**သဒ္ဒဟာသိ သိင်္ဂါလဿာ** တိ ဣဒံ၊ သဒ္ဒဟာသိ သိင်္ဂါလဿစသော ဤတရား ဒေသနာတော်ကို။
သတ္ထာ ဝေဠုဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဝေဠုဝန်ကျောင်း တော်၌ နေတော်မူစဉ်။
ဒေဝဒတ္တံ အာရဗ္ဘ ကထေသိ၊ ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ တသ္မိံ သမယေ ဘိက္ခူ၊ ချဲ့ပြောရသော် ထိုအခါက ရဟန်းတို့ သည်။
ဓမ္မသဘာယံ သန္နိပတိတွာ၊ တရားသဘင်၌ ကောင်းစွာကျရောက်စုဝေး ကြ၍။
“အာဝုသော ဒေဝဒတ္တေန၊ အို, ငါ့ရှင်တို့ ဒေဝဒတ်သည်။
ပဉ္စဘိက္ခု သတာနိ အာဒါယ၊ ရဟန်းငါးရာတို့ကို ခေါ်ယူ၍။
ဂယာသီသံ ဂန္တွာ၊ = ဂယာသီသ အရပ်သို့ သွား၍။
သမဏော ဂေါတမော၊ ရဟန်းဖြစ်သော ဂေါတမသည်။
ယံ ကရောတိ၊ အကြင်ကို ပြု၏။
သော န ဓမ္မော၊ ထိုရဟန်းဂေါတမပြုသမျှသည်တရား မဟုတ်။
ယ အဟံ ကရောမိ၊ အကြင်ကို ငါသည် ပြု၏။
အယမေဝ ဓမ္မောတိ၊ ဤငါပြုသမျှသည်သာ တရားဟု။
အတ္တနော လဒ္ဓိံ၊ မိမိ၏ အယူဝါဒကို။
တေ ဘိက္ခူ ဂါဟာပေတွာ၊ ထိုရဟန်းတို့ကို ယူစေ၍။
ဌာနပ္ပတ္တံ၊ အပါယ်ကျ ကြောင်းသို့ ရောက်သော။
မုသာဝါဒံ ကတွာ၊ လိမ်ညာပြောမှုကို ပြု၍။
သံဃံ ဘိန္ဒိတွာ၊ သံဃာကို သင်းခွဲ၍။
ဧကသီမာယ၊ တစ်သိမ်ထည်း၌။
ဒွေ ဥပေါသထာ ကတာတိ၊ ဥပုသ်နှစ်ဖွဲ့တို့ကို ပြုအပ်ကုန်ပြီ”ဟု။
ဒေဝဒတ္တဿ အဂုဏကထံ၊ ဒေဝဒတ်၏ ကျေးဇူးမဲ့စကားကို။
ကထေန္တာ နိသီဒိံသု၊ ပြောဆိုကုန်လျက် ထိုင်နေ ကြပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။
“ဘိက္ခဝေ ဧတရဟိ၊ အို. ရဟန်းတို့ ယခုအခါ၌။
ကာယ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။
အတ္ထ နုတိ ပုဗ္ဘိတွာ၊ ဖြစ်ကြသနည်းဟု မေးတော်မူ၍။
ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါဟု လျှောက်ထားအပ်သော်။
ဘိက္ခဝေ ဒေဝဒတ္တော၊ အို ရဟန်းတို့ ဒေဝဒတ်သည်။
