Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

11. Parosatavaggo

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

သမာဂတာနံ၊ စုဝေးရောက်လာသူတို့တွင်။ အပညာ၊ ပညာမရှိကုန်သော။ တေ ပရောသတမ္ပိ၊ ထိုတစ်ရာကျော်သော သူတို့သည်လည်း။ ဝဿသတံ၊ အနှစ်တစ်ရာပတ်လုံး။ စေ ဈာယေယျုံ၊ အကယ်၍ ကြည့်ရှုစုံစမ်းကြစေကာ မူ။ (န ပဿန္တိ၊ ကြောင်းကျိုးမှန်ကို မသိမြင်နိုင်ကုန်)။ ယော ဘာသိတဿ၊ အကြင်သူသည် ငါပြောစကား၏။ အတ္ထံ ဝိဇာနာတိ၊ အနက်အဓိပ္ပါယ်ကို ထူးခြားစွာသိ၏။ ဧကော သပ္ပညော၊ တစ်ယောက်ထည်းသော ပညာရှိသော (သော) ။ ပုရိသောဝ သေယျော၊ ထိုယောက်ျားသည်သာ အထူးချီးမွမ်း အပ်မြတ်၏။
ဣဒံ ဇာတကံ၊ ပရောသတဉ္စေပီ ။ပ။ အတ္ထ ဟူသော ဤဇာတ်သည်။ ဝတ္ထု တော စ ဝေယျာကရဏတော စ၊ ဝတ္ထုကြောင်းအားဖြင့်လည်းကောင်း ကိဉ္စိဟူသော သဒ္ဒါအားဖြင့်လည်းကောင်း။ သမောဓာနတော စ၊ ဇာတ်ပေါင်း ခန်းအားဖြင့်လည်းကောင်း။ ပရောသဟဿဇာတကသဒိသမေဝ၊ ပရော သဟဿဇာတ်နှင့် တူသည်သာတည်း။
ဟိ ကေဝလံ ဧတ္ထ၊ မှန်၏ ကျန်ပုဒ်များနှင့် မရောမယှက်သက်သက် ဤပရောသတဇာတ်၌။ ဈာယေယျုန္တိ ပဒမတ္တမော ဝိသေသော၊ ဈာယေယံဟူသော ပုဒ်မျှသည်သာ ထူးခြား၏။
တဿ အတ္ထော၊ ထိုဂါထာပုဒ်၏ အနက်ကား။ ဝဿသတမ္ပိ အပညာ၊ အနှစ် တစ်ရာပတ်လုံးလည်း ပညာမရှိသူတို့သည်။ ဈာယေယျုံ ဩလောကေယျံ၊ ရှေးရ ကြည့်ကြစေကာမူ။ ဥပဓာရေယျံ၊ စူးစမ်းကြစေကာမူ။ ဧဝံ ပန ဩလောကေန္တာပိ၊ ဤသို့ ကြည့်ရှုစူးစမ်းကြကုန်သော်လည်း။ အတ္ထံ ဝါ၊ အနက်မှန်အကျိုးမှန် လည်းကောင်း။ ကာရဏံ ဝါ န ပဿန္တိ၊ အကြောင်းမှန်ကိုလည်းကောင်း မသိမြင် နိုင်ကုန်။ တသ္မာ ယော ဘာသိတဿ၊ ထို့ကြောင့် အကြင်သူသည် ငါပြောစကား ၏။ အတ္ထံ ဇာနာတိ၊ အနက်အဓိပ္ပါယ်ကို သိ၏။ သပ္ပညော သော ဧကောဝ၊ ပညာရှိသော ထိုသူတစ်ယောက်သည်သာ။ သေယျော ဣတိ၊ အထူးချီးမွမ်း အပ်မြတ်၏ ဤသည်ပင်တည်း။
ပရောသတဇာတကဝဏ္ဏနာ၊ ရှေးဦးစွာသော ပရောသကဇာတ်အဖွင့်တည်း။
**ယော ဒုက္ခဖုဋ္ဌာယ ဘဝေယျ တာဏန္တိ** ဣဒံ၊ ယော ဒုက္ခဖုဋ္ဌာယ ဘဝေယျ တာဏံစသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဧကံ ပဏ္ဏိကံ ဥပါသကံ၊ တစ်ယောက်သော ဟင်းရွက်သည်ဖြစ်သော ဥပါသကာကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
သာဝတ္ထိဝါသီ၊ သာဝတ္ထိမြို့၌ နေသော။ သော ဥပါသကော၊ ထိုဥပါသကာသည်။ နာနာပွကာရာနိ မူလပဏ္ဏာဒီနိ စေဝ၊ အထူးထူး အပြားပြားကုန်သော အမြစ်အရွက်စသည်တို့ကိုလည်းကောင်း။ လာဗုမ္ဘဏ္ဍာဒီနိ ဝိတ္တိဏိတွာ၊ ဗူးဖရုံစသည်တို့ကိုလည်းကောင်း ရောင်းချ၍။ ဇီဝိကံ ကပ္ပတိ ကိရ၊ အသက်မွေးမှုကို ပြုသတဲ့။
တဿ ဧကာ ဓီတာ၊ ထိုဥပါသကာ၏ တစ်ယောက်သော သမီးသည်။ အဘိရူပါ ပါသာဒိကာ၊ အလွန်လှသော အဆင်း ရှိ၏ မြင်သူတို့စိတ်ကို ကြည်စေတတ်၏။ အာစာရသီလသမ္ပန္နာ၊ အကျင့်သီလနှင့် ပြည့်စုံ၏။ ဟိရောတ္တပ္ပသမန္နာဂတာ၊ အရှက်အကြောက်နှင့် ပြည့်စုံ၏။ ကေဝလံ နိစ္စပ္ပဟသိတမုခါ၊ အကျင့်စသည်နှင့် မရောမယှက်သက်သက် အမြဲပြုံးရွှင်သော မျက်နှာရှိ၏။
တဿာ သမာနကုလေသု၊ ထိုသမီးအတွက် တူသော မျိုးရိုးရှိသူ တို့သည်။ ဝါရေယျတ္ထာယ အာဂတေသု၊ တောင်းရမ်းထိမ်းမြားခြင်းငှါ လာကြ သော်။ သော၊ ထိုဥပါသကာသည်။ “ဣမိဿာ ဝါရေယျံ ဝတ္တတိ၊ ဤသမီးအား ထိမ်းမြားခြင်းသည် ဖြစ်သင့်၏။ အယဉ္စ နိစ္စပ္ပာသိတမုခါ၊ ဤသမီးသည်လည်း အမြဲပြုံးရွှင်သော မျက်နှာရှိ၏။
ကုမာရိကာဓမ္မေ အသတိ ပန၊ သူငယ်မတို့ ကိုယ်ကျင့်တရားသည် မရှိခဲ့သော်ကား။ ကုမာရိကာယ ပရကုလံ ဂတာယ၊ သတို့ သမီးသည် လင့်အိမ်သို့ လိုက်ပါသွားသော်။ မာတာပိတူနံ၊ မိဘတို့အား။ ဂရဟာ ဟောတိ၊ ကဲ့ရဲ့ဖွယ်သည် ဖြစ်တတ်၏။ ဣမိဿာ ကုမာရိကာဓမ္မော၊ ဤသမီး၌ သူငယ်မတို့ကိုယ်ကျင့်တရားသည်။ အတ္ထိ နုခေါ် နတ္ထီတိ၊ ရှိလေသလော မရှိလေ သလောဟု။ နံ ဝီမံသိဿာမိ ဣတိ၊ ထိုသမီးကို စုံစမ်းအံ့ဟု။ စိန္တေသိ၊ တွေးမိပြီ။
သော ဧကဒိဝသံ ဓီတရံ၊ ထိုဥပါသကာသည် တစ်နေ့၌ သမီးကို။ ပစ္ဆိ ဂါဟာပေ တွာ၊ တောင်းကို ယူစေ၍။ ပဏ္ဏတ္ထာယ အရည် ဂန္တွာ၊ ဟင်းရွက်ခူးခြင်းငှါ တောထဲ သို့ သွား၍။ ဝီမံသနဝသေန၊ စုံစမ်းသည့်အစွမ်းဖြင့်။ ကိလေသသန္နိဿိတော ဝိယ ဟုတွာ၊ ကိလေသာမှီသူသည်ကဲ့သို့ ဖြစ်၍။ ရဟဿကထံ ကထေတွာ၊ ကွယ်ရာပြောသင့်သည့်စကားကို ပြောကြား၍ ။ တံ ဟတ္ထ ဂဏှိ၊ ကို ထိုသမီးကို လက်၌ ကိုင်ပြီ။
သာ ဂဟိတမတ္တာဝ၊ ထိုသမီးသည် ကိုင်အပ်ကာမျှ ဖြစ်သော်သာ။ ရောဒန္တီ ကန္တီ၊ ငိုကြွေးလျက် မြည်တမ်းလျက်။ “တာတ ဧတံ အယုတ္တံ၊ အို. . ဖခင် ဤအမှ သည် မလျော်ပါ။ ဥဒကတော အဂ္ဂိပါတုဘာဝသဒိသံ၊ ရေထဲမှ မီးထင်ရှား ဖြစ်ပေါ် လာခြင်းနှင့် တူပါ၏။ ဧဝရူပံ မာ ကရောထာတိ အာဟ၊ ဤသို့သဘောရှိသော အမှုကို မပြုပါကုန်လင့်”ဟု ပြောပြီ။
အမ္မ မယာ၊ အို. . ချစ်သမီး ငါဖခင်သည်။ ဝီမံသနတ္ထာယ တွံ၊ စုံစမ်းခြင်းအကျိုးငှါ သင်ချစ်သမီးကို။ ဟတ္ထ ဂဟိတာ၊ လက်၌ ကိုင်အပ်ပြီ။ ကိလေသဝသေန စ န၊ ကိလေသာ၏ အစွမ်းအားဖြင့်ကား မဟုတ်ပါ။
ဝဒေဟိ၊ ပြောစမ်းလော့။ ဒါနိ တေ၊ ယခုအခါ သင့်အား။ ကုမာရိကာဓမ္မော၊ သူငယ်မ တို့သဘောသည်။ အတ္ထိ ဣတိ၊ ရှိပါ၏လောဟုမေးပြီ။
အာမတာတ အတ္ထိ၊ မှန်ပါ၏ ဖခင် ရှိပါ၏။
ဟိ မယာ၊ မှန်၏ ကျွန်မသည်။ လောဘဝသေန၊ လိုချင်လောဘ၏ အစွမ်းဖြင့်။ ကောစိ ပုရိသော၊ တစုံတစ်ယောက်သော ယောက်ျားကိုမျှ။ န ဩလောကိတပုဗ္ဗောတိ၊ မကြည့်ဘူးပါဟု ပြောပြီ။
သော ဂီတရံ အဿာသေတွာ၊ ထိုဟင်းရွက်သည်သည် သမီးကို သက်သာရာရစေ၍။ ဃရံ နေတွာ၊ အိမ်သို့ ဆောင်ယူ၍။ မင်္ဂလံ ကတွာ၊ မင်္ဂလာဆောင်မှုကို ပြု၍။ ပရကုလံ ပေသေတွာ၊ လင်သားအိမ်သို့ ပို့လွှတ်လိုက်၍။ သတ္ထာရံ ဝန္ဒိဿာမီတိ၊ ဘုရားရှင်ကို ရှိခိုးအံ့ဟု။ ဂန္ဓမာလာဒိဟတ္ထာ၊ နံ့သာပန်းစသည်တို့လက်၌ရှိလျက်။ ဇေတဝနံ ဂန္တွာ၊ ဇေတဝန် ကျောင်းတော်သို့ သွား၍။ သတ္တာရံ တွာ ပူဇေတွာ၊ ဘုရားရှင်ကို ရှိခိုး၍ ပူဇော်၍။ ဧကမန္တံ နိသီဒိ၊ သင့်လျော်ရာ၌ ထိုင်နေပြီ။ စိရဿံ အာဂတော၊ ကြာမြင့်သော အခါမှ လာသည်။ အသီတိ စ ဝုတ္တေ၊ ဖြစ်၏ဟုလည်း မိန့်တော်မူအပ်သော်။ တမရွေ ဘဂဝတော အာရောစေသိ၊ သမီးနှင့်စပ်သည့် ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ “ဥပါသက ကုမာရိကာ၊ အို . ဥပါသကာ သင့်သမီးသူငယ်မသည်။ စိရံ ပဋ္ဌာယ၊ ရှည်မြင့်စွာသော ကာလမှ စ၍။ အာစာရ သီလသမ္ဗန္နာဝ၊ အကျင့်သီလပြည့်စုံသည်သာတည်း။ ပန တွံ၊ သို့သော်လည်း သင်ဥပါသကာသည်။ ဣဒါနေဝ ဧဝံ န ဝီမံသသိ၊ ယခုအခါ၌သာ ဤကဲ့သို့ စူးစမ်း သည် မဟုတ်သေး။ ပုဗ္ဗေပိ ဝီမံသိယေဝါတိ ပတွာ၊ ရှေးကလည်း စူးစမ်းဖူးသည် သာ”ဟု မိန့်တော်မူ၍။ တေန ယာစိတော၊ ထိုဥပါသကာသည် တောင်းပန်အပ် ရကား။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရား လောင်းသည်။ အရညေ ရုက္ခဒေဝတာ၊ တောထဲ၌ ရုက္ခစိုးနတ်သည်။ ဟုတွာ နိဗ္ဗတ္တိ၊ အဖြစ်ဖြင့် ဖြစ်ပြီ။
အထ ဧကော၊ ထိုအခါ တစ်ယောက်သော။ ဗာရာဏသိယံ ပဏ္ဏိကဥပါသကော၊ ဗာရာဏသီမြို့က ဟင်းရွက်ရောင်းသည့် ဥပါသကာသည်။ ဣတိ အတီတဝတ္ထု၊ ဤသို့စသော အတိတ်ဝတ္ထုကြောင်းသည်။ ပစ္စုပ္ပန္နသဒိသ မေဝ၊ ယခုပစ္စုပ္ပန်ဝတ္ထုကြောင်းနှင့် တူသည်သာတည်း။
ပန တေန သာ၊ ထူးခြားသည်ကား ထိုဖခင်သည် ထိုသမီးကို။ ဝါ၊ ထိုသမီးသည်။ ဝီမံသနတ္ထာယ၊ စူးစမ်းခြင်းအကျိုးငှာ။ ဟတ္ထ ဂဟိတမတ္တာ၊ လက်၌ ကိုင်အပ်ခါမျှဖြစ်သော်။ ပရိဒေဝမာနာ၊ ငိုကြွေးမြည်တမ်းလိုရကား။
ယော ဒုက္ခဖုဋ္ဌာယ၊ အကြင်ဖခင်သည် ဒုက္ခတွေ့သော ငါ့အတွက်။ တာဏံ ဘဝေယျ၊ အားကိုးရာသည် ဖြစ်သင့်၏။ မေ သော ပိတာ၊ ငါ၏ ထိုဖခင်သည်။ ဝနေ ဒုဗ္ဘိ ကရောတိ၊ တောထဲ၌ ပြစ်မှားမှုကို ပြုမည်ထင်၏။
သာ၊ ထိုငါသည်။ ဝနဿ မဇ္ဈေ၊ တောအုပ်၏ အလယ်၌။ ကဿ ကန္ဒာမိ၊ ဘယ်သူအား (အားကိုး၍) ငိုရပါအံ့နည်း။ ယော တာယိတာ၊ အကြင်ဖခင် သည် စောင့်ရှောက်သင့်၏။ သော သဟသံ ကရောတိ၊ ထိုဖခင်သည်ပင် အနိုင်ကျင့်မှုကို ပြုမည်ထင်၏။
တတ္ထ၊ ထိုဂါထာ၌။ **ယော ဒုက္ခဖုဋ္ဌာယ ဘဝေယျ တာဏန္တိ**၊ ယော ဒုက္ခ ဖုဋ္ဌာယ ဘဝေယျ တာဏံ ဟူသည်ကား။ ကာယိကစေတသိကေဟိ ဒုက္ခေဟိ၊ ကိုယ်စိတ်၌ဖြစ်ကုန်သော ဒုက္ခတို့ဖြင့်။ ဖုဋ္ဌာယ၊ တွေ့ထိသော ငါ့အတွက်။ တာယိတာ ပရိတာယိတာ၊ စောင့်ရှောက်တတ်သူသည် ထက်ဝန်းကျင်စောင့်ရှောက်တတ်သူသည်။ ပတိဋ္ဌာ ဘဝေယျ၊ တည်ရာသည် ဖြစ်သင့်၏။
**မေ ပိတာ ဒုဗ္ဘိ ၀နေ ကရောတီ** တိ၊ သော မေ ပိတာ ဒုဗ္ဘိ ဝနေ ကရောတိ ဟူသည်ကား။ မယှံ ဒုက္ခပရိတာယကော၊ ငါ၏ ဒုက္ခကာကွယ်စောင့် ရှောက်တတ် သော။ သော ပိတာဝ ဣမသ္မိံ ဝနေ၊ ထိုဖခင်သည်ပင် ဤတောထဲ၌။ ဧဝရု မိတ္တဒုဗ္ဘိကမ္မံ ကရောတိ၊ ဤသို့သဘောရှိသော မိတ်ဆွေပြစ်မှားမှုကို ပြုမည်ထင်၏။ အတ္တနော ဇာတာယ ဓိတရိ၊ မိမိမှ မွေးဖွားသော သမီး၌။ ဝီတိက္ကမံ ကာတုံ မညတိ၊ လွန်ကျူးမှုကို ပြုခြင်းငှာ အလိုရှိသည်ထင်၏။ ဣတိ အတ္တော၊ ဤကား ကရောတိ၏ အနက်တည်း။
**သာ ကဿ ကန္ဒာမီ** တိ၊ သာ ကဿ ကန္ဒာမိဟူသော ပါဌ်ဖြင့်။ ကဿ ရောဒါမိ၊ ဘယ်သူအား (အားကိုး၍) ငိုရပါအံ့နည်း။ ကော မေ၊ ဘယ်သူသည် ငါ၏။ ပတိဋ္ဌာ ဘဝိဿတိ၊ တည်ရာအားကိုးရာသည် ဖြစ်တော့ အံ့နည်း။ ဣတိ ဒီပေတိ၊ ဤအဓိပ္ပါယ်ကို ပြ၏။
**ယော တာယိတာ သော သဟသံ ကရောတီ** တိ၊ ယော တာယိတာ သော သဟသံ ကရောတိဟူသည်ကား။ ယော မယှံ၊ အကြင်ဖခင်သည် ငါ၏။ တာယိတာ ရက္ခိတာ၊ ကာကွယ်တတ်သူသည် စောင့်ရှောက်တတ်သူသည်။ အဝဿယော၊ မှီခိုရာသည်။ ဘဝိတုံ အရဟတိ၊ ဖြစ်ခြင်းငှာ ထိုက်၏။ သော ပိတာယေဝ၊ ထိုဖခင်သည်ပင်။ သာဟသိကက ကရောတိ၊ အနိုင်ကျင့်မှုကို ပြုမည်ထင်၏တည်း။ ဣတိ အတ္ထော၊ ဤကား စတုတ္ထပါဒအနက်တည်း။
အထ နံ၊ ထိုအခါ ထိုသမီးကို။ ပိတာ အဿာသေတွာ၊ ဖခင်သည် နှစ်သိမ့်၍ ။ “အမ္မ ရက္ခိတတ္တာ၊ အို. . ချစ်သမီး မိမိကိုယ်ကို စောင့်ရှောက်မှုရှိသည်။ အသီတိ ပုစ္ဆိ၊ ဖြစ်ပါ၏လော”ဟု မေးပြီ။
