**အသမ္ပဒါနေနိတရီတရဿာ** တိ ဣဒံ၊ အသမ္ပဒါနေနိတရီတရဿ ဤဒေသနာတော်ကို။
သတ္ထာ ဝေဠုဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ်။
ဒေဝဒတ္တံ အာရဗ ကထေသိ၊ ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ တသ္မိံ ကာလေ၊ ချဲ့ပြောရသော် ထိုအခါက။
ဘိက္ခူ ဓမ္မသဘာယံ၊ ရဟန်းတို့သည် တရားသဘင်၌။
“အာဝုသော ဒေဝဒတ္တော၊ အို. ငါရှင်တို့ ဒေဝဒတ်သည်။
အကတညူ တထာဂတဿ ဂုဏံ၊ ကျေးဇူးမသိတတ် ဘုရားရှင်၏ ဂုဏ်ကျေးဇူးကို။
န ဇာနာတီတိ၊ မသိတတ်”ဟု။
ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကြပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူပြီး၍။
“ဘိက္ခဝေ ဧတရဟိ၊ အို. ရဟန်းတို့ ယခုအခါ။
ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။
အတ္ထ နုတိ ပုဗ္ဘိတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။
ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ဟု လျှောက်အပ်သော်။
“ဘိက္ခဝေ ဣဒါနေဝ၊ အို. ရဟန်းတို့ ယခု အခါသာ။
ဒေဝဒတ္တော န အကတညူ၊ ဒေဝဒတ်သည် ကျေးဇူးမသိတတ်သည် မဟုတ်သေး။
ပုဗ္ဗေပိ၊ ရှေးကလည်း။
အကတညူယေဝါတိ ဝတွာ၊ ကျေးဇူးမသိ တတ်သည်သာ”ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်ပြီ။
အတီတေ မဂဓရဋ္ဌ ရာဇဂဟေ၊ လွန်လေပြီးသောအခါ မဂဓတိုင်း၌ ရာဇဂြိုဟ်မြို့၌။
ဧကသ္မိံ မဂဓရညေ၊ တစ်ပါးသော မဂဓမင်းသည်။
ရဇ္ဇံ ကာရေန္တော၊ မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
တဝ၊ ထိုမဂဓ မင်း၏သာ။
သင်္ခသေဋ္ဌိတိ နာမေန၊ သင်္ခသူဌေးဟူသော နာမည်ဖြင့်။
အသီတိ ကောဋိဝိဘဝေါ၊ ကုဋေရှစ်ဆယ် စည်းစိမ်ရှိသော။
သေဋ္ဌိ အဟောသိ၊ သူဌေးသည် ဖြစ်ပြီ။
ဗာရာဏသိယံ ပီဠိယသေဋ္ဌိ နာမ၊ ဗာရာဏသီမြို့၌ ပီဠိယမည်သော သူဌေး သည်။
အသီတိကောဋိဝိဘဝေါဝ အဟောသိ၊ ကုဋေရှစ်ဆယ် စည်းစိမ်ရှိသည်ပင် ဖြစ်ပြီ။
တေ အညမညံ၊ ထိုသူဌေးနှစ်ဦးတို့သည် အချင်းချင်း။
သဟာယကာ အဟေသုံ၊ သူငယ်ချင်းတို့သည် ဖြစ်ကြပြီ။
တေသု ဗာရာဏသိယံထိုသူဌေးနှစ်ဦးတို့တွင် ဗာရာဏသီပြည်က။
ပီဠိယသေဋ္ဌိဿ၊ ပီဠိယသူဌေးအား။
ကေနစိဒေဝ ကာရဏေန၊ တစ်စုံတစ်ခုသာလျှင်ဖြစ်သော အကြောင်းကြောင့်။
မဟန္တ ဘယံ ဥပ္ပဇ္ဇိ၊ ကြီးစွာသော ဘေးသည် ဖြစ်ပြီ။
သဗ္ဗံ သာပတေယျံ ပရိဟာယိ၊ အလုံးစုံသော စီးပွားဥစ္စာသည် ဆုတ်ယုတ်ပြီ။
သော ဒလိဒ္ဓေါ၊ ထိုပီဠိယသူဌေးသည် ဆင်းရဲ သည်။
အပ္ပဋိသရဏော ဟုတွာ၊ ကိုးကွယ်ရာမရှိသည် ဖြစ်၍။
ဘရိယံ အာဒါယ၊ မယားကို ခေါ်ယူ၍။
