**ကုလာဝကာ**တိ ဣဒံ၊ ကုလာဝကာ အစရှိသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
အပရိဿာဝေတွာ၊ မစီးမယိုစေမူ၍ မစစ်မူ၍။
ပါနီယံ ပီတံ ဘိက္ခုံ၊ သောက်ရေကို သောက်သော ရဟန်းကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
သာဝတ္ထိတော သဟာယကာ၊ သာဝတ္ထိမြို့မှ သူငယ်ချင်း ဖြစ်ကုန်သော။
ဒွေ ဒဟရဘိက္ခူ၊ ရဟန်းငယ်နှစ်ပါးတို့သည်။
ဇနပဒံ ဂန္တွာ၊ ဇနပုဒ်သို့ သွားကြ၍။
ဧကသ္မိံ ဖာသုကဋ္ဌာနေ၊ တစ်ခုသော ချမ်းသာသောနေရာ၌။
ယထာဇ္ဈာသယံ ဝသိတွာ၊ ဆန္ဒရှိသလောက် နေကြပြီး၍။
သမ္မာသမ္ဗုဒ္ဓံ ပဿိဿာမာတိ၊ ဘုရားရှင်ကို ဖူးမြင်ကုန်အံ့ဟု။
ပုန တတော နိက္ခမိတွာ၊ တစ်ဖန် ထိုနေရာမှ ထွက်ခဲ့ကြ၍။
ဇေတဝနာဘိမုခါ ပါယိံသု၊ ဇေတဝန်ကျောင်းတော်သို့ ရှေ့ရှု၍ သွားကုန်ပြီ။
ဧကဿ ဟတ္ထေ၊ တစ်ပါး၏ လက်၌။
ပရိဿာဝနံ အတ္ထိ၊ ရေစစ်သည် ရှိ၏။
ဧကဿ နတ္ထိ၊ တစ်ပါး၏ လက်၌ မရှိ။
ဒွေပိ ဧကတော၊ ရဟန်းငယ်နှစ်ပါးတို့သည်လည်း တပေါင်းတည်း။
ပါနီယံ ပရိဿာဝေတွာ ပိဝန္တိ၊ သောက်ရေကို စီးယိုစေ၍, စစ်၍ သောက်ကုန်၏။
တေ ဧကဒိဝသံ၊ ထိုရဟန်းငယ် နှစ်ပါးတို့သည် တစ်နေ့သ၌။
ဝိဝါဒံ အကံသု၊ ငြင်းခုံမှုကို ပြုကြပြီ။
ပရိဿာဝနသာမိကော၊ ရေစစ်ပိုင်ရှင်ရဟန်းငယ်သည်။
ဣတရဿ ပရိဿာဝနံ အဒတွာ၊ အခြားရဟန်းငယ်အား ရေစစ်ကို မပေးမူ၍။
သယမေဝ ပါနီယံ ပရိဿာဝေတွာ ပိဝိ၊ ကိုယ်တိုင်သာ သောက်ရေကို စစ်၍ သောက်ပြီ။
ဣတရော ပန ပရိဿာဝနံ အလဘိတွာ၊ သည့်ပြင် ရဟန်းငယ်သည်ကား ရေစစ်ကို ငှားမရ၍။
ပိပါသံ သန္ဓာရေတုံ အသက္ကောန္တော၊ ရေငတ်မှုကို ကောင်းစွာဆောင်ထားခြင်းငှာ မစွမ်းနိုင်ရကား။
အပရိဿာဝေတွာ ပါနီယံ ပိဝိ၊ မစစ်မူ၍ သောက်ရေကို သောက်ပြီ။
တေ ဥဘောပိ အနုပုဗ္ဗေန၊ ထိုရဟန်းငယ်နှစ်ပါးတို့သည်လည်း အစဉ်သဖြင့်။
ဇေတဝနံ ပတွာ၊ ဇေတဝန်ကျောင်းတော်သို့ ရောက်ကြ၍။
သတ္ထာရံ ဝန္ဒိတွာ နိသီဒိံသု၊ ဘုရားရှင်ကို ရှိခိုး၍ ထိုင်နေကုန်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
သမ္မောဒနီယံ ကထံ ကထေတွာ၊ ဝမ်းမြောက်ဖွယ်သော စကားကို မိန့်တော်မူ၍။
"ကုတော အာဂတာ၊ ဘယ်မှ လာကြသည်။
အတ္ထာတိ ပုစ္ဆိ၊ ဖြစ်ကြသနည်း"ဟု မေးတော်မူပြီ။
ဘန္တေ မယံ၊ မြတ်စွာဘုရား တပည့်တော်တို့သည်။
ကောသလဇနပဒေ၊ ကောသလဇနပုဒ်၌။
ဧကသ္မိံ ဂါမကေ ဝသိတွာ၊ ရွာငယ်တစ်ခု၌ နေကြ၍။
တတော နိက္ခမိတွာ၊ ထိုရွာမှ ထွက်ခဲ့၍။
တုမှာကံ ဒဿနတ္ထာယ၊ ရှင်တော်ဘုရားတို့အား ဖူးခြင်းအကျိုးငှာ။
အာဂတာတိ၊ လာကြပါ၏ဟု ဖြေကြပြီ။
ကစ္စိ ပန၊ ဘယ်လိုလဲ။
ဝေါ သမဂ္ဂါ၊ နှစ်ပါးကုန်သော သင်တို့သည် ညီညွတ်ကြလျက်။
အာဂတာ အတ္ထာတိ၊ လာကြသည် ဖြစ်ကြ၏လောဟု မေးတော်မူပြီ။
အပရိဿာဝနကော၊ ရေစစ်မပါရှိသော ရဟန်းငယ်သည်။
"ဘန္တေ အယံ အန္တရာမဂ္ဂေ၊ အို ရှင်တော်ဘုရား ဤရဟန်းသည် အကြားလမ်းခရီး၌။
မယာ သဒ္ဓိံ၊ တပည့်တော်နှင့် တကွ။
ဝိဝါဒံ ကတွာ၊ ငြင်းခုံမှုကို ပြု၍။
ပရိဿာဝနံ နာဒါသီတိ အာဟ၊ ရေစစ်ကို မပေးပါ မငှားပါ"ဟု လျှောက်ပြီ။
ဣတရောပိ၊ သည့်ပြင် ရေစစ်ရဟန်းငယ်သည်လည်း။
"ဘန္တေ အယံ အပရိဿာဝေတွာဝ၊ ရှင်တော်ဘုရား ဤရဟန်းသည် မစစ်မူ၍သာ။
ဇာနံ သပါဏကံ၊ သိလျက် ပိုးရှိသော။
ဥဒကံ ပိဝီတိ အာဟ၊ ရေကို သောက်ပါပြီ"ဟု လျှောက်ပြီ။
ဘိက္ခု တွံ၊ အိုရဟန်း သင်သည်။
ဇာနံ သပါဏကံ ဥဒကံ၊ သိလျက် ပိုးရှိသော ရေကို။
ပိဝိ ကိရတိ၊ သောက်သတဲ့ဟု ကြားရသည်ကား။
သစ္စံတိ၊ မှန်သလားဟု မေးတော်မူပြီ။
အာမ ဘန္တေ၊ မှန်ပါသည်ဘုရား။
အပရိဿာဝိတံ ဥဒကံ၊ မစစ်အပ်သော ရေကို။
ပိဝိန္တိ၊ သောက်မိပါပြီဟု လျှောက်ပြီ။
သတ္ထာ၊ ရှင်တော်ဘုရားသည်။
"ဘိက္ခု ပုဗ္ဗေ ပဏ္ဍိတာ၊ အို ရဟန်း ရှေးက ပညာရှိတို့သည်။
ဒေဝနဂရေ ရဇ္ဇံ ကာရေန္တာ၊ နတ်ပြည်၌ မင်းအဖြစ်ကို ပြုကုန်သော်။
ယုဒ္ဓပရာဇိတာ သမုဒ္ဒပိဋ္ဌေန ပလာယန္တာ၊ စစ်ရှုံးကြ၍ သမုဒ္ဒရာအပြင်ဖြင့် ပြေးရကုန်သော်။
'ဣဿရိယံ နိဿာယ၊ အစိုးရမှုကို အမှီပြု၍။
ပါဏဝဓံ န ကရိဿာမာတိ၊ သူ့သက်သတ်မှုကို မပြုကုန်အံ့"ဟု ကြဲ၍။
တာဝ မဟန္တံ၊ သို့ကလောက် မြင့်မြတ်ကြီးကျယ်သော။
ယသံ ပရိစ္စဇိတွာ၊ စည်းစိမ် အခြံအရံကို ပစ်ပယ်စွန့်လွှတ်၍။
သုပဏ္ဏပေါတကာနံ ဇီဝိတံ ဒတွာ၊ ဂဠုန်ငယ်တို့အတွက် မိမိအသက်ကို ပေး၍။
ရထံ နိဝတ္တယိံသူတိ ဝတွာ၊ စီးလာသောရထားကို နောက်ပြန်အလှည့်ခိုင်းဖူးကုန်ပြီ"ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ မဂဓရဋ္ဌေ၊ လွန်လေပြီးသောအခါ မဂဓတိုင်း၌။
ရာဇဂဟေ၊ ရာဇဂြိုဟ်မြို့၌။
မာဂဓရာဇာ ရဇ္ဇံ ကာရေသိ၊ မာဂဓမင်းသည် မင်းအဖြစ်ကို ပြုပြီ။
တဒါ ဗောဓိသတ္တော၊ ထိုအခါ ဘုရားလောင်းသည်။
ဧတရဟိ သက္ကော၊ ယခုအခါ သိကြားမင်းသည်။
ပုရိမတ္တဘာဝေ မဂဓရဋ္ဌေ၊ ရှေးဘဝ၌ မဂဓတိုင်း၌။
မစလဂါမကေ နိဗ္ဗတ္တိ ယထာ၊ မစလရွာကလေး၌ ဖြစ်ခဲ့သကဲ့သို့။
ဧဝံ တသ္မိံယေဝ မစလဂါမကေ၊ ထို့အတူ ထိုမစလရွာကလေး၌ပင်။
မဟာကုလဿ ပုတ္တော၊ ဆွေကြီးမျိုးကြီး၏ သားသည်။
ဟုတွာ နိဗ္ဗတ္တိ၊ ဖြစ်၍ ဖြစ်ပြီ။
အဿ နာမဂ္ဂဟဏဒိဝသေ စ၊ ထိုဘုရားလောင်းကို အမည်မှည့်ရာ နေ့၌လည်း။
အဿ နာမံ၊ ထိုဘုရားလောင်း၏ အမည်ကို။
မဃကုမာရောတွေဝ အကံသု၊ မဃသတို့သား ဟူ၍သာ ပြုကုန် မှည့်ကုန်ပြီ။
သော ဝယပ္ပတ္တော၊ ထိုမဃသတို့သားသည် အရွယ်ရောက်သော်။
မဃမာဏဝေါတိ ပညာယိတ္ထ၊ မဃလုလင်ဟု ထင်ရှားပြီ။
အထ အဿ မာတာပိတရော၊ ထိုအခါ ထိုမဃလုလင်၏ မိဘတို့သည်။
သမာနဇာတိက ကုလတော၊ ဇာတ်တူအမျိုးမှ။
အဿ ဒါရိကံ အာနယိံသု၊ ထိုမဃလုလင်ဖို့ သတို့သမီးကို ဆောင်ယူကုန်ပြီ။
သော ပုတ္တဓီတာဟိ ဝဍ္ဎမာနော၊ ထိုမဃလုလင်သည် သားသမီးတို့ဖြင့် ကြီးပွားလျက်။
ဒါနပတိ အဟောသိ၊ အလှူရှင်သည် ဖြစ်ပြီ။
ပဉ္စသီလာနိ ရက္ခတိ၊ ငါးပါးသီလတို့ကို စောင့်ရှောက်၏။
တသ္မိဉ္စ ဂါမေ၊ ထိုရွာ၌လည်း။
တေတ္တိံသေဝ ကုလာနိ ဟောန္တိ၊ သုံးကျိပ်သုံးမျိုးသာဖြစ်သော မျိုးစုဆွေစုတို့သည် ဖြစ်ကုန် ရှိကုန်၏။
