(ဤသုတ်၌ ပဉ္စိမာနိ မှစ၍ သကဒါဂါမီ ဟောတိ-အထိ ပဌမဝိတ္တာရသုတ် စာပိုဒ် ၄၈၅-နှင့်တူ၏။)
တတော၊ ထိုသကဒါဂါမိပုဂ္ဂိုလ်၏ ဝိပဿနာ၌ အကျုံးဝင်သော ဣန္ဒြေတို့အောက်။
မုဒုတရေဟိ၊ နုသောဣန္ဒြေတို့ကြောင့်။
ဧကဗီဇီ၊ တဘဝသာ ခန္ဓာမျိုးစေ့ရှိသော သောတာပန် သည်။
ဟောတိ၊ ၏။
တတော၊ ထိုကောဗီဇီသောတာပန်၏ ဝိပဿနာ၌ အကျုံးဝင်သော ဣန္ဒြေ တို့အောက်။
မုဒုတရေဟိ၊ တို့ကြောင့်။
ကောလံကောလော၊ မဟာဘောဂ အမျိုးတခုမှ မဟာဘောဂအမျိုးတခုသို့ ကပ်ရောက်တတ်သော (၂-ဘတ ၃-ဘဝ ဝဋ်၌နေသော) သောတာပန်သည်။
ဟောတိ၊ ၏။
တတော၊ ထိုကောလံကောလသောတာပန်၏ ၀ိပဿနာ၌ အကျုံးဝင်သော ဣန္ဒြေတို့အောက်။
မုဒုတရေဟိ၊ တို့ကြောင့်။
သတ္တက္ခတ္တုပရမော၊ ၇-ကြိမ် (၇-ဘဝ ဝဋ်၌နေသော) အတိုင်းအရှည်ရှိသော သောတာပန်သည်။၏
ဧကံ ဗီဇံ ဧကဗီဇံ၊ ဧကဗီဇံ အဿတ္ထီတိ ဧကဗီဇီ-ဟုပြု၊ ဗီဇအရ ခန္ဓဗီဇယူ၊ အတ္တဘာဝဂဟဏ၊ အတ္ထဘော(ခန္ဓာ)ကိုယူခြင်းကိုပင် ခန္ဓာတည်းဟူသော မျိုးစေ့ရှိသူ ဟုဆိုလို၏။ လူနတ်ဘဝအားဖြင့် တဘဝသာ ဝဋ်၌ နေသူတည်း။ ကုလတော ကုလံ ဂစ္ဆတီတိ ကောလံကောလော။ သောတာပန်ဖြစ်လျှင် နီစဘဝ ယုတ်သောဘဝ၌ မဖြစ်တော့ပေ။ လူနတ်ဘဝအားဖြင့်ပင် ၂-ဘဝ ၃-ဘဝ ဝဋ်၌ နေသူတည်း။ သတ္တက္ခတ္တုံ ပရမံ ဧတဿာတိ သတ္တက္ခတ္တုပရမော-ဟုပြု။ လူနတ်ဘဝအားဖြင့် ၇-ဘဝ ဝဋ်နေသူတည်း။ အနာထပိဏ်, ဝိသာခါ, သိကြားမင်းစသော သောတာပန်တို့သည် ဤသောတာပန် ၃-မျိုး၌ မပါဝင်၊ နတ်ပြည် ၆-ထပ်၌နေ၍ အနာဂါမိမဂ်ကိုရကာ အကနိဋ္ဌဘုံ၌ ပရိနိဗ္ဗာန်စံမည့်သူများ ဖြစ်ကြ၏။ လူ့ပြည့်ချည်း ၇-ကြိမ်နေ၍ ယင်းလူ့ပြည်၌ပင် ပရိနိဗ္ဗာန်စံမည့်သူ, နတ်ပြည်ချည်း ၇-ကြိမ်နေ၍ ယင်းနတ်ပြည်၌ပင် ပရိနိဗ္ဗာန်စံမည့်သူများလည်း မပါဝင်ကြ။ ဋ္ဌ-ဋီ-၌ အကျယ်ရှု။
ဟောတိ၊ ၏။
တတော၊ ထိုသတ္တက္ခတ္ထုပရမ သောတာပန်၏ ဝိပဿနာ၌ အကျုံးဝင်သော ဣန္ဒြေတို့အောက်။
မုဒုတရေဟိ၊ တို့ကြောင့်။
ဓမ္မာနုသာရီ၊ သည်။
ဟောတိ၊ ၏။
တထော၊ ထိုဓမ္မာနုသာရီ၏ ၀ိပဿနာ၌ အကျုံးဝင်သော ဣန္ဒြေ တို့အောက်။
မုဒုတရေဟိ၊ တို့ကြောင့်။
သဒ္ဓါနုသာရီ၊ သည်။
ဟောတိ၊ ၏။
ဣတိ၊ ၏။စတုတ္ထံ၊ လေးခုမြောက်သောသုတ်တည်း။