သင်္ခသေဋ္ဌိံ ပစ္စယံ ကတွာ၊ သင်္ခသူဌေးကို ကျေးဇူးပြုတတ် သည့် အားကိုးရာကို ပြု၍။
ဗာရာဏသိတော နိက္ခမိတွာ၊ ဗာရာဏသီမှ ထွက်ခဲ့၍။
ပဒသာဝ ရာဇာဟံ ပတွာ၊ ခြေဖြင့်သာ (ခြေလျင်သာ) ရာဇဂြိုဟ်မြို့သို့ ရောက်၍။
သင်္ခသေဋ္ဌိဿ၊ သင်္ခသူဌေး၏။
နိဝေသနံ အဂမာသိ၊ အိမ်သို့ ရောက်သွားပြီ။
သော တံ ဒိသွာဝ၊ ထိုသင်္ခသူဌေးသည် ထိုပီဠိယသူဌေးကို တွေ့ရလျှင်ပင်။
မေ သဟာယော၊ ငါ၏ သူငယ်ချင်းသည်။
အာဂတောတိ ပရိဿဇိတွာ၊ ရောက် လာ၏ဟု လည်ဖက်၍။
သက္ကာရသမ္မာနံ ကတွာ၊ ကောင်းစွာပြုမှု မြတ်နိုးမှုကို ပြုပြီး၍။
ကတိပါဟံ ဝီတိနာမေတွာ၊ နှစ်ရက်သုံးရက်ကို ကျော်လွန်စေ၍။
ဧကဒိဝသံ၊ တစ်နေ့၌။
“သမ္မ ကေနဋ္ဌေန၊ အို. သူငယ်ချင်း အဘယ်အကြောင်း ကြောင့်။
အာဂတော အသီတိ ပုစ္ဆိ၊ ရောက်လာသည် ဖြစ်သနည်း”ဟု မေးပြီ။
သမ္မ မေ၊ အို. သူငယ်ချင်း ငါ့အား။
ဘယံ ဥပ္ပန္နံ၊ ဘေးသည် ဖြစ်ပြီ။
သဗ္ဗံ ဓနံ ပရိက္ခိဏံ၊ အားလုံးသော ပစ္စည်းသည် ကုန်ခမ်းသွားပြီ။
မေ ဥပတ္ထမ္ဘော ဟောဟီတိ၊ ငါအား ထောက်ပံ့ ကူညီသူသည် ဖြစ်ပါလော့ဟု ပြောပြီ။
သာဓု သမ္မ၊ ကောင်းပါပြီ အို. . သူငယ်ချင်း။
မာ ဘာယီတိ၊ မကြောက်ပါလင့်ဟု ပြော၍။
ဘဏ္ဍာဂါရံ ဝိဝရာပေတွာ၊ ဘဏ္ဍာတိုက်ကို ဖွင့်လှစ်စေ၍။
စတ္တာလီသဟိရညကောဋိယော ဒါပေတွာ၊ ကုဋေလေးဆယ်သော ငွေတို့ကို ပေးစေ၍။
သေသံသဗ္ဗံ၊ ကြွင်း ကျန်သော အလုံးစုံသော။
ပရိစ္ဆဒပရိဝါရမ္ပိ၊ အခြွေအရံ အပိုင်းအခြားကို လည်းကောင်း။
အတ္တနော သန္တကံ၊ မိမိ၏ ဥစ္စာဖြစ်သော။
သဝိညာဏကံ အဝိညာဏကံ၊ သက်ရှိပစ္စည်းကိုလည်းကောင်း သက်မဲ့ပစ္စည်းကိုလည်းကောင်း။
မဇ္ဈေ ဘိန္ဒိတွာ၊ အလယ်၌ ခွဲ၍။
ဥပဍ္ဎမေဝ အဒါသိ၊ တစ်ဝက်ကိုပင် ပေးပြီ။
သော တံ ဝိဘဝံ အာဒါယ၊ ထိုပီဠိယသူဌေးသည် ထိုစည်းစိမ်ကို ယူ၍။
ပုန ဗာရာဏသိ ဂန္တွာ၊ တစ်ဖန် ဗာရာဏသီမြို့ သို့ သွား၍။
နိပါသံ ကပွေသိ၊ နေထိုင်မှုကို ပြုပြီ။
အပရဘာဂေ သင်္ခသေဋ္ဌိဿပိ၊ နောက်အဖို့၌ သင်္ခသူဌေးအားလည်း။
တာဒိသမေဝ ဘယံ ဥပ္ပဇ္ဇိ၊ ထိုကဲ့သို့ရှုအပ်သည်သာဖြစ်သော ဘေးသည် ဖြစ်ပြီ။
သော အတ္တနော ပဋိသရဏံ၊ ထိုသင်္ခသူဌေးသည် မိမိ၏ မှီခိုအားကိုးရာကို။
ဥပဓာရေန္တော၊ စူးစမ်းလသော်။
“မေ သဟာယကဿ၊ ငါ၏ သူငယ်ချင်းအား ။
မဟာဥပကာရော၊ ကြီးစွာသော ကျေးဇူးကို။
မေ ကတော၊ ငါသည် ပြုအပ်ပြီ ။
ဥပဍ္ဎဝိဘဝေါ ဒိန္နော၊ စည်းစိမ်ထက်ဝက်ကို ပေးအပ်ပြီ။
သော မံ ဒိသွာ၊ ထိုပီဠိ သူဌေးသည် ငါ့ကို တွေ့၍။
န ပရိစ္စဇိဿတိ၊ စွန့်ခွါလိမ့်မည် မဟုတ်။
