ပုတ္တော တျာဟံ မဟာရာဇာတိ ဣဒံ၊ ပုတ္တော တျာဟံ မဟာရာဇစသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဝါသဘခတ္တိယံ အာရဗ္ဘ ကထေသိ၊ ဝါသဘခတ္တိယာမိဖုယားကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဝါသဘခတ္တိယာယ ဝတ္ထု ဒွါဒသကနိပါတေ၊ ဝါသဘခတ္တိယာမိဖုယား၏ ဝတ္ထုကြောင်းသည် ဒွါဒသကနိပါတ်၌။
ဘဒ္ဒသာလဇာတကေ အာဝိဘဝိဿတိ၊ ဘဒ္ဒသာလဇာတ်၌ ထင်ရှားစွာ ဖြစ်လတ္တံ့။
သာ မဟာနာမဿ သက္ကဿ ဓီတာ၊ ထိုဝါသဘခတ္တိယာမိဖုယားသည် မဟာနာမ်မည်သော သာကီဝင်မင်း၏ သမီးသည်။
နာဂမုဏ္ဍာယ နာမ ဒါသိယာ၊ နာဂမုဏ္ဍာ မည်သော ကျွန်မ၏။
ကုစ္ဆိသ္မိံ ဇာတာ၊ ဝမ်း၌(ဝမ်းက) ဖွားလာသည်။
ကောသလရာဇဿ အဂ္ဂမဟေသီ အဟောသိ ကိရ၊ ပသေနဒီကောသလမင်း၏မိဖုယားကြီးသည်ဖြစ်ပြီတဲ့။
သာ ရညော ပုတ္တံ ဝိဇာယိ၊ ထိုဝါသဘခတ္တိယာမိဖုယားကြီးသည် ပသေနဒီကောသလမင်းအတွက် သားဝီဋဋူဘကို ဖွားပြီ။
ရာဇာ ပနဿာ၊ ပသေနဒီကောသလမင်းသည်ကား ထိုဝါသဘခတ္တိယာ၏။
ဒါသိဘာဝံ ဉ တွာ၊ ကျွန်သွေးပါကြောင်းကိုသိရ၍။
ဌာနံ ပရိဟာပေသိ၊ မိဖုယားကြီးရာထူးကို ဆုတ်ယုတ်စေပြီ(မိဖုယားကြီး ရာထူးမှ ချပြီ)။
ပုတ္တဿ ဝိဋဋူဘဿာပိ၊ သားဖြစ်သော ဝိဋဋူဘအားလည်း။
ဌာနံ ပရိဟာပေသိယေဝ၊ အိမ်ရှေ့မင်းရာထူးကို ထက်ဝန်းကျင် ဆုတ်ယုတ်စေပြီးသည်သာတည်း (အိမ်ရှေ့မင်းရာထူးမှ ချထားပြီးသည်သာတည်း)။
တေ ဥဘောပိ၊ ဝါသဘခတ္တိယာ ဝိဋဋူဘ ထိုသားအမိနှစ်ယောက်တို့သည်လည်း။
အန္တောနိဝေသနေယေဝ ဝသန္တိ၊ နန်းတော်တွင်း၌သာနေရကုန်၏။
သတ္ထာ တံ ကာရဏံ ဉတွာ၊ ဘုရားရှင်သည် ထိုရာထူးချထားသော အကြောင်းကိုသိတော်မူ၍။
ပုဗ္ဗဏှသမယေ ပဉ္စသတဘိက္ခုပရိဝုတော၊ နံနက်အခါ၌ ရဟန်းငါးရာခြံရံအပ်လျက်။
ရညော နိဝေသနံ ဂန္တွာ၊ ပသေနဒီကောသလမင်း၏ နန်းတော်သို့ကြွတော်မူ၍။
ပညတ္တာသနေ နိသီဒိတွာ၊ ခင်းထားအပ်သောနေရာ၌ ထိုင်တော်မူ၍။
မဟာရာဇ၊ ဝါသဘခတ္တိယာ၊ မင်းမြတ် ဝါသဘခတ္တိယာသည်။
ကဟံတိ အာဟ၊ အဘယ်မှာနည်းဟု မေးတော်မူပြီ။
ရာဇာ တံ ကာရဏံ အာရောစေသိ၊ ပသေနဒီကောသလမင်းသည် ထိုရာထူးချထားသော အကြောင်းကို လျှောက်ထားပြီ။
