Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Mahāvagga-aṭṭhakathā
(SP) Mahāvagga-aṭṭhakathā

Sabbacammapaṭikkhepādikathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**ဒီပိစ္ဆာပေါ**တိ၊ ကား။ ဒိပိပေါတကော (သေယျထာပိ)၊ သစ်ပင်ပေါက်စကလေးကဲ့သို့တည်း။
**ဩဝုမ္ဖိယန္တီ**တိ၊ ကား။ ဘိတ္တိဒဏ္ဍကာဒီသု၊ နံရံ ထုတ်တန်းအစရှိသည်တို့၌။ ဝေဌေတွာ၊ ရစ်ပတ်၍။ ဗန္ဓန္တိ၊ ဖွဲ့ချည်ကြကုန်၏။ (ဖွဲ့ချည်၍ တန်းလုပ်ထားကြကုန်၏။) [ဩဂုမ္ဖိယန္တိ၌ အဝပုဗ္ဗ ဂုဖိဓာတ်, ဗန္ဓနအနက်ဟော။]
**အဘိနိသီဒိတုန္တိ**၊ ကား။ အဘိနိဿာယ၊ မှီ၍။ နိသီဒိတုံ၊ ထိုင်ခြင်းငှာ။ (အနုဇာနာမိ၌ စပ်။) ဣတိ အတ္ထော၊
**ဂိလာနေန ဘိက္ခုနာ သဥပါဟနေနာ**တိ ဧတ္ထ၊ ၌။ ယော၊ အကြင် ရဟန်းသည်။ အနုပါဟနော၊ ဖိနပ် မရှိသည်။ (ဟုတွာ)။ ဂါမံ၊ သို့။ ပဝိသိတုံ၊ ငှာ။ န သက္ကောတိ၊ မစွမ်းနိုင်။ (သော၊ သည်။) ဂိလာနော နာမ၊ န မည်၏။ပမာဏယုတ္တံ။ ။ သစေ ပမာဏယုတ္တန္တိအာဒိ အညပ္ပမာဏာတိက္ကန္တဿ ဝိမ္ဗောဟနဿ ပဋိက္ခိတ္တဘာဝဒဿနတ္ထံ ဝုတ္တံ၊ [ပမာဏလွန်သော ခေါင်းအုံးကို ပယ်ထားကေကြာင်း ပြလို၍ "ပမာဏယုတ္တံ" ဟု ဆိုသည်၊ ပမာဏယုတ္တ မဟုတ်သော ခေါင်းအုံးက ဥစ္စာသယန မဟာသယနတွင် ပါဝင်သောကြောင့် ဆိုအပ်သည်မဟုတ်၊] ဥစ္စာသယနမဟာသယနဘာဝဒဿနတ္ထံ, တထာ အဝုတ္တတ္တာ၊ တံ ပန ဥပဓာနံ ဥပေါသထိကာနံ ဂဟဋ္ဌာနံ ဝဋ္ဋတိ၊ (မှန်၏၊ ဥစ္စသယနမဟာသယနသည်သာ ထိုဥပုသ်စောင့်သောအခါ ထို လူဝတ်ကြောင်တို့အား မအပ်၊ ဥစ္စာသယနမဟာသယနတွင် မပါဝင်သော ခေါင်းအုံးကား အပိသည်- ဟူလို၊)- ဝိမတိ။
**ကုရရဃရေ**တိ၊ ကား။ ဧဝံ နာမကေ၊ ဤသို့ ကုရရဃရ အမည်ရှိသော။ နဂရေ၊ မြို့၌။ (ဝိဟရတိ၌စပ်။) ဧတေန၊ ဤ ကုရရဃရေ နဂရေဟူသော ပါဌ်ဖြင့်။ အဿ၊ ထို **အရှင်မဟာကစ္စည်း** ၏။ ဂေါစရဂါမော၊ ဂေါစရဂါမ်ကို။ (ဆွမ်းခံရွာကို။) (သင်္ဂီတိကာရေဟိ)။ ဝုတ္တော၊ ပြီ။
**ပပတကေ ပဗ္ဗတေ**တိ၊ ကား။ ပပတနာမကေ၊ ပပတ အမည်ရှိသော။ ပဗ္ဗတေ၊ တောင်၌။ (ဝိဟရတိ၌ စပ်။) ဧတေန၊ ဤ ပပတကေ ပဗ္ဗတေဟူသော ပါဌ်ဖြင့်။ အဿ၊ ထို**အရှင်မဟာကစ္စည်း** ၏။ နိဝါသနဋ္ဌာနံ၊ အမြဲနေရာ အရပ်ကို။ ဝုတ္တံ၊ ပြီ။
**သောဏော**တိ၊ ကား။ တဿ၊ ထို ဥပါသကာ၏။ နာမံ၊ အမည်တည်း။
ပန၊ ဆက်။ ကောဋိအဂ္ဃနကံ၊ တစ်ကုဋေ ထိုက်တန်သော။ ကုဋိကဏ္ဏောတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ ကောဋိကဏ္ဏောတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ ကောဋိကဏ္ဏော၊ တစ်ကုဋေ ထိုက်တန်သော နားတန်ဆာရှိသော။ (သောဏော၊ **သောဏ** မည်သော။ ဥပါသကော၊ တည်း။) ဣတိ အတ္ထော။
**ပါသာဒိက**န္တိ၊ ကား။ ပသာဒဇနကံ၊ စိတ်၏ ကြည်လင်ခြင်းကို ဖြစ်စေတတ်သော။
ပသာဒနီယန္တိ ဣဒံ၊ ဟူသော ဤသဒ္ဒါသည်။ တဿေဝ၊ ထိုပါသာဒိက သဒ္ဒါ၏ပင်။ အတ္ထဝစနံ၊ အနက်ကိုဟောသော သဒ္ဒါတည်း။ ပါသာဒိကံ ပသာဒနီယံ။ ။ ပသာဒံ+ဇနေတီတိ ပါသာဒိကော၊ ဏိပစ္စည်း, ဇနေတိ အနက်၌သက်၊ ဏအနုဗန်ကြောင့် ပ၌ ဝုဒ္ဓိ ရောက်၍ "ပါလသာဒိကော" ဟု ဖြစ်ရသည်၊ ပသာဒနီယံကို "ပသီဲဒိတဗ္ဗယုတ္တံ, ပသာဒကံ ဝါ" ဟု ဋီကာ၌ နှစ်နည်းဖွင့်၏၊ ထိုတွင် ပသီဒိတဗ္ဗယုတ္တံဖြင့် "ပပုဗ္ဗ သဒဓာတ်, အနီယပစ္စည်း, ယုတ္တအနက်၌ သက်သည်" ဟု ပြ၏၊ "ပသာဒီယတေတိ ပသာဒနီယော" ဟု ပြု၊ "ပသာဒနီယံ- ကြည်ညိုသင့် ကြည်ညိုထိုက်သော" ဟု ပေး၊ "ပသာဒကံ ဝါ" ဟူသော ပါဌ်ဖြင့် "အနီယပစ္စည်း ကတ္တားအနက်၌ သက်သည်" ဟု ပြ၏၊ ကာရိတ်လည်း ကျေ၊ "ပသာဒေတီတိ ပသာဒနီယော" ဟု ပြု၊ "ပသာဒနီယံ-ကြည်ညိုစေတတ်သော" ဟု အဋ္ဌကထာဖွင့်သည်၊ စာအုပ်များ၌ "အတ္ထဝေဝစနံ" ဟု တွေ့ရ၏၊ အတ္ထနှင့် တွဲရာ၌ "ဝေဝစနံ" ဟု သုံးရိုးမရှိပါ၊ အနက်မှာ ဝေဝုစ်ပရိယာယ် မရှိနိုင်, ထို အနက်ကို ဟောသော သဒ္ဒါ၌သာ ဝေဝုစ်ပရိယာယ် စကားလှယ်ဟူ၍ရှိနိုင်ပါသည်၊ ထို့ကြောင့်ပင် ယောဇနာလည်း "အတ္ထော ဝုစ္စတိ အနေနာတိ အတ္ထဝစနံ" ဟု အတ္ထဝစနံပုဒ်ကိုသာ ဖွင့်ထားပါသည်။
**ဥတ္တမဒမထသမထန္တိ**၊ ကား။ ဥတ္တမံ၊ မြတ်သော။ ဒမထဉ္စ၊ ဆုံးမကြောင်းပညာသို့ လည်းကောင်း။ သမထဉ္စ၊ ငြိမ်သက်စေသော သမာဓိသို့လည်းကောင်း။ (အနုပ္ပတ္တ၌စပ်။) ကာယူပသမဉ္စ၊ ကိုယ်၏ ငြိမ်သက်ခြင်းသို့လည်းကောင်း။ စိတ္တူပသမဉ္စ၊ စိတ်၏ ငြိမ်သက်ခြင်းသို့လည်းကောင်း။ (အနုပ္ပတ္တံ၌ စပ်။) ဣတိပိ အတ္ထော၊ ဤ အနက်သည်လည်း။ (ဟောတိ)။
**ဒန္တန္တိ**၊ ကား။ သဗ္ဗေသံ၊ အလုံးစုံကုန်သော။ ဝိသူကာယိကဝိပ္ဖန္ဒိတာနံ၊ ထိုးဆွခြင်းဖြင့် ဖြစ်ကုန်သော မငြိမ်မသက် လှုပ်လှက်ခြင်းတို့၏။ ဝါ၊ တို့ကို။ ဥပစ္ဆိန္နတ္တာ၊ ဖြတ်တောက်အပ်ပြီးကုန်သည်၏အဖြစ်ကြောင့်။ ဒန္တံ၊ ယဉ်ကျေးတော်မူပြီးသော။ ခီဏကိလေသံ၊ ကုန်ခန်းပြီးသောကိလေသာရှိတော်မူသော။ (ကိလေသာ ကုန်ခန်းတော််မူပြီးသော။) ဣတိအတ္ထော၊ ဤကား အနက်။
**ဂုတ္တ**န္တိ၊ ကား။ သံဝရဂုတ္တိယာ၊ စောင့်စည်းခြင်းဟူသော လုံခြုံခြင်းအားဖြင့်။ ဂုတ္တံ၊ လုံခြုံတော်မူသော။ဥတ္တမဒမထ သမထံ။ ။ ဒမထကို "ပညာ" ဟု ဖွင့်၏၊ "ဒမီယတေ ဧတေနာတိ ဒမိထော၊ ဧတေန- ဤ ဉာဏ်ပညာဖြင့်၊ ဒမီယတေ- ဆုံးမအပ်၏၊ ဣတိ ဒမထော" ဟု ပြု၊ သမထကို "သမဓိ" ဟု ဖွင့်သည်၊ ဒမထနှင့်သမထကို ဒွန်တွဲ၊ ဥတ္တမနှင့် ကမ္မဓာရာယ် တွဲ၊ ကိုယ်၏ ငြိမ်သက်ခြင်းကို "ဒမထ" ဟု လည်းကောင်း၊ စိတ်၏ ငြိမ်သက်ခြင်းကို "သမထ" ဟု လည်းကောင်း တစ်နည်းပြလို၍ ကာယူပသမဉ္စ စသည်ကိုမိန့်သည်။
ဆက်ဦးအံ့။ ။ ကာယူပသမဟူသည် ကိုယ်ကိုလည်းကောင်း, နှုတ်ကိုလည်းကောင်း ယဉ်ကျေးအောင် ဆုံးမထားသောကြောင့် ငြိမ်သက်ခြင်းတည်း၊ ["ဥတ္တမဒမထသမထံ-မြတ်သော ဆုံးမကြောင်း ဉာဏ်ပညာ, ငြိမ်သက်စေသော သမာဓိသို့၊ (တစ်နည်း) ဥတ္တမဒမထ သမထံ- မြတ်သော ကိုယ်၏ ယဉ်ကျေးခြင်း, စိတ်၏ ငြိမ်သက်ခြင်းသို့၊ အနုပ္ပတ္တံ-သော" ဟု ပါဠိတော်၌ ပေး။ ]
ဝိသူကာယိကဝိပ္ပန္ဒိတာနံ။ ။ ဝိသူက သဒ္ဒါသည် ဝိသူကဒဿန ၌ကဲ့သို့ ထိုးဆွကြောင်းဖြစ်သော ငြောင့်တံကျင်ကို ယော၏၊ ကိုယ် နှုတ်တို့၏ မငြိမ်မသက်လှုပ်လှက်ခြင်းသည် သူတစ်ပါး အမြင်မတော်သောကြောင့် သူတစ်ပါးကို ထိုးဆွသကဲ့သို့ဖြစ်၏၊ ဝိသူစနံ ဝိသူကော၊ ဝိသူကေန အယန္တိ ပဝတ္တန္တီတိ ဝိသူကာယိကာ- ထိုးဆွခြင်းဖြင့် ဖြစ်တတ်ကုန်သော လက်ဆော့ ခြေဆော့ခြင်း, ရယ်မောခြင်း စသည်တို့ကိုယူ၊ ထိုဝိသူကာယိကတို့သည် ကိုယ်နှုတ်တို့၏ မငြိမ်မသက် လှုပ်လှက်ခြင်းဖြစ်သောကြောင့် ဝိပ္ဖန္ဒိတလည်း မည်၏။
