**လောဟိတေန ဖုဋ္ဌော ဟောတီ**တိ၊ ကား။
လောဟိတေန၊ သွေးသည်။
မက္ခိတော၊ လိမ်းကျံအပ်သည်။
ဟောတိ၊
**ဂဝါဃာတန**န္တိ၊ ကား။
ယတ္ထ၊ အကြင် အရပ်၌။
ဂါဝေါ၊ နွားတို့ကို။
ဟညန္တိ၊ သတ်အပ်ကုန်၏။
တာဒိသော၊ ထိုကဲ့သို့ ရှုအပ်သည်။
(ဟောတိ)။
ဣတိ အတ္ထော၊
ဝီဏာယ၊ စောင်း၏။လောဟိတေန ဖုဋော။ ။ စာအုပ်တို့၌ "ဖုဋော" ဟုချည်း ရှိ၏၊ "ပျံ့နှံ့" ဟုလည်း ပေးကြ၏၊ ဖုဋ ဓာတ်သည် ဝိကသန, ဘေဒန (ပွင့်ခြင်း, ဖောက်ခွဲခြင်း) အနက်ကိုသာ ဟော၏၊ ယောဇနာ၌ ဖုရ ဓာတ်ကြံ၍ "ဖုရတိ ဝိပ္ဖရတိ ဗျာပေတီတိ ဖုဋော" ဟု ပြု၏၊ ထိုအလို "လောဟိတေန-သွေးဖြင့်၊ ဖုဋော-ပျံ့နှံ့သည်" ဟု ပေး၊ ဖုရ ဓာတ်၏ ဗျာပန အနက်ကိုလည်း မတွေ့ရ၊ ထို့ကြောင့် ဖုဋော နေရာဝယ် "ဖုဋ္ဌော" ဟု မူလပါဌ် ဖြစ်လေရော့သလာဟု စဉ်းစားမိ၏၊ ထိုသို့ ရှိမှလည်း "မက္ခိတော" ဟူသော ကမ္မရုပ်ဖြင့် အဓိပ္ပါယ် အဖွင့်နှင့် ညီညွတ်မည်၊ ပါရာဇိကဏ်တတိယဈာန် အခန်း၌ ထို မူကွဲမျိုး ရှိခဲ့သည်။
ဂဝါဃာတာနံ။ ။ အာဟညန္တိ ဧတ္ထာတိ အာဃာတနံ-သတ်ဖြတ်ရာ အရပ်၊ ဂုန္နံ+အာဃာတနံ ဂဝါဃာတနံ- အရှင်သောဏ သည် စင်္ကြံ သွားလျက် ကမ္မဋ္ဌာန်းကြိုးစားသောအခါ မူလက အလွန်နုနယ်သော ခြေဖဝါးတို့သည် ကွဲကုန်၏၊ ခြေဖဝါးဖြင့် မသွားနိုင်သောအခါ လေးဖက်ထောက်၍ စင်္ကြံသွားလျက် တရားအားထုတ်ပြန်၏၊ ထိုအခါ ဒူးပုဆစ်ရော လက်နှစ်ဖက်ပါ ကွဲကုန်၏၊ ထို့ကြောင့် စင်္ကြံတစ်လျှောက်လုံး သွေးလူးနေသည်မှာ နွားသတ်ရာ သင်္ချိုင်းကဲ့သို့ အမြင်မကောင်းဖြစ်နေတော့သတတ်။ [ဆက္ကအင်္ဂုတ္တိုရ် အဋ္ဌကထာ။]
ဝိဏာယ၊ပေ၊ ကုသလတာ။ ။ စာအုပ်တို့၌ ပါဌ်အမျိုးမျိုး ရှိ၏၊ ဋီကာ၌ "ဝီဏာယ တန္တိဿရေ ကုသလတာ နာမ ဝိဏာယ ဝါဒနကုသလတာ" ဟု ရှိ၏၊ ဋီကာပါဌ်သည် အဋ္ဌကထာ၌ ရောက်နေသောကြောင့် ထို ပါဌ်အတိုင်း ရှိစေ၊ တန္တိ သဒ္ဒါသည် ဂုဏ(စောင်းကြိုး, စောင်းညှို့) အနက်ဟော၏၊ ပါဠိတော်၌ "ကုသလောတွံ၊ပေ၊ တန္တိဿရေ" ဟု ရှိ၏၊ ထိုပါဠိတော်မှ ဝီဏာယ တန္တိဿရေ ကုသလောကို ယူ၍ ကုသလအဖြစ် (ကျွမ်းကျင်ပုံ) ကို ဖွင့်လိုသောကြောင့် "ဝီဏာယတန္တိဿရေ ကုသလတာ နာမ ဝီဏာယ ဝါဒနကုသလတာ" ဟု ဖွင့်သည်။ ["ဝီဏာဝါဒနကုသလလော" ဟု စာအုပ်တို့၌ ရှိ၏၊ ယောဇနာ၌လည်း ဖွင့်၏ စဉ်းစားပါ။]
