**ယော အတ္ထကာမဿာ**တိ ဣဒံ၊ ယော အတ္ထကာမဿ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
အညတရံ ဒုဗ္ဗစဘိက္ခုံ၊ တစ်ပါးသော ဆုံးမခက်သော ရဟန်းကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ တံ ဘဂဝါ၊ မှန်၏ ထိုရဟန်းကို ဘုရားရှင်သည်။
"ဘိက္ခု တွံ၊ အို ရဟန်း သင်သည်။
ဒုဗ္ဗစော အသိ ကိရ၊ ဆုံးမခက်သည် ဖြစ်သတဲ့။
ဣတိ သစ္စံတိ ပုစ္ဆိတွာ၊ ဤသို့ကြားရသည်ကား မှန်သလော"ဟု မေးတော်မူ၍။
သစ္စံ ဘန္တေတိ ဝုတ္တေ၊ မှန်ပါသည် ဘုရားဟု လျှောက်အပ်သော်။
"ဘိက္ခု တွံ၊ အို ရဟန်း သင်သည်ကား။
ဣဒါနေဝ န ဒုဗ္ဗစော၊ ယခုအခါ၌သာ ဆုံးမခက်သည် မဟုတ်သေး။
ပုဗ္ဗေပိ ဒုဗ္ဗစောယေဝ၊ ရှေးကလည်း ဆုံးမခက်သည်သာ။
ဒုဗ္ဗစတ္တာယေဝ စ၊ ဆုံးမခက်သည့်အဖြစ်ကြောင့်သာလျှင်လည်း။
ပဏ္ဍိတာနံ ဝစနံ အကတွာ၊ ပညာရှိတို့၏ စကားကို မပြု၍ မလိုက်နာ၍။
သပ္ပမုခေ ဇီဝိတက္ခယံ၊ မြွေခံတွင်းဝ၌ အသက်ကုန်ခြင်းသို့။
ပတ္တောတိ ဝတွာ၊ ရောက်ရဖူးပြီ"ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော ကာသိရဋ္ဌေ၊ ဘုရားလောင်းသည် ကာသိတိုင်း၌။
မဟာဘောဂကုလေ နိဗ္ဗတ္တော၊ များစွာသော ဥစ္စာရှိသော မျိုးရိုး၌ ဖြစ်၍။
ဝိညုတံ ပတွာ၊ သိတတ်သူအဖြစ်သို့ ရောက်သော်။
ကာမေသု အာဒီနဝံ၊ ကာမတို့၌ အပြစ်ကိုလည်းကောင်း။
နေက္ခမ္မေ အာနိသံသံ စ ဒိသွာ၊ ကာမမှ ထွက်မြောက်ခြင်း၌ အကျိုးကိုလည်းကောင်း မြင်၍။
ကာမေ ပဟာယ၊ ကာမတို့ကို ပယ်စွန့်၍။
ဟိမဝန္တံ ပဝိသိတွာ၊ ဟိမဝန္တာသို့ ဝင်၍။
ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ၊ ရသေ့ရဟန်းအဖြစ်သို့ ကပ်ရောက်၍။
ကသိဏပရိကမ္မံ ကတွာ၊ ကသိုဏ်းပရိကမ်ကို ပြု၍။
ပဉ္စာဘိညာ အဋ္ဌ သမာပတ္တိယော စ ဥပ္ပါဒေတွာ၊ အဘိညာဉ် ငါးပါးတို့ကိုလည်းကောင်း, သမာပတ် ရှစ်ပါးတို့ကိုလည်းကောင်း ဖြစ်စေ၍။
ဈာနသုခေန ဝီတိနာမေန္တော၊ ဈာန်ချမ်သာဖြင့် အချိန်ကုန်စေသော်။
အပရဘာဂေ မဟာပရိဝါရော၊ နောက်အဖို့၌ များသော အခြံအရံရှိ၍။
ပဉ္စဟိ တာပသသတေဟိ ပရိဝုတော၊ ငါးရာသော ရသေ့တို့သည် ခြံရံအပ်လျက်။
ဂဏဿ သတ္ထာ ဟုတွာ ဝိဟာသိ၊ ဂိုဏ်း၏ဆရာသည် ဖြစ်၍ နေပြီ။