ဣဒါနေဝ န မုသာဝါဒီ၊ ယခုအခါ၌သာ မုသားပြောသည် မဟုတ်သေး။
ပုဗ္ဗေပိ၊ ရှေးကလည်း။
မုသာဝါဒီယေဝါတိ ဝတွာ၊ မုသားပြောသည်သာ”ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
သုသာနဝနေ ရုက္ခဒေဝတာ၊ သင်းချိုင်းရှိသော တောအုပ်၌ ရုက္ခစိုးနတ်၏ဟုတွာ နိဗ္ဗတ္တိအဖြစ်ဖြင့် ဖြစ်ပြီ။
တဒါ ဗာရာဏသိယံ၊ ထိုအခါ ဗာရာဏသီမြို့၌။
နက္ခတ္တံ ဃုံဋ္ဌံ အဟောသိ၊ နက္ခတ်ပွဲသည် ကြွေးကြော်အပ်သည် ဖြစ်ပြီ။
မနုဿာ၊ လူတို့သည်။
“ယက္ခဗလိကမ္မံ ကရောမာတိ၊ နတ်ပူဇော်ပသမှုကို ပြုကြမည်”ဟုတွေး၍။
တေသု တေသု စစ္စရရစ္ဆာဒိဋ္ဌာနေသု၊ ထိုထိုလမ်းဆုံ မြို့တွင်း လမ်းစသော ဌာနတို့၌။
မစ္ဆမံသာဒီနိ ဝိပ္ပကိရိတွာ၊ ငါး,အမဲစသည်တို့ကို ဖရိုဖရဲ ဖြန့်ကျဲ၍။
ကပါလကေသု၊ ခွက်ငယ်တို့၌။
ဗဟုံ သုရံ ဌပယိံိံ၊ များစွာသော သေကို ထည့်ထားကုန်ပြီ။
အထ ဧကော သိင်္ဂါလော၊ ထိုအခါ တစ်ကောင်သော တောခွေးသည်။
အနုရတ္တသမယေ နိဒ္ဓမနေန၊ သန်းခေါင်အခါ၌ ရေထွက်ပေါက် ဖြင့်။
နဂရံ ပဝိသိတွာ၊ မြို့တွင်းသို့ ဝင်၍။
မစ္ဆမံသံ ခါဒိတွာ၊ ငါး,အမဲကို စား၍။
သုရံ ပိဝိတွာ၊ သေကို သောက်၍။
ပုန္နာဂဂစ္ဆန္တရံ ပဝိသိတွာ၊ ပုံးညက်ပင်ခြုံကြားသို့ဝင်၍။
ယာဝ အရုမနာ၊ အရုဏ်တက်သည့်တိုင်အောင်။
နိဒံ သြက္ကမိ၊ အိပ်ပျော် ခြင်းသို့ သက်ရောက်ပြီ။
သော ပဗုဇ္ဈိတွာ၊ ထိုတောခွေးသည် နိုး၍။
အာလောကံ ဒိသွာ၊ အရောင်အလင်းကို တွေ့မြင်၍။
“ဣဒါနိ နိက္ခမိတုံ န သက္ကာတိ၊ ယခုအခါ မြို့ပြင်ထွက်ခြင်းငှာ မတတ်ကောင်း”ဟုတွေး၍။
မဂ္ဂသမီယံ ဂန္တွာ၊ လမ်းနားသို့ သွား၍။
အဒိဿမာနော နိပဇ္ဇိတွာ၊ မည်သူမျှမမြင်အောင် ဝပ်နေ၍။
အညေ ဒိသွာပိ၊ အခြားကုန်သော လူတို့ကို မြင်၍လည်း။
ကိဉ္စိ အဝတွာ၊ ဘာကို မျှ မပြောမူ၍။
မုခဓောဝနတ္ထာယ ဂစ္ဆန္တံ၊ မျက်နှာသစ်ခြင်းအကျိုးငှာ သွားသော။
