ရောက်သည်ဟု မှတ်" ဤသို့စသည်ဖြင့် လျော်စွာသွင်း၍ ပြောပြရသည်။
**ဩဟာယာ**တိ၊ ကား။ ဆဋ္ဋေတွာ၊ စွန့်၍။ (ပက္ကမိံသု၌ စပ်။)
**ဒုတိယံဒါတု** န္တိ၊ ကား။ ဥပသမ္ပဒမာဠကတော၊ ပဉ္စင်းခံရာ တန်ဆောင်းဝန်းမှ။ ပရိဝေဏံ၊ ပရိဝုဏ်သို့။ ဂစ္ဆန္တဿ၊ သွားသော ရဟန်းသစ်အား။ ဒုတိယကံ၊ နှစ်ပါးမြောက်အဖော်ကို။ ဒါတုံ၊ ပေးခြင်းငှာလည်းကောင်း။ စတ္တာရိ၊ လေးပါးကုန်သော။ အကရဏီယာနိ၊ မပြုကျင့်ထိုက်သော ပါရာဇိကတို့ကို။ အာစိက္ခိတုံ စ၊ ပြောပြခြင်းငှာလည်းကောင်း။ အနုဇာနာမိ၊ ၏။ ဣတိ အတ္ထော၊ နက်။
**ပဏ္ဍုပလာသော** တိ၊ ကား။ ပဏ္ဍုဝဏ္ဏော၊ ဖျော့တော့သော အဆင်းရှိသော။ ပတ္တော၊ ဖက်ရွက်သည်။ ("အဘဗ္ဗော သေယျထာပိ" ဟု ပါဠိတော်၌ စပ်။)
**ဗန္ဓနာ ပဝုတ္တော** တိ၊ ကား။ ဝဏ္ဋ‌တော၊ အညှာမှ။ ပတိတော၊ ကြွေကျလေပြီးသော။ (ပဏ္ဍုပလာသော၌ စပ်။)
**အဘဗ္ဗော ဟရိတတ္ထာယာ** တိ၊ ကား။ ပုန၊ ဖန်။ ဟရိတော၊ စိမ်းစိုသည်။ ဘဝိတုံ၊ ဖြစ်ခြင်းငှာ။ အဘဗ္ဗော၊ မထိုက်။
**ပုထုသိလာ** တိ၊ ကား။ မဟာသိလာ၊ ကြီးစွာသော ကျောက်ခဲသည်။ (အပ္ပဋိသန္ဓိကာ၌ စပ်)။
**အလဗ္ဘမာနာယ၊ ပေ၊ သံဝါသေ** တိ၊ ကား။ ယာဝ၊ လောက်။ တဿ၊ ထိုဥက္ခိတ္တကရဟန်း၏အပေါ်၌။ ဥက္ခေပနီယကမ္မကရဏတ္ထာယ၊ ဥက္ခေပနီယကံကိုပြုခြင်းအကျိုးငှာ။ သာမဂ္ဂီ၊ သံဃာ၏ညီညွတ်ခြင်းကို။ (သံဃာပြည့်အောင်။) န လဗ္ဘတိ၊ မရအပ်သေး။ တာဝ၊ ထိုမရအပ်သေးသမျှကာလပတ်လုံး။ တေန၊ ထိုရဟန်းနှင့်။ သဒ္ဓိံ၊ ကွ။ သမ္ဘောဂေ စ၊ အာမိသဓမ္မကို အတူတကွ သုံးဆောင်ခြင်းကြောင့်လည်းကောင်း။မှတ်ချက်။ ။ ဤသို့ ပြောပြ၍ ထိုအတိုင်း နှုတ်တက်မှတ်ထားမှသာ အာဂန္တုကရဟန်းတို့နှင့် တွေ့သောအခါ ဝါကြီး, ဝါငယ်ကို ခွဲခြား၍ ဆိုင်ရာဝတ္တရားကို ပြုနိုင်၏သံဃိကပစ္စည်းကို ဝေသောအခါ ဝါကြီးသူက