Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Mahāvagga-aṭṭhakathā
(SP) Mahāvagga-aṭṭhakathā

Pañcābādhavatthukathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**မဂဓေသု၊ပေ၊ ဟောန္တီ** တိ၊ ကား။ မဂဓနာမကေ၊ မဂဓအမည်ရှိသော။ ဇနပဒေ၊ ဇနပုဒ်၌။ [တိုင်း,ခရိုင်, နိုင်ငံအနက်ဟော ပုဒ်တို့၌ ပုလ္လိင် ဗဟုဝုစ် အမြဲရှိရသောကြောင့် ပါဠိတော်၌ "မဂဓေသု" ဟု ရှိ၍ အရကောက်မှာ တိုင်း, ခရိုင်, နိုင်ငံ တစ်ခုသာဖြစ်သောကြောင့် "မဂဓနာမကေ ဇနပဒေ" ဟု ဧကဝုစ်ဖြင့် ဖွင့်သည်။] မနုဿနဉ္စ၊ တို့၏လည်းကောင်း။ အမနုဿနဉ္စ၊ လူမှတစ်ပါး အခြားသတ္တဝါတို့၏လည်းကောင်း။ ပဉ္စ၊ ငါးပါးကုန်သော။ ရောဂါ၊ ရောဂါတို့သည်။ ဥဿန္နာ၊ များကုန်သည်။ ဝုဎိုပ္ပတ္တာ၊ တိုးပွားခြင်းသို့ရောက်ကုန်သည်။ ဖာတိပ္ပတ္တာ၊ ပြန့်ပွားခြင်းသို့ရောက်ကုန်သည်။ ဟောန္တိ၊ န်၏။ [ "အမနုဿ" အရ လူမှတစ်ပါး အနီးအပါး၌ရှိသော တိရစ္ဆာန်များနှင့်ပြိတ္တာများကိုသာ ယူသင့်သည်၊ တစ္ဆေ ပြိတ္တာတို့၌ လည်းဤရောဂါမစွဲဟု မဆိုနိုင်။]
ဇီဝကကောမာရဘစ္စကထာ၊ ဇီဝကကောမာရဘစ္စကထာသည်။ စီဝရက္ခန္ဓကေ၊ စီဝရက္ခန္ဓက၌။ အာဝိ၊ ထင်စွာ။ ဘဝိဿတိ၊ လတ္တံ့။
**န ဘိက္ခဝေ၊ ပေ၊ ပဗ္ဗာဇေနဗ္ဗော** တိ၊ ကား။ ကုဋ္ဌာဒယော၊ နူနာအစရှိကုန်သော။ ပဉ္စ၊ ငါးမျိုးကုန်သော။ ယေ တေ အာဗာဓာ၊ အကြင် လွန်စွာနှိပ်စက်တတ်သောရောဂါတို့သည်။ ဥဿန္နာ၊ များကုန်၏။ တေဟိ၊ ထိုငါးမျိုးသော ရောဂါတို့သည်။ ဖုဋ္ဌော၊ တွေ့ထိအပ်သူကို။ အဓိဘူတော၊ လွှမ်းမိုးနှိပ်စက်အပ်သူကို။ န ပဗ္ဗာဇေတဗ္ဗော၊ ရှင်အဖြစ်သို့ မရောက်စေထိုက်။ ဝါ၊ ရှင်ပြုမပေးထိုက်။
တတ္ထ၊ ထို **"န ဘိက္ခဝေ ပဉ္စဟိ အာဗာဓေဟိ"** အစရှိသော ပါဠိရပ်၌။ **ကုဋ္ဌ** န္တိ၊ ကား။ ရတ္တကုဋ္ဌံ ဝါ၊ နီသောအဆင်းရှိသော နူနာသည်မူလည်း။ (နူနီသည်မူလည်း။) ဟောတု၊ ဖြစ်စေ။ ကာဋ္ဌကုဋ္ဌံ ဝါ၊ မည်းနက်သောအဆင်းရှိသော နူနာသည်မူလည်း။ (နူနက်သည်မူလည်း။) ဟောတု၊ စေ။ ယံကိဉ္စိ၊ အမှတ်မရှိ တစ်စုံတစ်ခုသော။ ကဋိဘဒဒ္ဒုကစ္ဆုအာဒိပ္ပဘေဒမ္ပိ၊ သမင်ရက်နာ, ပွေးနာ, ‌ယားနာ အစရှိသောအပြားရှိသည်လည်းဖြစ်သော။ဖုဋ္ဌော၊ပေ၊ န ပဗ္ဗာဇေတဗ္ဗော။ ။ "ဖုဋ္ဌော" ၌ ဖုသဓာတ် တပစ္စည်းဖြစ်၍ထိမိကာမျှကို ယူမည်စိုးသောကြောင့် "အဓိဘူသော- လွှမ်းမိုးနှိပ်စက်အပ်သူ" ဟု ထပ်၍ဖွင့်သည်၊ "ပဗ္ဗာဇေတဗ္ဗော" ၌ ပပုဗ္ဗ ဝဇဓာတ် ကာရိတ် ဏေ ပစ္စည်းဖြစ်၍ "နပဗ္ဗာဇေတဗ္ဗော- ရှင်မဖြစ်စေထိုက်၊ ဝါ- ဥပဇ္စျာယ်ဆရာ သရဏဂုံဆရာ လုပ်၍ ရှင်ပြုမပေးထိုက်" ဟုမှတ်ပါ၊ ရှင်သာမဏေသော်မှ ပြု၍မပေးထိုက်လျှင် (နဥပသမ္ပာဒေတဗ္ဗ) ရဟန်းပြုမပေးထိုက်ကြောင်းမှာ အထူး ပြောစရာမလို၊ "န ပဗ္ဗဇေတဗ္ဗော" ဟုလာသမျှ၌ ရှင်သာမဏေအဖြစ်ကစ၍ ပယ်သည်- ဟုမှတ်ပါ။
ကိဋိဘ ဒဒ္ဒု ကစ္ဆု။ ။ ကိဋိဘကို "ကိဋ+ ဣဘ" ဟု ပုဒ်ဖြတ်၊ ကိဋ သဒ္ဒါလည်း ပိုးလောက်အနက်ကို ဟော၏၊ ဤနေရာ၌ ပိုးလောက်ကျနေသောအနာကို ယူရမည်၊ ဣဘသဒ္ဒါသည် "ဆင်" ဟူသော အနက်ကို ဟော၏၊ ဆင်၌ ပေါက်တတ်သောအနာမျိုးကို (ဆင်ခူလည်းပြတ်နာ) ကို ဆိုလိုဟန်တူသည်၊ ယောဇနာ၌ကား "ယံ လောကေသမင်ရက်ဣတိ ဝေါဟရန္တီ- သမင်ရက်နာ" ဟု ဖွင့်သည်၊ ကစ္ဆုနေရာ၌ "ခဇ္စု" ဟု ယောဇနာဆို၏၊ "ဒဒ္ဒု- ပွေး၊ ကစ္ဆု- ဝဲ" ဟုလည်း ဖွင့်၏၊ အဘိဓာန်၌ "ခဇ္စု- ယားယံခြင်း" ဟုရှိ၏၊ "ကစ္ဆု- ‌ယားနာ" ဟုလည်း ရှိ၏၊ "ယားနာအကြီးစား" ဟူလို၊ ဤအဖွင့်ကို ကြည့်၍၊ "ကုဋ္ဌံ- နူနီ နူနက်, သမင်ရက်နှင့်, အကွက်ကြီးစွာ, ပွေးဝဲစသော နူနာမျိုးလည်းကောင်း" ဟု ပါဠိတော်၌ ပေးပါ။