သန္တိကံ၊ ထိုပီဠိယသူဌေး၏ အထံသို့။
ဂမိဿာမီတိ စိန္တေတွာ၊ သွားမည်”ဟု ကြံစည်၍။
ဘရိယံ အာဒါယ၊ မယားကို ခေါ်ယူ၍ပဒသာဝခြေဖြင့်သာ(ဝါခြေလျင်သာ။
ဗာရာဏသိ ဂန္တွာ၊ ဗာရာဏသီမြို့သို့ သွား၍။
“ဘဒွေ မယာ သဒ္ဓိံ၊ အို. ချစ်နှမ ငါနှင့်အတူ။
အန္တရဝီထိယာ၊ မြို့တွင်းလမ်း၌။
တဝ ဂမနံ နာမ၊ သင်၏ သွာခြင်းမည်သည်။
န ယုတ္တံ၊ မသင့်လျော်။
မယာ ပေသိတယာနံ၊ ငါသည် စေလွတ်အပ်လိုက်သော ယာဉ်ကို။
အာရုယှ မဟန္တေန ပရိဝါရေန၊ စီးနင်း၍ များမြတ်သော အခြံအရံဖြင့်။
ပစ္ဆာ အာဂမိဿသိ၊ နောက်၌ လာရလိမ့်မည်။
ယာဝ ယာနံ ပေသေမိ၊ အကြင်မျှလောက် ယာဉ်ကို ငါစေလွှတ်လိုက်၏။
တာဝ ဣဓေဝ၊ ထိုယာဉ်ကို ငါစေလွှတ်လိုက်သည့်တိုင်အောင် ဤဇရပ်၌သာ။
ဟောတီတိ ဝတွာ၊ ဖြစ်ပါလော့”ဟု ပြော၍။
တံ သာလာယ ဌပေတွာ၊ ထိုသူဌေး ကတော်ကို ဇရပ်၌ ထားခဲ့၍။
သယံ နဂရံ ပဝိသိတွာ၊ ကိုယ်တိုင် ဗာရာဏသီမြို့သို့ ဝင်၍။
သေဋ္ဌိဿ ယရံ ဂန္တွာ၊ ပီဠိယသူဌေး၏အိမ်သို့ သွားပြီး၍။
“ရာဇ နဂရတော၊ ရာဇဂြိုဟ်မြို့မှ ။
တုမှာကံ သဟာယော၊ သင်တို့၏ သူငယ်ချင်း ဖြစ်သော။
သင်္ခသေဋ္ဌိ နာမ အာဂတောတိ၊ သင်္ခသူဌေးမည်သည် လာ၏”ဟု။
အာရောစာပေသိ၊ ပြောကြားစေပြီ။
အာဂစ္ဆတူတိ၊ လာပါစေဟု။
သော ပက္ကော သာပေတွာ၊ ထိုပီဠိယသူဌေးသည် အခေါ်ခိုင်း၍။
တံ ဒိသွာ၊ ထိုသင်္ခသူဌေးကို တွေ့မြင်ရ၍။
အာသနာ နေဝ ဝုဋ္ဌာသိ၊ နေရာမှ မထပြီ။
ပဋိသန္တာရံ န အကာသိ၊ ပျူငှါလောကဝတ်ကို မပြုပြီ။
ကေဝလံ၊ နေရာမှထခြင်း လောကဝတ်ပြုခြင်း မဖက်သက်သက်။
“ကိမတ္ထံ အာဂတော၊ အဘယ်အကျိုးငှါ ရောက်လာသည်။
အသီတိ ပုစ္ဆိ၊ ဖြစ်သနည်း”ဟု မေးပြီ။
တုမှာကံ ဒဿနတ္ထံ၊ သင်ပီဠိယသူဌေးတို့အား တွေ့မြင်ခြင်းငှါ။
အာဂတော အမှီတိ၊ လာသည် ဖြစ်၏ဟုဖြေပြီ။
နိဝါသော တေ၊ နေရာကို သင်သင်္ခသူဌေးသည်။
ကဟံ ဂဟိတောတိ၊ ဘယ်၌ ယူအပ်ခဲ့သနည်းဟု မေးပြီ။
နိဝါသဋ္ဌာနံ န တာဝ အတ္ထိ၊ နေရာဌာနသည် မရှိသေးပါ။
သေဋ္ဌိဃရဏိမ္ပိ၊ သူဌေးကတော်ကိုလည်း။
သာလာယ ဌပေတွာဝ၊ ဇရပ်၌ ထားခဲ့၍သာလျှင်။
အာဂတော အမှီတိ၊ ရောက်လာသည် ဖြစ်၏ဟု ပြောပြီ။
“တုမှာကံ ဣဓ၊ သင်တို့အတွက် ဤအိမ်၌။
နိဝါသဋ္ဌာနံ နတ္ထိ၊ နေဖို့ရာဌာနသည် မရှိပါ။
နိဝါပုံ ဂဟေတွာ၊ စားစရာကို ယူ၍။
ဧကသ္မိံ ဌာနေ ပစာပေတွာ၊ တစ်ခုသော ဌာန၌ ချက်စေ၍။
ဘုဉ္စိတွာ ဂစ္ဆထ၊ စား၍ သွားကြပါ။
ပုန အမှာကံ ဃရံ၊ တဖန် ငါတို့၏ အိမ်သို့။
မာ ပဝိသထာတိ ဝတွာ၊ မဝင်ကြပါလင့်”ဟု ပြော၍။
“မယှံ သဟာယ ဒုဿ၊ ငါပီဠိယသူဌေး၏ သူငယ်ချင်းသင်္ခသူဌေး၏။