မဟာရာဇ ဝါသဘခတ္တိယာ၊ မင်းမြတ် ဝါသဘခတ္တိယာသည်။
ကဿ ဓီတာတိ၊ ဘယ်သူ၏ သမီးနည်းဟု မေးပြီ။
ဘန္တေ မဟာနာမဿ ဣတိ၊ အို ရှင်တော်ဘုရား မဟာနာမ် မင်း၏တည်းဟု ဖြေပြီ။
အာဂစ္ဆမာနာ ကဿ အာဂတာတိ၊ ရောက်လာသော် ဘယ်သူ့အတွက် ရောက်လာသနည်းဟုမေးတော်မူပြီ။
မဟာရာဇ သာ ရညော ဓီတာ၊ မင်းမြတ် ထိုဝါသဘခတ္တိယာသည် မဟာနာမ်သာကီဝင်မင်း၏ သမီးတည်း။
ရညောဝ အာဂတာ၊ သင်မင်းကြီးအတွက်သာ ရောက်လာ၏။
ရာဇာနံယေဝ ပဋိစ္စ၊ သင်မင်းကြီးကိုသာ အစွဲပြု၍။
ပုတ္တံ လဘိ၊ သားကို ရပြီ။
သော ပုတ္တော ကိံကာရဏာ၊ ထိုသင်မင်းကြီးသားသည်အဘယ့်ကြောင့်။
ပိတု သန္တကဿ ရဇ္ဇဿ၊ အဖ၏ ဥစ္စာ ဖြစ်သော မင်းအဖြစ်၏။
သာမိကော န ဟောတိ၊ ပိုင်ရှင်သည် မဖြစ်ရမည်နည်း။
ပုဗ္ဗေ ရာဇာနော၊ ရှေးကမင်းတို့သည်။
မုဟုတ္တိကာယ ကဋ္ဌဟာရိကာယ၊ တစ်ခဏမျှ ပေါင်းဖော်အပ်သောထင်းခွေသည်မ၏။
ကုစ္ဆိသ္မိမ္ပိ ပုတ္တံ လဘိတွာ၊ ဝမ်း၌လည်း သားကို ရ၍။
ပုတ္တဿ ရဇ္ဇံ အဒံသူတိ၊ သားအား မင်းအဖြစ်ကို ပေးဖူးကုန််ပြီဟု မိန့်ပြီ။
ရာဇာ တဿ အတ္ထဿ၊ ပသေနဒီကောသလမင်းသည် ထိုဝတ္ထုကြောင်း၏။
အာဝိဘာဝတ္ထာယ ဘဂဝန္တံ ယာစိ၊ ထင်ရှားဖြစ်ခြင်းအကျိုးငှာ ဘုရားရှင်ကို တောင်းပန်ပြီ။
ဘဂဝါ ဘဝန္တရေန ပဋိစ္ဆန္နံ၊ ဘုရားရှင်သည် ဘဝတစ်ပါးဖြင့် ဖုံးလွှမ်းအပ်သော။
ကာရဏံ ပါကဋံ အကာသိ၊ အကြောင်းအရာကို ထင်ရှားသည်ကို ပြုတော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ၌ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တော ရာဇာ၊ ဗြဟ္မဒတ်မည်သော မင်းသည်။
မဟန္တေန ယသေန၊ များစွာသော အခြံအရံဖြင့်။
ဥယျာနံ ဂန္တွာ၊ ဥယျာဉ်တော်သို့ သွား၍။
တတ္ထ ပုပ္ဖဖလလောဘေန ဝိစရန္တော၊ ထိုဥယျာဉ်တော်၌ အပွင့်အသီးတပ်မက်မှုဖြင့် လှည့်လည်သော်။
ဥယျာနဝနသဏ္ဍေ ဂါယိတွာ၊ ဥယျာဉ်တော်တောအုပ်၌ သီချင်းဆို၍။
ဒါရူနိ ဥဒ္ဓရမာနံ၊ ထင်းတို့ကို ဆောင်ယူနေ, ခွေနေသော။
ဧကံ ဣတ္ထိံ ဒိသွာ၊ တစ်ယောက်သော အမျိုးသမီးကို မြင်၍။
