ဘိက္ခဝေ၊ တို့။
ဣန္ဒြိယာနိ၊ တို့သည်။
ဣမာနိ ပဉ္စ၊ ဤ ၅-မျိုးတို့တည်း။
ကတမာနိ ပဉ္စ၊ အဘယ် ၅-မျိုးတို့နည်း။
သုခိန္ဒြိယံ၊ သုခိန္ဒြေ၎င်း။
သုခဉ္စ တံ ဣန္ဒြိယဉ္စာတိ သုခိန္ဒြိယံဟုပြု၊ သုခဝေဒနာသည် မိမိနှင့်အတူ ဖြစ်ဖက်တရားတို့ကို မိမိအလိုသို့ လိုက်စေကာ အစိုးရသည်ဟူလို၊ စက္ခုပသာဒသည် မြင်ခြင်း၌အစိုးရသောကြောင့် စက္ခုန္ဒြိယမည်သကဲ့သို့ သုခဝေဒနာလည်း ချမ်းသာခြင်း၌ အစိုးရသောကြောင့် သုခိန္ဒြိယမည်သည်ဟု ဋီ-၌ မိန့်ဆို၏။ ကြွင်းဣန္ဒြေတို့၌လည်း ဤနည်း။
ဒုက္ခိန္ဒြိယံ၊ ၎င်း။
သောမနဿိန္ဒြိယံ၊ ၎င်း။
ဒေါမနဿိန္ဒြိယံ၊ ၎င်း။
ဥပေက္ခိန္ဒြိယံ၊ ၎င်းတည်း။
ဘိက္ခဝေ၊ တို့။
ဣန္ဒြိယာနိ၊ တို့သည်။
ဣဓာနိ ခေါ ပဉ္စ၊ ဤ ၅-မျိုးတို့တည်း။
ဣတိ၊ ၏။ပဌမံ၊ ရှေးဦးစွာသောသုတ်တည်း။