တေပိ မနုဿာ၊ ဆွေစုမျိုးစု သုံးကျိပ်သုံးမျိုးဖြစ်ကုန်သော ထိုလူတို့သည်လည်း။
ဧကဒိဝသံ ဂါမမဇ္ဈေ ဌတွာ၊ တစ်နေ့၌ ရွာလည်၌ တည်၍။
ဂါမကမ္မံ ကရောန္တိ၊ ရွာမှုကို ပြုကြကုန်၏။
ဗောဓိသတ္တော ဌိတဋ္ဌာနေ၊ ဘုရားလောင်းသည် ရပ်ရာဌာန၌။
ပါဒေဟိ ပံသုံ ဝိယူဟိတွာ၊ ခြေတို့ဖြင့် မြေမှုန့်ကို ယက်၍။
တံ ပဒေသံ၊ မိမိရပ်ရာ ထိုနေရာကို။
ရမဏီယံ ကတွာ အဋ္ဌာသိ၊ မွေ့လျော်ဖွယ်ကို ပြု၍ ရပ်နေပြီ။
အထ ဧကော အညော အာဂန္တွာ၊ ထိုအခါ တစ်ယောက်သော အခြားသူသည် လာ၍။
တသ္မိံ ဌာနေ ဌိတော၊ ထိုဌာန၌ ရပ်ပြီ။
ဗောဓိသတ္တော အပရံ ဌာနံ၊ ဘုရားလောင်းသည် အခြားသော ဌာနကို။
ရမဏီယံ ကတွာ အဋ္ဌာသိ၊ မွေ့လျော်ဖွယ်ကို ပြု၍ ရပ်နေပြီ။
တတြာပိ အညော ဌိတော၊ ထိုနောက်ဌာန၌လည်း အခြားသူသည် လာရပ်ပြီ။
ဗောဓိသတ္တော အပရမ္ပိ အပရမ္ပီ ဣတိ၊ ဘုရားလောင်းသည် အခြားနေရာကိုလည်းကောင်း, အခြားနေရာကိုလည်းကောင်း ဤသို့။
သဗ္ဗေသမ္ပိ ဌိတဋ္ဌာနံ၊ လူအားလုံးတို့၏လည်း ရပ်ရာဌာနကို။
ရမဏီယံ ကတွာ၊ မွေ့လျော်ဖွယ်ကို ပြု၍။
အပရေန သမယေန တသ္မိံ ဌာနေ၊ တစ်ပါးသောအခါ၌ ထိုဌာန၌။
မဏ္ဍပံ ကာရေသိ၊ မဏ္ဍပ်ကို ဆောက်လုပ်စေပြီ။
မဏ္ဍပမ္ပိ အပနေတွာ၊ မဏ္ဍပ်ကိုလည်း ပယ်ရှားဖျက်ဆီး၍။
သာလံ ကာရေသိ၊ ဇရပ်ကို ဆောက်လုပ်စေပြီ။
တတ္ထ ဖလကာသနာနိ သန္ထရိတွာ၊ ထိုဇရပ်၌ ပျဉ်အခင်းတို့ကို ကောင်းစွာခင်း၍။
ပါနီယစာဋိံ ဌပေသိ၊ သောက်ရေအိုးကြီးကို တည်စေပြီ, တည်ထားပြီ။
အပရေန သမယေန တေပိ တေတ္တိံသဇနာ၊ နောက်အခါ၌ ထိုသုံးကျိပ်သုံးယောက်သော အိမ်ထောင်ဦးစီးလူတို့သည်လည်း။
ဗောဓိသတ္တေန သမာနစ္ဆန္ဒာ အဟေသုံ၊ ဘုရားလောင်းနှင့် တူသော ဆန္ဒရှိကုန်သည် ဖြစ်ကုန်ပြီ။
တေ ဗောဓိသတ္တော၊ ထိုအိမ်ထောင်ဦးစီး သုံးကျိပ်သုံးယောက်သော လူတို့ကို ဘုရားလောင်းသည်။
ပဉ္စသု သီလေသု ပတိဋ္ဌာပေတွာ၊ ငါးပါးသီလတို့၌ တည်စေ၍။
တတော ပဋ္ဌာယ၊ ထိုအခါမှ စ၍။
တေဟိ သဒ္ဓိံ၊ ထိုသုံးကျိပ်သုံးယောက်တို့နှင့် အတူ။
ပုညာနိ ကရောန္တော ဝိစရတိ၊ ကောင်းမှုတို့ကို ပြုလျက် လှည့်လည်၏။
တေပိ တေနေဝ သဒ္ဓိံ၊ ထိုသုံးကျိပ်သုံးယောက်တို့သည်လည်း ထိုဘုရားလောင်းနှင့်သာ အတူ။
ပုညာနိ ကရောန္တာ၊ ကောင်းမှုတို့ကို ပြုကြလျက်။
ကာလဿေဝ ဝုဋ္ဌာယ၊ စောစောသာ ထ၍။
ဝါသိဖရသုမုသလဟတ္ထာ၊ ပဲကွပ်, ပုဆိန်, ကျည်ပွေ့ လက်၌ ရှိကြ၍။
စတုမဟာပထာဒီသု၊ လမ်းလေးခွ စသည်တို့၌။
မုသလေန ပါသာဏေ ဥဗ္ဗတ္တေတွာ၊ ကျည်ပွေ့ဖြင့် ကျောက်တုံးတို့ကို ထစေ၍, ကော်၍။
ပဝဋ္ဋေန္တိ၊ လိမ့်စေကုန်၏, လှိမ့်ကုန်၏။
ယာနာနံ အက္ခပဋိဃာတရုက္ခေ ဟရန္တိ၊ ယာဉ်တို့၏ ဝန်ရိုးထိခိုက်သော သစ်ပင်တို့ကို ဆောင်ယူဖယ်ရှားကုန်၏။
ဝိသမံ သမံ ကရောန္တိ၊ မညီသောလမ်းကို ညီအောင် ပြုကုန်၏။
သေတုံ အတ္ထရန္တိ၊ တံတားကို ခင်းကုန်၏။
ပေါက္ခရဏိယော ခဏန္တိ၊ ကန်တို့ကို တူးကုန်၏။
သာလံ ကရောန္တိ၊ ဇရပ်ကို ဆောက်လုပ်ကုန်၏။
ဒါနာနိ ဒေန္တိ၊ လှူဖွယ်တို့ကို လှူကုန်၏။
သီလာနိ ရက္ခန္တိ၊ သီလတို့ကို စောင့်ကုန်၏။
ဧဝံ ယေဘုယျေန သကလဂါမဝါသိနော၊ ဤသို့လျှင် များသောအားဖြင့် ရွာနေလူ အားလုံးတို့သည်။
ဗောဓိသတ္တဿ ဩဝါဒေ ဌတွာ၊ ဘုရားလောင်း၏ ဩဝါဒ၌ တည်၍။
သီလာနိ ရက္ခိံသု၊ သီလတို့ကို စောင့်ကုန်ပြီ။
အထ နေသံ ဂါမဘောဇကော၊ ထိုအခါက ထိုလူတို့၏ မစလရွာစားသည်။
"အဟံ ပုဗ္ဗေ၊ ငါသည် ရှေးက။
ဧတေသု သုရံ ပိဝန္တေသု၊ ဤရွာသားတို့သည် သေရည်ကို သောက်ကြသော်။
ပါဏာတိပါတာဒီနိ ကရောန္တေသု၊ သူ့သက်သတ်မှု စသည်တို့ကို ပြုကြသော်။
စာဋိကဟာပဏာဒိဝသေန စေဝ ဒဏ္ဍဗလိဝသေန စ၊ သေရည်တစ်အိုး ငွေတစ်ကျပ်စသည်တို့၏ အစွမ်းအားဖြင့်လည်းကောင်း, ဒဏ်ငွေ အခွန်အတုတ် အစွမ်းအားဖြင့်လည်းကောင်း။
ဓနံ လဘာမိ၊ ပစ္စည်းကို ရ၏။
ဣဒါနိ ပန မဃော မာဏဝေါ၊ ယခုကား မဃမည်သော လုလင်သည်။
သီလံ ရက္ခာပေတိ၊ သီလကို စောင့်စေ၏။
တေသံ ပါဏာတိပါတာဒီနိ၊ ထိုမစလရွာသားတို့အား သူ့သက်သတ်မှု စသည်တို့ကို။
ကာတုံ န ဒေတိ၊ ပြုခြင်းငှာ မပေး။
ဣဒါနိ ပန၊ ယခုအခါ ပြောင်းပြန်ပြုအံ့။
ဣဒါနိ တေ၊ ယခုအခါ ထိုမစလရွာသားတို့ကို။
ပဉ္စ သီလာနိ၊ ငါးပါးကုန်သော သီလတို့ကို။
န ရက္ခာပေဿာမီတိ စိန္တေသိ၊ မစောင့်စေအံ့ မစောင့်ရအောင်ပြုအံ့"ဟု ကြံပြီ။
ဣတိ ကုဒ္ဓေါ၊ ဤသို့ ကြံ၍ စိတ်ဆိုး၍။
ရာဇာနံ ဥပသင်္ကမိတွာ၊ မင်းသို့ ချဉ်းကပ်၍။
"ဒေဝ ဗဟူ စောရာ၊ အိုမင်းကြီး များစွာကုန်သော သူခိုးဓားပြတို့သည်။
ဂါမဃာတာဒီနိ ကရောန္တာ၊ ရွာဖျက်ဆီးတိုက်ခိုက်မှုစသည်တို့ကို ပြုကြလျက်။
ဝိစရန္တီတိ အာဟ၊ လှည့်လည်နေကြပါ၏"ဟု လျှောက်ပြီ။
ရာဇာ တဿ ဝစနံ သုတွာ၊ မဂဓမင်းသည် ထိုမစလရွာစား၏ စကားကို ကြား၍။
ဂစ္ဆ၊ သွားချေ။
တေ အာနေဟီတိ အာဟ၊ ထိုသူခိုးဓားပြတို့ကို ဖမ်းဆီးခေါ်ယူခဲ့လော့ဟု ပြောပြီ။
သော ဂန္တွာ၊ ထိုမစလရွာစားသည် သွား၍။
သဗ္ဗေပိ တေ၊ အလုံးစုံးလည်း ဖြစ်ကုန်သော မဃအမှူးရှိသည့် ထိုလူတို့ကို။
ဗန္ဓိတွာ အာနေတွာ၊ ဖွဲ့ချည်၍ ဆောင်ယူခဲ့၍။
ဒေဝ စောရာ အာနီတာတိ၊ အို အရှင်မင်းကြီး သူခိုးဓားပြတို့ကို ဆောင်ယူအပ်ကုန်ပြီဟု။
ရညော အာရောစေသိ၊ မင်းအား လျှောက်ထားပြီ။
ရာဇာ တေသံ ကမ္မံ၊ မဂဓမင်းသည် မဃကြီးမှူးသော ထိုလူတို့၏ အမှုကို။
အသောဓေတွာဝ၊ မသုတ်သင် မစစ်ဆေးမူ၍သာ။
"ဟတ္ထိနာ နေ၊ ဆင်ဖြင့် ထိုလူတို့ကို။
မဒ္ဒါပေထာတိ အာဟ၊ နင်းစေကုန်လော့"ဟု ပြောပြီ။
တတော သဗ္ဗေပိ တေ၊ ထိုသို့ မိန့်ခြင်းကြောင့် အလုံးစုံလည်းဖြစ်ကုန်သော မဃကြီးမှူးသည့် ထိုလူတို့ကို။
ရာဇင်္ဂဏေ နိပဇ္ဇာပေတွာ၊ နန်းရင်ပြင်၌ အိပ်စေ၍။
ဟတ္ထိံ အာနယိံသု၊ ဆင်ကို ဆောင်လာကုန်ပြီ။
ဗောဓိသတ္တော တေသံ၊ ဘုရားလောင်းသည် ထိုသုံးကျိပ်သုံးယောက်တို့အား။
"တုမှေ သီလာနိ အာဝဇ္ဇေထ၊ သင်တို့သည် သီလတို့ကို ဆင်ခြင်ကြလော့။
ပေသုညကာရကေ စ ရညေ စ၊ ကုန်းတိုက်သည့်ရွာစား၌လည်းကောင်း, ရှင်ဘုရင်၌လည်းကောင်း။
