Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[127] 7. Kalaṇḍukajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**တေ ဒေသာ တာနိ ဝတ္ထူ နီ** တိ ဣဒံ၊ တေ ဒေသာ တာနိ ဝတ္ထုန်အစရှိသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဧကံ ဝိကတ္ထကဘိက္ခုံ အာရဗ္ဗ ကထေသိ၊ တစ်ပါးသော ကြွားဝါတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူပြီ။
တတ္ထ ဒွေပိ ဝတ္ထူ နိ၊ ထိုကလဏ္ဍုကဇာတ်၌ ပစ္စုပ္ပန် အတိတ်နှစ်မျိုးလည် ဖြစ်ကုန်သော ဝတ္ထုကြောင်းတို့သည်။ ကဋာဟကဇာတကသဒိသာနေဝ၊ ကဋာဟကဇာတ်နှင့် တူကုန်သည်သာတည်း။
ပန ဣဓ၊ အထူးပြောရသော် ဤကလဏ္ဍကဇာတ်၌။ ဗာရာဏသိသေဋ္ဌိနော ဧသော ဒါသော၊ ဗာရာဏသီသူဌေး၏ ဤကျွန်သည်။ ကလဏ္ဍုကော နာမ အဟောသိ၊ ကလဏ္ဍုကမည်သည် ဖြစ်ပြီ။
တဿ ပလာယိတွာ၊ ထိုကလဏ္ဍက ကျွန်၏ ထွက်ပြေး၍။ ပစ္စန္တဝါသိသေဋ္ဌိနော၊ ပစ္စန္တရာဇ်နေ သူဌေး၏။ ဂီတရံ ဂဟေတွာ၊ သမီးကို ယူ၍။ မဟန္တေန ပရိဝါရေန ဝသနကာလေ၊ များမြတ်သော အခြံအရံဖြင့် နေထိုင်ရာကာလ၌။ ဗာရာဏသိသေဋ္ဌိ ပရိယေသာပေတွာပိ၊ ဗာရာဏသီသူဌေးသည် ရှာစေ၍လည်း။ တဿ ဂတဋ္ဌာနံ အဇာနန္တော၊ ထိုကလဏ္ဍက၏ သွားရာဌာနကို မသိရကား။ “ဂစ္ဆ၊ သွားချေ။ ကလကံ ပရိယေသာတိ၊ ကလဏ္ဍုကကို ရှာချေ”ဟု။ အတ္တနာ ပုဋ္ဌံ၊ မိမိသည် မွေးထား အပ်သော။ သုကပေါတကံ ပေသေသိ၊ ကျေးသားငယ်ကို (ကျက်တူရွေးငယ်ကို) စေလွှတ်ပြီ။
သုကပေါတကော၊ ကျေးသားငယ်သည်။ ဣတော စိတော စ ဝိစရန္တော၊ ဤမှလည်း ဤမှလည်း လှည့်လည်သော်။ တံ နဂရံ ပါပုဏိ၊ ကလဏ္ဍက နေရာ ထိုတောမြို့သို့ ရောက်သွားပြီ။
တသ္မိံ ဉ္စ ကာလေ ကလဏ္ဍကော၊ ထိုအခါ၌ လည်း ကလဏ္ဍကသည်။ နဒီကီဠံ ကီဠိတုကာမော၊ မြစ်ရေကစားမှုကို ကစားလို ရကား။ ဗဟုံ မာလာဂန္ဓဝိလေပနဉ္စေ ဝ၊ များစွာသော ပန်းနံ့သာ, နံ့သာပြောင်းကို လည်းကောင်း။ ခါဒနီယဘောဇနီယာနိ စ ဂါဟာပေတွာ၊ ခဲဖွယ် ဘောဇဉ်တို့ကို လည်းကောင်း ယူစေ၍။ နဒီ ဂန္တွာ၊ မြစ်သို့ သွား၍။ သေဋ္ဌိမီတာယ၊ တော သူဌေးသမီးနှင့် အတူ။ နာဝံ အာရုယှ၊ လှေကို စီး၍။ ဥဒကေ ကီဠတိ၊ ရေထဲ၌ ကစား၏။