အထ ဧကော အာသိဝိသပေါတကော၊ ထိုအခါ တစ်ကောင်သော မြွေငယ်သည်။
အတ္တနော ဓမ္မတာယ စရန္တော၊ မိမိ၏သဘာဝအားဖြင့် သွားသော်။
အညတရဿ တာပသဿ၊ တစ်ပါးသော ရသေ့၏။
အဿမပဒံ ပတ္တော၊ ကျောင်းသင်္ခမ်းသို့ ရောက်သွားပြီ။
တာပသော တသ္မိံ၊ ရသေ့သည် ထိုမြွေငယ်၌။
ပုတ္တသိနေဟံ ဥပ္ပါဒေတွာ၊ သား၌ဖြစ်သော ချစ်ခြင်းကို ဖြစ်စေ၍။
တံ ဧကသ္မိံ ဝေဠုပဗ္ဗေ၊ ထိုမြွေငယ်ကို တစ်ခုသော ဝါးဆစ်၌။
သယာပေတွာ ပဋိဇဂ္ဂတိ၊ အိပ်စေ၍ မွေးမြူ၏။
တဿ နာမံ၊ ထိုမြွေငယ်၏ အမည်ကို။
ဝေဠုပဗ္ဗေ သယနတော၊ ဝါးဆစ်၌ အိပ်ခြင်းကြောင့်။
ဝေဠုကောတွေဝ အကံသု၊ ဝေဠုကဟုသာ ပြုကြ မှည့်ကြပြီ။
တံ ပုတ္တသိနေဟေန ပဋိဇဂ္ဂနတော၊ ထိုမြွေငယ်ကို သား၌ ဖြစ်သော ချစ်ခြင်းဖြင့် မွေးမြူသောကြောင့်။
တာပသဿ နာမံ၊ ရသေ့၏ အမည်ကို။
ဝေဠုကပိတာတွေဝ အကံသု၊ ဝေဠုက ဖခင်ဟုသာ ပြုကြ, မှည့်ကြပြီ။
တဒါ ဗောဓိသတ္တော၊ ထိုအခါ ဘုရားလောင်းသည်။
"ဧကော တာပသော၊ တစ်ပါးသော ရသေ့သည်။
အာသိဝိသံ ပဋိဇဂ္ဂတိ ကိရ၊ မြွေကို မွေးမြူထားသတဲ့"ဟု။
ဣတိ သုတွာ၊ ဤသို့ ကြားရ၍။
တံ ပက္ကောသာပေတွာ၊ ထိုရသေ့ကို ခေါ်ခိုင်း၍။
"တွံ အာသိဝိသံ၊ သင်သည် မြွေကို။
ပဋိဇဂ္ဂသိ ကိရ၊ မွေးမြူသတဲ့ဟု ကြားရသည်ကား။
သစ္စံတိ ပုစ္ဆိတွာ၊ မှန်သလော"ဟု မေး၍။
သစ္စန္တိ ဝုတ္တေ၊ မှန်ပါ၏ဟု ဖြေဆိုအပ်သော်။
"အာသိဝိသေန သဒ္ဓိံ၊ မြွေနှင့်အတူ။
ဝိဿာသော နာမ နတ္ထိ၊ အကျွမ်းဝင်ခြင်းမည်သည် မရှိသင့်။
ဧဝံ မာ ဇဂ္ဂါဟီတိ အာဟ၊ ဤသို့ မမွေးမြူလင့်"ဟု ပြောပြီ။
အာစရိယ သော၊ အို ဆရာ ထိုမြွေငယ်သည်။
မေ ပုတ္တော၊ တပည့်တော်၏ သားပါတည်း။
အဟံ တေန ဝိနာ၊ တပည့်တော်သည် ထိုမြွေငယ်နှင့် ကင်း၍။
ဝတ္တိတုံ န သက္ခိဿာမီတိ၊ ဖြစ်ခြင်းငှာ မစွမ်းနိုင်ပါဟု လျှောက်ပြီ။
တေန ဟိ ဧတဿ သန္တိကာ ဧဝ၊ ထိုသို့ ဖြစ်လျှင် ထိုမြွေ၏ အထံမှသာ။
ဇီဝိတက္ခယံ ပါပုဏိဿသီတိ၊ အသက်ကုန်ခြင်းသို့ ရောက်ရလတ္တံ့ဟု ပြောပြီ။
တာပသော၊ ရသေ့သည်။
ဗောဓိသတ္တဿ ဝစနံ န ဂဏှိ၊ ဘုရားလောင်း၏ စကားကို မနာယူပြီ။
အာသိဝိသမ္ပိ ဇဟိတုံ နာသက္ခိ၊ မြွေကိုလည်း စွန့်ပစ်ခြင်းငှာ မစွမ်းနိုင်ပြီ။
