Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[76] 6. Asaṅkiyajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**အသင်္ကိ ယောမှိ ဂါမမှီ** တိ ဣဒံ၊ အသင်္ကိ ယောမှိ ဂါမမှိ စသော ဤတရား ဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ်။ ဧကံ သာဝတ္ထိဝါသိ ဥပါသကံ၊ တစ်ယောက်သော သာဝတ္ထိမြို့နေသော ဥပါသကာကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟော တော်မူပြီ။
သောတာပန္နော သော အရိယသာဝကော၊ သောတာပန်ဖြစ်သော ထို အရိယာတပည့်သည်။ ကေနစိဒေဝ ကရဏီယေန၊ တစ်စုံတစ်ခုသာဖြစ်သော ပြုဖွယ်ကိစ္စဖြင့်။ ဧကေန သကဋသတ္ထဝါဟေန သဒ္ဓံ၊ တစ်ယောက်သော လှည်း ကုန်သည်မှူးနှင့် အတူ။ မဂ္ဂံ ပဋိပဇ္ဇိတွာ၊ လမ်းသို့ သွား၍။ ဧကသ္မိံ အရညဋ္ဌာနေ၊ တစ်ခုသော တောအုပ်ဌာန၌။ သကဋာနိ မောစေတွာ၊ လှည်းတို့ကို လွှတ်စေ၍ (ချွတ်၍)။ ခန္ဓာဝါရဗန္ဓေ ကတေ၊ လှည်းဝိုင်းဖွဲ့ခြင်းကို ပြုအပ်သော်။ သတ္ထဝါဟဿ အဝိဒူရေ၊ လှည်းဝိုင်း၏ မနီးမဝေးဖြစ်သော။ အညတရသ္မိံ ရုက္ခမူလေ စင်္က မတိ၊ တစ်ခုသော သစ်ပင်အနီး၌ စင်္ကြံသွားနေ၏။
အထ အတ္တနော၊ ထိုအခါ မိမိတို့၏။ ကာလံ သလ္လက္ခေတွာ၊ အချိန်ကို ကောင်းစွာ မှတ်၍။ ပဉ္စသတာ စောရာ၊ ငါးရာကုန် သော ခိုးသားတို့သည်။ ခန္ဓာဝါရီ ဝိလုမ္ဗိဿာမာတိ၊ လှည်းဝိုင်းကို လုကြအံ့ဟု။ ဓနုမုဂ္ဂရာဒိဟတ္ထာ၊ လေး ဆောက်ပုတ်စသည် လက်၌ ရှိကြကုန်လျက်။ တံ ဌာနံ ပရိဝါရယိံ သု၊ ထိုလှည်းဝိုင်းဌာနကို ဝိုင်းပြီ။
ဥပါသကောပိ စက်မတိယေဝ၊ ဥပါသကာသည်လည်း စင်္ကြံလျှောက်မြဲ လျှောက်နေသည်သာတည်း။
စောရာ နံ ဒိသွာ၊ ခိုးသားတို့သည် ထိုဥပါသကာကို မြင်၍။ “အဒ္ဓါ ဧသော၊ စင်စစ် ဤသူသည်။ ခန္ဓာဝါရရက္ခကော ဘဝိဿတိ၊ လှည်းဝိုင်းစောင့်ရှောက်သူသည် ဖြစ်လိမ့်မည်။ ဣမဿ နိဒ္ဒံ ဩက္ကန္တကာလေ၊ ဤသူ၏ အိပ်ခြင်းသို့ သက်ရောက်ရာ ကာလ၌။ ဝိလုမ္ဗိဿာမာတိ၊ လုယက်ကြအံ့”ဟု တွေး၍။ အဇ္ဈောတ္ထ ရိတုံ အသက္ကောန္တာ၊ လွှမ်းမိုးလုယက်ခြင်းငှာ မစွမ်းနိုင်ကြဘဲ။ တတ္ထ တက္ကေဝ အဋ္ဌံသု၊ ထိုထိုနေရာ၌သာ တည်ကြပြီ။