ဟတ္ထိမှိ စ အတ္တနော သရီရေ စ၊ ဆင်၌လည်းကောင်း, မိမိ၏ ကိုယ်၌လည်းကောင်း။
ဧကသဒိသမေဝ မေတ္တံ၊ ထပ်တူထပ်မျှသာဖြစ်သော မေတ္တာကို။
ဘာဝေထာတိ ဩဝါဒံ အဒါသိ၊ ဖြစ်စေကြ, ပွားစေကြ"ဟု ဩဝါဒကို ပေးပြီ။
တေ တထာ အကံသု၊ ထိုသုံးကျိပ်သုံးယောက်သော သူတို့သည် ဘုရားလောင်းပြောသည့်အတိုင်း ပြုကုန်ပြီ။
အထ နေသံ မဒ္ဒနတ္ထာယ၊ ထိုအခါ မဃကြီးမှူးသည့် ထိုလူတို့ကို နင်းခြင်းငှာ။
ဟတ္ထိံ ဥပနေသုံ၊ ဆင်ကို အနီးဆောင်ယူလာကုန်ပြီ။
သော ဥပနီယမာနောပိ၊ ထိုဆင်သည် အနီးဆောင်ယူအပ်သော်လည်း။
န ဥပဂစ္ဆတိ၊ မဃတို့ အနီးမသွား။
မဟာဝိရဝံ ဝိရဝိတွာ ပလာယတိ၊ သည်းစွာသော အသံကို မြည်၍ပြေး၏။
အညံ အညံ ဟတ္ထိံ အာနယိံသု၊ အခြားအခြားသော ဆင်ကို ဆောင်ယူလာကုန်ပြီ။
တေပိ တထေဝ ပလာယိံသု၊ ထိုဆင်တို့သည်လည်း ထိုပထမဆင်အတူသာ ထွက်ပြေးကုန်ပြီ။
ရာဇာ၊ မဂဓဘုရင်သည်။
"ဧတေသံ ဟတ္ထေ၊ ဤသူတို့၏ လက်၍။
ကိဉ္စိ ဩသဓံ၊ တစ်စုံတစ်ခုသော ဆေးသည်။
ဘဝိဿတီတိ စိန္တေတွာ၊ ရှိလတ္တံ့"ဟု ကြံ၍။
ဝိစိနထာတိ အာဟ၊ ရှာကြဟု ပြောပြီ။
ဝိစိနန္တာ အဒိသွာ၊ ရှာကြသော် မတွေ့၍။
နတ္ထိ ဒေဝါတိ အာဟံသု၊ မရှိပါ အရှင်မင်းကြီးဟု လျှောက်ကုန်ပြီ။
တေန ဟိ၊ ဒီလိုဆိုလျှင်။
ကိဉ္စိ မန္တံ ပရိဝတ္တေဿန္တိ၊ တစ်စုံတစ်ခုသော မန္တန်ကို ရွတ်ကြ မန်းကြလတ္တံ့။
ဝေါ ပရိဝတ္တနမန္တော၊ သင်တို့အား ရွတ်ဖတ်မန်းမှုတ်သော မန္တန်သည်။
အတ္ထီတိ နေ ပုစ္ဆထ၊ ရှိသလားဟု ထိုလူတို့ကို မေးကြလော့။
ဣတိ၊ ဤသို့ မေးခိုင်းပြီ။
ရာဇပုရိသာ ပုစ္ဆိံသု၊ မင်းချင်းယောကျ်ားတို့သည် မေးကုန်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
အတ္ထီတိ အာဟ၊ ရှိ၏ဟု ဖြေပြီ။
ရာဇပုရိသာ၊ မင်းချင်းယောကျ်ားတို့သည်။
အတ္ထိ ကိရ ဒေဝါတိ၊ ရှိပါသတဲ့ အရှင်မင်းကြီးဟု။
အာရောစယိံသု၊ လျှောက်ကုန်ပြီ။
ရာဇာ သဗ္ဗေပိ တေ၊ မဂဓမင်းသည် အလုံးစုံလည်း ဖြစ်ကုန်သော မဃကြီးမှူးသည့် ထိုလူတို့ကို။
ပက္ကောသာပေတွာ၊ ခေါ်စေ၍။
"တုမှာကံ ဇာနနမန္တံ၊ သင်တို့၏ သိထားသော မန္တန်ကို။
ကထေထာတိ အာဟ၊ ဆိုကြလော့"ဟု မိန့်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်း မဃလုလင်သည်။
"ဒေဝ အမှာကံ၊ အရှင်မင်းကြီး ကျွန်တော်မျိုးတို့အား။
အညော မန္တော နာမ နတ္ထိ၊ အခြားသော မန္တန်မည်သည် မရှိ။
ပန တေတ္တိံသမတ္တာ၊ အဟုတ်သော်ကား သုံးကျိပ်သုံးယောက် အရေအတွက်ရှိကုန်သော။
အမှေ ဇနာ ပါဏံ န ဟနာမ၊ ကျွန်တော်မျိုးတို့သည် သူ့အသက်ကို မသတ်ပါကုန်။
အဒိန္နံ နာဒိယာမ၊ အရှင် မပေးသည်ကို မယူပါကုန်။
မိစ္ဆာစာရံ န စရာမ၊ သူ့အိမ်ရာ မှားသောအကျင့်ကို မကျင့်ပါကုန်။
မုသာဝါဒံ န ဘဏာမ၊ မုသားစကားကို မပြောကြားပါကုန်။
မဇ္ဇံ န ပိဝါမ၊ သေရည်သေရက်ကို မသောက်ပါကုန်။
မေတ္တံ ဘာဝေမ၊ မေတ္တာကို ပွားစေပါကုန်၏။
ဒါနံ ဒေမ၊ လှူဖွယ်ကို လှူပါကုန်၏။
မဂ္ဂံ သမံ ကရောမ၊ လမ်းကို ညီအောင် ပြုပါကုန်၏။
ပေါက္ခရဏိယော ခဏာမ၊ ရေကန်တို့ကို တူးပါကုန်၏။
သာလံ ကရောမ၊ ဇရပ်ကို ဆောက်လုပ်ကုန်၏။
အယံ အမှာကံ၊ ဤလျှောက်ပြီးသည်ကား ကျွန်တော်မျိုးတို့၏။
မန္တော စ ပရိတ္တဉ္စ ဝုဍ္ဎိ စာတိ၊ မန္တန်လည်း ဟုတ်ပါ၏, အရံအတားလည်း ဟုတ်ပါ၏, ကြီးပွားကြောင်းလည်း ဟုတ်ပါ၏"ဟု။
အဝေါစ၊ လျှောက်ပြီ။
ရာဇာ တေသံ ပသန္နော၊ မဂဓမင်းသည် ထိုမဃကြီးမှူးသည့် လူတို့အား ကြည်ညို၍။
ပေသုညကာရကဿ၊ ကုန်းတိုက်မှုပြုသည့် ရွာစား၏။
သဗ္ဗံ ဂေဟဝိဘဝံ၊ အလုံးစုံသော အိမ်ရှိပစ္စည်းကိုလည်းကောင်း။
တဉ္စ၊ ထိုရွာစားကို ၎င်း။
တေသံ ဒါသံ ကတွာ၊ ထိုမဃကြီးမှူးသော လူတို့၏ ကျွန်ကို ပြု၍။
အဒါသိ၊ ပေးလိုက်ပြီ။
တံ ဟတ္ထိဉ္စ တံ ဂါမဉ္စ၊ ထိုဆင်ကိုလည်းကောင်း, ထိုမစလရွာကိုလည်းကောင်း။
တေသံယေဝ အဒါသိ၊ ထိုမဃကြီးမှူးသော လူတို့အားသာ အပိုင်စားပေးပြီ။
တေ တတော ပဋ္ဌာယ၊ ထိုမဃကြီးမှူးသော လူတို့သည် ထိုအခါမှ စ၍။
ယထာ ရုစိယာ ပုညာနိ ကရောန္တာ၊ ကြိုက်သည်အားလျော်စွာ ကောင်းမှုတို့ကို ပြုကုန်သော်။
စတုမဟာပထေ၊ လမ်းလေးခွ၌။
မဟန္တံ သာလံ ကာရေဿာမာတိ၊ ကြီးစွာသော ဇရပ်ကို ပြုစေကုန်အံ့ဟု။
ဝဍ္ဎကိံ ပက္ကောသာပေတွာ၊ လက်သမားကို ခေါ်စေ၍။
သာလံ ပဋ္ဌပေသုံ၊ ဇရပ်ကို ဖြစ်စေကုန်ပြီ ဆောက်ကြပြီ။
မာတုဂါမေသု ဝိဂတစ္ဆန္ဒတာယ ပန၊ မာတုဂါမတို့၌ ကင်းသောဆန္ဒ ရှိကုန်သည်၏ အဖြစ်ကြောင့်ကား။
တဿာ သာလာယ၊ ထိုဇရပ်၌။
မာတုဂါမာနံ ပတ္တိံ နာဒံသု၊ မာတုဂါမတို့အား ကုသိုလ်အဖို့ကို မပေးကုန်ပြီ။
တေန စ သမယေန၊ ထိုအခါကလည်း။
ဗောဓိသတ္တဿ ဂေဟေ၊ ဘုရားလောင်းမဃ၏ အိမ်၌။
သုဓမ္မာ စိတ္တာ နန္ဒာ သုဇာ၊ သုဓမ္မာလည်းကောင်း, စိတ္တာလည်းကောင်း, နန္ဒာလည်းကောင်း, သုဇာလည်းကောင်း။
ဣတိ စတဿော၊ ဤသို့ လေးယောက်ကုန်သော။
ဣတ္ထိယော ဟောန္တိ၊ မိန်းမတို့သည် ရှိကုန်၏။
တာသု သုဓမ္မာ၊ ထိုလေးယောက်တို့တွင် သုဓမ္မာသည်။
ဝဍ္ဎကိနာ သဒ္ဓိံ၊ လက်သမားနှင့် အတူ။
ဧကတော ဟုတွာ၊ တပေါင်းတည်း ဖြစ်၍။
"ဘာတိက ဣမိဿာ သာလာယ၊ မောင်ကြီး ဤဇရပ်၌။
မံ ဇေဋ္ဌိကံ၊ ကျွန်မကို ကုသိုလ်ရှင် အကြီးအကဲကို။
ကရောဟီတိ ဝတွာ၊ ပြုပါလော့"ဟု ပြော၍။
လဉ္ဇံ အဒါသိ၊ တံဆိုးလက်ဆောင်ကို ပေးပြီ။
သော၊ ထိုလက်သမားသည်။
သာဓူတိ သမ္ပဋိစ္ဆိတွာ၊ ကောင်းပါပြီဟု ဝန်ခံ၍။
ပဌမမေဝ ကဏ္ဏိကာရုက္ခံ၊ ရှေးဦးစွာပင် ထုပိကာသစ်သားကို။
သုက္ခာပေတွာ တစ္ဆေတွာ ဝိဇ္ဈိတွာ၊ ခြောက်သွေ့စေ၍ ရွေပေါ်ထိုး၍ ထွင်းဖောက်၍။
ကဏ္ဏိကံ နိဋ္ဌာပေတွာ၊ ထုပိကာကို ပြီးစေ၍။
ဝတ္ထေန ပလိဝေဌေတွာ ဌပေသိ၊ အဝတ်ဖြင့် ရစ်ပတ်၍ ထားပြီ။
အထ သာလံ နိဋ္ဌာပေတွာ၊ ထိုအခါ ဇရပ်ကို ပြီးစေ၍။
ကဏ္ဏိကာရောပနကာလေ၊ ထုပိကာတင်မည့်အခါ၌။
"အဟော အယျာ၊ ဟော အိုအရှင်တို့။
ဧကံ န သရိမှာတိ အာဟ၊ တစ်ခုကို မေ့နေခဲ့ကြပြီ"ဟု ပြောပြီ။
ကိံ နာမ ဘောတိ၊ ဘာမည်သော တစ်ခုလဲ အချင်းဟု မေးကြပြီ။