တတော ကတိပါဟစ္စယေနေဝ၊ ထိုနေ့မှ နှစ်ရက်သုံးရက် လွန်သဖြင့်သာလျှင်။
သဗ္ဗေ တာပသာ၊ အလုံးစုံကုန်သော ရသေ့တို့သည်။
ဖလာဖလတ္ထာယ ဂစ္ဆန္တာ၊ သစ်သီးငယ် သစ်သီးကြီးတို့ အကျိုးငှာ သွားကြ၍။
ဂတဋ္ဌာနေ ဖလာဖလဿ၊ ရောက်ရာအရပ်၌ သစ်သီးငယ် သစ်သီးကြီး၏။
သုလဘဘာဝံ ဒိသွာ၊ ရလွယ်ကြောင်းကို တွေ့ရ၍။
ဒွေ တယော ဒိဝသေ၊ နှစ်ရက်သုံးရက်တို့ပတ်လုံး။
တတ္ထေဝ ဝသိံသု၊ ထိုအရပ်၌ပင် နေကြပြီ။
ဝေဠုကပိတာပိ၊ ဝေဠုကဖခင်ရသေ့သည်လည်း။
တေဟိ သဒ္ဓိံ ဂစ္ဆန္တော၊ ထိုရသေ့တို့နှင့်အတူ သွားသော်။
အာသိဝိသံ ဝေဠုပဗ္ဗေယေဝ၊ မြွေကို ဝါးဆစ်၌သာ။
သယာပေတွာ ပိဒဟိတွာ ဂတော၊ အိပ်စေ၍ ပိတ်၍ သွားပြီ။
သော ပုန တာပသေဟိ သဒ္ဓိံ၊ ထိုဝေဠုကဖခင်ရသေ့သည် တစ်ဖန် အခြားရသေ့တို့နှင့်အတူ။
ဒွီဟတီဟစ္စယေန အာဂန္တွာ၊ နှစ်ရက်သုံးရက်လွန်သဖြင့် လာ၍။
"ဝေဠုကဿ ဂေါစရံ ဒဿာမီတိ၊ ဝေဠုကအား အစာကို ပေးမည် ကျွေးမည်ဟု တွေး၍။
ဝေဠုပဗ္ဗံ ဥဂ္ဃါဋေတွာ၊ ဝါးဆစ်ကို ဖွင့်၍။
"ဧဟိ ပုတ္တက၊ လာလော့ အို သားကလေး။
ဆာတကော အသီတိ၊ ဆာနေသည် ဖြစ်သလော"ဟု ပြော၍။
ဟတ္ထံ ပသာရေသိ၊ လက်ကို ဆန့်လိုက်ပြီ။
အာသိဝိသော ဒွီဟတီဟံ နိရာဟာရတာယ၊ မြွေသည် နှစ်ရက်သုံးရက်ပတ်လုံး အစာမရှိသည့် အဖြစ်ကြောင့်။
ကုဇ္ဈိတွာ ပသာရိတဟတ္ထံ ဍံသိတွာ၊ စိတ်ဆိုး၍ ဆန့်တန်းသော လက်ကို ကိုက်၍။
တာပသံ တတ္ထေဝ၊ ဝေဠုကဖခင် ရသေ့ကို ထိုနေရာ၌ပင်။
ဇီဝိတက္ခယံ ပါပေတွာ၊ အသက်ကုန်ခြင်းသို့ ရောက်စေ၍။
အရညံ ပါဝိသိ၊ တောထဲသို့ ဝင်သွားပြီ။
တာပသာ တံ ဒိသွာ၊ ရသေ့တို့သည် ထိုဝေဠုကဖခင်ကို မြင်ရ၍။
ဗောဓိသတ္တဿ အာရောစေသုံ၊ ဘုရားလောင်းအား ပြောကြားကုန်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
တဿ သရီရကိစ္စံ ကာရေတွာ၊ ထိုဝေဠုကဖခင်၏ အလောင်းတော်ကိစ္စကို ပြုစေ၍။
ဣသိဂဏဿ မဇ္ဈေ နိသီဒိတွာ၊ ရသေ့အပေါင်း၏ အလယ်၌ ထိုင်နေ၍။
ဣသီနံ ဩဝါဒဝသေန၊ ရသေ့တို့အား ဆုံးမသည့် အစွမ်းအားဖြင့်။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။
ဂါထာအနက်ကား--
၄၃။ ယော အတ္ထကာမဿ ဟိတာနုကမ္ပိနော၊ အကြင်သူသည် အကျိုးလိုလား၍ အစီးအပွားဖြင့် အစဉ်တစိုက်စောင့်ရှောက်သူ၏။