အာမ တာတ၊ မှန်ပါတယ် အို, အဖေ။ မေ အတ္တာ၊ ကျွန်မသည် ကိုယ့်ကိုယ်ကို။ ရက္ခိတော၊ စောင့်ရှောက်အပ်ပါ၏ဟု ဖြေပြီ။
သော တံ ဃရံ နေတွာ၊ ထိုဖခင်သည် ထိုသမီးကို အိမ်သို့ ဆောင်ယူ၍။ မာတ္ထာ မင်္ဂလံ ကတွာ၊ တန်ဆာဆင်၍ မင်္ဂလာဆောင်မှုကို ပြု၍။ ပရကုလံပေသေတိ၊ လင့်အိမ်သို့ ပို့လိုက်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။ သစ္စာနိ ပကာသေတွာ၊ သစ္စာလေးပါးတို့ကို ပြတော်မူပြီး၍။ ဇာတကံ သာဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။ သစ္စပရိယောသာနေ ဥပါသကော၊ သစ္စာလေးပါးပြပြီးအဆုံး၌ ဥပါသကာသည်။ သောတာပတ္တိဖလေပတဋ္ဌ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
တဒါ ပိတာ၊ ထိုရှေးအခါက ဖခင်သည်။ ဧတရဟိ ပိတာဝ၊ ယခုဘဝ၌ ဖခင်ပင်တည်း။ မီတာ စ၊ ထိုရှေးအခါကသမီးသည် လည်း။ ဧတရဟိ ဓီတာဝ၊ ယခုဘဝ သမီးပင်တည်း။ တံ ကာရဏံ ပစ္စက္ခတော၊ ထိုအကြောင်းအရာကို မျက်မြင်အားဖြင့်။ ဒိဋ္ဌရုက္ခဒေဝတာ ပန၊ တွေ့မြင်အပ်သော ရုက္ခစိုးနတ်သည်ကား။ အဟမေဝ အဟောသိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ။ ဣတိ၊ ဤကား ဇာတ်ပေါင်းခန်းအပြီးတည်း။
ပဏ္ဏိကဇာတကဝဏ္ဏနာ ဒုတိယာ၊ နှစ်ခုမြောက်ဖြစ်သောပဏ္ဏိကဇာတ်အဖွင့်တည်း။
**ယတ္ထ ဝေရီ နိဝိသတီ** တိ ဣဒံ၊ ယတ္ထ ဝေရီ နိဝိသတိအစရှိသော ဤတရား ဒေသနာတော်ကို။ သတ္ထာ ဇေတ၀နေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ်။ အနာထပိဏ္ဍိကံ အာရဗ္ဘ ကထေသိ၊ အနာပိဏ် သူဌေးကို အကြောင်းပြု၍ ဟောတော်မူပြီ။
အနာထပိဏ္ဍိကော ဘောဂဂါမံ၊ အနာထပိဏ်သူဌေးသည် အပိုင်စားရာရွာသို့။ ဂန္တွာ အာဂစ္ဆန္တော၊ သွားပြီး၍ ပြန်လာသော်။ အန္တရာမဂ္ဂေ စောရေ ဒိသွာ၊ လမ်းခရီးအကြား၌ ခိုးသားတို့ကို တွေ့ရ၍။ “အန္တရာမဂ္ဂေ ဝသိတုံ န ယုတ္တံ၊ လမ်းခရီး အကြား၌ နေခြင်းငှာ မသင့်။ သာဝတ္ထိမေဝ ဂမိဿာမီတိ၊ သာဝတ္ထိမြို့သို့သာ အရောက်သွားအံ့”ဟုတွေး၍။ ဝေဂေန ဂေါဏေ ပါဇေတွာ၊ အဟုန်ဖြင့် နွားတို့ကို မောင်းနှင်၍။ သာဝတ္ထိမေဝ အာဂန္တွာ၊ သာဝတ္ထိသို့သာ ပြန်လာပြီး၍။ ပုန ဒိဝသေ ဝိဟာရံ ဂတော၊ နောက်နေ့၌ ကျောင်းတော်သို့ ရောက်သွားသော်။ သတ္ထု ဧတမတ္ထံ အာရောစေသိ၊ ဘုရားရှင် အား ဤအကြောင်းအရာကို လျှောက်ထားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ “ဂဟပတိ ပုဗ္ဗေ ပဏ္ဍိတာပိ၊ အို. . သူကြွယ် ရှေးက ပညာရှိတို့သည်လည်း။ အန္တရာမဂ္ဂေ စောရေ ဒိသွာ၊ လမ်းခရီးအကြား၌ ခိုးသားတို့ကို တွေ့မြင်၍။ အန္တရာ အဝိလမွ မာနာ၊ လမ်းခရီးအကြားကို အချိန်မဆွဲငန့်ကြပဲ။ အတ္တနော ဝသနဌာနမေဝ၊ မိမိ၏ နေရာဌာနသို့သာ။ ဂမိသူတိ ဝတွာ၊ သွားကြဖူးပြီ”ဟု မိန့်တော်မူ၍။ တေန ယာစိတော၊ ထိုအနာထပိဏ်သူဌေးသည် တောင်းပန်အပ်ရကား။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒ ရဇ္ဇ့ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရား လောင်းသည်။ မဟာဝိဘဝေါ သေဋ္ဌိ ဟုတွာ၊ များစွာသော ပစ္စည်းရှိသော သူဌေး သည် ဖြစ်၍။ ဧကံ ဂါမကံ နိမန္တနံ၊ တစ်ခုသော ရွာငယ်သို့ ဖိတ်ထားအပ်သည်ကို။ ဘုနတ္ထာယ ဂန္တွာ ပစ္စာဂစ္ဆန္တော၊ စားခြင်းအကျိုးငှာ သွားပြီး၍ ပြန်လာသော်။ အန္တရာမဂ္ဂေ စောရေ ဒိသွာ၊ လမ်းခရီးအကြား၌ ခိုးသားတို့ကို တွေ့မြင်ရ၍။ အန္တရာမဂ္ဂ အဝသိတွာဝ၊ လမ်းခရီးအကြား၌ မနေမူ၍သာ။ ဝေဂေန ဂေါဏေ ပါဇေန္တော၊ အရှိန်အဟုန်ဖြင့် နွားတို့ကို မောင်းနှင်လျက်။ အတ္တနော ဂေဟမေဝ အာဂန္တွာ၊ မိမိ၏ အိမ်သို့သာ ပြန်လာ၍။ နာနဂ္ဂရသေဟိ ဘုဉ္ဇိတွာ၊ အမျိုးမျိုးမြတ် သော အရသာတို့ဖြင့် ထမင်းစားပြီး၍။ မဟာသယနေ နိသိန္နော၊ မြင့်မြတ်သော အိပ်ရာထက်၌ ထိုင်နေလျက်။ “စောရာနံ ဟတ္ထတော မုစ္စိတွာ၊ ခိုးသားတို့၏ လက်မှ လွတ်မြောက်၍။ နိဗ္ဘယဋ္ဌာနံ၊ ဘေးမရှိရာဖြစ်သော။ အတ္တနော ဂေဟံ၊ မိမိ၏ အိမ်သို။ အာဂတော အမှီတိ၊ ရောက်လာပြီးသည် ဖြစ်၏”ဟု။ ဥဒါနဝသေန၊ ဥဒါန်းကျူးသည့်အစွမ်းဖြင့်။
ယတ္ထ ဝေရီ နိဝိသတိ၊ အကြင်ဌာန၌ ရန်သူသည် တည်ရှိ၏။ တပို့ ပဏ္ဍိတော န ဝသေ၊ ရန်သူရှိရာ ထိုဌာန၌ ပညာရှိသည် (နဲနဲမျှ) မနေရာ။ ဧကရတ္တံ ဝိရတ္တံ ဝါ၊ တစ်ညဉ့်ပတ်လုံးသော်လည်းကောင်း နှစ်ညဉ့်ပတ်လုံး သော်လည်းကောင်း။ ဝေရီသု၊ ရန်သူတို့၌။ (ရန်သူရှိရာတို့၌)။ (ဝသန္တော၊ နေထိုင်ရသူသည်)။ ဒုက္ခ ဝသတိ၊ ဆင်းရဲစွာသာ နေရ၏။
တတ္ထ၊ ထိုဂါထာ၌။ **ဝေရီ** တိ၊ ဝေရီဟူသည်ကား။ ဝေရစေတနာ့သမင်္ဂိပုဂ္ဂလော၊ ရန်သူ့စေတနာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တည်း။
**နိဝိသတီ** တိ ပတိဌာတိ၊ နိဝိသတိ ဟူသည်ကား တည်ရှိ၏တည်း။
**န ပသေ တတ္ထ ပဏ္ဍိတော** တိ၊ န ဝသေ တဖွဲ ပဏ္ဍိတာဟူသည်ကား။ သော ဝေရီပုဂ္ဂလော၊ ထိုရန်သူပုဂ္ဂိုလ်သည်။ ယသ္မိံ ဌာနေ ပတိဋ္ဌိတော၊ အကြင်ဌာန၌ တည်ရှိသည်။ ဟုတွာ ဝသတိ၊ ဖြစ်၍ နေ၏။ တတ္ထ ပဏ္ဍိတော၊ ရန်သူရှိရာ ထိုဌာန၌ ပညာရှိသည်။ ပဏ္ဍိစ္စေန သမန္နာဂတော၊ ပညာ ရှိကြောင်းဉာဏ်နှင့် ပြည့်စုံသူသည်။ န ဝသေယျ၊ မနေရာ။
ကိံ ကာရဏာ၊ ဘာ့ကြောင့်နည်း။
**ဝေရီသု**၊ ရန်သူရှိရာဌာနတို့၌။ **ဧကရတ္တံ ဒိရတ္တံ ဝါ**၊ တစ်ညလုံး သော်လည်းကောင်း နှစ်ညလုံးသော်လည်းကောင်း။ ၀သန္တော၊ နေသူသည်။ ဒုက္ခ ဝသတိ၊ ဆင်းရဲ စွာသာ နေရ၏။ ဣတိ၊ ထို့ကြောင့်တည်း။ ဟိ ဝေရီနံ အန္တရေ၊ အကြင့်ကြောင့် ရန်သူတို့၏ အကြား၌။ ဝသန္တော၊ နေသူသည်။ ဧကာဟမ္ပိ ဒွိဟမ္ပိ၊ တစ်ရက်ပတ်လုံးသော်လည်းကောင်း နှစ်ရက်ပတ်လုံးသော်လည်းကောင်း။ ဒုက္ခ မေဝ ဝသတိ၊ ဆင်းရဲစွာသာ နေရ၏။ (ဣတိ၊ ထို့ကြောင့်တည်း)။ ဣတိ အတ္ထော၊ ဤကား စတုတ္ထပါဒအနက်တည်း။
ဧဝံ မဟာသတ္တော၊ ဤကဲ့သို့ ဘုရားလောင်းသည်။ ဥဒါနံ ဥဒါနေတွာ၊ ဥဒါန်းကို ကျူးရင့်၍။ ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနအစရှိကုန်သော ကောင်းမှုတို့ကို ပြု၍။ ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
“တဒါ အဟမေဝ၊ ထိုအခါက ငါဘုရားသည်ပင်။ ဗာရာဏသိ သေဋ္ဌိ အဟောသိန္တိ၊ ဗာရာဏသီသူဌေးသည် ဖြစ်ခဲ့ပြီ”ဟု။ ဇာတကံ သမောဓာ နေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဝေရိဇာတကဝဏ္ဏနာ တတိယာ၊ သုံးခုမြောက်ဖြစ်သောဝေရိဇာတ်အဖွင့်တည်း။
**စတုဗ္ဘိ အဋ္ဌ'ဇ္ဈဂမာ** တိ ဣဒံ၊ စတုဗ္ဘိ အဋ္ဌ ဇ္ဈဂမာအစရှိသော ဤတရားဒေသနာ တော်ကို ။ သတ္တာ ဇေတ၀နေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတ၀န်ကျောင်းတော်၌ နေတော်မူစဉ်။ ဧကံ ဒုဗ္ဗစဘိက္ခုံ၊ တစ်ပါးသော အပြောရခက်သော ရဟန်းကို။ အာရတ္တ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဝတ္ထု ဟေဌာ၊ ဝတ္ထုကြောင်းကို အောက်ခေါ် ရှေးက။ မိတ္တဝိန္ဒကဇာတကေ ဂုတ္တနယေန ဝိတ္ထာရေတဗ္ဗံ၊ မိတ္တပိန္ဒကဇာတ်၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် အကျယ်ချဲ့ရမည်။
ပန ဣဒံ ဇာတကံ၊ ထူးခြား သည်ကား ဤမိတ္တဝိန္ဒကဇာတ်သည်။ ကဿပဗုဒ္ဓကာလိကံ၊ ကဿပဘုရား လက်ထက်တော်၌ ဖြစ်၏။
ဟိ တသ္မိံ ကာလေ၊ အနည်းငယ်ချဲ့ပြောရသော်ထိုအခါက။ ဥရစက္ကံ ဥက္ခိပိတွာ၊ သင်ဓုန်းသွားစက်ကို ခေါင်းရွက်၍။ နိရ ပစ္စမာနော၊ ငရဲ၌ ကျက်နေခံစားနေရသော။ ဧကောနေရ ယိကသတ္ထော၊ တစ်ယောက်သော ငရဲသားသတ္တဝါသည်။ “ဘန္တေ ကိ ပါပကမ္မံ၊ အို. . အရှင် နတ်သား အဘယ်မကောင်းမှုကို။ အကာသိ နုခေါတိ၊ ကျွန်တော်မျိုး ပြုမိခဲ့ပါ သနည်း”ဟု။
ဗောဓိသတ္တံ ပုစ္ဆိ၊ ဘုရားလောင်းနတ်သားကို မေးပြီ။ ဗောဓိသတ္တော၊ ဘုရားလောင်း နတ်သားသည်။ တယာ ဣဒဉ္စ ဣဒဉ္ဇသင်ငရဲသားသည် ဤမည် သည်လည်းဖြစ်သော ဤမည်သည်လည်းဖြစ်သော။ ပါပကမ္မံ ကတံ၊ မကောင်းမှ ကို ပြုအပ်ပြီ”။ ဣတိ ဝတွာ၊ ဤသို့ ပြောပြီး၍။
စတုဗ္ဘိ၊ ဝေမာနိကပြိတ္တာမ လေးယောက်တို့ဖြင့်။ (အသန္တုဋ္ဌော၊ မရောင့်ရဲ ရကား)။ အဋ္ဌ အဇ္ဈဂမာ၊ ရှစ်ယောက်တို့ကို ရရှိပြီ။ အဋ္ဌာဟိပိ စ၊ ရှစ်ယောက် တို့ဖြင့်လည်း။ (အသန္တုဋ္ဌော၊ မတင်းတိမ်ရကား)။ သောဠသ၊ တစ်ဆယ့် ခြောက်ယောက်တို့ကို။ အဇ္ဈဂမာ၊ ရပြန်ပြီ။
သောဠသာဟိ စ၊ တစ်ဆယ့် ခြောက်ယောက်တို့ဖြင့်လည်း။ (အသန္တုဋ္ဌော၊ မတင်းတိမ်ရကား)။ ဗာတ္တိံသ၊ သုံးဆယ်နှစ်ယောက်ကို။ အဇ္ဈဂမာ၊ ရပြန်ပြီ။ အတြိစ္ဆံ အတြိစ္ဆန္တော၊ ထိုအာရုံ ထိုအာရုံကို လိုလားရကား။ စက္ကမာသဒေါ၊ သင်တုန်းဓားစက်ကို သင်ဆိုက် ရောက်ရရှိပြီ။
ဣစ္ဆာဟတဿ ပေါသဿ၊ တဏှာလောဘ နှိပ်စက်ခံရသော သင်ယောက်ျား၏။ မတ္ထကေ စတ္တံ ဘမတိ၊ ဦးထိပ်၌ သံသင်တုန်းသွားစက် သည် ချာချာလည်၏။
တတ္ထ၊ ထိုဂါထာ၌။ **စတုဗ္ဘိ အဋ္ဌဇ္ဈဂမာ** တိ၊ စတုဗ္ဘိ အဋ္ဌဇ္ဈဂမာ ဟူသည်ကား။ သမုဒ္ဒန္တရေ၊ သမုဒ္ဒရာအလယ်၌။ စတာ ဝိမာနဝေတိယော၊ လေးယောက် ကုန်သော ဗိမာန်ရှိသည့်ပြိတ္တာမတို့ကို။ လဘိတွာ၊ ရပြီး၍။ တာဟိ အသန္တုဋ္ဌော၊ ထိုပြိတ္တာမတို့ဖြင့် မရောင့်ရဲရကား။ အတြိစ္ဆတာယ၊ ဟိုဟာ ဟိုဟာလိုလားမှုရှိသူ၏ အဖြစ်ကြောင့်။ ပရတော ဂန္တွာ၊ အခြားတစ်ပါးသို့ ထွက်သွား၍။ အပရာ အဋ္ဌ၊ အခြားကုန်သော ဝေမာနိကပြိတ္တာမရှစ်ယောက်တို့ကို။ အဓိကတော အသိ၊ ရပြန်သည် ဖြစ်၏တည်း။ ဣတိ အတ္ထော၊ ဤကား ပဌမပါဒအနက်တည်း။
သေသပဒဒွယေပိ၊ ကျန်ဒုတိယပါဒ တတိယပါဒ နှစ်ပါးအပေါင်း၌လည်း။ ဧသော ဣဝ နယော၊ ဤကဲ့သို့ သော နည်းတည်း။ တနည်း၊ ဧသော ဧ၀ နယော= ဤနည်းပင် တည်း။