သဗ္ဗံ၊ အလုံးစုံသော အနာသည်။ ကုဋ္ဌမေဝ၊ ကုဋ္ဌပင်တည်း။ ဣတိ၊ သို့။ ဝုတ္တံ၊ ရှေးအဋ္ဌကထာတို့၌ ဆိုအပ်ပြီ။ တံ၊ ထိုအနာသည်။
နခပိဋ္ဌိပ္ပမာဏံ၊ လက်သန်း၏ လက်သည်းကျောက်ကုန်းပြင်မျှ ပမာဏရှိသည်။ (သမာနံ) ပိ၊ သော်လည်း။ ဝဍ္ဎနကပက္ခေ၊ တိုးပွားမည့်အဖို့၌။ ဌိတံ၊ တည်သည်။ စေ(ဟောတိ)၊ အံ့။ (ဧဝံသတိ) န ပဗ္ဗာဇေတဗ္ဗော၊ ထိုက်။
ပန၊ ဆက် နိဝါသနပါရူပနေဟိ= သင်းပိုင်, ကိုယ်ရုံတို့ဖြင့်။ ပကတိပဋိစ္ဆန္နေ၊ ပင်ကိုအားဖြင့် ဖုံးလွှမ်းအပ်သော။ ဌာနေ၊ ၌။ နခပိဋ္ဌိပ္ပမာဏံ၊ လက်သန်း၏လက်သည်းပြင်မျှ ပမာဏရှိသည်။ (ဟုတွာ) အဝဍ္ဎနကပက္ခေ၊ တိုးပွားမည်မဟုတ်သော အဖို့၌။ ဌိတံ၊ တည်သည်။ သစေ ဟောတိ၊ အံ့။ (ဧဝံသတိ, ပဗ္ဗာဇေတုံ၊ ရှင်ဖြစ်စေခြင်းငှာ။ ဝါ၊ ရှင်ပြုပေးခြင်းငှာ။) ဝဋ္ဋတိ၊ ၏။
ပန၊ ဆက်။ မုခေန၊ မျက်နှာ၌သော်လည်းကောင်း။ ဟတ္ထပါဒပိဋ္ဌေသု ‌ဝါ၊ လက်ဖမိုး, ခြေဖမိုးတို့၌သော်လည်းကောင်း။ အဝဍ္ဎနကပက္ခေ၊ ၌။ ဌိတံ၊ တည်သော နူနာသည်။ နခပိဋ္ဌိတော စ၊ လက်သန်း၏ လက်သည်းပြင်မျှ ပမာဏအောက်လည်း။ ခုဒ္ဒကတရမ္ပိ၊ သာ၍သေးငယ်သည်မူလည်း။ သစေပိ(ဟောတိ)၊ အကယ်၍မူလည်း ဖြစ်စေဦးတော့။ (ဧဝံသတိပိ ပဗ္ဗာဇေတုံ၊ ငှာ။) န ဝဋ္ဋတိယေဝ၊ သည်သာ။ ဣတိ၊ သို့။ ကုရုန္ဒိယံ၊ ကုရုန္ဒီအဋ္ဌကထာ၌။ ဝုတ္တံ၊ ပြီ။
တိကိစ္ဆာပေတွာ၊ ဆေးကုစေပြီး၍။ ပဗ္ဗာဇေန္တေနာပိ၊ ရှင်ဖြစ်စေသော ဆရာသည်လည်း။ ဝါ၊ ရှင်ပြုပေးသော ဆရာသည်လည်း။ ပကတိဝဏ္ဏေ၊ ပကတိအရေအဆင်းသည်။ ဇာတေယေဝ၊ ဖြစ်သော်သာ။ ဝါ၊ ဖြစ်မှသာ။ ပဗ္ဗာဇေတဗ္ဗော၊ ၏။
ဂေါဓာပိဋ္ဌိသဒိသစုဏ္ဏသြကိရဏကသရီရမ္ပိ၊ ဖွတ်၏ကျောက်ကုန်းနှင့်တူသော အမှုန်တို့ဖြင့် ရောပြွမ်းသောကိုယ်ရှိသူကိုလည်း။ ပဗ္ဗာဇေတုံ၊ ငှာ။ န ဝဋ္ဋတိ၊ မအပ်။ သစေ ပန၊ ပေ၊ ဝဋ္ဋတိ။ ။ ဤဝါကျကို ကောက်ချက်ချလျှင် နခပိဋ္ဌိပမာဏရှိသော်လည်း