ဘိက္ခဝေ၊ တို့။
ဘာဝိတာ၊ ပွါးများအပ်ကုန်သော။
ဗဟုလီကတာ၊ အကြိမ်များစွာ ပြုအပ်ကုန်သော။
စတ္တာရော၊ ၄-ပါးကုန်သော။
ဣမေ ဓမ္မာ၊ ဤတရားတို့သည်။
မဟာပညတာယ၊ သစ္စာ ၄-ပါး စသည်တို့ကို သိသော ကြီးကျယ်သောပညာကို ရခြင်းငှါ။
မဟာ ပညာ ဧဘေသန္တိ မဟာပညာ၊ စတ္တာရော ဓမ္မာ၊ တေသံ ဘာဝေါ မဟာပညတာ၊ တာယ ဟု ပြု၊ ဤ၌ အဓိပ္ပါယတ္ထ ပေးလိုက်သည်။ နောက်၌လည်း ဤနည်း။ မဟာပညတာယ၊ ကြီးသောပညာတည်ရာ ဖြစ်သော ၄-ပါးသော တရားတို့၏ ဖြစ်ကြောင်း (ကြီးသောပညာ) အကျိုးငှါ-ဟု သဒ္ဒတ္ထသော်လည်း ပေး။
သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ကတမေ စတ္တာရော၊ အဘယ် ၄-ပါးတို့နည်း။
သပ္ပုရိသသံသေဝေါ၊ သူတော်ကောင်းကို မှီဝဲခြင်း၎င်း။
သဒ္ဓမ္မဿဝနံ၊ သူတော်ကောင်းတရားကို ကြားနာခြင်း၎င်း။
ယောနိသော မနသိကာရော၊ သင့်သောအကြောင်းအားဖြင့် နှလုံးသွင်းခြင်း၎င်း။
ဓမ္မာနုဓမ္မပ္ပဋိပတ္တိ၊ လောကုတ္တရာ တရားအား လျော်သော အကျင့်ကို ကျင့်ခြင်း၎င်းတည်း။
ဘိက္ခဝေ၊ တို့။
ဘာဝိတာ၊ ကုန်သော။
ဗဟုလီကတာ၊ ကုန်သော။
စတ္တာရော၊ ကုန်သော။
ဣမေ ခေါ ဓမ္မာ၊ ဤတရားတို့သည်။
မဟာပညတာယ၊ သစ္စာ ၄-ပါးစသည်တို့ကို သိသော ကြီးကျယ်သော ပညာကို ရခြင်းငှါ။
သံဝတ္တန္တိ၊ ဖြစ်ကုန်၏။
ဣတိ၊ ၏။
ပဌမံ၊ ရှေးဦးစွာသောသုတ်တည်း။