ပဋိဗဒ္ဓစိတ္တော သံဝါသံ ကပ္ပေသိ၊ တပ်စွန်းသောစိတ်ရှိ၍ ပေါင်းဖော်မှုကို ပြုပြီ။
တင်္ခဏညေဝ ဗောဓိသတ္တော၊ ထိုပေါင်းဖော်ရာ ခဏ၌ပင် ဘုရားလောင်းသည်။
တဿာ ကုစ္ဆိယံ၊ ထိုထင်းခွေသည်မ၏ ဝမ်း၌။
ပဋိသန္ဓိံ ဂဏှိ၊ ပဋိသန္ဓေကို ယူပြီ။
တာဝဒေဝ တဿာ ကုစ္ဆိ၊ ထိုပဋိသန္ဓေယူရာခဏ၌ပင် ထိုထင်းခွေသည်မ၏ ဝမ်းသည်။
ဝဇိရပူရိတာ ဝိယ ဂရုကာ အဟောသိ၊ ဝဇိရစိန်ဖြင့် ပြည့်သကဲ့သို့ လေးလံသည် ဖြစ်ပြီ။
သာ ဂဗ္ဘဿ၊ ထိုထင်းခွေသည်မသည် ကိုယ်ဝန်၏။
ပတိဋ္ဌိတဘာဝံ ဉ တွာ၊ တည်ကြောင်းကို သိ၍။
ဒေဝ မေ ဂဗ္ဘော၊ အရှင်မင်းကြီး ကျွန်တော်မျိုးမအား ကိုယ်ဝန်သည်။
ပတိဋ္ဌိတောတိ အာဟ၊ တည်ပါပြီဟု လျှောက်ပြီ။
ရာဇာ အင်္ဂုလိမုဒ္ဒိကံ ဒတွာ၊ ဗြဟ္မဒတ်မင်းသည် လက်စွပ်ကို ပေး၍။
"သစေ ဓီတာ ဟောတိ၊ အကယ်၍ သမီးသည် ဖြစ်အံ့။
ဣမံ ဝိဿဇ္ဇေတွာ ပေါသေယျာသိ၊ ဤလက်စွပ်ကို စွန့်လွှတ်ရောင်းချ၍ မွေးမြူလေလော့။
သစေ ပုတ္တော ဟောတိ၊ အကယ်၍ သားသည် ဖြစ်အံ့။
အင်္ဂုလိမုဒ္ဒိကာယ သဒ္ဓိံ၊ လက်စွပ်နှင့်အတူ။
မမ သန္တိကံ၊ ငါမင်းတရား၏ အထံတော်သို့။
အာနေယျာသီတိ ဝတွာ ပက္ကာမိ၊ ခေါ်ဆောင်ခဲ့"ဟု ပြော၍ ဖဲသွားပြီ။
သာပိ ပရိပက္ကဂဗ္ဘာ၊ ထိုထင်းခွေသည်မသည်လည်း ကိုယ်ဝန်ရင့်ကျက်သော်။
ဗောဓိသတ္တံ ဝိဇာယိ၊ ဘုရားလောင်းကို ဖွားပြီ။
တဿ အာဓာဝိတွာ၊ ထိုဘုရားလောင်း၏ ရှေးရှုပြေးလာ၍။
ပရိဓာဝိတွာ ဝိစရဏကာလေ၊ ထက်ဝန်းကျင်ပြေးသွား၍ လှည့်လည်နိုင်ရာအခါ၌။
ကီဠာမဏ္ဍလေ ကီဠန္တဿ၊ ကစားကွင်း၌ ကစားသော်။
နိပ္ပိတိကေန ပဟဋာ အမှာတိ၊ အဖမဲ့ကောင်လေး၏ အရိုက်အနှက် ခံရကုန်သည် ဖြစ်ကုန်ပြီဟု။
ဧဝံ ဝတ္တာရော ဟောန္တိ၊ ဤသို့ ပြောသူတို့သည် ဖြစ်ကုန်,ရှိကုန်၏။
တံ သုတွာ၊ ထိုစကားကို ကြားရ၍။
ဗောဓိသတ္တော မာတု၊ ဘုရားလောင်းသည် အမိ၏။
သန္တိကံ ဂန္တွာ၊ အထံသို့ သွား၍။
အမ္မ ကော မယှံ ပိတာတိ ပုစ္ဆိ၊ အမေ အဘယ်သူသည် ကျွန်တော်၏ အဖေနည်းဟု မေးပြီ။
တာတ တွံ၊ ချစ်သား သင်သည်။
ဗာရာဏသိရညော ပုတ္တောတိ၊ ဗာရာဏသီမင်း၏ သားတည်းဟု ပြောပြီ။
အမ္မ ကောစိ၊ အမေ တစ်စုံတစ်ခုသော။