မှတ်ချက်။ ။ ဤ အဖွင့်မှ စ၍ နောက်လာမည့် အဖွင့်များသည် ဤအဋ္ဌကထာ၏ မူရင်းမဟုတ်၊ ဋီကာမှ(သို့မဟုတ်) ဤသုတ် ပါဠိတော်၏ အဖွင့်ဖြစ်သော ဆက္ကအင်္ဂုတ္တိုရ် ဒုတိယပဏ္ဏာသက မဟာဝဂ္ဂ အဋ္ဌကထာမှ ယူထားသော အဖွင့်များသာ ဖြစ်သည်ဟု မှတ်ပါ၊ ထို့ကြောင့် နောက်၌ "သုတ္တတ္ထော ပန သုတ္တသံဝဏ္ဏနာတော ယေဝ ဂဟေတဗ္ဗော" ဟု ဆိုလိမ့်မည်။

တန္တိဿရေ၊ ညို့၏အသံ၌။
ကုသလတော နာမ၊ ကျွမ်းကျင်သူ၏အဖြစ် မည်သည်။
ဝီဏာယ၊ စောင်းကို။
ဝါဒနကုသလတာ၊ တီးခြင်း၌ ကျွမ်းကျင်သူ၏ အဖြစ်တည်း။
**ဝီဏာယ တန္တိဿရေ**တိ၊ ကား။
ဝီဏာယ၊ ၏။
တန္တိယာ၊ ညှို့၏။
သရေ၊ အသံ၌။
(ကုသလော၊ ကျွမ်းကျင်သည် မဟုတ်လော? ဟု ပါဠိတော်၌စပ်။)
**အစ္စာယတာ**တိ၊ ကား။
အတိအာယတာ၊ အလွန်ဆွဲဆန့်အပ်ကုန်သည်။
ဝါ၊ အလွန် တင်းကုန်သည်။
ခရမုစ္ဆိတာ၊ မာမာခက်ခက်တီးအပ်ကုန်သည်။
(ဟောန္တိ)၊
**သရဝတီ**တိ၊ ကား။
သရသမ္ပန္နာ၊ အသံနှင့် ပြည့်စုံသည်လည်းကောင်း။
[ဝန္တုပစ္စည်း၏ ပသံသာအနက်ကို ဖွင့်သည်။]
**ကမ္မညာ**တိ၊ ကား။
ကမ္မက္ခမာ၊ တီးခြင်းအမှု၌ ခံ့သည်လည်းကောင်း။
ဝါ၊ တီး၍ကောင်းသည်လည်းကောင်း။
(ဟောတိ)၊
[ခမအနက်၌ ဏျပစ္စည်း နအက္ခရာလာ၍ ကမ္မညံ ပြီးသည်ဟု ပြသည်၊ ယောဇနာ၌ ဉပစ္စည်းဟု ဆို၏။]
**အတိသိထိလာ**တိ၊ ကား။
မန္ဒမုစ္ဆိတာ၊ ပျော့ညံ့စွာတီးအပ်ကုန်သည်။
(ဟောန္တိ၊ န်၏။)အစ္စာယတာ။ ။ ဝီဏာယ တန္တိယော အစ္စာယတာ၏ အဖွင့်တည်း၊ အာယာတ၌ အာပုဗ္ဗ ယမု ဓာတ်သည် ဒီဃဘာဝ (ရှည်လျားသည်၏အဖြစ်, ရှည်အောင် ဆွဲ့ဆန့်ခြင်း) အနက်ဟောတည်း၊ လျော့နေသော စောင်းကြိုးကို တင်းအောင် ပြုလိုက်သောအခါ အနည်းငယ် ရှည်လာ၏၊ ထို့ကြောင့် "အစ္စာယတာ ၌ အလွန်တင်းကုန်သည်" ဟု ဝေါဟာရတ္ထ ဖြစ်၏၊ ခရမုစ္ဆိတာကား အဓိပ္ပါယတ္ထတည်း။
ခရမုစ္ဆိတာ။ ။ မုစ္ဆနာကို အဘိဓာန် နိဿယသစ်၌ "အနိမ့် အမြင့် အသံ လွှတ်ခြင်း" ဟု ဆို၏၊ သရေသု တေသု ပစ္စကေ, တိဿော တိဿော ဟိ မုစ္ဆနာ" ဟူသော (၁၃၅) အဘိဓာန် ကြည့်ပါ၊ ထို၌ တိဿေ တိဿော မုစ္ဆနာဟူသည် အသံ၏ အနိမ့်, အမြင့်, အလတ် သုံးမျိုး လွှတ်ခြင်းတည်း၊ ဤနေရာ၌ "တန္တိယော+မုစ္ဆိတာ" ဟု တန္တိနှင့် အရတူဖြစ်အောင် "ခရမုစ္ဆိတာ+ မာမာခက်ခက်တီးအပ်ကုန်သည်" ဟု ပေးရသည်။