**အတြိစ္ဆံ စက္ကမာသဒေါ** တိ၊ အတြိစ္ဆံ စက္ကမာသဒေါဟူသည်ကား။ ဧဝံ သကလာဘေန အသန္တုဋ္ဌော၊ ဤသို့ မိမိရထားသည်ဖြင့် မတင်းတိမ်၍။ အတြ အတြ ဣစ္ဆန္တော၊ ဟိုဟာ ဟိုဟာလိုလားရကား။ ပရတော ပရတော လာဘံ ပတ္တေန္တော၊ အခြားတစ်ပါး မှ အခြားတစ်ပါးမှ လာဘ်ကို တောင့်တရကား။ ဣဒါနိ စက္ကံ အာသဒေါ၊ ယခုအခါ သံသင်တုန်းဓားသွားစက်ကို သင်ဆိုက်ရောက်ရရှိပြီ။ ဣဒံ ဥရစက္ကံ ပတ္တော အသိ၊ ဤသံသင်တုံးဓားစက်ကို ရရောက်ပြီးသည် ဖြစ်၏။
ဧဝံ **ဣစ္ဆာဟတဿ**၊ ဤကဲ့သို့ တဏှာလောဘ နှိပ်စက်ခံရသော။ တဿ တေ **ပေါသဿ**၊ ထိုသင်ယောက်ျား၏။ တဏှာယ ဟတဿ၊ တဏှာ၏ နှိပ်စက်ခံရသော။ ဥပဟတဿ တဝ၊ ကပ်၍ အနှိပ်စက်ခံရသော သင်၏။ **မတ္ထကေ စက္ကံ ဘမတိ**၊ ဦးခေါင်းထက်၌ သံသင်တုန်းသွားစက်သည် ချာချာလည်၏။
ပါသာဏစက္ကံ အယစက္ကန္တိ၊ ကျောက်သားစက်လည်းကောင်း သံဖြင့်ပြီးသော စက်လည်းကောင်းဟု။ ဣမေသု ဒွီသု၊ ဤစက်နှစ်မျိုးတို့တွင်။ ခုရဓာရံ ဘယစက္ကံ၊ သင်တုန်းဓားသွားရှိသော သံဖြင့်ပြီးသော စက်ကို။ တဿ မတ္ထကေ၊ ထိုမိတ္တဝိန္ဒက၏ ထိပ်ထက်၌။ ပုနပ္ပုနံ ပတနဝသေန၊ အဖန်ဖန် ကျရောက်သည့်အစွမ်းဖြင့်။ ဘမန္တံ ဒိသွာ၊ ချာချာလည် နေသည်ကို တွေ့ရ၍။ ဧဝံ အာဟ၊ ဤသို့‘စက္ကံ ဘမတိ မတ္ထကေ'ဟု ရွတ်ဆိုပြီ။
စ ပန ဝတွာ၊ ဆက်၍အထူးပြောရသော် ဤသို့ပြောပြီး၍။ အတ္တနော ဒေဝလောက မေဝ ဂတော၊ မိမိ၏ နေရာနတ်ပြည်သို့သာ သွားပြီ။
သောပိ နေရယိကသတ္တော၊ ထိုငရဲသား သတ္တဝါသည်လည်း။ အတ္တနော ပါပေ ခီဏေ၊ မိမိ၏ မကောင်းမှုသည် ကုန်သော်။ ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
“တဒါ မိတ္တဝိန္ဒကော၊ ထိုကဿပဘုရားလက်ထက်တော်က မိတ္တဝိန္ဒကသည်။ ဒုဗ္ဗစဘိက္ခု အဟောသိ၊ ဆုံးမရခက်သော ရဟန်းသည် ဖြစ်လာ ပြီ။ ဒေဝပုတ္တော ပန၊ နတ်သားသည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရား သည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
မိတ္တဝိန္ဒကဇာတကဝဏ္ဏနာ စတုတ္ထာ၊ လေးခုမြောက်ဖြစ်သောမိတ္တဝိန္ဒကဇာတ်အဖွင့်တည်း။
**ဗဟုမွေတံ ပမန ကဋ္ဌန္တိ ** ဣဒံ၊ ဗဟုမ္မေတံ ဝနေ ကဋ္ဌံ စသော ဤတရား ဒေသနာကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်း တော်၌ နေတော်မူစဉ်။ ဧကံ ဥတ္တသိတဘိက္ခုံ၊ တစ်ပါးသော ထိတ်လန့်လွန်း တတ်သော ရဟန်းကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
သာဝတ္ထိဝါသီ ဧကော သော ကုလပုတ္တော၊ သာဝတ္ထိမြို့၌နေသော တစ်ယောက် သော ထိုအမျိုးသားသည်။ သတ္ထု ဓမ္မဒေသနံ၊ ဘုရားရှင်၏ တရားဒေသနာကို။ သုတွာ ပဗ္ဗဇိတွာ၊ နာကြားရ၍ ရဟန်းပြု၍။ မရဏဘီရုကော အဟောသိ ကိရ၊ သေမည်ကို ကြောက်လေ့ရှိသည် ဖြစ်ပြီတဲ့။ ရတ္တိဋ္ဌာနဒိဝါဋ္ဌာနေသု၊ ညသန့်ရာ နေ့သန့်ရာဌာနတို့၌။ ဝီဇန္တဿ ဝါတဿ ဝါ၊ ခပ်ပြင်းပြင်းတိုက်သော လေ၏သော် လည်းကောင်း။ ဝီဇန္တဿ သုက္ခဒဏ္ဍကဿ ဝါ၊ ကျိုးကျသော ကိုင်းခြောက်၏ သော်လည်းကောင်း။ ပက္ခိစတုပ္ပဒါနံ ဝါ၊ ငှက်ဆိုး, ခြေ လေးချောင်းသားကောင် တို့၏သော်လည်းကောင်း။ သဒ္ဒံ သုတွာ၊ အသံကို ကြားရ၍။ မရဏဘယ တဇ္ဇိတော၊ သေဘေးခြိမ်းခြောက်ခံရ၍။ မဟာရဝံ ရဝန္တော ပလာယတိ၊ ကျယ်စွာ သော အသံကိုအော်လျက် ထွက်ပြေး၏။
ဟိ တဿ၊ ချဲ့ပြောရသော် ထိုရဟန်းမှာ။ မယာ မရိတဗ္ဗန္တိ၊ ငါသည် သေရမည်ဟု။ သတိမတ္တမ္ပိ နတ္ထိ၊ သတိထားမှုမျှသည် လည်း မရှိ။
ဟိ၊ မှန်၏။ အဟံ မရိဿာမီတိ၊ ငါသည် သေရလိမ့်မည်ဟု။ သော သစေ ဇာနေယျ၊ ထိုရဟန်းသည် အကယ်၍ သိအံ့။ မရဏံ န ဘာယေယျ၊ သေခြင်းကို မကြောက်ရာ။
ပန၊ အဟုတ်သော်ကား။ မရဏဿတိကမ္မဋ္ဌာနဿ၊ မရဏာနုဿတိကမ္မဋ္ဌာန်းကို။ တဿ အဘာဝိတတ္တာဝ၊ ထိုရဟန်းသည် မပွားများ အပ်သည်၏အဖြစ်ကြောင့်သာ။ ဘာယတိ၊ ကြောက်၏။
တဿ သော မရဏ ဘီရုကဘာဝေါ၊ ထိုရဟန်း၏ ထိုသေမှုကြောက်ကြောင်းသည်။ ဘိက္ခုသင်္ဃေ ပါကဋာ ဇာတော၊ ရဟန်းသံဃာ၌ ထင်ရှားသည် ဖြစ်ပြီ။
အထ ဧကဒိဝသံ၊ ထိုအခါ တနေ့၌။ ဓမ္မသဘာယံ ဘိက္ခူ၊ တရားသဘင်၌ ရဟန်းတို့သည်။ “အာဝုသော အသုကော နာမ ဘိက္ခု၊ အို. ငါ့ရှင်တို့ ထိုမည်သော ရဟန်းသည်။ မရဏဘီရူကော၊ သေခြင်းကြောက်လေ့ရှိ၏။ မရဏံ ဘာယတိ၊ သေခြင်းကို ကြောက်တတ်လှ၏။ ဘိက္ခုနာ နာမ၊ ရဟန်းမည်သည်။ အဝဿံ မယာ မရိတဗ္ဗန္တိ၊ မချွတ် ငါသည် သေရလိမ့်မည်ဟု။ မရဏဿတိကမ္မဋ္ဌာနံ၊ မရဏာနုဿတိ ကမ္မဋ္ဌာန်းကို။ ဘာဝေတုံ ဝဋ္ဋတီတိ၊ ဖြစ်စေ ပွားစေခြင်းငှါ အပ်၏ဟု။ ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူပြီး၍။ “ဘိက္ခဝေ ဧတရဟိ၊ အို. ရဟန်တို့ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေ ကြသည်။ အတ္ထ နုတိ ပုစ္ဆေတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။ ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါဟု လျှောက်ထားအပ်သော်။ တံ ဘိက္ခုံ ပက္ကောသာပေတွာ၊ ထိုကြောက်တတ်လွန်းသော ရဟန်းကို ခေါ် စေတော် မူ၍။ တွံ မရဏဘီရုကော ကိရ၊ သင်သည် သေခြင်းကို ကြောက်လေ့ရှိသတဲ့ဟု တဆင့်ကြားရသည်ကား။ သစ္စန္တိ ပုစ္ဆိတွာ၊ မှန်သလောဟု မေးတော်မူ၍။ သစ္စံ ဘန္တေတိ ဝုတ္တေ၊ မှန်ပါသည် မြတ်စွာဘုရားဟု ဖြေကြားအပ်သော်။ “ဘိက္ခဝေ ဧတဿ ဘိက္ခုနော၊ အို. ရဟန်းတို့ ဤရဟန်းအား။ အနတ္တမနာ မာ ဟောထ၊ မနှစ်သက်သော စိတ်ရှိကုန်သည် မဖြစ်ကြလင့်။ အယံ ဣဒါနေဝ၊ ဤရဟန်းသည် ယခုအခါသာ။ န မရဏဘီရုကော၊ သေခြင်းကို ကြောက်လေ့ရှိသည် မဟုတ် သေး။ ပုဗ္ဗေပိ၊ ရှေးကလည်း။ မရဏဘီရုကောယေဝါတိ ဝတွာ၊ သေခြင်းကို ကြောက်လေ့ရှိသည်သာ”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဟိမဝန္တေ ရုက္ခဒေဝတာ၊ ဟိမဝန္တာ၌ ရုက္ခစိုးနတ်သည်။ ဟုတွာ နိဗ္ဗတ္တိ၊ ဖြစ်၍ဖြစ်ပြီ။
တသ္မိံ ကာလေ ဗာရာဏသိရာဇာ၊ ထိုအခါ ဗာရာဏသီမင်းသည်။ အတ္တနော မင်္ဂလဟတ္ထိ၊ မိမိ၏ မင်္ဂလာဆင်တော်ကို ။ အာနေဉ္စကာရဏံ သိက္ခာပေတုံ၊ မတုန်လှုပ်ခြင်း၏ အကြောင်းကို သင်ယူစေ ခြင်းငှါ။ ဟတ္ထာစရိယာနံ အဒါသိ၊ ဆင်ဆရာတို့အား ပေးလိုက်ပြီ။
တံ အာဠာနေ ချည်ပြီး၍၊ ထိုမင်္ဂလာဆင်တော်ကို ချည်တိုင်၌။ နိစ္စလံ ဗဇ္ဓိတွာ၊ မလှုပ်နိုင်အောင် ။ တောမရဟတ္ထာ မနုဿာ၊ မှိန်းလက်၌ရှိကုန်သော လူတို့သည်။ ပရိဝါရေတွာ၊ ဝိုင်းရံ၍။ အာနေဉ္စကာရဏံ ကာရေန္တိ၊ မတုံလှုပ်ခြင်း၏ အကြောင်းကို ပြုစေ ကုန်၏။
သော တံ ကာရဏံ၊ ထိုမင်္ဂလာဆင်တော်သည် ထိုမတုန်လှုပ်ကြောင်းကို။ ကာရိယမာနော၊ ပြုစေအပ်သော်။ ဝေဒနံ အဓိဝါသေတုံ အသက္ကောန္တော၊ ဆင်းရဲ ဝေဒနာကို အောင့်အည်းသီးခံခြင်းငှါ မစွမ်းနိုင်ရကား။ အာဠာနံ ဘိန္ဒိတွာ၊ ချည်တိုင် ကို ဖျက်ဆီး၍။ မနုဿ ပလာပေတွာ၊ လူတို့ကို ထွက်ပြေးစေ၍။ ဟိမဝန္တ ပါဝိသိ၊ ဟိမဝန္တာသို့ ဝင်ပြီ။
မနုဿာ တံ ဂဟေတုံ၊ လူတို့သည် ထိုမင်္ဂလာဆင်တော်ကို ဖမ်းယူခြင်းငှါ။ အသက္ကောန္တာ နိဝတ္တိံသု၊ မစွမ်းနိုင်ကြရကား ဆုတ်နစ်ကြကုန်ပြီ။
သော တတ္ထ၊ ထိုမင်္ဂလာဆင်တော်သည် ထိုဟိမဝန္တာ၌။ မရဏဘီရုကော အဟောသိ၊ သေခြင်းကို ကြောက်လေ့ရှိသည် ဖြစ်ပြီ။ ဝါတသဒ္ဒါနိ သုတွာ ကမ္မမာနော၊ လေတိုက်သော အသံတို့ကို ကြားရ၍ တုန်လှုပ်လျက်။ မရဏဘယ တဇ္ဇီတော၊ သေဘေးခြိမ်းခြောက်ခံရ၍။ သောဏံ ဝိဓုနိတွာ၊ နှာမောင်းကို ခါ၍။ ဝေဂေန ပလာယတိ၊ အရှိန်အဟုန်ဖြင့် ထွက်ပြေး၏။ အာဠာနေ ဗဇ္ဓိတွာ၊ ချည်တိုင် ၌ ချည်၍။ အာနေဉ္ဇကာရဏံ ကရဏကာလော ဝိယ၊ မတုန်လှုပ်ခြင်း၏ အကြောင်းကို ပြုရာအခါကဲ့သို့။ အဿ ဟောတိ၊ ထိုမင်္ဂလာဆင်တော်အား ဖြစ်၏။ ကာယဿာဒံ ဝါ စိတ္တဿာဒံ ဝါ၊ ကိုယ်၏ သက်သာမှုကိုလည်းကောင်း စိတ်၏ သက်သာမှုကိုလည်းကောင်း။ အလဘန္တော၊ မရရှာဘဲ။ ကမ္မမာနော ဝိစရတိ၊ တုန်တုန်လှုပ်လှုပ် လှည့်လည်နေရရှာ၏။
ရုက္ခဒေဝတာ၊ ရုက္ခစိုးနတ်မင်း သည်။ တံ ဒိသွာ၊ ထိုမင်္ဂလာဆင်တော်ကို တွေ့ရ၍။ ခန္ဓဝိဋပေ ဌတွာ၊ သစ်ပင် ခွကြား၌ တည်၍။
ဝါတော ဝနေ၊ လေသည် တောထဲက။ ဒုဗ္ဗလံ (ယံ) ကဋ္ဌံ ဘဉ္ဇတိ၊ အားနည်းသော အကြင်သစ်ကိုင်းကို ချိုးချ၏။ ဧတံ ဗဟုပိ၊ တောထဲ လေချိုးချသော ထိုသစ်ကိုင်းသည် များလှစွာ၏။
နာဂ၊ အို. . ဆင်မင်း။ တဿ၊ ထိုကိုင်းကို။ စေ ဘာယတိ၊ အကယ်၍ ကြောက်နေအံ့။ ကိသော၊ သွေးသားခေါင်းပါးကြုံလှီသွားသည်။ နူန ဘဝိဿသိ၊ စင်စစ်ဖြစ်လိမ့် မည်တည်း။
တတ္ထ အယံ ပိဏ္ဍ တ္ထော၊ ထိုဂါထာ၌ ဤဆိုလတံ့ကား အပေါင်းအနက် အဓိပ္ပါယ်တည်း။ (ကော၊ အပေါင်းအနက်အဓိပ္ပါယ်ဟူသည် အဘယ်နည်း)။ ဒုဗ္ဗလံ ယံ ဧတံ ကဋ္ဌံ၊ အားနည်းသော မခိုင်သော အကြင်သစ်ကိုင်းကို။ ပုရတ္ထိမာဒိဘေဒေါ ဝါတော၊ အရှေ့လေစသည်အပြားရှိသော လေသည်။ ဘဉ္ဇတိ၊ ချိုးချ၏။ တံ ဣမသ္မိံ ဝနေ၊ လေချိုးချသည့် ထိုသစ်ကိုင်းသည် ဤတောထဲ၌။ ဗဟုံ သုလဘံ၊ များလှ၏ ရလွယ် တွေ့လွယ်၏။ တတ္ထ တတ္ထ သံဝိဇ္ဇတိ၊ ထိုထိုနေရာ၌ပင် ရှိနေ၏။
တွံ တဿ၊ သင်ဆင်မင်းသည် ထိုသစ်ကိုင်းကျိုးကို။ သစေ ဘာယသိ၊ အကယ်၍ ကြောက်နေအံ့။ ဧဝံသန္တေ၊ ဤသို့ဖြစ်သော်။ နိစ္စံ ဘီတော၊ အမြဲ ကြောက်နေ၍။ မံသလောဟိတက္ခယံ ပတွာ၊ အသားအသွေးကုန်ခမ်းခြင်းသို့ ရောက်၍။ ကိသော နူန ဘဝိဿသိ၊ ကြုံလှီသွားသည် စင်စစ် ဖြစ်လိမ့်မည်။ ပန ဣမသ္မိံ ဝနေ၊ စင်စစ် သော်ကား ဤတောထဲ၌။ တဝ ဘယံ နာမ နတ္ထိ၊ သင်ဆင်မင်းအား ကြောက်ဖွယ် မည်သည် မရှိ။ တသ္မာ ဣတော ပဋ္ဌာယ မာဘာယိ၊ ထို့ကြောင့် ဤနေ့မှ စ၍ မကြောက်လင့်။ ဣတိ၊ ဤသည်ပင်တည်း။
ဧဝံ ဒေဝတာ၊ ဤကဲ့သို့ ရုက္ခစိုးနတ်မင်းသည်။ တဿ ဩဝါဒံ အဒါသိ၊ ထိုမင်္ဂ လာဆင်တော်အား ဩဝါဒကို ပေးပြီ။ သောပိ တတော ပဋ္ဌာယ၊ ထိုမင်္ဂလာဆင် တော်သည်လည်း ဩဝါဒပေးပြီးရာ ထိုနေ့မှစ၍။ နိဗ္ဗယော အဟောသိ၊ အကြောက်အလန့်မရှိသည် ဖြစ်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။ သစ္စာနိ ပကာသေတွာ၊ သစ္စာတို့ကို ပြတော်မူပြီး၍။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။ သစ္စပရိယောသာနေ ဘိက္ခု၊ သစ္စာလေးပါးပြပြီးအဆုံး၌ ထိုရဟန်းသည်။ သောတာပတ္တိဖလေ ပတိဋ္ဌ ဟိ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