**သန္တိန္ဒြိယန္တိ**၊ ကား။ ယတိန္ဒြိယံ၊ စောင့်စည်းအပ်သော အနိန္ဒြေရှိတော်မူသော။
**နာဂန္တိ**၊ ကား။ အာဂုဝိရဟိတံ၊ မကောင်းမှုမှ ကင်းတော်မူသော။ ("တံ ဘဂဝန္တံ- ကို၊ ဒက္ခိဿသိ" ၌ စပ်။)
**တိဏ္ဏံ မေ ဝဿာနံ အစ္စယေနာ**တိ၊ ကား။ မမ၊ တပည့်တော်၏။ ပဗ္ဗဇ္ဇာဒိဝသတော၊ ရှင်ဖြစ်ရာနေရာမှ။ ပဋ္ဌာယ၊ ၍။ တိဏ္ဏံ ဝဿာနံ၊ သုံးနှစ်တို့၏။ အစ္စယေန၊ လွန်ရာအခါ၌။
**ဥပသမ္ပဒံ အလတ္ထန္တိ**၊ ကား။ အဟံ၊ သည်။ ဥပသမ္မဒံ၊ မြင့်မြတ်သော ရဟန်းအဖြစ်သို့။ အလဘိံ၊ ရခဲ့ပါပြီ။ (ဣံဝိဘတ်ကို တ္ထံပြု။)
**ကဏှတ္တရာ**တိ၊ ကား။ ကဏှမတ္တိကုတ္တရာ၊ အထက်၌တက်သော နက်သောမြေရှိပါ၏။ ဥပရိ၊ အထက်၌။ ဝဍ္ဎိတကဏှမတ္တိကာ၊ တိုးပွားသော နက်သောမြေရှိပါ၏။ ဣတိ အတ္ထော၊
**ဂေါကဏ္ဋကဟတာ**တိ၊ ကား။ ဂုန္နံ၊ နွားတို့၏။ ခုရေဟိ၊ ခွာတို့ဖြင့်။ အက္ကန္တ ဘူမိတော၊ နင်းအပ်သော မြေမှ။ ဂုန္နံ၊ နွားတို့၏။ ခုရေဟိ၊ ခွာတို့ဖြင့်။ အက္ကန္တဘူမိတော၊ နင်းအပ်သော မြေမှ။ သမုဋ္ဌိတေဟိ၊ ကြွတက်ကုန်သော။ ဂေါကဏ္ဋကေဟိ၊ နွားခြေရာခွက် ဆူးတို့ဖြင့်။ ဥပဟတာ၊ ဖျက်ဆီးအပ်ပါ၏။
တေ ‌ဂေါကဏ္ဋကေ၊ ထို နွားခြေရာခွက် ဆူးတို့ကို။ ဧကပဋလိကာ၊ တစ်ထပ်တစ်လွှာသာ ရှိကုန်သော။ ဥပါဟနာ၊ ဖိနပ်တို့သည်။ ရက္ခိတုံ၊ စောင့်ရှောက်ခြင်းငှာ။ န သက္ကောန္တိ ကိရ၊ မစွမ်းနိုင်ကုန်သတတ်။ ဧဝံ၊ ဤသို့။ ဝါ၊ သို့ကလောက်။ ခရာ၊ ကြမ်းတမ်းသည်။ ဟောတိ၊ [ဘူမိကို ငဲ့၍ "ခရာ ဟောတိ" ဟု ရှိစေ။]ယတိန္ဒြိယံ။ ။ "သန္တိန္ဒြိယန္တိ ယတိန္ဒြိယံ" ဟု စာအုပ်တို့၌ ရှိ၏၊ ယတိန္ဒြိယံကိုပင် ဋီကာတို့၌ ဖွင့်ကြ၏၊ ထို့ကြောင့် ပါဠိတော်၌ **"သန္တိန္ဒြိယံ"ဟု လည်းကောင်း, အဋ္ဌကထာ၌ "သန္တိန္ဒြိယန္တိ ယတိန္ဒြိယံ" ဟုလည်းကောင်း ရှိခြင်းသည် ကောင်း၏၊ အချို့စာအုပ်တို့၌ "ယတိန္ဒြိယန္တိ ဝီရိယန္ဒြိယံ" ဟု ရှိခြင်းကား အဖွင့်နှင့် မညီ။
နာဂံ။ ။ "နတ္ထိ+အာဝု ယဿာတိ နာဂေါ" ဟု ပြုပါ၊ "နာဂန္တိ ဆန္ဒာဒိဝသေန အာဂမနတော, ပဟီနာနံ ရာဂါဒိ ကိလေသာနံ အပုနာဂမနတော အပဇ္ဇာဂမနတော ကဿစိပိ အာဝုဿ သဗ္ဗဒါပိ အကရဏတော, ပုနဗ္ဘဝဿ အဂမနတောတိ ဣမေဟိ ကာရဏေဟိ နာဂံ" ဟု ဋီကာ၌ အဋ္ဌကထာမှ တစ်နည်း ဖွင့်လေ၏၊ ထိုတွင် ဆန္ဒာဒိဝသေန အဂမနတောဖြင့် "န ဂစ္ဆတိ၊ ဆန္ဒာဂတိ စသည်သို့ မလိုက်၊ ဣတိ နာဂေါ" ဟု ပြု၊ ပဟီနာနံ၊ ပေ၊ အပစ္စာဂမနတောဖြင့် "န ဂစ္ဆာပေတီတိ နာဂေါ" ဟု ပြု၊ ပယ်အပ်ပြီးသော ကိလေသာတို့ကို တစ်ဖန် မလာစေတတ်သော ရဟန္တာ၊ ကဿစိပိ၊ ပေ၊ အကရဏတောဖြင့် "နတ္ထိ+အာဝု ယဿာတိ နာဂေါ" ဟု ရှေ့အတိုင်းပြု၊ တစ်စုံတစ်ခုသော မကောင်းမှု မရှိသော ရဟန္တာ၊ ပုနဗ္ဘဝဿ အဂမနတောဖြင့် "ပုနဗ္ဘဝံ+ ဂစ္ဆတီတိ နာဂေါ" ဟု ပြု၊ န ၏ အ ကို အာ ဒီဃပြု။