သက္ခိ အတ္ထိ ပန ဣတိ၊ သက်သေသည် ရှိ၏လောဟု မေးပြီ။
တာတ ရာဇာ၊ ချစ်သား မင်းသည်။
ဣမံ မုဒ္ဒိကံ ဒတွာ၊ ဤလက်စွပ်ကို ပေး၍။
"သစေ ဓီတာ ဟောတိ၊ အကယ်၍ သမီးသည် ဖြစ်အံ့။
ဣမံ ဝိဿဇ္ဇေတွာ ပေါသေယျာသိ၊ ဤလက်စွပ်ကို စွန့်လွှတ်ရောင်းချ၍ မွေးမြူလေလော့။
သစေ ပုတ္တော ဟောတိ၊ အကယ်၍ သားသည် ဖြစ်အံ့။
ဣမာယ အင်္ဂုလိမုဒ္ဒိကာယ သဒ္ဓိံ အာနေယျာသိ၊ ဤလက်စွပ်နှင့်အတူ ဆောင်ယူခဲ့ (ခေါ်ဆောင်ခဲ့)"။
ဣတိ ဝတွာ ဂတောတိ၊ ဤသို့ ပြော၍ သွားပြီဟု ပြောပြီ။
အမ္မ ဧဝံ သန္တေ ကသ္မာ၊ အိုအမေ ဤသို့ဖြစ်သော် အဘယ့်ကြောင့်။
မံ ပိတု သန္တိကံ န နေသီတိ၊ ကျွန်တော့်ကို ခမည်းတော်၏အထံသို့ မပို့သနည်းဟု ပြောပြီ။
သာ ပုတ္တဿ အဇ္ဈာသယံ ဉ တွာ၊ ထိုထင်းခွေသည်မသည် သား၏ ဆန္ဒကို သိရ၍။
ရာဇဒွါရံ ဂန္တွာ၊ မင်းနန်းတော်တံခါးသို့ သွား၍။
ရညော အာရောစာပေသိ၊ မင်းအား လျှောက်ထားစေပြီ။
ရညာ စ ပက္ကောသာပိတာ ပဝိသိတွာ၊ မင်းသည်လည်း အခေါ်ခိုင်းအပ်သော် နန်းတွင်းဝင်၍။
ရာဇာနံ ဝန္ဒိတွာ၊ ဗြဟ္မဒတ်မင်းကို ရှိခိုး၍။
ဒေဝ အယံ တေ ပုတ္တောတိ အာဟ၊ အရှင်မင်းမြတ် ဤကလေးသည် အရှင်မင်းမြတ်၏ သားတည်းဟု လျှောက်ထားပြီ။
ရာဇာ ဇာနန္တောပိ၊ ဗြဟ္မဒတ်မင်းသည် သိပါသော်လည်း။
ပရိသမဇ္ဈေ လဇ္ဇာယ၊ ပရိသတ်အလယ်၌ ရှက်သဖြင့်။
မယှံ န ပုတ္တောတိ အာဟ၊ ငါ၏ သားမဟုတ်ဟု ပြောပြီ။
ဒေဝ အယံ တေ မုဒ္ဒိကာ၊ အရှင်မင်းမြတ် ဤလက်စွပ်သည် အရှင်မင်းကြီး၏ လက်စွပ်တည်း။
ဣမံ သဉ္ဇာနာသီတိ၊ ဤလက်စွပ်ကို သိတော်မူပါဟု လျှောက်ပြီ။
အယမ္ပိ မယှံ မုဒ္ဒိကာ န ဟောတီတိ၊ ဤလက်စွပ်သည်လည်း ငါ၏လက်စွပ်သည် မဟုတ်ဟု ငြင်းပြန်ပြီ။
ဒေဝ ဣဒါနိ၊ အရှင်မင်းမြတ် ယခုအခါ၌။
သစ္စကိရိယံ ဌပေတွာ၊ သစ္စာပြုမှုကို ထား၍။
မမ အညော သက္ခိ နတ္ထိ၊ ကျွန်တော်မျိုးမ၏ အခြားသော သက်သေခံသည် မရှိ။
သစေ အယံ ဒါရကော၊ အကယ်၍ ဤသူငယ်သည်။
တုမှေ ပဋိစ္စ ဇာတော၊ သင်မင်းကြီးတို့ကို စွဲ၍ မွေးသူဖြစ်အံ့။
အာကာသေ တိဋ္ဌတု၊ ကောင်းကင်၌ တည်ပါစေ။
စေ နော၊ အကယ်၍ မဟုတ်အံ့။
ဘူမိယံ ပတိတွာ၊ မြေပေါ်သို့ ကျ၍။