တဒါ နာဂေါ၊ ထိုလွန်လေပြီးသော အခါက မင်္ဂလာ ဆင်တော်သည်။ အယံ ဘိက္ခု အဟောသိ၊ ဤကြောက်တတ်လှသော ရဟန်း သည် ဖြစ်လာပြီ။ ရုက္ခဒေဝတာ ပန၊ ရုက္ခစိုးနတ်မင်းသည်ကား။ အဟောသိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ။ ဣတိ၊ ဤကား ဇာတ်ပေါင်း အပြီး တည်း။
ဒုဗ္ဗလကဋ္ဌဇာတကဝဏ္ဏနာ ပဉ္စမာ၊ ငါးခုမြောက်ဖြစ်သောဒုဗ္ဗလကဋ္ဌဇာတ်အဖွင့်တည်း။
**သုခံ ဝတ မံ ဇီဝန္တန္တိ** ဣဒံ၊ သုခံ ဝတ မံ ဇီဝန္တံ အစရှိသော ဤတရားဒေသနာ တော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ထုလ္လကုမာရိကာပလောဘနံ အာရဗ္ဘ ကထေသိ၊ အပျိုကြီး ဖျားယောင်းခြင်းကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဝတ္ထု တေရသကနိပါတေ၊ ဝတ္ထုကြောင်းသည် တေရသကနိပါတ်၌။ **စူဠနာရဒကဿပဇာတကေ**၊ စူဠ နာရဒကဿပဇာတ်၌။ အာဝိ ဘဝိဿတိ၊ ထင်ရှားသည် ဖြစ်လတံ့။
ပန တံ ဘိက္ခုံ သတ္ထာ၊ အထူးကား ထိုအပျိုကြီးဖျားယောင်းသော ရဟန်းကို ဘုရားရှင် သည်။ “ဘိက္ခု တွံ၊ အို. ရဟန်း သင်သည်။ ဥက္ကဏ္ဌိတော အသိ ကိရ၊ သာသနာ တော်၌ ငြီးငွေ့သည် ဖြစ်သတဲ့ဟုကြားရသည်ကား။ သစ္စံ ဣတိ ပုစ္ဆိတွာ၊ မှန်သလော "ဟု မေးတော်မူ၍။ သစ္စံ ဘဂဝါတိ ဝုတ္တေ၊ မှန်ပါသည် ရှင်တော်ဘုရားဟု လျှောက်ထားအပ်သော်။ ကတ္ထ တေ စိတ္တံ၊ အဘယ်၌ သင်၏ စိတ်သည်။ ပဋိဗန္တိ ပုစ္ဆိ၊ တပ်မက်သနည်းဟု မေးတော်မူပြီ။
“ဧကိဿာ ထုလ္လကုမာရိကာယာတိ၊ အပျိုကြီး၌ပါ”ဟု။ သော အာဟ၊ ထိုရဟန်းက လျှောက်ထား တစ်ယောက်သော ပြီ။
အထ နံ သတ္ထာ၊ ထိုအခါ ထိုရဟန်းကို ရှင်တော်ဘုရားသည်။ “ဘိက္ခု အယံ၊ အို ရဟန်း ဤအပျိုကြီးသည်။ တေ အနတ္ထကာရိကာ၊ သင်၏ အကျိုးမဲ့ပြုတတ်၏။ ပုဗ္ဗေပိ တွံ၊ ရှေးကလည်း သင်သည်။ ဧတံ နိဿာယ၊ ဤအပျိုကြီးကို မှီ၍။ သီလဗျသနံ ပတွာ၊ သီလပျက်စီးခြင်းသို့ ရောက်၍။ ကမ္မန္တော ဝိစရမာနော၊ တုန်တုန်လှုပ်လှုပ် လှည့်လည်လျှက်။ ပဏ္ဍိတေ နိဿာယ၊ ပညာရှိတို့ကို မှီ၍။ သုခံ လဘီတိ ဝတွာ၊ ချမ်းသာကို ရဖူးပြီ”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေတိ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဣတိ အတီတဝတ္ထု၊ စသော အတိတ်ဝတ္ထုကြောင်းသည်လည်း။ စူဠနာရဒကဿပဇာတကေယေဝ၊ စူဠနာရဒကဿပဇာတ်၌ပင်လျှင်။ အာဝိ ဘဝိဿတိ၊ ထင်စွာ ဖြစ်လတ္တံ့။
တဒါ ပန ဗောဓိသတ္တော၊ ထိုအခါ၌ကား ဘုရားလောင်းသည်။ သာယံ ဖလာဖလေ၊ ညနေချမ်း၌ သစ်သီးငယ်သစ်သီးကြီးတို့ကို။ အာဒါယ ဂန္တွာ၊ ယူ၍ လာ၍။ ပဏ္ဏသာလဒွါရံ၊ သစ်ရွက်မိုးကျောင်းတံခါးကို။ ဝိဝရိတွာ ပဝိသိတွာ၊ ဖွင့်၍ ဝင်၍။ ပုတ္တံ စူဠတာပသံ၊ သားဖြစ်သော ရသေ့ငယ်ကို။ “တာတ တွံ၊ အို. ချစ်သား သင်သည်။ အညေသု ဒိဝသေသု၊ အခြားကုန်သော နေ့တို့၌။ ဒါရူနိ အာဟရသိ၊ ထင်းတို့ကို ဆောင်ယူထား ခွေထား၏။ ပါနီယံ ပရိဘောဇနီယံ၊ သောက်ရေကို သုံးရေကို။ အာဟရသိ၊ ဆောင်ယူထား၏ ခပ်ထား၏။ အဂ္ဂိံ ကရောသိ၊ မီးကို ပြုထား၏ မွှေးထား၏။ အဇ္ဇ ပန ဧကမ္ပိ အကတွာ၊ ယနေ့၌ကား တစ်ခုကိုမျှလည်း မပြုမူ၍။ ကသ္မာ ဒုမ္ဗုခေါ ပဇ္ဈာယန္တော၊ အဘယ့်ကြောင့် မျက်နှာမလှဘဲ ကြံမှိုင် လျက်။ နိပန္နော အသီတိ၊ အိပ်နေသည် ဖြစ်သနည်း”ဟု။
ဧတံ အဝေါစ၊ ဤစကားကို ပြောပြီ။ တာတ တုမှေသု၊ အို. ဖခင် သင်ဖခင်တို့သည်။ ဖလာ ဖလတ္ထာယ ဂတေသု၊ သစ်သီးငယ်,သစ်သီးကြီးအကျိုးငှါ သွားကြသော်။ ဧကာ ဣတ္ထီ အာဂန္တွာ၊ တစ်ယောက်သော အမျိုးသမီးသည် လာ၍။ မံ ပလောဘေတွာ၊ အကျွန်ုပ်ကို ဖြားယောင်း၍။ အာဒါယ ဂန္တုံ အာရဘိ၊ ခေါ်ယူ၍ သွားခြင်းငှါ အားထုတ်ပြီ။ အဟံ ပန၊ အကျွန်ုပ်သည်ကား။ “တုမှေဟိ ဝိဿဇ္ဇတော၊ သင်ဖခင် တို့သည် လွှတ်အပ်သော်။ ဂမိဿာမီတိ န ဂစ္ဆိံ၊ သွားမည်”ဟုတွေး၍ လိုက်မသွား ပြီ။ အသုကဋ္ဌာနေ ပန၊ ထိုမည်သော ဌာန၌ကား။ နံ နိသီဒါပေတွာ၊ ထိုအမျိုးသမီး ကို နေစေ၍။ အာဂတော အမှိ၊ လာသည် ဖြစ်၏။ တာတ အဟံ၊ အို. ဖခင် အကျွန်ုပ်သည်။ ဣဒါနိ ဂစ္ဆာမိ ဣတိ၊ ယခု သွားတော့မည် ဤသို့ ပြောပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဧတံ နိဝတ္တေတုံ၊ ဤသားရသေ့ငယ်ကိုနစ်စေခြင်းငှါ။ န သက္ကာတိ ဉတွာ၊ မတတ်ကောင်းဟု သိ၍။ “ ဟိ ဂစ္ဆ၊ အို. ချစ်သား ထိုသို့ဖြစ်လျှင် သွားလော့။ ဧသာ ပန တာတ တေန တံ နေတွာ၊ ဤအမျိုး သမီးသည်ကား သင်ချစ်သားကို ခေါ်ယူ၍။ မစ္ဆမံသာဒီနိ ဝါ ယဒါ၊ ငါး အမဲစသည် တို့ကိုမူလည်း အကြင်အခါ၌။ ခါဒိတုကာမာ ဘဝိဿတိ၊ စားလိုသည် ဖြစ်အံ့။ သပ္ပိလောဏတဏ္ဍုလာဒီဟိ ဝါ ပန၊ ထောပတ်,ဆား,ဆန်တို့ဖြင့်သေ လည်း။ အဿာ အတ္ထော ဘဝိဿတိ၊ ထိုအမျိုးသမီးအား အလိုရှိသည် ဖြစ်အံ့။ တဒါ၊ အလိုရှိရာ ထိုအခါ၌။ ဣဒဉ္စ ဣဒဉ္စအာဟရာတိ၊ ဤပစ္စည်းကိုလည်း ကောင်း ဤပစ္စည်းကိုလည်းကောင်း ဆောင်ယူချေလော့ဟုပြော၍။ “ ကိလမေဿတိ၊ သင်ချစ်သားကို ပင်ပန်းစေလတံ့။
တဒါ မယှံ ဂုဏံ၊ ထိုအခါ ငါ၏ ဂုဏ်ကျေးဇူးကို။ သရိတွာ ပလာယိတွာ၊ အမှတ်ရ၍ ထွက်ပြေးလာ၍။ ဣမေဝ အာဂစ္ဆေယျာသီတိ၊ ဤကျောင်းသို့သာ လာခဲ့လော့”ဟုမှာ၍။ ဝိဿ ဇ္ဇေသိ၊ လွှတ်လိုက်ပြီ။
သော တာယ သဒ္ဓိံ၊ ထိုသားရသေ့ငယ်သည် ထိုအမျိုးသမီး နှင့် အတူ။ မနုဿပထံ အဂမာသိ၊ လူတို့လမ်းကြောင်းသို့ လိုက်သွားပြီ။
အထ သာ၊ ထိုအခါ ထိုသားရသေ့ငယ်ကို ထိုအမျိုးသမီးသည်။ အတ္တနော ဝသံ ဂမေတွာ၊ မိမိ၏ အလိုဆန္ဒသို့ လိုက်စေ၍။ “မံသံ အာဟရ၊ အသားကို ဆောင်ယူ ခဲ့လော့။ မစ္ဆံ အာဟရာတိ၊ ငါးကို ဆောင်ယူခဲ့လော့”ဟု။ ယေန ယေန၊ အကြင် အကြင်ပစ္စည်းဖြင့်။ အတ္ထိကာ ဟောတိ၊ အလိုရှိသည် ဖြစ်၏။ တံ တံ အာဟရာ ပေတိ၊ ထိုထိုအလိုရှိသော ပစ္စည်းကို ဆောင်ယူခိုင်း၏။
တဒါ သော၊ ခိုင်းရာ ထိုအခါ၌ ထိုသားရသေ့ငယ်သည်။ “အယံ မံ၊ ဤအမျိုးသမီးသည် ငါ့ကို။ အတ္တနော ဒါသံ ဝိယ၊ မိမိ၏ ကျွန်ကိုကဲ့သို့လည်းကောင်း။ ကမ္မကာရံ ဝိယ စ ကတွာ၊ အမှုလုပ်ကိုကဲ့သို့လည်းကောင်း ပြု၍။ ပီဠေတီတိ ပလာယိတွာ၊ နှိပ်စက် ၏”ဟုတွေး၍ ထွက်ပြေး၍။ ပိတုသန္တိကံ အာဂန္တွာ၊ ဖခင်ဘုရားလောင်း၏ထံသို့ လာ၍။ ပိတရံ ဝန္ဒိတွာ ဌိတကောပ၊ အဖကို ရှိခိုး၍ ရပ်လျက်ပင်။
ဝတ သုခံ၊ စင်စစ် ချမ်းသာစွာ။ ဇီဝန္တ မံ၊ အသက်မွေးနေသော အကျွန်ုပ် ကို။ ဥဒဉ္စနီ၊ ရေခပ်အိုးငယ်နှင့်တူသော မိန်းမသည်။ ပစမာနာ၊ ပူပန်စေလျက် နှိပ်စက်လျက်။ ဝါ၊ စားလိုရာရာကို ချက်စားလျက်။
စောရီ ဇာယပ္ပဝါဒေန၊ သူခိုးမတစ်ယောက်သည် မယားဟူသော နာမည်ဖြင့်။ တေလံ လောဏဉ္စ၊ ဆီကိုလည်းကောင်း ဆားကိုလည်းကောင်း။ ယာစတိ၊ တောင်း၏။
တတ္ထ၊ ထိုဂါထာ၌။ **သုခံ ဝတ မံ ဇီဝန္တန္တိ**၊ သုခံ ဝတ မံ ဇီဝန္တဟူသည်ကား။ တာက တုမှာကံ သန္တိကေ၊ အို. ဖခင် သင်တို့၏ အထံ၌။ မံ သုခံ ဇီဝန္တံ၊ အကျွန်ုပ်ကို ချမ်းသာစွာ အသက်မွေးနေသည်ကိုတည်း။
**ပစမာနာ**တိ၊ ပစမာနာဟူသည်ကား။ တာပယမာနာ ပီဠယမာနာ၊ ပူပန်စေလျက် နှိပ်စက်လျက်တည်း။ (ဝါ၊ တစ်နည်း ကား)။ ယံ ယံ၊ အကြင်အကြင်ကို။ ခါဒိတုကာမာ ဟောတိ၊ စားလိုသည် ဖြစ်၏။ တံ တံ ပစမာနာ၊ ထိုထိုစားလိုရာရာကို ချက်စားလျက်တည်း။
ဧတာယ၊ ဤရေပုံး, အိုးငယ်ဖြင့်။ ဥဒကံ၊ ရေကို။ အဉ္စန္တိ၊ ဆွဲငင်ကုန်၏။ ဣတိ၊ ထို့ကြောင့်။ **ဥဒဉ္စနီ**၊ ဥဒနီမည်၏။ ဧတံ၊ ဤဥဒဥနီဟူသော နာမည်သည်။ စာဋိတော ဝါ၊ အိုးတုတ်ကြီး မှလည်းကောင်း။ ကူပတော ဝါ၊ ရေတွင်းမှလည်းကောင်း။ ဥဒကဥဿိဉ္စန ဃဋိကာယ၊ ရေခတ်ယူသော ပုံး,အိုးငယ်၏။ နာမံ၊ အမည်တည်း။
သာ ပန၊ ထိုအမျိုးသမီးသည်ကား။ ဥဒဉ္စနီ ဝိယ၊ ရေခပ်ကြောင်းပုံး,အိုးငယ်နှင့် တူ၏။ ဃဋိကာ၊ ရေငင်ပုံး,အိုးငယ်သည်။ ဥဒကံ၊ ရေကို။ (အာကဍ္ဎတိ) ဝိယ၊ ငင်ယူဘိ သကဲ့သို့။ (ဧဝံ၊ ဤအတူ)။ ယေန ယေန၊ အကြင်အကြင်ပစ္စည်းဖြင့်။ အတ္ထိကာ ဟောတိ၊ အလိုရှိသည် ဖြစ်၏။ တံ တံ၊ ထိုထိုအလိုရှိရာရာကို။ အာကဍ္ဎတိယေဝ၊ ဆွဲငင်ယူသည်သာတည်း။ ဣတိ အတ္ထော၊ ဤကား ဥဒဉ္စနီ၏ အဓိပ္ပါယ်နက် တည်း။
**စောရီ ဇာယပ္ပဝါဒေနာ** တိ၊ စောရီဇာယပ္ပဝါဒေနဟူသည်ကား။ ဘရိယာ တိ နာမေန၊ မယားဟူသော နာ့မည်ဖြင့်။ ဧကာ စောရီ၊ တစ်ယောက်သော သူခိုးမသည်။ မံ မဓုရ၀စနေန၊ အကျွန်ုပ်ကို ချိုသာသော စကားဖြင့်။ ဥပလာ ပေတွာ၊ ဖြားယောင်း၍။ တတ္ထ နေတွာ၊ ထိုလူတို့နေရာသို့ ဆောင်ယူ၍။ **တေလံ လောဏဉ္စ**၊ ဆီကိုလည်းကောင်း ဆားကိုလည်းကောင်း။ အညံ ယံ ဣစ္ဆတိ၊ ဆီ ဆားမှတစ်ပါးသော အကြင်ပစ္စည်းကို အလိုရှိ၏။ တံ သဗ္ဗံ စ **ယာစတိ**၊ ထိုလိုချင်သည့် အလုံးစုံကိုလည်း တောင်း၏။ ဒါသံ ပိယ၊ ကျွန်ကိုကဲ့သို့လည်း ကောင်း။ ကမ္မကာရံ ဝိယ စ၊ အလုပ်သမားကိုကဲ့သို့လည်းကောင်း။ ကတွာအာဟရာပေတီတိ၊ ပြုလုပ်၍ ဆောင်ယူခိုင်း၏ဟု။ တဿာ အဂုဏံ ကထေသိ၊ ထိုအမျိုးသမီး၏ အပြစ်ကို ပြောပြပြီ။
အထ နံ ဗောဓိသတ္တော၊ ထိုအခါ ထိုရသေ့ငယ်ကို ဘုရားလောင်းသည်။ အဿာသေတွာ၊ သက်သာရာရစေ၍။ “တာတ ဟောတု၊ အို. ချစ်သား ဖြစ်ပါစေ ရှိပါစေ။ တွံ ဧဟိ၊ သင်ချစ်သားသည် လာလော့။ မေတ္တံ ဘာဝေဟိ၊ မေတ္တာကို ဖြစ်စေပွားစေလော့။ ကရုဏံ ဘာဝေဟီတိ၊ ကရုဏာကို ဖြစ်စေပွားစေလော့” ဟု။ စတ္တာရော၊ လေးပါးကုန်သော။ ဗြဟ္မဝိဟာရေ အာစိက္ခိ၊ ဗြဟ္မဝိဟာရတရား တို့ကို ပြောကြားပြီ။ အာစိက္ခိတွာ၊ ပြောကြားပြီး၍။ ကသိဏပရိကမ္မံ အာစိက္ခိ၊ ကပရိကမ်ကို ပြောကြားပြီ။
သော န စိရဿဝ၊ ထိုသားရသေ့ငယ်သည် မကြာမီပင်။ အဘိညာ စ သမာပတ္တိယော စ၊ အဘိညာဉ်တို့ကိုလည်းကောင်း သမာပတ်တို့ကိုလည်းကောင်း။ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍။ ဗြဟ္မဝိဟာရေ ဘာဝေတွာ၊ ဗြဟ္မဝိဟာရတရားတို့ကို ပွားစေ၍။ ပိတရာ သဒ္ဓိံ၊ အဖနှင့် အတူ။ ဗြဟ္မလောကေ နိဗ္ဗတ္တိ၊ ဗြဟ္မာ့ပြည်၌ ဖြစ်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။ သစ္စာနိ ပကာသေတွာ၊ သစ္စာတို့ကို ပြတော်မူ၍။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။ သစ္စပရိယောသာနေ သော ဘိက္ခု၊ သစ္စာလေးပါးပြပြီးအဆုံး၌ ထိုရဟန်းသည်။ သောတာပတ္တိဖလေ ပတိဋ္ဌ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