မန္ဒမုစ္ဆိတာ။ ။ စာအုပ်တို့၌ "မန္ဒမုစ္ဆနာ" ဟု တွေ့ရ၏၊ ဋီကာပါဌ်၌ "မန္ဒမုစ္ဆိတာ" ဟု ရှိ၏၊ ဋီကာအတိုင်း ရှိမှ ခရမုစ္ဆိတာနှင့် အသွားတူ၍ တန္တိယောနှင့်လည်း အရတူ ကောက်၍ လွယ်သည်၊ စောင်းကြိုးတို့က လျော့နေလျှင် အသံလည်းပြောညံ့စွာ ဖြစ်နေသောကြောင့် "မန္ဒ" ဟု ဆိုသည်။

**သမေ ဂုဏေ ပတိဋ္ဌိတာ**တိ၊ ကား။
မဇ္ဈိမ၊ အလယ်အလတ် ဖြစ်သော။
သရေ၊ အသံ၌။
ထပေတွာ၊ ထား၍။
မုစ္ဆိတာ၊ တီးအပ်ကုန်သည်။
(ဟောန္တိ)။
**ဝီရိယသမထံ အဓိဋ္ဌာဟာ**တိထ၊ ကား။
ဝီရိယသမ္ပယုတ္တသမထံ၊ ဝီရိယနှင့် ယှဉ်သော သမာဓိကို။
အဓိဋ္ဌာတိ၊ ဆောက်တည်လော။
ဝီရိယံ၊ ကို။
သမထေန၊ သမထနှင့်။
အဓိဋ္ဌာဟိ၊ ဆောက်တည်သော။
ဝီရိယံ၊ ကို။
သမထေန၊ သမထနှင့်။
ယောဇေဟိ၊ ယှဉ်စေလော။
ဣတိ အတ္ထော၊
**ဣန္ဒြိယာနဉ္စ သမတံ ပဋိဝိဇ္ဈာ**တိ၊ ကား။
သဒ္ဓါဒီနံ၊ သဒ္ဓါ အစရှိကုန်သော။
ဣန္ဒြိယာနံ၊ ဣန္ဒြေတို့၏။
သမတံ၊ ညီမျှကုန်သည်၏အဖြစ်ကို။
သမဘာဝံ၊ ညီမျှကုန်သည် အဖြစ်ကို။
(**ပဋိဝိဇ္ဈ၊ ထိုးထွင်း၍ သိလော"** ၌ စပ်)။သမေ ဂုဏေ။ ။ စောင်းညို့ စောင်းကြိုး၏ မတင်းမလျော့ဖြစ်ခြင်းကို "သမေ ဂုဏေ"** ဟု ဆိုသည်၊ ထိုသို့ဖြစ်သောအခါ အသံသည် မမြင့် မနိမ့်ဘဲ အလယ်အလတ်သံ ဖြစ်သောကြောင့် "မဇ္ဈိမေ သရေ ထပေတွာ မုစ္ဆိတာ" ဟု အဓိပ္ပါယတ္ထ ဖွင့်သည်၊ [ဤပါဠိတော်ကို ထောက်၍ အလယ်အလတ် ကြိုးစားခြင်းက်ို "မလျော့မတင်း, စောင်းညိုးသို့" ဟု ပြောဟမှတ် ပြုကြရသည်။]
ဝီရိယသမထံ။ ။ "သမ္ပယုတ္တံ အလယ်ပုဒ်် ကျေသည်" ဟု သိစေလို၍ "ဝီရိယသမ္ပယုတ္တသမထံ" ဟု ဖွင့်သည်၊ ဋီကာ၌လည်း ဤအတိုင်းပင် ဖွင့်၏၊ ပါရာဇိကဏ်အဋ္ဌကထာ နိဒါန်း အရှင်အာနန္ဒာ ၏ ရဟန်းဖြစ်ခန်း၌ကား "ဝီရိယသမတံ" ဟု ရှိခဲ့၏၊ ထိုပုဒ်၏အနက်ကို ထိုအဖွင့်၌ ပြန်ရှုပါ၊ [ဝီရိယ လွန်နေသော အရှင်သောဏ အား ဝီရိယကို လျှော့၍ သမာဓိနှင့် ညီမျှအောင် ဆောက်တည်ဖို့ရန် တိုက်တွန်းသောအရာဖြစ်၍ "ဝီရိယသမတံ" ဟု ရှိခြင်းက ကောင်းစရာ ရှိသည်၊] သို့သော် တတ္ထအရ သမထကို စွဲသောကြောင့် "ဝီရိယသမထံ အဓိဋ္ဌဟ" သည်ပင် ပါဠိတော်ပါဌ်ရင်းဖြစ်ဟန် တူသည်။