**ဧရဂူ**၊ ပြိန်းမြက်လည်းကောင်း။ **မောရဂူ**၊ မြာမြက်လည်းကောင်း။ **မဇ္ဇာရူ**၊ သင်မြက်လည်းကောင်း။ **ဇန္တူ**၊ ပိတ်မြက်လည်းကောင်း။ ဣတိ၊ သို့။ တိဏဇာတိယော၊ လေးမျိုးလည်းဖြစ်ကုန်သော။ ဣမာ၊ ဤမြက်တို့သည်။ တိဏဇာတိယော၊ မြက်မျိုးတို့တည်း။ ဧတေဟိ၊ ဤမြက်တို့ဖြင့်။ ကဋသာရကေ စ၊ ဖျာ သင်ဖြူးတို့ကိုလည်းကောင်း။ တဋ္ဋိကာယော စ၊ သပေါ့ဖျာတို့ကိုလည်းကောင်း။ ကရောန္တိ၊ ပြုကြကုန်၏။
ဧတ္ထ၊ ဤမြက်မျိုးတို့တွင်။ **ဧရဂူ**တိ၊ ကား။ ဧရကတိဏံ၊ ပြိန်းမြက်တည်း။ တံ၊ ထို ပြိန်းမြက်သည်။ ဩဠာရိကံ၊ ကြမ်းတမ်း၏။
မောရဂူတိဏံ၊ မြာမြက်သည်။ တမ္ဗသီသံ၊ နီသော အဖျားရှိ၏။ မုဒုကံ၊ နူးညံ့၏။ သုခသမ္ဖဿံ၊ ကောင်းသော အတွေ့ရှိ၏။ တေန၊ ထိုမြက်သည်။ ကတတဋ္ဋိကာ၊ ပြုအပ်သောသပေါ့ဖျာသည်။ နိပဇ္ဇိတွာ၊ လျောင်း၍။ ဝုဋ္ဌိတမတ္တေ၊ ထကာမျှဖြစ်လတ်သော်။ ပုန၊ ဖန်။ ဥဒ္ဓုမာတာ၊ အထက်သို့ တက်ကြွသ်ည။ (ဖောင်းကြွသည်။) ဟုတွာ၊ ၍။ တိဋ္ဌတိ၊ တည်၏။
မဇ္ဇာရုနာ၊ သင်မြက်ဖြင့်။ သာဋကေပိ၊ အဝတ်တို့ကိုသော်မှလည်း။ ကရောန္တိ၊ န်၏။ [ပိသဒ္ဒါ သမ္ဘာဝနာ၊ အဝတ်တောင် ရက်လို့ရသည်။ သင်ဖြူးရက်ဖို့ကား ပြောဖွယ်မလို။]
ဇန္တုဿ၊ ပိတ်မြက်၏။ မဏိသဒိသော၊ ပတ္တမြားအဆင်းနှင့်တူသော။ ဝဏ္ဏော၊ အဆင်းသည်။ ဟောတိ၊ ၏။
**သေနာသနံ ပညပေသီ**တိ၊ ကား။ ဘိသိံ ဝါ၊ ဘုံလျိုကိုသော်လည်းကောင်း။ ကဋသာရကံ ဝါ၊ ဖျာ သင်ဖြူးကိုသော်လည်းကောင်း။ ပညပေသိ၊ ခင်းပြီး။ [မြတ်စွာဘုရား၏ ဂန္ဓကုဋိကျောင်းတော်၌ အရှင်သောဏ ဖို့ ညောင်စောင်းခင်းပေးဖို့ရန် မလျော်သောကြောင့် သေနာသနံကို "ဘိသိံ ဝါ ကဋသာရကံဝါ" ဟု ဖွင့်သည်၊ ထိုနှစ်မျိုးတွင်လည်း တစ်မျိုးမျိုးကိုသာ ခင်းမည် ဖြစ်သောကြောင့် ဝိကပ္ပနတ္ထ ဝါသဒ္ဒါဖြင့် ပြသည်။] စ ပန၊ ထပ်၍ ဆက်ဦးအံ့။ ပညပေတွာ၊ ခင်းပြီး၍။ သောဏဿ၊ အား။ အာရောစေတိ၊ ပြော၏။ (ကိံ?)။
အာဝုသော၊ ငါ့ရှင်။ သတ္ထာ၊ မြတ်စွာဘုရားသည်။ တယာ၊ နှင့်။ သဒ္ဓိံ၊ အတူ။ ဧကာဝါသေ၊ တစ်ခုတည်းသော ဂန္ဓကုဋိကျောင်းတော်၌။ ဝသိတုကာမော၊ သီတင်းသုံးတော်မူလို၏။ ဂန္ဓကုဋိယံယေဝ၊ ဂန္ဓကုဋိကျောင်းတော်၌ပင်။ တေ၊ သင်ဖို့။ အာသနံ၊ နေရာကို။ ပညတ္တံ၊ ခင်းထားအပ်ပြီ။ ဣတိ၊ သို့။ (အာရောစေတိ)။