မရတု ဣတိ၊ သေပါစေဟု ပြော၍။
ဗောဓိသတ္တဿ ပါဒေ ဂဟေတွာ၊ ဘုရားလောင်း၏ ခြေထောက်တို့ကို ကိုင်၍။
အာကာသေ ခိပိ၊ ကောင်းကင်ပေါ်သို့ ပစ်လိုက်ပြီ။
ဗောဓိသတ္တော အာကာသေ၊ ဘုရားလောင်းသည် ကောင်းကင်ပေါ်၌။
ပလ္လင်္ကံ အာဘုဇိတွာ နိသိန္နော၊ တင်ပလ္လင်ကို ဖွဲ့ခွေ၍ ထိုင်နေလျက်။
မဓုရဿရေန ပိတု၊ သာယာချိုမြိန်သောအသံဖြင့် ခမည်းတော်အား။
ဓမ္မံ ကထေန္တော၊ တရားကို ဟောလို၍။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ဟောပြီ။
၇။ "မဟာရာဇ အဟံ၊ အို ခမည်းတော်မင်းမြတ် အကျွန်ုပ်သည်။
ဟေ ပုတ္တော၊ သင်မင်းမြတ်၏ သားတော်ပါတည်း။
ဇနာဓိပ တွံ မံ ပေါသ၊ လူတို့ အကြီးအကဲ, အိုမင်းမြတ် သင်မင်းကြီးသည် ကျွန်တော်မျိုးသားတော်ကို မွေးမြူတော်မူပါ။
အညေပိ ဒေဝေါ ပေါသေတိ၊ တိရစ္ဆာန်နှင့်လူ အခြားသူတို့ကိုပင် အရှင်မင်းကြီးသည် မွေးမြူရသေး၏။
ဒေဝေါ သကံ ပဇံ ကိဉ္စ၊ အရှင်မင်းကြီးသည် ကိုယ့်သားတော်အရင်းကို အဘယ့်ကြောင့် မမွေးမြူနိုင်ရမည်နည်း"။
တတ္ထ၊ ထိုဂါထာ၌။
ပုတ္တော တျာဟန္တိ ပုတ္တော တေ အဟံ၊ ပုတ္တော တျာဟံ ဟူသည်ကို ပုတ္တော တေ အဟံဟု ပုဒ်ဖြတ်။
ဧသော ပုတ္တော စ နာမ၊ ဤသားမည်သည်လည်း။
အတြဇော ခေတ္တဇော၊ အတြဇသားလည်းကောင်း, ခေတ္တဇသားလည်းကောင်း။
အန္တေဝါသိကော ဒိန္နကော၊ အန္တေဝါသိကာသားလည်းကောင်း, ဒိန္နကသားလည်းကောင်း။
ဣတိ စတုဗ္ဗိဓော၊ ဤသို့ လေးမျိုးရှိ၏။
တတ္ထ အတ္တာနံ ပဋိစ္စ၊ ထိုသားလေးမျိုးတို့တွင် မိမိကို စွဲ၍။
ဇာတော အတြဇော နာမ၊ ပေါက်ဖွားသော သားသည် အတြဇသား မည်၏။
သယနပိဋ္ဌေ ပလ္လင်္ကေ ဥရေ၊ အိပ်ရာပေါ်လည်းကောင်း, မိမိပလ္လင်ပေါ်လည်းကောင်း, ရင်ခွင်၌လည်းကောင်း။
ဣတိဧဝမာဒီသု နိဗ္ဗတ္တော ခေတ္တဇော နာမ၊ ဤသို့စသော နေရာတို့၌ ဖြစ်သော သားသည် ခေတ္တဇသားမည်၏။
သန္တိကေ သိပ္ပုဂ္ဂဏှနကော အန္တေဝါသိကော နာမ၊ မိမိထံ၌ အတတ်ပညာသင်ယူသူသည် အန္တေဝါသိကသား မည်၏။
ပေါသာဝနတ္ထာယ ဒိန္နော ဒိန္နကော နာမ၊ မွေးမြူစေခြင်းငှာ ပေးအပ်သူသည် (အပေးခံရသူသည်) ဒိန္နကသား မည်၏။