ဣန္ဒြိယာနံ သမတံ။ ။ သမာနံ-ညီမျှသော သဒ္ဓိန္ဒြေနှင့် ပညိန္ဒြေ, ဝီရိယိန္ဒြေနှင့် သမာဓိန္ဒြေတို့၏၊ ဘာဝေါ- တည်း၊ သမတာ- ဖြစ်၊ ဝါ- ညီမျှခြင်း၊ သဒ္ဓါ မစစ်တော့ ခင်မင်မှုတဏှာ ဖြစ်နေတတ်၏၊ မုဒ္ဓပ္ပသန္န (မကြည်ညိုထိုက်သည်ကို ကြည်ညိုတတ်သော) မောဟလည်း ဖြစ်တတ်၏၊ ပညာလွန်သော ပရိယာယ်မာယာ များနေတတ်၏၊ (ကိုယ်တိုင် လှူမှ မဟုတ်ပါ၊ သူတစ်ပါးအလှူကို သာဓုခေါ်လျှင်လည်း အလှူဒါနဖြစ်နိုင်ပါသည် စသည်တည်း၊) ဝီရိယလွန်တော့ ဥဒ္ဓစ္စ, သမာဓိလွန်တော့ ကောသဇ္ဇဖြစ်တတ်၏၊ သတိုကား ထို အလွန်အလျော့ကိစ္စတိုင်း၌ ပါဝင်နိုင်ရကား "သဗ္ဗတ္ထိကာ" တရားဖြစ်သည်၊ [သဗ္ဗတ္ထ- အလုံးစုံသော ကိစ္စ၌၊ နိယုတ္တာ-ယှဉ်၏၊ ဣတိ သဗ္ဗတ္ထိကာ၊ (တစ်နည်း)၊ သဗ္ဗေန- အလုံးစုံသော ကိစ္စ၌၊ နိယုတ္တာ- ယှဉ်၏၊ ဣတိ သဗ္ဗတ္ထိကာ၊ (တစ်နည်း)၊ သဗ္ဗေန-အလုံးစုံသော ထိန ဥဒ္ဓစ္စ အဖို့တွင် ပါဝင်ဿောအားဖြင့်၊ အတ္ထယိတဗ္ဗာ- အလိုရှိထိုက်၏၊ ဣတိ- သဗ္ဗတ္ထိကာ- အင်္ဂုတ္တုရ်ဋီကာ ဝိဂ္ဂဟ။]

တတ္ထ၊ ထို ဣန္ဒြေတို့တွင်။
သဒ္ဓိ၊ သဒ္ဓိယန္ဒြေနှင့်လည်းကောင်း။
ဝီရိယံ၊ ဝီရိယိန္ဒြေကို။
သမာဓိနာ၊ သမာဓိန္ဒြေနှင့်လည်းကောင်း။
သမာဓိဉ္စ၊ သမာဓိန္ဒြေကိုလည်း။
ဝီရိယေန၊ ဝီရိယိန္ဒြေနှင့်လည်းကောင်း။
ယောဇယမာနော၊ ယှဉ်စေလျက်။
ဣန္ဒြိယာနံ၊ သဒ္ဓါစသော ဣန္ဒြေတို့၏။
သမတံ၊ ညီမျှကုန်သည်၏အဖြစ်ကို။
ပဋိဝိဇ္ဈံ၊ ထိုးထွင်း၍ သိလော။
**တတ္ထ စ နိမိတ္တံ ဂဏှာဟီ**တိ၊ ကား။
တသ္မိံသမထေ၊ ထို သမာဓိသည်။
သတိ၊ ဖြစ်လတ်သော်။
အာဒါသေ၊ ကြေးမုံ၌။
(မှန်၌)။
မုခဗိမ္ဗေန၊ မျက်နှာရိပ်သည်။
(ဥပ္ပဇ္ဇိတဗ္ဗံ)ဣဝ၊ ဖြစ်ရာသကဲ့သို့။
ယေနနိမိတ္တေန၊ အကြင် နိမိတ်သည်။
ဥပ္ပဇ္ဇိတဗ္ဗံ၊ ဖြစ်ရာ၏။
တံ သမထနိမိတ္တံ၊ ထို သမထနိမိတ်ကိုလည်းကောင်း။
တံ ဝိပဿနာနိမိတ္တံ၊ ထို ဝိပဿနာနိမိတ်ကိုလည်းကောင်း။
တံ မဂ္ဂနိမိတ္တံ၊ ထို မဂ္ဂနိမိတ်ကိုလည်းကောင်း။
တံ ဖလနိမိတ္တဉ္စ၊ ထို ဖလနိမိတ်ကိုလည်းကောင်း။
ဂဏှာဟိ၊ ယူသော။
နိဗ္ဗတ္တေဟိ၊ ဖြစ်စေလော့။
ဣတိ အတ္ထော၊
**အညံ ဗျာကရေယျ**န္တိ၊ ကား။
အဟံ၊ တပည့်တော်သည်။
အရဟာ၊ ရဟန္တာပါတည်း။
ဣတိ၊ သို့။
ဇာနေပေယျံ၊ သိစေရပါမူကား။
(**"ယံ နူန**၊ **ကောင်းလေစွ"** ဟု ပါဠိတော်၌ စပ်။)
[အညိန္ဒြေပုဒ်၌ကဲ့သို့ အည သဒ္ဒါအရဟတ္တဖိုလ်ဟူသော အနက်ကိုဟော၏။]
**ဆဌာနာနီ**တိ၊ ကား။
ဆ၊ ၆ ပါး ကုန်သော။
ကာရဏာနိ၊ အကြောင်းတို့ကို။
**အဓိမုတ္တော ဟောတီ**တိ၊ ကားူ။
ပဋိဝိဇ္ဈိတွာ၊ ထိုးထွင်းကာ သိ၍။