ဝဎုနပက္ခ၌ တည်လျှင် ရှင်ပြုမပေးအပ်၊ အဝဎုနကပက္ခ၌တည်မှ ရှင်ပြုပေးရမည်၊ အဝဎုနကပက္ခ၌ တည်သော်လည်း နခပိဋ္ဌိပမာဏထက် ကြီးနေပြန်လျှင်ရှင်ပြုမပေးအပ်, နခပိဋ္ဌိပမာဏသာ ရှိသော်လည်း သင်းပိုင်, ဧကသီတို့ဖြင့် ဖုံးလွှမ်းရိုးမဟုတ်သော ခြေသလုံးအောက်, လက်ကောက်ဝတ်အောက်, လည်ပင်း, မျက်နှာ စသည်၌ ရှိနေလျှင် ရှင်ပြုမပေးအပ်ဟု အဓိပ္ပာယ်ရ၏၊ ထို့ကြောင့် မုခေ ပန စသည်ဖြင့် နောက်ဝါကျကို မိန့်ရသည်။
**ဂဏ္ဍော** တိ၊ ကား။ မေဒဂဏ္ဍော ဝါ၊ အဆီရှိသော မြင်းဖုသည်မူလည်း။ ဝါ၊ ထွက်မြင်းအနာသည်မူလည်း။ ဟောတု၊ စေ။ [မေဒဂဏ္ဍောတိ မေဒေါ အသ္မိံ အတ္ထီတိ မေဒေါ။ ဂဏ္ဍတိ ဖောဋော ဘဝတီတိ ဂဏ္ဍော။ မေဒေါယေဝ ဂဏ္ဍောမေဒဂဏ္ဍော။ ယံ လောကေ **"ထွက်မြင်း"** ဣတိ ဝေါဟရန္တိ၊၊ ယောဇနာ။] အညော ဝါ၊ အခြားသော မြင်းဖုသည်မူလည်း။ ဟောတု၊ စေ။ ယော ကောစိ၊ အမှတ်မရှိတစ်စုံတစ်ခုသော။ ကောလဋ္ဌိမတ္တကော၊ ဇီးစေ့မျှ ပမာဏရှိသည်။ (သမာနော) ပိ၊ သော်လည်း။ ဝဍ္ဎနကပက္ခေ၊ ၌။ ဌိတော၊ သော။ ဂဏ္ဍော၊ ထွက်မြင်းအနာသည်။ စေ ဟောတိ၊ အံ့။ (ဧဝံသတိ) န ပဗ္ဗာဇေတဗ္ဗော၊ ထိုက်။
ပန၊ ဆက်။ ပဋိစ္ဆန္နဋ္ဌာနေ၊ သင်္ကန်းဖြင့် ဖုံးလွှမ်းအပ်သောအရပ်၌။ ကောလဋ္ဌိမတ္တေ၊ သည်။ အဝဍ္ဎနကပက္ခေ၊ ၌။ ဌိတေ၊ တည်သည်။ သတိ၊ ဖြစ်လသော်။ (ပဗ္ဗာဇေတုံ) ဝဋ္ဋတိ၊ ၏။
မုခါဒိကေ၊ မျက်နှာအစရှိသော။ အပ္ပဋိစ္ဆန္နဋ္ဌာနေ၊ သင်္ကန်းဖြင့် မဖုံးလွှမ်းအပ်သောအရပ်၌။ အဝဍ္ဎနကပက္ခေ၊ ၌။ ဌိတေ၊ တည်သည်။ (သတိပိ၊ ဖြစ်ပါသော်လည်း။) (ပဗ္ဗာဇေတုံ) နဝဋ္ဋတိ။ [အဝဍ္ဎနကပက္ခေ ဌိတောပီတိ ဧတ္ထ ပိသဒ္ဒေါ အဝုတ္တသမ္ပိဏ္ဍနတ္ထော။ တေန ကောလဋ္ဌိမတ္တတော ခုဒ္ဒကတရောပိ န ဝဋ္ဋတီတိ အယမတ္ထော ဒဿိ‌တော ယေဝါတိ အယမမှာကံ ခန္တိ၊၊ ဋီကာ။]