ဧကံ ဗြာဟ္မဏံ ဒိသွာ၊ တစ်ယောက်သော ပုဏ္ဏားကို တွေ့၍။
“ဗြာဟ္မဏာ နာမ၊ ပုဏ္ဏားတို့မည်သည်။
ဓနလောလာ ဟောန္တိ၊ ပစ္စည်း၌ လော်လီကြသည် ဖြစ်ကုန် ၏။
ဣမံ ဓနေန ပလောဘေတွာ၊ ဤပုဏ္ဏားကို ပစ္စည်းဖြင့် လှည့်ပတ်၍။
ယထာ၊ အကြင်သို့ ပြုသော်။
မံ ဥပကစ္ဆကန္တရေ ကတွာ၊ ငါ့ကို ချိုင်းကြား၌ ထားမှုပြု၍။
ဥတ္တရာသင်္ဂေန ပဋိစ္စာဒေတွာ၊ အပေါ်ရုံအဝတ်ဖြင့် ဖုံးလွှမ်း၍။
နဂရာ နီဟရတိ၊ မြို့ထဲမှ ထုတ်ဆောင်ပေး၏။
တထာ ကရိဿာမီတိ၊ ထိုကဲ့သို့ ထုတ်ဆောင် ပေးအောင် ပြုမည်”ဟု။
စိန္တေသိ၊ တွေးပြီ။
သော မနုဿဘာသာယ၊ ထိုတောခွေး သည် လူတို့ဘာသာစကားဖြင့်။
“ဗြာဟ္မဏာတိ အာဟ၊ အို. . ပုဏ္ဏား”ဟု ခေါ်ပြီ။
သော နိဝတ္တိတွာ၊ ထိုပုဏ္ဏားသည် ပြန်နစ်၍။
“ကော မံ၊ ဘယ်သူသည် ငါ့ကို။
ပက္ကောသတီတိ အာဟ၊ ခေါ်သနည်း”ဟု မေးပြီ။
အဟံ ဗြာဟ္မဏာတိ၊ ငါသည် အိုပုဏ္ဏားဟုခေါ်ပါပြီ။
ကိံ ကာရဏာတိ၊ ဘာ့ကြောင့်နည်းဟုမေးပြီ။
ဗြာဟ္မဏ မယှံ၊ အို . ပုဏ္ဏား ငါ့အား။
ဒွေကဟာပဏသတာနိ အတ္ထိ၊ ဒင်္ဂါးနှစ်ရာတို့သည် ရှိကုန်၏။
မံ ဥပကန္တရေ ကတွာ၊ ငါ့ကို ချိုင်းကြား၌ ထားမှုပြု၍။
ဥတ္တရာသင်္ဂ ပဋိစ္ဆာဒေတွာ၊ အပေါ်ရုံအဝတ်ဖြင့် ဖုံးလွှမ်း၍။
ယထာ၊ အကြင်သို့ ထွက်စေသော်။
ကောစိ န ပဿတိ၊ မည်သူသည်မျှ မမြင်။
တထာ၊ ထိုကဲ့သို့ မည်သူမျှမမြင်အောင်။
နဂရာ နိက္ခာမေတုံ၊ မြို့တွင်းမှ ထွက်စေခြင်းငှာ။
သစေ သက္ကောတိ၊ အကယ်၍ စွမ်းနိုင်အံ့။
တုယှံ တေ ကဟာပဏေ၊ သင့်အား ထိုဒင်္ဂါးနှစ်ရာတို့ကို။
ဒဿာမီတိ၊ ပေးအံ့”ဟုပြောပြီ။
ဗြာဟ္မဏော ဓနလောဘေန၊ ပုဏ္ဏားသည် ပစ္စည်းလောဘဖြင့်။
“သာမူတိ သမ္ပဋိစ္ဆိတ္တာ၊ ကောင်းပြီဟု ဝန်ခံ၍။
တံ တထာ ကတွာ၊ ထိုတောခွေးကို ထိုတောခွေးပြောသည့်အတိုင်း ပြု၍။
အာဒါယ နဂရာ နိက္ခမိကွာ၊ ယူ၍ မြို့မှ ထွက်ခဲ့၍။