ပစ္စက္ခံ၊ မျက်မှောက်ကို။
ကတွာ၊ ၍။
ဌိတော၊ တည်သည်။
ဟောတိ၊ ၏။
**နေက္ခမ္မာဓိမုတ္တော**တိ အာဒိ၊ အစရှိသော။
သဗ္ဗံ၊ အလုံးစုံသော စကားရပ်ကို။
အရဟတ္တဝသေန၊ အရဟတ္တဖိုလ်၏ အစွမ်းဖြင့်။
(အာယသ္မတာ သောဏေန၊ **အရှင်သောဏ** သည်။)
ဝုတ္တံ၊ လျှောက်အပ်ပြီ။
ဟိ၊ ချဲ့။
တတ္ထ စ နိမိတ္ထံ။ ။ တတ္ထသည် လက္ခဏအနက်၌ ထပစ္စည်းတည်းဟု သိစေလို၍ "တသ္မိံ သမထေ သတိ" ဟု ဖွင့်ကြောင်းကို ယောဇနာဆို၏၊ သို့သော် "တသ္မိံ၊ပေ၊ ဥပ္ပဇ္ဇိတဗ္ဗံ" သည် သဘောအဓိပ္ပါယ်အဖွင့်သာဟု ထင်၏၊ "သမထောဝ+နိမိတ္ထံ သမထနိမိတ္ထံ" ဟု အင်္ဂုတ္တိုရ်ဋီကာ ဝိဂ္ဂဟပြုသည်၊ "နောက်နောက်သမထ၏ အကြောင်းဖြစ်သော ရှေးရှေးသမထ" ဟူလို၊ ဝိပဿနာသမထသည် မဂ္ဂသမထသည် ဖလသမထ၏အကြောင်းတည်း၊ ရှေးရှေးဖိုလ်သည် နောက်နောက်ဖလသမာပတ်၏ အကြောင်းတည်း။
အရဟတ္တံ၊ အရဟတ္တဖိုလ်ကို။
(ဝုစ္စတိ၌ စပ်။)
သဗ္ဗကိလေသေဟိ၊ အလုံးစုံသော ကိလေသာတို့မှ။
နိက္ခန္တတ္တာ၊ ထွက်မြောက်ပြီး၏ အဖြစ်ကြောင့်။
**နေက္ခမ္မံ**တိ စ၊ နေက္ခမ္မဟူ၍လည်းကောင်း။
[နိက္ခမီတိ နက္ခမံ၊ နိက္ခမံယေဝ နေက္ခမ္မံ၊ သွတ္ထ၌ ဏျပစ္စည်း။]
တေဟေဝ၊ ထို ကိလေသာတို့မှပင်။
ပဝိဝိတ္တတ္တာ၊ အပြားအားဖြင့် ကင်းဆိတ်သည်၏အဖြစ်ကြောင့်။
**ပဝိဝေကော**တိ စ၊ ကဟူ၍လည်းကောင်း။
[ပကာရေန ဝိဝိစ္စီတိ ပဝိဝေကော။]
ဗျာပဇ္ဇဘာဝတော၊ ဒေါသဗျာပါဒ၏ မရှိခြင်းကြောင့်။
**အဗျာပဇ္ဇံ**တိ စ၊ ဟူ၍လည်းကောင်း။
[နတ္ထိ+ဗျာပါဒေါ+ယဿာတိ အဗျာပါဒေါ။
အဗျာပါဲဒဿ+ ဘာဝေါ အဗျာပဇ္ဇံ။]
ဥပါဒါနဿ၊ ဥပါဒါန်၏။
ခယန္တေ၊ ကုန်ကြောင်း အရဟတ္တမဂ်၏ အဆုံး၌။
ဥပ္ပန္နတ္တာ၊ ဖြစ်သည်၏အဖြစ်ကြောင့်။
**ဥပါဒါနက္ခယော**တိ စ၊ ဟူ၍လည်းကောင်း။
[ခီယန္တိ ဧတေနာတိခယော၊ ကုန်ကြောင်း အရဟတ္တမဂ်။
ဥပါဒါနာနံ+ခယော ဥပါဒါနက္ခယော၊ မဂ်၏ ခယအမည်ကို ဖိုလ်၌ တင်စား၍ ဖိုလ်ကိုလည်း **"ဥပါဒါနက္ခယ"** ဟု ခေါ်ရသည်။]
**တဏှာက္ခယော**တိ စ၊ ဟူ၍လည်းကောင်း။
(ရှေ့နည်းအတိုင်းကြံ။)
သမ္မောဟာဘာဝတော၊ တွေဝေတတ်သော မောဟ၏ မရှိခြင်းကြောင့်။
**အသမ္မောဟော**တိ စ၊ ဟူ၍လည်းကောင်း။
ဝါ၊ သမ္မောဟ၏ ဆန့်ကျင်ဘက်ဟူ၍လည်းကောင်း။
ဝုစ္စတိ၊ ၏။
[နတ္ထိ+ သမ္မောဟော+ ယဿာတိ အသမ္မောဟော။]
**ကေဝလံ သဒ္ဓါမတ္တကန္တိ**၊ ကား။
ပဋိဝေဓရဟိတံ၊ ပဋိဝေဓမှ ကင်းသော။