ဒုဿန္တေ ဗန္ဒိတွာ၊ အဝတ် စွန်း၌ ဖွဲ့ချည်၍။
ဧကံ ဗဟလပလာပတုမ္ဗံ၊ စပါးဖျင်းအကြမ်းတစ်ပြည်ကို။
ဒေဟီတိ၊ ပေးလိုက်”ဟု။
ဒါသံ အာဏာပေသိ၊ ကျွန်ကို စေခိုင်းပြီ။
တံ ဒိဝသံ သော၊ ထိုဘုရား လောင်းလာသည့်နေ့က ထိုပီဠိယသူဌေးသည်။
ရတ္တသာလီနံ သကဋသဟဿ မတ္တံ၊ သလေးနီတို့၏ လှည်းအစီးတစ်ထောင်တိုက်မျှကို။
ဩဖုနာပေတွာ၊ လေ့စေ၍။
ကောဋ္ဌာဂါရံ ပူရာပေသိ၊ စပါးကျီကို ပြည့်စေပြီ။
စတ္တာလီသကောဋိဓနံ ဂဟေတွာ၊ ကုဋေလေးဆယ်ဥစ္စာကို ယူ၍။
အာဂတော အကတညူ၊ လာသော ကျေးဇူးမသိတတ်သော။
မဟာစောရော၊ ခိုးသူကြီးသဖွယ်ဖြစ်သော ပီဠိယ သူဌေးသည်။
သဟာယကဿ၊ သူငယ်ချင်း ဘုရားလောင်းအား။
တုမ္ပမတ္တေ ပလာပေ ဒါပေသိ၊ တစ်ပြည်ရှိကုန်သော စပါးဖျင်းတို့ကို ပေးစေပြီ။
ဒါသော ပစ္ဆိယံ၊ ပီဠိယသူဌေးကျွန်သည် တောင်း၌။
ဧကံ ပလာပတုမ္ဗံ ပက္ခိပိတွာ၊ စပါးဖျင်း တစ်ပြည်ကို ထည့်၍။
ဗောဓိသတ္တဿ သန္တိကံ အဂမာသိ၊ ဘုရားလောင်း၏ အထံသို့ ယူသွားပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
“အယံ အသပ္ပုရိသော၊ ဤလူယုတ်မာ သည်။
မမ သန္တိကာ၊ ငါ၏ အထံမှ။
စတ္တာလီသကောဋိဓနံ လဘိတွာ၊ ကုဋေ လေးဆယ်သော ပစ္စည်းကို ရရှိ၍။
ဣဒါနိ ပလာပတုမ္ဗံ ဒါပေသိ၊ ယခု စပါးဖျင်း တစ်ပြည်ကို ပေးစေပြီ။
ဂဏှာမိ နု ခေါ၊ ယူရမည်လော။
န ဂဏှာမိ နု ခေါတိစိန္တေသိ၊ မယူရမည်လော"ဟု တွေးပြီ။
အထ အဿ၊ တွေးရာ ထိုအခါ၌ ထိုဘုရားလောင်းမှာ။
“မိတ္တဒုဗ္ဘီ အယံ အကတညူ၊ မိတ်ဆွေပစ်မှားတတ်သော ဤကျေးဇူးမသိတတ်သူသည်။
ကတဝိနာသကဘာဝေန၊ ပြုအပ်သော ကျေးဇူးဖျက်ဆီးတတ်သည့်အဖြစ်ကြောင့်။
မယာ သဒ္ဓိံ၊ ငါနှင့်အတူ။
မိတ္တဘာဝံ တာဝဘိန္ဒိ၊ မိတ်ဆွေအဖြစ်ကို ဦးအောင်ဖျက်ပီ။
ဧတေန ဒိန္န ပလာပကုမ္ဗံ၊ ဤပီဠိယသူဌေးသည် ပေးအပ်သော စပါးဖျင်းတစ်ပြည်ကို။
လာမကတ္တာ၊ ယုတ်ညံ့သည့်အဖြစ်ကြောင့်။
အဟံ သစေ နဂဏှိဿာမိ၊ ငါသည် အကယ်၍ မယူအံ့။
အဟမ္ပိ မိတ္တဘာဝံ၊ ငါသည်လည်း မိတ်ဆွေအဖြစ်ကို။
ဘိန္ဒိဿာမိ၊ ဖျက်ရာရောက်လိမ့်မည်။
အန္ဓဗာလာ ပရိတ္တကံ၊ ကန်းမိုက်သူတို့သည် အနည်းငယ်ကို။
လက္ခံ အဂ္ဂဏှန္တာ၊ ရအပ်သည်ကို မယူကြဘဲ။
မိတ္တဘာဝံ ဝိနာသေန္တိ၊ မိတ်ဆွေအဖြစ်ကို ဖျက်ကုန်၏။
အဟံ ပန ဧတေန ဒိန္န၊ ငါသင်္ခသည်ကား။ ထိုပီဠိယသည် ပေးအပ်သော။
ပလာ တုမ္ဗံ ဂဟေတွာ၊ စပါးဖျင်းတစ်ပြည်ကို ယူ၍။
မမ ဝသေန၊ မမ ဝသေနငါ၏ အစွမ်းအားဖြင့်။
မိတ္တဘာဝံ ပတိဌာပေဿာမီတိ၊ မိတ်ဆွေအဖြစ်ကို တည်စေမည်”ဟု။
ဧ အဟောသိ၊ ဤအကြံသည် ဖြစ်ပြီ။
သော ပလာပတုမ္ဗံ၊ ထိုဘုရားလောင်းသည် စပါးဖျင်းတစ်ပြည်ကို။