ဣဓ ပန အတြဇံ သန္ဓာယ၊ ဤဂါထာ၌ကား အတြဇသားကို ရည်ရွယ်၍။
ပုတ္တောတိ ဝုတ္တံ၊ ပုတ္တော သားဟုအလောင်းတော် ဆိုအပ်ပြီ။
စတူဟိ သင်္ဂဟဝတ္ထူဟိ၊ ပေးကမ်းခြင်း, ချစ်ခင်ဖွယ် ပြောဆိုခြင်း, အကျိုးပြုခြင်း, ကိုယ်နှင့်တန်းတူထားခြင်းဟု လေးပါးကုန်သော သင်္ဂဟတရားတို့ဖြင့်။
ဇနံ ရဉ္ဇေတီတိ ရာဇာ၊ လူအပေါင်းကို နှစ်သက်စေတတ်သောကြောင့် ရာဇ မင်းမည်၏။
မဟန္တော ရာဇာ **မဟာရာဇာ**၊ ကြီးမြတ်သောမင်းသည် မဟာရာဇမည်၏။
တံအာလပန္တော၊ ထိုကြီးမြတ်သော မင်းကိုခေါ်လိုသော ဘုရားလောင်းသည်။
မဟာရာဇာတိအာဟ၊ မဟာရာဇဟုခေါ်ပြီ။
တွံ မံ ပေါသ ဇနာဓိပါတိ၊ တွံ မံ ပေါသ ဇနာဓိပ ဟူသည်ကား။
ဇနာဓိပမဟာဇနဇေဋ္ဌက တွံ၊ လူများစုအကြီးအကဲ မင်းမြတ် သင်မင်းမြတ်သည်။
မံ ပေါသ ဘရဿု ဝဍ္ဎေဟိ၊ ကျွန်တော့်ကို မွေးမြူလော့ ကြီးပွားစေလော့။
အညေပိ ဒေဝေါ ပေါသေတီတိ၊ အညေပိ ဒေဝေါ ပေါသေတိ ဟူသည်ကား။
အညေပိဟတ္ထိဗန္ဓာဒယော မနုဿေ၊ ငါမှ အခြားလည်းဖြစ်ကုန်သော ဆင်ထိန်းအစရှိကုန်သောလူတို့ကိုလည်းကောင်း။
ဟတ္ထိအဿာဒယော တိရစ္ဆာနဂတေ စ၊ ဆင်မြင်းစကုန်သော တိရစ္ဆာန်တို့ကိုလည်းကောင်း။
ဗဟုဇနေ ဒေဝေါ ပေါသေတိ၊ သူများစွာတို့ကို ရှင်မင်းကြီးသည် မွေးမြူတော်မူ၏။
ကိဉ္စ ဒေဝေါ သကံ ပဇန္တိ ဧတ္ထ ပန၊ ကိဥ္စ ဒေဝေါ သကံ ပဇံ ဟူသော ဤပါဌ်၌ကား။
ကိဉ္စာတိ ဂရဟတ္ထေ စ၊ ကိဥ္စဟူသောပုဒ်သည် ကဲ့ရဲ့ခြင်း အနက်၌လည်းကောင်း။
အနုဂ္ဂဟဏတ္ထေ စ နိပါတော၊ ချီးမြှောက်ခြင်းအနက်၌လည်းကောင်း နိပါတ်ပုဒ်တည်း။
သကံ ပဇံ၊ မိမိဥစ္စာဖြစ်သော သတ္တဝါကို။
အတ္တနော ပုတ္တံ မံ၊ မိမိ၏ သားတော်ဖြစ်သော ကျွန်တော့်ကို။
န ပေါသေတီတိ ဝဒန္တော ဂရဟတိ နာမ၊ မမွေးမြူဟု ပြောလိုသော ဘုရားလောင်းသည် ကဲ့ရဲ့သည် မည်၏။
အညေ ဗဟုဇနေ၊ အခြားကုန်သောသူများစွာတို့ကို။
ပေါသေတီတိ ဝဒန္တော အနုဂ္ဂဏှတိ နာမ၊ မွေးမြူ၏ဟုပြောလိုသော ဘုရားလောင်းသည် ချီးမြှောက်သည် မည်၏။
ဣတိ ဗောဓိသတ္တော၊ ဤသို့လျှင် ဘုရားလောင်းသည်။
ဂရဟန္တောပိ အနုဂ္ဂဏှန္တောပိ၊ ကဲ့ရဲ့လို၍လည်းကောင်း ချီးမြှောက်လို၍လည်းကောင်း။