ကေဝလံ၊ သက်သက်။
ပဋိဝေဓပညာယ၊ ပဋိဝေဓပညာနှင့်။
အသမ္မိဿံ၊ မရောနှောသော။
(ကေဝလံ၏ အသမ္မိဿ အနက်ကို ဖွင့်သည်။)
သဒ္ဓါမတ္တကံ၊ သဒ္ဓါမျှကို။
(နိဿာယဟု ပါဠိတော်၌ စပ်။)
**ပဋိစယ**န္တိ၊ ကား။
ပုနပ္ပုနံ၊ အဖန်ဖန် အထပ်ထပ်။
ကရဏေန၊ ပြုခြင်းအားဖြင့်။
ဝဍ္ဎိံ၊ တိုးပွားစေဖွယ်ကို။
(အသမနုပဿန္တောဟု ပါဠိတော်၌စပ်။)
**ဝိတရာဂတ္တာ**တိ၊ ကား။
မဂ္ဂပဋိဝေဓေန၊ အရဟတ္တမဂ်ကို ထိုးထွင်း၍ သိခြင်းအားဖြင့်။
ရာာဂဿ၊ ရာဂ၏။
ဝိဂတတ္တာယေဝ၊ ကင်းသည်၏အဖြစ်ကြောင့်သာ။
နေက္ခမ္မသင်္ခါတံ၊ နေက္ခမ္မဟု ဆိုအပ်သော။
အရဟတ္တံ၊ အရဟတ္တဖိုလ်ကို။
ပဋိဝိဇ္ဈတွာ၊ ၍။
ဌိတော၊ သည်။
ဟောတိ၊ ဖြစ်ပါ၏။
ဖလသမာပတ္တိဝိဟာရေနေဝ၊ နေကြောင်းဖြစ်သော ဖလသမာပတ်ဖြင့်သာ။
ဝိဟရတိ၊ နေပါ၏။
တန္နိန္နမာနသောယေဝ၊ ထို ဖလသမာပတ်ဖြင့် ညွတ်သောစိတ် ရှိသည်သာလျှင်။
ဟောတိ၊ ဖြစ်ပါ၏။
ဣတိ အတ္ထော၊
သေသပဒေသုပိ၊ ခယာ ဒေါသဿ ဝီတိဒေါသတ္တ အစရှိသော ကြွင်းသောပုဒ်တို့၌လည်း။
ဧသေဝ နယော၊ တည်း။
**လာဘသက္ကာရသိလောကန္တိ**၊ ကား။
စတုပစ္စယလာဘဉ္စ၊ ပစ္စည်းလေးပါးဟူသော လာဘ်ကိုလည်းကောင်း။
ဝါ၊ ရအပ်သော ပစ္စည်းလေးပါးကိုလည်းကောင်း။
တေသံယေဝ၊ ထိုပစ္စည်းလေးပါးတို့၏ပင်။
သုကတဘာဝဉ္စ၊ ကောင်းစွာပြုအပ်ကုန်သည်၏ အဖြစ်ကိုလည်းကောင်း။
ဝဏ္ဏဘဏနဉ္စ၊ ဂုဏ်ကိုပြောဆိုခြင်းကိုလည်းကောင်း။
ဝါ၊ ချီးမွမ်းခံရခြင်းကိုလည်းကောင်း။
**နိကာမယမာနော**တိ၊ ကား။
ဣစ္ဆာမာနော၊ လိုလားသည်။
ပတ္ထယမာနော၊ တောင့်တသည်။
(ဟုတွာ)။
**ပဝိဝေကာဓိမုတ္တော**တိ၊ ကား။
အဟံ၊ တပည့်တော်သည်။
ဝိဝေကေ၊ ကာယဝိဝေက, စိတ္တဝိဝေက၌။
အဓိမုတ္တော၊ စွဲစွဲမြဲမြဲ သက်ဝင်သည်။
(အမှိ၊ ဖြစ်ပါ၏။)
ဣတိ ဧဝံ၊ သို့။
အရဟတ္တံ၊ အရဟတ္တဖိုလ်ကို။
ဗျာကရောတိ၊ ဖြေဆို၏။
ဣတိ အတ္ထော၊
**သီလဗ္ဗတမရာမာသန္တိ**၊ ကား။
သီလဉ္စ၊ အလေ့ကိုလည်းကောင်း။
ဝတဉ္စ၊ အကျင့်ကိုလည်းကောင်း။
ပရာမသိတွာ၊ မှားသောအားဖြင့် သုံးသပ်၍။
ဂဟိတဂဟဏမတ္တံ၊ ယူအပ်သော အယူမျှကို။
**သာရတော ပစ္စာဂစ္ဆန္တော**တိ၊ ကား။
သာရဘာဝေန၊ အနှစ်သာရ၏ အဖြစ်ဖြင့်။
ဇာနန္တော၊ သိသည်။
(ဟုတွာ)။
**အဗျာပဇ္ဇာဓိမုတ္တော**တိ၊ ကား။
အဗျာပဇ္ဇံ၊ ဗျာပါဒမရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ ဖြစ်သော။
