ဘိက္ခဝေ၊ တို့။
သေယျထာပိ၊ ဥပမာသော်ကား။
ဥပရိပဗ္ဗတေ၊ တောင်ထိပ်၌။
ထုလ္လဖုသိတကေ၊ ကြီးသောမိုးပေါက်ရှိသော။
ဒေဝေ၊ မိုးသည်။
ဝဿန္တေ၊ ရွာသည်ရှိသော်။
တံ ဥဒကံ၊ ထိုမိုးရေသည်။
ယသာ နိန္နံ၊ နိမ့်ရာ ချိုင်ရှိရာအရပ်၌။
ပဝတ္တမာနံ၊ စီးသည်ရှိသော်။
ပဗ္ဗတကန္ဒရပဒရသာခါ၊ တောင်ချောက်ကြား, ချောက်ကြီး, သစ်ခက်တို့ကို။
ပရိပူရေတိ၊ ပြည့်စေ၏။
ပဗ္ဗတကန္ဒရပဒရသာခါ၊ တောင်ချောက်ကြား, ချောက်ကြီး, သစ်ခက်တို့သည်။
ပရိပူရာ၊ ပြည့်ကုန်သည်ရှိသော်။
ကုသောဗ္ဘေ၊ ထုံးအိုင်ငယ်တို့ကို။
ပရိပူရေန္တိ၊ ပြည့်စေကုန်၏။
ကုသောဗ္ဘာ၊ တို့သည်။
ပရိပူရာ၊ သော်။
မဟာသောဗ္ဘေ၊ ထုံးအိုင်ကြီးတို့ကို။
ပရိပူရေန္တိ၊ ကုန်၏။
ကုသောဗ္ဘာ၊ တို့သည်။
ပရိပူရာ၊ သော်။
ကုန္နဒိယော၊ မြစ်ငယ်တို့ကို။
ပရိပူရေန္တိ၊ ကုန်၏။
ကုန္နဒိယော၊ တို့သည်။
ပရိပူရာ၊ သော်။
မဟာနဒိယော၊ မြစ်ကြီးတို့ကို။
ပရိပူရေန္တိ၊ ကုန်၏။
မဟာနဒိယော၊ တို့သည်။
ပရိပူရာ၊ သော်။
မဟာသမုဒ္ဒံ၊ မဟာသမုဒြာကို။
ပရိပူရေန္တိ၊ ပြည့်စေကုန်၏။
ဘိက္ခဝေ၊ တို့။
ဧဝမေဝ ခေါ၊ ဤအတူသာလျှင်။
အရိယသာဝကဿ၊ အရိယာ ဖြစ်သော တပည့်၏။
ဗုဒ္ဓေ၊ ဘုရား၌။
ယော စ အဝေစ္စပ္ပသာဒေါ၊ အကြင်သက်ဝင်၍ ကြည်ညို ခြင်းသည်၎င်း။
ဓမ္မေ၊ တရား၌။
ယော စ အဝေစ္စပ္ပသာဒေါ၊ သည်၎င်း။
သံဃေ၊ သံဃာ၌။
ယော စ အဝေစ္စပ္ပသာဒေါ၊ သည်၎င်း။
အရိယကန္တာနိ၊ အရိယာပုဂ္ဂိုလ်တို့သည် နှစ်သက်အပ်ကုန် သော။
ယာနိ စ သီလာနိ၊ အကြင် မဂ်ဖိုလ်နှင့်ယှဉ်သည့် သီလတို့သည်၎င်း။
(အတ္ထိ၊ ရှိကုန်၏။)
ဣမေ ဓမ္မာ၊ ဤ ၄-ပါးကုန်သော တရားတို့သည်။
သန္ဒမာနာ၊ စီးကုန်သည်ရှိသော်။
ပါရံ၊ နိဗ္ဗာန်တည်းဟူသော တဖက်ကမ်းသို့။
ဂန္တွာ၊ ရောက်လျက်။
အာသဝါနံ ခယာယ၊ အာသဝတို့၏ ကုန်ခြင်းငှါ။
သံဝတ္တန္တိ၊ ဖြစ်ကုန်၏။
နိဗ္ဗာန်သို့ရောက်ဆဲသာလျှင်ဖြစ်၍ အာသဝတို့၏ ကုန်ခြင်းအကျိုးငှါ ဖြစ်ကုန်၏၊ အာသဝက္ခယ ဉာဏ် အလို့ငှါ ဖြစ်ကုန်၏ ဟူလို။နိဗ္ဗာန်သို့ ရှေးဦးစွာ ရောက်၍ နောက်မှ အာသဝတရားတို့ ကုန်ခြင်းငှါ ဖြစ်ကုန်သည် မဟုတ်။နိဗ္ဗာန်သို့ မျက်မှောက်ပြုခြင်းကိစ္စ အာသဝတို့ကို ပယ်ခြင်းကိစ္စ ပြိုင်တူဖြစ်ကြ၏။ဋ္ဌ, ဋီရှု။ အထ ဝါ ပါတိ ရက္ခတီတိ ပါရံ၊ နိဗ္ဗာနံ။ယော ပဋိဝိဇ္ဈတိ၊ တံ ဝဋ္ဋဒုက္ခတော ပါတိ ရက္ခတိ၊ အစ္စန္တဟိတေန စ ဝိမုတ္တိသုခေန စ ရမေတိ၊ တသ္မာ ပါရန္တိ ဝုစ္စတိ-ဟု ဋီ၌ ပါရသဒ္ဒါကို စောင့်ရှောက်တတ်သော နိဗ္ဗာန်ဟော တမျိုးကြံ၏။ထိုအလို ပါရံ၊ ဝဋ်ဆင်းရဲမှ စောင့်ရှောက်တတ်သော နိဗ္ဗာန်သို့-ဟု သမ္ဗန်။
ဣတိ၊ ဤသို့ မိန့်တော်မူ၏။အဋ္ဌမံ၊ ရှစ်ခုမြောက်သောသုတ်တည်း။