ဩဝဇ္ဇမာနော သာသနံ န ကရောတိ၊ ဩဝါဒပေးခံရပါလျက် ဩဝါဒကို မပြု, မလိုက်နာ။
သော ဝေဠုကဿ ပိတာ ယထာ၊ ထိုသူသည် ဝေဠုက၏ဖခင် ရသေ့ကဲ့သို့။
ဧဝံ နိဟတော သေတိ၊ ဤအတူ စင်းစင်းသေ၍ အိပ်နေရ၏။
တတ္ထ၊ ထိုဂါထာ၌။
**ဧဝံ သော နိဟတော သေတီ**တိ၊ ဧဝံ သော နိဟတော သေတိ ဟူသော ပါဌ်၏။
ယော ဟိ ဣသီနံ၊ အကြင်သူသည်ကား ရသေ့တို့၏။
ဩဝါဒံ န ဂဏှာတိ၊ ဩဝါဒကို မနာယူ။
သော၊ ထိုသူသည်။
ဧသော တာပသော အာသိဝိသမုခေ၊ ဤဝေဠုကဖခင်ရသေ့သည် မြွေခံတွင်း၌။
ပူတိဘာဝံ ပတွာ၊ ပုတ်သည့်အဖြစ်သို့ ရောက်၍။
နိဟတော သေတိ ယထာ၊ စင်းစင်းသေလျက် အိပ်ရသကဲ့သို့။
ဧဝံ မဟာဝိနာသံ ပတွာ၊ ဤအတူ ကြီးပွားသော ပျက်စီးခြင်းသို့ ရောက်၍။
နိဟတော သေတိ၊ စင်းစင်းသေလျက် အိပ်ရ၏။
ဣတိ အတ္ထော၊ ဤကား အနက်တည်း။
ဧဝံ ဗောဓိသတ္တော၊ ဤသို့ ဘုရားလောင်းသည်။
ဣသိဂဏံ ဩဝဒိတွာ၊ ရဟန်းအပေါင်းကို ဩဝါဒပေး၍။
စတ္တာရော ဗြဟ္မဝိဟာရေ ဘာဝေတွာ၊ လေးပါးကုန်သော ဗြဟ္မဝိဟာရတရားတို့ကို ပွားများ၍။
အာယုပရိယောသာနေ ဗြဟ္မလောကေ ဥပ္ပဇ္ဇိ၊ အသက်အဆုံး၌ ဗြဟ္မာ့ပြည်၌ ဖြစ်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခု တွံ၊ အို ရဟန်း သင်သည်။
ဣဒါနေဝ န ဒုဗ္ဗစော၊ ယခုအခါ၌သာ ဆုံးမခက်သည် မဟုတ်သေး။
ပုဗ္ဗေပိ ဒုဗ္ဗစောယေဝ၊ ရှေးကလည်း ဆုံးမခက်သည်သာ။
ဒုဗ္ဗစဘာဝေနေဝ စ အာသိဝိသမုခေ၊ ဆုံးမခက်သည့် အဖြစ်ကြောင့်သာလျှင်လည်း မြွေခံတွင်း၌။
ပူတိဘာဝံ ပတ္တောတိ၊ ပုတ်သည့်အဖြစ်သို့ ရောက်ရပြီ"ဟု မိန့်တော်မူ၍။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤဝရားဒေသနာတော်ကို ဆောင်တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
"တဒါ ဝေဠုကပိတာ၊ ထိုအခါက ဝေဠုကဖခင်ရသေ့သည်။
ဒုဗ္ဗစဘိက္ခု အဟောသိ၊ ဆုံးမခက်သော ရဟန်းသည် ဖြစ်လာပြီ။
သေသပရိသာ ဗုဒ္ဓပရိသာ၊ ကြွင်းသော ရသေ့ပရိသတ်ကား ဘုရား ပရိသတ်တည်း။
ဂဏသတ္ထာ ပန အဟမေဝ အဟောသိန္တိ၊ ဂိုဏ်းဆရာရသေ့သည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ဝေဠုကဇာတကဝဏ္ဏနာ တတိယာ**၊ **သုံးခုမြောက် ဖြစ်သော ဝေဠုကဇာတ်အဖွင့်တည်း။**