ကဏ္ဏိကာ လဒ္ဓုံ ဝဋ္ဋတီတိ၊ ထုပိကာကို ရခြင်းငှာ သင့်၏ဟု ဖြေပြီ။
ဟောတု အာဟရိဿာမာတိ၊ ဖြစ်ပါစေ ရှိပါစေ, ဆောင်ယူကြအံ့ဟု ပြောကြပြီ။
ဣဒါနိ ဆိန္နရုက္ခေန၊ ယခု ခုတ်ဖြတ်အပ်သော သစ်သားဖြင့်။
ကာတုံ န သက္ကာ၊ ပြုခြင်းငှာ မတတ်ကောင်း။
ပုဗ္ဗေယေဝ၊ ရှေး၌ပင် ရှေးကပင်။
ဆိန္ဒိတွာ တစ္ဆေတွာ ဝိဇ္ဈိတွာ၊ ခုတ်ဖြတ်၍ ရွေပေါ်ထိုး၍ ထွင်းဇောက်၍။
ဌပိတကဏ္ဏိကာ၊ ထားအပ်သော ထုပိကာကို။
လဒ္ဓုံ ဝဋ္ဋတီတိ၊ ရခြင်းငှာ သင့်၏ဟု ပြောပြီ။
ဣဒါနိ ကိံ ကာတဗ္ဗန္တိ၊ ယခုအခါ ဘာကို လုပ်သင့်သလဲဟု မေးကြပြီ။
ကဿစိ ဂေဟေ၊ တစ်ဦးတစ်ယောက်၏ အိမ်၌။
နိဋ္ဌာပေတွာ ဌပိတာ၊ အပြီးအစီး ပြုလုပ်၍ ထားအပ်သော။
ဝိက္ကာယိကကဏ္ဏိကာ သစေ အတ္ထိ၊ ရောင်းဖို့ရာ ထုပိကာသည် အကယ်၍ ရှိအံ့။
သာ ပရိယေသိတဗ္ဗာတိ၊ ထိုရောင်းဖို့ရာ ထုပိကာကို ရှာသင့်၏ဟု ဖြေပြီ။
တေ ပရိယေသန္တာ၊ ထိုမဃကြီးမှူးသော လူတို့သည် ရှာကြသော်။
သုဓမ္မာယ ဂေဟေ ဒိသွာ၊ သုဓမ္မာ၏ အိမ်၌ တွေ့၍။
မူလေန န လဘိံသု၊ တန်ဖိုးဖြင့် ဝယ်မရကုန်။
"မံ သာလာယ ပတ္တိကံ၊ ကျွန်မကို ဇရပ်၌ ကုသိုလ်ပါဝင်ခွင့်ရှိသည်ကို။
သစေ ကရောထ၊ အကယ်၍ ပြုကုန်အံ့။
ဒဿာမီတိ ဝုတ္တေ၊ လှူပါမည်"ဟု ပြောအပ်သော်။
"မာတုဂါမာနံ ပတ္တိံ၊ မာတုဂါမတို့အား ကုသိုလ်ပါဝင်ခွင့်ကို။
မယံ န ဒမှာတိ အာဟံသု၊ ငါတို့သည် မပေးနိုင်ကုန်ဟု ပြောကြပြီ။
အထ နေ ဝဍ္ဎကီ၊ ထိုအခါ ထိုမဃကြီးမှူးသောလူတို့ကို လက်သမားသည်။
"အယျာ တုမှေ၊ အို အရှင်တို့ အရှင်တို့သည်။
ကိံ ကထေထ၊ ဘယ်ကဲ့သို့ ပြောကြသနည်း။
ဗြဟ္မလောကံ ဌပေတွာ၊ ဗြဟ္မာပြည်ကို ချန်ထား၍။
အညံ မာတုဂါမရဟိတဋ္ဌာနံ နာမ နတ္ထိ၊ အခြားသော မိန်းမကင်းသော နေရာမည်သည် မရှိ။
ကဏ္ဏိကံ ဂဏှထ၊ ထုပိကာကို ယူကြပါ။
ဧဝံ သန္တေ၊ ဤသို့ ယူသည်ရှိသော်။
အမှာကံ ကမ္မံ၊ အကျွန်ုပ်တို့၏ လက်သမားအမှုသည်။
နိဋ္ဌံ ဂမိဿတီတိ၊ အပြီးသို့ ရောက်ပါလိမ့်မည်ဟု ပြောပြီ။
တေ သာဓူတိ၊ ထိုလူတို့သည် ကောင်းပြီဟု။
ကဏ္ဏိကံ ဂဟေတွာ၊ ထုပိကာကို ယူ၍။
သာလံ နိဋ္ဌာပေတွာ၊ ဇရပ်ကြီးကို ပြီးစေ၍။
အာသနဖလကာနိ သန္ထရိတွာ၊ နေစရာပျဉ်ချပ်တို့ကို ကောင်းစွာခင်း၍။
ပါနီယစာဋိယော ဌပေတွာ၊ သောက်ရေအိုးတို့ကို တည်ထား၍။
ယာဂုဘတ္တံ နိဗန္ဓိံသု၊ ယာဂုနှင့်ထမင်းကို မြဲစွာဖွဲ့ထား တည်ထားကုန်ပြီ။
သာလံ၊ ဇရပ်ကို။
ပါကာရေန ပရိက္ခိပိတွာ၊ တံတိုင်းဖြင့် ကာရံ၍။
ဒွါရံ ယောဇေတွာ၊ တံခါးကို ယှဉ်စေ၍, တပ်၍။
အန္တောပါကာရေ ဝါလုကံ အာကိရိတွာ၊ တံတိုင်းအတွင်း၌ သဲကို ကြဲဖြန့်ခင်း၍။
ဗဟိပါကာရေ၊ တံတိုင်းပြင်ပ၌။
တာလပန္တိယော ရောပေသုံ၊ ထန်းပင်တန်းတို့ကို စိုက်ပျိုးကုန်ပြီ။
စိတ္တာပိ တသ္မိံ ဌာနေ၊ သုစိတ္တာသည်လည်း ထိုဇရပ်၏ မနီးမဝေးနေရာ၌။
ဥယျာနံ ကာရေသိ၊ ဥယျာဉ်ကို ပြုစေပြီ။
အသုကော နာမ၊ ထိုမည်သော။
ပုပ္ဖူပဂဖလူပဂရုက္ခော၊ ပွင့်ပင် သီးပင်သည်။
တသ္မိံ နတ္ထီတိ၊ ထိုဥယျာဉ်၌ မရှိဟု။
နာဟောသိ၊ မဖြစ်ပြီ။
နန္ဒာပိ တသ္မိံယေဝ ဌာနေ၊ သုနန္ဒာသည်လည်း ထိုဇရပ် မနီးမဝေးနေရာ၌ပင်။
ပဉ္စဝဏ္ဏေဟိ ပဒုမေဟိ၊ အဆင်းငါးမျိုးရှိကုန်သော ကြာတို့ဖြင့်။
သဉ္ဆန္နံ ရမဏီယံ၊ ကောင်းစွာ ဖုံးလွှမ်းအပ်၍ မွေ့လျော်ဖွယ် ကောင်းသော။
ပေါက္ခရဏိံ ကာရေသိ၊ ရေကန်ကို ပြုစေပြီ။
သုဇာ ကိဉ္စိ န အကာသိ၊ သုဇာသည်ကား ဘာကောင်းမှုကိုမျှ မပြုပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းမဃသည်။
မာတု ဥပဋ္ဌာနံ ပိတု ဥပဋ္ဌာနံ၊ အမိအား လုပ်ကျွေးခြင်းလည်းကောင်း, အဖအား လုပ်ကျွေးခြင်းလည်းကောင်း။
ကုလေ ဇေဋ္ဌာပစာယိကကမ္မံ၊ အမျိုး၌ ကြီးသူကို ရိုသေမှုပြုခြင်းလည်းကောင်း။
သစ္စဝါစံ အဖရုသဝါစံ၊ အမှန်ပြောခြင်းလည်းကောင်း, ယဉ်ကျေးစွာပြောခြင်းလည်းကောင်း။
အပိသုဏဝါစံ မစ္ဆေရဝိနယန္တိ၊ သင့်မြတ်အောင် ပြောခြင်းလည်းကောင်း, ဝန်တိုမှု ပယ်ဖျောက်ခြင်းလည်းကောင်း ဟူကုန်သော။
ဣမာနိ သတ္တ ဝတပဒါနိ ပူရေတွာ၊ ဤခုနစ်ပါးကုန်သော ကျင့်ဝတ်တို့ကို ဖြည့်ကျင့်၍။
"မာတာပေတ္တိဘရံ၊ မိဘတို့ကိုမွေးမြူသော။
ကုလေ ဇေဋ္ဌာပစာယိနံ၊ အမျိုး၌ ကြီးသူကို ရိုသေလေ့ရှိသော။
သဏှံ သခိလသမ္ဘာသံ၊ သိမ်မွေ့သော ယဉ်ကျေးစွာ ပြောဆိုတတ်သော။
ပေသုဏေယျပ္ပဟာယိနံ၊ ကုန်းတိုက်စကား ပယ်ရှားတတ်သော။
မစ္ဆေရဝိနယေ ယုတ္တံ၊ ဝန်တိုမှုပယ်ဖျောက်ခြင်း၌ ယှဉ်သော။
သစ္စံ ကောဓာဘိဘုံ၊ အမှန်ပြောသော ဒေါသလွှမ်းမိုးနိုင်သော။
ဇန္တုံ တံ နရံ၊ ဇန္တုဟု ခေါ်ဆိုအပ်သော ထိုလူကို။
ဒေဝါ တာဝတိံသာ၊ တာဝတိံသာ နတ်တို့သည်။
ဝေ သပ္ပုရိသော ဣတိ အာဟု၊ စင်စစ် သူတော်ကောင်းဟု ဆိုကြပြီ"။
ဣတိ ဧဝံ၊ ဤသို့။
ပသံသိယဘာဝံ အာပဇ္ဇိတွာ၊ ချီးမွမ်းထိုက်သူအဖြစ်သို့ ရောက်၍။
ဇီဝိတပရိယောသာနေ၊ အသက်အဆုံး၌။
တာဝတိံသဘဝနေ၊ တာဝတိံသာနတ်ပြည်၌။
ဒေဝရာဇာ သက္ကော၊ နတ်ဘုရင်ဖြစ်သော သိကြားမင်း၏။
ဟုတွာ နိဗ္ဗတ္တိ၊ အဖြစ်ဖြင့် ဖြစ်ပြီ။
အဿ တေပိ သဟာယာ၊ ထိုဘုရားလောင်း၏ ထိုသူငယ်ချင်းတို့သည်လည်း။
တတ္ထေဝ နိဗ္ဗတ္တိံသု၊ ထိုတာဝတိံသာနတ်ပြည်၌ပင် ဖြစ်ကုန်ပြီ။
တသ္မိံ ကာလေ တာဝတိံသဘဝနေ၊ ထိုအခါက ထိုတာဝတိံသာ နတ်ပြည်၌။
အသုရာ ပဋိဝသန္တိ၊ အသုရာတို့သည် နေကုန်၏။
ဒေဝရာဇာ သက္ကော၊ နတ်ဘုရင်ဖြစ်သော သိကြားမင်းသည်။
နော သာဓာရဏေန ရဇ္ဇေန၊ ငါတို့အား သူများနှင့်ဆက်ဆံသော မင်းအဖြစ်ဖြင့်။
ကိံတိ၊ ဘာလုပ်မှာလဲဟု ကြံ၍။
အသုရေ ဒိဗ္ဗပါနံ ပါယေတွာ၊ အသုရာတို့ကို နတ်ဖျော်ရည်ကို သောက်စေ၍ တိုက်၍။
မတ္တေ သမာနေ၊ မူးယစ်ကုန်သည် ဖြစ်ကြသော်။
ပါဒေသု ဂါဟာပေတွာ၊ ခြေတို့ကို ကိုင်စေ၍။
သိနေရုပဗ္ဗတပါဒေ ခိပါပေသိ၊ မြင့်မိုရ်တောင်ခြေရင်းသို့ ပစ်ချစေပြီ။
တေ အသုရဘဝနမေဝ၊ ထိုအသုရာတို့သည် အသုရာဘုံသို့သာ။
သမ္ပါပုဏိံသု၊ ကောင်းစွာ ရောက်ကုန်ပြီ။
အသုရဘဝနံ နာမ၊ အသုရာဘုံမည်သည်။