သောပိ ဥပါသကာ၊ ထိုဥပါသကာသည်လည်း။ ပဌမယာမေပိ မဇ္ဈိမယာမေပိ ပစ္ဆိမယာမေပိ၊ ပဌမယံ၌လည်းကောင်း မဇ္ဈိမယံ၌ လည်းကောင်း ပစ္ဆိမယံ၌လည်းကောင်း။ စင်္ကမန္တောယေ၀ အဋ္ဌာသိ၊ စင်္ကြံသွား လျက်သာ တည်ပြီ။
ပစ္ူသကာလေ ဇာတေ၊ မိုးသောက်ကာလသည် ဖြစ်သော်။ စောရာ ဩကာသံ အလဘန္တာ၊ ခိုးသားတို့သည် လုယက်ခွင့်ကို မရကြ၍။ ဂဟိတေ ပါသာဏမုဂ္ဂရာဒယော၊ ကိုင်စွဲအပ်ကုန်သော ကျောက်ခဲ, ဆောက်ပုတ်စသည် တို့ကို။ ဆဒ္ဒေတွာ ပလာယိံသု၊ စွန့်ပစ်၍ ပြေးကြပြီ။
ဥပါသကောပိ၊ ဥပါသကာသည်လည်း။ အတ္တနော ကမ္မံ နိဋ္ဌာပေတွာ၊ မိမိ၏ အလုပ်ကိစ္စကို ပြီးစေ၍။ ပုန သာဝတ္ထိ အာဂန္တွာ၊ တစ်ဖန် သာဝတ္ထိမြို့သို့ ပြန်လာ၍။ သတ္ထာရံ ဥပသင်္ကမိတွာ၊ ဘုရားရှင်သို့ ချဉ်းကပ်၍။ “ဘန္တေ အတ္တာနံ ရက္ခမာနာ၊ မြတ်စွာဘုရား မိမိကိုယ်ကို စောင့်ရှောက်သူတို့သည်ပရရက္ခကာသူတစ်ပါးကို စောင့်ရှောက်ရာရောက်ကုန် သည်။ ဟောန္တီတိ ပုစ္ဆိ၊ ဖြစ်ကြပါသလား”ဟု မေး လျှောက်ပြီ။
“အာမ ဥပါသက၊ မှန်၏ ဥပါသကာ။ အတ္တာနံ ရက္ခန္တော၊ မိမိကိုယ်ကို စောင့်ရှောက်သူသည်။ ပရမ္ပိ ရက္ခတိ၊ သူတစ်ပါးကိုလည်း စောင့်ရှောက်ရာ ရောက်၏။ ပရံ ရုက္ခန္တော၊ သူတစ်ပါးကို စောင့်ရှောက်သူသည်။ အတ္တာနမ္ပိ ရက္ခတီတိ၊ မိမိကိုယ်ကိုလည်း စောင့်ရှောက်ရာ ရောက်၏”ဟု မိန့်တော်မူပြီ။
သော၊ ထိုဥပါသကာသည်။ “ဘန္တေ ဣဒံ၊ မြတ်စွာဘုရား ဤစကားကို။ ဘဂဝတာ ယာဝ သုဘာသိတဉ္စ၊ မြတ်စွာဘုရားသည် အလွန်လျှင်ကောင်းစွာ ဟောတော်မူအပ်သည် သာတည်း။ ဧကေန သတ္တဝါဟေန သဒ္ဓိ၊ တစ်ယောက်သော လှည်းကုန်သည်နှင့် အတူ။ အဟံ မဂ္ဂ ပဋိပန္နော၊ တပည့်တော်သည် လမ်းသို့ သွားသော်။ ရုက္ခမူလေ စင်္ကမန္တော၊ သစ်ပင်အနီး၌ စင်္ကြံလျှောက်လျက်။ မံ ရက္ခိဿာမီတိ၊ ငါ့ကိုယ်ကို စောင့်ရှောက်အံ့”ဟု တွေး၍။ သကလသတ္ထံ၊ အလုံးစုံသော လှည်းကုန်သည်အပေါင်းကို။ ရက္ခိန္တိ အာဟ၊ စောင့်ရှောက်ရာ ရောက်ခဲ့ပြီ”ဟု လျှောက်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ “ဥပါသက ပုဗ္ဗေပိ ပဏ္ဍိတာ၊ ဥပါသကာ ရှေးကလည်း ပညာရှိ တို့သည်။ အတ္တာနံ ရက္ခန္တာ၊ မိမိကိုယ်ကို စောင့်ရှောက်ကြကုန်လျက်။ ပရံ ရက္ခိံ သူတိ ဝတွာ၊ သူတစ်ပါးကို စောင့်ရှောက်ရာ ရောက်ခဲ့ကြပြီ”ဟု မိန့်တော်မူ၍။ တေန ယာစိတော၊ ထိုဥပါသကာသည် တောင်းပန်အပ်ရကား။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဗြာဟ္မဏကုလေ နိဗ္ဗတ္တိတွာ ဝယပ္ပတ္တော၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်သော်။ ကာမေသု အာဒီနဝံ ဒိသွာ၊ ကာမတို့၌ အပြစ်ကို မြင်၍။ ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ၊ ရသေ့ရဟန်းအဖြစ်သို့ ကပ်ရောက်၍။ ဟိမဝန္တေ ဝသန္တော၊ ဟိမဝန္တာ၌ နေသော်။ လောဏမ္ပိလသေဝနတ္ထာယ၊ ဆား,ချဉ်မှီဝဲခြင်းငှာ။ ဇနပဒံ အာဂန္တွာ၊ ဇနပုဒ်သို့ လာ၍။ ဇနပဒစာရိကံ စရန္တော၊ ဇနပုဒ်ဒေသစာရီကို လှည့် လည်သော်။ ဧကေန သတ္ထဝါဟေန သဒ္ဓိ၊ တစ်ယောက်သော လှည်းကုန်သည် မှူးနှင့် အတူ။ မခွံ ပဋိပဇ္ဇိတွာ၊ လမ်းသို့ သွား၍။ ဧကသ္မိံ အရညဋ္ဌာနေ၊ တစ်ခုသော တောအုပ်ဌာန၌။ သဗ္ဗေ နိဝိဋ္ဌ၊ လှည်းဝိုင်းသည် ရပ်နားသော် (စခန်းချသော်)။ သတ္ထတော အဝိဒူရေ၊ လှည်းဝိုင်းမှ မနီးမဝေး၌။ ဈာနသုခေန ဝီတိနာမေန္တော၊ ဈာန်ချမ်းသာဖြင့် အချိန်ကုန်စေလျက်။ အညတရသ္မိံ ရုက္ခမူလေ၊ တစ်ခုသော သစ်ပင်အနီး၌။ စင်္ကမန္တော အဋ္ဌာသိ၊ စင်္ကြံသွားလျက် တည်ပြီ။
အထ ခေါ ပဉ္စသတာ စောရာ၊ ထိုအခါ ငါးရာကုန်သော ခိုးသားတို့သည်။ “သာယမာသ ဘတ္တဿ ဘုတ္တကာလေ၊ ညစာထမင်းကို စားရာအချိန်၌။ တံ သကဋသတ္ထံ ဝိလုမ္ဗိဿာမာတိ၊ ထိုလှည်းဝိုင်းကို လုယက်ကြအံ့”ဟု။ အာဂန္တွာ ပရိဝါရယိံ သု၊ လာ၍ ဝိုင်းကြပြီ။
တေ တံ တာပသံ ဒိသွာ၊ ထိုခိုးသားတို့သည် ထိုရသေ့ကို မြင်၍။ “အယံ အမှေ၊ ဤရသေ့သည် ငါတို့ကို။ သစေ ပဿိဿတိ၊ အကယ်၍ မြင်အံ့။ သတ္ထဝါသိကာနံ အာရောစေဿတိ၊ လှည်းဝိုင်းနေ လူတို့အား ပြောကြား လတံ့။ ဧတဿ နိဒ္ဒူပဂတဝေလာယ၊ ဤရသေ့၏ အိပ်ခြင်းသို့ ကပ်ရောက်ရာ အခါ၌။ ဝိလုမ္ဗိဿာမာတိ၊ လုယက်ကြအံ့”ဟု တွေး၍။ တစ္စေဝ အဋ္ဌံသု၊ ထိုနေရာ ၌ပင် တည်ကြပြီ။
