Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Mahāvaggo
(SN)Mahāvaggo

1. Paṭhamaabhisandasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

(စတ္တာရောမေ မှစ၍ ဣမေ ခေါ။ ပ။ သုခဿာဟာရာအထိ စာပိုဒ် ၁၀၂၇-ပဌမ ပုညာဘိသန္ဒသုတ်အတိုင်း ပေး။)
ဘိက္ခဝေ၊ တို့။ စတူဟိ၊ ၄-ပါးကုန်သော။ ဣမေဟိ ခေါ ပုညာဘိသန္ဒေဟိ၊ ဤကောင်းမှုတည်းဟူသော စီးနေသည့် မြစ်တို့နှင့်။ ဣမေဟိ ခေါ ကုသလာဘိသန္ဒေဟိ၊ ဤကုသိုလ်တည်းဟူသော စီးနေသည့် မြစ်တို့နှင့်။ သမန္နာဂတဿ၊ ပြည့်စုံသော။ အရိယသာဝကဿ၊ ၏။ ပုညဿ၊ ကောင်းမှု၏။ ပမာဏံ၊ အတိုင်း အရှည် အရေအတွက်ကို။
“ဧတ္တကော၊ ဤမျှ အတိုင်းအရှည်ရှိသော။ သုခဿ၊ ချမ်းသာခြင်း၏။ အာဟာရော၊ အကြောင်းဖြစ်သော။ ပုညာဘိသန္ဒော၊ ကောင်းမှု တည်းဟူသော စီးနေသည့် မြစ်တည်း။ ကုသလာဘိသန္ဒောတိ၊ ကုသိုလ်တည်း ဟူသော စီးနေသည့်မြစ်တည်း”ဟူ၍။ ဂဏေတုံ၊ ရေတွက်ခြင်းငှါ။ န သုကရံ၊ မလွယ်။
အထ ခေါ၊ စင်စစ်သော်ကား။ အသင်္ချေယျော၊ မရေတွက်နိုင်သော။ အပ္ပမေယျော၊ မတိုင်းတာနိုင်သော။ ဝါ၊ အတိုင်းအရှည်မရှိသော။ မဟာပုညက္ခန္ဓော တွေဝ၊ ကြီးစွာသော ကောင်းမှု အစုအပုံဟူ၍ သာလျှင်။ သင်္ချံ၊ ခေါ်အပ်သည်၏ အဖြစ်သို့။ ဂစ္ဆတိ၊ ရောက်၏။
ဘိက္ခဝေ၊ တို့။ သေယျထာပိ၊ ဥပမာသော်ကား။ မဟာသမုဒ္ဓေ၊ မဟာသမုဒြာ၌။ ဥဒကဿ၊ ရေ၏။ ပမာဏံ၊ အတိုင်းအရှည်ကို။
“ဧတ္တကာနိ၊ ဤမျှ အတိုင်းအရှည် ရှိကုန်သော။ ဥဒကာဠှကာနီတိ ဝါ၊ တပြည်သော ရေတို့''ဟူ၍ သော်၎င်း။ “ဧတ္တကာနိ၊ ကုန်သော။ ဥဒကာဠှကသတာနီတိ ဝါ၊ ပြည်တရာသော ရေတို့” ဟူ၍ သော်၎င်း။ “ဧတ္တကာနိ၊ ကုန်သော။ ဥဒကာဠှကသဟဿာ နီတိ ဝါ၊ ပြည်တထောင်သော ရေတို့” ဟူ၍ သော်၎င်း။ “ဧတ္တကာနိ၊ ကုန်သော။ ဥဒကာဠှကသတသဟဿာနီတိ ဝါ၊ ပြည်တသိန်းသော ရေတို့” ဟူ၍ သော်၎င်း။ ဣတိ၊ ဤသို့။ ဂဏေတုံ၊ ရေတွက်ခြင်းငှါ။ န သုကရံ၊ မလွယ်။
အထ ခေါ၊ စင်စစ်သော်ကား။ အသင်္ချေယျော၊ မေရ တွက်နိုင်သော။ အသင်္ချေယျောတိ အာဠှကဂဏနာယ အသင်္ချေယျော၊ ယောဇနဝသေန ပနဿ သင်္ချာ အတ္ထိ ။ဋ္ဌ။ သင်္ချာ အတ္ထိ ဟေဋ္ဌာ မဟာပထဝိယာ, ဥပရိ အာကာသေန, ပရိတော စက္ကဝါဠပဗ္ဗတေန, မဇ္ဈေ တတ္ထ တတ္ထ ဌိတေဟိ ဒီပပဗ္ဗတပရိယန္တေဟိ ပရိစ္ဆိန္နတ္တာ။ဇာနန္တေန ယောဇနတော သင်္ခါတုံ သက္ကာတိ အဓိပ္ပါယော။ဋီ ။ မဟာသမုဒြာ၌ အတိမ်ဆုံး