ထောကံ အဂမာသိ၊ အနည်းငယ် သွားပြီ။
အထ နံ သိင်္ဂါလော၊ ထိုအခါ ထိုပုဏ္ဏားကို တောခွေးသည်။
“ကတရဋ္ဌာနံ ဗြာဟ္မဏာတိ၊ ဘယ်နေရာလဲ ပုဏ္ဏားကြီး”ဟု။
ပုစ္ဆိ၊ မေးပြီ။
အသုကံ နာမာတိ၊ ထိုမည်သော နေရာဟု ဖြေပြီ။
အညံ ဌာနံ၊ သော နေရာသို့။
ထောကံ ဂစ္ဆာတိ၊ အတန်ငယ် သွားပါဦးဟု ပြောပြီ။
ဧဝံ ပုနပ္ပုနံ ဝဒန္တော၊ ဤသို့ ထပ်ခါထပ်ခါ ပြောလျက်။
မဟာသုသာနံ ပတွာ၊ သုသာန်ကြီးသို့ ရောက်၍။
“ဣမ မံ၊ ဤသုသာန်ကြီး၌ ငါ့ကို။
ဩတာရေဟီ တိ အာဟ၊ ချပေးပါ”ဟု ပြောပြီ။
တတ္ထ နံ ဩတာရေသိ၊ ထိုသုသာန်ကြီး၌ ထိုဟောခွေးကို ချပေးပြီ။
အထ သိင်္ဂါလော၊ ထိုအခါ တောခွေးသည်။
“ဗြာဟ္မဏ တေန ဟိ၊ အို. . ပုဏ္ဏား ထိုသို့ဖြစ်လျှင်။
ဥတ္တရိသာဋကံ ပတ္တရာကိ၊ အပေါ်ရုံအဝတ်ကို ဖြန့်ခင်းပါ”ဟု ပြောပြီ။
သော ဓနလောဘေန၊ ထိုပုဏ္ဏားသည် ပစ္စည်းလောဘဖြင့်။
သာမူတိ ပတ္ထရိ၊ ကောင်းပြီဟုပြော၍ ဖြန့်ခင်းပြီ။
အထ နံ၊ ထိုအခါ ထိုပုဏ္ဏားကို။
“ဣမံ ရုက္ခမူလံ ခဏာဟီတိ၊ ဤသစ်ပင်ရင်းကို တူးပါ”ဟု။
ပထဝိခဏနေ ယောဇေတွာ၊ မြေတူးမှု၌ အားထုတ်စေ၍။
ဗြာဟ္မဏဿ ဥတ္တရိ သာဋကံ၊ ပုဏ္ဏား၏ အပေါ်ရုံအဝတ်သို့။
အဘိရုယှ၊ တက်၍။
စတူသု ကဏေသု၊ လေးခုကုန်သော ထောင့်တို့လည်းကောင်း။
မဇ္ဈေ စ ဣတိ၊ အလယ်ခေါင် လည်းကောင်း ဤသို့။
ပဉ္စသု ဌာနေသု၊ ငါးပါးကုန်သော ဌာနတို့၌။
သရီရနိဿနွံ ပါတေတွာ၊ ကိုယ်၏ အကျိုးဆက်အညစ်အကြေးကို ယိုချ၍။
မက္ခေတွာ စေဝ တေမေတွာ စ၊ လူးစေ၍လည်းကောင်း စိုစွတ်စေ၍လည်းကောင်း။
သုသာနဝန ပါဝိသိ၊ သုသာန်တောအုပ်သို့ ဝင်သွားပြီ။
ဗောဓိသတ္တော ရုက္ခဝိဋပေ ဌတွာ၊ ဘုရားလောင်းသည် သစ်ပင်ခွကြား၌ တည်၍။
ဗြာဟ္မဏ သုရာပီတဿ၊ အို. . ပုဏ္ဏား သေရည်သောက်ထားသော။
သိင်္ဂါလဿ သဒ္ဒဟာသိ၊ တောခွေအား ယုံကြည်သလော။
သိပ္ပံကာနံ သတံ နတ္ထိခရုတို့၏ တစ်ရာသည်သော်မှလည်း မရှိ။