တိကိစ္ဆာပေတွာ၊ ဆေးကုစေပြီး၍။ ပဗ္ဗာဇေန္တောနာပိ၊ သည်လည်း။ သရီရံ၊ ကိုယ်ကို။ သုဆဝိံ၊ ကောင်းသောအရေ ရှိသည်ကို။ တစ်နည်း သဉ္ဆဝိံ၊ ထင်ရှားသော အရေရှိသည်ကို။ ကာရေတွာဝ၊ ပြုစေပြီး၍သာလျှင်။ ပဗ္ဗာဇေတဗ္ဗော၊ ၏။ [သုဆဝိံ ကာရေတွာတိ သဉ္ဇာတဆဝိံကာရေတွာ။ သဉ္ဆဝိံ ကာရေတွာတိပိ ပါဌော။ ဝိဇ္ဇမာနဆဝိံ ကာရေတွာတိအတ္ထော။၊ ဋီကာ။]
ဥဏ္ဏိဂဏ္ဍာ နာမ၊ အထက်သို့ အသားတက်၍နေသော ကြွက်နို့တို့မည်သည်။ ဟောန္တိ၊ ရှိတတ်ကုန်၏။ ‌ဂေါထနာ ဝိယ၊ နွားမ၏ နို့တံတို့ကဲ့သို့လည်းကောင်း။ အင်္ဂုလိကာ ဝိယ စ၊ လက်ချောင်းကလေးတို့ကဲ့သို့လည်းကောင်း။ တတ္ထ တတ္ထ၊ ထိုသို့ ကိုယ်အရပ်၌။ လမ္ဗန္တိ၊ တွဲလျားကျကုန်၏။ ဧတေပိ၊ ဤကြွက်နို့တို့သည်လည်း။ ဂဏ္ဍာယေဝ၊ ဂဏ္ဍတို့ပင်တည်း။
တေသု၊ ထိုကြွက်နို့တို့သည်။ သတိ၊ ရှိကုန်လသော်။ပဋိစ္ဆန္နဋ္ဌာနေ၊ ပေ၊ ဌိတေ ဝဋ္ဋတိ။ ။ စာအုပ်တို့၌ "ကောလဋ္ဌိမတ်ေတ အဝဍ္ဎနကပက္ခေ ဌိတော" ဟုတွေ့ရ၏၊ ကောလဋ္ဌိမတ္တအရနှင့် ဌိတအရတို့ ဂဏ္ဍချည်းရသောကြောင့် ဝိဘတ်မကွဲသင့်၊ ထို့ပြင် ဝဋ္ဋတိ၏ ကတ္တားသည် ဂဏ္ဍမဟုတ်၊ ပဗ္ဗာဇနကြိယာသာတည်း၊ ထို့ကြောင့် ဌိတောလည်း မသင့်၊ "ကောလဋ္ဌိမတ္တေ အဝဎုနကပက္ခေ ဌိတေ" ဟုသာ ရှိသင့်၏၊ ယောဇနာ၌လည်း "အဝဍ္ဎနကပက္ခေ ဋ္ဌိတေ သတီတိ ယောဇနာ" ဟု ကောလဋ္ဌိမတ္တေနှင့် ဌိတေကို ဝိဘတ်တူဖွင့်ထားသည်။
ဥဏ္ဏိဂဏ္ဍာ။ ။ ဥဒ္ဓံ နမန္တီတိ ဥဏ္ဏိယော၊ တာယေဝ ဂဏ္ဍာ ဥဏ္ဏိဂဏ္ဍာ၊ ယေ လောကေ "ကြွက်နို့" ဣတိ ဝေါဟရန္တိ၊- ယောဇနာ။
ပဗ္ဗာဇေတုံ၊ ငှာ။ န ဝဋ္ဋတိ၊ အပ်။