အကျဉ်းဆုံးနေရာမှာ တယူဇနာမျှနက်၍ တယူဇနာမျှ ကျယ်သည်။ဒီ-ဋ္ဌ ၂-၁၃၂။ မြင်းမိုရ်တောင်သည် မဟာသမုဒြာ၌ ယူဇနာပေါင်း ရှစ်သောင်း လေးထောင် မြုပ်နေသည်ဟု (အဘိ-ဋ္ဌ ၁-၃၃၆။) ဆိုသဖြင့် အနက်အားဖြင့် မဟာသမုဒြာသည် ယူဇနာပေါင်း ရှစ်သောင်း လေးထောင်နက်သည်ဟု ဆိုသင့်၏။ အပ္ပမေယျော၊ မတိုင်းတာနိုင်သော။ ဝါ၊ အတိုင်းအရှည်မရှိသော။ မဟာဥဒကက္ခန္ဓောတွေဝ၊ ကြီးစွာသော ရေအစုဟူ၍သာလျှင်။ သင်္ချံ၊ သို့။ ဂစ္ဆတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဧဝမေဝ ခေါ၊ ဤအတူသာလျှင်။ ပ။ ဂစ္ဆတိ၊ ၏။ ဣတိ၊ ဤသို့မိန့်တော်မူ၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဣဒံ၊ ဤစကားကို။ အဝေါစ၊ မိန့်တော်မူပြီ။
သုဂတော၊ မြတ်စွာဘုရားသည်။ ဣဒံ၊ ကို။ ဝတွာန၊ မိန့်တော်မူပြီး၍။ သတ္ထာ၊ မြတ်စွာဘုရားသည်။ အထာပရံ၊ ထိုမှတပါးသော-
အပရိမိတံ၊ မတိုင်းတာနိုင်သော။ ဝါ၊ အတိုင်းအရှည်မရှိသော။ မဟာသရံ၊ အိုင်ကြီးဟု ခေါ်အပ်သော။
ဗဟုဘေရဝံ၊ သက်ရှိ သက်မဲ့ များသာကြောက်ဘွယ်ရှိသော။ (ငါးမကာရ်း စသော သက်ရှိ အန္တရာယ်, ဗလဝါမုခဝဲ စသော သက်မဲ့ အန္တရာယ် ပေါသော ဟူလို။) ရတနဂဏာနံ၊ ရတနာအပေါင်းတို့၏။ အာလယံ၊ တည်ရာဌာနဖြစ်သော။
နဇ္ဇော၊ မြစ်တို့သည်။ နရဂဏသံဃသေဝိတာ၊ လူအပေါင်းတို့သည် မှီဝဲ သုံးဆောင်အပ်ကုန်သော။
မဟောဒဓိံ၊ များသော ရေအစုကို ဆောင်ထားသော။ သာဂရံ၊ မဟာသမုဒြာသို့။ ပုထူ၊ များစွာကုန်သော။ သဝန္တီ၊ စီးကုန်လျက်။ ဥပယန္တိ ယထာ၊ ကပ်ရောက်ရကုန်သကဲ့သို့။ ဝါရိဝဟာ၊ ရေကို ဆောင်ထားကုန်သော။ (ဣဓ၊ အနက်မဲ့။)
ဧဝံ၊ ဤအတူ။ အန္နပါနဝတ္ထဒဒံ၊ ထမင်း အဖျော် အဝတ်တို့ကို ပေးတတ်သော။
သေယျာနိ၊ အိပ်ရာအခင်းတို့ကို၎င်း။ ပစ္စတ္ထရဏဿ၊ ထိုင်ရာ အခင်းကို၎င်း။ ဒါယကံ၊ ပေးတတ်သော။ (ဏွု ပစ္စည်း၏ကံကို ဒုတိယာ, ဆဋ္ဌီ ၂-မျိုး သုံးထားသည်။)
ပဏ္ဍိတံ၊ ပညာရှိသော။ နရံ၊ အလှူရှင်ပုဂ္ဂိုလ်သို့။ ပုညဿ ဓာရာ၊ ကောင်းမှု အယဉ်တို့သည်။ ဥပယန္တီတိ၊ ကပ်ရောက်ကုန်၏” ဟူသော။ ဧတံ၊ ကို။ အဝေါစ၊ ပြီ။
နဇ္ဇော၊ မြစ်တို့သည်။ သာဂရံ၊ မဟာသမုဒြာသို့။ ဥပယန္တိ ယထာ၊ ကပ်ရောက်ရကုန်သကဲ့သို့။ (ဤကဲ့သို့ ပါဠိ တော် ဂါထာတို့ဝယ် ဥပမာ ဥပမေယျပြုရာ၌ အချို နေရာမှာ ဥပမာကို ၂ ခါထပ်ရိုးထုံးစံ ရှိသည်။)
ပဌမံ၊ ရှေးဦးစွာသောသုတ်တည်း။