သိနေရုဿ ဟေဋ္ဌိမတလေ၊ မြင့်မိုရ်တောင်၏ အောက်အပြင်၌။
တာဝတိံသဒေဝလောကပ္ပမာဏမေဝ၊ တာဝတိံသာ နတ်ပြည်ပမာဏရှိသော နတ်ဘုံပင်တည်း။
တတ္ထ ဒေဝါနံ ပါရိစ္ဆတ္တကော ဝိယ၊ ထိုအသုရာပြည်၌ နတ်တို့၏ ပင်လယ်ကသစ်ပင်ကဲ့သို့။
စိတ္တပါဋလိ နာမ ကပ္ပဋ္ဌိယရုက္ခော ဟောတိ၊ ဆန်းကျယ်သော သခွတ်ပင် မည်သော တစ်ကမ္ဘာပတ်လုံးတည်သော သစ်ပင်သည် ဖြစ်၏။
တေ စိတ္တပါဋလိယာ ပုပ္ဖိတာယ၊ ထိုအသုရာတို့သည် ဆန်းကျယ်သော သခွတ်ပင်သည် ပွင့်သော်, ပွင့်မှ။
"အယံ၊ ဤနေရာကား။
အမှာကံ န ဒေဝလောကော၊ ငါတို့၏ နတ်ပြည်မဟုတ်။
ဟိ ဒေဝလောကသ္မိံ၊ မှန်၏ နတ်ပြည်၌။
ပါရိစ္ဆတ္တကော ပုပ္ဖတီတိ ဇာနန္တိ၊ ပင်လယ် ကသစ်ပင်သည် ပွင့်၏"ဟု သိကုန်၏။
အထ တေ၊ သခွတ်ပင် ပွင့်ရာ ထိုအခါ၌ ထိုအသုရာတို့သည်။
"ဇရသက္ကော အမှေ၊ သိကြားအိုသည် ငါတို့ကို။
မတ္တေ ကတွာ၊ မူးယစ်သည်တို့ကို ပြု၍(မူးအောင် တိုက်၍)။
မဟာသမုဒ္ဒပိဋ္ဌေ ခိပိတွာ၊ မဟာသမုဒ္ဒရာအပြင်၌ ပစ်ချ၍။
အမှာကံ ဒေဝနဂရံ ဂဏှိ၊ ငါတို့၏ နတ်ပြည်ကို သိမ်းယူပြီ။
တေ မယံ တေန၊ ထိုငါတို့သည် ထိုသိကြားအိုနှင့်။
သဒ္ဓိံ ယုဇ္ဈိတွာ၊ အတူတကွ စစ်တိုက်၍။
အမှာကံ ဒေဝနဂရမေဝ၊ ငါတို့၏ နတ်ပြည်ကိုသာ။
ဂဏှိဿာမာတိ၊ ယူကုန်အံ့"ဟုကြံ၍။
ကိပိလ္လိကာ ထမ္ဘံ၊ ပုရွက်ဆိတ်တို့သည် တိုင်ကို။
(ဥဋ္ဌဟန္တိ ဝိယ၊ တက်ကြသကဲ့သို့)။
သိနေရုံ၊ မြင့်မိုရ်တောင်ကို။
အနုသဉ္စရမာနာ ဥဋ္ဌဟိံသု၊ အစဉ်လှည့်လည်၍ တက်ကုန်ပြီ။
သက္ကော၊ သိကြားမင်းသည်။
"အသုရာ ဥဋ္ဌိတာ ကိရာတိ သုတွာ၊ အသုရာတို့သည် တက်လာကြသတဲ့"ဟု ကြား၍။
သမုဒ္ဒပိဋ္ဌေ ယေဝ အဗ္ဘုဂ္ဂန္တွာ ယုဇ္ဈမာနော၊ သမုဒ္ဒရာအပြင်၌ပင် ရှေးရှုတက်၍ ရင်ဆိုင်၍ စစ်တိုက်သော်။
တေဟိ ပရာဇိတော၊ ထိုအသုရာတို့မှ ရှုံး၍။
ဒိယဍ္ဎယောဇနသတိကေန ဝေဇယန္တရထေန၊ ယူဇနာတစ်ရာ့ငါးဆယ်ရှိသော ဝေဇယန္တာရထားဖြင့်။
ဒက္ခိဏသမုဒ္ဒဿ မတ္ထကေန၊ တောင်သမုဒ္ဒရာ၏ အထက်ဖြင့်။
ပလာယိတုံ အာရဒ္ဓေါ၊ ပြေးခြင်းငှာ အားထုတ်ပြီ။
အထ အဿ ရထော၊ ထိုအခါ ထိုသိကြားမင်း၏ ရထားသည်။
သမုဒ္ဒပိဋ္ဌေန ဝေဂေန ဂစ္ဆန္တော၊ သမုဒ္ဒရာအပြင်ဖြင့် အဟုန်ဖြင့် ပြေးသွားသော်။
သိမ္ဗလိဝနံ ပက္ခန္တော၊ လက်ပံတောသို့ ပြေးဝင်ပြီ။
တဿ ဂမနမဂ္ဂေ သိမ္ဗလိဝနံ၊ ထိုဝေဇယန္တာရထား၏ ပြေးသွားရာလမ်း၌ လက်ပံတောသည်။
နဠဝနံ ဝိယ ဆိဇ္ဇိတွာ ဆိဇ္ဇိတွာ၊ အလိုကျူတောကဲ့သို့ ပြတ်၍ ပြတ်၍။
သမုဒ္ဒပိဋ္ဌေ ပတတိ၊ သမုဒ္ဒရာရေပြင်၌ ကျ၏။
သုပဏ္ဏပေါတကာ သမုဒ္ဒပိဋ္ဌေ ပရိပတန္တာ၊ ဂဠုန်ငယ်တို့သည် သမုဒ္ဒရာရေပြင်၌ ကျကုန်သော်။
မဟာဝိရဝံ ရဝိံသု၊ သည်းစွာသော အသံကို မြည်ကုန်ပြီ။
သက္ကော မာတလိံ၊ သိကြားမင်းသည် မာတလိနတ်သားကို။
"သမ္မ မာတလိ၊ အချင်း မာတလိ။
ဧသော ကိံ သဒ္ဒေါ နာမ၊ ဤအသံကား အဘယ်မည်သော အသံနည်း။
အတိကာရုညရဝေါ၊ အလွန်သနားဖွယ်အသံသည်။
ဝတ္တတီတိ ပုစ္ဆိ၊ ဖြစ်၏"ဟု မေးပြီ။
ဒေဝ တုမှာကံ ရထဝေဂေန၊ အရှင်မင်းကြီး အရှင်မင်းကြီးတို့၏ ရထားအရှိန်သည်။
ဝိစုဏ္ဏိတေ၊ မုန့်မုန့်ညက်ညက်ကြေစေအပ်သော။
သိမ္ဗလိဝနေ ပတန္တေ၊ လက်ပံတောသည် ကျိုးကျသော်။
သုပဏ္ဏပေါတကာ မရဏဘယတဇ္ဇိတာ၊ ဂဠုန်ငယ်တို့သည် သေဘေးခြိမ်းခြောက်ခံကြရ၍။
ဧကဝိရဝံ ဝိရဝန္တီတိ၊ တစ်ပြိုင်နက်ပြင်းစွာသော မြည်ခြင်းကို မြည်ကုန်၏ဟု ဖြေပြီ။
မဟာသတ္တော၊ ဘုရားလောင်းသည်။
"သမ္မ မာတလိ၊ အချင်း မာတလိ။
အမှေ နိဿာယ၊ ငါတို့ကို မှီ၍။
ဧတေ မာ ကိလမန္တု၊ ထိုဂဠုန်ငယ်တို့သည် မပင်ပန်းကြပါစေသတည်း။
မယံ ဣဿရိယံ နိဿာယ၊ ငါတို့သည် အစိုးရမှုကို မှီ၍။
ပါဏဝဓကမ္မံ န ကရောမ၊ သူ့သက်သတ်ခြင်းအမှုကို မပြုကုန်အံ့။
ပန ဧတေသံ အတ္ထာယ၊ အဟုတ်သော်ကား ထိုဂဠုန်ငယ်တို့၏ အကျိုးငှာ။
မယံ ဇီဝိတံ ပရိစ္စဇိတွာ၊ ငါတို့သည် အသက်ကို စွန့်၍။
ဇီဝိတံ အသုရာနံ ဒဿာမ၊ အသက်ကို အသုရာတို့အား ပေးကုန်အံ့။
ဧတံ ရထံ၊ ဤဝေဇယန္တာရထားကို။
နိဝတ္တယ ဣတိ ဝတွာ၊ နစ်စေလော့ နောက်ပြန်ဆုတ်လော့"ဟု ပြော၍။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။
ဂါထာအနက်ကား--
၃၁။ မာတလိ၊ အို မာတလိနတ်သား။
ကုလာဝကာ သိမ္ဗလိသ္မိံ၊ ဂဠုန်ငယ်တို့သည် လက်ပံပင်၌။
(ဩလမ္ဗန္တာ ဌိတာ၊ တွဲလျားကျကုန်လျက် တည်ကုန်၏။
ဧတေ၊ ထိုဂဠုန်ငယ်တို့ကို)။
ဤသာမုခေန ပရိဝဇ္ဇယဿု၊ ရထားလှည်းသန်ဦးဖြင့် ရှောင်ကွင်းလော့။
အသုရေသု ပါဏံ၊ အသုရာတို့အား ငါတို့အသက်ကို။
ကာမံ စဇာမ၊ စင်စစ် စွန့်ကုန်အံ့။
ဣမေ ဒိဇာ ဝိကုလာဝါ၊ ဤဂဠုန်ငယ်တို့သည် ပျက်စီးသော အသိုက်ရှိကုန်သည်။
မာ အဟေသုံ၊ မဖြစ်စေကုန်လင့်။
တတ္ထ ကုလာဝကာတိ၊ ထိုဂါထာ၌ ကုလာဝကာ ဟူသည်ကား။
သုပဏ္ဏပေါတကာ၊ ဂဠုန်ငယ်တို့တည်း။
သာရထိံ၊ ရထားထိန်းကို။
**မာတလီ**တိ အာမန္တေသိ၊ မာတလိဟု ခေါ်ပြောပြီ။
**သိမ္ဗလိသ္မိန္တိ**၊ သိမ္ဗလိသ္မိံ ဟူသော ပုဒ်ဖြင့်။
ပဿ၊ ကြည့်ပါလော့။
ဧတေ သိမ္ဗလိရုက္ခေ၊ ထိုဂဠုန်ငယ်တို့သည် လက်ပံပင်ပေါ်၌။
ဩလမ္ဗန္တာ ဌိတာတိ ဒဿေတိ၊ တွဲလျားကျကုန်၍ တည်ကြ၏ဟု ပြောပြ၏။
**ဤသာမုခေန ပရိဝဇ္ဇယဿူ**တိ၊ ဤသာမုခေန ပရိဝဇ္ဇယဿု ဟူသည်ကား။
ဧတဿ ရထဿ ဤသာမုခေန၊ ဤဝေဇယန္တာရထား၏ လှည်းသန်ဦးဖြင့်။
ယထာ၊ အကြင်သို့ ရှောင်ကွင်းသော်။
ဧတေ န ဟညန္တိ၊ ထိုဂဠုန်ငယ်တို့ကို မထိခိုက်အပ်ကုန်။
ဧဝံ၊ ဤသို့ဂဠုန်ငယ်တို့ကို မထိခိုက်သောအားဖြင့်။
တေ ပရိဝဇ္ဇယဿု၊ ထိုဂဠုန်ငယ်တို့ကို ရှောင်ကွင်းပါလော့တည်း။
**ကာမံ စဇာမ အသုရေသု ပါဏန္တိ**၊ ကာမံ စဇာမ အသုရေသု ပါဏံ ဟူသည်ကား။
အသုရာနံ ပါဏံ၊ အသုရာတို့အား ငါတို့အသက်ကို။
အမှေသု စဇန္တေသု၊ ငါတို့သည် စွန့်ကုန်သော်။
ဧတေသံ၊ ထိုဂဠုန်ငယ်တို့၏။
သောတ္ထိ ယဒိ ဟောတိ၊ ချမ်းသာခြင်းသည် အကယ်၍ ဖြစ်အံ့။
ကာမံ စဇာမ၊ စင်စစ် စွန့်ကုန်အံ့။
အသုရေသု အမှာကံ ပါဏံ၊ အသုရာတို့အား ငါတို့၏ အသက်ကို။
ဧကံသေနေဝ မယံ စဇာမ၊ စင်စစ်သာ ငါတို့သည် စွန့်ကုန်အံ့တည်း။
