Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Mahāvagga-aṭṭhakathā
(SP) Mahāvagga-aṭṭhakathā

Saṅghebhinnecīvaruppādakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**သံဃော ဘိဇ္ဇတီ**တိ၊ ကား။ ဘိဇ္ဇိတွာ၊ ကွဲပြီး၍။ ကောသမ္ဗကဘိက္ခူဝိယ၊ ကောသမ္ဗကရဟန်းတို့ကဲ့သို့။ ဒွေ၊ နှစ်စုကုန်သော။ ကောဋ္ဌာသာ၊ အဖို့အစုတို့သည်။ ဟောန္တိ၊
**ဧကသ္မိံ ပက္ခေ**တိ၊ ကား။ ဧကသ္မိံ၊ တစ်စုသော။ ကောဋ္ဌာသေ၊ အစု၌။ ဒက္ခိဏောဒကဉ္စ၊ အလှူ‌ရေကိုလည်းကောင်း။ ဂန္ဓာဒီနိ စ၊ နံ့သာ စသည်တို့ကိုလည်းကောင်း။ ဒေန္တိ၊ လှူကြကုန်၏။ ဧကသ္မိံ၊ တစ်စုသော။ ကောဋ္ဌာသေ၊ အစု၌။ ဒက္ခိဏောဒကဉ္စ၊ အလှူရေကိုလည်းကောင်း။ ဂန္ဓာဒီနိ စ၊ နံ့သာ စသည်တို့ကိုလည်းကောင်း။ ဒေန္တိ၊ လှူကြကုန်၏။ ဧကသ္မိံ၊ သော။ (ကောဋ္ဌာသေ၊ ၌။) စီဝရာနိ၊ တို့ကို။ (ဒေန္တိ။)
**သံဃဿေဝေတ**န္တိ၊ ကား။ ဧတံ၊ ဤသင်္ကန်းသည်။ သကလဿ၊ သော။ သံဃဿ၊ ၏။ ဒွိန္နမ္ပိ၊ နှစ်စုလည်း ဖြစ်ကုန်သော။ ကောဋ္ဌာသာနံ၊ တို့။ ("သကလဿ သံဃဿ" ကို ထပ်ဖွင့်သည်၊ သန္တကံ) ဟောတိ။ ဃဏ္ဋိံ၊ ခေါင်းလောင်းစသည်ကို။ ပဟရိတွာ၊ တီးခတ်၍။ ဒွီဟိပိ၊ နှစ်ဖက်လည်း ဖြစ်ကုန်သော။ ပက္ခေဟိ၊ အဖို့အစုတို့သည်။ ဧကတော၊ တပေါင်းတည်း။ ဘာဇေတဗ္ဗံ၊ ဝေဖန်ရာ၏။
**ပက္ခဿေဝေတ**န္တိ၊ ကား။ ဧဝံ၊ ဤသို့။ ("ပက္ခဿ ဒေမ" ဟူ၍။) ဒိ‌န္နေ၊ လှူအပ်သော်။ ယဿ ကောဋ္ဌာသဿ၊ အကြင် အဖို့အစုအား။ ဥဒကံ၊ ကို။ ဒိန္နံ၊ ပြီ။ တဿ၊ ထို အဖို့အစုတို့၏။ (ထိုအဖို့အစုတွင် ပါဝင်သော ရဟန်းများ၏။) ဥဒကမေဝ၊ သည်သာ။ ဟောတိ၊ ယဿ (ကောဋ္ဌာသဿ)၊ အား။ စီဝရံ၊ ကို။ ဒိန္နံ၊ ပြီ။ တဿေဝ၊ ထို အဖို့အစု၏သာ။ (ထို အဖို့အစုတွင် ပါဝင်သော ရဟန်းများ၏သာ။) စီဝရံ (ဟောတိ)၊
ပန၊ ဆက်။ ယတ္ထ၊ အကြင် တိုင်းနိုင်ငံ၌။ ဒက္ခိဏောဒကံ၊ သည်။ ပမာဏံ၊ ပမာဏသည်။ (လိုရင်းသည်။) ဟောတိ၊ တတ္ထ၊ ထို တိုင်းနိုင်ငံ၌။ဒက္ခိဏောဒကံ။ ။ ဒက္ခန္တိ (ဝဍ္ဎန္တိ) ဧတာယာတိ ဒက္ခိဏာ၊ ဧတာယ- ဤအလှူဖြင့်၊ (ဒါနစေတနာဖြင့်၊) သတ္တာ- အလှူရှင် သတ္တဝါတို့သည်၊ ဒက္ခန္တိ (ဝဍ္ဎန္တိ)- တမလွန်ဘဝ၌ ကြီးပွားကြကုန်၏၊ ဣတိ ဒက္ခိဏာ၊ ဒဏ္ခိဏာယ+ပဋိသံယုတ္တံ+ဥဒကံဒက္ခိဏောဒကံ- အလှူနှင့်စပ်သော ရေ၊ ရှေးခေတ်က အလှူ လှူရာဝယ် ရေအိုး၌ ရေထည့်၍ ထိုရေကိုလည်း ဒက္ခိဏောဒကအဖြစ် လှူကြသည်။
