Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Mahāvaggo
(SN)Mahāvaggo

10. Vādatthikasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ယော ဟိ ကောစိ ဘိက္ခု၊ အကြင်ရဟန်းသည်။ “ဣဒံ၊ သည်။ ဒုက္ခန္တိ၊ မည်၏”ဟု။ ယထာဘူတံ၊ အတိုင်း။ ပဇာနာတိ၊ သိ၏။ ပ။ “အယံ၊ သည်။ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ၊ မည်၏”ဟု။ ယထာဘူတံ၊ အတိုင်း။ ပဇာနာတိ၊ သိ၏။ ပုရတ္ထိမာယ ဒိသာယ၊ အရှေ့အရပ်မှ။ ဝါဒတ္ထိကော၊ အပြစ်ကို အလိုရှိသော။ ဝါဒဂဝေသီ၊ အပြစ်ကို ရှာလေ့ရှိသော။ သမဏော ဝါ၊ ရဟန်းသည်၎င်း။ ဗြာဟ္မဏောဝါ၊ ပုဏ္ဏားသည်၎င်း။
“အဿ၊ ထိုရဟန်း၏ အပေါ်သို့။ ဝါဒံ၊ အပြစ်ကို။ အာရောပေဿာမီတိ၊ တင်အံ့”ဟူ၍ (နှလုံးသွင်း၍)။ စေပိ အာဂစ္ဆေယျ၊ အကယ်၍ လာငြားအံ့။ တံ၊ ထိုရဟန်းကို။ ဝတ၊ စင်စစ်။ သဟဓမ္မေန၊ အကြောင်းနှင့်တကွ။ သင်္ကမ္ပေဿတိဝါ၊ ထက်ကာ တက်ကာ လှုပ်မူလည်း လှုပ်စေနိုင်လတ္တံ့။ သမ္ပကမ္ပေဿတိ ဝါ၊ တက်ချီ သက်ချီ လှုပ်မှုလည်း လှုပ်စေနိုင်လတ္တံ့။ သမ္ပစာလေဿတိ ဝါတိ၊ တူရူလှုပ်စေမှုလည်း လုပ်စေနိုင်လတ္တံ့ ဟူသော။ ဧတံ ဌာနံ၊ ဤအကြောင်းသည်။ န ဝိဇ္ဇတိ၊ မရှိ။
(ပစ္ဆိမာယ ဒိသာယ စသော ၃-ဌာန၌လည်း ဤနည်းပေးလေ။)
ဘိက္ခဝေ၊ တို့။ သေယျထာပိ၊ ကား။ သောဠသကုက္ကုကော၊ ၁၆-တောင်ရှိသော။ သိလာယူပေါ၊ ကျောက်တိုင်သည်။ (အဿ၊ ရှိရာ၏။)
တဿ၊ ထိုကျောက်တိုင်၏။ အဋ္ဌ ကုက္ကူ၊ ရှစ်တောင်တို့သည်။ ဟေဋ္ဌာ နေမင်္ဂမာ၊ တွင်းအောက်သို့ ဝင်ကုန်သည်။ အဋ္ဌ ကုက္ကူ၊ ရှစ်တောင် တို့သည်။ ဥပရိနေမဿ၊ တွင်း၏အထက်၌။ (ဌိတာ၊ တည်ကုန်သည်။) အဿု၊ ဖြစ်ကုန်၏။
ပုရတ္ထိမာယ ဒိသာယ၊ မှ။ ဘုသာ၊ သော။ ဝါတဝုဋ္ဌိ၊ သည်။ စေပိ အာဂစ္ဆေယျ၊ အံ့။ နေဝ သင်္ကမ္ပေယျ၊ တက်ကာ တက်က မလှုပ်ရာ။ န သမ္ပစာလေယျ၊ တူရူ မလှုပ်ရာ။ (ကြွင်းသော အရပ်မျက်နှာများ၌လည်း ဤနည်းပေး)
တံ၊ သည်။ ကိဿ ဟေတု၊ ကြောင့်နည်း။
ဘိက္ခဝေ၊ တို့။ နေမဿ၊ တွင်း၏။ ဂမ္ဘီရတ္တာ၊ နက်သည်၏ အဖြစ်ကြောင့်။ သိလာယူပဿ၊ ကျောက်တိုင်၏။ သုနိခါတတ္တာ၊ ကောင်းစွာ တူးစိုက်အပ်သည်၏ အဖြစ်ကြောင့်တည်း။
(ဧ၀မေ၀ ခေါ စသည် ပေးမြဲ။)
ဒသမံ၊ ဆယ်ခုမြောက်သောသုတ်တည်း။
စတုတ္ထော၊ ၄-ဝဂ်မြောက်ဖြစ်သော။ သီသပါဝနဝဂ္ဂေါ၊ သီသပါဝနဝဂ်တည်း။
တဿ၊ ထိုသီသပါဝနဝဂ်၏။ ဥဒ္ဒါနံ၊ ကား-
သီသပါ၊ သီသပါဝနသုတ်၎င်း။ ခဒိရော၊ ခဒိရပတ္တသုတ်၎င်း။ ဒဏ္ဍော၊ ဒဏ္ဍသုတ်၎င်း။ စေလာ၊ စေလသုတ်၎င်း။ သတ္တိသတေန စ၊ သတ္တိသတသုတ်၎င်း။
ပါဏာ၊ ပါဏသုတ်၎င်း။ ဒွေဓာ သူရိယူပမာ၊ ပဌမသူရိယသုတ်, ဒုတိယသူရိယသုတ် ၂-သုတ်တို့၎င်း။ ဣန္ဒခီလော စ၊ ဣန္ဒခီလသုတ်၎င်း။ ဝါဒိနော၊ ဝါဒတ္ထိကသုတ်၎င်းတည်း။ ဣတိ၊ ဤ သည်တည်း။