ဘိက္ခဝေ၊ ရဟန်းတို့။
ဧဝမေဝ ခေါ၊ ဤအတူသာလျှင်။
ယေ၊ အကြင် အကြင်သတ္တဝါတို့သည်။
ခေတ္တဝတ္ထုပဋိဂ္ဂဟဏာ၊ လယ်, ယာတို့ကို ခံယူခြင်း, ခံယူစေခြင်း, သာယာခြင်းမှ။
“အဇေဠက အစ ခေတ္တဝတ္ထု အဆုံးရှိသော အရာတို့၌ ကပ္ပိယ, အကပ္ပိယ အဆုံးအဖြတ်ကို ဝိနည်းဆိုင်ရာ ရှု” ဟု အဋ္ဌကထာ၌ မှာ၏။"ရေတွင်း ရေကန် စသည်တို့ကို ခံယူခြင်း ခံယူစေခြင်း သာယာခြင်းတို့ကိုလည်း ခေတ္တဝတ္ထုပဋိဂ္ဂဟဏသဒ္ဒါဖြင့် ယူ ” ဟု ဋ္ဌ-၌ ပြသည်။
ပဋိဝိရတာ၊ ရှောင်ကြဉ်ကုန်၏။
တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။
အပ္ပကာ၊ နည်းကုန်၏။အထ ခေါ၊ စင်စစ်သော်ကား။
ယေ၊ အကြင်သတ္တဝါတို့သည်။
ခေတ္တဝတ္ထုပဋိဂ္ဂဟဏာ၊ လယ်, ယာတို့ကို ခံယူခြင်း, ခံယူစေခြင်း, သာယာခြင်းမှ။
အပ္ပဋိဝိရတာ၊ မရှောင်ကြဉ်ကုန်။
ဧတေဝ သတ္ထာ၊ ဤ သတ္တဝါတို့သည်သာလျှင်။
ဗဟုတရာ၊ များကုန်၏။
ပ။
ပဌမံ၊ ရှေးဦးစွာသောသုတ်တည်း။