တဒါ ထုလ္လကုမာရိကာဝ၊ ထိုရှေးကအပျိုကြီး သည်ပင်။ ဧတရဟိ ထုလ္လကုမာရိကာ၊ ယခုဘုရားလက်ထက်တော်၌ အပျိုကြီး တည်း။
စူဠတာပသော၊ သားရသေ့ငယ်သည်။ ဥက္ကဏ္ဌိတဘိက္ခု အဟောသိ၊ သာသနာတော်ငြီးငွေ့သော ရဟန်းသည် ဖြစ်လာပြီ။ ပိတာ ပန၊ အဖရသေ့သည် ကား။ အဟမေဝ အဟောသီ၊ ငါဘုရားသည်သာ ဖြစ်လာပြီ။ ဣတိ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူပြီ။
ဥဒဉ္စနီဇာတကဝဏ္ဏနာ ဆဋ္ဌာ၊ ခြောက်ခုမြောက်သော ဥဒဉ္စနီဇာတ်အဖွင့်တည်း။
**သာဓု ခေါ သိပ္ပကံ နာမာ** တိ ဣဒံ၊ သာဓု ခေါ သိပ္ပကံ နာမ စသော ဤတရားဒေသနာကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဧကံ ဟံသပဟရနကံ ဘိက္ခုံ၊ တစ်ပါး - ဟင်္သာပစ်ခတ်သတ်ဖြတ်သော ရဟန်းကို။ အာရဗ္ဘတ ကထေသိ၊ အကြောင်း ပြု၍ ဟောတော်မူပြီ။
ဧကော သာဝတ္ထိဝါသီ၊ တစ်ယောက်သော သာဝတ္ထိမြို့ နေသော။ သော ကုလပုတ္တော၊ ထိုအမျိုးကောင်းသားသည်။ သာလိတ္တကသိပ္ပေ၊ ခဲပစ်အတတ်၌။ နပ္ဖတ္တိံ ပတ္တော ကိရ၊ အပြီးအစီးတတ်မြောက်ခြင်းသို့ ရောက်ပြီတဲ့။ သက္ခရာခိပနသိပ္ပံ၊ ခဲပစ်အတတ်ကို။
သာလိတ္တကသိပ္ပန္တိ ဝုစ္စတိ၊ သာလိတ္တကသိပ္ပ ဟူ၍ ခေါ်ဆိုအပ်၏။
သော ဧကဒိဝသံ၊ ထိုအမျိုးကောင်းသားသည် တစ်နေ့၌။ ဓမ္မံ သုတွာ၊ တရားကို နာယူ၍။ သာသနေ ဥရံ၊ သာသနာတော်အား ရင်ကို။ ဒတွာ ပဗ္ဗဇိတွာ၊ ပေး၍ ရှင်ပြု၍။ ဥပသမ္ပဒံ လဘိ၊ ရဟန်းအဖြစ်ကို ရပြီ။ ပန န သိက္ခာကာမော၊ သို့သော်လည်း သိက္ခာမလိုလားပေ။ ပဋိပတ္တိသာဓကော န အဟောသိ၊ အကျင့်ပဋိပတ်ပြီးစေတတ်သည် မဖြစ်ပြီ။
သော ဧကဒိဝသံ၊ ထိုရဟန်း သည် တစ်နေ့၌။ ဧကံ ဒဟရဘိက္ခုံ အာဒါယ၊ တစ်ပါးသော ရဟန်းငယ်ကို ခေါ်ယူ ၍။ အစိရဝတိံ ဂန္တွာ နှာယိတွာ၊ အစိရဝတီမြစ်သို့ သွား၍ ရေချိုးပြီး၍။ နဒီတီရေ အဋ္ဌာသိ၊ မြစ်ကမ်းနား၌ ရပ်နေပြီ။
တသ္မိံ သမယေ၊ ထိုအခါ၌။ ဒွေ သေတဟံသာ၊ နှစ်ကောင်ကုန်သော ဟင်္သာဖြူတို့သည်။ အာကာသေန ဂစ္ဆန္တိ၊ ကောင်းကင်ဖြင့် ပျံသွားကုန်၏။
သော တံ ဒဟရံ၊ ထိုခဲပစ်အတတ်,တတ်သော ရဟန်းသည် ထိုအတူပါရဟန်းငယ်ကို။ “ဣမံ ပစ္ဆိမဟံသံ၊ ဤနောက်ကဟင်္သာကို။ သက္ကရာယ၊ ကျောက်စရစ်ခဲဖြင့်။ အက္ခိမှိ ပဟရိတွာ၊ မျက်စိကို မှန်အောင်ပစ်၍။ ပါဒမူလေ၊ ငါ့ခြေရင်း၌။ ပါတေမီတိ အာဟ၊ ကျစေအံ့”ဟု ပြောပြီ။
ဣတရော၊ သည့်ပြင် ' ရဟန်းငယ်သည်။ “ကထံ ပါတေဿသိ၊ အဘယ်မှာ ကျစေနိုင်အံ့နည်း။ ပဟရိတုံ၊ မှန်အောင်ပစ်ခြင်းငှါ။ န သက္ခဿသိ၊ မစွမ်းနိုင်လတံ့။ ဣတိ အာဟ၊ ဤသို့ ပြောပြီ။
ဣတရော၊ သည့်ပြင်ခဲပစ်တတ်သော ရဟန်းသည်။ အဿ ဩရတော အက္ခိ၊ ထိုဟင်္သာ၏ ဤဘက်ကမျက်စိသည်။ တာဝတိဋ္ဌတု၊ တည်ရှိစေဦး ထားလိုက်ဦး။ ပရတော အက္ခမှိ၊ ဟိုဘက်က မျက်စိ၌။ တံ ပဟရာမီတိ၊ ထိုဟင်္သာ ကို မှန်အောင်ပစ်အံ့”ဟုပြောပြီ။
ဣဒါနိ ပန၊ ယခုအခါ၌ကား။ တွံ အသန္တိ၊ သင်သည် မဖြစ်နိုင်သည်ကို။ ကထေသီတိ၊ ပြော၏ဟုပြောပြီ။
တေန ဟိဥပ ဓာရေဟီတိ၊ ထိုသို့ဖြစ်လျှင် စူးစမ်းကြည့်ရှုလော့ဟု ပြော၍။ ဧကံ တိခိဏသက္ခရံ၊ တစ်လုံးသော ထက်စွာသော့ ကျောက်စရစ်ခဲကို။ ဂဟေတွာ၊ ယူ၍။ အင်္ဂုလိယာ လက်ချောင်း၏။ ပရိယန္တေ ကတွာ၊ အစွန်အဖျား၌ ပြု၍။ တဿ ဟံသ၊ ထိုဟင်္သာ၏။ ပစ္ဆတော ခိပိ၊ နောက်သို့ ပစ်လိုက်ပြီ။
သာ၊ ထိုကျောက်စရစ်ခဲသည်။ ရုန္တိ သဒ္ဒံ၊ ဝှီးဟူသော အသံကို။ အကာသိ၊ ပြုပြီ။ ဟံသော၊ ဟင်္သာသည်။ ပရိဿယေန ဘဝိတဗ္ဗန္တိ၊ ဘေးရန်သည် ဖြစ်ရာ၏ဟု။ နိဝတ္တိတွာ၊ ခေါင်းလှည့်၍။ သဒ္ဒံ သောတုံ အာရဘိ၊ အသံကို နားထောင်ခြင်းငှါ အားထုတ်ပြီ။
ဣတရော တသ္မိံ ခဏေ၊ ဤဟင်္သာမှတစ်ပါးသော ရဟန်းသည် ခေါင်းလှည့်ကြည့်ရာ ထိုခဏ၌။ ဧကံ ဝသဋ္ဋက္ခရံ ဂဟေတွာ၊ တစ်ခုသော လုံးသော ကျောက်စရစ်ခဲကို ယူ၍။ နိဝတ္တိတွာ ဩလောကန္တဿ၊ ခေါင်းလှည့်၍ ကြည့်သော။ တဿ ပရဘာဂေ၊ ထိုဟင်္သာ၏ ဟိုဘက်အဖို့က။ အက္ခိံ ပဟရိ၊ မျက်စိကို မှန်အောင်ပစ်ပြီ။
သက္ခရာ၊ ကျောက်စရစ်ခဲသည်။ ဣတရမ္ပိ အက္ခိံ၊ သည့်ပြင်လည်းဖြစ်သော မျက်စိကို။ ဝိနိဝဇ္ဈိတွာ ဂတာ၊ ဖေါက်ထွင်း၍ သွားပြီ။
ဟံသော မဟာရဝံ ရဝန္တော၊ ဟင်္သာသည် ကြီးစွာသော အသံကို မြည်လျက်။ ပါဒမူလေယေဝ ပတိ၊ ပစ်သော ရဟန်း၏ ခြေရင်း၌သာ ကျပြီ။
တတော တတော ဘိက္ခူ၊ ထိုထိုအရပ်မှ ရဟန်း တို့သည်။ အာဂန္တွာ ဂရဟိတွာ၊ လာကြ၍ ကဲ့ရဲ့ကြ၍။ အနနုစ္ဆဝိကံ တေ ကတန္တိ၊ မသင့်လျော်သည်ကို သင်သည် ပြုအပ်ပြီဟုပြော၍။ သတ္ထု သန္တိကံ နေတွာ၊ ဘုရားရှင်၏ အထံတော်သို့ ခေါ်ယူ၍။ ဘန္တေ ဣမိနာ၊ အို. ရှင်တော်ဘုရား ဤရဟန်းသည်။ ဣဒံ နာမ ကတန္တိ၊ ဤမည်သော အမှုကိုပြုအပ်ပါပြီဟု။ ဧတမတ္ထ အာရောစေသုံ၊ ထိုအကြောင်းအရာကို လျှောက်ထားကြကုန်ပြီ။
သတ္ထာ တံ ဘိက္ခုံ ဂရဟိတွာ၊ ဘုရားရှင်သည် ထိုရဟန်းကို ကဲ့ရဲ့တော်မူ၍။ “ဘိက္ခဝေ ဣဒါနေစ၊ အို. ရဟန်းတို့ ယခုအခါ၌သာ။ ဧသော ဧတသ္မိံ သိပ္ပေ၊ ဤရဟန်းသည် ဤခဲပစ် အတတ်၌။ န ကုသလော၊ လိမ္မာသည် မဟုတ်သေး။ ပုဗ္ဗေပိ၊ ရှေးကလည်း။ ကုသလောယေဝ၊ ကျွမ်းကျင်သည်သာ။ အဟောသီတိ ဝတွာ၊ ဖြစ်ခဲ့ပြီ” ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တောတဿ အမစ္စော အဟောသိ၊ ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ အမတ် သည် ဖြစ်ပြီ။
တသ္မိံ ကာလေ ရညော၊ ထိုအခါက ဗြဟ္မဒတ်မင်း၏။ ပုရောဟိတော အတိမုခရော၊ ပုရောဟိတ်သည် အလွန်နှုတ်ကြမ်းသည်။ ဗဟုဘာဏီ ဟောတိ၊ များစွာပြောဆိုတတ်သည် ဖြစ်၏။ တသ္မိံ ကထေတုံ အာရဒ္ဓေ၊ ထိုပုရောဟိတ်သည် ပြောဆိုခြင်းငှာ အားထုတ်သော်။ အညေ၊ အခြားသူတို့သည်။ ဩကာသမေဝ န လဘန္တိ၊ ပြောခွင့်ကိုပင် မရကြကုန်။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။ “ကဒါ ဧတဿ၊ ဘယ်ခါ၌ ဤပုရောဟိတ်ပုဏ္ဏား၏။ ဝစနုပစ္ဆေဒကံ ကဉ္စိ၊ စကားကို ဖြတ်တတ် သော တစ်စုံတစ်ယောက်သော သူကို။ လဘိဿာမိ နုခေါတိ စိန္တေသိ၊ ရပါမည် နည်း”ဟု ကြံပြီ။
သော တတော ပဋ္ဌာယ၊ ထိုဗြဟ္မဒတ်မင်းသည် ထိုအခါမှ စ၍။ တထာရူပံ ဧကံ၊ ထိုသို့ စကားဖြတ်တတ်သော သဘောရှိသော လူတစ်ယောက်ကို။ ဥပဓာရေန္တော ဝိစရတိ၊ စူးစမ်းရှာဖွေလျက် လှည့်လည်၏။
တသ္မိံ ကာလေ ဗာရာဏသိယံ၊ ထိုအခါက ဗာရာဏသီမြို့၌။ ဧကော ပီဌသပ္ပီ၊ တစ်ယောက်သော ငဆွံ့သည်။ သက္ခရာခိပနသိပ္ပေ နိပ္ဖတ္တိံံ၊ ခဲပစ်အတတ်၌ အပြီးအစီးတတ်မြောက် ခြင်းသို့။ ပတ္တော ဟောတိ၊ ရောက်သည် ဖြစ်၏။
ဂါမဒါရကာ တံ၊ ရွာသားကလေး တို့သည် ထိုငဆွံ့ကို။ ရထကံ အာရောပေတွာ၊ ရထားငယ်ပေါ်သို့ တင်၍။ အာကဍ္ဎမာနာ၊ ဆွဲယူကြလျက်။ ဗာရာဏသိနဂရဒွါရမူလေ၊ ဗာရာဏသီမြို့ တံခါးအနီး၌။ ဧကော ပိဋပသမ္ပန္နော၊ တစ်ပင်သော အခက်အခွနှင့်ပြည့်စုံသော။ မဟာနိဂြောဓော အတ္ထိ၊ ပင်ညောင်ပင်ကြီးသည် ရှိ၏။ တတ္ထ အာနေတွာ၊ ထိုပင်ညောင်ပင်သို့ ဆောင်ယူ၍။ သမ္ပရိဝါရေတွာ၊ ဝိုင်းရံ၍။ ကာကဏိကာဒီနိ ဒတွာ၊ တစ်ချင့်ရွေးစသည်တို့ကို ပေး၍။ “ဟတ္ထိရူပကံ ကရ၊ ဆင်ရုပ်ကို ပြုပေးပါ။ အဿရူပကံ ကရာတိ ၀ဒန္တိ၊ မြင်းရုပ်ကို ပြုပေးပါ”စသည်ဖြင့် ပြောဆိုကြကုန်၏။
သော သက္ခရာ၊ ထိုငဆွံ့သည် ကျောက်စရစ်ခဲတို့ကို။ ခိပိတွာ ခိပိတွာ၊ ပစ်၍ ပစ်၍။ နိဂြောဓပဏ္ဏေသု၊ ပင်ညောင်ပင်ရွက်တို့၌။ နာနာရူပါနိ ဒဿေတိ၊ အမျိုးမျိုး သော အရုပ်တို့ကို ပြ၏။ သဗ္ဗာနိ ပဏ္ဏာနိ၊ အလုံးစုံကုန်သော ပင် ညောင်ပင်ရွက် တို့သည်။ ဆိဒ္ဒါဝဆိဗ္ဗါနေဝ အဟေသုံ၊ အပေါက်ငယ်အပေါက်ကြီးရှိကုန်သည်သာ ဖြစ်ကြပြီ။
အထ ဗာရာဏသိရာဇာ၊ ထိုအခါ ဗာရာဏသီမင်းသည်။ ဥယျာနံ ဂစ္ဆန္တော၊ ဥယျာဉ်တော်သို့ သွားသော်။ တံ ဌာနံ ပါပုဏိ၊ ထိုနေရာသို့ ရောက်သွားပြီ။
ဥဿာရဏာဘယေန၊ လမ်းရှင်းမည်ကြောက်သောကြောင့်။ သဗ္ဗေ ဒါရကာ ပလာယိံသု၊ အားလုံးကုန်သော ကလေးတို့သည် ထွက်ပြေးကုန်ပြီ။ ပီဌသပ္ပီ တတ္ထေဝ နိပဇ္ဇိ၊ ငဆွံ့သည် ထိုပင်ညောင်ပင်အောက်၌ပင် အိပ်နေပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။ နိဂြောဓမူလံ ပတွာ၊ ပင်ညောင်ပင်ရင်းသို့ ရောက်၍။ ရထေ နိသိန္နော၊ ရထားပေါ်၌ ထိုင်နေလျက်။ ပတ္တာနံ ဆိဒ္ဒတာယ၊ အရွက်တို့၏ ပေါက်ကုန်သည့်အဖြစ်ကြောင့်။ ဆာယံ ကဗရကဗရံ၊ ညောင်ပင်ရိပ်ကို အပြောက် အပြောက်ကို။ ဒိသွာ ဩလောကေန္တော၊ တွေ့ရ၍ ကြည့်သော်။ သဗ္ဗေသံ ပတ္တာနံ၊ အားလုံးကုန်သော ပင်ညောင်ရွက်တို့၏။ ဆိဒ္ဒဘာဝံ ဒိသွာ၊ ပေါက်နေကြောင်းကို တွေ့ရ၍။ “ကေန ဧတာနိ၊ အဘယ်သူသည် ဤညောင်ရွက်တို့ကို။ ဧဝံ ကတာနီတိ ပုစ္ဆိ၊ ဤသို့ပေါက်နေအောင် ပြုအပ်ကုန်သနည်း”ဟု မေးပြီ။
“ပီဌသပ္ပိနာ ဒေဝါတိ၊ ငဆွံ့သည်ပါ အရှင်မင်းကြီး”ဟုလျှောက်ထားကြပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။ “ဣမံ နိဿာယ၊ ဤငဆွံ့ကို အမှီပြု၍။ ဗြာဟ္မဏဿ ဝစနုပစ္ဆေဒံ၊ ပုရောဟိတ် ပုဏ္ဏား၏ စကားများမှုပြတ်ခြင်းကို။ ကာတုံ သက္ကာ၊ ပြုခြင်းငှာ တတ်ကောင်းသည်။ ဘဝိဿတီတိ စိန္တေတွာ၊ ဖြစ်လိမ့်မည်”ဟု တွေးတော၍။ “ဘဏေ ပီဌသပ္ပီ၊ အို . အချင်းတို့ ငဆွံ့သည်။ ကဟန္တိ ပုစ္ဆိ၊ ဘယ်မှာနည်း”ဟု မေးပြီ။
ဝိစိနန္တာ မူလန္တရေ၊ ရှာဖွေကြသော် အမြစ်ကြား၌။ နိပန္နံ ဒိသွာ၊ အိပ်နေသည်ကို တွေ့ ရ၍။ “အယံ ဒေဝါတိ အာဟံသု၊ ဤသူပါ အရှင်မင်းကြီး”ဟု လျှောက်ထားကြပြီ။
ရာဇာ န ပက္ကောသာပေတွာ၊ ဗြဟ္မဒတ်မင်းသည် ထိုငဆွံ့ကို ခေါ်စေ၍။ ပရိသံ ဥဿာရေ တွာ၊ ပရိသတ်ကို ဖယ်ရှားစေ၍။ “အမှာကံ သန္တိကေ၊ ငါတို့၏ အထံ၌။ ဧကော၊ တစ်ယောက်သော။ မုခရဗြာဟ္မဏော အတ္ထိ၊ နှုတ်ကြမ်းသော ပုဏ္ဏားသည် ရှိ၏။ တံ နိဿဒ္ဒံ၊ ထိုနှုတ်ကြမ်းသော ပုဏ္ဏားကို အသံမရှိသည်ကို။ ကာတုံ သက္ခိဿသိ ဣတိ၊ ပြုခြင်းငှာ စွမ်းနိုင်အံ့လော”ဟု။ ညိ၊ မေးပြီ။ ဒေဝ၊ အရှင်မင်းမြတ်။