ဒုဿန္တေ ဗန္ဒိတွာ၊ အဝတ်စွန်း၌ ဖွဲ့ချီ၍။
ပါသာဒါ ဩရုယှ ပီဠိယ၊ သူဌေးနေရာပြာသာဒ်မှ ဆင်းခဲ့၍။
သာလံ အဂမာသိ၊ တည်းခိုရာဇရပ်သို့ သွားပြီ။
အထ နံ ဘရိယာ၊ ထိုအခါ ထိုဘုရားလောင်းကို သူဌေးကတော်သည်။
“အယျ တေ၊ အို. . အိမ်ရှင် သင်အိမ်ရှင်သည်။
ကိ လဒ္ဓန္တိ ပုစ္ဆိ၊ ဘာကို ရအပ်ခဲ့ သနည်း”ဟု မေးပြီ။
ဘဒ္ဒေ အမှာကံ သဟာယော၊ အို. . ရှင်မ ငါတို့၏ သူငယ်ချင်း ဖြစ်သော။
ပီဠိယသေဋ္ဌိ ပလာပတုမ္ဗံ ဒတွာ၊ ပီဠိယသူဌေးသည် စပါးဖျင်း တစ်ပြည်ကို ပေးလိုက်၍။
အမှေ အဇ္ဇေဝ ဝိဿဇ္ဇေသီတိ၊ ငါတို့ကို ယနေ့ပင် ပြန်လွှတ်လိုက်ပြီဟု ပြောပြီ။
သာ၊ ထိုသူဌေးကတော်သည်။
“အယျ ကိမ တ္ထံအဂ္ဂဟေသိ၊ အို. . အိမ်ရှင် အဘယ်အကျိုးငှာ ယူခဲ့သနည်း။
ဧတံ စတ္တာလီသ ကောဋိဓနဿ၊ ဤစပါးဖျင်းတစ်ပြည်သည် ကုဋေလေးဆယ်သော ပစ္စည်းအား။
အနုစ္ဆဝိကံ ကိန္တိ၊ သင့်လျော်ပါသလား”ဟု ပြော၍။
ရောဒိတုံ အာရဘိ၊ ငိုဖို့ ပြင် ပြီ။
ဗောဓိသတ္တောပိ၊ ဘုရားလောင်းသည်လည်း။
“ဘဒွေ မာ ရောဒိ၊ အို . ချစ်နှမ မငိုပါလင့်။
အဟံ တေန သဒ္ဓိံ၊ ငါသင်္ခသည် ထိုပီဠိယနှင့် အတူ။
မိတ္တဘာဝ ဘေဒနဘယေန၊ မိတ်ဆွေအဖြစ်ပျက်မည် ကြောက်ခြင်းကြောင့်။
မိတ္တဘာဝံ၊ ငါ၏ အစွမ်းဖြင့် မိတ်ဆွေအဖြစ်ကို။
ပတိဋ္ဌာပေတုံ ဂဏှိပေတုံ၊ တည်စေခြင်းငှာ မမ ဝသန ယူခဲ့ပြီ။
တွံ ကိံကာရုဏာ၊ ရှင်မသည် ဘာ့ကြောင့်။
ရောဒသီတိ ဝတွာ၊ ငိုရ သနည်း”ဟု ပြောပြီး၍။
ဣတရီတရဿ အသမ္ပဒါနေန၊ အမှတ်မထားတစ်ပါးပါးသော ညံ့သည်, ပိုညံ့သည်ကို ကောင်းစွာမယူခြင်းဖြင့်။
ဗာလဿ မိတ္တာနိ၊ ဖျင်းအ နုံထိုင်းသူအား မိတ်ဖွဲ့မှုတို့သည်။
ကလီဘဝန္တိ၊ ကျက်သရေယုတ်နှင့်တူ ကုန်၏ (ပျက်စီးကုန်၏)။
တသ္မာ၊ ထို့ကြောင့်။
မေ မိတ္တိ၊ ငါ၏ခင်မင်မှုသည်။
မာ ဇီယိတ္ထ၊ မအိုပါစေနှင့်။
အယံ၊ ဤချစ်ခင်ခြင်းသည်။
သဿတာ၊ မြဲသည်။
ဟောတု ဣတိ၊ ဖြစ်ပါစေဟု နှလုံးသွင်း၍)။
အဍ္ဎမာနံ ဘုသံ ဟရာမိ၊ ရှစ်စလယ် ထက်ဝက်ဖြစ်သော စပါးဖျင်းတစ်ပြည်ကို ဆောင်ယူခဲ့၏။
တတ္ထ၊ ထိုဂါထာ၌။
**အသမ္ပဒါနေနာ** တိ၊ အသမ္ပဒါနေန ဟူသည်ကား။
အသမ္ပဒါနေန၊ ကောင်းစွာ အပြားအားဖြင့် မယူခြင်းဖြင့်တည်း။
အကာရလောပေ သန္ဓေိ၊ အ,အက္ခရာကျေခြင်းကြောင့် သမ္မုဖြစ်နေ၏။
အဂ္ဂဟဏေန ဣတိ အတ္ထော၊ မယူခြင်းဖြင့် ဤကား အသမ္ပဒါနေန၏ အနက်တည်း။
**ဣတရီတရဿာ** တိ၊ ဣတရီတရဿဟူသည်ကား။
ယဿ ကဿစိ၊ အမှတ်မထား တပါးပါးသော။
မကာလာမကဿ၊ ညံ့သည် ပိုညံ့သည်ကိုတည်း။