အရဟတ္တံ၊ အရဟတ္တဖိုလ်ကို။
ဗျာကရောတိ၊ ၏။
ဣတိ အတ္ထော၊
ဣမိနာဝ နယေန၊ ဤနည်းဖြင့်ပင်။
သဗ္ဗဝါရေသု၊ အလုံးစုံသော ဝါရတို့၌။
အတ္ထော၊ ကို။
ဝေဒိတဗ္ဗော၊ ၏။
လာဘသက္ကာရသိလောကံ။ ။ လဗ္ဘတိ ပါပုဏီယတီတိ လာဘော၊ စတုန္နံ ပစ္စယာနမေတံ အဓိဝစနံ၊ သက္ကစ္စံ+ ကာတဗ္ဗောတိ သက္ကာရော၊ ပစ္စယာ ဧဝ ဟိ ပတပဏီတာ သုန္ဒရသုန္ဒရာ အဘိသင်္ခရိတွာ ကတွာ သက္ကာရောတိ ဝုစ္စတိ၊ ယာ စ ပရေဟိ အတ္တနော ဂါရဝကြိယာ, ပုပ္ဖာဒီဟိ ဝါ ပူဇာ၊ သိလောကောတိ ဝဏ္ဏဘဏနံ၊ - ဆက္ကအင်္ဂုတ္တရဋီကာ၊ [ရရိုးရစဉ် ရအပ်သော ပစ္စည်းလေးပါးသည် လာဘ, အထူးတလည် ကောင်းအောင် ပြုစီမံအပ်သော ပစ္စည်းလေးပါးသည် သက္ကာရ, (သမ္မာ+ကရီယတေဟိ သက္ကာရော၊) တစ်နည်း- သူတစ်ပါးတို့က မိမိကို ရိုသေခြင်း ပန်းနံ့သာ စသည်တို့ဖြင့် ပူဇော်ခြင်းသည် သက္ကာရ, (သမ္မာ+ကရဏံ သက္ကာရော။) ဂုဏ်ကို ပြောဆိုခြင်း, ချီးမွမ်းခံရခြင်းသည် သိလောက မည်၏။ ] "လာဘသက္ကာရကို လိုလား၍ ရဟန္တာ မဟုတ်ပါဘဲ ရဟန္တာဖြစ်၏ဟု ဖြေဆိုသည်ဟု အခြားပုဂ္ဂိုလ်က ထင်စရာရှိ၏" ဟူလို။
**ဘုသာ**တိ၊ ကား။
ဗလဝန္တော၊ အားရှိကုန်သော။
[ဒိဗ္ဗရူပသဒိသာ၊ နတ်သမီးတမျှ လှနေကုန်သော။
ဋီကာ။]
**နေဝဿ စိတ္တံ ပရိယာဒိယန္တီ**တိ၊ ကား။
ဧတဿခီဏာသဝဿ၊ ဤ ရဟန္တာပုဂ္ဂိုလ်၏။
စိတ္တံ၊ ကို။
ဂဟေတွာ၊ ဟူ၍။
ဌာတုံ၊ တည်ခြင်းငှာ။
န သက္ကောန္တိ၊ မစွမ်းနိုင်ပါကုန်။
**အမိဿီကတန္တိ**၊ ကား။
အမိဿကတံ၊ မရောအောင် ပြုအပ်သည်ကို။
ဝါ၊ ရောအောင် မပြုအပ်သည်ကို။
ဟိ၊ မှန်။
ကိလေသာ၊ တို့သည်။
အာရမဏေန၊ အာရုံနှင့်။
သဒ္ဓိံ၊ တကွ။
မိဿံ၊ ရောနှောအောင်။
ကရောန္တိ၊ ပြုတတ်ကုန်၏။
တေသံ၊ ထို ကိလေသာတို့၏။
အဘာဝါ၊ မရှိခြင်းကြောင့်။
အမိဿီကတံ၊ ရောနှောအောင် မပြုအပ်သည်။
(ဟောတိ)။
**ဌိတန္တိ**၊ ကား။
ပတိဋ္ဌိတံ၊ စွဲမြဲတည်တံ့သည်။
**အာနဉ္ဇပ္ပတ္တ**န္တိ၊ ကား။
အစလပ္ပတ္တံ၊ မတုန်လှုပ်သည်၏အဖြစ်သို့ ရောက်သည်။
(ဟောတိ)။
**ဝယဉ္စဿာနုပဿတီ**တိ၊ ကား။
ဧသ (ဧသော)၊ ဤရဟန္တာပုဂ္ဂိုလ်သည်။
တဿ စိတ္တဿ၊ ထိုစိတ်၏။
ဥပ္ပာဒမ္ပိ၊ ဖြစ်ခြင်းကိုလည်းကောင်း။
ဝယမ္ပိ၊ ပျက်ခြင်းကိုလည်းကောင်း။
ပဿတိ၊ ရှု၏။
["ဝယဉ္စဿာနုပဿတီတိ တဿ စေသ စိတ္တဿ" ဟု ဋီကာ၌ ရှိ၏။