နာဠိမတ္တာ အဇလဏ္ဍိကာ၊ တစ်စလယ်မျှကုန်သော ဆိတ်ချေးတုံးတို့ကို။ လဘန္တော သက္ခိဿာမိ ဣတိ၊ ရသော် စွမ်းနိုင်ပါလိမ့်မည်ဟု လျှောက်ပြီ။
ရာဇာ ပီဌသပ္ပိ၊ ဗြဟ္မဒတ် မင်းသည် ငဆွံ့ကို။ ဃရံ နေကွာ၊ အိမ်တော်သို့ ခေါ်ဆောင်၍။ အန္တော နိသီဒါပေတွာ၊ တင်းတိမ်အတွင်း၌ ထိုင်နေစေ၍။ သာဏိယံ ဆိဒ္ဒံ ကာရေတွာ၊ သာဏိယံ တင်းတိမ်၌ အပေါက်ကို ပြုစေ၍။ ဗြာဟ္မဏဿ ဆိဒ္ဓါဘိမုခံ၊ ပုရောဟိတ်ပုဏ္ဏား အတွက် တင်းတိပ်ပေါက်သို့ ရှေးရှု။ အာသနံ ပညာပေတွာ၊ နေရာကို ခင်းစေ၍။ နာဠိမတ္တာ သုက္ခာ အဇလဏ္ဍိကာ၊ တစ်စလယ်မျှကုန်သော ခြောက်ကုန်သော ဆိတ်ချေးတုံးတို့ကို။ ပီဌသပ္ပိဿ သန္တိကေ၊ ငဆွံ့၏ အထံ၌။ ဌပါပေတွာ= ထားစေ ၍။ ဥပဋ္ဌာနကာလေ အာဂတံ၊ မင်းခစားရာအချိန်၌ ရောက်လာသော။ ဗြာဟ္မဏံ၊ ပုရောဟိတ်ပုဏ္ဏားကို။ တသ္မိံ အာသနေ နိသီဒါပေတွာ၊ ထိုအပေါက်တည့်တည့် နေရာ၌ ထိုင်စေ၍။ ကထံ သမုဋ္ဌာပေသိ၊ စကားကို စပေးပြီ။
ဗြာဟ္မဏော အညေ သံ၊ ပုရောဟိတ်ပုဏ္ဏားသည် အခြားသူတို့အား။ ဩကာသံ အဒတွာ၊ ပြောခွင့်ကို မပေးမူ၍။ ရညာ သဒ္ဓိံ၊ မင်းနှင့်အတူ။ ကထေတုံ အာရဘိ၊ ပြောခြင်းငှာ အားထုတ် ပြီ။
အထ သော ပီဌသပ္ပီ၊ ထိုအခါ ထိုငဆွံ့သည်။ သာဏိစ္ဆိဒ္ဒေန၊ တင်းတိမ်ပေါက် ဖြင့်။ ဧကေကံ အဇလဏ္ဍိကံ၊ တစ်လုံးတစ်လုံးသော ဆိတ်ချေးတုံးကို။ ပစ္ဆိယံ ပဝေသန္တော ဝိယ၊ တောင်းထဲသို့ ဝင်စေဘိသကဲ့သို့ (ထည့်ဘိသကဲ့သို့)။ အဿ တာလုတလမှိယေဝ၊ ထိုပုရောဟိတ်ပုဏ္ဏား၏ အာစောက်အပြင်၌သာ။ ပါတေတိ၊ ကျစေ၏ (ထည့်၏)။ ဗြာဟ္မဏော အာဂတာ ဂတံ၊ ပုရောဟိတ်ပုဏ္ဏားသည် ပါးစပ်ထဲရောက်လာရောက်လာသော ဆိတ်ချေးတုံးကို။ နာဠိယံ တေလံ၊ ဆီပုလင်း ၌ ဆီကို။ ပဝေသန္တော ဝိယ ဂိလတိ၊ ဝင်စေဘိသကဲ့သို့ ထည့်ဘိသကဲ့သို့ မျိုချ၏။ သဗ္ဗာ ပရိက္ခယံ ဂမိံသု၊ ဆိတ်ချေးအားလုံးတို့သည် ကုန်ခြင်းသို့ ရောက်ကုန်ပြီ။
တဿ ကုစ္ဆိ ပဝိဋ္ဌာ၊ ထိုပုရောဟိတ်ပုဏ္ဏား၏ ဝမ်းထဲသို့ ဝင်သွားကုန်သော။ နာဠိ မတ္တာ၊ တစ်စလယ်မျှကုန်သော။ ဧတာ အဇလဏ္ဍိကာ၊ ဤဆိတ်ချေးတုံးတို့သည်။ အာဍ္ဎဠကမတ္တာ အဟေသုံ၊ တစ်ပြည်ထက်ဝက်,တစ်ခွက်မျှရှိကုန်သည် ဖြစ်ကုန်ပြီ။
ရာဇာ တာသံ၊ ဗြဟ္မဒတ်မင်းသည် ထိုဆိတ်ချေးတို့၏။ ပရိက္ခိဏဘာဝံ ဉတွာ၊ ကုန်ပြီးကြောင်းကို သိ၍။
“အာစရိယ တုမှေ၊ အို. . ဆရာကြီး သင်ဆရာကြီးတို့ သည်။ အတိမုခရတာယ၊ အလွန်နှုတ်ကြမ်းကုန်သည့်အဖြစ်ကြောင့်။ နာဠိမတ္တာ အဇလဏ္ဍိကာ၊ တစ်စလယ်မျှကုန်သော ဆိတ်ချေးတုံးတို့ကို။ ဂိလန္တာ ကိဉ္စိ န ဇာနိတ္ထ၊ မျိုကုန်သော်လည်း ဘာကိုမျှ မသိကြ။ ဣဒါနိ ဣတော၊ ယခု ဤတစ် စလယ်ထက်။ ဥတ္တရိ ဇီရာပေကုံ၊ အပိုအလွန်ကို အစာကြေစေခြင်းငှာ။ န သက္ခိဿထ၊ မစွမ်းနိုင်ကုန်လတံ့။
ဂစ္ဆထ၊ သွားပါကုန်။ ပိယင်္ဂုဒကံ ပိဝိတွာ၊ ဥပါသ ကာရွက်ရေကို သောက်၍။ ဆဍ္ဍေတွာ အတ္တာနံ၊ စွန့်ပစ်၍ မိမိကိုယ်ကို။ အရောဂံ ကရောတာတိ အာဟ၊ ရောဂါမရှိသည်ကို ပြုတော်မူကြပါ”ဟု ပြောပြီ။ ဗြာဟ္မ ဏော တတော ပဋ္ဌာယ၊ ပုရောဟိတ်ပုဏ္ဏားသည် ထိုနေ့မှ စ၍။ ပိဟိတမုခေဝိယ ဟုတွာ၊ ပိတ်ထားအပ်သော ပါးစပ်ရှိသကဲ့သို့ ဖြစ်၍။ ကထေန္တေနာပိ သန္တိ၊ လာပြောသူနှင့်သော်မှလည်း အတူ။ အကထနသီလော အဟောသိ၊ ပြောလေ့မရှိ သည် ဖြစ်ပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။ “ဣမိနာ မေ၊ ဤငဆွံ့သည် ငါ့အား။ ကဏ္ဏသုခံ ကတန္တိ၊ နားချမ်းသာမှုကို ပြုအပ်ပါပေပြီ”ဟု တွေး၍။ စတူသု ဒိသာသု၊ လေးခုကုန်သော အရပ်မျက်နှာတို့၌။ သတသဟဿုဋ္ဌာနကေ၊ အခွန်တစ်သိန်း ထွက်ရှိကုန်သော။ စတ္တာရော ဂါမေ၊ လေးခုကုန်သော ရွာတို့ကို။ ပီဌသဿ အဒါသိ၊ ငဆွံ့အား ပေးသနားပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ရာဇာနံ ဥပသင်္ကမိတွာ၊ ဗြဟ္မဒတ်မင်းသို့ ချဉ်းကပ်၍။ “ဒေဝ သိပ္ပံ နာမ လောကေ၊ အရှင် မင်းကြီး အတတ်ပညာမည်သည်ကို လောက၌။ ပဏ္ဍိတေဟိ ဥဂ္ဂဟိတဗ္ဗံ၊ ပညာရှိ တို့သည် သင်ယူထိုက်၏။ ပီဌသမ္ဗိနာ သာလိတ္တကမက္ကေနာပိ၊ ငဆွံ့သည် ခဲပစ် အတတ်မျှဖြင့်လည်း။ အယံ သမ္ပတ္တိ လဒ္ဓါတိ ဝတွာ၊ ဤကြီးကျယ်သော စည်းစိမ်ကို ရအပ်ပါပေပြီ”ဟု လျှောက်ထား၍။
သိပ္ပကံ နာမ၊ အသက်မွေးဝမ်းကြောင်း အတတ်မည်သည်။ အပိ ယာဒိသ ကီဒိသံ၊ မည်ကဲ့သို့သော အတတ်ပညာပင်ဖြစ်စေကာမူ။ သာဓု ခေါ၊ ကောင်း သည်သာတည်း။
ပဿ၊ ရှုတော်မူပါဘုရား။ ခဥပ္ပဟာရေန၊ ခဲပစ် အတတ် တတ်သော ငဆွံ့သည်။ စတုဒ္ဒိသာ၊ အရပ်လေးမျက်နှာ၌ ဖြစ်ကုန်သော။ ဂါမာ လဒ္ဓါ၊ ရွာတို့ကို ဆုလာဘ်အဖြစ်ရရှိအပ်ကုန်ပြီ။
တတ္ထ၊ ထိုဂါထာ၌။ **ပဿ ခဥ္ဇပ္ပဟာရေနာ** တိ၊ ပဿ ခဥပ္ပဟာရေနဟူသည် ကား။ မဟာရာဇ ပဿ၊ အရှင်မင်းမြတ် ရှုတော်မူပါ။ ဣမိနာ ခဉ္စပီဌသပ္ပိနာ၊ ဤခြေခွင်သည့်ငဆွံ့သည်။ အဇလဏ္ဍိကာပဟာရေန၊ ဆိတ်ချေးပစ်ပေးခြင်းဖြင့်။ စတုတ္တိသာ၊ အရပ်လေးမျက်နှာ၌ဖြစ်ကုန်သော။ စတ္တာရော ဂါမာ လဒ္ဓါ၊ ရွာလေးရွာ တို့ကို ဆုလာဘ်အဖြစ်ရအပ်ကုန်ပြီ။ အညေသံ သိပ္ပါနံ၊ ခဲပစ်အတတ်မှ တခြား ကုန်သော အတတ်ပညာတို့၏။ အာနိသံသပရိစ္ဆေဒေါ ကော၊ ကောင်းကျိုးအပိုင်း အခြားကား အဘယ်ဆိုဖွယ်ရာရှိပါအံ့နည်း”။ ဣတိ သိပ္ပဂုဏံ ကထေသိ၊ ဤကဲ့သို့ အတတ်ပညာဂုဏ်ကျေးဇူးကို ပြောဆိုပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ ပီဌသပ္ပီ၊ ထိုအခါက ငဆွံ့သည်။ အယံ ဘိက္ခု အဟောသိ၊ ဤဟင်္သာပစ်ခတ်သတ်ဖြတ်သော ရဟန်းသည် ဖြစ်လာပြီ။ ရာဇာ အာနန္ဒော၊ ဗြဟ္မဒတ်မင်ကား အာနန္ဒာတည်း။ ပဏ္ဍိတာမစ္စော ပန အဟမေဝ အဟောသိန္တိ၊ ပညာရှိအမတ်သည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
သာလိတ္တကဇာတကဝဏ္ဏနာ သတ္တမာ၊ ခုနစ်ခုမြောက်ဖြစ်သော သာလိတ္တကဇာတ်အဖွင့်တည်း။
**သိက္ခေယျ သိက္ခိတဗ္ဗာနီ** တိ ဣဒံ၊ သိက္ခေယျ သိက္ခိတဗ္ဗာနိအစရှိသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဝေသာလိံ ဥပနိဿာယ၊ ဘုရားရှင်သည် ဝေသာလီမြို့ကို အမှီပြု၍။ မဟာဝနေ၊ မဟာဝုန်တော၌။ ကူဋာဂါရသာလာယံ ဝိဟရန္တော၊ စုလစ်မွန်းချွန်အထွဋ်တပ်သော ဇရပ်ကျောင်း၌ နေတော်မူစဉ်။ ဧကံ လိစ္ဆဝိံ၊ တစ်ယောက်သော လိစ္ဆဝီမင်းကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
သန္ဓေါ ပသန္နော၊ ကံကံ၏ အကျိုးကို ယုံကြည်သော ရတနာ သုံးပါးကြည်ညိုသော။ သော လိစ္ဆဝိရာဇာ၊ ထိုလိစ္ဆဝီမင်းသည်။ ဗုဒ္ဓပ္ပမုခံ ဘိက္ခုသံယံ နိမန္တေတွာ၊ ဘုရားအမှူးရှိသော ရဟန်းသံဃာကို ပင့်ဖိတ်၍။ အတ္တနော နိဝေသနေ၊ မိမိ၏ အိမ်တော်၌။ မဟာဒါနံ ပဝတ္တေသိ၊ အလှူကြီးကို ဖြစ်စေပြီ။
အဿ ဘရိယာ ပန၊ ထိုလိစ္ဆဝီမင်း၏ မယားသည်ကား။ ထူလင်္ဂပစ္စင်္ဂါ၊ ဝဖြိုးသော အင်္ဂါကြီးငယ်ရှိသည်။ ဥဒ္ဓုမာတကနိမိတ္တသဒိသာ၊ ဖူးဖူးရောင်သော အသေကောင် နိမိတ်နှင့်တူသည်။ အနာကပ္ပသမ္ပန္နာ၊ အသွင်အပြင်မပြည့်စုံသည်။ အဟောသိ ကိရ၊ ဖြစ်ပြီတဲ့။
သတ္ထာ ဘတ္တကိစ္စာဝသာနေ၊ ဘဘုရားရှင်သည် ဆွမ်းကိစ္စအဆုံး၌။ အနုမောဒနံ ကတွာ၊ အနုမောဒနာတရားဟောခြင်းကို ပြု၍။ ဝိဟာရံ ဂန္တွာ၊ ကျောင်းတော်သို့ သွား၍။ ဘိက္ခူနံ ဩဝါဒံ ဒတွာ၊ ရဟန်းတို့အား ဩဝါဒကို ပေးတော်မူ၍။ ဂန္ဓကုဋိံ ပါဝိသိ၊ ဂန္ဓကုဋိသို့ ဝင်တော်မူပြီ။
ဘိက္ခူ ဓမ္မသဘာယံ၊ ရဟန်းတို့သည် တရားသဘင်၌။ “အာဝုသော တာဝ အဘိရူပဿ၊ အို. . ငါ့ရှင်တို့ သို့ကလောက် အဆင်လှသော။ တဿ လိစ္ဆဝိရညော နာမ၊ ထိုလိစ္ဆဝီမင်းမည် သည်၏။ တာဒိသာ ဘရိယာ၊ ထိုကဲ့သို့ ရှူအပ်သော မယားသည်။ ထူလင်္ဂပစ္စင်္ဂါ၊ ဖြိုးသော အင်္ဂါကြီးငယ်ရှိ၏။ အနာကပ္ပသမ္ဗန္နာ၊ အသွင်အပြင်နှင့် မပြည့်စုံ။ ကထံ သော တာယ၊ အဘယ်သို့လျှင် ထိုလိစ္ဆဝီမင်းသည် ထိုမယားနှင့်။ သဒ္ဓိံ အဘိရမတီ၊ အတူ ပျော်မွေ့သနည်း”ဟု။ ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။ “ဘိက္ခဝေ ဧတရဟိ၊ အို ရဟန်းတို့ ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ၊ ဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။ အတ္ထနုတိ ပုဗ္ဘိတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော် မူ၍။ “ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါ”ဟု လျှောက်ထားအပ် သော်။ “ဘိက္ခဝေ ဧသော၊ အို. . ရဟန်းတို့ ဤလိစ္ဆဝီမင်းသည်။ ဣဒါနေဝ န၊ ယခုအခါ၌သာ မဟုတ်သေး။ ပုဗ္ဗေ ထူလသရီရာယ ဧဝ၊ ရှေးကလည်း ဝဖြိုးသော ကိုယ်ရှိသည်သာဖြစ်သော။ ဣတ္ထိယာ သဒ္ဓိံ၊ အိမ်ရှင်မနှင့် အတူ။ အဘိရမီတိ ဝတွာ၊ မွေ့လျော်ဖူးပြီ”ဟု မိန့်တော်မူ၍။ တေဟိ ယာစိတော၊ ထိုရဟန်းတို့သည် တောင်းပန်အပ်ရကား။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ တဿ အမစ္စော အဟောသိ၊ ထိုဗြဟ္မဒတ်မင်း၏ အမတ် သည် ဖြစ်ပြီ။
အထ ဧကာ ထူလသရီရာ၊ ထိုအခါ တစ်ယောက်သော ဆူဖြိုးသော ကိုယ်ရှိသော။ အနာကပ္ပသမ္မန္နာ ဇနပဒိတ္ထီ၊ အသွင်အပြင်မကောင်းသော ဇနပုဒ်နေ အမျိုးသမီးသည်။ ဘတိံ ကုရုမာနာ၊ လက်ခစားအလုပ်ကို ပြုလုပ်၍။ ရာဇင်္ဂ ဏဿ အဝိရေန ဂစ္ဆမာနာ၊ နန်းရင်ပြင်၏ မနီးမဝေးမှ သွားသော်။ သရီရဝဠဉ္စပီဠိတာ၊ ကိုယ်လက်အညစ်အကြေး နှိပ်စက်အပ်သည် ဖြစ်၍။ နိဝတ္ထ သာဋကေန သရီရံ၊ ခါးဝတ်ဖြင့် ကိုယ်ကို။ ပဋိစ္ဆာဒေတွာ နိသီဒိတွာ၊ ဖုံးလွှမ်း၍ ထိုင်၍။ သရီရဝဠဉ္ဇမုဉ္ဇိတွာ၊ ကိုယ်လက်အညစ်အကြေးကို စွန့်လွှတ်ပြီး။ ခိပ္ပမေ၀ ဥဋ္ဌာသိ၊ လျင်စွာသာ ထပြီ။
