ဘိက္ခဝေ၊ တို့။
(တုမှေ၊ တို့သည်။)
ပါပကေ၊ ယုတ်မာကုန်သော။
အကုသလေ၊ အကုသိုလ် ဖြစ်ကုန်သော။
ဝိတက္ကေ၊ ဝိတက်တို့ကို။
မာ ဝိတက္ကေယျာထ၊ မကြံစည်ကြကုန်လင့်။
သေယျထိဒံ၊ အဘယ်ဝိတက်တို့ကိုနည်း။
ကာမဝိတက္ကံ၊ ကာမကို ကြံစည်တတ်သော ကာမဝိတက် ကို၎င်း။
ဗျာပါဒဝိတက္ကံ၊ သတ်ဖြတ်ရန် ကြံစည်တတ်သော ဗျာပါဒဝိတက်ကို၎င်း။
ဝိဟိံသာဝိတက္ကံ၊ ညှဉ်းဆဲရန် ကြံစည်တတ်သော ဝိဟိံသာဝိတက်ကို ၎င်းတည်း။
တံ၊ ထိုအကုသလ ဝိတက် ၃-ပါးကို မကြံစည်ရခြင်းသည်။
ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။
ဘိက္ခဝေ၊ တို့။
(ယသ္မာ၊ အကြင်ကြောင့်။)
ဧတေ ဝိတက္ကာ၊ ထိုအကုသလဝိတက်တို့သည်။
န အတ္ထသံဟိတာ၊ အကျိုးနှင့်မစပ်ယှဉ်ကုန်။
န အာဒိဗြဟ္မစရိယကာ၊ မဂ္ဂဗြဟ္မစရိယ၏ အဦးအစ သီလမှုကို ရကြောင်း မဟုတ်ကုန်။
ဝါ၊ မဂ္ဂဗြဟ္မစရိယ၏ အခြေခံမျှကိုပင် ရကြောင်းမဟုတ်ကုန်။
နိဗ္ဗိဒါယ၊ (ဝဋ်၌) ငြီးငွေ့ ခြင်းငှါ။
န သံဝတ္တန္တိ၊ မဖြစ်ကုန်။
ဝိရာဂါယ၊ တပ်မက်မှုကင်းခြင်းငှါ။
န သံဝတ္တန္တိ၊ မဖြစ်ကုန်။
နိရောဓာယ၊ ရာဂချုပ်ခြင်းငှါ။
န သံဝတ္တန္တိ၊ မဖြစ်ကုန်။
ဥပသမာယ၊ ရာဂမီးငြိမ်းခြင်းငှါ။
န သံဝတ္တန္တိ၊ မဖြစ်ကုန်။
အဘိညာယ၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ။
န သံတ္တန္တိ၊ မဖြစ်ကုန်။
သမ္ဗောဓာယ၊ သစ္စာ ၄-ပါးကို သိခြင်းငှါ။
န သံဝတ္တန္တိ၊ မဖြစ်ကုန်။
နိဗ္ဗာနာယ၊ တဏှာမှ ထွက်မြောက်ခြင်းငှါ။
န သံဝတ္တန္တိ၊ မဖြစ်ကုန်။
(တသ္မာ၊ ထိုကြောင့်တည်း။)
ဘိက္ခဝေ၊ တို့။
တုမှေ၊ သင်တို့သည်။
ဝိတက္ကေန္တာ စ ခေါ၊ ကြံစည်ကြကုန်သည် ရှိသော်ကား။
“ဣဒံ၊ ဤလောဘမှတပါးသော လောကီတရားအပေါင်းသည်။
ဒုက္ခန္တိ၊ ဆင်းရဲအစစ် ဒုက္ခသစ္စာ တည်း”ဟူ၍။
ဝိတက္ကေယျာထ၊ ကြံစည်ကြကုန်လော။
“အယံ၊ ဤလောဘသည်။
ဒုက္ခသမုဒယောတိ၊ ဆင်းရဲ၏ဖြစ်ကြောင်း အစစ် သမုဒယသစ္စာတည်း”ဟူ၍။
ဝိတက္ကေယျာထ၊ ကြံစည်ကြကုန်လော။
“အယံ၊ ဤနိဗ္ဗာန်သည်။
ဒုက္ခနိရောဓောတိ၊ ဆင်းရဲ၏ချုပ်ရာ အစစ် နိရောဓသစ္စာ တည်း”ဟူ၍။
ဝိတက္ကေယျာထ၊ လော။
“အယံ၊ ဤအင်္ဂါရှစ်ပါးရှိသော မဂ်သည်။
ဒုက္ခနိရောဓဂါမိနီပဋိပဒါတိ၊ ဆင်းရဲ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအစစ် မဂ္ဂသစ္စာတည်း”ဟူ၍။
ဝိတက္ကေယျာထ၊ လော။
တံ၊ ထိုသို့ကြံစည်ခြင်းသည်။
ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။
ဘိက္ခဝေ၊ တို့။
(ယသ္မာ၊ အကြင်ကြောင့်။)
ဧတေ ဝိတက္ကာ၊ ထိုသစ္စာ ၄-ပါးကို ကြံစည်ခြင်း ဝိတက်တို့သည်။
အတ္ထသံဟိတာ၊ အကျိုးစီးပွါးနှင့် စပ်ယှဉ်ကုန်၏။
ဧတေ၊ ထိုဝိတက်တို့သည်။
အာဒိဗြဟ္မစရိယကာ၊ မဂ္ဂဗြဟ္မစရိယ၏ အဦးအစ သီလမှုကို ရကြောင်းတို့တည်း။
ဝါ၊ မဂ္ဂဗြဟ္မစရိယ၏ အခြေခံကို ရကြောင်းတို့တည်း။
ဧတေ၊ ထိုဝိတက်တို့သည်။
နိဗ္ဗိဒါယ၊ (ဝဋ်၌) ငြီးငွေ့ခြင်းငှါ။
ဝိရာဂါယ၊ တပ်မက်ခြင်း ကင်းခြင်းငှါ။
နိရောဓာယ၊ ရာဂ၏ချုပ်ခြင်းငှါ။
ဥပသမာယ၊ ရာဂမီး ငြိမ်းခြင်းငှါ။
အဘိညာယ၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ။
သမ္ဗောဓာယ၊ သစ္စာ ၄-ပါးကို သိခြင်းငှါ။
နိဗ္ဗာနာယ၊ တဏှာမှ ထွက်မြောက်ခြင်းငှါ။
သံဝတ္တန္တိ၊ ဖြစ်ကုန်၏။
(တသ္မာ၊ ထိုကြောင့်တည်း။
တသ္မာ တိဟ စသည် ပေးမြဲ။)
သတ္တမံ၊ ခုနစ်ခုမြောက်သောသုတ်တည်း။