တာပသော၊ ဘုရားလောင်းရသေ့သည်။ သကလံ ရတ္တိမိစင်္ကမိယေဝ၊ အလုံးစုံသော ညဉ့်ပတ်လုံးလည်း စင်္ကြံသွားသည်သာ။
စောရာ ဩကာသံ အလဘိတွာ၊ ခိုးသားတို့သည် လုယက်ခွင့်ကို မရကြမူ၍။ ဂဟိတ ဂဟိတေ၊ ကိုင်ဆွဲအပ် ကိုင်ဆွဲအပ်ကုန်သော။ မုဂ္ဂရပါသာဏေ ဆဍ္ဍေ တွာ၊ ဆောက်ပုတ် ကျောက်ခဲတို့ကို စွန့်ပစ်၍။ သကဋသတ္တဝါသီနံ သဒ္ဒံ ဒတွာ၊ လှည်းဝိုင်းနေလူတို့အား အသံကို ပေး၍။ “ဘဝန္တော သတ္တဝါသိနော၊ အို. . လှည်းဝိုင်းနေသူတို့။ ရုက္ခမူလေ ဧသော စင်္က မနကတာ၀သော၊ သစ်ပင်အနီး၌ စင်္ကြံသွားသော ဤရသေ့သည်။ သစေ အဇ္ဇ နာဘဝိဿ၊ အကယ်၍ ယနေ့ မရှိ အံ့။ သဗ္ဗေ မဟာဝိလောပံ၊ အလုံးစုံကုန်သော သင်တို့သည် ကြီးစွာသော လုယက် ခံရခြင်းသို့။ ပတ္တာ အဘဝိဿထ၊ ရောက်ကြသည် ဖြစ်ကြရာပြီ။ သွေ တာပသဿ မဟာသက္ကာရံ၊ နက်ဖန်၌ ရသေ့အား ကြီးစွာသော ပူဇော်သက္ကာရကို။ ကရေယျာ ထာတိ ဝတွာ ပက္ကမိသု၊ ပြုကြလော့”ဟု ပြော၍ ဖဲသွားကုန်ပြီ။
တေ ရတ္တိယာ ပဘာတာယ၊ ထိုလှည်းကုန်သည်တို့သည် ညဉ့်သည် လင်းသော်။ စောရေဟိ ဆဍ္ဍိ တေ၊ ခိုးသားတို့သည် စွန့်ပစ်အပ်ကုန်သော။ မုဂ္ဂရပါသာဏာ ဒယော ဒိသွာ၊ ဆောက်ပုတ်, ကျောက်ခဲစသည်တို့ကို တွေ့ကြ၍။ ဘီတာ၊ ကြောက်လန့်ကြ၍။ ဗောဓိသတ္တဿ သန္တိကံ၊ ဘုရားလောင်း၏ အထံသို့။ ဂန္တွာဝန္ဒိတွာ၊ သွား၍ ရှိခိုး၍။ “ဘန္တေ ဝေါ၊ အရှင်ဘုရား အရှင်ဘုရားတို့သည်။ စောရာ ဒိဋ္ဌာတိ ပုစ္ဆသု၊ ခိုးသားတို့ကို မြင်အပ်ပါကုန်သလော”ဟု မေးကြပြီ။
“အာမ အာဝုသော ဒိဋ္ဌာတိ၊ အေး. . ဒါယကာတို့ မြင်အပ်ကုန်ပြီ”ဟု ပြောပြီ။ “
ဘန္တေ ဝေါ၊ အရှင်ဘုရား အရှင်ဘုရားတို့အား။ ဧတ္တကေ စောရေ ဒိသွာ၊ ဤမျှရှိကုန်သော ခိုးသားတို့ကို တွေ့ရ၍။ ဘယံ ဝါ သာရဇံ ဝါ၊ ကြောက်ခြင်းသည်လည်းကောင်း သံသယဝင်ခြင်းသည်လည်းကောင်း။ န ဥပ္ပဇ္ဇီတိ၊ မဖြစ်ပြီလော”ဟု လျှောက်ထား ကြပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်း သည်။ “အာဝုသော စောရေ ဒိသွာ၊ အို. . . ဒါယကာတို့ ခိုးသားတို့ကို မြင်ရ၍။ ဘယံ နာမ သမနဿ ဟောတိ၊ ကြောက်ခြင်း မည်သည် ပစ္စည်းရှိသူအားသာ ဖြစ်၏။ အဟံ ပန နိဒ္ဓနော၊ ငါသည်ကား ပစ္စည်း မရှိ။ သွာဟံ ကိ ဘာယိဿာမိ၊ ထိုငါသည် ဘာကို ကြောက်ရအံ့နည်း။ ဟိ၊ မှန်၏။