ကသ္မိံ ခဏေ ဗာရာဏသိရာဇာ၊ ထိုအခိုက်၌ ဗာရာဏသီမင်းသည်။ ဝါတပါနေနေ၊ ပြူတင်းပေါက်ဖြင့်။ ရာဇင်္ဂဏံ ဩလောကေန္တော၊ မင်းရင်ပြင်ကို ကြည့်သော်။ တံ ဒိသွာ၊ ထိုဇနပုဒ်သူမကို တွေ့၍။ “အဟံ ဧဝရူပေ အင်္ဂဏဌာနေ၊ ဤအမျိုးသမီးသည် ဤသို့သဘောရှိသော ကွင်းပြင်ဌာန ၌။ သရီရဝလဠဉ္စံ မုဉ္စမာနာ၊ ကိုယ်လက်အညစ်အကြေးကို စွန့်လွှတ်သော်။ ဟိရော တ္တပ္ပံ အပ္ပဟာယ၊ အရှက်အကြောက်ကို မစွန့်မူ၍။ နိဝါသနေနေဝ၊ ခါးဝတ်ဖြင့်ပင်။ ပဋိစ္ဆန္နာ ဟုတွာ၊ ဖုံးလွှမ်းအပ်သည် ဖြစ်၍။ သရီရဝဠဉ္စံ မောစေတွာ၊ ကိုယ်လက် အညစ်အကြေးကို လွတ်စေပြီး၍ စွန့်ပြီး၍။ ခိပ္ပံ ဥဋ္ဌိတာ၊ လျင်စွာ ထပြီ။ ဣမာယ၊ ဤသူမသည် ရောဂါကင်းသူမသည်။ သ ဝိတဗ္ဗံ၊ ဖြစ်လောက်၏။ ဧတိဿာ ဝတ္ထု၊ ဤအမျိုးသမီး၏ သားသမီးတို့နေရာ သားအိမ်သည်။ ဝိသဒံ ဘဝိဿတိ၊ စင်ကြယ်သည် ဖြစ်လိမ့်မည်။ ပန ဝိသဒေ ဝတ္ထုသ္မိံ၊ ဆက်တွေးရသော် စင်ကြယ်သော သားအိမ်၌။ လဗ္ဘမာနော ဧကော ပုတ္တော၊ ရရှိအပ်သော တစ်ယောက်သော သားသည်။ ဝိသဒေါ ပုညဝါ ဘဝိဿတိ၊ စင်ကြယ်သူသည် ဘုန်းကံရှိသူသည် ဖြစ်လတံ့။ ဣမံ မယာ၊ ဤအမျိုးသမီးကို ငါသည်။ အဂ္ဂမဟေသီ ကာတုံမြင့်မြတ်သော မိဖုရားကို ပြုခြင်းငှါ။ ဝတီတိ စိန္တေသိ၊ သင့်၏”ဟု တွေးမိပြီ။
သော တဿာ၊ ထိုဗြဟ္မဒတ်မင်းသည် ထိုဇနပုဒ်သူမ၏။ အပရိဂ္ဂဟိတဘာဝံ၊ သိမ်းပိုက်အပ်ပြီးသူ မဟုတ်ကြောင်းကို။ ဉတွာ အာဟရာပေတွာ၊ သိ၍ ဆောင် ယူစေပြီး၍။ အဂ္ဂမဟေသိဋ္ဌာနံ အဒါသိ၊ မိဖုရားကြီးရာထူးကို ပေးပြီ။
သာ တဿ၊ ထိုမိဖုရားကြီးသည် ထိုဗြဟ္မဒတ်မင်း၏။ ပိယာ မနာပါ အဟောသိ၊ အချစ်ခံရသည် အနှစ်သက်ခံရသည် ဖြစ်ပြီ။ ဧကံ ပုတ္တံ၊ တစ်ယောက်သော သားကို။ န စိရဿဝ ဝိဇာယိ၊ မကြာမီ၌ပင် ဖွားမြင်ပြီ။
အဿာ သော ပန ပုတ္တော၊ ထိုမိဖုရားကြီး၏ ထိုသားတော်သည်ကား။ စက္ကဝတ္တီ ရာဇာ အဟောသိ၊ စကြာရတနာကိုလည်စေ တတ်သော စကြာဝတေးမင်းသည် ဖြစ်ပြီ။
တဿာ သမ္ပတ္တိံ၊ ထိုမိဖုရားကြီး၏ စည်းစိမ်ကို။ ဗောဓိသတ္တော ဒိသွာ၊ ဘုရား လောင်းသည် တွေ့မြင်၍။ တထာရူပံ၊ ထိုသို့သဘောရှိသော။ ဝစနောကာသံ လဘိတွာ= ပြောရေးဆိုခွင့်ကို ရ၍။ “ဒေဝ သိက္ခိတဗ္ဗယုတ္တကံ၊ အို. အရှင်မင်းမြတ် သင်ထိုက်သည်နှင့် စပ်ယှဉ်သော။ သိပ္ပံ နာမ၊ အတတ်ပညာမည်သည်ကို။ ကသ္မာ န သိက္ခိတဗ္္ဗံ အဘယ်ကြောင့် မသင်ယူထိုက်ဘဲ ရှိပါအံ့နည်း။ ဟိ ယတြ နာမ အယံ မဟာပုညာ၊ မှန်လှ၏ ယင်းဘုန်းကံကြီးမားလှသော ဤအရှင်မိဖုရားကြီး သည်။ ဟိရောတ္တပ္ပံ အပ္ပဟာယ၊ အရှက် အကြောက်ကို မစွန့်မူ၍။ ပဋိစ္ဆန္နာကာရေန၊ ဖုံးလွှမ်းအပ်သော အခြင်းအရာဖြင့်။ သရီရဝဠဉ္ဇံ ကုရုမာနာ၊ ကိုယ် လက်အညစ်အကြေးကို ပြု၍။ တုမှေ အာရာဓေတွာ၊ အရှင်မင်းကြီးတို့ကို ကျစေ၍။ ဧဝဏံ သမ္ပတ္တိံ၊ ဤသို့ သဘောရှိသော စည်းစိမ်ကို။ ပတ္တာတိ ဝတွာ၊ ရရှိ ၏”ဟု လျှောက်ထားပြီး၍။ သိက္ခိတဗ္ဗယုတ္တကာနံ သိပ္ပါနံ၊ သင်ထိုက်သည်နှင့် စပ်ယှဉ် ကုန်သော အတတ်ပညာတို့၏။ ဝဏ္ဏ ကထေန္တော၊ ဂုဏ်ကျေးဇူးကို ပြောလိုရကား။
သိက္ခိတဗ္ဗာနိ သိက္ခေယျ၊ သင်ထိုက်သော အတတ်ပညာတို့ကို သင်ယူရာ ၏။ သန္ဒိနော ဇနာ သန္တိ၊ တူသော ဆန္ဒရှိကုန်သော လူတို့သည် ရှိကုန်၏။
ဟိ ဗာဟိယာ သုဟန္နေန၊ မှန်လှ၏ နန်းပြင်မှာ ဖွားမိဖုရားကြီးသည် မစင်စွန့် ဟိ ကောင်းသဖြင့်။ ရာဇာနံ အဘိရာဓယိ၊ မင်းတရားကို နှစ်သက်အားရစေပြီ။
တတ္၊ ထထိုဂါထာ၌။ **သန္တိ သစ္ဆိန္ဒိနော ဇနာ** တိ၊ သန္တိ သစ္ဆိန္ဒိနော ဇနာဟူသည် ကား။ တေသု တေသု သိန္ဓေသု၊ ထိုထိုအတတ်ပညာတို့၌။ သစ္ဆန္ဒာ ဇနာ အတ္ထိ ယေဝ၊ တူသော ဆန္ဒရှိကုန်သော လူတို့သည် ရှိကုန်သည်သာ။
**ဗာဟိယာ** တိ၊ ဗာဟိယာ ဟူသည်ကား။ ဗဟိဇနပဒေ ဇာတာ၊ နန်းပြင်ပ,ဇနပုဒ်၌ မွေးဖွားသော။ သံဝဍ္ဎာ ဣတ္ထီ၊ ကြီးလာသော မိဖုရားကြီးတည်း။
**သုဟဇ္ဇေနာ** တိ၊ သုဟန္နေနဟူ သည်ကား။ ဟိရောတ္တပ္ပံ အပ္ပဟာယ၊ အရှက်အကြောက်ကို မစွန့်မူ၍။ ပဋိစ္ဆန္နေန အာကာရေန၊ ဖုံးလွှမ်းအပ်သော အခြင်းအရာဖြင့်။ ဟန္န သုဟန္နံ နာမ၊ ကျင်ကြီး စွန့်ခြင်းသည် ကောင်းစွာကျင်ကြီးစွန့်ခြင်းမည်၏။ တေန သုဟန္နေန၊ ထိုကျင်ကြီး စွန့်,ကောင်းသဖြင့်တည်း။
**ရာဇာနမဘိရာဓယီ** တိ၊ ရာဇာနမဘိရာဓယိဟူသည် ကား။ ဒေဝံ အဘိရာဓယိတွာ၊ အရှင်မင်းတရားကို နှစ်သက်အားရစေပြီး၍။ ဣမံ သမ္ပတ္တိံ ပတ္တာ ဣတိ၊ ဤစည်းစိမ်ကို ရရှိပြီတည်း ဤကား ဂါထာဖွင့် အပြီးတည်း။
ဧဝံ မဟာသတ္တော၊ ဤသို့ ဘုရားလောင်းသည်။ သိက္ခိတဗ္ဗယုတ္တကာနံ၊ သင်ထိုက် သည်နှင့် စပ်ယှဉ်ကုန်သော။ သိပ္ပါနံ ဂုဏံ ကထေသိ၊ အတတ်ပညာတို့၏ ဂုဏ်ကျေးဇူးကို ပြောဆိုပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ ဇယမ္ပတိကာ၊ ထိုရှေးအခါက မယားလင်တို့ သည်။ ဧတရဟိပိ ဇယမ္ပတိကာဝ၊ ယခု ဘုရားလက်ထက်တော်ကာလ၌လည်း လင်တို့ပင်တည်း။ ပဏ္ဍိတာမစ္စော ပန၊ ပညာရှိအမတ်သည်ကား။ အဟ မေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်တော်ကို ပေါင်းတော်မူပြီ။
ဗာဟိယဇာတကဝဏ္ဏနာ အဌမာ၊ ရှစ်ခုမြောက်ဖြစ်သောဗာဟိယဇာတ်အဖွင့်တည်း။
**ယထန္နော ပုရိသော ဟောတီ** တိ ဣဒံ၊ ယထန္နော ပုရိသော ဟောတိ စသော ဤတရားဒေသနာတော်ကို။ သတ္ထာ သာဝတ္ထိယံ ဝိဟရန္တော၊ ဘုရားရှင်သည် သာဝတ္ထိမြို့၌ နေတော်မူစဉ်။ မဟာဒုဂ္ဂတံ အာရဗ္ဘ ကထေသိ၊ ဆင်းရဲသားကြီးကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ သာဝတ္ထိယံ၊ ချဲ့ပြောရသော် သာဝတ္ထိမြို့၌။ ကဒါစိ ဧကမေဝ ကုလံ၊ တစ်ခါတစ်ရံ၌ ဆွေမျိုးတစ်စုသည်သာ။ ဗုဒ္ဓပ္ပမုခဿ ဘိက္ခုသံဃဿ၊ ဘုရားအမှူးရှိသော ရဟန်းသံဃာအား။ ဒါနံ ဒေတိ၊ အလှူကို ပေးလှူ၏။ ကဒါစိ တီဏိ စတ္တာရိ၊ တစ်ရံတစ်ခါ၌ ဆွေမျိုးသုံး,လေးစုတို့သည်။ ဧကတော ဟုတွာ၊ တစ်ပေါင်းတည်း ဖြစ်ကြ၍လည်းကောင်း။ ကဒါစိ ဂဏဗန္ဓ နေန၊ တစ်ရံတစ်ခါ၌ အုပ်စုဖွဲ့သဖြင့်လည်းကောင်း။ ကဒါစိ ဝီထိသဘာဂေန၊ တစ်ရံ တစ်ခါ၌ လမ်းသဘာဂဖြစ်သောအားဖြင်လည်းကောင်း။ ကဒါစိ သကလနဂရံ၊ တစ်ရံတစ်ခါ၌ တစ်မြို့လုံးသည်။ ဆန္ဒကံ သံဟရိတွာ၊ ဆန္ဒတူရာကို ကောင်းစွာ ဆောင်ယူပေါင်းစု၍လည်းကောင်း။ (ဒါနံ ဒေတိ၊ အလှူကို ပေးလှူ၏)။
တဒါ ပန၊ ထိုအခါ၌ကား။ ဝီထိသတ္တံ နာမ အဟောသိ၊ လမ်းအလိုက်ဖွဲ့လှူသော ဆွမ်းမည် သည် ဖြစ်ပြီ။
အထ မနုဿာ၊ ထိုအခါ လူတို့သည်။ ဗုဒ္ဓပ္ပမုခဿ ဘိက္ခုသင်္ယ ဿ၊ ဘုရားအမှူးရှိသော ရဟန်းအပေါင်းအား။ ယာဂုံ ဒတွာ၊ ယာဂုကို ကပ်လှူပြီး၍။ ခဇ္ဇကံ အာဟရထာတိ၊ ခဲဖွယ်ကို ဆောင်ယူခဲ့ကြဟု။ အာဟံသု၊ ပြောကုန်ပြီ။
တဒါ ပန တဿံ ဝီထိယံ ဝသမာနော၊ လမ်းအလိုက်ဖွဲ့ ဆွမ်းကျွေးကြရာ ထိုအခါ၌ကား ထိုလမ်း၌ နေသော။ ပရေသံ ဘတိကာရကော၊ သူတစ်ပါးတို့၏ အလုပ်ပြုလုပ်သော။ ဧကော ဒုဂ္ဂတမနုသော၊ တစ်ယောက်သော ဆင်းရဲသား လူသည်။ “အဟံ ယာဂုံ၊ ငါသည် ယာဂုကို။ ဒါတုံ န သက္ခိဿာမိ၊ ပေးလှူခြင်းငှာ မစွမ်းနိုင်လတံ့။ ခဇ္ဇကံ ပန ဒဿာမီတိ စိန္တေသိ၊ မုံ့ခဲဖွယ်ကိုကား လှူမည်'ဟု တွေးထားပြီ။ ဣတိ၊ ဤသို့ တွေးပြီး၍။ သဏှသထုံ၊ နူးညံ့သည်တက်နူညံ့စွာ။ ကုဏ္ဍကံ ဝနာပေတွာ၊ ဆန်ကျိုးဆန်ကွဲကို တိုးပွါးစေ၍။ ဥဒကေန တေမေတ္တာ၊ ရေဖြင့် ဆွတ်၍။ အက္ကပဏ္ဏေန ဝေရွှေတွာ၊ မရိုးရွက်ဖြင့် ရစ်ပတ်၍ ထုတ်၍။ ကုက္ကုဠေ ပစိတ္တာ၊ ပြာပူ၌ အုံး၍ (ဖုတ်၍)။ “ဣဒံ ဗုဒ္ဓဿ ဒဿာမီတိ၊ ဤခဲ့ဖွယ်ကို ဘုရားရှင်အား လှူအံ့”ဟုတွေး၍။ တံ အာဒါယ ဂန္တွာ၊ ထိုမုံ့မဲဖွယ်ကို ယူ၍ သွား၍။ သတ္ထု သန္တိကေ ဌိတော၊ ဘုရားရှင်၏ အနီး၌ တည်နေလျက်။ “ခဇ္ဇကံ အာဟရ လာတိ၊ မုံ့ခဲဖွယ်ကို ဆောင်ယူခဲ့ကြ”ဟု။ ဧကသ္မိံ ဝစနေ ဝုတ္တမတွေ၊ တစ်ခွန်းသော စကားကို ဆိုအပ်ခါမျှဖြစ်သော်။ သဗ္ဗပဌမံ ဂန္တွာ၊ အားလုံးတို့ထက် ရှေးဦးစွာ သွား ၍။ တံ ပူဝံ သတ္ထု၊ ထိုမုံ့ခဲဖွယ်ကို ဘုရားရှင်၏။ ပတ္တေ ပတိဋ္ဌာပေသိ၊ သပိတ်၌ တည်စေပြီ (လောင်းထည့်ပြီ)။ သတ္ထာ အဝညဟိ ဒီယာနံ၊ ဘုရားရှင်သည် အခြား လူတို့က ပေးလှူအပ်သော်။ ခဇ္ဇကံ အဂ္ဂဟေတွာ၊ မုံ့ခဲဖွယ်ကို အလှူမခံမူ၍။ တမေဝ ပူဝခဇ္ဇကံ ပရိဘုဉ္ဇိ၊ ဆင်းရဲသားကြီးပေးလှူအပ်သည့် ထိုမုံ့ခဲဖွယ်ကိုသာ ဘုန်းပေးတော်မူပြီ။
ပန တသ္မိံယေဝ ခဏေ၊ ထူးခြားသည်ကား ထိုခဏ၌ပင်။ “သမ္မာသမ္ဗုဒ္ဓေန မဟာဒုဂ္ဂတဿ၊ ဘုရားရှင်သည် ဆင်းရဲသားကြီး၏။ ကုဏ္ဍကခဇ္ဇကံ အဇိဂုစ္ဆေတွာ၊ ဆန်ကွဲဖြင့် ပြုလုပ်အပ်သော ခဲဖွယ်ကို မရွံမရှာ။ အမတံ ၀ိယ ပရိဘုတ္တံ ကိရဣတိ၊ အမြိုက်သုဓာကဲ့သို့ ဘုန်းပေးအပ်ပြီတဲ့”ဟု။ သကလနဂရံ ဧကကောလာဟလ အဟောသိ၊ သာဝတ္ထိတစ်မြို့လုံးသည် တစ်ခါတည်းအုတ်အုတ်ကျက်ကျက်သည် ဖြစ်သွားပြီ။
ရာဇရာဇမဟာမတ္တာဒယော၊ မင်း, မင်းအမတ်ကြီးအစရှိကုန်သော။ အန္တမသော ဒေါဝါရိက၊ အောက်ထစ်ဆုံးအားဖြင့် တံခါးမှူးတို့ကို။ ဥပါဒါယ သဗ္ဗေဝ၊ အစပြု၍ လူအားလုံးတို့သည်ပင်။ သန္နိပတိတွာ သတ္ထာရံ ဝန္ဒိတွာ၊ ကောင်းစွာကျရောက်စုဝေးကြ၍ ဘုရားရှင်ကို ရှိခိုး၍။ မဟာဒုဂ္ဂတံ ဥပသင်္ကမိတွာ၊ ဆင်းရဲသားကြီးသို့ ချဉ်းကပ်၍။ “ဘော ဟန္န၊ အို. . အချင်း ယခု။ သတံ ဂဟေတွာ၊ တစ်ရာကို ယူ၍။ ဒွေသတာနိ ဂဟေတွာ၊ နှစ်ရာတို့ကို ယူ၍။ ပဉ္စသတာနိ ဂဟေတွာ၊ ငါးရာတို့ကို ယူ၍။ အမှာကံ ပတ္တံ၊ ငါတို့အား ကုသိုလ်အဖို့ကို။ ဒေဟီတိ ဝဒိံသု၊ ဝေမျှပေးပါ”ဟု ပြောကြပြီ။
သော၊ ထိုဆင်ရဲသားကြီးသည်။ “သတ္ထာရံ ပဋိပုစ္ဆိတွာ၊ ဘုရားရှင်ကို မေးမြန်းလျှောက်ထား၍။ ဇာနိဿာမီတိ၊ သိရပါလိမ့် မည်”ဟုပြော၍။ သတ္ထု သန္တိကံ ဂန္တွာ၊ ဘုရားရှင်၏ အထံတော်သို့ သွား၍။ တမတ္တံ အာရောစေသိ၊ ထိုအကြောင်းကို လျှောက်ထားပြီ။
သတ္ထာ၊ ဘုရားရှင် သည်။ “ဓနံ ဂဟေတွာ ဝါ၊ ပေးသော ပစ္စည်းကို ယူ၍သော်လည်းကောင်း။ အဂ္ဂဟေတွာ ဝါ၊ မယူမူ၍သော်လည်းကောင်း။ သဗ္ဗသတ္တာနံ ပတ္တိ၊ သတ္တဝါအားလုံးတို့အား ကုသိုလ်အဖို့ကို။ ဒေဟီတိ အာဟ၊ မျှဝေပေးလော့”ဟု မိန့်တော်မူပြီ။
သော ဓနံ ဂဟေတုံ၊ ထိုဆင်းရဲသားကြီးသည် ပစ္စည်းကို ယူခြင်းငှာ။ အာရဘိ၊ အားထုတ်ပြီ။
မနုဿာ၊ လူတို့သည်။ ဒိဂုဏစတုဂ္ဂဏအဋ္ဌဂုဏာဒိဝသေန၊ နှစ်ဆ လေးဆ ရှစ်ဆ စသည်တို့အစွမ်းဖြင့်။ ဒဒန္တာ၊ ပေးကြကုန်လျက်။ နဝ ဟိရညကောဋိယော အဒံသု၊ ငွေကိုးကုဋေတို့ကို ပေးကြပြီ။