ဒဟရကာလေ၊ ငယ်ရွယ်သူ၏အခါ၌။ ခီရပီဠကာ၊ နို့ရည်ရှိသော အဖုကလေးတို့သည်။ ဝါ၊ မိတ်တို့သည်။ ဟောန္တိ၊ ရှိတတ်ကုန်၏။ ယောဗ္ဗနကာလေ စ၊ နုပျိုသူအခါ၌လည်း။ (အရွယ်ရောက်သူ၏အခါ၌လည်း။) မုခေ၊ မျက်နှာ၌။ ခီရပီဠကာ နာမ၊ နို့ရည်ရှိသော အဖုတို့မည်သည်။ ဝါ၊ ဝက်ခြင်(ဝက်ခြံ)တို့မည်သည်။ ဟောန္တိ၊ ကုန်၏။ မဟလ္လကကာလေ၊ ကြီးရင့်သူ၏အခါ၌။ နဿန္တိ၊ ပျောက်ကုန်၏။ တာ၊ ထိုမိတ်ဖု ဝက်ခြံဖုတို့သည်။ ဂဏ္ဍသင်္ချံ၊ ဂဏ္ဍဟူသောအရေအတွက်သို့။ န ဂစ္ဆန္တိ၊ မရောက်ကုန်။ တာသု၊ ထို မိတ်ဖု ဝက်ခြံဖုတို့သည်။ သတိ၊ ရှိကုန်လသော်။ ပဗ္ဗာဇေတုံ။ ဝဋ္ဋတိ။
ပန၊ ကား။ အညေ၊ မိတ်,ဝက်ခြံတို့မှ တစ်ပါးကုန်သော။ သရီရေ၊ ကိုယ်၌။ ခရပီဠကာ နာမ၊ ကြမ်းတမ်းသော အဖုတို့မည်သော။ (ဂဏ္ဍော၊ အဖုတို့သည်လည်းကောင်း။) အပရာ၊ ခရာပီဠကမှတစ်ပါးကုန်သော။ ပဒုမကဏ္ဏိကာ နာမ၊ ပဒုမာကြာချပ်နှင့် တူသည်၏အဖြစ်ကြောင့် ပဒုမကဏ္ဏိကမည်ကုန်သော။ (ဂဏ္ဍာ၊ တို့သည်လည်းကောင်း၊) ဟောန္တိ၊ န်၏။ အညာ၊ ဆိုအပ်ပြီးသော အဖုတို့မှတစ်ပါးကုန်သော။ သာသပဗီဇကာ နာမ၊ မုန်ညင်းစေ့ပမာဏ ရှိသည်၏ အဖြစ်ကြောင့် သာသပဗီဇကမည်ကုန်သော။ (ဂဏ္ဍာ၊ တို့သည်။) သာသပမတ္တာ ဧဝ၊ မုန်ညင်းစေအတိုင်းအရှည်ရှိကုန်သည်သာလျှင်။ (ဟုတွာ) သကလသရီရံ၊ တစ်ကိုယ်လုံးကို။ ဖရန္တိ၊ ပြန့်ကုန်၏။ တာ သဗ္ဗာ၊ ထို အလုံးစုံသောအဖုတို့သည်။ ကုဋ္ဌဇာတိကာ ဧဝ၊ နူနာသဘောရှိကုန်သည်သာ။
တာသု၊ ထိုအဖုတို့သည်။ သတိ၊ သော်။ န ပဗ္ဗာဇေတဗ္ဗော။
**ကိလာသော** တိ၊ ကား။ န ဘိဇ္ဇနကံ၊ ပေါက်ကွဲတတ်သည်လည်း မဟုတ်သော။ န ပဂ္ဃရဏကံ၊ အရည်ကို ယိုချတတ်သည်လည်း မဟုတ်သော။ [ "ကုဋ္ဌဂဏ္ဍ" တို့ကဲ့သို့ပေါက်ကွဲသည်လည်းမဟုတ်, အရိအရွဲလည်းမယိုသော။] ပဒုမပုဏ္ဍရီကပတ္တဝဏ္ဏံ၊ ပဒုမ္မာကြာရွက်, ပုဏ္ဍရိက်ကြာရွက်အဆင်းရှိသော။ ကုဋ္ဌံ၊ နူနာတစ်မျိုးတည်း။ ယေန၊ ယင်း နူနာကြောင့်။ ဂုန္နံ၊ နွားတို့၏။ သရီရံ၊ ကိုယ်သည်။ သဗလံ၊ အပြောက်အကွက်ရှိသည်။ခီရပီဠကာ။ ။ ခီရံ ဧတ္ထ အတ္ထီတိ ခီရာ၊ တာ ဧဝ+ ပီဠကာ ခီရပီဠကာ၊ ယာလောကေ "မိတ်" ဣတိ စ "ဝက်ခြင်(ဝက်ခြံ)" ဣတိ စ ဝေါဟရန္တိ၊- ယောဇနာ၊ စာအုပ်များ၌ "မူခေ ခရပီဠကာ" ဟုရှိ၏၊ ဝက်ခြံအဖုတို့သည် မကြမ်းတမ်းကြ၊ အထဲ၌ နို့ရည်ကဲ့သို့ အဖြူနှစ်ကလေးသာ ရှိသောကြောင့် "ခီရပီဠကာ" ဟု ယောဇနာ၌ ရှိသည့်အတိုင်းသာ ပါဌ်မှန် ဖြစ်သင့်သည်။
ခရပီဠကာ စသည်။ ။ ခရပီဠကာတိ ခရသဘာဝါ ပီဠကား၊ ခရသဘာဝတ္တာတေန သတ္တာ မရဏမ္ပိ ဂစ္ဆန္တိ မရဏမတ္တမ္ပိ ဒုက္ခံ၊ ယာ လောကေ "ကျောက်" ဣတိ ဝေါဟရန္တိ၊ ပဒုမဿ ကဏ္ဏိကာ ဝိယ ပဒုမကဏ္ဏိကာ၊ ယာ လောကေ "ကြာဆူး" ဣတိဝေါဟရန္တိ၊ သာသပဿ ဗီဇံ ပမာဏမေတာသန္တိ သာသပဗီဇကာ၊ ယာ လောကေ "ဝက်သက်" ဣတိ ဝေါဟရန္တိ၊- ယောဇနာ၊ "ဂဏ္ဍော- မြင်ဖု, ကြွက်နို့, ကြာဆူး, ကျောက်, ဝက်သက် စသော အဖုအနာမျိုးလည်းကောင်း" ဟုပါဠိတော်၌ ပေး။
(ဟောတိ)ဝိယ၊ ဖြစ်ကဲ့သို့။ (ဧဝံ၊ တူ။) သရီရံ၊ သည်။ သဗလံ၊ သည်။ ဟောတိ။ တသ္မိံ၊ ထိုခရုသင်း၌။ ကုဋ္ဌေ၊ နူနာ၌။ ဝုတ္တနယေနေဝ၊ ဖြင့်သာ။ ဝိနိစ္ဆယော၊ ကို။ ဝေဒိတဗ္ဗော၊ ၏။
**သောသော** တိ၊ ကား။ သောသဗျာဓိ၊ အသားအသွေးကို ခန်းခြောက်စေတတ်သော အနာတည်း။ ဝါ၊ ခယရုဂ်ချောင်းဆိုး,ပန်းနာမျိုးတည်း။ [ဤအဖွင့်ကို ကြည့်၍ **"သောသော၊ အသားအသွေးကို ခန်းခြောက်စေတတ်သော ခယရုဂ်ချောင်းဆိုး ပန်းနာမျိးလည်းကောင်း"** ဟု ပါဠိတော်၌ပေး။] တသ္မိံ၊ ထိုအနာမျိုးသည်။ သတိ၊ သော်။ န ပဗ္ဗာဇေတဗ္ဗော။
**အပမာရော** တိ၊ ကား။ ပိတ္တုမ္မာရော ဝါ၊ သည်းခြေပျက်ခြင်းကြောင့် ရူးသူလည်းကောင်း။ ယက္ခုမ္မာရော ဝါ၊ ဘီးလူးဖမ်းစားခြင်းကြောင့် ရူးသူလည်းကောင်းတည်း။ [ဝက်ရူး, ကြက်ရူးနှင့်တကွ အရူးဟူသမျှ ဤအပမာရ၌ ပါဝင်သည်၊ ဤအဖွင့်ကိုကြည့်၍ **"အပမာရော၊ သည်ခြေသွေးလျှမ်း, ဘီလူးဖမ်းသဖြင့်, ရူးနှမ်းသောအနာမျိုးလည်းကောင်း"** ဟု