ဂါမေပိ အရညေပိ၊ ရွာ၌လည်းကောင်း တောထဲ၌လည်းကောင်း။ ဝသန္တဿ မယှံ၊ နေသော ငါ့အား။ ဘယံ ဝါ သာရဇ္ဇံ ဝါ၊ ကြောက်ခြင်းသည်လည်းကောင်း သံသယဝင်ခြင်းသည်လည်းကောင်း။ နတ္ထိတိ ဝတွာ၊ မရှိ”ဟု ပြော၍။ တေသံ ဓမ္မံ ဒေသေန္တော၊ ထိုလှည်းဝိုင်းနေသူတို့အား တရားကို ဟောလိုရကား။
(အဟံ၊ ငါသည်)။ ဂါမမှိ အသင်္ကိ ယော အမှိ၊ ရွာထဲ၌ ကြောက်ဖို့အတွေး မဝင်သည် ဖြစ်၏။ အရည မေ၊ တောထဲ၌ ငါ့အား။ ဘယံ နတ္ထိ၊ ကြောက် သည် မရှိ=။ မေတ္တာယ ကရုဏာယ စ၊ မေတ္တာဖြင့်လည်းကောင်း ကရုဏာ လည်းကောင်း။ ဥဇုမဂ္ဂံ သမာရုဠော၊ ဖြောင့်မတ်သော ဗြဟ္မာ့ပြည် လမ်း ကြောင်းသို့ ကောင်းစွာတက်ရောက်နေ၏။
တတ္ထ၊ ထိုဂါထာ၌။ **အသင်္ကိ ယောမှိ ဂါမမှီ** တိ၊ အသင်္ကိ ယောမှိ ဂါမီ ဟူသော ပါဌ်ဖြင့်။ သင်္ကာယ၊ အတွေးဝင်မှု၌။ နိယုတ္တော ပတိဋ္ဌိတော၊ ယှဉ်၏ တည်၏။ ဣတိ သတိယော၊ ထို့ကြောင့် သတိယမည်၏။ သင်္ကိ ယော န၊ အတွေး ဝင်မှု၌ ယှဉ်သူ တည်သူသည် မဟုတ်သည်။ အသင်္ကိယော၊ အတွေးဝင်မှု၌ မယှဉ်သူ ပတည်သူသည်။
အဟံ ဂါမေ ဝသန္တောပိ၊ ငါသည် ရွာထဲ၌ နေသော် လည်း။ သင်္ကာယ အပတိဋ္ဌိတတ္တာ၊ အတွေးဝင်မှု၌ မတည်သည့် အဖြစ်ကြောင့်။ အသကိယော နိဗ္ဗယော၊ အတွေးဝင်မှု၌မတည် အကြောက်အလန့်မရှိ။ နိရာသင်္ဘောတိ ဒီပေတိ၊ သံသယအတွေးမရှိဟု ပြ၏။
**အရညေ**တိ၊ အရညေ ဟူသည်ကား။ ဂါမဂါမူပစာရဝိနိမုတ္တေ ဌာနေ၊ ရွာ, ရွာဥပစာမှ ကင်းလွတ်သော ဌာန၌တည်း။
**ဥဇုမဂ္ဂံ သမာရုဠော ၊ မေတ္တာယ ကရုဏာယ စာ** တိ၊ ဥဇုမဂ္ဂ သမာရုဠော၊မေတ္တာယ ကရုဏာယ စ ဟူသော ပါဌ်ဖြင့်။ အဟံ၊ ငါသည်။ တိက စတုက္ကဇ္ဈာနိကာဟိ၊ ဈာန်သုံးပါးအပေါင်း ဈာန်လေးပါးအပေါင်း၌ ယှဉ်ကုန်သောမေတ္တာကရုဏာဟိမေတ္တာကရုဏာတို့ဖြင့်။ ကာယဝင်္ကာဒိဝိရဟိတံ၊ ကိုယ် ကောက်ကျစ်မှု စသည်မှ ကင်းသော။ ဥဇုံ ဗြဟ္မလောကဂါမိမဂ္ဂံ၊ ဖြောင့်မတ်စွာ ဗြဟ္မာ့ပြည်သွားကြောင်းလမ်းသို့။ အာရုဠှောတိ ဝဒတိ၊ တက်နေပြီဟု ပြော၏။
အထ ဝါ၊ တစ်နည်းကား။ ပရိသုဒ္ဓသီလတာယ၊ ထက်ဝန်းကျင် စင်ကြယ်သောသီလရှိသည့်အဖြစ်ကြောင့်။ ကာယဝစီမနောဝင်္ကဝိရဟိတံ၊ ကိုယ်, နှုတ်, စိတ် ကောက်ကျစ်မှုမှ ကင်းသော။ ဥဇုံ ဒေဝလောကမဂ္ဂ၊ ဖြောင့်မတ်သော နတ်ပြည် သွားကြောင်းလမ်းသို့။ အာရုဠှာ အမှီတိ၊ တက်နေသည် ဖြစ်၏ဟု။ ဒဿေတွာ၊ ပြပြီး၍။ တတော ဥတ္တရိ၊ ထိုနတ်ပြည်သွားကြောင်းလမ်းထက် အလွန်။ မေတ္တာယ ကရုဏာယ စ၊ မေတ္တာ၌လည်းကောင်း ကရုဏာ၌လည်းကောင်း။ ပတိဋ္ဌိတတ္တာ ဥဇုံ၊ တည်သည့်အဖြစ်ကြောင့် ဖြောင့်မတ်စွာသော။ ဗြဟ္မလောကမဂ္ဂမ္ပိ၊ ဗြဟ္မာ့ပြည် သွားကြောင်းလမ်းသို့လည်း။ အာရုဠှော အမှိ၊ တက်ရောက်နေသည် ဖြစ်၏။
ဣတိပိ ဒဿတိ၊ ဤသို့လည်း ပြ၏။ ဟိ အပရိဟီနဇ္ဈာနဿ၊ မှန်၏ မယုတ်သော ဈာန်ရှိသူ၏။ ဧကန္တေန ဗြဟ္မလောကပရာယနတ္တာ၊ ဧကန်အားဖြင့် ဗြဟ္မာ့ပြည်လျှင် လဲလျောင်းရာရှိသည့် အဖြစ်ကြောင့်။ မေတ္တာကရုဏာဒယော ဥဇုမဂ္ဂါ နာမ၊ မေတ္တာကရုဏာ စသည်တို့သည် ဖြောင့်မတ်သော လမ်းတို့မည်၏။
ဧဝံ ဗောဓိသတ္တော၊ ဤသို့ ဘုရားလောင်းသည်။ ဣမာယ ဂါထာယ ဓမ္မံ ဒေသေတွာ၊ ဤဂါထာဖြင့် တရားကို ဟောပြီး၍။ တုဋ္ဌစိတ္တေဟိ တေဟိ မနုဿဟိ၊ နှစ်သက်သော စိတ်ရှိကုန်သော ထိုလူတို့သည်။ သက္ကတော ပူဇိတော၊ အရိုအသေပြုအပ်၍ ပူဇော်အပ်၍။ ယာဝဇီဝံ စတ္တာရော ဗြဟ္မဝိဟာရေ၊ အသက် အပိုင်းအခြားပတ်လုံး လေးပါးကုန်သော ဗြဟ္မဝိဟာရတရားတို့ကို။ ဘာဝေတွာ ဗြဟ္မလောကေ နိဗ္ဗတ္တိ၊ ပွားစေ၍ ဗြဟ္မာ့ပြည်၌ ဖြစ်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍ ။
“တဒါ သတ္ထ ဝါသိနော၊ ထိုအခါက လှည်းဝိုင်းနေသူတို့သည်။ ဗုဒ္ဓပရိသာ အဟေသုံ၊ ငါဘုရား ပရိသတ်တို့သည် ဖြစ်လာကုန်ပြီ။ တာပသော ပန အဟမေဝ အဟောသိန္တိ၊ ရသေ့ သည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**အသန္ဓိယဇာတကဝဏ္ဏနာ ဆဋ္ဌာ၊ ခြောက်ခုမြောက်ဖြစ်သော အသင်္ကယဇာတ်အဖွင့်တည်း။**