ကုလေ၊ အမျိုး၌။
ဇေဋ္ဌာပစာယိနော၊ ကြီးသူတို့ကို အရိုအသေ ပြုလေ့ရှိကုန်၏။
အမျိုးထဲက ကြီးသူတို့ကို ရိုသေခြင်းဟူသည် ဘကြီး ဘထွေး မိကြီး မိထွေး အကို အမ စသူတို့ကို ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, လက်အုပ်ချီခြင်း, အရိုအသေပြုခြင်း စသည်ပင်။ ကုလေ၊ အမျိုး၌။
အဇေဋ္ဌာပစာယိနော၊ ကြီးသူတို့ကို အရိုအသေပြုသူတို့ မဟုတ်ကုန်။
ဒသမံ၊ ဆယ်ခုမြောက်သောသုတ်တည်း။
သတ္တမော၊ ခုနစ်ဝဂ်မြောက်ဖြစ်သော။
ပဌမ အာပကဓညပေယျာလဝဂ္ဂေါ၊ ပဌမအာမကဓညပေယျာလဝဂ်တည်း။
တဿ၊ ထိုဝဂ်၏။
ဥဒ္ဒါနံ၊ ဥဒ္ဒါန်းကား-
အညတြ၊ အညတြသုတ်၎င်း။
ပစ္စန္တံ၊ ပစ္စန္တသုတ်၎င်း။
ပညာ၊ ပညာသုတ်၎င်း။
သုရာမေရယ ဩဒကာ၊ သုရာမေရယသုတ်, ဩဒကသုတ်တို့၎င်း။
မတ္တေယျ ပေတ္တေယျာ စာပိ၊ မတ္တေယျသုတ်, ပေတ္တေယျသုတ်တို့၎င်း။
သာမညံ၊ သာမညသုတ်၎င်း။
ဗြဟ္မပစာယိကံ၊ ဗြဟ္မညသုတ်, ပစာယိကသုတ်၎င်းတည်း။
ဣတိ၊ ဤသည်တည်း။