ပါဠိတော်၌ ပေး။] တတ္ထ၊ ထိုအရူးတို့တွင်။ ပုဗ္ဗဝေရိကေန၊ ရှေး၌ ရန်သူဖြစ်ခဲ့ဖူးသော။ အမနုဿေန၊ ဘီလူးသဘက်သည်။ ဂဟိတော၊ ဖမ်းစားအပ်သူသည်။ ဒုတ္တိကိစ္ဆော၊ ခဲယဉ်းသဖြင့် ဆေးကုအပ်သည်။ ဝါ၊ ဆေးကု၍မရကောင်းသည်။ ဟောတိ၊ ၏။
ပန၊ ဆက်။ အပ္ပမတ္တကေပိ၊ အနည်းငယ်အတိုင်းအရှည် ရှိသည်လည်းဖြစ်သော။ အပမာရေ၊ အရူးရောဂါသည်။ သတိ၊ သော်။ န ပဗ္ဗာဇေတဗ္ဗော။ [မြတ်စွာဘုရား၏ အလိုတော်ကား "ပရိသတ်ထဲ၌ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသူ, တရားအားမထုတ်နိုင်လောက်အောင် ရောဂါဖြစ်နေသူများကို ရှင်ပြုမပေးထိုက်" ဟု မိန့်တော်မူလိုသည်။]ကိလာသော။ ။ "ကိလံ- မစင်မကြယ်, ရွံစဖွယ်ကို၊ အဿတိ- ပစ်ချတတ်၏၊ ဣတိ ကိလာသော" ဟု ထောမနိဓိပြု၏၊ ကိလသဒ္ဒူပပဒ, အသဓာတ် ဏပစ္စည်း၊ "ကိလာသော- မစင်မကြယ်, ရွံဖွယ်ပစ်သွင်း, ခရုသင်းနှင့်, ဆင်ညှင်းကြီးမျိုး, အနာဆိုးလည်းကောင်း" ဟု ပေးပါ။
သောသော။ ။ "ထိုထိုသူ" ဟု အနက်မှတ်မည် စိုးသောကြောင့် "သောသဗျာဓိ" ဟုဖွင့်၏၊ ဤအနာကို အဘိဓာန်၌ "ခယရောဂေါ" ဟု ပရိယာယ်ဆို၏ ခယ- အသားအသွေးတို့ကို ကုန်ခန်းစေတတ်သောရောဂါ၊ "သောသေတီတိ သောသော- အသားအသွေးတို့ကို ခြောက်ခန်းစေတတ်သော အနာ" ၊ ခယရောဂေါကိုကြည့်၍ ရှေးက ခယရုပ်ဟုလည်းကောင်း, ချောာင်းဆိုးသွေးပါ, ပန်းနာ, ရှူနာဟုလည်းကောင်း, ကုတ်ဟီးနာဟုလည်းကောင်းသရုပ်ဖော်ကြသည်၊ ယခုခေတ်မြစ်ခြောက်နာ, အဆုတ်နာများလည်း ပါဝင်ဖွယ်ရှိ၏။
အပမာရော။ ။ သက္ကတ၌ "အပသ္မာရ" ဟုသာ ရှိ၏၊ သကိုချေ၍ ပါဠိ၌ "အပမာရ" ဟုဖြစ်၏၊ သ္မာရသဒ္ဒါသည် သိခြင်းတစ်မျိုးကို ဟော၏၊ "အပဂတော+သ္မာရောယသ္မာတိ အပသ္မာရော" ဟု ထောမနိဓိ ဝိဂ္ဂဟပြုသည်၊ သတိလစ်တတ်သည့်အတွက် "ကင်းသော သိခြင်းရှိကြောင်း ရောဂါ" ဟူလို။