**အယံ ခွဿ ကာ‌လော**တိ၊ ကား။ အယံ၊ ဤ အခါသည်ကား။ (တဿ၊ ထိုနှုတ်မှာစကား၏။) [အဿကို "ဘဝေယျ" ဟု ဖွင့်သည်။ ပါဠိတော်ဝယ် ဟံ ပရိဒဿိ၌ ယံ ဟူသော အနိယမအတွက် "တဿ" ဟု နိယမ အပိုထည့်ပါ။]
**ပရိဒဿီ**တိ၊ ကား။ ပရိဒဿေသိ၊ ညွှန်ပြပြီ။
ဣဒဉ္စိဒဉ္စ၊ ဤမည်သော ဤမည်သော အကြောင်းကိုလည်း။ ဝဒေယျာသိ၊ လျှောက်လေလော။ ဣတိ၊ သို့။ ယံ၊ အကြင် အကြောင်းအရာကို။ မေ၊ ငါ၏။ ဥပဇ္ဈာယော၊ သည်။ ဇာနာပေသိ၊ သိစေပြီ။ အယံ၊ ဤအခါသည်ကား။ တဿ၊ ထို အကြောင်းအရာ၏။ ကာလော၊ လျှောက်ဖို့ရန် အချိန်အခါသည်။ ဘဝေယျ၊ ဖြစ်ရာ၏။ ဟန္ဒ၊ ချက်ချင်း။ ဒါနိ၊ ယခုအခါ၌။ တံ သာသနံ၊ ထို နှုတ်မှာစကားကို။ အာရောစေမိ၊ လျှောက်အံ့။ ဣတိ အယံ၊ ကား။ ဧတ္ထ၊ ဤ အယံ ခွဿ ကာလောဟူသော ပါဌ်၌။ အဓိပ္ပါယော၊ **အရှင်သောဏ** ၏ အလိုတည်း။
**ဝိနယဓရပဉ္စမေနာ**တိ၊ ကား။ အနုဿာဝနာစရိယပဉ္စမေန၊ ကမ္မဝါစာဆရာဟူသော ငါးပါးမြောက်ရှိသော။ (ဂ‌ဏေန၌ စပ်။)
**အနုဇာနာမိ၊ပေ၊ ဂုဏင်္ဂုဏူပါဟန**န္တိ ဧတ္ထ၊ ၌။ မနုဿစမ္မံ၊ လူ၏ အရေကို။ ထပေတွာ၊ ထား၍။ ယေန ကေနစိ၊ အမှတ်မထား တစ်ပါးပါးသော။ စမ္မေန၊ အရေဖြင့်။ ဥပါဟနာ၊ ဖိနပ်သည်။ ဝဋ္ဋတိ၊ အပ်၏။ [လူ့အရေမှတစ်ပါး နွားရေ, ကျားရေ စသည်တို့တွင် မည်သည့် အရေမဆို ဖိနပ်ချုပ်ဖို့ရန် အပ်သည်-ဟူလို။]
ဥပါဟနကောသကသတ္ထကောသကကုဉ္စိကကောသကေသုပိ၊ ဖိနပ်အိမ်, ဓားအိမ်, သံကောက်အိမ်တို့၌လည်း။ ဧသေဝ နယော၊ တည်း။
ပန၊ ကား။ **စမ္မာနိ အတ္ထရဏာနီ**တိ ဧတ္ထ၊ ၌။ ယံကိဉ္စိ၊ အမှတ်မထားတစ်ပါးပါးသော။ ဧဠကစမ္မံ စ၊ သိုးရေကိုလည်းကောင်း။ အဇစမ္မဉ္စ၊ ဆိတ်ရေကိုလည်းကောင်း။ အတ္ထရိတွာ၊ ခင်း၍။ နိပဇ္ဇိတုံ ဝါ၊ လျောင်းခြင်းငှာလည်းကောင်း။ နိသီဒိတုံ ဝါ၊ ထိုင်ခြင်းငှာလည်းကောင်း။ ဝဋ္ဋတိ၊ ၏။