သတ္ထာ အနုမောဒနံ ကတွာ၊ ဘုရားရှင်သည် အနု မောဒနာတရားဟောခြင်းကို ပြုတော်မူ၍။ ဝိဟာရံ ဂန္တွာ၊ ကျောင်းတော်သို့ ကြွ တော်မူ၍။ ဘိက္ခုဟိ ဝတ္တေ ဒဿိတေ၊ ရဟန်းတို့သည် ပြုနေကြဝတ္တရားကို ပြအပ် ပြီးသော်။ သုဂတောဝဒံ ဒတွာ၊ ဘုရားရှင်တို့ဩဝါဒကို ပေးတော်မူပြီး၍။ ဂန္ဓကုံ ပါဝိသိ၊ ဂန္ဓကုဋီသို့ ဝင်တော်မူပြီ။
ရာဇာ သာယနှသမယေ၊ ပသေနဒီကောသလ မင်းသည် ညနေချမ်းအခါ၌။ မဟာဒုဂ္ဂတံ ပက္ကောသာပေတွာ၊ ဆင်းရဲသားကြီးကို ခေါ်စေ၍။ သေဋ္ဌိဋ္ဌာနေန ပူဇေသိသူဌေးရာထူးဖြင့် ပူဇော်ပြီ။
ဘိက္ခု ဓမ္မသဘာယံ၊ ရဟန်းတို့သည် တရားသဘင်၌။ “အာဝုသော သတ္ထာ၊ အို. . ငါ့ရှင်တို့ ဘုရားရှင်သည်။ မဟာဒုဂ္ဂတေန ဒိန္နံ၊ ဆင်းရဲသားကြီးသည် ပေးလှူ အပ်သော။ ကုဏ္ဍကပူဝံ အဇိဂုစ္ဆန္တော၊ ဆန်ကွဲ မုံ့ခဲဖွယ်ကို မရွံမရှာ။ အမတံ ဝိယ ပရိဘုဉ္ဇိ၊ အမြိုက်သုဓာကဲ့သို့ ဘုဉ်းပေးပြီ။ မဟာဒုဂ္ဂတောပိ ဗဟုဓနဉ္စ၊ ဆင်းရဲသား ကြီးသည်လည်း များစွာသော ဥစ္စာကိုလည်းကောင်း။ သေဋ္ဌိဋ္ဌာနဉ္စ လဘိတွာ၊ သူဌေးရာထူးကိုလည်းကောင်း ရပြီး၍။ မဟာသမ္ပတ္ံ ပတ္တောတိ၊ ကြီးစွာသော စည်းစိမ်ကို ရရှိပြီ”ဟု။ ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကြပြီ။
သတ္ထာ အာဂန္တွာ၊ ရှင်တော်ဘုရားသည် ကြွလာတော်မူ၍။ “ဘိက္ခဝေ ဧတရဟိ၊ အို . ရဟန်းတို့ ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင် နေကြသည်။ အတ္ထ နုတိ ပုဗ္ဘိတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော် မူ၍။ “ဣမာယ နာမာတိ ဝုတ္တေ၊ ဤ မည်သော စကားဖြင့်ပါ”ဟု လျှောက်ထား အပ်သော်။ “ဘိက္ခဝေ ဣဒါနေဝ၊ အို. . ရဟန်းတို့ ယခုအခါ၌သာ။ မယာ န္တေန၊ ငါဘုရားသည် မရွံမရှာ။ တဿ ကုဏ္ဍကပူဝေါ၊ ထိုဆင်းရဲသားကြီး၏ ဆန်ကွဲ မုံ့ခဲဖွယ်ကို။ န ပရိဘုတ္တော၊ သုံးဆောင်တော်မူအပ်သည် မဟုတ်သေး။ ပုဗ္ဗေ ရုက္ခဒေဝတာယ၊ ရှေးကလည်း ရုက္ခစိုးနတ်အဖြစ်ဖြင့်။ ဟုတွာ ပရိဘုတ္တောယေဝ၊ ဖြစ်ပြီး၍ သုံးဆောင်အပ်ဖူးသည်သာ။ တဒါပိ စ ဧသော၊ ထိုအခါကလည်း ဤဆင်း ရဲသားကြီးသည်။ မံ နိဿာယ သေဋ္ဌိဋ္ဌာနံ၊ ငါဘုရားကို အမှီပြု၍ သူဌေးရာထူး ကို။ အလတ္ထဝါတိ ဝတွာ၊ ရဖူးသည်သာ”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဧကသ္မိံ ဌာနေ ဧရဏ္ဍရုက္ခေ၊ တစ်ခုသော ဌာန၌ ကြက်ဆူ ပင်၌။ ရုက္ခဒေဝတာ ဟုတွာ နိဗ္ဗတ္တိ၊ ရုက္ခစိုးနတ်၏အဖြစ်ဖြင့် ဖြစ်ပြီ။
တဒါ တသ္မိံ ဂါမကေ မနုဿာ၊ ထိုအခါက ထိုရွာငယ်၌ လူတို့သည်။ ဒေဝတာမင်္ဂလိကာ ဟောန္တိ၊ နတ်ကိုးကွယ်လျှင် မင်္ဂလာရှိ၏ဟုအယူရှိကုန်သည် ဖြစ်ကုန်၏။
အထ ဧကသ္မိံ ဆဏေ သမ္ပတ္တေ၊ ထိုအခါ တစ်ခုသော ပွဲသဘင်သည် ရောက်လတ်သေ် ။ မနုဿာ အတ္တနော အတ္တနော၊ လူတို့သည် မိမိ၏ မိမိ၏။ ရုက္ခဒေဝတာနံ ဗလိကမ္မံ အကံသု၊ ကိုးကွယ်ရာရုက္ခစိုးနတ်တို့အား ပူဇော်မှုကို ပြုကြပြီ။
အထ ဧကော ဒုဂ္ဂတမနုဿာ၊ ထိုအခါ တစ်ယောက်သော လူဆင်းရဲသည်။ တေ မနုဿ ရုက္ခဒေဝတာ၊ ထိုလူတို့ကို ရုက္ခစိုးနတ်တို့ကို။ ပဋိဇဂ္ဂန္တေ ဒိသွာ၊ လုပ်ကျွေး ပူဇော်နေသည်တို့ကို တွေ့ရ၍။ ဧကံ ဧရဏ္ဍရုက္ခံ ပဋိဇဂ္ဂိ၊ တစ်ခုသော ကြက်ဆူပင် ကို လုပ်ကျွေးပူဇော်ပြီ။
တေ မနုဿာ အတ္တနော အတ္တနော၊ ထိုလူတို့သည် မိမိ၏ မိမိ၏။ ဒေဝတာနံ နာနပ္ပကာရာနိ၊ ပူဇော်ရာနတ်တို့အတွက် အထူးထူး အပြားပြား ကုန်သော။ မာလာဂန္ဓဝိလေပနာနိစေ၀၊ ပန်းနံ့သာ နံ့သာပြောင်းစသည်တို့ကို လည်းကောင်း။ ခဇ္ဇဘောဇ္ဇာနိ စ၊ ခဲဖွယ် စားဖွယ်တို့ကိုလည်းကောင်း။ အာဒါယ ဂစ္ဆိံသု၊ ယူ၍ သွားကုန်ပြီ။
သော ပန ကုဏ္ဍကပူဝဉ္ဇဝ၊ ထိုလူဆင်းရဲသည်ကား ဆန်ကွဲမုံ့ကိုလည်းကောင်း။ ဥဠုင်္ကေန ဥဒကံ စ၊ ရေမှုတ်ဖြင့် ရေကိုလည်းကောင်း။ အာဒါယ ဂန္တွာ၊ ယူ၍ သွား၍။ ဧရဏ္ဍရုက္ခဿ အဝိဒူရေ ဌတွာ၊ ကြက်ဆူပင်၏ ဒီပတာ နာမနတ်တို့မည်သည်။ ဒိဗ္ဗခဇ္ဇကာနိ ခါဒန္တိ၊ နတ်ခဲဖွယ်တို့ကို စားကြကုန်၏။ မယုံ ဒေဝတာ၊ ငါ၏ ကိုးကွယ်ရာနတ်သည်။ မယုံ ဣမံ ကုဏ္ဍကပူဝံ၊ ငါ၏ ဤဆန်ကွဲမုံ့ကို။ န ခါဒိဿတိ၊ စားလိမ့်မည်မဟုတ်။ ဣမံ အကာရဏေန၊ ဤဆန်ကွဲမုံ့ကို အကြောင်းမဲ့ဖြင့်။ ကိံ နာသေမိ၊ အဘယ်ကြောင့် ပျက်စီးစေရအံ့နည်း။ အဟမေဝ နံ၊ ငါသည်ပင် ထိုဆန်ကွဲမုံ့ကို။ ခါဒိဿာမီတိ၊ စားမည်”ဟုတွေး၍။ တတောဝ နိဝတ္တိ၊ ထိုနေရာမှပင် ဆုတ်နစ်ပြီ။
ဗောဓိသတ္တော ခန္ဓပိဋပေ ဌတွာ၊ ဘုရားလောင်းရုက္ခစိုးသည် ကြက်ဆူပင်ခွကြား၌ ရပ်၍။ “ဘော ပုရိသ တွံ၊ အို. . ယောက်ျား သင်သည်။ ဣဿရော သစေ ဘဝေယျာသိ၊ အစိုးရ သူသည် အကယ်၍ ဖြစ်အံ့။ မယှံ မဓုရခဇ္ဇကံ၊ ငါ့အား ချိုမြိန်သော အရသာရှိသော ခဲဖွယ်ကို။ ဒဒေယျာသိ၊ ပေးရာပူဇော်ရာ၏။
တွံ ပန ဒုဂ္ဂတော၊ သင်သည်ကား ဆင်းရဲ၏။ အဟံ ပူဝံ၊ ငါရုက္ခစိုးသည် သင်ဆင်းရဲသား၏ မုံ့ကို။ န ခါဒိတွာ အညံ၊ မစားသော် အခြားသော။ ကိံ ခါဒိဿာမိ၊ ဘာကို စားရအံ့နည်း။ မေ ကောဋ္ဌာသံ၊ ငါ၏ ဝေစုကို။ မာ နာသေဝတွာ၊ မဖျက်ဆီးပါလင့်”ဟု ပြော၍။
ပုရိသော၊ ကိုးကွယ်သည့် ယောက်ျားသည်။ ယထန္နော ဟောတိ၊ အကြင် သို့သော အစာရှိသည် ဖြစ်၏။ တဿ ဒေဝတာ၊ ထိုယောက်ျား၏ ကိုးကွယ် ရာနတ်သည်လည်း။ တထန္နာ၊ ထိုယောက်ျားနှင့်တူသော အစာရှိသည်သာ။ (ဟောတိ၊ ဖြစ်၏)။
ဧတံ ကုဏ္ဍပူဝံ အာဟရ၊ ဆန်ကွဲဖြင့် ပြုလုပ်အပ်သည့် ထိုမုံ့ကို ဆောင်ယူခဲ့ပါလော့။ မေ ဘာဂံ၊ ငါ၏ ဝေစုကို။ မာ ဝိနာသယ၊ မဖျက်ဆီးပါလင့်။
တတ္ထ၊ ထိုဂါထာ၌။ **ယထန္နော** တိ၊ ယထန္ဒောဟူသည်ကား။ ယထာရူပ ဘောဇနော ဟောတိ၊ အကြင်သို့ သဘောရှိသော အစာရှိသည် ဖြစ်၏တည်း။
**တထန္ဒာ** တိ၊ တထန္နာဟူသည်ကား။ တဿ ပုရိသဿ ဒေဝတာပိ၊ ထိုကိုးကွယ် သော ယောက်ျား၏ ကိုးကွယ်ခံနတ်သည်လည်း။ တထာရူပဘောဇနောဝ ဟောတိ၊ ထိုယောက်ျားအစာသဘောရှိသော အစာရှိသည်သာ ဖြစ်၏။
**အာဟရေတံ ကုဏ္ဍပူဝန္တိ**၊ အာဟရေ'တံ ကုဏ္ဍပူဝံဟူသည်ကား။ ကုဏ္ဍကေန၊ ဆန်ကွဲဖြင့်။ ဧတံ ပက္ကပူဝံ၊ ဖုတ်အပ်သည့် ထိုမုံ့ကို။ အာနေဟိ၊ ဆောင်ယူခဲ့ပါလော့။ မယှံ ဘာဂ၊ ငါ၏ ဝေစုကို။ မာ ဝိနာသေဟိ၊ မဖျက်ဆီးပါလင့်တည်း။ ဣတိ၊ ဤကား ဂါထာဖွင့်တည်း။
သော နိဝတ္တိတွာ၊ ထိုလူဆင်းရဲသည် ပြန်နစ်၍။ ဗောဓိသတ္တံ ဩလောကေတွာ၊ ဘုရားလောင်းကို ကြည့်၍။ ဗလိကမ္မံ အကာသိ၊ ပူဇော်ပသမှုကို ပြုပြီ။
ဗောဓိ သတ္တော တတော၊ ဘုရားလောင်းသည် ထိုတင်သော မုံ့မှ။ ဩဇံ ပရိဘုဉ္ဇိတွာ၊ အဆီအနှစ်ကို စားသုံးပြီး၍။ “ပုရိသ တွံ ကိမတ္ထံ၊ အို. . ယောက်ျား သင်သည် အဘယ်အကျိုးငှာ။ မံ ပဋိဇဂ္ဂသီတိ အာဟ၊ ငါ့ကို ပြုစုကိုးကွယ်သနည်း”ဟု မေးပြီ။
သာမိ ဒုဂ္ဂတော အမှိ၊ အို. . အရှင်နတ်မင်း ဆင်းရဲသည် ဖြစ်၏။ တံ နိဿာယ၊ အရှင်နတ်မင်းကို အမှီပြု၍။ ဒုဂ္ဂတဘာဝတော၊ ဆင်းရဲသားအဖြစ်မှ။ မုစ္စိတု ကာမတာယ၊ လွတ်လိုသည့်အဖြစ်ကြောင့်။ ပဋိဇဂ္ဂါမီတိ၊ လုပ်ကျွေးကိုးကွယ်ပါ ၏ဟုဖြေပြီ။
“ဘော ပုရိသ မာ စိန္တယိ၊ အို. . ယောက်ျား မပူလင့်။ တယာ ကတညုဿ၊ သင်ယောက်ျားသည် ကျေးဇူးသိတတ်သူအား။ ကတဝေဒိနော၊ ကျေးဇူးကို ဆပ်တတ်သူအား။ ပူဇာ ကတာ၊ ပူဇော်မှုကို ပြုအပ်ပြီ။ ဣမံ ဧရဏ္ဍံ ပရိက္ခိပိတွာ၊ ဤကြက်ဆူပင်ကို ဝိုင်းရံ၍။ နိမိကုမ္ဘိယော၊ ဥစ္စာအိုးတို့သည်။ ဂီဝါယ အာဟစ္စ၊ လည်ပင်းဖြင့် လည်ပင်းကို ထိခိုက်၍။ ဌိတာ၊ တည်ရှိကုန်၏။
တွံ ရညော အာစိက္ခိတွာ၊ သင်သည် ရှင်ဘုရင်အား လျှောက်ထား၍။ သကဋေဟိ ဓနံ အာဟရာပေတွာ၊ လှည်းတို့ဖြင့် ပစ္စည်းကို ဆောင်ယူစေ၍။ ရာဇဏေ၊ မင်းရင်ပြင်၌။ ရာသီ ကာရေဟိ၊ အစုအပုံကို ပြုစေလော့။ ရာဇာ တေ တုဿိတွာ၊ မင်းသည် သင့်အား နှစ်သက်၍။ သေဋ္ဌိဋ္ဌာနံ၊ သူဌေးရာထူးကို။ ဒဿတီတိ ဝတ္ထာ၊ ပေးလတံ့”ဟု ပြော၍။ ဗောဓိသတ္တော အန္တရဓာယိ၊ ဘုရားလောင်းသည် ကွယ်ပျောက်ပြီ။
သော တထာ အကာသိ၊ ထိုဆင်းရဲသားသည် ထိုဘုရားလောင်း ပြောသည့်အတိုင်း ပြုပြီ။
ရာဇာပိ တဿ၊ ဗြဟ္မဒတ်မင်းသည်လည်း ထိုဆင်းရဲသားအား။ သေဋ္ဌိဋ္ဌာနံ အဒါသိ၊ သူဌေးရာထူးကို ပေးပြီ။
ဣတိ သော၊ ဤသို့လျှင် ထိုဆင်းရဲသားသည်။ ဗောဓိသတ္တ နိဿာယ၊ ဘုရားလောင်းကို အမှီပြု၍။ မဟာသမ္ပတ္တံ ပတွာ၊ များစွာသော စည်းစိမ် ကို ရရှိ၍။ ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာဣမံ အာဟရတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာတော ဆောင်တော်မူ၍။
“တဒါ ဒုဂ္ဂတော၊ ထိုရှေးအခါက ဆင်းရဲသားသည်။ ဧတရဟိ ဒုဂ္ဂတောဝ၊ ဤငါဘုရားလက်ထက်အခါ ဆင်းရဲသားပင်တည်း။ ဧရဏ္ဍရုက္ခ ဒေဝတာ ပန၊ ကြက်ဆူပင်စောင့် ရုက္ခစိုးနတ်သည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီဟု”။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော် မူပြီ။
ကုဏ္ဍကပူဝဇာတကဝဏ္ဏနာ နဝမာ၊ ကိုးခုမြောက်ဖြစ်သောကုဏ္ဍကပူဝဇာတ်အဖွင့်တည်း။
**သဗ္ဗသံဟာရကော နတ္ထီ** တိ၊ သဗ္ဗသံဟာရကော နတ္ထိ ဟူသော။ အယံ သဗ္ဗသံဟာရကပဥှာ၊ ဤသဗ္ဗသံဟာရကပဥဇာတ်သည်။ သဗ္ဗာကာရေန ဥမင်္ဂဇာတကေ၊ အလုံးစုံသောအခြင်းအရာအားဖြင့် မဟာဥမင်္ဂဇာတ်၌။ အာဝိ ဘဝိဿတိ ဣတိ၊ ထင်စွာဖြစ်လိမ့်မည် ဤကားအပြီးတည်း။
သဗ္ဗသံဟာရကပဥဇာတကဝဏ္ဏနာ ဒသမာ၊ ဆယ်ခုမြောက်ဖြစ်သော သဗ္ဗသံဟာရကပဥဇာတ်အဖွင့်တည်း။
ပရောသတဝဂ္ဂေါ ဧကာဒသမော၊ တစ်ဆယ့်တစ်ခုမြောက်ဖြစ်သောပရောသတဝဂ်တည်း။
တဿ ဥဒ္ဒါနံ၊ ထိုပရောသတဝဂ်၏ အကျဉ်းချုပ်ခေါင်းစဉ်ကား။
ပရောသတမ္ပိ ပဏ္ဏကံ၊ ပရောသတဇာတ်လည်းကောင်း ပဏ္ဍိကဇာတ် လည်းကောင်း။ ဝေရီ စ မိတ္တဝိန္ဒကံ၊ ဝေရီဇာတ်လည်းကောင်း မိတ္တ၀ိန္ဒက ဇာတ်လည်းကောင်း။
ဒုဗ္ဗလဉ္စ ဥဒဉ္စနီ၊ ဒုဗ္ဗလကဋ္ဌဇာတ်လည်းကောင်း ဥဒဥနီ ဇာတ်လည်းကောင်း။ သာလိတ္တမ္ပိ စ ဗာဟိယံ၊ သာလိတ္တကဇာတ်လည်း ကောင်း ဗာဟိယဇာတ်လည်းကောင်း။
ကုဏ္ဍကပူဝသဗ္ဗသံဟာရကံ ဣတိ၊ ကုဏ္ဍကပူဝဇာတ် သဗ္ဗသံဟာရကဇာတ်လည်းကောင်း ဤသည်ပင်တည်း။