** ဗာလဿ မိတ္တာနိ ကလီ ဘဝန္တီ** တိ၊ ဗာလဿ မိတ္တာနိ ကလီဘဝန္တိဟူသည်ကား။
ဒန္ဓဿ အပညဿ၊ နုံချာသော ပညာမရှိသူအား။
မိတ္တာနိ ကလီနိ၊ မိတ်ဆွေဖြစ်ခြင်းတို့သည် အပြစ်ရှိကုန်သည်။
ကာဠကဏ္ဏိသဒိသာနိ ဟောန္တိ၊ ကျက်သရေယုတ်နှင့် တူကုန်သည် ဖြစ်ကုန်၏။
ဘိဇ္ဇန္တီ ဣတိ အတ္ထော၊ ပျက်စီးကုန်၏ ဤကား ကလီဘဝန္တိ၏ အဓိပ္ပါယ်အနက်တည်း။
**တသ္မာ ဟရာမိ ဘုသံ အနုမာနန္တိ **၊ တသ္မာ ဟရာမိ ဘုသံ အနုမာနံဟူသော ပါဌ်ဖြင့်။
တေန ကာရဏေန အဟံ၊ ထိုအကြောင်းကြောင့် ငါသင်္ခသည်။
သဟာယေန ဒိန္နံ၊ သူငယ်ချင်းက ပေးအပ်သော။
ဧက ပလာပတုမ္ဗံ ဟရာမိ၊ စပါးဖျင်းတစ်ပြည်ကို ဆောင်၏။
ဂဏှာမီတိ ဒဿေတိ၊ ယူ၏ဟု ပြ၏။
ဟိ “မာန”န္တိ၊ မှန်၏ “မာန”ဟူသည်။
အဋ္ဌိန္နံ နာဠီနံ၊ ရှစ်ခုကုန်သော စလယ်တို့၏။
နာမံ၊ အမည်တည်း။
အဍ္ဎမာနံ စတုန္နံ၊ အဍ္ဎမာနံ ဟူသည် လေးစလယ်တို့၏။
(နာမံ၊ အမည်တည်း)။
စတာ နာဠိယော စ၊ လေးစလယ်တို့သည်ကား။
တုမ္ဗော နာမ၊ တစ်ပြည် မည်၏။
တေန၊ ထိုသို့လေးစလယ် တစ်ပြည်မည်သောကြောင့်။
ပလာပတုမ္ပန္တိ၊ ပလာပတုခွံဟူ၍။
ဂုတ္တံ၊ ငါအဋ္ဌကထာ ဆရာ ဖွင့်ဆိုအပ်ပြီ။
**မာ မေ မိတ္တိ ဇီယိတ္ထ သဿတာယန္တိ**၊ မာ မေ မိတ္တိ ဇီယိတ္ထ သဿတာ'ယံဟူသည်ကား။
မမ သဟာယေန သဒ္ဓိံ၊ ငါသင်္ခ၏ သူငယ်ချင်းနှင့် အတူ။
မိတ္တိ မာ ဘိဇ္ဇတ္ထ၊ ခင်မင်မှုသည်' မပျက်စေ သတည်း။
အယံ သဿတာဝ၊ ဤခင်မင်မှုသည် မြဲသည်သာ။
ဟောတု ဣတိ အတ္ထော၊ ဖြစ်ပါစေ ဤကား စတုတ္ထပါဒ အနက်တည်း။
ဧဝံ ဝုတ္တေပိ၊ ဤသို့ ပြောဆိုအပ်ပါသော်လည်း။
သေဋ္ဌိဘရိယာ ရောဒတေဝ၊ သူဌေးကတော်သည် ငိုသာတည်း။
တသ္မိံ ခဏေ သင်္ခသေဋ္ဌိနာ၊ ထိုအခါ၌ ဘုရားလောင်း သင်္ခသူဌေးသည်။
ပီဠိယသေဋ္ဌိဿ ဒိန္နော ကမ္မန္တဒါသော၊ ပီဠိယသူဌေးအား ပေးထားခဲ့သော အမှုလုပ်ကျွန်သည်။
သာလာဒွါရေန အာဂစ္ဆန္တော၊ ဇရပ်တံခါးဖြင့် လာရောက်သော်။
သေဋ္ဌိဘရိယာယ ရောဒနသဒ္ဒံ သုတွာ၊ သင်္ခသူဌေးကတော်၏ ငိုးကျွေးသံကို ကြားရ၍။
သာလံ ပဝိသိတွာ၊ ဇရပ်ထဲသို့ ဝင်၍။
အတ္တနော သာမိကေ ဒိသွာ၊ မိမိ၏ သခင်တို့ကို တွေ့မြင်၍။
ပါဒေသု နိပတိတွာ၊ ခြေတို့၌ ဝပ်စဉ်း၍။
ရောဒိတွာ ကန္ဒိတွာ၊ ငိုကျွေး၍ မြည် တမ်း၍။
“သာမိ ကိမတ္ထံ၊ အို. . သခင်တို့ အဘယ်ကျိုးငှာ။
ဣဓ အာဂတာ အတ္ထ၊ ဤဗာရာဏသီမြို့သို့ လာကြသည် ဖြစ်ကုန်သနည်း”။
ဣတိ ပုစ္ဆိ၊ ဤသို့ မေးပြီ။
သေဋ္ဌိ သဗ္ဗံ အာရောစေသိ၊ ဘုရားလောင်းသူဌေးသည် အလုံးစုံသော အဖြစ်ကို ပြောပြပြီ။
ကမ္မန္တဒါသော၊ အမှုလုပ်ကျွန်သည်။
“သာမိ၊ ဟောတု( သခင် ဖြစ်ပါစေ။
မာ စိန္တယိတ္ထာတိ၊ မပူကြပါလင့်”ဟု။