မိဂစမ္မေ၊ သားကောင်းမျိုးတို့၏ အရေ၌။ ဧဏီမိဂေါ၊ ဧဏီမည်သော သားကောင်လည်းကောင်း။ ဝါတမိဂေါ၊ သမင်ပျံလည်းကောင်း။ ပသဒမိဂေါ၊ ချေ(ဂျီ) သမင်လည်းကောင်း။ ကုရင်္ဂမိဂေါ၊ ဆတ်သမင်လည်းကောင်း။ မိဂမာတုကော၊ ပြောင်သမင်လည်းကောင်း။ ရောဟိတမိဂေါ၊ စိုင်သမင်လည်းကောင်း။ ဣတိ၊ သို့။ ဧတေသံယေဝ၊ ဤ သမင်မျိုးတို့၏သာ။ စမ္မာနိ၊ တို့သည်။ ဝဋ္ဋန္တိ၊ ကုန်၏။
ပန၊ ဗျတိရိက်ကား။ အညေသံ၊ ဆိုအပ်ပြီးသော သားကောင်တို့မှ တစ်ပါးကုန်သော။
မက္ကဋော၊ မျောက်လည်းကောင်း။ ကာဠသီဟော စ၊ မျောက်ညိုလည်းကောင်း။ သရဘော၊ သမင်ဆီးဆောက်လည်းကောင်း။ ကဒလိမိဂေါ၊ ကဒလီမည်သော သားကောင်လည်းကောင်း။ ဝါ၊ ဝံပိုင်လည်းကောင်း( ကြောင်ဝံပိုက်ဟုလည်း ဆိုကြ၏။) ယေကေစိ၊ အမှတ်မရှိ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ ဝါဠမိဂါ စ၊ ရဲစွမ်းသော သားကောင်တို့လည်းကောင်း။ (ဣတိ၊ သို့။) တေသံ၊ ထို သားကောင်တို့၏။ စမ္မံ၊ သည်။ န ဝဋ္ဋတိ၊ မအပ်။
တတ္ထ၊ ထိုသားကောင်တို့တွင်။ **ဝါဠမိဂါ**တိ၊ ကား။ သီဟဗျဂ္ဃအစ္ဆတရစ္ဆာ၊ ခြင်္သေ့, ကျား, ဝံ, အောင်းတို့တည်း။ စ၊ ဆက်။ ကေဝလံ၊ ဂေါမဟိံသစသည်မဖက် သက်သက်။ ဧတေသံယေဝ၊ ဤ ဝါဠမိဂတို့၏သာ။ (စမ္မံ၊ သည်။ န ဝဋ္ဋဝိ၊ မအပ်သည်ကား။) န၊ မဟုတ်သေး။ ပန၊ အဟုတ်ကား။ ယေသံ၊ အကြင် သားကောင်တို့၏။ စမ္မံ၊ သည်။ ဝဋ္ဋတိ၊ ၏။ ဣတိ၊ သို့။ ဝုတ္တံ၊ ပြီ။ တေ၊ ထိုသားကောင်တို့ကို။ ထပေတွာ၊ ထား၍။ အဝသေသာ၊ ကြွင်းကုန်သော။ အန္တမသော၊ အောက်ထစ်ဆုံးအားဖြင့်။ ဂေါမဟိံသသသဗိဠာရာဒယောပိ၊ နွား, ကျွဲ, ယုန်, ကြောင် အစရှိသည်လည်းဖြစ်ကုန်သော။ သဗ္ဗေ၊ အလုံးစုံသော သားကောင်တို့ကို။ ဣမသ္မိံ အတ္ထေ၊ ဤ သိက္ခာပုဒ်၏အနက်၌။ (အနုဇာနာမိ၊ပေ၊ ဧဠကစမ္မံ အဇစမ္မံ မိဂစမ္မံ ဟူသော ဤသိက္ခာပုဒ်၏ အနက်၌။) ဝါဠမိဂါတွေဝ၊ ဝါဠမိဂတို့ဟူ၍သာ။ ဝေဒိတဗ္ဗာ၊ ကုန်၏။
ဟိ၊ မှန်။ သဗ္ဗေသံ၊ အလုံးစုံကုန်သော။ ဧတေသံ၊ ဤသားကောင်တို့၏။ စမ္မံ၊ သည်။ န ဝဋ္ဋတိ၊
**န တာဝ ၊ပေ၊ ဂစ္ဆတီ**တိ၊ ကား။ ယာဝ၊ လောက်။ အာဟရိတွာ ဝါ၊ ဆောင်၍သော်လည်း။ န ဒိန္နံ၊ မပေးအပ်သေး။ (သင်္ကန်း လက်ခံထားသောပုဂ္ဂိုလ်က ဆောင်ယူ၍ မပေးအပ်သေး။)စမ္မံ န ဝဋ္ဋတိ။ ။ "ဤ မက္ကဋ စသော သားကောင်တို့၏ အရေသည် မအပ်" ဟူရာ၌ ညောင်စောင်း, အင်းပျဉ်, ခုတင်, ကုလားထိုင် စသည်တို့၌ ခင်း၍ အိပ်ခြင်း ထိုင်ခြင်း၌ မအပ်ဟု ဆိုလိုသည်၊ ကြမ်းပြင်စသည်ပေါ်၌ ခင်း၍ ကျောင်းအသုံးအဆောင်အဖြစ်ဖြင့်ကား သုံးစွဲကောင်းပါသေး၏၊ [စမ္မံ န ဝဋ္ဋတီတိ နိသီဒနတ္ထရဏံ ကာတုံ န ဝဋ္ဋတိ၊ ဘူမတ္ထရဏာဒိဝသေန သေနာသနပရိဘောဂေါ ဝဋ္ဋတေဝ၊- ဝိမတိ၊ ] ဤ စကားကို ထောက်၍ ဟုတ်- မဟုတ် စစ်၍ အပ်သော သားရေကိုသာလည်းကောင်း, အပ်သော နေရာ၌သာလည်းကောင်း သုံးသင့်ကြသည်။
န တာဝ၊ပေ၊ ဂစ္ဆတိ။ ။ ဤ စကား၏ အဓိပ္ပါယ်ကို ပါဠိတော် ကြည့်မှ နားလည်နိုင်မည်၊ ကျောင်းတိုက်၏ ပြင်ဘက်သို့ ရောက်နေကြသော ရဟန်းတို့အား လူတို့က ကျောင်းတိုက်၌ ရှိနေသော ရဟန်းများထံ အပ်နှံဥ သင်္ကန်း လှူကြ၏၊ မိမိအတွက် မူလကျောင်းတိုက်၌ သင်္ကန်းရကြောင်း မသိသေးသော ရဟန်းတို့မှာ ဆယ်ရက်လွန်သော် အဘယ်သို့ ပြုဖွယ်ရှိသနည်းဟု ယုံမှားဖွယ်ရှိသောကြောင့် ဤစကားကို မိန့်တော်မူသည်၊ ဆိုလိုရင်းကား မိမိမှာ သင်္ကန်း ရရှိကြောင်းကို မသိသေးသမျှ အဓိဋ္ဌာန် (ဝိကပ္ပနာ) မပြုဘဲ အပြစ်မရှိ၊ လူကြုံဖြင့် ပို့လိုက်၍ (အကြောင်းကြား၍) သိလျှင်ကား ထိုသိသည့်နေ့မှ စ၍ ဆက်ရက်သာ အစောင့်အရှောက်ရသည်-ဟူလို။
ဘန္တေ၊ တုမှာကံ၊ အရှင်ဘုရားတို့ဖို့။ စီဝရံ၊ သည်။ ဥပ္ပန္နံ၊ ဖြစ်ပါပြီ။ (ရပါပြီ။) ဣတိ၊ သို့။ ပဟိဏိတွာ ဝါ၊ စေလွှတ်၍ သော်လည်း။ နာရောစိတံ၊ မလျှောက်အပ်သေး။ (သင်္ကန်း လက်ခံထားသော ပုဂ္ဂိုလ်က တမန်လွှတ်၍ မလျှောက်အပ်သေး။) တာဝ၊ ထိုမျှလောက် ကာလပတ်လုံး။ ဂဏနံ၊ ရအပ်ပြီဟူသော အရေအတွက်သို့။ န ဥပေတိ၊ မကပ်ရောက်သေး။
အနဓိဋ္ဌိတံ၊ အဓိဋ္ဌာန်မတင်အပ်သည်။ သစေ (ဟောတိ၊ ဧဝံ သတိ)။ ဝဋ္ဋတိ၊ ၏။ အဓိဋ္ဌိတဉ္စ၊ အဓိဋ္ဌာန်တင်အပ်ပြီးသော သင်္ကန်းသည်လည်း။ ဂဏနံ၊ အဓိဋ္ဌာန်တင်အပ်ပြီးဟူသော အရေအတွက်သို့။ န ဥပေတိ၊ မကပ်ရောက်။ ဣတိ အတ္ထော၊ နက်။
ပန၊ အနွယ။ ယဒါ၊ အကြင်အခါ၌။ အာနေတွာ ဝါ၊ ဆောင်၍သော်လည်း။ ဒိန္နံ၊ သည်။ ဟောတိ၊ (ဘန္တေ တုမှာကံ။ စီဝရံ၊ သည်။) ဥပ္ပန္နံ၊ ပြီ။ ဣတိ ဝါ၊ ဤသို့သော်လည်း။ သုတံ၊ ကြားအပ်သည်။ (ဟောတိ)။ တတော၊ ထိုအခါမှ။ ပဋ္ဌာယ၊ ၍။ ဒသာဟမေဝ၊ ဆယ်ရက်ပတ်လုံးသာ။ ပရိဟာရံ၊ အစောင့်အရှောက်ကို။ လဘတိ၊ ရ၏။ ဣတိ၊ အပြီးတည်း။
စမ္မက္ခန္ဓကဝဏ္ဏနာ နိဋ္ဌိတာ။