ယတ္ထ ပန ၊ပေ၊ ဘာဇေတဗ္ဗံ။ ။ "ဒက္ခိဏောဒကသာ လိုရင်း ပမာဏ" ဟု အယူရှိသော တိုင်းနိုင်ငံ၌ နှစ်ဖက်ကွဲနေရာဝယ် တစ်ဖက်၌ ဒက္ခိဏောဒကကို လှူ၍အခြားတစ်ဖက်၌ သင်္ကန်းကို လှူအံ့၊ ဒက္ခိဏောဒကရသော ဘက်သည် လိုရင်းဖြစ်သောရေကို ရထားသောကြောင့် သင်္ကန်းကိုလည်း ရပိုင်ခွင့် ရှိ၏၊ အခြားတစ်ဖက်ကလည်း သင်္ကန်းကိုပင် တိုက်ရိုက်ရထားသောကြောင့် ထိုသင်္ကန်းနှင့် ဆိုင်နေ၏၊ ထို့ကြောင့် ဝေစု ဝေသောအခါ နှစ်ဖက်သံဃာတို့ ကြီးစဉ်ငယ်လိုက် ဝေရမည်ဟု ဇမ္ဗူဒိပ်၌ ထုံးစံ ရှိသတတ်၊ [ဤ အဋ္ဌကထာကို သီဟိုဠ်ကျွန်း၌ ရေးသောကြောင့် **"ဇမ္ဗူဒိပ်ခေါ် အိန္ဒိယကို "ပရသမုဒ္ဒ" ဟု ဆိုသည်။]
ဧကော၊ တစ်ခုသော။ ပက္ခော၊ အသင်းအပင်းသည်။ ဒက္ခိဏောဒကဿ၊ ၏။ ဝါ၊ ကို။ လဒ္ဓတ္တာ၊ ရအပ်ပြီးသည်၏ အဖြစ်ကြောင့်။ စီဝရာနိ၊ တို့ကို။ လဘတိ၊ ၏။ ဧကော၊ သော။ (ပက္ခော၊ သည်။) စီဝရာနမေဝ၊ တို့၏ပင်။ ဝါ၊ တို့ကိုပင်။ လဒ္ဓတ္တာ၊ ကြောင့်။ (စီဝရာနိ လဘတိ။) ဣတိ၊ ကြောင့်။ ဥဘောဟိပိ၊ နှစ်ဖက်သော အသင်းအပင်းတို့သည်လည်း။ (နှစ်ဖက်သော အသင်းအပင်းတွင် ပါဝင်သော ရဟန်းတို့သည်လည်း။) ဧကတော၊ တပေါင်းတည်း။ ဟုတွာ၊ ၍။ ယထာဝုဍ္ဎံ၊ ရဟန်းတို့သည်လည်း။) ဧကတော၊ တပေါင်းတည်း။ ဟုတွာ၊ ၍။ ယထာဝုဍ္ဎံ၊ အကြင် အကြင် ကြီးသူတို့အတိုင်း။ (ကြီးစဉ်ငယ်လိုက်။) ဘာဇေတဗ္ဗံ၊ ဝေဖန်ရာ၏။
ဣဒံ၊ ဤ အချက်သည်။ ပရသမုဒ္ဒေ၊ သမုဒ္ဒရာ၏ တစ်ဖက်ကမ်း၌။ (ဇမ္ဗူဒိပ်၌။) လက္ခဏံ၊ မှတ်သားကြောင်း အချက်သည်။ (ဟောတိ) ကိရ၊ ဖြစ်သတတ်။ ဣတိ၊ ဤသို့။ မဟာအဋ္ဌကထာယံ၊ ၌။ ဝုတ္တံ၊ ပြီ။
ပန၊ ဆက်။ တသ္မိံယေဝ၊ ပက္ခေတိ ဧတ္ထ၊ ၌။ ဣတရော၊ အခြားသော။ (ရေနှင့် သင်္ကန်းနှစ်မျိုးလုံးကို ရသောဘက်မှ အခြားသော။) ပက္ခော၊ သည်။ (နှစ်မျိုးလုံးကို မရသောဘက်သည်။) အနိဿရောယေဝ၊ အစိုးမရသည်သာ။ (သင်္ကန်းကို အစိုးမရသည်သာ။) [ဤဝါကျ၏ အဓိပ္ပာယ်ကို ပါဠိတော်ကြည့်၍မှ သိနိုင်မည်။]
စီဝရပေသနဝတ္ထူနိ၊ တို့သည်။ ပါကဋာ‌နေဝ၊ ထင်ရှားကုန်သည်သာ။ မှတ်ချက်။ ။ ဝိမတိဋီကာ ဤနေရာ၌ "ပဌမံ ဥဒကံ ပါတေတွာ ပစ္ဆာ ဒေန္တိ" ဟု ဆို၏၊ "ဥဒကံ ပါတေတွာ" ဟူသော ဤ စကားကို မြန်မာတို့က ရေတစ်စက်တစ်စက် ချခြင်းကို "ဥဒကပါတန" ဟု ယူကြဟန်တူသည်၊ အမှန်ကားရေကို အိုးနှင့်တကွ တစ်ဖက်သော သံဃာအား လှူလိုက်သောအခါ ထို သံဃာဘက်၌ ရေကို ကျစေခြင်း (ရေကို ရစေခြင်း) ကို "ဥဒကံ ပါတေတွာ" ဟု ဆိုသည်၊ [အချို့နေရာ၌ "ဥဒကံ ပါတေတွာ- ရေကို ရောက်စေ ရစေ၍" ဟုလည်း ရှိ၏။]