**မာ မေ ဒိဇာ ဝိကုလာဝါ အဟေသုန္တိ**၊ မာ မေ ဒိဇာ ဝိကုလာဝါ အဟေသုံ ဟူသည်ကား။
ဣမေ ပန ဒိဇာ ဣမေ ဂရုဠပေါတကာ၊ ဤဂဠုန်ငယ်တို့သည်ကား။
ဝိဒ္ဓသ္တဝိစုဏ္ဏိတကုလာဝကတာယ၊ ပျက်စီးသော မုန့်မုန့်ညက်ညက် ကြေစေအပ်သော အသိုက်ရှိကုန်သည့် အဖြစ်ကြောင့်။
ဝိကုလာဝါ မာ အဟေသုံ၊ ပျက်စီးသောအသိုက်ရှိကုန်သည် မဖြစ်စေကုန်လင့်တည်း။
အမှာကံ ဒုက္ခံ၊ ငါတို့၏ ဒုက္ခကို။
ဧတေသံ ဥပရိ မာ ခိပ၊ ထိုဂဠုန်ငယ်တို့၏ အထက်၌ မပစ်ချသင့်။
ရထံ နိဝတ္တယ နိဝတ္တယ၊ ဝေဇယန္တာရထားကို နစ်စေလော့ နစ်စေလော့။
ဣတိ၊ ဤသို့ ပြောပြီ။
မာတလိသင်္ဂါဟကော၊ သင်္ဂြိုဟ်ချီးမြှောက်တတ်သော မာတလိနတ်သားသည်။
တဿ ဝစနံ သုတွာ၊ ထိုသိကြားမင်း၏ စကားကို ကြား၍။
ရထံ နိဝတ္တေတွာ၊ ရထားကို နစ်စေ၍ (နောက်ပြန်လှည့်၍)။
အညေန မဂ္ဂေန၊ အခြားသော လမ်းဖြင့်။
ဒေဝလောကာဘိမုခံ အကာသိ၊ နတ်ပြည်သို့ တူရူပြုပြီ။
အသုရာ ပန တံ၊ အသုရာတို့သည်ကား ထိုသိကြားမင်းကို။
နိဝတ္တယမာနမေဝ ဒိသွာ၊ နစ်စေသည်ကိုပင် မြင်၍။
အညေဟိပိ စက္ကဝါဠေဟိ၊ ဧကန် အခြားလည်းဖြစ်ကုန်သော စကြာဝဠာတို့မှ။
သက္ကာ အာဂစ္ဆန္တိ၊ သိကြားတို့သည် လာကုန်၏။
ဗလံ လဘိတွာ၊ အားပေးမှုကို ရ၍။
ရထော၊ ရထားသည်။
နိဝတ္တော ဘဝိဿတီတိ၊ ဆုတ်နစ်သည် ဖြစ်လတ္တံ့ဟု ကြံ၍။
မရဏဘယဘီတာ ပလာယိတွာ၊ သေဘေးမှကြောက်ကြ၍ ပြေး၍။
အသုရဘဝနမေဝ ပဝိသိံသု၊ အသုရာနတ်ပြည်သို့သာ ဝင်သွားကုန်ပြီ။
သက္ကောပိ ဒေဝနဂရံ ပဝိသိတွာ၊ သိကြားမင်းသည်လည်း နတ်ပြည်သို့ ဝင်၍။
ဒွီသု ဒေဝလောကေသု၊ စာတုမဟာရာဇ် တာဝတိံသာ နတ်ပြည်နှစ်ထပ်တို့၌။
ဒေဝဂဏေန ပရိဝုတော၊ နတ်အပေါင်းသည် ခြံရံအပ်လျက်။
နဂရမဇ္ဈေ အဋ္ဌာသိ၊ တာဝတိံသာနတ်ပြည်အလယ်၌ တည်ပြီ။
တသ္မိံ ခဏေ ပထဝိံ ဘိန္ဒိတွာ၊ ထိုခဏ၌ မြေကြီးကို ဖောက်ခွဲ၍။
ယောဇနသဟဿုဗ္ဗေဓော ဝေဇယန္တပါသာဒေါ ဥဋ္ဌဟိ၊ ယူဇနာတစ်ထောင်အမြင့်ရှိသော ဝေဇယန္တာပြာသာဒ်သည် ပေါက်လာပြီ။
ဝိဇယန္တေ ဥဋ္ဌိတတ္တာ၊ အောင်မြင်မှုအဆုံး၌ ပေါက်လာသည့်အဖြစ်ကြောင့်။
ဝေဇယန္တောတွေဝ နာမံ အကံသု၊ ဝေဇယန္တာပြာသာဒ်ဟုသာ နာမည်ကို ပြုကုန်မှည့်ကုန်ပြီ။
အထ သက္ကော၊ ထိုအခါ သိကြားမင်းသည်။
ပုန အသုရာနံ အနာဂမနတ္ထာယ၊ တစ်ဖန် အသုရာတို့၏ တက်မလာခြင်းငှာ။
ပဉ္စသု ဌာနေသု အာရက္ခံ ဌပေသိ၊ ငါးပါးကုန်သော ဌာနတို့၌ အစောင့်အရှောက်ကို ထားပြီ။
ယံ သန္ဓာယ၊ ယင်းအစောင့်အရှောက်ငါးမျိုးကို ရည်ရွယ်၍။
ဒွိန္နံ အယုဇ္ဈပုရာနံ၊ နှစ်မျိုးကုန်သော တိုက်ခိုက်သိမ်းပိုက် မရကုန်သောတိုင်းပြည်တို့၏။
အန္တရာ၊ အကြား၌။
ဥရဂကရောဋိပယဿ ဟာရီ စ၊ နဂါး, ဂဠုန်, ကုမ္ဘဏ်နတ်တို့လည်းကောင်း။
မဒနယုတာ၊ နတ်ဘီလူးတို့ လည်းကောင်း။
စတုရော မဟန္တာ စ၊ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးတို့လည်းကောင်း။
(ဣတိ၊ ဤသို့။)
ပဉ္စဝိဓာ အဘိရက္ခာ၊ ငါးပါးအပြားရှိကုန်သော အစောင့်အရှောက်တို့ကို။
ဌပိတာ၊ သိကြားမင်း ထားအပ်ကုန်ပြီ။
ဣတိ ဝုတ္တံ၊ ဤသို့ မိန့်ဆိုအပ်ပြီ။
ဒေဝနဂရဉ္စ အသုရနဂရဉ္စ၊ တာဝတိံသာနတ်ပြည်လည်းကောင်း, အသုရာပြည်လည်းကောင်း။
ဒွေ နဂရာနိပိ၊ နှစ်ပြည်လုံးတို့သည်လည်း။
ယုဒ္ဓေန ဂဟိတုံ၊ တိုက်ခိုက်ခြင်းငှာ သိမ်းပိုက်ခြင်းငှာ။
အသက္ကုဏေယျတာယ၊ မစွမ်းနိုင်ကောင်းကုန်သည့် အဖြစ်ကြောင့်။
အယုဇ္ဈပုရာနိ နာမ ဇာတာနိ၊ အယုဇ္ဈပုရတို့မည်ကုန်သည် ဖြစ်ကုန်၏။
ဟိ ယဒါ အသုရာ၊ ချဲ့ပြောအံ့ အကြင်အခါ အသုရာတို့သည်။
ဗလဝန္တာ ဟောန္တိ၊ အားရှိကြသည် ဖြစ်ကုန်၏။
အထ ဒေဝေဟိ ပလာယိတွာ၊ ထိုအခါ နတ်တို့သည် ပြေးကြ၍။
ဒေဝနဂရံ ပဝိသိတွာ၊ နတ်ပြည်သို့ ဝင်၍။
ဒွါရေ ပိဟိတေ၊ တံခါးကို ပိတ်ထားအပ်သော်။
အသုရာနံ သတသဟဿမ္ပိ၊ အသုရာတို့၏ တစ်သိန်းသည်သော်မှလည်း။
ကိဉ္စိ ကာတုံ န သက္ကောတိ၊ တစ်စုံတစ်ရာကို ပြုခြင်းငှာ မစွမ်းနိုင်။
ယဒါ ဒေဝါ၊ အကြင်အခါ နတ်တို့သည်။
ဗလဝန္တာ ဟောန္တိ၊ အားရှိကြသည် ဖြစ်ကုန်၏။
အထ အသုရေဟိ ပလာယိတွာ၊ ထိုအခါ အသုရာတို့သည် ပြေးကြ၍။
အသုရနဂရံ ပဝိသိတွာ၊ အသုရာပြည်သို့ ဝင်၍။
ဒွါရေ ပိဟိတေ၊ တံခါးကို ပိတ်ထားအပ်သော်။
သက္ကာနံ သတသဟဿမ္ပိ၊ သိကြားမင်းတို့၏ တစ်သိန်းသည်သော်မှလည်း။
ကိဉ္စိ ကာတုံ န သက္ကောတိ၊ တစ်စုံတစ်ခုကို ပြုခြင်းငှာ မစွမ်းနိုင်။
ဣတိ၊ ထို့ကြောင့်။
ဣမာနိ ဒွေ နဂရာနိ အယုဇ္ဈပုရာနိ နာမ၊ ဤနှစ်ခုကုန်သော ဝာာဝတိံသာ အသုရာနတ်ပြည်တို့သည် တိုက်ခိုက်မရသော ပြည်တို့မည်၏။
တေသံ အန္တရာ၊ ထိုနှစ်ပြည်တို့၏ အကြား၌။
ဥရဂါဒီသု၊ နဂါးတို့နေရာ အစရှိကုန်သော။
ဧတေသု ပဉ္စသု ဌာနေသု၊ ဤငါးဌာနတို့၌။
သက္ကေန အာရက္ခာ ဌပိတာ၊ သိကြားမင်းသည် အစောင့်အရှောက်တို့ကို ထားအပ်ကုန်ပြီ။
တတ္ထ **ဥရဂ**သဒ္ဒေန၊ ထိုဂါထာ၌ ဥရဂသဒ္ဒါဖြင့်။
နာဂါ ဂဟိတာ၊ နဂါးတို့ကို ယူရကုန်၏။
တေ ဥဒကေ၊ ထိုနဂါးတို့သည် ရေ၌ ရေမှာ။
ဗလဝန္တာ ဟောန္တိ၊ အားရှိကြသည် ဖြစ်ကုန်၏။
တသ္မာ သိနေရုဿ ပဌမာလိန္ဒေ၊ ထို့ကြောင့် မြင့်မိုရ်တောင်၏ ပထမအဆင့် ပထမအာလိန်၌။
တေသံ အာရက္ခာ၊ ထိုနဂါးတို့၏ အစောင့်အရှောက်ကို။
(ဌပိတာ၊ ထားအပ်ပြီ)။
**ကရောဋိ**သဒ္ဒေန သုပဏ္ဏာ ဂဟိတာ၊ ကရောဋိသဒ္ဒါဖြင့် ဂဠုန်တို့ကို ယူရကုန်၏။
တေသံ ပါနဘောဇနံ၊ ထိုဂဠုန်တို့၏ ဖျော်ရည်ဘောဇဉ်သည်။
ကရောဋိ နာမ ကိရ၊ ကရောဋိမည်သတဲ့။
တေန တံ နာမံ လဘိံသု၊ ထို့ကြောင့် ထိုကရောဋိ နာမည်ကို ဂဠုန်တို့ရကြပြီ။
ဒုတိယာလိန္ဒေ တေသံ အာရက္ခာ၊ ဒုတိယအာလိန်၌ ထိုဂဠုန်တို့၏ အစောင့်အရှောက်တည်း။
**ပယဿဟာရိ**သဒ္ဒေန ကုမ္ဘဏ္ဍာ ဂဟိတာ၊ ပယဿဟာရိသဒ္ဒါဖြင့် ကုမ္ဘဏ်တို့ကို ယူရကုန်ပြီ။
ဧတေ ဒါနဝရက္ခသာ ကိရ၊ ဤကုမ္ဘဏ်တို့သည် ဒါနောရက္ခိုသ်တို့တဲ့။
တတိယာလိန္ဒေ တေသံ အာရက္ခာ၊ တတိယအာလိန်၌ ထိုကုမ္ဘဏ်တို့၏ အစောင့်အရှောက်တည်း။
**မဒနယုတ**သဒ္ဒေန ယက္ခာ ဂဟိတာ၊ မဒနယုတသဒ္ဒါဖြင့် နတ်ဘီလူးတို့ကို ယူရကုန်ပြီ။
ဝိသမစာရိနော တေ၊ မညီမညွတ် ကျင့်လေ့ရှိကုန်သော ထိုနတ်ဘီလူးတို့သည်။