တသ္မိံဥ ပဒေသေ၊ ထိုအရပ်ဒေသ၌လည်းပဲ။ နဒီကီဋီ ကီဠ န္တာ၊ မြစ်ရေ ကစားမှုကို ကစားကြကုန်သော။ ဣဿရဇာတိကာ၊ အစိုးရသဘောရှိ သူတို့သည်။ တိခိဏဘေသဇ္ဇပရိဘာဝိတံ၊ ထက်လှစွာသော ဆေးဖြင့် ထုံထားအပ်သော။ ခီရံ ပိဝန္တိ၊ နို့ရည်ကို သောက်ကုန်၏။ တေန တေသံ၊ ထိုနို့ရည်သောက်ထားခြင်းကြောင့် ထိုရေကစားသူတို့သည်။ ဒိဝသဘာဂံ ဥဒကေ၊ နေ့အဖို့ပတ်လုံး ရေ၌။ ကီဋ္ဌာနမ္ပိ၊ ကစားကုန်သော်လည်း။ သီတံ န ဗာဓတိ၊ အအေးသည် မနှိပ်စက် (အအေးခံ နိုင်၏)။
အယံ ပန ကလဏ္ဍုကော၊ ဤကလဏ္ဍုကသည်ကား။ ခီရဂဏ္ဍူ သံ ဂဟေတွာ၊ ငုံထားအပ်သော နို့ရည်ကို ယူ၍။ မုခံ ဝိက္ခာလေတွာ၊ ခံတွင်းကိုဆေး၍။ တံ ခီရံ နဋ္ဌု ဘတိ၊ ထိုနို့ရည်ကို ပစ်၏။
နုဋ္ဌု ဘန္တောပိ၊ ထွေးပစ် သော်လည်း။ ဥဒကေ အနုဋ္ဌဘိတွာ၊ ရေထဲ၌ မထွေးမူ၍။ သေဋ္ဌိမီတာယ၊ သူဌေးသမီး၏။ သီသေ နုဋ္ဌဘတိ၊ ခေါင်းပေါ်၌ ထွေး၏။
သုကပေါတကော တော နဒီတီရံ ဂန္တွာ၊ ကျေးသားငယ်သည်လည်း မြစ်ကမ်းသို့ ပျံသွား၍။ ဧကိဿာ ဥဒုမ္ဗရသာခါယ နိသီဒိတွာ၊ တစ်ကိုင်းသော ရေသဖန်းကိုင်း၌ နားနေပြီး၍။ ဩလောကေတွာ၊ ကြည့်ရှုသော်။ ကလဏ္ဍုကံ သဉ္ဇာနိတွာ၊ ကလဏ္ဍကကျွန်ကို မှတ်မိ၍။ သေဋ္ဌိဓီ တာယ သီသေ၊ တောသူဌေးသမီး၏ ဦးခေါင်း၌။ နုဋ္ဌု ဘန္တံ ဒိသွာ၊ နို့ရည်ထွေးပစ်နေသည်ကို တွေ့ရ၍။ “အရေ ကလဏ္ဍက ဒါသ၊ ဟယ်.. ကလဏ္ဍကကျွန်။ အတ္တနော ဇာတိဉ္စ၊ မိမိ၏ မျိုးရိုးဇာတ်ကိုလည်းကောင်း။ ဝသနဋ္ဌာနဉ္စ အနုဿရ၊ နေရာဌာနကိုလည်းကောင်း ထပ်ခါ ထပ်ခါ သတိထားပါ ။ ခီရဂဠုသံ ဂဟေတွာ၊ ငုံအပ်သော နို့ရည်ကို ယူ၍။ မုခံ ဝိက္ခာလေတွာ၊ ခံတွင်းကို ဆေးကြော၍။ ဇာတိသမ္ဗန္နာယ သုခသံဝဍ္ဎာယ၊ မျိုးရိုးကောင်းသော ချမ်းသာစွာ ကြီးပြင်းလာသော။ သေဋ္ဌိမီတာယ သီသေ၊ တောသူဌေးသမီး၏ ခေါင်း၌။ မာ နုဋ္ဌဘိ၊ မထွေးပါလင့်။ အတ္တနော ပမာဏံ၊ မိမိ၏ ပမာဏကို။ န ဇာနာသီတိ ဝတွာ၊ မသိသလော”ဟု ပြော၍။
ယေ ဒေသာ၊ နေခဲ့ဖူးရာ အကြင်မိခင်ဝမ်းတို့သည်။ ယာနိ ဝတ္ထုနိ၊ တည်ခဲ့ဖူးရာအကြင်အမိဝမ်းတို့သည်အတ္ထိရှိကုန်)။ (တေ ဒေသေ၊ ထိုနေခဲ့ဖူးရာမိခင်ဝမ်းအရပ်တို့ကိုလည်းကောင်း)။ တာနိ ဝတ္ထုနိ၊ တည်ခဲ့ဖူးရာ ထိုမိခင်ဝမ်း နေရာတို့ကိုလည်းကောင်း။ ဝနဂေါစရော အဟဉ္စ၊ တောထဲ၌ ကျင်လည်ကျက်စားသော ကျေးသားငယ် တိရစ္ဆာန်သည်ပင်။ (ဇာနာမိ၊ သိရှိ၏)။