ဥဘော အဿာသေကွာ၊ သူဌေး, သူဌေး ကတော် နှစ်ယောက်လုံးတို့ကိုလည်း သက်သာရာရစေ၍။
အတ္တနော ဂေဟံ နေတွာ၊ မိမိ၏ အိမ်သို့ ခေါ်ယူ၍။
ဂန္ဓောဒကေန နှာပေတွာ ဘောဇေတွာ၊ နံ့သာရေဖြင့် ရေချိုးစေ၍ ကျွေးမွေးပြီး၍။
“ဝေါ သာမိကာ၊ သင်တို့၏ သခင် တို့သည်။
အာဂတာတိ၊ ရောက်လာကြသည်”ဟုပြော၍။
သေသဒါသေ၊ ကြွင်းကျန်သော ကျွန်တို့ကို။
သန္နိပါတေတွာ ဒတွာ၊ ကောင်းစွာကျရောက် စုဝေးစေ၍ သခင်နှစ်ယောက်ကို ပြ၍။
ကတိပါဟံ ဂီတိနာမေတွာ၊ နှစ်ရက် သုံးရက်ကို ကျော်လွန်စေ၍။
သဗ္ဗေ ဒါသေ ဂဟေတွာ၊ အလုံးစုံကုန်သောကျွန်တို့ကို ခေါ်ယူ၍။
ရာဇင်္ဂဏံ ဂန္တွာ၊ နန်းရင်ပြင်သို့ သွား၍။
ဥပရဟံ အကာသိ၊ ငိုကျွေးမှုကို ပြုပြီ။
ရာဇာ ပက္ကောသာပေတွာ၊ ဗာရာဏသီမင်းသည် ခေါ်စေ၍။
“ဧတံ ကိန္တိ ပုစ္ဆိ၊ ဤငိုကျွေးခြင်းကား ဘာလဲ”ဟု မေးပြီ။
တေ သဗ္ဗ တံ ပဝတ္တိံ၊ ထိုကျွန်တို့သည် အလုံးစုံသော ထိုအဖြစ်ကို။
ရညော အာရောစေသုံ၊ ဗာရာဏသီ မင်းအား လျှောက်ထားကုန်ပြီ။
ရာဇာ တေသံ၊ ဗာရာဏသီမင်းသည် ထိုကျွန်တို့၏။
ဂစနံ သုတွာ၊ လျှောက် ထားစကားကို ကြားရ၍။
ဥဘောပိ သေဋ္ဌီ ပက္ကောသာပေတွာ၊ သင်္ခ, ပီဠိယ နှစ်ယောက်လည်း ဖြစ်ကုန်သော သူဌေးတို့ကို ခေါ်စေ၍။
သင်္ခသေဋ္ဌိံ၊ သင်္ခ သူဌေးကို။
“မဟာသေဋ္ဌိ တယာ၊ အို. . သင်္ခသူဌေးကြီး သင်သူဌေးကြီးသည်။
ပီဠိယသေဋ္ဌိဿ၊ ပီဠိယသူဌေးအား။
စတ္တာလီသကောဋိဓနံ၊ ကုဋေလေးဆယ်သော ပစ္စည်းကို။
ဒိန္န ကိရ၊ ပေးအပ်ခဲပြီတဲ့ဟု ကြားရသည်ကား။ သစ္စန္တိ ပုစ္ဆိ= မှန် သလော”ဟု မေးပြီ။
အာမ မဟာရာဇ၊ မှန်ပါ အရှင်မင်းမြတ်။
မံ တက္ကေတွာ၊ ကျွန်တော်မျိုးကို ကြံစည်အားကိုး၍။
ရာဇဂဟံ အာဂတဿ၊ ရာဇဂြိုဟ်မြို့သို့ ရောက်လာသော။
မမ သဟာယဿ၊ ကျွန်တော်မျိုး၏ သူငယ်ချင်း ပီဠိယ သူဌေးအား။
ကေဝလံ ဓနံ၊ အခြားနှင့်မဖက် သက်သက်သော ပစ္စည်းကို။
(န အဒါသိ၊ ပေးခဲ့သည်မဟုတ်ပါ)။
သဝိညာဏကံ အဝိညာဏကံ၊ သက်ရှိဖြစ်သော သက်မဲ့ဖြစ်သော။
သဗ္ဗံ ဝိဘဝဇာတံ၊ အလုံးစုံသော ပစ္စည်းကို။
ဒွေ ကောဋ္ဌာသေ ကတွာ၊ နှစ်ခုကုန်သော အပုံတို့ကို ပြု၍။
သမဘာဂေ အဒါသိန္တိ၊ ထပ်တူထပ်မျှ အပုံတို့ကို ပေးခဲ့ပါပြီ”ဟု လျှောက်ထားပြီ။
ရာဇာ၊ ဗာရာဏသီမင်းသည်။
ဧတံ သစ္စန္တိ၊ ဤသင်္ခသူဌေးစကားသည် မှန်သလောဟု။
ပီဠိယသေဋ္ဌိဲ ပုစ္ဆိ၊ ပီဠိယ သူဌေးကို မေးပြီ။
အာမ ဒေဝါတီ၊ မှန်ပါ၏ အရှင်မင်းကြီးဟု လျှောက်ပြီ။
တည၀ တက္ကေတွာ၊ သင့်ကိုသာ ကြံစည်အားကိုး၍။
အာဂတဿ အဿ ပန၊ ရောက် လာသော ထိုသင်္ခသူဌေးအားကား။