ဝယ၌ "ဥပ္ပါဒ ဝယဉ္စ" ဟု ဆိုလိုလျက် ဥပ္ပာဒပုဒ် အကျေ ကြံ၊ တစ်နည်း- ဧကသေသ်ပြု။]
**နေက္ခမ္မံ အဓိမုတ္တဿာ**တိ၊ ကား။
အရဟတ္တံ၊ အရဟတ္တဖိုလ်ကို။
ပဋိဝိဇ္ဈိတွာ၊ ၍။
ဌိတဿ၊ တည်သော။
သေသပဒေဟိပိ၊ ကြွင်းသော အဗျာပဇ္ဇဉ္စစေတသော စသော ပုဒ်တို့ဖြင့်လည်း။
အရဟတ္တမေဝ၊ ကိုပင်။
ကထိတံ၊ ဖြေဆိုအပ်ပြီ။
**ဥပါဒါနက္ခယဿာ**တိ၊ ဟူသော သဒ္ဒါသည်။
ဥပယောဂတ္ထေ၊ ဒုတိယာဝိဘတ်၏ အနက်၌။
သာမိဝစနံ၊ သာမီဝိဘတ်ရှိသော သဒ္ဒါတည်း။
**အသမ္မောဟဉ္စ စေတသော**တိ၊ ကား။
စိတ္တဿ၊ ၏။
အသမ္မောဟံ၊ သမ္မောဟ၏ ဆန့်ကျင်ဘက်ဖြစ်သော အရဟတ္တဖိုလ်သို့။
အဓိမုတ္တဿ စ၊ စွဲစွဲမြဲမြဲ သက်ဝင်သည်လည်းဖြစ်ထသော။
**ဒိသွာ အာယတနုပ္ပါဒန္တိ**၊ ကား။
အာယတနာနံ၊ စက္ခု သောတစသော အာယတနတို့၏။
ဥပ္ပာဒဉ္စ၊ ဖြစ်ခြင်းကိုလည်းကောင်း။
ဝယဉ္စ၊ ပျက်ခြင်းကိုလည်းကောင်း။
ဒိသွာ၊ ၍။
**သမ္မာ စိတ္တံ ဝိမုစ္စတီ**တိ၊ ကား။
သမ္မာ၊ သင့်သော အကြောင်းအားဖြင့်။
ဟေတုနာ၊ သင့်သောအကြောင်းအားဖြင့်။
နယေန၊ နည်းလမ်းအားဖြင့်။
ဝိပဿနာယ၊ ဝိပဿနာဖြစ်သော။
ဣမာယ ပဋိပတ္တိယာ၊ ဤ အကျင့်ဖြင့်။
[သမ္မာကို အဆင့်ဆင့် ထပ်ဖွင့်သည်။]
ဖလသမာပတ္တိဝသေန၊ ဖလသမာပတ်၏ အစွမ်းဖြင့်။
စိတ္တံ၊ သည်။
ဝိမုစ္စတိ၊ နိဗ္ဗာန်အာရုံ၌ စွဲစွဲမြဲမြဲ သက်ဝင်၏။
နိဗ္ဗာနာရမ္မဏေ၊ နိဗ္ဗာန်အာရုံ၌။
အဓိမုစ္စတိ၊ စွဲစွဲမြဲမြဲ သက်ဝင်၏။
[ဝိမုစ္စတိ ကိုဖွင့်သည်။
ပါဠိတော်၌က **"ဝိမုစ္စတိ၊ ကိလေသာတို့မှ လွတ်၏"** ဟု မပေးဘဲ **"နိဗ္ဗာန်အာရုံ၌ စွဲစွဲ မြဲမြဲသက်ဝင်၏"** ဟု ပေးပါ။]
**သန္တစိတ္တဿာ**တိ၊ ကား။
နိဗ္ဗုတစိတ္တဿ၊ ငြိမ်းအေးပြီးသော စိတ်ရှိသော။
**တာဒိနော**တိ၊ ကား။
ဣဋ္ဌာနိဋ္ဌေ၊ ဣဋ္ဌာရုံ, အနိဋ္ဌာရုံ၌။
အနုနယပဋိဃေဟိ၊ စိတ်ကို ဆွဲဆောင်တတ်သော လောဘ, ထိပါးတတ်သော ဒေါသတို့သည်။
အနပ္ပိတတ္တာ၊ မသက်ရောက်အပ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း။
အကမ္မိယတ္တာ စ၊ မတုန်လှုပ်စေအပ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း။
တာဒီ၊ တာဒီ မည်၏။
တာဒိနော၊ ဣဋ္ဌ, အနိဋ္ဌ စသော အာရုံတို့ကြောင့် တုန်လှုပ်ခြင်း မရှိသော။
တဿ၊ ထို ရဟန္တာ ပုဂ္ဂိုလ်၏။
(**"စိတ္တံ**၊ **သည်**။
**ဌိတံ**၊ **တည်တံ၏"** ဟု ပါဠိတော်၌ စပ်။)