ယုဒ္ဓသောဏ္ဍာ ကိရ၊ စစ်တိုက်မှု ကြူးကြသတဲ့။
စတုတ္ထာလိန္ဒေ တေသံ အာရက္ခာ၊ စတုတ္ထအာလိန်၌ ထိုနတ်ဘီလူးတို့၏ အစောင့်အရှောက်တည်း။
စတ္တာရော မဟာရာဇာနော၊ နတ်မင်းကြီးလေးယောက်တို့ကို။
စတုရော စ မဟန္တာတိ ဝုတ္တာ၊ စတုရော စ မဟန္တာဟု ဆိုရကုန်ပြီ။
ပဉ္စမာလိန္ဒေ တေသံ အာရက္ခာ၊ ပဉ္စမအာလိန်၌ ထိုနတ်မင်းကြီးလေးယောက်တို့၏ အစောင့်အရှောက်တည်း။
တသ္မာ အသုရာ၊ ထို့ကြောင့် အသုရာတို့သည်။
ကုပိတာ အာဝိလစိတ္တာ၊ အမျက်ထွက်ကြ၍ စိတ်နောက်ကျူကြ၍။
ဒေဝပုရံ ယဒိ ဥပယန္တိ၊ နတ်ပြည်သို့ အကယ်၍ ကပ်ရောက်ကြအံ့။
ပဉ္စ ဝိဓေသု၊ ငါးပါးအပြားရှိသော နေရာတို့တွင်။
ဂိရိနော ပဌမံ၊ မြင့်မိုရ်တောင်၏ ပထမဆုံးဖြစ်သော။
ယံ ပရိဘဏ္ဍံ၊ အကြင်အရံအကာသည်။
(အတ္ထိ၊ ရှိ၏)။
တံ ဥရဂါ၊ ထိုပထမဆုံးအရံအကာကို နဂါးတို့သည်။
ပရိဗာဟိယ တိဋ္ဌန္တိ၊ တားမြစ်၍ တည်ကုန်၏။
သေသေသု သေသာဧဝံ၊ ကြွင်းသောဒုတိယအာလိန်စသည်တို့၌ ကြွင်းသော ဂဠုန်စသည်တို့သည် ထို့အတူတားမြစ်၍တည်ကုန်၏။
ဣမေသု ပဉ္စသု ဌာနေသု အာရက္ခံ ဌပေတွာ၊ ဤငါးဌာနတို့၌ အစောင့်အရှောက်ကို ထား၍။
ဒေဝါနံ ဣန္ဒေ သက္ကေ၊ နတ်တို့၏ အရှင်ဖြစ်သော သိကြားမင်းသည်။
ဒိဗ္ဗသမ္ပတ္တိံ အနုဘဝမာနေ ပန၊ နတ်စည်းစိမ်ကို ခံစားနေသော်ကား။
သုဓမ္မာ စဝိတွာ၊ သုဓမ္မာသည် စုတေ၍။
တဿေဝ ပါဒပရိစာရိကာ၊ ထိုသိကြားမင်း၏သာ မယား၏။
ဟုတွာ နိဗ္ဗတ္တိ၊ အဖြစ်ဖြင့် ဖြစ်ပြီ။
ကဏ္ဏိကာယ ဒိန္နနိဿန္ဒေန စ၊ ထုပိကာကို လှူခဲ့သော အကျိုးဆက်ကြောင့်ကား။
အဿာ ပဉ္စယောဇနသတိကာ၊ ထိုသုဓမ္မာအတွက် ယူဇနာငါးရာရှိသော။
သုဓမ္မာ နာမ ဒေဝသဘာ ဥဒပါဒိ၊ သုဓမ္မာမည်သော နတ်တို့စည်းဝေးရာခန်းမသည် ထင်ရှားဖြစ်ပြီ။
ယတ္ထ၊ ယင်းသုဓမ္မာခန်းမ၌။
ဒိဗ္ဗသေတစ္ဆတ္တဿ ဟေဋ္ဌာ၊ နတ်ထီးဖြူ၏ အောက်၌။
ယောဇနပ္ပမာဏေ ကဉ္စနပလ္လင်္ကေ နိသိန္နော၊ တစ်ယူဇနာပမာဏရှိသော ရွှေပလ္လင်၌ ထိုင်လျက်။
ဒေဝါနံ ဣန္ဒော သက္ကော၊ နတ်တို့၏ အရှင်ဖြစ်သော သိကြားမင်းသည်။
ဒေဝမနုဿာနံ ကတ္တဗ္ဗကိစ္စာနိ ကရောတိ၊ နတ်လူတို့အတွက် ပြုသင့်သော ကိစ္စတို့ကို ပြု၏။
စိတ္တာပိ စဝိတွာ၊ သုစိတ္တာသည်လည်း စုတေ၍။
တဿေဝ ပါဒပရိစာရိကာ၊ ထိုသိကြားမင်း၏သာ မယား၏။
ဟုတွာ နိဗ္ဗတ္တိ၊ အဖြစ်ဖြင့် ဖြစ်ပြီ။
ဥယျာနဿ ကရဏနိဿန္ဒေန စ၊ ဥယျာဉ်ကို တည်မှုပြုခဲ့သော အကျိုးဆက်ကြောင့်ကား။
အဿာ စိတ္တလတာဝနံ နာမ၊ ထိုသုစိတ္တာအတွက် စိတ္တလတာဥယျာဉ်မည်သော။
ဥယျာနံ ဥဒပါဒိ၊ ဥယျာဉ်သည် ထင်ရှားဖြစ်ပြီ။
နန္ဒာပိ စဝိတွာ၊ သုနန္ဒာသည်လည်း စုတေ၍။
တဿေဝ ပါဒပရိစာရိကာ၊ ထိုသိကြားမင်း၏သာ မယား၏။
ဟုတွာ နိဗ္ဗတ္တိ၊ အဖြစ်ဖြင့် ဖြစ်ပြီ။
ပေါက္ခရဏိယာ နိဿန္ဒေန စ၊ ရေကန်ကို တည်ခဲ့သောအကျိုးဆက်ကြောင့်ကား။
အဿာ နန္ဒာ နာမ၊ ထိုသုနန္ဒာအတွက် နန္ဒာမည်သော။
ပေါက္ခရဏီ ဥဒပါဒိ၊ ရေကန်သည် ထင်ရှားဖြစ်ပြီ။
သုဇာ ပန ကုသလကမ္မဿ အကတတ္တာ၊ သုဇာသည်ကား ကုသိုလ်ကံကို မပြုအပ်သည့်အဖြစ်ကြောင့်။
ဧကသ္မိံ အရညေ ကန္ဒရာယ၊ တစ်ခုသော တော၌ ချောက်ကြား၌။
ဗကသကုဏိကာ ဟုတွာ နိဗ္ဗတ္တာ၊ ဗျိုင်းမ၏ အဖြစ်ဖြင့် ဖြစ်ပြီ။
သက္ကော၊ သိကြားမင်းသည်။
"သုဇာ န ပညာယတိ၊ သုဇာသည် မထင်ရှားမတွေ့ရ။
ကတ္ထ နိဗ္ဗတ္တာ နု ခေါတိ၊ ဘယ်၌ ဖြစ်လေသနည်း"ဟု။
အာဝဇ္ဇေန္တော တံ ဒိသွာ၊ ဆင်ခြင်သော် ထိုဗျိုင်းမကို မြင်၍။
တတ္ထ ဂန္တွာ၊ ထိုချောက်ကြားသို့ သွား၍။
တံ အာဒါယ၊ ထိုဗျိုင်းမကို ယူခဲ့၍။
ဒေဝလောကံ အာဂန္တွာ၊ နတ်ပြည်သို့ ပြန်လာ၍။
တဿာ ရမဏီယံ၊ ထိုဗျိုင်းမအား မွေ့လျော်ဖွယ်ကောင်းသော။
ဒေဝနဂရံ သုဓမ္မံ ဒေဝသဘံ၊ နတ်ပြည်ကိုလည်းကောင်း, သုဓမ္မာမည်သော နတ်တို့စည်းဝေးခန်းမကိုလည်းကောင်း။
စိတ္တလတာဝနံ နန္ဒာပေါက္ခရဏိဉ္စ ဒဿေတွာ၊ စိတ္တလတာဥယျာဉ်ကိုလည်းကောင်း, နန္ဒာရေကန်ကိုလည်းကောင်း ပြ၍။
ဧတာ ကုသလံ ကတွာ၊ ဤသုဓမ္မာ သုစိတ္တာ သုနန္ဒာတို့သည် ကုသိုလ်ကို ပြုကြ၍။
မယှံ ပါဒပရိစာရိကာ၊ ငါ၏ မယားတို့၏။
ဟုတွာ နိဗ္ဗတ္တာ၊ အဖြစ်ဖြင့် ဖြစ်ကြပြီ။
တွံ ပန ကုသလံ အကတွာ၊ နင်သည်ကား ကုသိုလ်ကို မပြု၍။
တိရစ္ဆာနယောနိယံ နိဗ္ဗတ္တာ၊ တိရိစ္ဆာန်မျိုး၌ ဖြစ်ရ၏။
ဣတော ပဋ္ဌာယ၊ ဤနေ့မှ စ၍။
သီလံ ရက္ခာဟီတိ၊ သီလကို စောင့်လော့ဟု။
တံ ဩဝဒိတွာ၊ ထိုသုဇာဗျိုင်းမကို ဆုံးမ၍။
ပဉ္စသု သီလေသု ပတိဋ္ဌာပေတွာ၊ ငါးပါးသီလတို့၌ တည်စေ၍။
တတ္ထေဝ နေတွာ ဝိဿဇ္ဇေသိ၊ ထိုချောက်ကြားသို့သာ ဆောင်ယူ၍ လွှတ်ခဲ့ပြီ။
သာပိ တတော ပဋ္ဌာယ၊ ထိုဗျိုင်းမသည်လည်း ထိုအချိန်မှ စ၍။
သီလံ ရက္ခတိ၊ ငါးပါးသီလကို စောင့်၏။
သက္ကော ကတိပါဟစ္စယေန၊ သိကြားမင်းသည် နှစ်ရက်သုံးရက်လွန်သဖြင့်။
သီလံ ရက္ခိတုံ၊ ငါးပါးသီလကို စောင့်ခြင်းငှာ။
သက္ကာ နု ခေါတိ ဂန္တွာ၊ စွမ်းနိုင်၏လောဟု သွား၍။
မစ္ဆရူပေန ဥတ္တာနော ဟုတွာ၊ ငါးအသွင်ဖြင့် ပက်လက်သည် ဖြစ်၍။
ပုရတော နိပဇ္ဇိ၊ ရှေ့၌ အိပ်ပြီ။
သာ၊ ထိုသုဇာဗျိုင်းမသည်။
မတမစ္ဆကောတိ သညာယ၊ ငါးသေဟူသော အမှတ်ဖြင့်။
သီသေ အဂ္ဂဟေသိ၊ ခေါင်းကို ကိုင်ပြီ, ဆိတ်ပြီ။
မစ္ဆော နင်္ဂုဋ္ဌံ စာလေသိ၊ ငါးသည်အမြီးရင်းကို လှုပ်စေပြီ, လှုပ်ပြပြီ။
အထ နံ၊ ထိုအခါ ထိုငါးကို။
ဇီဝတိ မညေတိ ဝိဿဇ္ဇေသိ၊ ရှင်သေးသည်ထင်၏ဟု ကြံ၍ လွှတ်ပြီ။
သက္ကော၊ သိကြားမင်းသည်။
သာဓု သာဓု၊ ကောင်းစွ ကောင်းစွ။
သီလံ ရက္ခိတုံ၊ ငါးပါးသီလကို စောင့်ခြင်းငှာ။
သက္ခိဿသီတိ အဂမာသိ၊ နင်စွမ်းနိုင်လိမ့်မည်ဟု ပြော၍ သွားပြီ။
သာ တတော စုတာ၊ ထိုဗျိုင်းမသည် ဗျိုင်းမျိုးမှ စုတေသော်။
ဗာရာဏသိယံ ကုမ္ဘကာရဂေဟေ နိဗ္ဗတ္တိ၊ ဗာရာဏသီမြို့၌ အိုးထိန်းသည်အိမ်၌ ဖြစ်ပြီ။
သက္ကော၊ သိကြားမင်းသည်။
"ကဟံ နိဗ္ဗတ္တာ နု ခေါတိ၊ ဘယ်၌ ဖြစ်သနည်း"ဟု ဆင်ခြင်သော်။
တတ္ထ နိဗ္ဗတ္တဘာဝံ ဉ တွာ၊ ထိုဗာရာဏသီမြို့အိုးထိန်းသည်အိမ်၌ ဖြစ်ကြောင်းကို သိ၍။