အနုဝိစ္စ ခေါ် တံ ဂဏှေယံ၊ စစ်ဆေး၍ သင့်ကို ဖမ်းယူကုန်ရာ၏။ ကလဏ္ဍက ခီရံ ပိဝ၊ အို. . ကလဏ္ဍက နို့ရည်ကို သောက်ပါ (ထွေးမပစ် ပါနဲ့)။
တတ္ထ၊ ထိုဂါထာ၌။ **တေ ဒေသာ တာနိ ဝတ္ထူနီ** တိ၊ တေ ဒေသာ တာနိ ဝတ္ထူနိ ဟူသော ပဌမပါဒကို။ မာတုကုစ္ဆိံ သန္ဓာယ၊ မိခင်ဝမ်းကို ရည်ရွယ်၍။ ဝဒတိ၊ ကျေးသားငယ် ပြောဆို၏။
အယံ ဧတ္ထ အဓိပ္ပါယော၊ ဤဆိုလတံ့သည်ကား ဤပဌမပါဒ၌ ကျေးသားငယ်ဆိုလိုသည့် အဓိပ္ပါယ်တည်း။ (ကော၊ အဓိပ္ပါယ် ဟူသည် အဘယ်နည်း)။ ယတ္ထ တေ ဝသိတံ၊ အကြင်မိခင်ဝမ်း၌ သင်ကလဏ္ဍုက သည် နေခဲ့ဖူးပြီ။ တေ ကုစ္ဆိဒေသာ၊ ထိုသင်နေခဲ့ဖူးသည့် မိခင်ဝမ်းအရပ်တို့သည်။ ခတ္တိယမီတာဒီနံ၊ မင်းသမီးစသည်တို့၏။ န ကုစ္ဆိဒေသာ၊ ဝမ်းဗိုက်အရပ် မဟုတ်ကြ ကုန်။
ယတ္ထ ဝါ ပတိဋ္ဌိတော အာသိ၊ အကြင်ဌာန၌လည်း တည်ခဲ့ဖူးသည် ဖြစ်ပြီ။ တာနိ ကုစ္ဆိဝတ္ထုနိ၊ တည်ခဲ့ဖူးရာ ထိုဝမ်းဗိုက်အရပ်တို့သည်။ ခတ္တိယမီတာဒီနံ၊ မင်းသမီးစသည်တို့၏။ န ကုစ္ဆိ ဝတ္ထူ နိ၊ ဂမ်းဗိုက်နေရာ မဟုတ်ကြကုန်။
အထ ခေါ ဒါသိကုစ္ဆိယံ၊ စင်စစ်သော်ကား ကျွန်မဝမ်းဗိုက်၌။ တွံ၊ သင်ကလဏ္ဍုကသည်။ ဝသိ စေဝ ပတိဋ္ဌိတော စ၊ နေလည်း နေခဲ့ဖူးပြီ တည်လည်း တည်ခဲ့ဖူးပြီ။ ဣတိ၊ ဤကား အဓိပ္ပါယ်တည်း။
**အဟဉ္စ ဝနဂေါစရော** တိ၊ အဟဉ္စ ဝနဂေါစရော ဟူသော ပါဌ်ဖြင့်။ တိရစ္ဆာနဘူတောပိ၊ တိရစ္ဆာန်စစ်စစ်ဖြစ်သော်လည်း။ ဧတမတ္ထံ၊ ဤသင်၏ကျွန်ဖြစ်ကြောင်းကို။ ဇာနာမီတိ ဒီပေတိ၊ ငါကျေးသားငယ် သိ၏ဟု ပြ၏။
**အနုဝိစ္စ ခေါ တံ ဂဏှေယျူန္တိ**၊ အနုဝိစ္စ ခေါ တံ ဂဏေယျုံဟူသည်ကား။ ဧဝံ အနာစာရံ စရမာနံ၊ ဤကဲ့သို့ မသင့်လျော်သော အကျင့်ကို ကျင့်ကြံသော်။ မယာ ဂန္တွာ အာရောစိတေ၊ ငါသည် သွား၍ ပြောကြားအပ်သော်။ အနုကိစ္စ ဇာနိတွာ၊ စီစစ်၍ သိရှိ၍။ တဝ သာမိကာ၊ သင်ကလဏ္ဍက၏ ပိုင်ရှင်တို့သည်။ တာဠေတွာ စေဝ၊ ရိုက်နှက်၍လည်းကောင်း။ လက္ခဏာဟတံ ကတွာ စ၊ တံဆိပ်ရိုက်နှိပ်အပ်သည်ကို ပြု၍လည်းကောင်း။ တံ ဂဏှေယျံ၊ သင့်ကို ဖမ်းယူကုန်ရာ၏။ ဂဟေတွာ ဂမိဿန္တိ၊ ဖမ်းယူ၍ သွားကြလတ္တံ့။ တသ္မာ အတ္တနော၊ ထို့ကြောင့် မိမိ၏။ ပမာဏံ ဉတွာ၊ ပမာဏကို သိ၍။ သေဋ္ဌိမီတာယ သီသေ၊ တောသူဌေးသမီး၏ ဦးခေါင်း၌။ ခီရံ အနဋ္ဌု ဘိတွာ ပိဝ၊ နို့ရည်ကို ထွေးမပစ်မူ၍ သောက်ပါ။
**ကလဏ္ဍုကာ** တိ၊ ကလဏ္ဍကဟူ၍။ တံ၊ ထိုကျွန်ကို။ နာမန အာလပတိ၊ နာမည်ဖြင့် ကျေးသားငယ်ခေါ် ပြော၏။
ကလဏ္ဍကောပိ၊ ကလဏ္ဍုကသည်လည်း။ သုဝပေါတကံ သဉ္ဇာနိတွာ၊ ကျေးသားငယ်ကို မှတ်မိ၍။ “မံ ပါကဋံ၊ ငါ့ကို ထင်ရှားစွာ။ ကရေယျာတိ ဘယေန၊ ပြုရာ၏”ဟု တွေးကြောက်သဖြင့်။ ဧဟိ သာမိ၊ လာပါ အို.. အရှင်။ ကဒါ အာဂတော၊ ဘယ်အခါက လာခဲ့သည်။ အသီတိ အာဟ၊ ဖြစ်သနည်း”ဟု မေးပြီ။
သုကော၊ ကျေးသားငယ်သည်။ “ဧသော မံ၊ ဤကလဏ္ဍုကသည် ငါ့ကို။ ဟိတကာမတာယ၊ အကျိုးစီးပွါးလိုလားသည့်အဖြစ်ကြောင့်။ န ပက္ကောသတိ၊ ခေါ်သည် မဟုတ်။ ပန မေ၊ အဟုတ်သော်ကား ငါ၏။ ဂီဝံ ဝဋ္ဋကွာ၊ လည်ပင်းကို လိမ်ညှစ်၍။ မာရေတုကာမောတိ ဉတွာဝ၊ သတ်လို၏”ဟု သိ၍သာလျှင်။ မေ တယာ၊ ငါ့အား သင်ကလဏ္ဍုကဖြင့်။ န အတ္ထောတိ၊ အကျိုးမရှိဟု ပြော၍။ တတော ဥပ္ပတိတွာ၊ ထိုမြစ်ကမ်းမှ ပျံတက်၍။ ဗာရာဏသီ ဂန္တွာ၊ ဗာရာဏသီမြို့သို့ သွား၍။ ယထာဒိဋ္ဌံ သေဋ္ဌိနော၊ အကြင်အကြင် မြင်အပ်ခဲ့သည်ကို ဗာရာဏသီ သူဌေးအား။ ဝိတ္ထာရေန ကထေသိ၊ အကျယ်အားဖြင့် ပြောကြားပြီ။
သေဋ္ဌိ၊ ဗာရာဏသီသူဌေးသည်။ အယုတ္တံ တေန၊ မသင့်လျော်သည်ကို ထိုကလဏ္ဍုက သည်။ ကတန္တိ ဝတွာ၊ ပြုအပ်ပြီဟု ပြော၍။ ဂန္တွာ တဿ၊ သွားရောက်၍ ထိုကလဏ္ဍကအား။ အာဏံ ကာရေတွာ၊ အာဏာကို ပြုစေ၍။ ဗာရာဏသိမေဝ နံ အာနေတွာ၊ ဗာရာဏသီမြို့သို့သာ ထိုကလဏ္ဍုကကို ဆောင်ယူ၍။ ဒါသပရိ ဘောဂေန ပရိဘုဉ္ဇ၊ ကျွန်အဖြစ်အသုံးပြုခြင်းဖြင့် အသုံးပြုပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
“တဒါ ကလဏ္ဍကော၊ ထိုရှေးအခါက ကလဏ္ဍကကျွန်သည်။ အယံ ဘိက္ခု အဟောသိ၊ ဤကြွားဝါသော ရဟန်းသည် ဖြစ်လာပြီ။ ဗာရာဏသိ သေဋ္ဌိ ပန၊ ဗာရာဏသီသူဌေးသည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည် သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ကလဏ္ဍုကဇာတကဝဏ္ဏနာ သတ္တမာ၊ ကလဏ္ဍုကဇာတ်အဖွင့်သည်သတ္တမတည်း။