ကိဉ္စ ဒေဝေါ သကံ ပဇန္တိ အာဟ၊ ကိဉ္စ ဒေဝေါ သကံ ပဇံဟု ဆိုပြီ။
ရာဇာ အာကာသေ နိသီဒိတွာ၊ ဗြဟ္မဒတ်မင်းသည် ကောင်းကင်၌ ထိုင်၍။
ဧဝံ ဓမ္မံ ဒေသေန္တဿ၊ ဤသို့ တရားကို ဟောသော။
ဗောဓိသတ္တဿ သုတွာ၊ ဘုရားလောင်းစကားကိုကြားရ၍။
ဧဟိ တာတာတိ၊ လာလော့ ချစ်သားဟု ခေါ်၍။
ဟတ္ထံ ပသာရေသိ၊ လက်ကို ဆန့်တန်းပြီ။
အဟမေဝ ပေါသေဿာမိ၊ ငါသည်သာ မွေးမြူမည်။
အဟမေဝ ပေါသေဿာမီတိ၊ ငါသည်သာ မွေးမြူမည်ဟု ပြော၍။
ဟတ္ထသဟဿံ ပသာရိယိတ္ထ၊ လက်တစ်ထောင်ကို ဆန့်တန်းအပ်ပြီ။
ဗောဓိသတ္တော အညဿ၊ ဘုရားလောင်းသည် တစ်ပါးသူ၏၊
ဟတ္ထေ အနောတရိတွာ၊ လက်ပေါ်၌ မဆင်းမူ၍။
ရညောဝ ဟတ္ထေ ဩတရိတွာ၊ ဗြဟ္မဒတ်မင်း၏သာ လက်ပေါ်၌ ဆင်း၍။
အင်္ကေ နိသီဒိ၊ ရင်ခွင်၌ ထိုင်နေပြီ။
ရာဇာ တဿ၊ ဗြဟ္မဒတ်မင်းသည် ထိုဘုရားလောင်းအား။
ဩပရဇ္ဇံ ဒတွာ၊ အိမ်ရှေ့မင်းအဖြစ်ကို ပေး၍။
မာတရံ အဂ္ဂမဟေသိံ အကာသိ၊ ဘုရားလောင်း၏ မယ်တော်ကို မိဖုယားကြီးကို ပြုပြီ (မြှောက်ပြီ)။
သော ပိတု အစ္စယေန၊ ထို ဘုရားလောင်းသည် ခမည်းတော်၏ ကွယ်လွန်ရာအခါ၌။
ကဋ္ဌဝါဟနရာဇာ နာမ ဟုတွာ၊ ကဋ္ဌဝါဟန မင်းမည်သည် ဖြစ်၍။
ဓမ္မေန ရဇ္ဇံ ကာရေတွာ၊ တရားသဖြင့် မင်းအဖြစ်ကို ပြု၍။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ကောသလရညော၊ ဘုရားရှင်သည် ပသေနဒီကောသလမင်းအား။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။
ဒွေ ဝတ္ထူနိ ဒဿေတွာ၊ ပစ္စုပ္ပန်အတိတ်ဝတ္တုနှစ်ခုတို့ကို ပြတော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ မာတာ၊ ကဋ္ဌဝါဟနမင်းဖြစ်ရာ ထိုအခါ၌ မယ်တော်သည်။
မဟာမာယာ အဟောသိ၊ ယခုအခါ မယ်တော်မာယာသည် ဖြစ်လာပြီ။
ပိတာ သုဒ္ဓေါဒနမဟာရာဇာ၊ ခမည်းတော် ဗြဟ္မဒတ်မင်းကား သုဒ္ဓေါဒနမင်းကြီးတည်း။
ကဋ္ဌဝါဟနရာဇာ ပန၊ ကဋ္ဌဝါဟနမင်းသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကိုပေါင်းတော်မူပြီ။
**ကဋ္ဌဟာရိဇာတကဝဏ္ဏနာ သတ္တမာ**၊ **ခုနစ်ခုမြောက် ဖြစ်သော ကဋ္ဌဟာရိဇာတ်အဖွင့်တည်း။**