တယာ ကတော၊ သင်က ပြုအပ်သော။
ကောစိ သက္ကာရော ဝါ၊ တစ်စုံတစ်ခုသော ပူဇော်သက္ကာရသည်သော် လည်းကောင်း။
သမ္မာနောဝါ အတ္ထိ ဣတိ၊ မြတ်နိုးမှုသည်သော်လည်းကောင်း ရှိပါ၏လောဟု မေးပြီ။
သော တုဏှီ အဟောသိ၊ ထိုပီဠိယသူဌေးသည် ဆိတ်ဆိတ်သည် ဖြစ်ပြီ။
ဒုဿန္တေ ပက္ခိပါပေတွာ၊ အဝတ်စွန်း၌ ထည့်စေ၍။
တေ ဧတဿ ဒါပိတံ၊ သင်ပီဠိယက ထိုသင်္ခအား ပေးစေအပ်သော။
ပလာပတုမ္ဗမတ္တံ၊ စပါးဖျင်းတစ်ပြည်မျှသည်။
အပိ ပန အတ္တီတိ၊ ရှိပါသလောဟု မေးပြီ။
တံ သုတွာပိ၊ ထိုအမေးစကားကို ကြားရ၍လည်း။
တုဏှိယေဝ အဟောသိ၊ ဆိတ်ဆိတ်သာ ဖြစ်ပြီ။
ရာဇာ၊ ဗာရာဏသီမင်းသည်။
ကံ ကာတဗ္ဗန္တိ၊ ဘယ်ကဲ့သို့ ပြုသင့်သနည်းဟု။
အမစ္စေဟိ သဒ္ဓိံ မန္တေတွာ၊ အမတ်တို့နှင့် အတူတိုင်ပင်၍။
တံ ပရိဘာသိတာ၊ ထိုပီဠိယသူဌေးကို ခြိမ်းခြောက်၍။
“ဂစ္ဆထ၊ သွားကြ။
ပီဠိ သေရိဿ ဃရေ၊ ပီဠိယသူဌေး၏ အိမ်က။
သဗ္ဗ ဝိဘဝံ သင်္ခသေဋ္ဌိဿ၊ အလုံးစုံ သော စည်းစိမ်ကို သင်္ခသူဌေးအား။
ဒေထာတိ အာဟ၊ = ပေးလိုက်ကြလော့”ဟု အမိန့်ချပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသင်္ခသူဌေးသည်။
“မဟာရာဇ မယှံ၊ အို. . မင်းမြတ် ကျွန်တော်မျိုးသင်္ခအား။
ပရသန္တကေန အတ္ထော နတ္ထိ၊ သူတစ်ပါး ပစ္စည်းဖြင့် လိုချင်မှုသည် မရှိပါ။
မယာ ဒိန္နမတ္တမေဝ ပန၊ ကျွန်တော်မျိုးသည် ပေးအပ်သည်မျှကိုသာကား။
ဒါပေထာတိ အာဟ၊ အပေးခိုင်းတော်မူတော်ကြ ပါ”ဟု လျှောက်ပြီ။
ရာဇာ ဗောဓိသတ္တဿ၊ ဗာရာဏသီမင်းသည် ဘုရားလောင်း အား။
သန္တကံ ဒါပေသိ၊ ပစ္စည်းကို ပေးစေပြီ။
ဗောဓိသတ္တော သဗ္ဗံ၊ ဘုရားလောင်း သည် အလုံးစုံသော။
အတ္တနာ ဒိန္နဝိဘဝံ၊ မိမိက ပေးအပ်ခဲ့သည့် ပစ္စည်းကို။
ပဋိလဘိတွာ ဒါသပရိဝုတော၊ ရရှိပြီး၍ ကျွန်အပေါင်းခြံရံအပ်လျက်။
ရာဇဂဟမေဝ ဂန္တွာ၊ ရာဇဂြိုဟ်မြို့သို့သာ သွား၍။
ကုဋုမ္ဗံ သဏ္ဌပေတွာ၊ ပစ္စည်းကို ကောင်းစွာ တည်စေ၍။
ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနအစရှိကုန်သော ကောင်းမှုတို့ကို ပြုပြီး၍။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရား ဒေသန တော်ကို ဆောင်တော်မူ၍။
“တဒါ ပီဠိယသေဋ္ဌိ၊ ထိုအခါက ပီဠိယသူဌေးသည်။
ဒေဝဒတ္တော အဟောသိ၊ ဒေဝဒတ်သည် ဖြစ်လာပြီ။
သင်္ခသဋ္ဌိ ပန အဟမေဝ အဟောသိန္တိ၊ သင်္ခသူဌေးသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ” ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
အသမ္ပဒါနဇာတကဝဏ္ဏနာ ပဌမာ၊ အသမ္ပဒါနဇာတ်အဖွင့်သည် ပဌမတည်း။