ဒုဂေ ကံသသတာ ကုတော၊ ဒင်္ဂါးနှစ်ရာတို့သည် အဘယ်မှာရှိပါအံ့နည်း။
တတ္ထ၊ ထိုဂါထာ၌။
**သဒ္ဒဟာသီ** တိ သဒ္ဒဟသိ၊ သဒ္ဒဟာသိဟူသည်ကား ယုံကြည်သလောတည်း။
အယမေဝဝါ ပါဌော၊ ဤသဒ္ဒဟသိသည်ပင်လည်း ပါဠိတော်ပါဌ်တည်း။
ပတ္တိယာယသီတိ၊ ယုံကြည်သလော။
ဣတိ အတ္တော၊ ဤကား သဒ္ဒဟာသိသဒ္ဒဟသိတို့၏ အနက်တည်း။
**သိပ္ပံကာနံ သတံ နတ္ထီ** တိ၊ သိပ္ပံကာနံ သတံ နတ္ထိဟူသည်ကား။
ဟိ၊ ထင်ရှားအောင်ပြောရသော်။
ဧတဿ၊ ထိုတောခွေးမှာ။
သိပ္ပံကာသတမ္ပိ နတ္ထိ၊ ခရုတစ်ရာသည်သော်မှလည်း မရှိ။
**ကုတော ကံသသတာ ဒုဝေ** တိ၊ ကုတော ကံသသတာ ဒုဝေဟူသည်ကား။
ဒွေကဟာပဏသတာနိ ပန၊ ငွေဒင်္ဂါးနှစ်ရာတို့သည်ကား။
အဿ ကုတော ဧဝ၊ ထိုတောခွေးမှာ အဘယ်မှာရှိနိုင်ပါအံ့နည်း။
ဣတိ၊ ဤကားဂါထာဖွင့်တည်း။
ဗောဓိသတ္တော ဣမံ ဂါထံ ဝတွာ၊ ဘုရားလောင်းသည် ဤဂါထာကို ရွတ်ဆို၍။
“ဗြာဟ္မဏ ဂစ္ဆ၊ အို. . ပုဏ္ဏား သွားလော့။
တဝ သာဋကံ၊ သင်၏ အဝတ်ကို။
ဓောဝိတွာ နှာယိတွာ၊ ဖွတ်လျှော်၍ ရေချိုး၍။
အတ္တနော ကမ္မံ၊ မိမိ၏ အလုပ်ကို။
ကရောဟီတိ ဝတွာ၊ ပြုလော့”ဟု ပြော၍။
အန္တရဓာယိ၊ ကွယ်ပြီ။
ဗြာဟ္မဏော တထာ ကတွာ၊ ပုဏ္ဏားသည် ထိုရုက္ခစိုးပြောသည့်အတိုင်း ပြု၍။
“ဝတ ဝဉ္စတော၊ စင်စစ် အညာခံရသည်။
အမှီတိ၊ ဖြစ်၏”ဟုတွေး၍။
ဒေါမနဿပ္ပတ္တော ပက္ကာမိ၊ စိတ်ဆင်းရဲခြင်းရောက်၍ ဖဲခွါသွားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ သိင်္ဂါလော၊ ထိုရှေးအခါက တောခွေးသည်။
ဒေဝဒတ္တော အဟောသိ၊ ယခုအခါဒေဝဒတ်သည် ဖြစ်လာပြီ။
ရုက္ခဒေဝတာ ပန၊ ရုက္ခစိုးနတ်သည်ကား။
အဟမေပ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာ ပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီး=
သိင်္ဂါလဇာတကဝဏ္ဏနာ တတိယာ၊ သုံးခုမြောက်ဖြစ်သော သိင်္ဂါလဇာတ်အဖွင့်တည်း။