ကောင်းမြတ်သောပစ္စည်းကို ရတတ်သောကြောင့် ထိုအခါ၌လည်း ဝါကြီး, ဝါငယ် ခွဲခြားရမည်၊ ထို့ကြောင့် ဝါစဥ်နှင့်ဆိုင်သောကိစ္စတိုင်းဝယ် အသုံးပြုဖို့ရန် "သင်္ဂီတိ- အရိပ်, ဥတု, နေ့ စသည်ကို ကောင်းစွာမှတ်ထား၍ ထိုက်သည့်အားလျော်စွာ အသုံးပြုပါလေ" ဟု ပြောရသည်။
ဗန္ဓနာ ပဝုတ္တော။ ။ ဝိသုဒ္ဓိမဂ် မဟာဋီကာ ပထမဆုံး ဂါထာအဖွင့်၌ ဝုတ္တသဒ္ဒါ ၏ "ဝပ္ပန- စိုက်ပျိုးခြင်း, ဝါပသမီရဏ- စိုက်ပျိုးအပ်ပြီးကို ထွန်ဖြင့်ညီအောင် ညှိခြင်း, ကေသောဟရဏ- ဆံရိတ်ခြင်း,ဇီဝိတဝုတ္တိ- အသက်မွေးခြင်း , ပမုတ္တဘာဝ- လွတ်သည်၏အဖြစ်ဟူသော ကြွေကျခြင်း" ဤသို့ စသည်ဖြင့် အနက်များစွာကို ပြရာဝယ်ပမုတ္တဘာဝ၌ ဤပါဠိတော်ကိုပင် ပုံစံပြ၏၊ ထို့ကြောင့် ပပုဗ္ဗ ဝပဓာတ် တပစ္စည်းဖြင့်ဝ၏ အ- ကို ဥပြု၍ "ပဝုတ္တော" ဟု ရှိစေရမည်၊ "ပမုတ္တော" ဟု မရှိစေရ။
သမ္ဘောဂေတိ။ ။ ဓမ္မသမ္ဘောဂေ- (ပိဋိကတ်ဓမ္မကို အတူတကွ သုံးဆောင်ခြင်းဟူသော ‌စာတက်, စာချခြင်း စသည်ကြောင့်လည်းကောင်း၊) အာမိသသမ္ဘောဂေ စ- (ဆွမ်း,သင်္ကန်းစသော အာမိသကို အတူတကွ သုံးဆောင်ဟူသော ပေးခြင်း, ယူခြင်း, စသည်ကြောင့်လည်း‌ကောင်း၊)- ဋီကာ။
ဥပေါသထပဝါရဏဒိကရဏဘေဒေ၊ ဥပုသ်, ပဝါရဏ အစရှိသော ကံကို ပြုခြင်းအပြားရှိသော။ သံဝါသေ စ၊ အတူတကွ ပေါင်းသင်းနေထိုင်ခြင်းကြောင့်လည်းကောင်း။ အနာပတ္တိ၊ သည်။ (ဟောတိ)။ ဣတိ၊ ဤသို့ မှတ်အပ်၏။
သဗ္ဗတ္ထ၊ အလုံးစုံသော ဝတ္ထုတို့၌။ သေသံ၊ ကြွင်းသော ပုဒ်အပေါင်းသည်။ မဟာဝိဘင်္ဂေ၊ မဟာဝိဘင်း၌။ (ဘိက္ခုအတွက် အကျယ်ပြရာ ပဒဘာဇနီ၌။) ဝုတ္တာနုသာရေန၊ ဆိုအပ်ပြီးသောနည်းကို အစဉ်လိုက်သဖြင့်။ သုဝိညေယျတ္တာ၊ လွယ်ကူစွာ သိနိုင်သည်၏အဖြစ်ကြောင့်။ ပါကဋမေဝ၊ ထင်ရှားသည်သာ။ ဣတိ၊ အပြီးတည်း။