သုဝဏ္ဏဧဠာလုကာနံ ယာနကံ ပူရေတွာ၊ ရွှေသခွားသီးတို့ဖြင့် ယာဉ်ငယ်ကို ပြည့်စေ၍။
ဂါမဿ မဇ္ဈေ၊ ရွာ၏ အလယ်၌။
မဟလ္လကဝေသေန နိသီဒိတွာ၊ အဖိုးအိုအသွင်ဖြင့် ထိုင်နေ၍။
"ဧဠာလုကာနိ ဂဏှထ၊ သခွားသီးတို့ကို ယူကြလေ့ာ။
ဧဠာလုကာနိ ဂဏှထ၊ သခွားသီးတို့ကို ယူကြလေ့ာ။
ဣတိ ဥဂ္ဃေါသေသိ၊ ဤသို့ ကြွေးကြော်ပြီ။
မနုဿာ အာဂန္တွာ၊ လူတို့သည် လာကြ၍။
ဒေဟိ တာတာတိ အာဟံသု၊ ပေးပါ အဖိုးဟု ပြောကုန်ပြီ။
အဟံ သီလရက္ခကာနံ ဒမ္မိ၊ ငါသည် သီလစောင့်သူတို့အား ပေး၏။
တုမှေ သီလံ ရက္ခထာတိ၊ သင်တို့သည် သီလကို စောင့်ကြ၏လောဟု မေးပြီ။
မယံ သီလံ နာမ န ဇာနာမ၊ ငါတို့သည် သီလမည်သည်ကို မသိကြပါ။
မူလေန ဒေဟီတိ၊ တန်ဖိုးဖြင့် ပေးပါဟု ပြောကြပြီ။
မယှံ မူလေန န အတ္ထော၊ ငါ့အား တန်ဖိုးဖြင့် အလိုမရှိ။
သီလရက္ခကာနညေဝ အဟံ ဒမ္မီတိ၊ သီလစောင့်သူတို့အားသာ ငါသည် ပေးအံ့ဟု ပြောပြီ။
မနုဿာ၊ လူတို့သည်။
"အယံ၊ ဤသခွားသီးကား။
ကော စ ဧဠာလုကော၊ ဘာသခွါးသီးမို့လဲ။
ဣတိ ပက္ကမိံသု၊ ဤသို့ ပြော၍ ဖယ်သွားကုန်ပြီ။
သုဇာ တံ ပဝတ္တိံ သုတွာ၊ သုဇာသည် ထိုအဖြစ်ကို ကြားရ၍။
"မယှံ အာနီတံ၊ ငါ့အတွက် ယူဆောင်လာအပ်သည်။
ဘဝိဿတီတိ စိန္တေတွာ၊ ဖြစ်လတ္တံ့" ဟု ကြံပြီး၍။
ဂန္တွာ တံ၊ သွား၍ ထိုအဖိုးအိုကို။
ဒေဟိ တာတာတိ အာဟ၊ ပေးပါ အဖိုးဟု ပြောပြီ။
သီလံ ရက္ခသိ အမ္မာတိ၊ သီလကို စောင့်ရဲ့လား သမီးဟု မေးပြီ။
အာမ ရက္ခာမီတိ၊ မှန်ပါ စောင့်ပါ၏ဟု ဖြေပြီ။
ဣဒံ မယာ တုယှမေဝ၊ ဤသခွါးသီးကို ငါသည် နင်၏သာ။
အတ္ထာယ အာဘတန္တိ၊ အကျိုးငှာ ဆောင်ယူအပ်ခဲ့၏ဟု ပြော၍။
ယာနကေန သဒ္ဓိံ၊ လှည်းနှင့် အတူတကွ။
ဂေဟဒွါရေ ဌပေတွာ ပက္ကာမိ၊ အိမ်တံခါး၌ တည်စေ၍, ထား၍ ထွက်ခွါသွားပြီ။
သာပိ ယာဝဇီဝံ၊ ထိုအိုးထိန်းသည်သမီးသည်လည်း အသက်ထက်ဆုံး။
သီလံ ရက္ခိတွာ၊ ငါးပါးသီလကို စောင့်၍။
တတော စုတာ၊ ထိုအိုးထိန်းသည် သမီးဘဝမှ စုတေသော်။
ဝေပစိတ္တိဿ အသုရိန္ဒဿ၊ ဝေပစိတ္တိမည်သော အသုရာနတ်မင်း၏။
ဓီတာ ဟုတွာ နိဗ္ဗတ္တိ၊ သမီး၏ အဖြစ်ဖြင့် ဖြစ်ပြီ။
သီလာနိသံသေန၊ သီလအကျိုးဆက်ကြောင့်။
အဘိရူပါ အဟောသိ၊ အလွန်အဆင်းလှသည် ဖြစ်ပြီ။
သော တဿာ ဝယပ္ပတ္တကာလေ၊ ထိုအသုရိန်နတ်မင်းသည် ထိုသမီးချော၏ အရွယ်ရောက်ရာ အခါ၌။
"မယှံ ဓီတာ၊ ငါ၏ သမီးသည်။
အတ္တနော စိတ္တရုစိတံ၊ မိမိ၏ စိတ်ကြိုက်ဖြစ်သော။
သာမိကံ ဂဏှတူတိ၊ လင်ကို ယူလော့"ဟု ပြော၍။
အသုရေ သန္နိပါတေသိ၊ အသုရာတို့ကို ကောင်းစွာကျရောက်စုဝေးစေပြီ။
သက္ကော၊ သိကြားမင်းသည်။
"ကဟံ သာ၊ ဘယ်နေရာ၌ ထိုသုဇာသည်။
နိဗ္ဗတ္တာ နု ခေါတိ၊ ဖြစ်လေသနည်း"ဟု တွေး၍။
ဩလောကေန္တော တတ္ထ၊ ကြည့်သော် ထိုအသုရာပြည်၌။
နိဗ္ဗတ္တဘာဝံ ဉ တွာ၊ ဖြစ်နေကြောင်းကို သိ၍။
"သုဇာ စိတ္တရုစိတံ၊ သုဇာသည် စိတ်ကြိုက်ဖြစ်သော။
သာမိကံ ဂဏှန္တီ၊ လင်ကို ယူသော်။
မံ ဂဏှိဿတီတိ၊ ငါ့ကို ယူမည်"ဟု သိ၍။
အသုရဝဏ္ဏံ မာပေတွာ၊ အသုရာအိုဟန်ကို ဖန်ဆင်း၍။
တတ္ထ အဂမာသိ၊ ထိုပန်းကုံးစွပ်ပွဲသို့ သွားပြီ။
သုဇံ အလင်္ကရိတွာ၊ သုဇာကို တန်ဆာဆင်၍။
သန္နိပါတဋ္ဌာနံ အာနေတွာ၊ ကောင်းစွာကျရောက်စုဝေးရာ ဌာနသို့ ခေါ်ဆောင်၍။
"စိတ္တရုစိတံ သာမိကံ၊ စိတ်ကြိုက်ဖြစ်သော လင်ကို။
ဂဏှာတိ အာဟံသု၊ ယူလော့"ဟု ပြောကြပြီ။
သာ ဩလောကေန္တီ၊ ထိုသုဇာသည် ကြည့်လိုက်သော်။
သက္ကံ ဒိသွာ၊ သိကြားမင်းကို တွေ့ရ၍။
ပုဗ္ဗေပိ သိနေဟဝသေန၊ ရှေးကလည်း ချစ်ဖူးသည်၏ အစွမ်းဖြင့်။
မဟောဃေန ဝိယ ဥပ္ပန္နပေမေန၊ ရေအဟုန်ကြီးကဲ့သို့ ဖြစ်ပေါ်လာသော ချစ်ခြင်းဖြင့်။
အဇ္ဈောတ္ထဋဟဒယာ ဟုတွာ၊ လွှမ်းမိုးအပ်သော နှလုံးသားရှိသည် ဖြစ်၍။
"အယံ မေ၊ ဤအသုရာ အိုသည် ငါသုဇာ၏။
သာမိကောတိ ဝတွာ၊ ချစ်လင်တည်းဟု ပြော၍။
တဿ ဥပရိ၊ ထိုအသုရာအို၏ ကိုယ်ပေါ်၌။
ပုပ္ဖဒါမံ ခိပိတွာ အဂ္ဂဟေသိ၊ ပန်းကုံးကို ပစ်လိုက်၍ ရွေးကောက်ယူပြီ။
အသုရာ၊ ပန်းကုံးစွပ်ပွဲလာကြသည့် အသုရာတို့သည်။
"အမှာကံ ရာဇာ၊ ငါတို့၏ အသုရိန်နတ်မင်းသည်။
ဧတ္တကံ ကာလံ၊ ဤမျှရှိသော ကာလပတ်လုံး။
ဓီတု အနုစ္ဆဝိကံ အလဘိတွာ၊ သမီးအား သင့်လျော်သူကို မရမူ၍။
ဣဒါနိ လဘတိ၊ ယခုမှ ရ၏။
ပိတာမဟတော မဟလ္လကော၊ အဘိုးထက် အသက်ကြီးသော။
အယမေဝ အဿာ ဓီတု၊ ဤအသုရာအိုသည်သာ ထိုသမီးအား။
အနုစ္ဆဝိကောတိ၊ သင့်လျော်သူတည်းဟု ပြောကြ၍။
လဇ္ဇမာနာ ပက္ကမိံသု၊ အရှက်ရကြလျက် ဖဲသွားကုန်ပြီ။
သော တံ၊ ထိုသိကြားမင်းသည် ထိုသုဇာကို။
ဒေဝနဂရံ အာနေတွာ၊ နတ်ပြည်သို့ ခေါ်ဆောင်၍။
အဍ္ဎတေယျာနံ နာဋိကာကောဋီနံ၊ ကချေသည်နတ်သမီးနှစ်ကုဋေငါးသန်းတို့၏။
ဇေဋ္ဌိကံ ကတွာ၊ အကြီးအမှူးကို ပြု၍။
ယာဝတာယုကံ ဌတွာ၊ အသက်ရှည်သမျှ ကာလပတ်လုံး တည်၍။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။
"ဘိက္ခု ဧဝံ၊ အိုရဟန်း ဤကဲ့သို့။
ပုဗ္ဗေ ပဏ္ဍိတာ၊ ရှေးက ပညာရှိတို့သည်။
ဒေဝနဂရေ ရဇ္ဇံ ကာရယမာနာ၊ နတ်ပြည်၌ မင်းအဖြစ်ကို ပြုကုန်သော်။
အတ္တနော ဇီဝိတံ ဇန္တာပိ၊ မိမိ၏ အသက်ကို စွန့်ကုန်လျက်တည်း။
ပါဏာတိပါတံ န ကရိံသု၊ သူ့သက်သတ်မှုကို မပြုကုန်ပြီ။
တွံ ဧဝရူပေ၊ သင်သည်ကား ဤသို့သဘောရှိသော။
နိယျာနိကေ သာသနေ ပဗ္ဗဇိတွာ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော သာသနာတော်၌ ရဟန်းပြု၍။
အပရိဿာဝိတံ သပါဏကံ၊ မစစ်အပ်၍ ပိုးကောင်ရှိသော။
ဥဒကံ ပိဝိဿသိ နာမတိ၊ ရေကို သောက်တုံဘိ၏"ဟု။
တံ ဘိက္ခုံ ဂရဟိတွာ၊ ထိုရဟန်းကို ကဲ့ရဲ့တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ မာတလိသင်္ဂါဟကော၊ ထိုအခါက သင်္ဂြိုဟ်ချီးမြှောက်တတ်သော ရထားထိန်း မာတလိနတ်သားသည်။
အာနန္ဒော အဟောသိ၊ အာနန္ဒာသည် ဖြစ်လာပြီ။
သက္ကော ပန၊ သိကြားမင်းသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတောင်မူပြီ။
**ကုလာဝကဇာတကဝဏ္ဏနာ ပဌမာ**၊ **ရှေးဦးစွာသော ကုလာဝကဇာတ်အဖွင့်တည်း။**