သမန္တပါသာဒိကာယ၊ သမန္တပါသာဒိကာမည်သော။ ဝိနယသံဝဏ္ဏနာယ၊ ဝိနည်းအဋ္ဌကထာ၌။
ဒွါသတ္တတိအဓိကဝတ္ထုသတပဋိမဏ္ဍိတဿ၊ ၇၂ပါးအလွန်ရှိသော တစ်ရာသော ဝတ္ထုတို့ဖြင့် တန်ဆာဆင်အပ်သော။ မဟာခန္ဓကဿ၊ ၏။
အတ္ထဝဏ္ဏနာ၊ အနက်၏အဖွင့်သည်။ ဝါ၊ အနက်ကို ဖွင့်ကြောင်းဖွင့်ရာ အဋ္ဌကထာသည်။ နိဋ္ဌိတာ၊ ပြီ။မှတ်ချက်။ ။ ဤဝတ္ထု၌လာသော ရဟန်းသစ်သည် ရှေးရဟန်း ဘဝတုန်းကအာပတ်ကို မရှုခြင်းကြောင့် ဥက္ခေပနီယကံ အပြုခံရ၏၊ ထိုကံ မငြိမ်းသေးခင် လူထွက်၏၊ ယခုတစ်ဖန် "ထိုအာပတ်ကို ရှုပါမည်" ဟု လျှောက်သောကြောင့် ရဟန်းခံပေး၍ သံဃ့ာဘောင်သို့ ပြန်သွာင်းမှု ဩသာရဏကံ ပြုသောအခါ ထိုကံ ငြိမ်းစေပြီးဖြစ်၏၊ ထိုကံ ငြိမ်းစေပြီးခါမှ "အာပတ်ကို မရှုနိုင်" ဟု ဆိုပြန်ရကား ဥက္ခေပနီယကံ ထပ်မံ၍ပြုရဦးမည်၊ သို့သော် သံဃာမပြည့်၍ မပြုရသေးလျှင် ထိုရဟန်းနှင့် သမ္ဘောဂသံဝါသပြုမှုကြောင့် အာပတ်မသင့်ဟု မိန့်တော်မူသည်၊ ဩသာရဏကံ ပြုပြီးဖြစ်သောကြောင့်ဥက္ခိတ္တသမ္ဘောဂသိက္ခာပုဒ်သိက္ခာပုဒ်အရ ပါစိတ်အာပတ် မသင့်၊ "အာပတ္တိံ အာပဇ္ဇတိ" စသော အလဇ္ဇီလက္ခဏာနှင့် မညီသောကြောင့်လည်း အလဇ္ဇီသမ္ဘောဂကြောင့် ဒုက္ကဋ်အာပတ်လည်း မသင့်ပါ- ဟူလို။
ကေစိဝါဒ။ ။ အချို့က အနုပတ္တိအရ ဥက္ခိတ္တကပုဂ္ဂိုလ် မဟုတ်သောကြောင့်အာပတ်မသင့်၍ ထိုပုဂ္ဂိုလ်နှင့် သမ္ဘောဂသံဝါသ ပြုသော်လည်း အာပတ်မသင့်၊ ပါစိတ်အာပတ်ကို ရည်ရွယ်၍ "အနာပတ္တိ" ဟု မိန့်တော်မူသည်၊ "အလဇ္ဇီနှင့် ‌သမ္ဘောဂသံဝါသပြုသောကြောင့် ဒုက္ကဋ်အာပတ်ကား သင့်ရမည်" ဟု ဆိုကြသတတ်၊ [ယမေတ္ထ ကေနစိ "အနာပတ္တိ သမ္ဘောဂေ သံဝါသေ" တိ ဣမိနာ ပါစိတ္တိယေန အနာပတ္တိ ဝုတ္တာ၊ "အလဇ္ဇီပရိဘောဂပစ္စယာ ဒုက္ကဋံ ပန အာပဇ္ဇတိ ယေ ဝါ" တိ ဝတွာ ဗဟုဓာ ပပဥ္စိတံ၊ န တံသာရတော ပစ္စေတဗ္ဗံ၊- ဋီကာ။]